Showing posts with label မွေးနေ့ အမှတ်တရ. Show all posts
Showing posts with label မွေးနေ့ အမှတ်တရ. Show all posts

18 October 2011

သံတိုင်ကြားထဲက ကျောင်းသားခေါင်းဆောင် အတွက်

ယနေ့ ကျရောက်တဲ့ သံတိုင်နောက်က ကိုမင်းကိုနိုင် မွေးနေ့ အတွက် သူကိုယ်တိုင်သီဆိုထားတဲ့ပန်ထွာဧကရီ တေးသီချင်း အားပြန်လည်ဝေမျှလိုက်ပါတယ်။


မင်းကိုနိုင် ကိုယ်တိုင်သီဆိုထားတဲ့ ပန်ထွာဧကရီ တေးသီချင်း by moeayedvb@gmail.com

ကိုမင်းကိုနိုင် ရေးစပ်ခဲ့သောကဗျာ

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ

ထောင်ပြစရာ အမောက်ကမရှိဘူး။



လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ

မာန်တက်စရာ ထီးရိုးမရှိဘူး။



ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ

ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်

အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး။



နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ

တကယ်ပြစရာ အသက်လဲမရှိဘူး။



လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ

ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။



မင်းကိုနိုင်

စစ်တွေထောင်တွင်းစပ် ကဗျာ




ကိုမင်းကိုနိုင် ကိုယ်တိုင်ရေးသားထားသော နောက်ကြည့်မှန် စာအုပ်

Ko Min Ko Naing Book(နောက်ကြည့်မှန်)

01 September 2011

စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်


















စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်

ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုး အဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလိမ်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ဖြတ်သန်းခဲ့သော နှစ်ပေါင်း (၃၀) တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁.၈. ၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။

ယင်း ပုလဲရတုနေ့မြတ်တွင် ကျွန်တော်တို့နှင့် လက်တွဲဖော်လက်တွဲဖက်၊ ရဲဘော်ရဲဖက်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အပေါင်းအသင်း မိတ်ဆွေများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ မိဘဖြစ်သူ ဦးစိန်တင် + ဒေါ်မြသန်းနှင့် ဆွေမျိုးသားချင်းများ စုံညီစွာ တက်ရောက်အားပေးကြ သည်။ OK ရှမ်းအိုးစည် တီးဝိုင်းအဖွဲ့မှလည်း မေတ္တာဖြင့် လာရောက်တီးခတ် ဖျော်ဖြေကာ သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချိုနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ မင်္ဂလာနေ့မြတ် အထိမ်းအမှတ်အဖြစ် အသည်းပုံကိတ်မုန့်၊ ပုလဲလုံးလေးများ စီရီထားသော ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ကျော်သူ + ရွှေဇီးကွက်တို့၏ ရဲဘော်ရဲဖက်၊ မိတ်ဆွေ တစ်ချို့၏ ပုလဲရတုနေ့မြတ်အဖြစ် ဂုဏ်ပြုရေးသားထားသော ကဗျာ၊ စာသားတချို့ဖြင့် အမှတ် တရများ ရေးသားပေးခဲ့ကြသည်။ ထို့အပြင် ကြွရောက်လာကြသော အနုပညာရှင်များဖြစ်သော ဦးဝင်းငြိမ်း၊ ဦးရဲလွင်၊ ကိုနေ၀င်း၊ အနဂ္ဂ၊ သံသာဝင်း၊ မေခလာ၊ မင်းထင်ကိုကိုကြီး၊ မင်းလူ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မသီတာ (စမ်းချောင်း)၊ ကိုမျိုး (မြန်မာစာ)၊ ကိုမြတ်ဆွေ၊ မိုက်တီးတို့မှ နှုတ်ခွန်းဆက် မင်္ဂလာစကားများကို ပြောကြားပေးခဲ့သည်။ ယင်းအခမ်းအနားတွင် အသည်းပုံ ကိတ်မုန့်ကိုလှီး၍ မည်သူကပို၍ချစ်ကြောင်း ပြသရန် ဆရာမ ဒေါ်သန်းမြင့်အောင်မှ တောင်းဆိုမှု ကြောင့် ကိုကျော်သူသည် အသည်းပုံကိတ်မုန့်ကို မလှီးရက် ကြောင်းဟုပြောဆိုကာ ရွှေဇီးကွက်၏ ပါးပြင်အား အနမ်းဖြင့် မည်မျှချစ်ကြောင်း သက်သေပြလိုက် သည့်အတွက် ပရိသတ်များ ပွဲကျကာ လက်ခုပ်လက်ဝါးများ တီးခတ်၍ သြဘာပေးခဲ့ကြသည်။ ဧည့်ပရိသတ်များ နှုတ်ခွန်းဆက်၍ ပြန်လည်ထွက်ခွာသွားချိန်တွင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၏ ဂုဏ်ပြု သီဆိုပေးထားသော “စည်းခြားမရ နိုင်သူ” သီချင်းအား ကျော်သူ + ရွှေဇီးကွက်တို့ ငယ်စဉ်သမီး ရည်းစားဘ၀မှ ယခုအချိန်ထိ အနှစ် (၃၀) ဖြတ်သန်းခဲ့သော ပုံရိပ်လွှာများဖြင့် ဖော်ကျူးထားသော DVD အချပ်အား လက်ဆောင်အဖြစ် ၄င်း၊ အနှစ် (၃၀) ပြည့် အထိမ်းအမှတ်ထုတ်ထားသော T-Shirt အင်္ကျီအား အမှတ်တရအဖြစ် ပြန်လည်၍ ပေးအပ်ပါသည်။

နေ့လည်ပိုင်းတွင် အသင်းသူ/သားများနှင့် ၀န်ထမ်းများအား ဦးကျော်သူမှ ပန်းပေါင်းစုံ မြတ်စွာဘုရား (၃) ဆူအား မဲဖောက်၍ ကုသိုလ်ပြုခဲ့ကာ ပုလဲလုံးလေးများ စီရီထားသောကိတ်မုန့် အား အသင်းသူ/သားများအား ကျွေးမွေးကာ အနှစ် (၃၀) ပြည့် ပုလဲရတု အမှတ်တရအဖြစ် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံကို ပျော်ရွှင်စွာရိုက်ကူး၍ အခမ်းအနားအား အဆုံးသတ်ခဲ့ပါသည်။

29 June 2011

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရ။


၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ( ၂၉) ရက်နေ့ မှာ နအဖ အာဏာ ရူးတွေရဲ့ မတရား အကျဉ်းချခံထားနေရတဲ့ နေဘုန်းလတ်ရဲ့ ယနေ ကျရော က် သော မွေးနေ့  အမှတ်တရ အနေနဲ့  နေဘုန်းလတ် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည် တင်ပြရင်း ဘလော့ဂါ နေဘုန်းလတ်တစ်ယောက်လွတ်လပ်သော ဘ၀များ ပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်။

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ရေးသားသူ - နေဘုန်းလတ်)။




ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာထိုင်ခိုင်းပြီး ငါ့ကို 'က' တစ်လုံးရေးပြလို့ ပြောပါတယ်။ ကျောင်းသားကလည်း သူ့ရှေ့ကစာရွက်အလွတ်ထဲမှာ 'က' အကြီးအကြီးတစ်လုံးရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက် ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက 'ယ' ဖြစ်နေတာကိုး။

နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ယူပါတယ်။ ခုနကအတိုင်းပဲ 'က' ရေးခိုင်းပါတယ်။ ကျောင်းသား ကလည်း စာရွက်ပေါ်မှာ 'က' လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။

ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of Vision လို့ခေါ် တဲ့ ရှု့ထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက်လုံးက မှန် နေတာပါပဲ။ ဒါပေမယ့် ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့်လက်မခံရတာလဲ။ တစ်ခုတည်း ကွာ သွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကိုသွားပြတာကိုး။ ဒုတိယကျောင်းသားက တော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို 'က' မြင်ရအောင် သူက 'ယ' လို့အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး။ သူလဲအမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။

အဲဒီကျောင်းသားလေးကိုနမူနာယူပြီး -

ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစား တွေးခေါ် ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့လိုပါလိမ့်မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံလာနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

ဘလောဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။




နေဘုန်းလတ်အတွက် မှတ်တမ်းတင်ထားတဲ့ အင်တာနက်စာမျက်နှာလေးဖြစ်တဲ့ http://freenpl.blogspot.com/ ကိုလည်း သွားရောက်ဖတ်ရှူကြပါလို့  လမ်းညွှန်အပ်ပါတယ်။

19 June 2011

ဒီနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် မွေးနေ့ရှင် ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ အမှတ်တရ နုတ်ဆက်စကား



ဘယ်ဘာသာပဲ ကိုးကွယ် - ဘာလူမျိုးပဲဖြစ်ဖြစ် - ဘာစကားပဲပြောပြော တကယ့်ကို စေတနာအပြည့်နဲ့  တောင်းပေးတဲ့ ဆု ဟာ အတိုင်းအတာ တခုထိ ထိရောက်မှုရှိတယ်လို့  ကျမ ယုံပါတယ်.. ဘာလို့ လဲဆိုတော့ ကျမက မေတ္တာ စေတနာရဲ့  စွမ်းပကားကို အင်မတန် ယုံလို့ ပါပဲ ..

အရင်နှစ်တွေမှာဆုတောင်းပေးတဲ့သူတွေ အခုနှစ် ဆုတောင်းပေးသူအားလုံးကို ကျေးဇူးတင်တယ် ပြောရင်းနဲ့  ဒီဆုတောင်းပေးချက်တွေဟာ ကျမကို အင်မတန် အထောက်အကူပေးတယ်လို့  ပြောချင်ပါတယ်..

facebook.com/dvb.entertainment မှ ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်.။

31 October 2010

အသက် ( ၅၁ )နှစ်ပြည့်..မှာတမ်း ။



လွတ်ငြိမ်းခွင့် Freedom


ငါ … ဘာမှ မဟုတ်တဲ့ငါ။
ဘာမှ အသုံးမဝင်တဲ့ငါ။
ဘာမှ အကျုံးမဝင်တဲ့ငါ။
လူမှုရေးတော့ သိ။
စီးပွားရေးက မရှိ။
ပညာရေးက မဟုတ်။
ကျန်းမာရေးက ဆုတ်ယုတ်။
ဖွဲ့စည်းပုံက ထွေပြား။
နိုင်ငံရေးက ဝေဝါး။
ဘာမှ အသုံးမကျတော့တဲ့ငါ။
ဘာမှ အကျိုးမပြုတော့တဲ့ငါ။
ငါ့ကို မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်ငြိမ်းခွင့်တော့ ပေးပါတော့ … ။
ငါ မဟုတ်တော့တဲ့ငါ …။
ဒါပေမယ့်…ငါ့မှာ မင်းတို့အသိုင်းအဝိုင်းတွေ မလုပ်နိုင်တဲ့ ပညာရပ်ရှိတယ်။
ငါ့မှာ မင်းတို့အဖွဲ့အစည်းတွေ မမြင်နိုင်တဲ့ အမြင်အာရုံရှိတယ်။
ငါ့မှာ မင်းတို့အသင်းအဖွဲ့တွေ မတွေးနိုင်တဲ့ အတွေးမျိုးရှိတယ်။
ငါ့မှာ မင်းတို့ပညာတတ်တွေ မစွမ်းနိုင်တဲ့ ပညာစွမ်းရှိတယ်။
ဒါ . . . ငါ့ရဲ့စွမ်းအား။ ငါ့ရဲ့ ပါဝါဘဲ။
အဲဒီ ငါရဲ့ အင်အားကို မင်းတို့ ခုတုံးတော့မလုပ်ကြပါနဲ့။
ငါရှက်လှပါဘိ။
ဒါကြောင့် . . .ငါ, ထပ်ပြောမယ်။
ငါဟာ ငါမဟုတ်တော့ဘူး။
ငါ့မှာ မင်းတို့ကို အကျိုးပြုစရာ ဗလာ။
ငါ့မှာ မင်းတို့အသုံးပြုစရာ နတ္တိ။
ငါ့လမ်း ငါသွားပါရစေတော့။
ငါ့အလုပ် ငါလုပ်ပြီး ငါ့သမိုင်း ငါရေးဖို့ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်
ပေးကြပါတော့။
နောင်တစ်ချိန်ချိန်မှာတော့ . . . တရားသိသလိုလို တရားရှိသလိုလိုနဲ့
ဝင်လေ ထွက်လေရပ်ပြီး
ငါ့နောက် မလိုက်လာကြနဲ့ လို့ ငါ မှာခဲ့ပါရစေ။
ငါ မဟုတ်တော့တဲ့ငါ။


(ကျော်သူ)

( ၂.၁၁.၁၉၅၉ှ မှ ၂၀ ? ? )

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

08 August 2010

မြတ်လေးငုံ ဘလော့ဂ်(၁) နှစ်ပြည့် မြောက်သွားခြင်း

မြတ်လေးငုံ ဆိုတဲ့ နံမည်လေးကို ကျမမေမေက ငယ်ငယ်တည်းက ကျမကို ဒီနာမည်လေး ပေးမယ်လုပ်ပြီး မပေးဖြစ်လိုက်တဲ့အတွက် ကျမရဲ့ ဘလော့ဂ်လေး မှာ မြတ်လေးငုံ ဆိုတဲ့ ကျမ နာမည်ကို ပေးခဲ့ပါတယ်.။ ကျမဘလော့ဂ် လုပ်ချင်စိတ် ဖြစ်ပေါ်လာတာဆိုရင်ဖြင့် ကျမဘဝတလျှောက် တွေ့မြင်ခဲ့၊ တွေ့ကြုံခဲ့တဲ့ စစ်အာဏာရှင်များဟာ ပြည်သူတွေ ၊ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေ၊ ကို ရက်စက်မှုတွေ နှိပ်စက်မှုတွေကို အထောက်အထားတွေနဲ့ ပြုစု ပြီးမှတ်တမ်းတင်ချင်တဲ့ အတွက် ဒီဘလော့ဂ်လေးကို လုပ်ဖြစ်သွားတာပါ...။

