01 November 2010

နအဖရဲ့ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ ရှိသောမဲဆန္ဒနယ် ၅၄ နေရာရှိယင်းအနက် ၅၂ ဦးမှာကြံ့ဖွတ်ပါတီမှဖြစ်

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိသော မဲဆန္ဒနယ် ၅၄ နေရာ ရှိကြောင်း သိရပြီး ယင်း အနက် ၅၂ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်
ကိုယ်စားလှယ်လောင်းများ ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ ပြောကြားချက်အရ သိရသည်။

၎င်းက အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒနယ် တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ် အတွက် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေညာရမည် ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသွားမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

31 October 2010

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ၏ ပင်လုံညီလာခံကြီး နဲ့ပါတ်သက်ပြီး ပြောကြားခဲ့သောမိန့်ခွန်းနှင့်တခြားမိန့်ခွန်းများ


ဒီမိုကရေစီ အစိုးရ တခု တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံ လိုညီလာခံကြီး ထပ်ပြီးခေါ်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။

ဒီလို ပင်လုံ ကဲ့သို့ ညီလာခံကြီး ထပ်ပြီးတော့ခေါ်ပြီးတော့ ကျမတို့ ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်းနဲ့ ထူထောင်မယ် ဆိုတာ ကျမတို့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ ဆွေးနွေးပြီးတော့ ကျမတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်.။

ဒီလိုညီလာခံမျိုးဆိုတာဟာ ပြည်သူလူထုတင်မြှောက်တဲ့ အစိုးရမျိုးကမှ သာ ခေါ်ယူပိုင်ခွင့် ရှိပါတယ်။ဒီညီလာခံနေပြီးတော့ ဒီမိုကရေစီနိုင်ငံ ပြည်ထောင်စုသစ်ဖော်ထုတ်ရေးအတွက် ဆွေးနွေးရမှာဖြစ်ပါတယ်။

ဒီလိုကိစ္စများဟာအများပြည်သူလူထုကနေပြီး တော့ ၊လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ များမှတဆင့် တင်မြှောက်လိုက်တဲ့ အစိုးရ များ ကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျမတို့ ယုံကြည် ပါတယ်။

အများပြည်သူမတင်မြှောက်ထားတဲ့အဖွဲ့အစည်းမျိုးက၊ ဒီလိုညီလာခံမျိုးကို ဘာမှ ထိထိ
ရောက်ရောက် လုပ်နိုင်မှာ မဟုတ်ပါဘူး။

..................................................................................................................................................

ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ကျောင်းသားလူငယ်တွေကနေ စပြီးတော့ပါဝင်ခဲ့တယ်။ ဒီလောက်တောင်မှ ကျောင်းသားလူငယ်များက သတ္တိနဲ့မိမိတို့ အသက်တွေကိုစတေးပြီးတော့ စခဲ့တဲ့လှုပ်ရှားမှုကိုအောင်မြင် သည့်တိုင် ဆက်ပြီးတော့လုပ်သွားဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်.။

..........................................................................................................................................................

ကျမတို့ အခု ဒီမိုကရေစီ လှုပ်ရှားမှုထဲပါဝင်လာတာဟာ အာဏာလိုချင်လို့ ပါဝင်လာကြတာ မဟုတ်ဘူး။ တာဝန်ကို ထမ်းဆောင်ချင်လို့ ပါဝင်လာကြတာပဲ။

...................................................................................................................................................
မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုဘဲရှိပါတယ်..။

...................................................................................................................................................

ကျမတို့ တဦးချင်းရပ်တည်လို့ ဘယ်လို့မှမဖြစ်ဘူး။ဗမာချည်းပဲလည်း ရပ်တည်လို့ မဖြစ်ဘူး။ မွန်ချည်းပဲ ရပ်တည်လို့မဖြစ်ဘူး။ ရှမ်းချည်းပဲ ရပ်တည်လို့မဖြစ်ဘူး။ ကျမတို့ တိုင်းပြည်ကြီးတည်တံခိုင်မြဲရေးဆိုတာ အားလုံးကနေ တစည်းတရုံးတည်းနေမှ ဖြစ်မယ်ဆိုတာ ကျမ ယုံကြည်တယ်။

........................................................................................................................................................

တိုင်းပြည်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင် များဟာ ပြည်သူလူထုထောက်ခံမှု အင်အားနဲ့ပဲ အုပ်ချုပ်တာဖြစ်ရမယ်။ လက်နက်အင်အားနဲ့ အုပ်ချုပ်တာ မဖြစ်ရဘူး။

.....................................................................................................................................................................
တိုင်းပြည်မှာ လွတ်လပ်မှုပိုရချင်ရင်၊ လူ့အခွင့်အရေးများပြည့်ပြည့်စုံစုံခံစားချင်လို့ရှိရင် လူတိုင်းလူတိုင်းဟာ နိုင်ငံရေးကို ဝါသနာပါရမယ်။ နိုင်ငံရေး ကိုလုပ်ရဲရမယ်၊လုပ်ချင်ရမယ်။

...............................................................................................................................................................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည့် (၁၉၈၈.၁၉၈၉) စည်းရုံးရေးခရီးစဉ် များတွင် ပြောကြားခဲ့သော မိန့်ခွန်း တချို့အားကောက်နုတ်တင်ပြထားပါသည်.။


မြတ်လေးငုံ

ယနေ့ တောင်ဒဂုံနှင့် စမ်းချောင်းမြို့နယ်များမှ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှုများ အတားအဆီးခံရ..

သုံးခွမှာ ပြုလုပ်ခဲ့တဲ့ မဲမပေးရေးလှုပ်ရှားမှု ဓာတ်ပုံတစ်ပုံပါ..

ယနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် (၂၀)ရပ်ကွက် အဖွဲ့ချုပ် မြို့နယ်စည်း ဒေါ်ဥမ္မာရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ အဖွဲ့ချုပ်လူငယ် (၁၂၀)ခန့် တူညီဝတ်စုံများ တီရှပ်များဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပြီး အပြန်မှာ မဲမပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြန်ထွက်လာတဲ့ အချိန်မှာ အာဏာပိုင် ရဲဝန်ထမ်း ၁၂ဦးမှာ တားဆီးခဲ့ကြောင်း အဆိုပါလှုပ်ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် တစ်ဦးမှ ပြောဆိုပါတယ်..

