29 April 2012

၈၈ ကျောင်းသားများ ရှမ်းပြည်ခရီးထွက်မည်

၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ လူထုနဲ့​တွေ့​ဆုံ​ဟော​ပြောပွဲ​တွေ လုပ်ဖို့​ လာမယ့်​ရက်ပိုင်း​အတွင်း​ ရှမ်း​ပြည်နယ်ကို ခရီး​ထွက်မယ်လို့​ သိရပါတယ်။ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​တို့​ခေါင်း​ဆောင်တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​ အဖွဲ့​ဟာ ငြိမ်း​ချမ်း​ရေး​နဲ့​ပွင့်​လင်း​လူ့​အဖွဲ့အစည်း​ အစီစဉ်အရ ရှမ်း​ပြည်နယ် ​တောင်ပိုင်း​က မြို့တွေကို မန်တ​လေး​မြို့က​နေတဆင့်​ သွား​ရောက်မှာပါ။ ၂၉ ရက်​နေ့​ည​နေစတင်မယ့်​ ဒီခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ကိုဂျင်မီက ဒီဗွီဘီကို ခုလို ​ပြောပါတယ်။ 

“ရှမ်း​ပြည်​တောင်ပိုင်း​ပေါ့​နော်၊​ ဟိုပုန်း​၊​ ​တောင်ကြီး​၊​ ​အောင်ပန်း​၊​ ပင်း​တယ၊​ ရပ်​စောက်၊​ ငြိမ်း​ချမ်း​တဲ့​ ပွင့်​လင်း​လူ့​အဖွဲ့အစည်း​ပါပဲ။ အဲဒီ့​ ​ခေါင်း​စဉ်နဲ့​ပဲ သွား​တာပါ။” ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ​တောင်ကြီး​မြို့မှာ ​မေလ ၂ ရက်​နေ့​ကျင်း​ပမယ့်​ အကျဉ်း​ထောင်ထဲ ကွယ်လွန်သွား​ခဲ့​တဲ့​ ရှမ်း​ပြည်မျိုး​ဆက်သစ်အဖွဲ့က ဦး​မြင့်​သန်း​ ကွယ်လွန်ခြင်း​ ၆ နှစ်ပြည့်​ နှစ်ပတ်လည်ပွဲကို တက်​ရောက်ဖို့ရှိ​နေ ပါတယ်။ ဦး​မြင့်​သန်း​ဟာ ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်လွင်တို့​နဲ့​အတူ ဖမ်း​ဆီး​ခံရပြီး​ နှစ်ရှည် ​ထောင်ချခံထား​ရစဉ် ၂၀၀၆ ခုနှစ် ​မေလက သံတွဲ​ထောင်တွင်း​ ကွယ်လွန်သွား​ခဲ့​တာပါ။ ဒီအခမ်း​အနား​မှာ ရှမ်း​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ဖို့​ရှိပြီး​ ​ရှေ့​နိုင်ငံ​ရေး​ လုပ်ငန်း​စဉ်​တွေ ​ကြေညာဖွယ် ရှိ​နေပါတယ်။ 

 ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့ဟာ ​အောင်ပန်း​မြို့မှာ ​မေလ ၆ ရက်​နေ့​ကျင်း​ပမယ့်​ စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာရဲ့​ အသက် ၉၃ နှစ်ပြည့်​ ​မွေး​နေ့​ပွဲကို တက်​ရောက်ဖို့​ရှိပါတယ်။ စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာရဲ့​ ​မွေး​နေ့ဟာ ​မေလ ၁၀ ရက်​နေ့​မှာ ကျ​ရောက်​ပေမယ့်​ ​မွေး​နေ့​ပွဲကို​တော့​ ဒီရက် အနီး​နား​ ပတ်ဝန်း​ကျင်မှာ ဆရာကြီး​ကို ချစ်ခင်​လေး​စား​တဲ့​ စာ​ပေနဲ့​ကဗျာအသိုင်း​အဝိုင်း​က ပုဂ်ဂိုလ်​တွေနဲ့​ အခါအား​လျော်စွာ ကျင်း​ပ​လေ့​ရှိပါတယ်။ အကျဉ်း​ထောင်အသီး​သီး​က​နေ ပြန်လွတ်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေဟာ ပွင့်​လင်း​လူ့အဖွဲ့အစည်း​ အမည်နဲ့​ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ကို လှည့်​လည်ပြီး​ လူထုနဲ့တွေ့ဆုံ​ဟော​ပြောပွဲ​တွေ ပြုလုပ်​နေတာပါ။ 