နောက်တစ်ခုကတော့ မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ မတရားဖမ်းဆီး နှိပ်စက်ခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ခံစားမှုတွေ ကိုလည်း ဖော်ပြချင်တာပါ၊ ကျမမြတ်လေးငုံ အနေနဲ့လဲ မှတ်တမ်းတစ်ခု လုပ်ဖြစ်သွားခဲ့ပါတယ်၊။ ကျမ တို့လိုဘဲ မှတ်တမ်းတွေနဲ့ စုစည်းထားကြတဲ့ ပြည်သူတွေလဲ ရှိကြပါတယ်။

ကျမ(၁၀)တန်းကျောင်းသူဘဝမှာ (၈၈၈၈) အရေးတော်ပုံကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးမှာ ကျမတို့ကျောင်း အ.ထ.က (၁) ဒဂုံကနေပြီး ပါဝင်လှုပ်ရှားခဲ့တဲ့ အထက်တန်း ကျောင်းသူ တယောက်ပါဘဲ.။ အဲဒီအချိန်က ပါဝင်ခဲ့တာကတော့ လူငယ်တယောက်ရဲ့စိတ်၊ မခံချင်စိတ်၊ တွေနဲ့ပါဘဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို၁၉၈၈စက်တင်ဘာလ(၂ရ)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်.။ ကျမ မြတ်လေးငုံ သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ထိုအချိန်မှစ၍ လူငယ် အဖွဲ့ဝင်တဦး အဖြစ် စတင်ပါဝင်ခဲ့ပါတယ်.။ ယနေ့အချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံအောက်မှာ ရပ်တည်နေဆဲဖြစ် ပါတယ်.။

သြဂုတ်လ ရဲ့ (၈)ရက်နေ့မှာကျမ နေသောအိမ်လေးကိုကျမနဲ့မောင်နှမလိုနေသော ကျမတို့ပါတီက မောင်လေးနိုင်ကြီးကအလည်ရောက်လာခဲ့ပါတယ်.။ ကျမတို့နဲ့ စကားလက်ဆုံကျနေကြပြီး.။ နိုင်ကြီးက သူဘလော့ဂ် လုပ်ထားကြောင်းကို လာပြောပြပါတယ်. ဥပမာ ပေးရရင်တော့ ကြွားတယ်ဆိုလဲမမှားပါဘူး။

ကျမ မြတ်လေးငုံလဲဘလော့ဂ် တစ်ခု လောက်လုပ်ချင်ကြောင်းနဲ့ နိုင်ကြီးကို လုပ်ပေးပါလားဆိုပြီး ပြောပြဖြစ်တယ်.။ နိုင်ကြီး ကလဲ ကြွားချင်တယ်ပေါ့။ သူလုပ်တတ်ကြောင်းကိုလည်း ပြချင်ပုံရပါတယ်.။ ချက်ချင်းလုပ်ပေးလိုက် ပါတယ်။ ကျမကို ဘယ်ပုံကြိုက်လဲအမ၊ ဘယ်အရောင် ကောင်းမလဲအမ ၊ရွေးပါဆိုပြီမျိုးစုံသော ဒီဇိုင်းလှလှလေးတွေပြသခဲ့ပါတယ်.။ကျမကအရောင်တွေ တော်တော်များကိုတွေ့တော့ မရွေးတတ်တော့ပါဘူး။

အဆင်ပြေတဲ့ပုံစံဘဲလုပ်ပေးပါ ရပါတယ်လို့ ပြောပြီး မှတ်မှတ်ရရ (၈.၈.၂၀၀၉)မှ စပြီ မြတ်လေးငုံ ဆိုတဲ့ ဘလော့ဂ်လေးကို စတင်ပြုလုပ်ခဲ့ပါတယ်.။ ဒီလိုနဲ့ဘဲ မြတ်လေးငုံဘလော့ဂ်လေး ဖြစ်လာခဲ့ရပါတယ်ရှင်.။

ကျမမြတ်လေးငုံက သူငယ်ချင်းအပေါင်းအသင်းက နည်းတယ်ဆိုတော့ သူငယ်ချင်းတွေက ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုပြီး ဟိုလူကပြော၊ ဒီလူကပြောနဲ့ ဒီဇိုင်းကိုပြင်လိုက်တာ အခေါက် (၄၀)လောက် ဖြစ်သွားခဲ့ပါတယ်.။ ကျမ မြတ်လေးငုံ ဘလော့ဂ်ဒီဇိုင်းနာလဲစိတ်တွေဆိုးပြီ ကျမကိုသူ မလုပ်ပေးတော့ပါဘူး.။ ဒီလိုနဲ့ကျမ မြတ်လေးငုံခမျာ နောက်ကူညီပေးမယ့် မောင်လေးတယောက် ရောက်လာခဲ့ပြန်တယ်.။ သူကတော့ ဘလော့ဂါပြည့်စုံ ပါဘဲ ။ ပြည့်စုံကလဲ ကျမတို့ပါတီကဘဲ.။ ပြည့်စုံလုပ်ပြန်တော့ မြတ်လေးငုံဘလော့ဂ်က တမျိုးဖြစ်သွားပြန်ရောပေါ့။ ဒီလိုနဲ့ အဆင်ပြေသလိုဘဲ လုပ်ပေးပါဆိုပြီ ပြည့်စုံ ကလည်း ပြောပြောဆိုဆို လုပ်လိုက်ပြန်တယ်.။

မြတ်လေးငုံက ဟိုလိုလေးလုပ်ပေးပါအုံး ပြောလိုက်ရင် ပြည့်စုံ ကမအားဘူးဖြစ်နေပြန်တယ်.။ သူကခုတော့ အမေရိကန်မှာ ဆိုတော့သူနဲ့ကျမနဲ့က အချိန်ကမနက်နဲ့ည ဖြစ်နေပြန်ရော... ကျမလဲမတတ်နိုင်ဘူးလေ.။ ကိုယ်အားကိုယ် မကိုးတတ်သေးဘူးကိုး နောက်ဘယ်သူ ကူညီပေးအုံးမလဲပေါ့.။ စနည်းနာလိုက်တာဘလော့ဂါတဦး ဖြစ်တဲ့မောင်လေး ခမိခဆဲ ဖြစ်နေပြန်တယ်သူက ပြန်ပြင်ပြန်ပြောင်း လုပ်ပေးပြီး သူကဘဲ ကျမကို သင်ပေးတော့တာဘဲ၊ စိတ်ရှည်လက်ရှည်နဲ့ ခမိခဆဲ သင်ပေးတော့ ကျမလဲတတ်သွားရောပေါ့..။ အော်ဘလော့ဂ်လုပ်တာ လွယ်လွယ် လေးဘဲပေါ့လို့ ကျမပြောလိုက်မိပြန်တယ်.။ နိုင်ကြီး က မြတ်လေးငုံ ဘလော့ဂ်ကို စလုပ်ပေးချိန်မှာ ကျမ သတင်းတင်တတ်ယုံရလွှဲရင် ကျန်တာမလုပ်တတ်ခဲ့ပါဘူး.။ နောက် ပြည်စုံက နည်းနည်းသင်ပေးခဲ့ပါတယ်.။ နောက် ခမိခဆဲ ကဘလော့ဂ်အကြောင်းတွေ လေ့လာဘို့ ဘယ်မှာသွားကြည့် ဘို့ ပြန်လုပ်ကြည့်ပါ အမ ဆိုပြီး စိတ်ရှည်စွာနဲ့ သင်ပြပေးခဲ့ပါတယ်.။

ကျမမြတ်လေးငုံကတော့ တတ်သည့် ပညာမနေသာဆိုသလိုပေါ့ လက်တဲ့ဆန်းတော့မယ် ဆိုပြီး ကိုယ်စိတ်ကြိုက်ကိုယ်လုပ်ခဲ့တယ်.၊ မကြိုက်လဲခမိခဆဲကို ပြင်ခိုင်းလိုက်သင်လိုက်ပေါ့.။ ကျမ မြတ်လေးငုံ ဘလော့ဂ်လေးကို ကျမ စိတ်တိုင်းကျ ကိုယ်တိုင်လုပ် ဖြစ်သွားပါတယ်.။

ဒီလိုနဲ့ဘဲဘာလိုလိုနဲ့ တစ်နှစ်ပြည့်လိုသာလာပါတယ်.။ သူတို့(၃)ယောက်ကတော့ မေ့လို့မရပါဘူး.။ ကျမမြတ်လေးငုံ ဘလော့ဂ်လေးကို တည်ထောင်ပေးခဲ့ အုတ်မြစ်ချပေးတဲ့ ကျမရဲ့သင်ဆရာတွေပါဘဲရှင်.။ ဒီလိုနဲ့ သတင်းတွေ တင်မယ်ဆိုပြီး ကျမလုပ်တော့ ကျမ ကိုအကြံပေးခဲ့တဲ့ ကျမရဲ့ အကိုဆိုလဲမမှား ပါဘူး.... ကျမတို့ပါတီက ကိုမိုးဇော်ဦး သူကကျမကို ထောင်ထဲက အခြေအနေတွေကို မေးပါလားဆိုပြီ အကြံပေးခဲ့ပါတယ်.။ ကျမကလည်းလုပ်ဘို့ အစီစဉ်ရှိနေတော့ကျမလဲ စလုပ်ကြည့်မယ်ဆိုပြီ သံတိုင်ကြားက NLD လူငယ်များ၏ ထောင်တွင်းအတွေ့အကြုံဆိုပြီး လုပ်ခဲ့ပါတယ်.။

အဲဒီမှာစတွေ့တော့တာပါဘဲ ။ ကျမလဲ လူထု မေတ္တာကို စတင်ပြီး ခံယူရတော့တာပါ.ပဲ။ ကော်မန့်တွေ စီဘောက်တွေမှာ ဝင်လာမဆဲတသဲသဲပေါ့.။ ကျမ သတင်းတွေကို လာအားပေးတဲ့သူတွေ ကျမ သတင်းတွေကို ရှုံးချတဲ့ အော်သံဆိုသံတွေ တလဟောကိုယိုစီးတော့တာပါဘဲရှင်.။ ရှုတ်ချပြီးပြောတဲ့ လူတွေကပိုများပါတယ်။ အောင်မြင်တယ်ဆိုတဲ့သဘောပေါ့.။ ကျမ မြတ်လေးငုံ အောင်မြင်တယ်လို့ ပြောလို့တမျိုးတော့ မထင်ကြပါနဲ့ ၊မိန်းကလေးနဲ့မတန်တဲ့အသုံးနှုန်းတွေ နောက် ရိုင်းစိုင်းပြီး လူမဆန်တဲ့ ပြောဆိုမှုတွေ နှမချင်းမစာနာတတ်တဲ့ လူတွေကိုစတွေ့ခဲ့ရပါတယ်.။ ကျမရဲ့ ဘလော့ဂ် သက်တမ်း အစပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ရိုက်ခတ်မှုတွေပဲပေါ့..။

အဲဒီချိန်မှာ ကျမသူငယ်ချင်း ဘလော့ဂ်ဂါ ဒီမိုဝေယံ ကကျမကိုအားပေးပြီး ဆက်လုပ်ဘို့နဲ့ ဒီအသံတွေကို ဂရုမစိုက်ဖို့နဲ့ ကိုယ်လမ်းကိုယ်လျှောက်ပြီး ဘာမှမဖြစ်ဘို့ အားပေးပါတယ်။ မနက်မနက်ဆို သူကစီဘောက် ကမသင့်တော်တဲ့ စာတွေကို ဖျက်သင့်တန်တာဖျက် ဘန်းသင့်တန်တာ ဘန်းတော့တာဘဲ။ ဒီမိုဝေယံ လဲမအားတဲ့ကြားထဲကနေ ကျမကိုကူညီပေးခဲ့ ရပါတယ်။ ကျမတို့ဆီမှာ ကွန်နေရှင်က မကောင်းတော့ စီဘောက်က တချက်တချက် ရလိုက် မရလိုက်ပေါ့.။ မနက်ဆိုရင် မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဘလော့ဂ်နဲ့ မျက်နှာသစ်ပြီး စက်ဖွင့်လိုက်တယ်ဆိုရင်ဖြင့် မြတ်လေးငုံဘလော့ဂ်ကို ဖွင့်လိုက်ရင် ဘယ်နှစ်ယောက် လာဆဲသွားလဲ ဆိုပြီးရင်ခုန်စွာနဲ့ ဖွင့်ကြည့်ခဲ့ရပါတယ်.။

နောက်တော့လည်း သူငယ်ချင်း ဒီမိုဝေယံ ပြောသလိုပါဘဲ .။ ကျမ မြတ်လေးငုံလဲ သိပ်မတုန် လှုပ်တတ်တော့ပါဘူး.။ ကျမ လုပ်ရမယ့် အလုပ်ကို ကျမ ဆက်လုပ်ဘို့ ဘဲတွေးတောခဲ့တယ်.။ နောက် ကျမ လဲ လာရေးတဲ့ လူတွေကို သိပ်အာရုံမထားတော့ပါဘူး.။ ကိုယ်လုပ်ရမယ့် အလုပ်ကိုဘဲ ကိုယ်လုပ်ဖြစ်ခဲ့ပါတယ်.။ ကျမလဲ အအော်သာ ခံလိုက်ရတယ် ...ဘာကြောင့်လာဆဲတာလဲဆိုတာကိုတော့ သေချာနားမလည်ခဲ့ပါဘူး.။

ဒီလိုနဲ့ မြတ်လေးငုံ လဲ ကိုယ့်ကိုယ်စိတ်ကို ရှည်တတ်အောင် ထားခဲ့မိပါတယ်.။ နောက် သတင်းတွေတင်တော့ တဖြေးဖြေးအော်တာ နည်းနည်းလျော့လာတယ်။ ဒါပေမယ့်လဲ တနေ့တခါ အမြဲလာ သလိုဆိုတဲ့ စကားလေးအတိုင်း အမြဲတော့ လာအော်တာ ခံရပါသေးတယ်.။ ကျမ မြတ်လေးငုံရဲ့ အကိုတယောက်ဖြစ်တဲ့ ကိုနစ်နေမန်းက ကော်မန့် တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြခဲ့တယ်.။ နောက် စီဘောက်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ပြောပြခဲ့ပါတယ်။ ကိုယ်ဟာကိုယ်ကြိုးစားဘို့ သတင်းကို ကိုယ်ဟာကိုယ် ရေးတတ်အောင် လုပ်ဘို့တွေကို မခံချင်အောင် အမြဲပြောပြီး ကြိုးစားခိုင်းခဲ့ပါတယ်.။ ကိုနစ်နေမန်း ကိုထပ်ပြီး ကျေးဇူးတင်ရပြန်တယ်.။