သူတို့ (ရဲဝန်ထမ်း)တွေက ဖမ်းဆီးဖို့ ပုံစံနဲ့လာတာတော့ မဟုတ်ပါဘူး.. အုပ်စုလိုက်ဆိုတော့ လူခွဲပြီးသွားဖို့ ပြောပါတယ်.. နောက်လူကြီးတွေပါ .. ပါလာတော့ ပြေပြေလည်ပဲပြောပြီး သူတို့ပြောတဲ့အတိုင်း သွားလိုက်ပါတယ်.. နောက်သူတို့ကို ကျော်လွန်လာတဲ့ အချိန်မှာတော့ ပြန်စုပြီး အုပ်စုလိုက်ပဲ စာရွက်တွေဝေနေပါတယ်.. တောင်ဒဂုံအခု(၅၆)ရပ်ကွက်မှာ ရောက်နေပါတယ်.. ကျွန်တော်တို့ တူညီဝတ်စုံ တီရှပ်တွေမှာ.. သခင်ကိုယ်တော်မှိုင်း၊ အဘဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ဆင်တူ ဝတ်စုံတွေနဲ့ မဲမပေးရေး လှုပ်ရှားမှု စာတမ်းပါတဲ့ တီရှပ်တွေပါ...။ အခုတောင်ဒဂုံမှာ စာရွက်တွေ ဆက်ဝေနေပါတယ်.. ဒါပေမယ့်ဒီနေ့မနက် စမ်းချောင်းမှာ မဲမပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်တွေတော့ အတားအဆီးတွေနဲ့ တော်တော် အခြေအနေဆိုးတယ်လို့ သိရပါတယ်..ဟု လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုသွားပါတယ်..။

စမ်းချောင်းမြို့နယ်မှာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ လူငယ်တာဝန်ခံတစ်ဦးကို ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့ပေမယ့်.. ဆက်သွယ်မှုမရရှိသေးပါဘူး...။ သတင်းများ ဆက်လက်ရရှိပါက ထပ်မံဖော်ပြပေးပါမည်....။

နောက်ဆုံးရရှိတဲ့ သတင်းအရ စမ်းချောင်းမြို့နယ်မှာ မဲမပေးရေးလှုပ်ရှား စာရွက်စာတမ်းများ ဝေငှခွင့် မရခဲ့ကြောင်းနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များထက် လုံခြုံရေး ရဲဝန်ထမ်းအင်အား ပိုမိုများပြားကြောင်း သိရှိရပါတယ်..။

သတင်း....ဒီမိုဝေယံ



မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ

မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ

(၁) ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။

(၂) ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

(က) “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”

ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။

(ခ) “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”

စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သောပါတီဖြစ်ပါသည်။ယင်းတ.စ.ညပါတီသည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။

(ဂ) “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”

ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။

(ဃ) “တသီးပုဂ္ဂလများ”

ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

(၃) မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။

(၄) ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။

(က) ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။

(ခ) ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။

(ဂ) ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။

(ဃ) ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။

(၅) စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။

(၆) အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

(၇) အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။

(၈) မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ -

၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ - ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။


ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု

မြန်မာပြည်တွင်းက နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းထောက်တွေကတော့နအဖရဲ့ ရွေးကောက်ပွဲအမှီအင်တာနက်အမြန်ပြန်ကောင်းမွန်လာဘို့မျှော်လင့်

ကိုအံ့ဘုန်းမြတ်ရေ့ ရွေးကောက်ပွဲလုပ်ဖို့က ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနေတွနဲ့ ပြည်တွင်းဂျာနယ်တွေက အယ်ဒီ တာတွေကို ရွေးကောက်ပွဲရက် မြန်မာတနိုင်ငံလုံးကို လှည့်လည်သတင်းယူဖို့ ခွင့်ပြု စီစဉ်နေတယ်လို့ သိရပါတယ်ဗျ။ အဲ့ဒီအခြေအနေ အသေးစိတ် သိချင်ပါတယ်ဗျ။

“ဟုတ်ကဲ့ ကိုသန်းဝင်းထွဋ့့်။ ရန်ကုန် အခြေစိုက် နိုင်ငံခြားသတင်းဌာန တွေ ဖြစ်တဲ့ အေပီ၊ အေဖက်ဖ်ပီ၊ ရိုက်တာစတဲ့နိုင်ငံခြားသတင်းဌာနေတွက သတင်း ထောက်တွေ၊ နောက် သတင်းဂျာနယ်တွေက အယ်ဒီတောတွ သတင်းသမားတွေကို မြန်မာတနိုင်ငံလုံး အနှံ့ရွေးကောက်ပွဲ သတင်းရယူဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွေက ခွင့်ပြုပြီး ဦးဆောင် စီစဉ်နေတာ ပါဗျ။

“မြန်မာပြည်အနှံ့ဒေသ ၁၈ နေရာကို သံတမန်တွေနဲ့ သွားရမှာဖြစ်ပြီးတော့ အဲဒီ ၁၈ နေရာထဲက ကြိုက်တဲ့နေရာ ကိုရွေးပြီး လိုက်သွားရမှာ ဖြစ်ပါတယ်။ ခရီးစဉ် ကိုတော့ လာမယ့် နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေတွေ့မှာ ထွက်ခွာကြရမှာ ဖြစ်ပြီး တော့ ရွေးကောက်ပွဲပြီး နောက်တနေ့ ၈ ရက်နေ့မှ ရန်ကုန်ကို ပြန်လည် ရောက်ရှိ ကြမှာ ဖြစ်ပါတယ်။ ဒီဒေသ ၁၈ ထဲမှာဆိုရင်ေတာ့ ရန်ကုန်နဲ့ အနီးဆုံးဖြစ်တဲ့ ပဲခူး၊ နောက် နအဖစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ နောက် မြန်မာပြည်အထက်ပိုင်း မြစ်ကြီးနား၊ ရှမ်းပြည်နယ်ထဲက တောင်ကြီးစတဲ့မြို့ တွေနဲ့ ချင်းပြည်ထဲကကိုပါ သွား ရောက် သတင်းယူကြရမှာ ဖြစ်ပါတယ်ဗျ။ “