ခုလို ရှမ်း​ပြည်နယ်ကို သွား​ရောက်မယ့်​ ဒီခရီး​စဉ်ကို ​ဒေသခံ လူထုက စိတ်ဝင်စား​နေကြတယ်လို့​အောင်ပန်း​မြို့က လူငယ်ဖွံ့ဖြိုးရေး​စာကြည့်​တိုက် တာဝန်ခံ ကိုဘိုဘိုဟန်က ​ပြောပါတယ်။ “ကျ​နော်တို့​ ပြည်သူလူထု​တွေက​တော့​ အရမ်း​ စိတ်ဝင်စား​နေတယ်။ ပထမ စီစဉ်တုန်း​က ​တောင်ကြီး​၊​ ​အောင်ပန်း​ အဓိက စီစဉ်တာ​ပေါ့​။ အဲလိုက​နေ ကျ​နော်တို့​ လှုပ်ရှား​မှုကို ဆက်စပ်ပြီး​တော့​ သိသွား​ကြတဲ့​ ဥပမာ အန်အယ်လ်ဒီ လူငယ်ပိုင်း​တွေက စိတ်ဝင်စား​တော့​၊​ အဲဒီမှာ ၈၈တုန်း​က သိမီခဲ့​တဲ့​ မြို့​ခံအဖွဲ့တွေကလည်း​ ​ပေါင်း​စပ်ပြီး​ ဖိတ်ထား​တာ​ပေါ့​။ အဲဒီလို ဖိတ်ကြား​ရင်း​နဲ့​ လူထုကြား​ထဲမှာ ရှမ်း​ပြည်ခရီး​စဉ်က​တော့​ ​တော်​တော်များ​များ​ စိတ်ဝင်စား​နေတဲ့​ အ​နေအထား​ ရှိတယ်။ ဒီကို လာတာလည်း​ တ​ကြောင်း​၊​ ဆရာကြီး​ပွဲလည်း​ရှိတယ်။ 

အဲဒီမှာ မီဒီယာ​တွေလည်း​ ​တော်​တော်များ​များ​ ရှိမယ်။ စာ​ရေး​ဆရာများ​လည်း​ ​တော်​တော်များ​များ​ ​ရောက်မယ်။ ဒါက​အောင်ပန်း​ပေါ့​။ “​တောင်ကြီး​မှာကျ​တော့​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ လူမှု​ရေး​အဖွဲ့​အစည်း​တွေ ဦး​မြင့်​သန်း​ရဲ့​နေ့​မှာပဲ ​တော်​တော်များ​များ​ ဆုံပြီး​တော့​ ​ကျောင်း​သား​များ​နဲ့​ ​ဆွေး​နွေး​မယ်လို့​ သတင်း​ရတယ်။” ၈၈ မျိုးဆက်​ကျောင်း​သား​များ​အဖွဲ့ဟာ ဒီက​နေ့လည်း​ သင်္ကြန်ကာလ အတွင်း​က သံချပ် လှည့်​လှည်​ဖြေ​ဖျော်ရာမှာ ရရှိတဲ့​ အလှူငွေ​တွေထဲက​နေ နာ​ရေး​ကူညီမှုအသင်း​အတွက် ရန်ပုံ​ငွေ ကျပ် ၁၀ သိန်း​နဲ့​ ​မောင်​မောင်ဆိုး​လေ ထီး​ရိုး​ရှည် သံချပ်အဖွဲ့အတွက် ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း​ ​ပေး​အပ်ခဲ့​ပါတယ်။ 

သတင်း.....DVB