မြတ်လေးငုံဘလော့ဂ်လုပ်မှ ခင်မင်ခဲ့ရတဲ့ ဘလော့ဂါတွေကတော့ ကိုဒေါင်းမာန်ဟုန်၊ ကိုမင်းထက်၊ ၈၈(နော်မန်)၊ မငယ်နိုင်၊ တို့ကိုလည်း ကျမ မြတ်လေးငုံရဲ့(၁)နှစ်ပြည့်မွေးနေ့လေးမှာ ထည့်ပြောချင်ပါတယ်ရှင်.။ ကျမ မြတ်လေးငုံ ဘလော့ဂ်မှာ ယနေ့ထိ သတင်းဝင်ရေးပေးနေတဲ့ သူငယ်ချင်း ဒီမိုဝေယံ ၊ ကျမ မြတ်လေးငုံရဲ့ အကို ကိုနစ်နေမန်း ၊ ကျမ မြတ်လေးငုံ ကိုယနေ့ထိအကြံပေးခဲ့ တဲ့အကို ကိုမိုးဇော်ဦး ကျမ မြတ်လေးငုံ ကိုဝိုင်းဝန်းကူညီပေးခဲ့တဲ့ မောင်လေးနိုင်ကြီး၊ မောင်လေး ပြည့်စုံ၊ မောင်လေး ခမိခဆဲ ၊တို့ကို လဲ ကျမ မြတ်လေးငုံက မြတ်လေးငုံ ဘလော့ဂ် (၁)နှစ်ပြည့် မှာ မှတ်တမ်း လေးတင်ပေးလိုက်ပါတယ်ရှင်.။

ကျမ မြတ်လေးငုံဘလော့ဂ်ကို အချိန်ပေးပြီး လာရောက်လည်ပါတ်ပြီး သတင်းတွေ ဖတ်ရှူကြတဲ့ ကျမ မြတ်လေးငုံရဲ့ အပေါင်းအသင်းများနှင့် စာဖတ်ပရိသတ်တွေ မိတ်ဆွေတွေကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်၊ အမြဲတမ်းအားပေးပြီး မေလ်းနဲ့ အကြံပေးပို့ပေးကြတဲ့ မိတ်ဆွေများအား ကျေးဇူးတင်ရှိပါတယ်၊ ပြည်တွင်းက သူငယ်ချင်းတွေနဲ့ ပြည်တွင်းမှ သတင်းတွေ ပေးပို့ပေးလို့ သိပ်ကို ကျေးဇူးတင်ရှိပါတယ်ရှင်။ ကျမမြတ်လေးငုံဘလော့ဂ်အား အချိန်ယူပြီး ဝေဖန်ပြောဆိုဘို့ အတွက် လာရောက် လည်ပါတ်ပြီး သတင်းများကို ဖတ်ရှုကြသော မိတ်ဆွေတွေကို လဲကျေးဇူးတင် ရှိပါတယ်လို့ ပြောကြားရင်းနဲ့ မြတ်လေးငုံရဲ့ (၁)နှစ်မြောက် ဘလော့ဂ် မွေးနေ့လေးကို အဆုံးသတ်လိုက်ပါတယ်ရှင်..။

ကျမ မြတ်လေးငုံက ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်.။ ကျမ မြတ်လေးငုံဘလော့ဂ် လေးကိုလဲ အခက်အခဲ အမျိုးမျိုးတွေ့ရှိနေသည့် ကြားထဲကနေ မြတ်လေးငုံ ဆက်လက် ကြိုးစားပါအုံးမယ်.။ အမှန်တရားတွေကိုလည်း ဆက်လက် ဖော်ပြ ပေးသွားပါအုံးမယ်၊ နအဖစစ်အာဏာရှင်စနစ်အောက် မှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားလူငယ်များနှင့် ရဟန်းသံဃာတော်များကိုလည်း လေးစား ဂုဏ်ပြု ဦးညွှတ် လိုက်ပါတယ်ရှင်.။

အားလုံးကိုလေးစားစွာဖြင့်

မြတ်လေးငုံ

06 August 2010

မြတ်လေးငုံ ဘလော့ဂ်(၁) နှစ်ပြည့် မြောက်သွားခြင်း

မြတ်လေးငုံ ဆိုတဲ့ နံမည်လေးကို ကျမ မေမေ ကငယ်ငယ်တည်းကကျမအားပေးမယ်လုပ်ပြီး ကျမ ကို ဒီနံမည်မပေးဖြစ်လိုက်လို့ ကျမ ရဲ့ ဘလော့ဂ်လေး မှာ မြတ်လေးငုံ ဆိုတဲ့ ကျမ နံမည်ကို ပေးခဲ့ပါတယ်.။ကျမ ဘလော့ဂ် လုပ်ချင်စိတ်ဖြစ်ပေါ်လာတာဆိုရင်ဖြင့် ကျမဘဝတလျှောက် တွေ့မြင်ခဲ့၊ တွေ့ကြုံခဲ့တဲ့ စစ်အာဏာရှင်များဟာပြည်သူတွေ ၊ကျောင်းသားတွေ၊ရဟန်းသံဃာတော်တွေ၊ကို ရက်စက်မှုတွေ နှိပ်စက်မှု တွေကို အထောက် အထားတွေနဲ့ ပြုစုပြီး မှတ်တမ်း တင်ချင်ပါတယ်.။

နောက် တစ်ခု ကတော့မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ နေနေကြရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ စိတ်ခံစားမှု တွေ ကိုလည်းဖော်ပြချင်တာပါ၊ ကျမမြတ်လေးငုံ အနေနဲ့လဲ မှတ်တမ်း တစ်ခုလုပ် ဖြစ်သွားခဲ့ပါတယ်၊။ကျမ တို့လိုဘဲ မှတ်တမ်းတွေနဲ့ စုစည်းထားကြတဲ့ ပြည်သူ တွေလဲရှိကြပါတယ်။

ကျမ ကတော့(၈၈၈၈) အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့ အချိန်မှာ(၁၀) တန်း ကျောင်းသူ တယောက်ပါ။ ကျမတို့
ကျောင်း အ.ထ.က (၁) ဒဂုံ ကနေပြီးပါဝင် ၈၈၈၈ အရေးတော်ပုံကြီးမှာပါဝင်လှုပ်ရှား ခဲ့တဲ့ အထက်တန်း ကျောင်းသူ တယောက်ပေါ့ ။အဲဒီ အချိန်က ပါဝင် ခဲ့တာကတော့လူငယ်တယောက်ရဲ့ စိတ်၊ မခံချင်စိတ် တွေနဲ့ပါဘဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ စက်တင်ဘာလ(၂ရ)ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်.။
ကျမ မြတ်လေးငုံ သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် ထိုအချိန်မှစ၍ လူငယ် အဖွဲ့ဝင်တဦး အဖြစ် စတင်ပါဝင်ခဲ့ပါတယ်.။ ယနေ့ အချိန်ထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလံအောက်တွင် ရပ်တည် နေဆဲဖြစ် ပါသည်.။

သြဂုတ်လ ရဲ့ (၈) ရက်နေ့မှာ ကျမ နေသော အိမ်လေးကို ကျမ နဲ့ မောင်နှမလိုနေသော ကျမတို့ ပါတီက မောင်လေးနိုင်ကြီး အလည် ရောက်လာခဲ့ပါတယ်.။ကျမတို့နဲ့ စကားလက်ဆုံ ကျနေကြပြီး.။ နိုင်ကြီးက သူဘလော့ဂ် လုပ်ထားကြောင်းကို ပြောပြပါတယ်. ဥပမာ ပေးရရင်တော့ကြွားတယ် ဆိုလဲ မမှားပါဘူး။

ကျမ မြတ်လေးငုံ လဲဘလော့ဂ် တစ်ခု လောက် လုပ်ချင် ကြောင်းနဲ့နိုင်ကြီးကို လုပ်ပေး ပါလားဆိုပြီး ပြောပြဖြစ်တယ်.။နိုင်ကြီး ကလဲကြွားချင်တယ်ပေါ့ သူလုပ်တတ်ကြောင်းကိုလည်းပြချင်ပုံရပါတယ်.။ချက်ချင်းလုပ်
ပေးလိုက်ပါတယ်။

ကျမကို ဘယ်ပုံကြိုက်လဲ အမ၊ဘယ်အရောင်ကောင်းမလဲအမ၊ရွေးပါဆိုပြီမျိုးစုံသောဒီဇိုင်းလှလှလေးတွေပြသခဲ့ပါ တယ်.။ကျမကအရောင်တွေတော်တော်များကိုတွေ့တော့မရွေးတတ်တော့ပါဘူး။

အဆင်ပြေတဲ့ပုံစံဘဲလုပ်ပေးပါ ရပါတယ်လို့ ပြောပြီ မှတ်မှတ်ရရ (၈.၈.၂၀၀၉)မှ စပြီ မြတ်လေးငုံ ဆိုတဲ့ ဘလော့ဂ်လေးကိုစတင်ပြုလုပ်ခဲ့ပါတယ်.။ဒီလိုနဲ့ဘဲ မြတ်လေးငုံ ဘလော့ဂ်လေးဖြစ်လာခဲ့ရပါတယ်ရှင်.။

ကျမမြတ်လေးငုံကသူငယ်ချင်းအပေါင်းအသင်းကနည်းတယ်ဆိုတော့သူငယ်ချင်းတွေကဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုပြီ ဟိုလူကပြော၊ဒီလူကပြောနဲ့ဒီဇိုင်းကိုပြင်လိုက် တာအခေါက် (၄၀)လောက်ဖြစ်သွားခဲ့ပါတယ်.။ကျမ မြတ်လေးငုံ ဘလော့ဂ်ဒီဇိုင်းနာ လဲစိတ်တွေဆိုးပြီ ကျမကို သူ မလုပ်ပေးတော့ဘူး.။ဒီလိုနဲ့ကျမ မြတ်လေးငုံ ခမျာ နောက်ကူညီပေးမယ့်မောင်လေးတယောက် ရောက်လာခဲ့ပြန်တယ်.။သူကတော့ဘလော့ဂါ ပြည့်စုံ ပါဘဲ ။ပြည့်စုံ ကလဲ ကျမတို့ပါတီကဘဲ.။ပြည့်စုံလုပ်ပြန်တော့ မြတ်လေးငုံဘလော့ဂ်က တမျိုးဖြစ်သွားပြန်ရော်ပေါ့။ ဒီလိုနဲ့ အဆင်ပြေသလိုဘဲ လုပ်ပေးပါဆိုပြီ ပြည့်စုံ ကလည်း ပြောပြောဆိုဆိုလုပ်လိုက်ပြန်တယ်.။

ကျမမြတ်လေးငုံကဟိုလိုလေးလုပ်ပေးပါအုံး။ပြောလိုက်ရင်ပြည့်စုံကမအားဘူးဖြစ်နေပြန်တယ်.။သူကခုတော့
အမေရိကန်မှာဆိုတော့သူနဲ့ကျမနဲ့ကအချိန်ကမနက်နဲ့ညဖြစ်နေပြန်ရော်၊ကျမလဲမတတ်နိုင်ဘူးလေ.။ ကိုယ်အားကိုယ်မကိုးတတ်သေးဘူး၊နောက်ဘယ်သူကူညီပေးအုံးမလဲပေါ့.။စနည်းနာလိုက်တာဘလော့ဂါတဦး ဖြစ်တဲ့မောင်လေးခမိခဆဲဖြစ်နေပြန်တယ်သူကပြန်ပြင်ပြန်ပြောင်းလုပ်ပေးပြီသူကဘဲကျမကိုသင်ပေးတော့တာ ဘဲ၊စိတ် ရှည်လက်ရှည်နဲ့ခမိခဆဲသင်ပေးတော့ကျမလဲတတ်သွားရော်၊အော်ဘလော့ဂ်လုပ်တာလွယ်လွယ် လေးဘဲပေါ့ လို့ကျမပြောလိုက်မိပြန်တယ်.။နိုင်ကြီးကမြတ်လေးငုံ ဘလောဂ်ကိုစလုပ်ပေးချိန်မှာ ကျမ သတင်းတင်တတ်ယုံရလွှဲရင်ကျန်တာမလုပ်တတ်ခဲ့ပါဘူး.။နောက်ပြည်စုံကနည်းနည်းသင်ပေးခဲ့ပါတယ်.။နောက်
ခမိခဆဲ ကဘလော့ဂ်အကြောင်းတွေလေ့လာဘို့ဘယ်မှာသွားကြည့်ဘို့ ပြန်လုပ်ကြည့်ပါအမ ဆိုပြီးစိတ်ရှည်စွာနဲ့ သင်ပြပေးခဲ့ပါတယ်.။

မြတ်လေးငုံကတော့တတ်သည့် ပညာမနေသာဆိုသလိုပေါ့လက်တည်ဆန်းတော့မယ် ဆိုပြီ ကိုယ်စိတ်ကြိုက်ကိုယ်လုပ်ခဲ့တယ်.၊ မကြိုက်လဲခမိခဆဲကိုပြင်ခိုင်းလိုက်သင်လိုက်ပေါ့.။ မြတ်လေးငုံ ဘလော့ဂ်လေးကိုကျမ စိတ်တိုင်းကျ ကိုယ်တိုင် လုပ်ဖြစ်သွားပါတယ်.။

ဒီလိုနဲ့ဘဲဘာလိုလိုနဲ့တစ်နှစ်ပြည့်လိုသာလာပါတယ်.။သူတို့(၃)ယောက်ကတော့မေ့လို့မရပါဘူး.။ကျမမြတ်လေးငုံ ဘလော့ဂ်လေးကို တည် ထောင်ပေးခဲ့အုတ်မြစ်ချပေးတဲ့ကျမရဲ့သင်ဆရာတွေပါဘဲရှင်.။ဒီလိုနဲ့ သတင်းတွေတင်မယ်ဆိုပြီ လုပ်တော့ ကျမ ကိုအကြံပေးခဲ့တဲ့ အကို ဆိုလဲမမှား ပါဘူးကျမတို့ပါတီက ကိုမိုးဇော်ဦး သူကကျမကို ထောင်ထဲက အခြေအနေတွေကိုမေးပါလားဆိုပြီ အကြံပေးခဲ့ပါတယ်.။ ကျမကလည့်းလုပ်ဘို့ အစီစဉ်ရှိနေတော့ကျမလဲ စလုပ်ကြည့်မယ်ဆိုပြီ သံတိုင်ကြားက NLD လူငယ်များ၏ထောင်တွင်းအတွေ့အကြုံဆိုပြီအင်တာဗျူးလေး လုပ်ခဲ့ပါတယ်.။