ခရီးစဉ်အားလုံးကို ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ပါ သတင်းယူကြရမှာ ဖြစ်ပြီး တော့ လေယာဉ်ခရီးနဲ့ကားခရီးစဉ် နှစ်ခုထဲက ကြိုက်တာနဲ့ သွားလာနိုင်ပြီးတော့ သတင်းယူဖို့ အဖွဲ့ ၁၈ ဖွဲ့ ခွဲထားတယ်လို့ သိရပါတယ်။ ကုန်ကျစားရိတ်ေတွ ဘယ် လောက် ရှိမယ် ဆိုတာကိုတော့ အသေစိတ် မသိရေသးပါဘူးဗျ။”

(၂)ကိုအံ့ဘုန်းမြတ်ရေ…။ ဆိုတော့ ရွေးကောက်ပွဲပြီး နောက်တနေ့မှ ပြန်ရောက်မယ် ဆိုတော့ သတင်းသမားတွေအတွက် သတင်းယူဖို့ အခြေအနေတွေက ဘယ်လိုတွေ များ ရှိမလဲဗျ။

“ဟုတ်ကဲ့ဗျ။ သတင်းသမားအများစုကတော့ အစိုးရစီစဉ်ပေးတဲ့ ခရီးစဉ် တွေ အတိုင်းပဲ လိုက်ပါရမှာ ဖြစ်တဲ့အတွက် အစိုးရက ကြိုတင်စီစဉ်ထားတာတွေ၊ အစိုးရက ပြသတာတွေပဲ မြင်ရမှာဖြစ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ သွား ရောက် သတင်းယူလိုကြတယ်လို့သတင်းဂျာနယ် အယ်ဒီတာတချို့ က ပြောပါ တယ်ဗျ။

“ဒီသတင်းယူရမယ့် ခရီးစဉ်အတွင်းမှာ နိုင်ငံခြားသတင်းထောက်အများစု ကတော့ အခက်တွေ့နေကြပြီး လူခွဲမရှိကြတဲ့အတွက် ဘယ်ဒေသမှာ သတင်းယူရ မယ်ဆိုတာ ဝေခွဲမရဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မိခင်ဌာနေတွ နဲ့ ဆက်သွယ်ပြီး တာဝန်ချပေးတာကိုပဲ စောင့်နေကြတယ်လို့ နိုင်ငံခြား သတင်း ထောက်တဦးက ပြောပါတယ်ဗျ။ “

အထူးသဖြင့်ကတော့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိအခြေအနေအရ အင် တာနက်ဆက်သွယ်ရေး လမ်းကြောင်းတွေကောင်းမွန်ခြင်းမရှိသေးတာ။ နယ်မြို့တွေ မှာ အင်တာနက် အသုံးပြုနိုင်ဖို့ အခက်အခဲတွေ ရှိနေသေးတာ ဒီအခြေအနေတွေ ကြောင့် လိုက်ပါလိုခြင်း မရှိကြဘူးလို့ နိုင်ငံခြားသတင်းထောက်တချို့Œက ပြောပါ တယ်။”

(၃)ဆိုတော့ ကိုအံ့ဘုန်းမြတ်ရေ…။ အခုက အင်တာနက်လိုင်း ကောင်းမွန်ရေးက အ ဓိက ဖြစ်နေတော့ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အင်တာနက်လိုင်းတွေလည်း ပြတ် တောက် နှေးကွေးနေတယ်ဆေိုတာ့ ရွေးကောက်ပွဲ ရက်တွေမှာရော ပြန်ကောင်း လာနိုင်ဖွယ် ရှိရဲ့လားဗျ။ “

နိုင်ငံခြားသတင်းထောက်ေတွေရာ။ မြန်မာပြည်ထဲက နယ်အနှံ့က သတင်း ဂျာနယ်တွေရဲ့ နယ်ခံသတင်းထောက်တွေကပါ အင်တာနက် ပြန်လည် ကောင်းမွန် လာဖို့ကို မျှော်လင့်နေကြပါတယ်ဗျ။ “

ရွေးကောက်ပွဲနေ့အထိသာ အင်တာနက်တွေ ပုံမှန်ပြန်လည်ကောင်းမွန် လာခြင်းမရှိဘူးဆိုရင်ကတော့ သတင်းတွေကို အချိန်မှီ ဘယ်လိုမှပေးပို့နိုင်မှာ မဟုတ် ဘူးလို့လည်း ၀ါရင့်အယ်ဒီတာတွေက သုံးသပ်ပြောဆိုကြတာ တွေရှိပါတယ်ဗျ။ ဒါ ကြောင့် အစိုးရအနေနဲ့ အင်တာနက်လိုင်းတွေကိုအ မြန်ဆုံးကောင်းမွန်အောင် လုပ် ပေးဖို့ကိုလည်း တောင်းဆို ထားကြပါတယ်ဗျ။ “

တကယ်လို့သာ ကောင်းမွန်အောင် လုပ်ဆောင်ပေးတာမျိုး မရှိဘူးဆိုရင် တော့ ဒေသအနှံ့က ရွေးကောက်ပွဲဥပေဒချိုးဖောက်မှုတွေ အင်အားကြီး ကြံ့ခိုင်ရေးပါ တီရဲ့ Œ အဓမ္မ မဲရယူမှုတွေကို မဖော်ထုတ်နိုင်၊ မပြောဆိုနိုင်အောင် စီစဉ်လုပ်ဆောင် တာ ဖြစ်မယ်လို့လည်း မြန်မာသတင်းဂျာနယ် အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုတာ မျိုးတွေ လည်း ရှိနေပါတယ်ဗျ။”

(၄) ပါတီတွေရဲ့ ရွေးကောက်ပွဲအကြိုကာလ နောက်ဆုံး မဲဆွယ်စည်းရုံးရေးတွေမှာ ရော ဘာတွေများ ထူးခြားတာတွေ ရှိဦးမလဲဗျ။ “

ပါတီရဲ့  မဲဆွယ်စည်းရုံးရေး အခြေအနေကတော့ဗျာ။ ကိုယ်စားလှယ် လောင်း လက်ကမ်းစောစာင် ဝေတာ၊ မဲဆွယ်စည်းရုံးရေး၊ မဲအောင်နိုင်ရေး လှည့် လည် ဟောပြောတာမျိုးတွေကိုပဲ အဓိက လုပ်ဆောင်နေကြပါတယ်။”

ရင်းမြစ်..DVB

ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးပြောတဲ့ ရွေးကောက်ပွဲကိုကျောခိုင်းပါ

မြန်မာပြည်မှာ ၀မ်းနည်းကြေကွဲစရာကောင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ၇ ၊ ၇ ၊ ၆၂ မှာ စစ်အာဏာရှင်တွေ က ကျောင်းသားအရေး တောင်းဆိုဆန္ဒပြနေကြတဲ့ကျောင်းသားတွေကို သေနတ်နဲ့ပစ်ပြီး သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ဖြိုချခဲ့ပါတယ်။ ဂျူလိုင် ဆဲဗဲန်း ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။

၆၊ ၆၊ ၆၄ သင်္ဘောကျင်းအလုပ်သမားတွေက လုပ်ငန်းခွင်သာယာရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာတိုးမြှင့်ရေး စတဲ့ အလုပ် သမား အခွင့်အရေးတွေအတွက် ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုကြတာကို အာဏာရှင်တဖြစ်လဲ မ.ဆ.လ အစိုးရက ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့လို့ အလုပ်သမား အမြောက်အများသေဆုံးခဲ့ကြရပါတယ်။ ဇွန်အရေးအခင်းလို့ ဆိုကြပါတယ်။

၂၄ ၊ ၁၂ ၊ ၇၄ မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး ထိုက်ထိုက်တန်တန် လုပ်မပေးတဲ့အတွက် ကျောင်းသားထုက မကျေမနပ်ဖြစ်ပါတယ်။ ဒါနဲ့ ဦးသန့်ရုပ်ကလာပ်ထားရှိဖို့ ထိုက်တန်တဲ့နေရာ တနေရာရရှိရေးကို ကျောင်းသားထုက ဦးစီးပြီး တောင်းဆို တိုက်ပွဲဝင်ပါတယ်။ အဲဒီမှာလည်းပဲ ဗိုလ်နေ၀င်းစစ်အုပ်စုက လက်နက်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့လို့ ကျောင်းသားအများအပြားသေဆုံးခဲ့ရပါတယ်။ ဦးသန့်အရေးအခင်းလို့ ပြောဆိုလေ့ရှိပါတယ်။

အဲဒီနောက်မှာတော့ ၇၆ မှိုင်းရာပြည့်၊ နောက်ပြီး ကမ္ဘာကျော် လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဒီ အရေး အခင်းတွေ အားလုံးဟာ မြန်မာ့သမိုင်းမှာ အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ နာမည်ဆိုးနဲ့အသိများတဲ့ နေ့ရက် တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ပါဘူး။

မကြာခင်မှာ မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် သမိုင်းဝင်နေ့ရက်တရက် ရောက်လာပါတော့မယ်။

ကျနော်အခုလောက်ပြောလိုက်ရင် အားလုံးရဲ့ အတွေးမျက်ဝန်းထဲမှာ သိပ်မဝေးလှတော့တဲ့ ရက်စွဲတခုကို ပြေးမြင်နေကြပြီဆိုတာ ကျနော် သိပါတယ်။ သေချာပါတယ်။ အားလုံးသိကြတဲ့ ၂၀၁၀ နိုဝင်ဘာ ရက်နေ့၊ ရွေးကောက်ပွဲနေ့၊ နာမည်ဆိုးနဲ့ကျော်ကြားမယ့်နေ့။ ဘာကြောင့် နာမည်ဆိုးလို့ သတ်မှတ်ရသလဲဆိုတာ ကျနော် ဆက်ပြောပါမယ်။

အခုကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ တရားမ၀င်အာဏာကို တရားဝင်အာဏာ ဖြစ်အောင်လုပ်မယ့် ပွဲပါ။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်စာမျက်နှာကို လှန်လိုက်လှန်လိုက်၊ စစ်အာဏာရှင်တရားဝင်ဖြစ်ရေးအတွက် စာတကြောင်းဖြစ်ဖြစ်၊ တပိုဒ်ဖြစ်ဖြစ်တွေ့ရမှာပါ။ ဖွဲ့စည်းပုံမှာ ထင်တိုင်းခြယ်လှယ်လို့ရအောင် ရေးထားသလို အပြင်ကလုပ်ရပ်တွေမှာလည်း ထင် တိုင်းခြယ်လှယ်ပြီးလုပ်နေတာပါပဲ။ လက်ရှိနိုင်ငံတော်အကြီးအကဲတွေ၊ ၀န်ကြီး ၀န်ကလေးတွေဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီဟာ ပြည်သူ့ဘဏ္ဍာငွေတွေကိုသုံးပြီး မဲဆွယ်စည်းရုံး ရေးတွေ လုပ်နေကြတာတွေဟာ မကြားချင်မမြင်ချင်အဆုံးပါ။

သူတို့ပါတီနဲ့ယှဉ်ပြီး ဘယ်ပါတီမှာ စည်းရုံးရေးမဆင်းနိုင်ပါဘူး။ ဆင်းစရာ ရံပုံငွေလည်း မရှိကြပါဘူး။ လက်ကမ်းကြော်ငြာ ဝေဖို့တောင် ရွက်ရေလေး ထောင်၊ ထောင်ရိုက်ပြီး ဝေကြရတာပါ။ ကြံ့ဖွံ့လို သန်းနဲ့ချီပြီးမရိုက်နိုင်ကြပါဘူး။ တခုရှိတာက ငွေတွေ ဗုံးပေါလအော သုံးပြီး စည်းရုံးနေပေမဲ့ ပြည်သူအများစုက လက်မခံကြပါဘူး။ အာဏာတွေ၊ ဖိအားတွေသုံးပြီး ရွေးကောက်ပွဲအနိုင်ရရေးအတွက် ဘနဖူး သိုက်တူးရ တူးရဆိုတဲ့ လုပ်ရပ်မျိုးလုပ်နေကြတာကို လူထုက မကြိုက်ပါဘူး။ ခက်တာက မကြိုက်တာကို ဆန့်ကျင်လို့မရအောင် အဘက်ဘက်က ဖိနှိပ်ထားတာပါပဲ။