အဲဒီမှာစတွေ့တော့တာပါဘဲ ။ ကျမလဲ လူထု မေတ္တာ ကိုစတင်ပြီး ခံယူရတော့တာပါ.။ကော်မန့်တွေ စီဘောက်တွေမှာ ဝင်လာမဆဲတသဲသဲပေါ့.။ကျမ သတင်းတွေကိုလာအားပေးတဲ့သူတွေ ကျမ သတင်းတွေကို ရှုံးချတဲ့အော်သံဆိုသံတွေတလှယ်ဟောကိုယိုစီးတော့တာပါဘဲရှင်.။ရှုတ်ချပြီးပြောတဲ့လူတွေကပိုများပါတယ်။
အောင်မြင်တယ်ဆိုတဲ့သဘောပေါ့.။ မြတ်လေးငုံ အောင်မြင်တယ်လို့ပြောလို့တမျိုးတော့ မထင်ကြပါနဲ့ ၊မိန်းကလေးနဲ့မတန်တဲ့အသုံးနှုန်းတွေ နောက် ရိုင်းစိုင်းပြီလူမဆန်တဲ့ ပြောဆိုမှုတွေ နှမချင်းမစာနာတတ်တဲ့လူတွေကိုစတွေ့ခဲ့ရပါတယ်.။

အဲဒီချိန်မှာကျမသူငယ်ချင်းဘလော့ဂါဒီမိုဝေယံကကျမကိုအားပေးပြီးဆက်လုပ်ဘို့ဘာမှမဖြစ်ဘို့.။သူက
စီဘောက် ကစာတွေကိုဖျက် တော့တာဘဲ။ ဒီမိုဝေယံလဲမအားတဲ့ကြားတဲ့က ကျမကိုကူညီပေးခဲ့ရပါတယ်၊ကျမတို့ဆီမှာကကွန်နေရှင်ကမကောင်းတော့စီဘောက်ကတချက်တချက်ရလိုက်
မရလိုက်ပေါ့.။မနက်ဆိုရင်မျက်လုံးနှလုံးပွင့်တာနဲ့စက်ဖွင့်လိုက်တယ်ဆိုရင်ဖြင့်မြတ်လေးငုံဘလော့ဂ်ကိုဖွင့်လိုက်
ရင်ဘယ်နှစ်ယောက်ဆဲသွားလဲ ဆိုပြီရင်ခုန်စွာနဲ့ ဖွင့်ခဲ့ရပါတယ်.။

နောက်တော့လဲသူငယ်ချင်း ဒီမိုဝေယံပြောသလိုပါဘဲ .။ မြတ်လေးငုံ လဲ သိပ်မတုန် လှုပ်တတ်တော့ပါဘူး.။ကျမ လုပ်ရမယ့် အလုပ်ကို ဆက်လုပ်ဘို့ ဘဲတွေးတောခဲ့တယ်.။နောက် ကျမ လဲ လာရေးတဲ့လူတွေကိုသိပ်အာရုံမထားတော့ပါဘူး.။ကိုယ်လုပ်ရမယ့်အလုပ်ကိုဘဲကိုယ်လုပ်ဖြစ်ခဲ့ပါတယ်.။ကျမလဲ အအော်သာ ခံလိုက်ရတယ်ဘာကြောင့်လာဆဲတာလဲဆိုတာကိုတော့ သေချာနားမလည်ခဲ့ပါဘူး.။

ဒီလိုနဲ့ မြတ်လေးငုံ လဲ ကိုယ့်ကိုယ် စိတ်ကို ရှည်တတ်အောင်ထားခဲ့မိပါတယ်.။ နောက် သတင်းတွေတင်တော့ တဖြေးဖြေးအော်တာနည်းနည်းလျော့လာတယ်။ဒါပေမယ့်လဲ တနေ့တခါ အမြဲလာ သလိုဆိုတဲ့စကားလေးအတိုင်း အမြဲတော့လာ အော်တာခံရပါသေးတယ်.။ မြတ်လေးငုံ ရဲ့ အကိုတယောက်ဖြစ်တဲ့ ကိုနစ်နေမန်း က ကော်မန့် တွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေပြောပြခဲ့တယ်.။ နောက် စီဘောက်တွေရဲ့ကောင်းကျိုးဆိုးကျိုးတွေပြောပြခဲ့ပါတယ်။ကိုယ်ဟာကိုယ်ကြိုးစားဘို့ သတင်းကို ကိုယ်ဟာကိုယ်ရေးတတ်အောင်လုပ်ဘို့တွေ ကိုမခံချင်အောင်အမြဲပြောပြီကြိုးစားခိုင်းခဲ့ပါတယ်.။ကိုနစ်နေမန်း အားထပ်ပြီ ကျေးဇူးတင်ရပြန်တယ်.။

မြတ်လေးငုံဘလော့ဂ်လုပ်မှခင်ခဲ့ရတဲ့ဘလော့ဂါတွေကတော့ကိုဒေါင်းမာန်ဟုန် ၊ ကိုမင်းထက်၊ ၈၈(နော်မန်)၊ မငယ်နိုင်၊ တို့ကိုလည်း ကျမ မြတ်လေးငုံရဲ့(၁)နှစ်ပြည့်မွေးနေ့လေးမှာထည့်ပြောချင်ပါတယ်ရှင်.။မြတ်လေးငုံ ဘလော့ဂ် မှာ ယနေ့ထိသတင်းဝင်ရေးပေးသော သူငယ်ချင်းဒီမိုဝေယံ ၊မြတ်လေးငုံရဲ့ အကို နစ်နေမန်း ၊ မြတ်လေးငုံ ကိုယနေ့ထိအကြံပေးခဲ့ တဲ့အကို ကိုမိုးဇော်ဦးကျမ မြတ်လေးငုံ ကိုဝိုင်းဝန်းကူညီပေးခဲ့တဲ့ မောင်လေးနိုင်ကြီး၊မောင်လေး ပြည့်စုံ၊မောင်လေး ခမိခဆဲ ၊တို့ကို လဲ ကျမ မြတ်လေးငုံက မြတ်လေးငုံ ဘလောဂ် (၁)နှစ်ပြည့် မှာ မှတ်တမ်း လေးတင်ပေးလိုက်ပါတယ်ရှင်.။

ကျမ မြတ်လေးငုံဘလော့ဂ်ကို အချိန်ပေးပြီးလာရောက်လည်ပါတ်ပြီးသတင်းတွေဖတ်ခဲ့ကြတဲ့ မြတ်လေးငုံ
ရဲ့အပေါင်းအသင်းများနှင့်မိတ်ဆွေတွေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်၊အမြဲတမ်းအားပေးပြီးမေလ်းနဲ့အကြံ
ပေးပို့ပေးကြသောမိတ်ဆွေများကျေးဇူးတင်ရှိပါတယ်၊ပြည်တွင်းကသူငယ်ချင်းများအားပြည်တွင်းမှသတင်းများ
ပေးပို့ပေးလို့သိပ်ကိုကျေးဇူးတင်ရှိပါတယ်ရှင်။မြတ်လေးငုံဘလော့ဂ်အားအချိန်ယူပြီးဝေဖန်ပြောဆိုဘို့အတွက်
လာရောက်လည်ပါတ်ပြီးသတင်းများကိုဖတ်ရှုကြသော မိတ်ဆွေတွေကို လဲကျေးဇူးတင် ရှိပါတယ်လို့ပြောကြားရင်းနဲ့ မြတ်လေးငုံရဲ့(၁)နှစ်မြောက် မွေးနေ့လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်..။

ကျမ မြတ်လေးငုံက ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးတင်ရှိပါတယ်.။ကျမ မြတ်လေးငုံဘလော့ဂ် လေးကိုလဲ အခက်အခဲ အမျိုးမျိုးတွေ့ရှိနေသည့် ကြားထဲကနေ မြတ်လေးငုံ ထပ်ကြိုးစားပါအုံးမယ်.။ အမှန်တရားတွေကိုလည်းဆက်လက်ဖော်ပြပေးသွားပါအုံးမယ်၊စစ်အာဏာရှင်လက်ချက်ကြောင့်ကျဆုံးသွားသော ကျောင်းသားလူငယ်များနှင့်ရဟန်းသံဃာတော်များကိုလည်း လေးစား ဂုဏ်ပြု ဦးညွှတ်လိုက်ပါတယ်ရှင်.။

အားလုံးကိုလေးစားစွာဖြင့်

မြတ်လေးငုံ



29 June 2010

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရ။

၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ( ၂၉) ရက်နေ့ မှာ နအဖအာဏာရူးတွေရဲ့  မတရားအကျဉ်းချခံထားနေရတဲ့ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရအနေနဲ့  နေဘုန်းလတ် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည်တင်ပြရင်း ဘလော့ဂါ နေဘုန်းလတ်တစ်ယောက် လွတ်လပ်သော ဘ၀များပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်ဗျာ။



ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ရေးသားသူ - နေဘုန်းလတ်)။

ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာထိုင်ခိုင်းပြီး ငါ့ကို 'က' တစ်လုံးရေးပြလို့ ပြောပါတယ်။ ကျောင်းသားကလည်း သူ့ရှေ့ကစာရွက်အလွတ်ထဲမှာ 'က' အကြီးအကြီးတစ်လုံးရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက် ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက 'ယ' ဖြစ်နေတာကိုး။

နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ယူပါတယ်။ ခုနကအတိုင်းပဲ 'က' ရေးခိုင်းပါတယ်။ ကျောင်းသား ကလည်း စာရွက်ပေါ်မှာ 'က' လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။

ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of Vision လို့ခေါ် တဲ့ ရှု့ထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက်လုံးက မှန် နေတာပါပဲ။ ဒါပေမယ့် ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့်လက်မခံရတာလဲ။ တစ်ခုတည်း ကွာ သွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကိုသွားပြတာကိုး။ ဒုတိယကျောင်းသားက တော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို 'က' မြင်ရအောင် သူက 'ယ' လို့အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး။ သူလဲအမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။

အဲဒီကျောင်းသားလေးကိုနမူနာယူပြီး -

ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစား တွေးခေါ် ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့လိုပါလိမ့်မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံလာနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

ဘလောဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

နေဘုန်းလတ်အတွက် မှတ်တမ်းတင်ထားတဲ့ အင်တာနက်စာမျက်နှာလေးဖြစ်တဲ့ http://freenpl.blogspot.com/ ကိုလည်း သွားရောက်ဖတ်ရှူကြပါလို့  လမ်းညွှန်အပ်ပါတယ်။

ဘလော့ဂါ နေဘုန်းလတ်တစ်ယောက် လွတ်လပ်သော ဘ၀များပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်ဗျာ။

(နစ်နေမန်း)။

ဘလော့ဂါ ကိုနေဘုန်းလတ် မွေးနေ့ အားဂုဏ်ပြုပြီး ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

26 June 2010

မေတ္တာသည်သာ ….. တခန်းရပ်ပြဇာတ်

တောင်ကိုရီးယားနိုင်ငံမှ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲတွင် စီစဉ်တင်ဆက်သည့်မေတ္တာသည်သာ ….. တခန်းရပ်ပြဇာတ်

MYIT TAR TI TAR from yechit on Vimeo

ပေးပို့ ပေးသော ကိုရီးယားဌာနခွဲ နှင့် မိတ်ဆွေများ ကျေးဇူးတင်ရှိပါသည်.။

20 June 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့သို့ ….အမှတ်တရ ...စကားများ..




ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)



ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု တိုင်းရင်းသားအားလုံးတို့ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အ ရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး အားလုံးအတွက် မီးရှူးတန်ဆောင်အနေနဲ့ ရှေ့ဆောင်လမ်း ပြ ခေါင်းဆောင်လို့ ကျနော်က ဒီလိုပဲသတ်မှတ်ထားတယ်။ ဒီလိုပဲ ဂုဏ်ပြုချင်တယ်။ ဒါတင်မကသေးဘူး၊ နိုင်ငံတကာမှာလည်းပဲ ဒီမိုကရေစီအင်အားစုတွေ လူအဖွဲ့အစည်းအင်အားစုတွေအားလုံးရဲ့ မီးရှူးတန်ဆောင်လို ဖြစ်နေတယ်ဆိုတာကိုလည်းပဲ အသိအမှတ်ပြု ခံနေရတဲ့အတွက် ဂုဏ်ယူတယ်ပေါ့။ နိုင်ငံတော်အတွက် ပေါ်ပေါက်လာတဲ့ မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်လို့ပဲ ဂုဏ်ပြုချင်ပါတယ်။

ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ပေါ့ဗျာ။ ဒီမွေးနေ့နဲ့ပတ်သက်ပြီးတော့ တပြည်လုံး တကမ္ဘာလုံးက ၀မ်းမြောက်ဝမ်း သာ ဂုဏ်ပြုနေကြတဲ့ နေ့ဖြစ်ပါတယ်။ ဒေါ်စုကလည်း အဲလို ဂုဏ်ပြုခြင်းကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်က အများကြီးဖြည့်စွက်ပြီးလည်း ပြောစရာမလိုပါဘူး။ ကျနော်ကိုယ်တိုင်လည်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုချင်သူတွေထဲမှာ တဦးအပါ အ၀င် ဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