ဥပမာ ဆိုပါတော့- ၀န်ထမ်းတွေက မိမိမဲပေးရမယ့်မဲရုံ၊ မဲစာရင်းအမှတ် စတာတွေဟာ မိခင်ဌာနတွေကို တရားဝင် အကြောင်းကြားရပါ တယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် ဒီဝန်ထမ်း မဲပေးတယ်၊ မပေးဘူးဆိုတာကို ဌာနကသိရအောင် လုပ်လိုက်တာပါပဲ။ ဒီဖြစ်ရပ်ကို ကြည့်ရုံနဲ့တင် လွတ်လပ်မှုမရှိဘူး။ ဒီမိုကရေစီမကျဘူး။ တရားမျှတမှုမရှိဘူးဆိုတာ သိသာနေပါတယ်။ ဒီလိုရွေးကောက်ပွဲမျိုးကို အောင်မြင်ဖြစ်မြောက်အောင် ၀ိုင်းဝန်းလုပ်နေတဲ့ပါတီတွေကို တခုလောက်ပြောချင်ပါတယ်။

လူထုလက်ခံယုံကြည်ခြင်းမရှိတဲ့၊ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ပါ။ ဒါဆိုရင် မြန်မာပြည်မှာနာမည်ဆိုးနဲ့ ကျော်ကြားမယ့် နေ့တနေ့ကို တားဆီးပြီးဖြစ်ပါလိမ့်မယ်။

ရင်းမြစ်...VOA

အသက် ( ၅၁ )နှစ်ပြည့်..မှာတမ်း ။



လွတ်ငြိမ်းခွင့် Freedom


ငါ … ဘာမှ မဟုတ်တဲ့ငါ။
ဘာမှ အသုံးမဝင်တဲ့ငါ။
ဘာမှ အကျုံးမဝင်တဲ့ငါ။
လူမှုရေးတော့ သိ။
စီးပွားရေးက မရှိ။
ပညာရေးက မဟုတ်။
ကျန်းမာရေးက ဆုတ်ယုတ်။
ဖွဲ့စည်းပုံက ထွေပြား။
နိုင်ငံရေးက ဝေဝါး။
ဘာမှ အသုံးမကျတော့တဲ့ငါ။
ဘာမှ အကျိုးမပြုတော့တဲ့ငါ။
ငါ့ကို မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်ငြိမ်းခွင့်တော့ ပေးပါတော့ … ။
ငါ မဟုတ်တော့တဲ့ငါ …။
ဒါပေမယ့်…ငါ့မှာ မင်းတို့အသိုင်းအဝိုင်းတွေ မလုပ်နိုင်တဲ့ ပညာရပ်ရှိတယ်။
ငါ့မှာ မင်းတို့အဖွဲ့အစည်းတွေ မမြင်နိုင်တဲ့ အမြင်အာရုံရှိတယ်။
ငါ့မှာ မင်းတို့အသင်းအဖွဲ့တွေ မတွေးနိုင်တဲ့ အတွေးမျိုးရှိတယ်။
ငါ့မှာ မင်းတို့ပညာတတ်တွေ မစွမ်းနိုင်တဲ့ ပညာစွမ်းရှိတယ်။
ဒါ . . . ငါ့ရဲ့စွမ်းအား။ ငါ့ရဲ့ ပါဝါဘဲ။
အဲဒီ ငါရဲ့ အင်အားကို မင်းတို့ ခုတုံးတော့မလုပ်ကြပါနဲ့။
ငါရှက်လှပါဘိ။
ဒါကြောင့် . . .ငါ, ထပ်ပြောမယ်။
ငါဟာ ငါမဟုတ်တော့ဘူး။
ငါ့မှာ မင်းတို့ကို အကျိုးပြုစရာ ဗလာ။
ငါ့မှာ မင်းတို့အသုံးပြုစရာ နတ္တိ။
ငါ့လမ်း ငါသွားပါရစေတော့။
ငါ့အလုပ် ငါလုပ်ပြီး ငါ့သမိုင်း ငါရေးဖို့ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်
ပေးကြပါတော့။
နောင်တစ်ချိန်ချိန်မှာတော့ . . . တရားသိသလိုလို တရားရှိသလိုလိုနဲ့
ဝင်လေ ထွက်လေရပ်ပြီး
ငါ့နောက် မလိုက်လာကြနဲ့ လို့ ငါ မှာခဲ့ပါရစေ။
ငါ မဟုတ်တော့တဲ့ငါ။


(ကျော်သူ)

( ၂.၁၁.၁၉၅၉ှ မှ ၂၀ ? ? )

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

ယနေ့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. (သတင်း၊ ဓာတ်ပုံ)



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. ဓာတ်ပုံတွေပါ..။








ယနေ့နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များမှ တာမွေမြို့နယ်အတွင်း မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် (၂၀)မှ ယနေ့နံနက်ပိုင်းက တာမွေမြို့နယ် လူစည်ကားရာ နေရာများနှင့် တာမွေဈေးအတွင်း၊ ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများအား လူတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ကြကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။

ဒီနေ့ ကျွန်တော်တို့ တာမွေမြို့နယ်မှာ စာရွက်တွေ ဝေပါတယ်။ ဒီနေ့တော့ တစ်ခြားမြို့နယ်တွေထက် ဆိုးတာက ဒီလို စာရွက်ဝေတာကို ရယကရုံးမှာ သွားပြီးပြောပါလို့ ပြောပါတယ်..။ ကျွန်တော်တို့က ဒါဥပဒေမှာ ပါတဲ့အတိုင်း တရားဝင် လုပ်တာ ဘာမှ ပြောစရာမလိုဘူးဆိုပြီး ဆက်ဝေခဲ့ပါတယ်..။ သူတို့ အစပိုင်းပြောတဲ့ အချိန်မှာ ဆက်ဝေပါတယ်။ နောက်ပိုင်း ထပ်လာပြောတဲ့ အချိန်မှာတော့ ကျွန်တော်တို့က အားလုံးစာရွက်တွေ ဝေပြီးလို့ လူစုခွဲဖို့ပဲ ကျန်တဲ့အချိန်မှာမှ သုံးပွင့်နဲ့ ပုဂ္ဂိုလ်က ခင်ဗျားတို့ အုပ်စုခွဲပေးပါ လူငါးယောက်ထက် ကျော်ရင် ခင်ဗျားတို့ ဥပဒေအရ အရေးယူခံရမယ် ဆိုပြီးလာပြောပါတယ်..။

ကျွန်တော်တို့ သွားရောက်ဝေငှခဲ့တဲ့ နေရာတွေကတော့ တာမွေမြို့နယ်ဈေး .. ရပ်ကွက်တွေထဲပါဝေပါတယ်.။ NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ရုံးရှေ့တောင် ရောက်ခဲ့ပြီး သူတို့ရုံးရှေ့မှာ.. ခမောက်အစစ်က ရွေးကောက်ပွဲ မဝင်ဘူး ခမောက်အတုသာ ရွေးကောက်ပွဲ ဝင်တာလို့ အော်ခဲ့ပါသေးတယ်.. နောက်ရက်တွေမှာလည်း တစ်ခြားမြို့နယ်တွေမှာ ဆက်လက် လုပ်ဆောင်သွားပါဦးမယ်ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို.. အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ကိုယ်ပွားပါတီ မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း

နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း

အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း

NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။



သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

သတင်းထောက်မလေး အမေး မတော်တုန်းက ထက်ထက်မိုးဦးက ပါးဆွဲရိုက်ခဲ့တယ်၊သတင်းထောက်ကအမေး တော်လို့ ဦးအောင်သိန်းလင်းကပုဆိုးလှန်ပြလိုက်တယ်ဆိုပါလား..

ကြံ့ခိုင်ရေးပါတီရဲ့ Œ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက သူ့ရဲ့ Œ မြို့တော် စည်ပင်ရုံးကို ဘယ်သတင်းထောက်မှ လာရောက် သတင်းယူခွင့် မပြုတော့ဘူးလို့ ပြည်တွင်း သတင်းထောက်တချို့က ပြောပါတယ်။

ဘာကြောင့် ၀င်ခွင့်မပေးတော့တာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရေသးပါဘူး၊ ဒါပေမယ့် မနေ့က သတင်းစာရှင်းလင်းပွဲမှာ သူ့ကို အကျပ်ရိုက်စေမယ့် မေးခွန်းတွေ မေးခဲ့လို့ ဒေါသထွက်ပြီး အခုလို ပိတ်ပင်တာလို့ ပြည်တွင်းသတင်းသမားတွေက ခန့်မှန်းပါတယ်။

မနေ့က ဦးဌေးဦးနဲ့အတူ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ နိုင်ငံ တော်ပိုင်ပစ္စည်းတွေကို သုံးစွဲပြီး ပါတီနိုင်ငံရေးမှာ အသုံးချနေလားဆိုပြီး သတင်းထောက်တွေက မေးခဲ့ပါတယ်။ ဒီအပေါ် မြို့တော်ဝန်က ခင်ဗျားတို့ သိချင်ရင် အဲ့ဒီလမ်းတွေ သွားမေးဆိုပြီး ရိုင်းရိုင်း ပျပျကို ပြောဆိုသွားတယ်လို့ တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေကလည်း ပြောပါတယ်။ အဲဒီနောက် အခုလို သတင်းသမားတွေကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

သတင်း...DVB

နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပပြုလုပ်မယ့်နအဖ ရဲ့ ရွေးကောက်ပွဲ အကြောင်းသိကောင်းစရာအချက်အလက်(ရုပ်သံ)

30 October 2010

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ ) ”


ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကတော့တော်တော်များပါတယ်။ ဒီအထဲက အဓိကကျတဲ့ အကြောင်းအရာများနဲ့အတွေ့အကြုံများကိုပဲ ဦးစားပေးတင်ပြလိုပါတယ်။ နောက်ထပ်တစ်ခါ ၀ိဓူရ သခင်ချစ်မောင်လို့ လူသိများခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်နဲ့ ကျနော်တို့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့သခင်ချစ်မောင်နဲ့ တွေ့ဆုံဖို့ ကို ခွင့်တောင်းတော့ အဆင်ပြေစွာပဲ တွေ့ခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့ကို သူ့ပါတီက ဗဟိုအလုပ်အမှု့ဆောင်လူကြီးတချို့နဲ့ပါ တွေ့ဆုံပေးခဲ့တယ်။ သူတို့ဘ၀ သူတို့အတွေ့အကြုံတွေက ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ရာတွေ အများကြီးပါခဲ့ပါတယ်။ သူပြောတာတွေထဲမှာ သဘောကျတာလေးက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ -လူမသိသေးတဲ့စကားတွေနဲ့ အကြောင်းရာလေးပါ။ (သိပ်တော့ မထူးဆန်းပါဘူး။) ဒါပေမယ့် လေးစားစရာကောင်းပါတယ်။ ချစ်စရာကောင်းပါတယ်။

တနေ့ ဗိုလ်ချုပ်နဲ့ သခင်ချစ်မောင်တို့ ဒို့ဗမာအစည်းရုံး ရုံးခန်းမှာဆုံကြတော့ (အဲဒီတုန်းက ဗိုလ်ချုပ်က သခင်ပေါက်စ ဘ၀ပဲ ရှိပါသေးတယ်။) ဗိုလ်ချုပ်က စာအုပ်တအုပ်ကို သေသေချာချာ လေးလေးနက်နက် ဖတ်နေရာကနေ မျက်စိ၊အကြောတွေ ညောင်းလို့ထင်ပါရဲ့ ။ ထလာပြီး ခါးကို ဟိုဘက်ချိုး ဒီဘက်ချိုး လုပ်ရင်း…..