အမှန်တိုင်းပြောရရင် ကျနော်က ဒေါ်စုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးသိသူမဟုတ်ဘူးခင်ဗျ။ ၁၉၈၈ ခု အရေးတော်ပုံကာလအတွင်းမှာ ကျနော်က စာနယ်ဇင်းသမဂ္ဂခေါင်းဆောင်တဦးနဲ့ ဒေါ်စုကို စတွေ့ပါတယ်။ နောက်ကျ ကျနော်လည်း အကြောင်းကြောင်းကြောင့် အန် အယ်လ်ဒီပါတီ စတင်တည်ထောင်တဲ့အထဲမှာ ပါသွားပါတယ်။ နောက် အန်အယ်လ်ဒီခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်စုနဲ့တွဲပြီး နိုင်ငံရေးလုပ်တာ (၈) လ (၉) လလောက်ကြာပါတယ်။ အဲဒါပြီးတော့ ၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့မှာ ကျနော် ထောင်ထဲရောက် သွားတာ အခု ကျနော်အပြင်ရောက်တဲ့ထိ ဒီနေ့ထိပဲ ဒေါ်စုနဲ့ ကျနော်နဲ့ မတွေ့တော့ဘူးဗျ။ ဒေါ်စုနဲ့ကျနော်နဲ့ မတွေ့တာ ရှေ့လဆို နှစ်ပေါင်း (၂၁) လောက်ဖြစ်သွားပြီဗျ။ ဒါကြောင့် ကျနော်က ဒေါ်စုကို ပုဂ္ဂိုလ်အရ ဘာမှ ထူးထူးခြားခြားကြီး သိပြီး ပြောစရာရှိတဲ့သူ မဟုတ်ပါဘူး။

ကျနော်ပြောချင်တာလေးတခုကတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ ဒေါ်စုရဲ့ ရဲစွမ်းသတ္တိ၊ ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည် အဲဒီလိုဟာ တွေနဲ့ ပတ်သက်လို့တော့ ကျနော် အများပြည်သူများ ခံစားရသလို ကျနော်လည်း ခံစားကြည့်မိပြီးတော့ နားလည်တဲ့လူတယောက်လို့ ကျနော်ပြောလို့ရပါတယ်။ အဲဒီထဲက ထူးထူးခြားခြားလေး ကျနော်ပြောချင်တဲ့အချက်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကျော်လောက်က နေပြီးတော့ ကျနော်ကဗျာတပုဒ်ရေးဖူးပါတယ်။ အဲဒီကဗျာလေးကို ကျနော် နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒီကဗျာက ဘာလဲဆို တော့…
“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”

ဆိုပြီးတော့ ကျနော်ရေးပါတယ်။ ထောင်ထဲမှာဆိုတော့ ဒီလို အတိုလေးရေးမှသာ နောက်ပိုင်းလည်း မှတ်မိတယ်၊ တယောက်နဲ့ တ ယောက် ပြောဆိုတာလည်း လွယ်တယ်ဆိုပြီးတော့ တိုတိုလေးပဲ ရေးပါတယ်။ ဒီကဗျာထဲမှာပါတဲ့ အချို့အချက်တွေဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဂုဏ်ရည်တွေကို ထည့်သွင်းပြီးတော့ ရေးတာဖြစ်ပါတယ်။

ဒီကဗျာကို နည်းနည်းလေး ရှင်းပြပါရစေ။ “ရဲ” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲရင့်တယ်၊ ရဲစွမ်းသတ္တိရှိတယ်၊ ဒါကို ကျနော်ဆိုလိုခြင်းဖြစ်ပါတယ်။ ရဲ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာကျမ်းဂန်များနဲ့အညီ ပြောရမယ်ဆိုရင် ၀ီရိယရှိခြင်းကိုလည်း ရဲ ဆိုတဲ့အထဲမှာ ထည့်ချင်ပါတယ်။ ၀ီရိယရှိခြင်းဆိုတာ ရဲစွမ်း သတ္တိရှိခြင်း၊ နိုးကြားထကြွခြင်းဆိုတာတွေ အကုန်လုံးက အကျုံးဝင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလုပ်လုပ် အင်မတန် ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်နိုင်တယ်။ အလားတူ အဲဒီရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလွန် ကို ကြီးမားတဲ့ လုံလ၀ီရယလည်း ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခု “ဇွဲ” ဆိုတာကတော့ လူတိုင်းသိနေကြတဲ့ ဇွဲကြီးခြင်း၊ မာန်ကြီးခြင်းပေါ့ဗျာ။ သို့သော် တဘက်ကနေပြောရင် ဇွဲ ဆိုတာ စွဲမြဲခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကတည်းကနေပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်၊ ဒီမိုကရေစီအခွင့်အရေးတွေကို ဖော်ထုတ်မယ်၊ လူ့အခွင့်အရေးတွေကို ကာကွယ်မယ်ဆိုတဲ့၊ ပြည် ထောင်စုသစ်ကြီးကို တည်ဆောက်မယ်၊ တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာမျိုးကို ထူ ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ အလုပ်လုပ်လာခဲ့တဲ့ သူရဲ့နိုင်ငံရေး ရည်မှန်းချက်တွေကို ဒီနေ့အထိလည်း စွဲစွဲမြဲမြဲ ကိုင်ဆောင်တုန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော် ကာလအတွင်းမှာ အကျဉ်းကျခံရတာ (၁၄) နှစ်ကျော်သွားပြီ။ သို့သော် အာဏာရှင်တွေဆီမှာ ဒူးထောက်ခြင်း၊ အညံ့ခံခြင်း၊ အာဏာ ရှင်တွေရဲ့ မျက်နှာချိုသွေးခြင်း၊ လူရာသွင်းခြင်းကို မခံဘဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် စွဲစွဲမြဲမြဲလုပ်တာကို ချုပ်ပြီးတော့ ကျနော်က “ဇွဲ” ဆိုတဲ့စကားလုံးကို သုံးတာပါ။

နောက် “ဉာဏ်” ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ထူးချွန်တဲ့ အတွေးအခေါ်အယူအဆတွေ၊ ဉာဏ်ပညာတွေ အမြော်အမြင်တွေ ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးတခုတည်းတင် မဟုတ်ပါဘူး။ လူမှုရေးကိစ္စတွေ၊ အမျိုးသ မီးတွေ၊ လူငယ်တွေနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ပတ်သက်လို့၊ တိုင်းပြည်ရဲ့ပညာရေးနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်လို့ဆိုတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်အမြော်အမြင်ဟာ အလွန်ကြီးမားတယ်လို့ ပြောချင်ပါ တယ်။ နောက် “စည်း” ဆိုတာကို ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းကြီှးခြင်း၊ စည်းကမ်းသိခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ စည်းကမ်းကို ညွှန်ပြခြင်းဆိုတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ ၁၉၈၈ သြဂုတ်လ (၂၄) ရက်နေ့ တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ပါတယ်။

အဲဒါက ရန်ကုန်ဆေးရုံကြီးအတွင်း မှာ ထူထောင်ထားတဲ့ စာပေသမဂ္ဂစင်မြင့်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာ ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ဒေါ်အောင် ဆန်းစုကြည်က ဒီမိုကရေစီလိုချင်ရင် စည်းကမ်းရှိကြပါ ဆိုတဲ့စကားကို ပြောပါတယ်။ အဲဒါဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီဆိုတဲ့စကားကို အခုမှ ပြောခြင်းမဟုတ်ဘူး။ ဆိုလိုတာက ဒီမိုကရေစီဆိုတာဟာ လိုချင်ရင် စည်းကမ်းပြည့်ဝခြင်းနဲ့သာ တည်ဆောက်လို့ရမယ် ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ရည်ရွယ်သလို တိုင်းပြည်လူထုကို ဖိနှိပ်ချုပ်ချယ်ဖို့၊ စည်း ကမ်းနဲ့အကျပ်ကိုင်ဖို့ဆိုတဲ့ အကြံဆိုးတွေနဲ့ ပြောတဲ့စကားမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်းဆိုတာဟာ လူ့ဘ၀၊ လူ့ လောက၊ လူ့အဖွဲ့အစည်း တည်ငြိမ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကိုင်စွဲရှေးရှုတဲ့ စည်းကမ်းဖြစ်ပါတယ်။

နောက်ဆုံးစကားလုံး “တာ” ဆိုတာကတော့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းရှိရုံတင်မကဘူး။ တာဝန်သိတယ်၊ တာဝန်လည်းယူတယ်၊ တာဝန်ကိုခံတယ်။ အခုစစ်အစိုးရဆိုရင် သူက စည်းကမ်းရှိဖို့ပဲပြောတယ်။ လူတွေကို ကြိမ်ဆော်ချင်တဲ့ သဘော ထားသာ ရှိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ စည်းကမ်းတွေချဖို့သာ ရည်ရွယ်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုပြီး ကြွေး ကြော်နေတာ။ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုဆိုတာတွေကျတော့ ဘာမှမရှိလို့ တိုင်းသူပြည်သားတွေဟာ ဒီနေ့အော်နေရပါ တယ်၊ တိုင်းသူပြည်သားတခုလုံးဟာ ငိုမြည်းနေရပါတယ်၊ တိုင်းသူပြည်သားအားလုံးဟာ တုံးအောက်က ဖားလို ပြားပြားဝပ်နေရပါ တယ် ဆိုတာကို ကျနော်ပြောချင်ပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ရဲ … ဇွဲ … ဉာဏ် … စည်း …တာ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေး အရည်အချင်း၊ အယူအဆ၊ အတွေးအခေါ်၊ အကျင့်အကြံ အဲဒါတွေသာမကဘဲနဲ့ သူရဲ့ပုဂ္ဂိုလ်ရေး အတွေးအခေါ် အယူအဆ အကျင့်အကြံတွေလည်း အကျုံးဝင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

ကျန်တဲ့ ကဗျာထဲမှာပါတဲ့ “မကြောက်တရား တေးကဗျာ” ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သူက မကြောက်တရားကို ဟောပါတယ်။ လူတွေကို မကြောက်ကြနဲ့၊ လူအချင်းချင်းလည်း မကြောက်ကြနဲ့၊ စနစ်ဆိုးတွေကိုလည်း မကြောက်ကြနဲ့၊ ထောင်လို လူတွေကို ညှဉ်းပန်းချုပ်ချယ်တဲ့ ဖိနှိပ်တဲ့ အရာဝတ္ထုကိုလည်း မကြောက်ကြနဲ့လို့ မကြောက်တရားကို ဟောပါတယ်။ အဲဒီ မ ကြောက်တရားဟာဆိုရင် ယနေ့ မြန်မာပြည်မှာ ပျံ့လွင့်နေတဲ့ မြန်မာပြည်သူတွေအားလုံး သီကျူးကြမယ့် တေးကဗျာဖြစ်တယ်လို့ ကျနော်တင်စားပြီး ပြောချင်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ “မီးလျှံထဲက ကြာ” လို့ ကျနော်ပြောတဲ့အကြောင်းက ဒေါ်အောင်ဆန်းစု ကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ (၁၄) နှစ်လောက် ထောင်ထဲမှာ အကျဉ်းကျခံနေရတယ်။ အဲဒီလိုကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထိလည်း ဒီမိုကရေစီအောင်လံကို လွှင့်ထူမြဲဖြစ်ပါတယ်။ ဒီမိုကရေစီပန်းတိုင်ဆီလည်း ရှေးရှုချီတက် မြဲဖြစ်ပါတယ်။ နောက် ပြည်သူလူထုနဲ့အတူလည်း တသားတည်း နေမြဲနေနေတဲ့ အချိန်ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဆိုတဲ့ စစ် ကျွန်ဘ၀ကို သက်ဆိုးရှည်စေမယ့် စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုလုပ်မယ့် ဥပဒေလိုဟာမျိုးကို လူတွေတော်တော်များများဟာ ဆန့်ကျင်ဖို့အတွက် ပျက်ကွက်နေကြတယ်။ နောက်တခါ အဲဒီအခြေခံဥပဒေကို ပေါ်ပေါက်စေမယ့် ရွေးကောက်ပွဲကို ကြိုးစားနေကြ တယ်။ အဲဒီရွေးကောက်ပွဲ ၀င်နိုင်အောင် ကိုယ့်ပါတီအဖွဲ့အစည်းကို မှတ်ပုံတင်နေကြတယ်။ ပါတီအဖွဲ့အစည်းအသစ်တွေ ထူထောင်ပြီတော့ မှတ်ပုံတင်နေကြတယ်ဆိုတဲ့ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမတရား တဲ့ ဥပဒေတွေကို ငြင်းပယ်တယ်ဆိုတာကို အတိအလင်း တိုင်းသိပြည်သိ ကြေညာပြီးဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတခြင်းမရှိဘူး မတရားတဲ့ဥပဒေဖြစ်တယ်။

ဒါကြောင့် ပါတီကို ဘယ်တော့မှ မှတ်ပုံမတင်ဘူးဆိုတဲ့စကားမျိုးတွေ ထုတ်ဖော်ကြေညာပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားဟာ တကယ့်မီးပုံထဲမှာ ကြာပွင့်သလို ပွင့်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့တိုင်းပြည်တပြည်လုံးဟာ မီးလျှံထဲမှာ ကျရောက်နေသလို ဖြစ်ပါတယ်။ သို့သော် အဲလို မီးလျှံထဲမှာတော့ တပွင့်သောကြာဟာ ပွင့်နေပါတယ်။ အဲဒါဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါပဲလို့ ကျနော်ပြောချင်ပါတယ်။



ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

(၆၅) နှစ်ဆိုတာ မငယ်ပါဘူး။ သို့သော် (၆၅) နှစ်ကာလ ရောက်တဲ့တိုင်အောင် ဇွဲ၊ သတ္တိ၊ ပညာနဲ့ ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီး အသက်ရာကျော်ရှည်ဖို့ ဆုတောင်းလိုက်ပါတယ်။


ဦးအုံးကြိုင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)


ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံပြည်သူများရဲ့ လေးစားကြည်ညိုဆုံး အားကိုးဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ အားကိုးလောက် အောင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအပေါ်မှာ မေတ္တာစေတနာတွေ ထားပြီးတော့ ပြည်သူလူထုအကျိုးအတွက် အခုထိ အနစ်နာခံပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်ရှိမှုဟာ မြန်မာပြည်သူလူထုအတွက် မီးရှူးတန်ဆောင်ကြီးဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ရာသက်ပန် ကျန်းကျန်းမာမာနဲ့ ဆက်လက် ဆောင်ရွက်နိုင်ပါစေလို့ မွေးနေ့မှာ ကျနော်ဆုတောင်းချင်ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုမှာ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ သူ့ ဖခင်အမျိုးသားခေါင်းဆောင်ကြီးတုန်းက လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အောက်မှာ တညီတညွတ်တည်း တစည်းတလုံးတည်း အတက်ကြွဆုံး ကြိုးပမ်းကြပြီးတော့ ဒီမိုကရေစီအောင်ပန်းကို ကျနော်တို့ ဆွတ် ခူးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်းလည်း ပြောချင်ပါတယ်။


ဒေါက်တာမေ၀င်းမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)


ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် နှစ်ပေါင်း (၂၀) ကျော်လုံးလုံး ဘ၀တခုလုံး ပေးဆပ်ထားပြီးတော့ အသက်စွန့်ရန် ၀န်မလေးတဲ့ တကယ့်ခေါင်းဆောင်ဖြစ်တယ်။ ဒါကြောင့် ဒေါ်စုကို ကျမအနေနဲ့ လေးစား ဂုဏ်ပြုပါတယ်။ ၁၉-၆-၂၀၁၀ မှာကျမယ့် ဒေါ်စုမွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျမတို့အဖွဲ့ချုပ် အမျိုးသမီးအားလုံးကိုယ်စား ကျမအနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျမတို့ အဖွဲ့ချုပ်အမျိုးသမီးများအနေနဲ့ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ကျမတို့ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့မှာ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက် ပါတယ်။


မဖြူဖြူသင်း (ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တိုင်းဟာ မွေးနေ့ရှင်မပါဘဲ ကျင်းပခဲ့ရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ကျမတို့ လူထုတွေအားလုံးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယနေ့တိုင် သူ့ရဲ့စွမ်းဆောင်မှုတွေ၊ သူ့ရဲ့ ခေါင်းဆောင်ပီသမှုတွေ၊ သူ့ရဲ့အနစ်နာခံမှုတွေကို မြန်မာပြည်တွင်းရှိပြည်သူတွေ အားလုံးကရော၊ တကမ္ဘာလုံးကရော မေ့မသွားဘဲနဲ့ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။ အဓိကကတော့ ကျမတို့မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်မှာ ပါဝင်ဆောင်ရွက်မှသာ ဖြစ်နိုင်မယ်လို့ အားလုံးကလည်း ယူဆကြတယ်။ ပြည်တွင်းမှာရှိတဲ့ ကျမတို့ ပြည်သူတွေအားလုံးကရော ဒေါ်အောင်ဆန်းစုကြည်ပါမှသာလျှင် တိုင်းပြည်ပြောင်းလဲမှုတွေအတွက်ကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာပြီး ကျမတို့ မြန်မာပြည်သူပြည်သား အားလုံးအတွက်၊ တိုင်းပြည်အတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တွေ အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ဦးအေးသာအောင် (အတွင်းရေးမှူး)
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာတာဆိုရင် အနှစ် (၂၀) လည်း ကျော်ခဲ့ပြီ။ အသက်လည်း (၆၅) နှစ် ရှိပြီ။ ဒါပေမယ့် ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒေါ်အောင်ဆန်း စုကြည်ဟာ အမျိုးသားရေးအတွက် တကယ့်အရေးပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိနအဖ စစ်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုနေတဲ့ အမျိုးသားရေးပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးအရ အမျိုးသားရေးကိစ္စတွေမှာ ဆွေးနွေးဆောင်ရွက်ဖို့ ကိစ္စတွေကို လျစ်လျူရှုပယ်ချနေတာဟာ တကယ်တော့ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ရော အင်မတန်မှ နစ်နာတဲ့ စိတ်မကောင်းဖွယ်ရာ ကောင်းတဲ့အချက်တချက်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ နိုင် ငံရေးကိစ္စ နအဖက လျစ်လျူရှုပေမယ့် အခုမဟုတ်ပေမယ့် တနေ့တချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ကိုဖြစ်လာရမယ်လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။


သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူပြည်သား တရပ်လုံးက လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ပြည်သူ လူထုက ရွေးကောက်တင်မြောက်တဲ့အစိုးရ ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မိမိ ခင်ပွန်း သားသမီးတွေကိုပါ မငှဲ့ကွက်ဘဲနဲ့ တိုင်းပြည်အတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် ဒေါ် အောင်ဆန်းစုကြည်ဟာ အမျိုးမျိုး အနစ်နာခံပြီးတော့ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သက် တော်ရာကျော်ရှည်ပြီးတော့ သူလိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက်မွေးနေ့ဂုဏ်ပြုပွဲကိုအင်းစိန်မြို့နယ်တွင်ကျင်းပပြည်လုပ်






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ယနေ့
ကျေ၇ာက်သော(၆၅)နှစ်မြောက်မွေးနေ့ဂုဏ်ပြုပွဲကို အင်းစိန် မြို့နယ် ၁၀ မိုင်ကုန်း ဈေးအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မိုးကုတ်မြို့နယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်(အန်တီနီ) ၏ ခြံဝင်း အတွင်း ကျင်းပနေခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၅)မြောက်မွေးနေ့ ကျင်းပ(ဓာတ်ပုံသတင်း)

19 June 2010

ရဲ ရဲ တောက် အမေ

ရဲရဲတောက်အမေ။
ရဲရဲတောက်အမေ
အမေ ဒေါ်အောင်ဆန်းစုကြည်သို့ သုံးရောင်ခြယ် သား/သမီးများမှ အမှတ်တရ

18 June 2010

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျရောက်သော ဇွန်၁၉ ရက်နေ့တွင်(၃၁) နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ် သ၀ဏ်လွှာ။


ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်မည့် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ မွေးနေ့  အတွက် -

အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ထောင်တွင်း၌ အကျဉ်းကျခံနေရသော အရှင်ဘုရားအား အရှင်ဘုရား၏ မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊ ဘုရားတပည့်တော်တို့အဖွဲ့မှလည်း အရှင်ဘုရား၏ မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌ အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဦးနေမိန္ဒ

ဦးထာဝရ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့။

(၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရရဲ့  မွေးနေ့ နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့ ရဲ့ မွေးနေ့ ဟာ ရက် တူပါတယ် - ဇွန်လ ၁၉ ရက်နေ့  ဖြစ်ပါတယ်)။

26 March 2010

မတ်လ(၂၆)ရက်ကိုပိုင်ဆိုင်ထားတဲ့မွေးနေ့ရှင် ဇေယျာသော်(ခ)ကျော်ကျော် အတွက်အမှတ်တရ..။






ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း


ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူ* *ငယ်ချင်း ။ ။

'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့တ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး..သူငယ်ချင်း။

မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။


ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။

မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ?..... မြင်လား ?.... မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။



ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)..။

ဇေယျာသော်သည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ နာမည်ရင်းမှာ ကျော်ကျော်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ ဇေယျာသော်၊ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ Rဇာနည်ရန်ရန်ချမ်းတို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆရာစံလမ်းမရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇေယျာသော်နှင့် အပေါင်းပါ၆ဦးအားစစ်အာဏာပိုင်များ၏ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဇေယျာသော်သည် Generation Waveမျိုးဆက်သစ်လူငယ်များအစည်းအရုံးကိုဦးဆောင်ပါဝင်ခဲ့

သူတယောက်လည်းဖြစ်ပါသည်.။


၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ယခု ကော့သောင်ထောင်တွင် ကျခံနေရသည်။



ယနေ့ကျရောက်တဲ့ (၂၉)နှစ်မြောက်ဇေယျာသော်မွေးနေ့မှာသူ၏ကဗျာ များပြန်လည်ဖော်ပြ
ခြင်းသာဖြစ်ပြီး
ဇေယျာသော်အား ဤနေရာမှဂုဏ်ပြုလိုက်ပါသည်.။ယနေ့စပြီး မြန်မာနိုင်ငံရဲ့အကျဉ်းထောင်(ခ)မြန်မာနိုင်ငံရဲ့ငရဲခန်းမှအမြန်ဆုံးလွတ်မြောက်နိုင်
ပါစေလို့ မွေးနေ့မှာဆုတောင်းပေးလိုက်တယ်.။

မြတ်လေးငုံ

05 March 2010

ယနေ့ မတ်လ(၅)ရက်နေ့လေးကို ပိုင်ဆိုင်ထားတဲ့ မြတ်လေးငုံ ရဲ့ မိန်းမတယောက် ရဲ့ ရင်ဖွင့်သံ .....။




မိန်းမတယောက်ရဲ့ ရင်ဖွင်သံ……။


ကျမ မိန်းမတယောက်ရဲ့ရင်ဖွင်သံ ဆိုတဲ့ စကားလုံးလေးကို ဖွင့်ဟ လိုက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မိန်းမတွေနဲ့ ပါတ်သက်ပြီးတော့ ပြောရမှာမို့လို့ပါ။ ကျမ အတွေ့အကြုံလေးတစ်ခုကိုအရင်ပြောချင်တာကတော့ ကျမအသက်(၂၁)ကျော်ကျော် မှာအိမ်က ကျမကို နိုင်ငံခြားသွားပြီး အကိုနဲ့နေပြီးအလုပ်လုပ်ဘို့ကို လုပ်ပေးကြတယ်။ ကျမလဲသဘောကျတယ်။ ကျမ သိပ်ကိုစွန့်စားချင်တဲ့ မိန်းမတယောက်ပါ။ ကျမအကိုကလဲ ကျမဘဝတက်လမ်းကို ရှာပေးတာပါဘဲ။ အဲဒီအချိန်က ကျမကစိတ်မြန်လက်မြန် ဖြစ်နေတဲ့အချိန်ပေါ့။ ကျမဘဝက နိုင်ငံခြားသွားဘို့ ကံဘဲမပါတာလား ဘာလားတော့ မသိဘူး။ အားလုံးပြီးလို့ လေယာဉ်လက်မှတ်တောင် ဝယ်ပြီးသွားတဲ့အချိန်မှာ ကျမရဲ့ တဦးတည်းသောအကိုက မလာ ဘို့ကို ပြန်ပြီးပြောလာတော့ ကျမလဲတော်တော်လေးကို အကိုကိုစိတ်ဆိုးခဲ့ရပါတယ်။ အကို လုပ်သူက ဒီမှာအဖမ်းဆီးတွေများနေတယ် ညီမလေး၊ မလာနဲ့အုံး ဆိုပြီး ကျမကိုပြောလို့ မသွားဘဲစောင့်နေလိုက်တာ သိပ်မကြာပါဘူး။ နောက်ဆုံးတော့ နိုင်ငံခြားမသွားဖြစ်ဘူး။ ရန်ကုန်မှာအိမ်ထောင်ကျခဲ့ရပါတယ်။

ကျမအိမ်ထောင်ဘက်ကတော့ ကျမတို့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဘဲ။ သူနဲ့အိမ်ထောင်ကျပြီး သိပ်မကြာလိုက်ပါဘူး။ ကျမအမျိုးသား ထောင်ကိုနောက်ထပ်တခါ ကျခဲ့ရပါတယ်။ (ပထမ)သူထောင်ကျတော့လဲ ကျမစိတ်ထဲမှာ သိပ်ခံစားမှုမရှိခဲ့ပါဘူး။ နောက်တော့ သူကိုအမိန့်ချတဲ့ နေ့မှာတော့ ကျမ တော်တော်ဝမ်းနည်းခဲ့ရပါတယ်။ အမျိုးသားကိုအမိန့်ချတဲ့ သတင်းနားထောင်ပြီး ကျမနဲ့ ကျမသူငယ်ချင်း နီလာသိန်းတို့ အင်းစိန်ထောင်ကြီးကနေ လမ်းကို ဖြေးဖြေးခြင်းလျှောက်ပြီး ပြန်လာလိုက်တာ ကားဂိတ်ကို ဘယ်လိုရောက်မှန်းမသိဘဲ ရောက်ခဲ့ပါတယ်။ သူ မလွတ်တော့ဘူးဆိုတာကို သိတော့ အိမ်ကိုသာပြန်လာတယ်။ လမ်းတလျှောက် ကျမဘဝကိုဖြတ်သန်းဘို့တွေ၊ ဘယ်လို ထောင်ဝင်စာကိုတွေ့ဘို့တွေ၊ ကျောင်းကလဲ ဆက်တက်ချင်သေးတယ်။ ကိုယ်လုပ်ရမဲ့အလုပ်ကို တန်းစီနေတာဘဲလေ။ ဘာကိုလုပ်သင့်တယ် ဘာကိုမလုပ်သင့်ဘူးဆိုတဲ့ အတွေးတွေနဲ့အိမ်ပြန်ရောက်တယ်။

အိမ်ရောက်တော့ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ ကျမတို့ နှစ်ယောက်နေတဲ့ အခန်းလေးထဲကနေပြီး တယောက်ထဲ တွေးနေမိတယ်။ မနက်ရောက်တဲ့အထိ တရေးမှမအိပ်ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးတော့ ကိုယ်လုပ်သင့်ဆုံး အလုပ်ကို လုပ်ဘို့ ဆုံးဖြတ်ခဲ့တယ်။ ခုချိန်မှာ အရေးအကြီးဆုံးက ထောင်ဝင်စာဆိုတာကိုဘဲလို့ဆိုပြီး ကျမဘဝအတွက် ဘာတက်လမ်းကိုမှ မလုပ်တော့ဘဲ ကိုယ်ရဲ့အမျိုးသားထောင်ဝင်စာပို့ဘို့ ငါအလုပ်လုပ်ရမယ်ဆိုတာကိုဘဲ ဆုံးဖြတ်လိုက်မိပါတယ်။

အလုပ်ဆိုတာ တခါမှမလုပ်ဘူးတော့ ဘာကိုစလုပ်ရမလဲလို့ တွေးရတာပေါ့။ ငါ့အတွက်ကိုခဏထားပြီး ယောင်္ကျားအတွက်ကို အရင်စဉ်းစားခဲ့ပါတယ်။ ဘဝဆိုတာကို (၂၂)နှစ်မှာစခဲ့ရပါတယ်။ ငယ်လဲငယ်သေးတယ်၊ စိတ်တွေကလဲ တက်ကြွနေတာပေါ့။ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့အချိန်မှာ သူငယ်ချင်းတယောက်က သူတို့ကုမ္မဏီမှာ အလုပ်လျှောက်ဘို့ပြောလို့ ပထမဦးဆုံး အလုပ်အင်တာဗျူးကို စဝင်ခဲ့ရပါတယ်။