“ ကိုချစ်မောင်ရေ ..ခင်ဗျားကို ကျုပ်မေးခွန်းတစ်ခုမေးဦးမယ်ဗျာ..“ ဆိုတော့ သခင်ချစ်မောင်က...

“ မေးလေဗျာ .. ရပါတယ်…. ဘယ် နိုင်ငံရေး အယူအဆ အကြောင်း ဆွေးနွေးချင်လို့လည်းဗျ...” ဆိုတော့...ဗိုလ်ချုပ်က -

“ လောလောဆယ်… အဲဒါတွေ မပါသေးဘူးဗျ …….။ ကျုပ်မေးချင်တာ … ကျူပ် ဒီပုံစံနဲ့ မိန်းမရော ရနိုင်ပါ့မလားဗျာ..။” ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်တော့ သခင်ချစ်မောင်တောင် ရုတ်တရက် အံ့အားသင့်သွားတယ်။

ပြီးမှ သူက အလိုက်သင့်ပဲ--

“ ခင်ဗျား လိုချင်ရင် … ရတာပေါ့ဗျာ… ဒါပေမယ့်… ခင်ဗျားက မိန်းမ ပိုးချိန်ရော ရလို့လား…….”

“ ပြောလည်း ခံရမှာပဲဗျ.. အဲဒီဘက်ကို မလှည့်အားဘူး … တခါတရံကျလည်း မိသားစုဘ၀လေးနဲ့ အေးအေးချမ်းချမ်းလေး နေကြည့်ချင်တယ်… ဘယ်လို နေမလဲ မသိဘူး။”

သခင်ချစ်မောင်ဟာ ကျနော်တို့ကိုပြောပြနေစဉ်မှာ အတိတ်ကို ပြန်လွမ်းဆွတ်နေပုံပါ။ ပြီးမှ သူကပဲ ဆက်ပြီး..

“ဘဘ ကိုယ်ချင်းစာပါတယ်။ လူပဲလေ ...လူ့ဘ၀ရဲ့အရသာကို ခံစားချင်တာပေါ့ … ဒါပေမယ့် သူ့မှာ နိုင်ငံတာဝန်တွေက ၀န်ထုတ်ဝန်ပိုးဖြစ်နေတော့ လူငယ်ဘ၀ လူငယ်အလုပ်တွေတောင် မလုပ်နိုင်ရှာဘူး။ အိမ်ထောင်ကျသွားတော့လည်း အိမ်ထောင်ရဲ့မိသားစုအရသာ ဘယ်လောက်ကြာကြာ ခံစားသွားရလို့လဲ။ သူ့ခမျာ ငယ်ငယ်လေးနဲ့ အသက်ဆုံးရှုံးသွားရရှာတယ်။”

သခင်ချစ်မောင်ဟာ ပြောပြောဆိုဆိုနဲ့ သူထိုင်နေတဲ့နေရာရဲ့နောက်ဘက်မှာ ဖန်ပေါင်းချောင်နဲ့ ထည့်ထားတဲ့ ကိုယ်တပိုင်းပြတ် ဗိုလ်ချုပ်ရုပ်ထုငယ် ပုံလေးကိုကြည့်ပြီး လွမ်းလွမ်းဆွတ်ဆွတ်ပြောပြနေစဉ်မှာ .. ကျနော်မျက်စိကစားကြည့်လိုက်တော့ ...တဘက်မှာလည်း လီနင် ကိုယ်တပိုင်းပြတ်ရုပ်ထုကို ဖန်ပေါင်းချောင်လေးနဲ့ ထည့်ထားတာကို တွေ့လိုက်ရတယ်။ ဒါတွေဟာ သခင်ချစ်မောင်ရဲ့ယုံကြည်ချက်နဲ့လေးစားမှု့ကို ဖော်ကျူးပြသနေတဲ့ သင်္ကေတတွေ ဖြစ်နေမှာ အသေအချာပါပဲ။


“ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးပါ……။ ဖအေ့ခြေရာကို နင်းနိုင်ပါတယ်…။ ဘဘ သူ့ကိုယုံတယ်..။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အမျိုးသား လိုအပ်ချက်လမ်းစဉ်ကို ဒီကနေ့ အကောင်ထည်ဖော်ပေးနိုင်မှာ.. ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ .. ကျန်တဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး….။ဘဘတို့လည်း ကြိုးစားခဲ့တာပါပဲလေ..။ ဒါပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး…….။”


ကျနော်တို့အထဲက တစ်ယောက်က မေးခွန်းတခု မေးလိုက်ပါတယ်။ “ ဘဘ... စစ်အစိုးရရဲ့နောက်ကွယ်မှာ ဦးနေ၀င်း ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုသံများအပေါ် … ဘဘ ဘယ်လိုမြင်ပါသလဲ….။”


သခင်ချစ်မောင်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း ဘေးနားမှာရှိနေတဲ့ ရှုဆေးဗူးလေးကို ကောက်ရှုတယ်….။ “ ဒါကတော့သားရယ် ..။ ဘဘ အတတ်တော့ မပြောနိုင်ဘူးပေါ့…။ ဒါပေမယ့် ဥပမာပေးရရင်…. ချောင်းလေး တစ်ချောင်းရှိတယ်…။ ချောင်းရဲ့ ဒီဘက်မှာလည်း သမင်ခြေရာကို တွေ့နေရတယ် ။ချောင်းရဲ့တဘက်မှာလည်း ခြေရာကို တွေ့နေရရင် .. အဲဒါ ဘာဖြစ်လိမ့်မလဲ…။ ကိုယ်ကိုယ်တိုင် မမြင်သည့်တိုင်အောင်.. သမင်ဟာ စမ်းချောင်းကို ခုန်ပြေးသွားတယ် ဆိုတာ ပြောနိုင်ပါတယ်..။ ဒီလိုပါပဲ ။”