လက်တွေတုန် ခြေတွေတုန်ပေါ့လေ။ ကုမ္မဏီလူကြီးကလဲမေး ကျမကလဲဖြေပေါ့။ သူက ကျမအရည်အချင်းကို သဘောကျတယ်။ သူ စဉ်းစားပါမယ်ပေါ့။ နောက် ဘိုင်အိုကိုသူ ဖတ်အပြီးမှာ သူ့မျက်နှာ သိပ်မကောင်းတော့ဘူး။ ကျမလဲ သူ့ကို အကဲခတ်နေတာပါ။ သူကလဲ ရင်ထဲမှာတောင်မထားဘူး၊ တန်းပြီး အိမ်ထောင်သည်ဆိုရင် ဒီကုမ္မဏီက လက်မခံပါဘူးဆိုပြီး ကျမကိုပြောလိုက်တယ်။

ကျမ အရမ်းအံ့သြသွားတယ်။ အလုပ်နဲ့ အိမ်ထောင်းရေးနဲ့ ဘာဆိုင်လဲ။ ကိုယ် သူတို့အလုပ်ကို သေချာလုပ်နိုင်ရင် ပြီးတာဘဲလေလို့ ကျမထင်ပါတယ်။ တကယ်တော့ မြန်မာပြည်ကအလုပ်တွေက အိမ်ထောင်သည်ဆိုရင် အပျိုတွေလို အခွင့်အရေးမရတာကို သိခဲ့ရတယ်။ အဲဒီ အင်တာဗျူးတခုနဲ့တင်ပါဘဲ။

ကျမသူငယ်ချင်းကလဲ ကျမအလုပ်ရမယ်ထင်ထားတာလေ။ ပြန်ထွက်လာတော့ သူက “အိုကေလား” တဲ့။ ကျမက “မအိုကေပါ သူငယ်ချင်းရေ။ အိမ်ထောင်သည်ဆိုလို့ မခန့်နိုင်ဘူးတဲ့။” လို့ဖြေလိုက်တယ်။

သူငယ်ချင်းက “ဟယ်..ငါ သတိပေးဘို့မေ့သွားတယ်။ နင့်ကို အိမ်ထောင်သည်လို့ မပြောဘို့..အပျိုဘဲလို့ ပြောဘို့” လို့ သူကပြောတော့ ကျမ အဲဒီစကားကို မခံစားနိုင်ဘူး။ အဲဒါကြောင့် “တော်ပါပြီ..ငါ မလုပ်ချင်တော့ဘူး။ ကျေးဇူး သူငယ်ချင်း” ဆိုပြီး နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။

အိမ်ရောက်တော့ ပါပါ နဲ့ မေမေ့ကိုပြောပြတာပေါ့။ “သမီး အပြင်အလုပ် မလုပ်တော့ဘူးမေမေရယ်..ကိုယ်ပိုင်အလုပ်ဘဲ လုပ်မယ်နော်..” လို့မေမေကို ပြောခဲ့ပါတယ်။ ပါပါနဲ့ မေမေကလဲ “ကောင်းတယ်..လုပ်” ဆိုပြီးအားပေးခဲ့ပါတယ်။ ကျမတို့မေမေက ကျောက်ဆည်သူဆိုတော့ စဥ့်ကိုင်ဘက်မှာ ရှောက်သီးအလုံးလိုက်ကို ယိုထိုးပြီး ပြန်ရောင်းတာတွေ ကြည့်ပြီး ကျမ သိပ်ကိုစိတ်ဝင်စားခဲ့ပါတယ်.။ မေမေနဲ့ ကျောက်ဆည်ကပြန်လာတော့ ရန်ကုန်ရောက်တယ် ဆိုတာနဲ့ သွားရောက်လေ့လာခဲ့တဲ့ ရှောက်သီးလုံးယိုကို စပြီးစမ်းသပ်ကြည့်လိုက်တာပေါ့။ ပြီးတာနဲ့ ပြန်လုပ်ကြည့်ပေါ့။

နောက်တော့ အဆင်ပြေသွားတယ်။ ကျမတို့နဲ့ ငယ်ငယ်ကထဲက အကိုတွေလိုနေလာခဲ့တဲ့ (ယုဇနလက်ဘက် ပိုင်ရှင်) (ကိုကို)ကို ပြောပြတယ်။ “ညီမ..ဆက်လုပ်”...တဲ့။ ရှောက်သီးလုံး ယိုထိုးပြီးသားတွေကို “ဆိုင်မှာတင်ပေးပါ” လို့ ပြောပြတော့ “အိုကေ လုပ်..တင်ပေးမယ်။” လို့ပြောပါတယ်။ (ယုဇနလက်ဘက်ဆိုင် )နဲ့ ကျမတို့အိမ်နဲ့က နီးနီးလေးနေတာပါ။ အဲဒါနဲ့ မိုးမခ ရှောက်တလုံးယို ဆိုတဲ့နံမည်လေးနဲ့ စလုပ်ခဲ့တယ်။ တဖြေးဖြေးနဲ့ နာမည်ရလာခဲ့ပါတယ်။

နှစ်နှစ်လောက်လုပ်ပြီးချိန်မှာ ကျမလို ရှောက်တလုံးယိုကို ကျန်တဲ့သူတွေလဲ လိုက်လုပ်လာကြတော့တာပါဘဲ။ ကျမက လူခွဲမရှိဘူး။ ကျမတယောက်တည်း ကိုယ်တိုင်လုပ်ရတာပါ။ အလုပ်သမားလဲကျမ၊ အလုပ်ရှင်လဲကျမ၊ ပစ္စည်းပို့လဲကျမ ငွေသိမ်းလဲကျမ၊ ကုန်ကြမ်းဝယ်လဲကျမလုပ်ခဲ့ရတာ တော်တော်ပင်ပန်းခဲ့ရတယ်။

ဒီလိုနဲ့ ကျမစီပွားရေးလဲလုပ် ကျမတို့(NLD)ပါတီမှာလဲ လုပ်သေးတာကိုး။ အဲဒီတော့ အာဏာပိုင်တွေက ပါတီမှာလုပ်တော့ “မေးစရာရှိလို့ လိုက်ခဲ့ပါဦး”တွေကလဲ ခဏခဏပါဘဲ။ သူတို့ခေါ်ရင်တပါတ်၊ တလ၊ တခါခါလဲ၂ရက်၊ ၃ရက်ဆိုတော့ စီပွားရေးအလုပ်ကလဲ ပျက်ခဲ့ရတာပေါ့။ နိုင်ငံရေးနဲ့စီးပွားရေး အတူတူလုပ်လို့မရဘူးဆိုတာ တော်တော်လေးကို သိလာခဲ့တယ်။ နောက်တော့ စီးပွားရေးကို သေချာမလုပ်နိုင်တော့ပါဘူး။ အဲဒီလို နေလိုက်တာ ဆယ်လလောက် ကြာသွား ခဲ့တယ်။ နောက်ဆုံးတော့ သူများအလုပ်ကို ကျမ အပျိုပါဆိုပြီး အလုပ်ကိုပြန်လျှောက်ခဲ့ရပါတယ်။ အပျိုဆိုတာနဲ့ အလုပ်ရှင် ကလဲ တန်းခန့်တော့တာပါဘဲ။ ကျမစိတ်ထဲမှာ အပျိုဆိုတဲ့ မိန်းမတယောက်ရဲ့ဂုဏ်က ဘာနဲ့မှလဲလို့ မရပါဘူးလို့တောင် စိတ်ထဲမှာ ခံယူထားလိုက်တယ်။

ကျမအနေနဲ့ပြောရမှာက ယောင်္ကျားကထောင်ထဲမှာဆိုတော့ ဘာအမှုနဲ့လဲ လို့မေးရင် ဖြေရအုံးမယ်။ နောက်အလုပ်လဲ ပေးတော့မှာ မဟုတ်ဘူး။ သိတယ်လေ ထောင်ကျတာလို့မေးမှာကလဲ ကြောက်သေးတယ်။ သူတို့ကိုပြောလိုက်ရင် နိုင်ငံရေးသမားပါဆို ကြောက်အုံးမယ်၊ဒီလိုနဲ့ကျမရဲ့ အဖေ(ပါပါ)လဲဆုံးတဲ့အချိန် ကျမလဲ စိတ်တွေကို မနည်းစုစည်းနေရ တာပေါ့။ အဖေကလဲဆုံး ယောင်္ကျားကလဲထောင်ထဲမှာဆိုတော့။

နောက်တော့ ကုမဏီတွေမှာဘဲ အလုပ်ပြန်လုပ်ဘို့ကို ဆုံးဖြတ်ရပါတယ်။ အပျိုဆိုတာဘဲ ကောင်းမယ်ထင်ပါတယ်လို့၊ ယောင်္ကျားတွေနဲ့ အလုပ်လုပ်နေရတော့ အိမ်ထောင်သည်ဖြစ်ပြီး ယောင်္ကျားမရှိရင်မလုံခြုံဘူးလေ။ အပျိုဆိုတာကတော့ ကျမတို့မိန်းမတွေအတွက်အလုံခြုံဆုံးပါဘဲ။ အရှိန်လဲရှိတယ်။ ထောင်ဝင်စာကို ကျမရိုးသားစွာနဲ့ပို့ပေးနိုင်ခဲ့ပါတယ်။

ထောင်ဝင်စာပို့ဘို့ စနေနေ့ကိုရောက်လို့ အင်းစိန်ကိုရောက်တဲ့အခါ ကျမအမျိုးသားကိုတွေ့ချင်တဲ့ သူငယ်ချင်းကလဲ လိုက်လာလို့ ကျမအမရဲ့မှတ်ပုံတင်နဲ့ ဧည့်တွေ့လုပ်ပေးလိုက်တယ်။ ခဏနေတော့ ကျမ ပစ္စည်းတွေစစ်နေတုန်း အန်တီရဲ့ စနေ၊ တနင်္ဂနွေ ခြံရှေ့က ဟောပြောပွဲအခွေကိုတွေ့ပြီး ကျမနဲ့ကျမသူငယ်ချင်းကို အင်းစိန်ထောင်ထဲက မိန်းမအချုပ်ထဲကို တန်းပြီးထည့်လိုက်တော့တာပါဘဲ။ ကျမကတော့ ထင်လိုက်ပြီ။ ငါတော့ အမှု နှစ်ခုဘဲ။ ဧည့်တွေ့မှာ အမမှတ်ပုံတင်ကို သုံးတာကတမှု၊ အခွေကတမှုပေါ့။

အန်တီတရားပွဲအခွေကို ထောင်ဝင်စာမိသားစုတွေက ကြည့်ချင်တယ်ဆိုလို့ ကျမက ယူသွားပေးနေကြဆိုတော့
မကြာပါဘူး ထောင်ဝါဒါမ တယောက်လာပြီး ကျမတို့နာမည်ကိုခေါ်တယ် လိုက်ခဲ့ပေါ့။ သူ့အင်္ကျီမှာ သူ့နာမည်ကို ကြည့်လိုက်တော့ “မသက်မွန်”တဲ့။ ဘုရားကို တလိုက်မိတယ်။ဘာဖြစ်လို့လဲဆိုတော အဲဒီအမျိုးသမီးက တော်တော် ဆိုးတဲ့ ထောင်ဝါဒါမဆိုတာကို သိထားတဲ့ ကျမကတော့ အခြအနေမကောင်းဘူးဆိုတာကို သိနေလို့ပါ။

နောက် ကျမကိုစစ်တော့တာဘဲ။ အမှန်တော့ ကျမဒီအခွေကို ကိုယ်တိုင်ဖြန့်နေတဲ့သူပါ။ ဒါကို သူတို့ကလဲသိနေမယ် ထင်ပါတယ်။ ကျမလဲ လိမ်နည်းမျိုးစုံနဲ့လိမ်ပြီးပြော၊ ကျမလိမ်တယ်ဆိုတာကို သူတို့လဲသိပါတယ်။ အချိန်ကြည့်လိုက်တော့ ၃နာရီရှိနေပြီ။ ထောင်ဝင်စာပိတ်ပြီပေါ့။ ၂ နာရီဆို ထောင်ဝင်စာက ပိတ်တာ။ ကျမမေးချင်တယ် မေးလို့ရမလားဆိုပြီး ကျမကို စစ်နေတဲ့လူကိုပြောတော့ သူက“မေး..”တဲ့။

“ကျမအမျိုးသားကို ထောင်ဝင်စာတွေ့လို့ရသေးလား..”လို့မေးတော့ သူတို့က လုပ်ပေးပါမယ်ဆိုပြီးပြောတော့ တော်တော် ပျော်သွားတယ်။ ဗိုက်ကလဲဆာနေတော့ ကျမဗိုက်ဆာတဲ့အကြောင်းထပ်ပြောလိုက်တော့ ကျမကိုမုန့်ကျွေးပါတယ်။ ကျမကို သူတို့က “မလိမ်ပါနဲ့ ..မှန်မှန်ပြော”ပေါ့။ ကျမလဲ ထပ်လိမ်တာဘဲ။

အဲဒီအချိန်မှာ ကျမတို့ခေါင်းဆောင်ဆီကို ကျမ အင်းစိန်ထောင်မှာ အဖမ်းခံထားရတယ်ဆိုတဲ့သတင်းက ရောက်နေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ဝင်စာအတူတူလာတွေ့ကြတဲ့ တခြားနိုင်ငံရေးအကျဉ်းသားမိသားစုတွေက ထောင်ဝင်စာ တွေ့ပြီးအပြန် အန်တီခြံထဲကိုသွားပြီး ကျမအခြေအနေကို သတင်းပေးလိုက်ကြလို့ ဖြစ်ပါတယ်။

ညနေ၅နာရီခွဲလောက်မှာ ကျမကို သူတို့က ထောင်ဝင်စာတွေ့ခွင့်ပေးခဲ့ပါတယ်။ သီးသန့်ထောင်ကိုအသွားလမ်းမှာ ကျမအမျိုးသားကို ဘာမှမပြောဘို့ ကျမအခြေအနေတွေကို သေချာမှာတယ်။ ကျမက ပြန်ပြောလိုက်တယ်။ “သူသိနေပြီ.. ဘာဖြစ်လို့လဲဆိုတော့ ကျမကိုဖမ်းထားတာကို ထောင်ဝင်စာမိသားစုအားလုံးသိတယ်။ သူမေးရင်တော့ ဖြေမယ်။ မမေးရင်တော့ ကျမမဖြေဘူး” ဆိုပြီးပြောလိုက်တယ်။

ထောင်ဝင်စာတွေ့ရတဲ့အခါကျတော့ ထောက်လှန်းရေးတွေက သူ့နောက်မှာကော ကျမနောက်မှာကော စောင့်နေကြတယ်။ ခဏနေတော့ ပြန်ရတော့မယ်ဆိုပြီး ကျမကိုကားပေါ်တင်တယ်။ ကျမအမျိုးသားကတော့ “အတွင်းထောင်ဝင်စာ” တွေ့ရပြီ ပေါ့လို့ ပြောပါတယ်။ ကျမလဲ အတူတူပါဘဲ၊ သူထင်ထားသလို ထင်ထားလိုက်ပါတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ သူတို့က ကျမကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ အချိန်ကြည့်တော့ ခုနှစ်နာရီထိုးတော့မယ်။ ကျမ ကံကောင်းလို့ ထောင်မကျခဲ့ရပါဘူး၊ ထောင်ကျရမယ် ဆိုတဲ့ကံ မပါလာခဲ့ဘူးပေါ့..။

ကျမအိမ်အထိ သူတို့လိုက်ပို့ပေးပါတယ်။ သူတို့ပြန်တာနဲ့ အိမ်ကနေ ကားငှားပြီးကျမတို့ခေါင်းဆောင်ဆီကို ပြေးရတာ။ အန်တ်ီခြံရှေ့မှာ စောင့်နေတဲ့ ထောက်လှန်းရေးတွေနဲ့ အရင်တွေ့ပြီးအန်တီဆီကိုရောက်ခဲ့တယ်။ အန်တီနဲ့တွေ့ပြီး ပြန်ရောက်ပါပြီ ဆိုပြီးသတင်းပို့ခဲ့ပါတယ်။

အန်တီပြန်ပြောလာတဲ့စကားလေးကို ခုထိမှတ်မိနေဆဲပါဘဲ။ “သမီး သတိရှိပါ သေချာပြင်ဆင်ပြီးတော့လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို လွယ်လွယ်နဲ့ မလုပ်ပါနဲ့။ လွယ်လွယ်နဲ့လုပ်ရင် ကိုယ်ဘဲနစ်နာရမယ်။ ကျမကိုဘာတွေမေးလဲ”ဆိုပြီး သူ ပြန်မေးခဲ့ပါတယ်။ စကားနည်းနည်းပြောပြီး ကျမကိုပြန်နားခိုင်းပါတယ်။ ကျမလဲ သေချာပြန်ပြောပြပြီး အန်တီကို နှုတ်ဆက်ပြီးပြန်လာခဲ့ပါတယ်။

ကျမလိုဘဲ တချို့က ယောင်္ကျားသားတွေထောင်ထဲမှာ။ တချို့ဆိုရင် အိမ်ထောင်တောင်မပြုရသေးဘဲနဲ့တောင် ခံယူချက်နဲ့ လုပ်ရပ်ကို လေးစားတန်းဘိုးထားပြီး ထောင်ဝင်စာကို ပို့ပေးခဲ့တဲ့ အမျိုးသမီးတွေ အများကြီးပါဘဲ။

ယောင်္ကျားက ထောင်ထဲမှာနေနေရချိန်မှာ ကျမကိုအာရုံစူးစိုက်နေတဲ့ ပါတ်ဝန်းကျင်ကတမျိုး။ ကျမတယောက်တည်း ဖြတ်သန်းခဲ့ရတဲ့အချိန်မှာ ကျမအမျိုးသားနေကောင်းလား..?။ ကျမဘယ်လိုနေထိုင်နေသလဲ..?ဆိုပြီး ကျမကို မေးဖော်မရတဲ့အပြင် ကျမကိုကြည့်ပြီး “ရယ်ချင်ရယ်ပြန်ပြီ ငိုရင်ငိုပြန်ပြီ”ဆိုတဲ့ ပါတ်ဝန်းကျင်ကတမျိုး…။

လူတွေကအကောင်းပြောဘို့ဆိုတာ သိပ်ကိုဝန်လေးတတ်ကြတာဆိုတာတော့ သိပါတယ်။ မကောင်းတာကို ပြောဘို့ဆိုရင်တော့ လွယ်ကူစွာ ပြောမယ်ဆိုတာဘဲနော်.။ ကျမ အမျိုးသားကို ကျမ ယနေ့ထိ ကျေးဇူးတင်တာ တစ်ခုရှိပါ တယ်။ အဲဒါကတော့ ကျမရဲ့ ကိုယ်ကျင့်တရားကို သူသိနေလို့ပါဘဲ.။ သူ ထောင်ကျနေတဲ့အချိန်မှာ ကျမကို ခုနက ပြောခဲ့သလိုပေါ့။ ကျမက ဘာဖြစ်နေပြီ...ကျမက ဘယ်လိုနေနေတာ ဆိုတာတွေကို ကျမ အမျိုသားထံကို အကြောင်းကြားတဲ့ လူတွေကလဲ ရှိပါသေးတယ်။ ကျမသိပ်ကို အံ့သြမိတယ်။ တကယ်ပါ.။ ကျမ အမျိုးသားနဲ့ ထောင်ဝင်စာတွေ့တော့ ပြောဖြစ်ခဲ့ကြတယ်.။ သူလဲရယ် ကျမလဲရယ်ကြတာ။ အမျိုးသားကပြောပါတယ်။ “ဘာမှ ပြန်မတုန့်ပြန်ပါနဲ့။ တို့ နှစ်ယောက် တယောက်ကိုတယောက်နားလည်ရင် ယုံကြည်မှုရှိရင် ပြီးတာဘဲ” ဆိုတဲ့ သူရဲ့အားပေးတဲ့စကားကတော့ ကျမအတွက် အဲဒီအချိန်မှာ အားတစ်ခုပါဘဲ.....။

လူ့လောကကြီးရဲ့ ဘဝဇာတ်ခုံကို(၇)နှစ်ကျော်ကျော်ဖြတ်သန်းခဲ့ပြီး အဲဒီလိုဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကတော့ လူတွေရဲ့ စိတ်ဓာတ်တွေကိုလဲ ကောင်းကောင်းနားလည်အောင် ဖတ်တတ်ခဲ့တာ ကျမအတွက် အမြတ်တခုပေါ့လေ….။

၁၅ မိနစ်လောက် ထောင်ဝင်စာတွေ့ဘို့ကို ကြိုတင်ပြင်ဆင်ရတာ မလွယ်ပါဘူး။ ဟိုဟာလေးတွေွ့လဲ သူ့အတွက်၊ ဒီဟာ လေးတွေ့လဲသူ့အတွက်၊ ကိုယ့်အတွက်ဆိုတာ မရှိခဲ့ပါဘူး။ ကြော်လှော်ချက်ပြုတ်၊ အိပ်နဲ့ထုပ်၊ ပြီးရင် ခြင်းထဲထည့်၊ ထောင်ကိုပြေး တခါခါလဲ မမှီမှာစိုးပြီး နေ့လည်စာထမင်းကို မစားဖြစ်တာများပါတယ်။

သူနဲ့တွေ့တော့ အဆင်ပြေလားလို့မေးလာတော့လဲ ပြေပါတယ်ပေါ့လေ။ မပြေဘူးပြောလို့ သူ ဘာတတ်နိုင်မှာလဲ၊ သူ့စိတ် ထဲမှာမကောင်းရုံဘဲရှိမယ်။ ၁၅မိနစ်လောက်လဲတွေ့ပြီးရော “အချိန်ပြည့်ပြီ”နဲ့တိုးတော့ ပြန်ခဲ့ရပြန်တာဘဲ၊ ထောင်က အပြန်လမ်းမှာ ဟိုတွေးဒီတွေးလုပ်ဖြစ်ပြန်တယ်။ ဒီလိုနဲ့ တရက်၊ တလ၊ တနှစ်ကုန်လွန်ခဲ့ရတာပါ။

ပင်ပန်းလွန်းတော့ ညဆိုဘာမှမစဉ်းစားနိုင်ပါဘူး။ မနက်ရောက်တဲ့အထိ တရေးဘဲ။ နိုးတာနဲ့ စက်ရုပ်တရုပ်လိုပေါ့။ အလုပ်သွား၊ အလုပ်ပြန်၊ မြန်မာနိုင်ငံကလိုင်းကားတွေကို တိုးပြီးစီးရတာလဲ အကျင့်ဖြစ်နေပါပြီ။ ဒီကြားထဲ ကားပေါ်မှာ မိန်းခလေးငယ်ငယ်ဆိုရင် အနောက်ကနေ စော်ကားချင်တဲ့ ယောင်္ကျားတွေကရှိသေးတယ်။ ကားစီးလို့ ဆောင်ရတဲ့ သံချွန်ကလဲ မပါမနေပေါ့။ ကိုယ့်လုံခြုံရေးအတွက် ပြင်ဆင်ရသေးတယ်။

အလုပ်ရောက်ရင်လဲ မျက်နှာကိုအမြဲချိုအောင်ထားရသေးတဲ့ဒုက္ခ.. ။ မိန်းမဆိုရင် အကဲစမ်းမဲ့ လူတွေကျတော့ ပညာ သုံးရပြန်တယ်လေ..။ အဲလိုတွေလုပ်နေပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းခဲ့ရပါတယ်။

နောက်ဆုံး ကျမအမတွေကလဲ ကျမကိုဝိုင်းကူညီ၊ ကျမကလဲ မခံချင်စိတ်နဲ့ကြိုးစားဖြစ်လာတယ်။ နောက်တော့
ကျမစီပွားရေးကို ကိုယ်ပိုင်ပြန်လုပ်၊ ကျမအမျိုးသား ထောင်ထဲကပြန်လွတ်လာတဲ့အချိန်မှာ ကျမသူ့အတွက် ဘာမှ မျက်နှာမငယ်ရအောင် ပြင်ဆင်ပေးခဲ့ပါတယ်။ နေစရာအိမ်၊ သူလုပ်မယ်ဆို သူလုပ်ချင်တဲ့အလုပ်အကိုင်၊ သူ့ကိုမသိတဲ့ လူတွေကနိုင်ငံခြားက ပြန်လာတယ်တောင်ထင်ခဲ့ပါသေးတယ်။

တကယ်ပါ ကျမ ကြွားမပြောပါဘူး။

ယောင်္ကျားပြန်လွတ်လာတော့ သူက စီးပွားရေးကိုနားမလည်ဘူး။ တနှစ်နဲ့တနှစ်က မတူကြဘူးမဟုတ်လား။
သူဆိုရင် ထောင်ထဲမှာ ရ နှစ်နေပြီး ပြန်ထွက်လာတော့ ဘယ်လိုလုပ်ပြီး နားလည်မလဲနော်.။ ကျမလုပ်တာတွေကို သူ ဘေးကဝိုင်းကူညီပေးပါတယ်။ သူနဲ့စီပွားရေးက အဆက်ပြတ်တာကြာတော့ သူမလုပ်တတ်ခဲ့ပါဘူး။ ကျမသွားလေရာကို သူလိုက်တယ်၊

သူလွတ်လာတော့ ခေတ်စနစ်တွေက ပြောင်းလဲလာပြီလေ။ သူဘေးကနေဘဲ လိုက်နေရတယ်။ တကယ်တော့ ကျမလုပ်တာတွေကို သူစိတ်မဝင်စားဘူး။ သူကနိုင်ငံရေးသမားပီပီ သူလုပ်ချင်တာက နိုင်ငံရေးလေ…။

ကျမလဲ လောဘကရှိတော့ အလုပ်လုပ်ချင်သေးတယ်။ ကိုယ်လုပ်သလောက် လုပ်လို့ရနေတော့ ကိုယ်သိနေတာပေါ့။ မိန်းမတွေ အလုပ်ကိုလောဘကြီးတာကို ကျမကတော့ လက်တွေ့ပါဘဲ။ ဒါပေမဲ့ ကိုယ်ပိုင်စီးပွားရေးတွေ ဘယ်လောက် ရှာဖွေနိုင်ပေမဲ့ ကိုယ်အရည်အချင်းတွေ ဘယ်လောက်များများရှိပေမဲ့…။

တခါတခါတော့လဲ မိန်းမတယောက်ရဲ့ ရင်ဖွင့်သံ ဆိုတာတော့ ရှိတာပါဘဲ…………။

တခါတခါလဲ ကိုယ်ကမိန်းမတယောက်လေ၊ ဘယ်လောက်ဘဲခံနိုင်ပါစေ……….။

တခါတခါတော့ ကျမမောပန်းမိတာကို ပြောပြချင်တာပါဘဲ…….…။

မိန်းမဆိုတဲ့စိတ်နဲ့ ဘယ်လိုဖြတ်သန်းလုပ်ကိုင်ရပါစေ...........။

ဘာဘဲဖြစ်ဖြစ် ကိုယ့်ရဲ့မခံချင်စိတ်ကိုဘဲ ကျမ အမြဲတမ်းနှလုံးသွင်းထားလို့ အရာအားလုံးကိုဖြတ်သန်းနိုင်ပါတယ်…….။

ဒါပေမဲ့ စိတ်အားငယ်တယ်ဆိုတာ လုံးဝမရှိတာကတော့ အသေချာဆုံး အဖြေပါဘဲ။

ကျမဘဝမှာခုတော့……မိန်းမတယောက်ရဲ့ရင်ဖွင်သံပေါ့ ……။

ဒီလိုမျိုးတွေ ဖြတ်သန်းလာတဲ့မိန်းမတယောက်ရဲ့ ရင်ဖွင်သံဆိုတာ ဒါပါလားလို့တွေးရင်းနဲ့………။

ကျမ ရဲ့ (၃၈)နှစ်မြောက် မွေးနေ့မှာ ကျမ ဖြတ်သန်း ခဲ့ရသော ဘဝပုံရိပ် တချို့ကို အမှတ်တရ

ရေးသားလိုက်ပါတယ်..။


မြတ်လေးငုံ