“ ဘဘ ..အန်တီနဲ့တွေ့ဆုံမယ်ဆိုရင် .. ဘဘ သဘောထားဘယ်လိုရှိပါသလဲ…။ နောက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် အပေါ်မှာ... ဘဘ ဘယ်လောက် ပူးပေါင်းပါဝင် ကူညီနိုင်ပါသလဲ ။” ဆိုတော့......... “ ဘဘ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ပါတယ်…။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကိုလည်း ဘဘ အကြွင်းမဲ့ယုံကြည်တယ်..။ ဘဘ အသက်နဲ့ ခန္ဓာရှိနေသရွေ့ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ကူညီပါ့မယ်။ ” ကျနော်တို့ရင်ထဲမှာ ပီတိတွေကိုယ်စီနဲ့…။

ဝိဓူရ သခင်ချစ်မောင် လို့ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဆီက မမေ့နိုင်တဲ့ စကားလက်ဆောင်လေးတခ မှတ်သားမိခဲ့တယ်။အဲဒီ စကားလေးဟာ ကျနော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

အဲဒါကတော့ ........လူထုကို ဘယ်သောအခါမှ အပြစ်မမြင်ပါနဲ့ ...တဲ့ ။ ဘယ်လိုအကြောင်းမျိုးနဲ့မှလည်း အပြစ်မမြင်ပါနဲ့.....တဲ့ ။လူထုဆိုတာ နိုင်ငံရေးလုပ်တဲ့ အမျိုး မဟုတ်ဘူး။သူတို့ကို နိုင်ငံရေး နားလည်အောင်လုပ်ပေးဖို့သာ လိုတယ်..တဲ့ ။ ကိုယ့်ဘက်ကို ခြေလေး တစ်ချောင်း ရပ်ပေးတယ်ဆိုရင်ကို တာဝန်ကျေပါတယ်...တဲ့။”

ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲ ဗျာ။ (လူထုဟာ ကိုယ့်နောက်က မပါလို့..နောက်က မလိုက်လို့ ဆို ပြီး ဒေါသပြင်းထန်နေသူများ ...မှတ်သားသင့်တဲ့ အဆိုအမိန့်တခုပါ။) တခါတုန်းက ကျနော် ဖတ်ကြည့်ဖူးတဲ့ (Our daily bread)ဆိုတဲ့ ခရစ်ယာန်ဘာသာရေးစာအုပ်ထဲက အမေရိကန် သမတဟောင်း ဂျော့ဝါရှင်တန် ပြောသွားတဲ့စာသားလေးကိုလည်း ပြန်ပြောင်းသတိရမိတယ်……။

”သင်မှန်တာလုပ်နေသမျှ ကာလပတ်လုံး.. သင့်ရဲ့ဘေးမှာ လူအုပ်ကြီး မမြင်ရလို့ စိတ်ဆင်းရဲနေသလား၊ သင်မမြင်ရတဲ့ ဖြူစင်တဲ့စိတ်ဝိညာဉ်တွေ သင့်မျက်စိတဆုံးမှာ ရှိနေပါတယ်...” တဲ့ ။

ကျနော်တို့ ကျောင်းသားတွေ အကုန်လုံး သခင်ချစ်မောင်ကို ၀ိုင်းကန်တော့ကြပြီး ပြန်လာခဲ့ကြတယ်။ နောက်ရက်တွေမှာတော့ အန်တီစုဟာ သခင်ချစ်မောင် ရှိရာ အိမ်ကို သွားရောက်ပြီး ဂါရ၀ပြူ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ပြီး သခင်ချစ်မောင်တို့ အဖွဲ့ ဖြန့်ခဲ့တာ အဲဒီကာလက တော်တော်ပြန့်နှံ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ အစဉ်လာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများကို ဂါရ၀ပြုဖို့ အစီအစဉ်တွေကို စတင်ရင်းနဲ့ဆက်လက် အကောင်ထည်ဖော်ခဲ့ပါတယ်။ တကယ်တော့ ဂါရ၀ပြုခြင်းရဲ့နောက်မှာ ညီညွတ်ခြင်း၊သင့်မြတ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးကို သယ်ပိုးနိုင်ခြင်းဆိုတဲ့ ရည်ရွှယ်ချက်များလည်း ပါ ပါတယ်။

ကျနော်တို့ အတိုက်အခံနိုင်ငံရေးလောကထဲမှာကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရအောင် မုန်းတီးခြင်းတွေနဲ့ ရင်ဆိုင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကို ပြေလည်ဖို့  ဆိုတာ ဒီနည်းလမ်းက လျော်ကန် အသင့်မြတ်ဆုံးပဲ..လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျနော်တို့ အဖွဲ့ထဲက ကျောင်းသားတွေဟာ တက္ကသိုလ်များ ဓမ္မာရုံကို ဂါရ၀ပြူပွဲ အခမ်းအနားကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ကျနော်တို့ တော်တော်လေး အကြံအိုက်သွားကြတယ်။ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့ရာက --- ကျနော်တို့ထဲက တစ်ယောက်က အကြံပြုလာပါတယ် --။ ” ဒေါ်အောင်ဆန်းစုကြည်ခြံထဲ လုပ်ခွင့်ရရင် မကောင်းဘူးလား..”တဲ့ ။”ကြိုးစားကြည့်ကြရအောင်..”တဲ့ ။

ကျနော်တို့ ရင်ထဲမှာ အလင်းစလေး တစ်ချက် လင်းလက်သွားတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အန်တီ့ကို တင်ပြကြည့်မယ်ဆိုပြီး.. တနေ့မှာတော့ အန်တီ့ကို ပြောပြကြတယ်---။ အန်တီက ချက်ချင်းပဲ သဘောပေါက်သွားသလား မသိဘူး။ ဒါပေမယ့် ချက်ချင်းတော့ မတုန့်ပြန်ခဲ့ဘူး။ ”သူတို့ လူကြီးတွေ ဆွေးနွေးလိုက်ဦးမယ် ” ဆိုလို့ ကျနော်တို့ကို နောက်ထပ် ၃ ရက်လောက် အစောင့်ခိုင်းခဲ့တယ်။ ကျနော်တို့က အန်တီ့ကို တင်ပြခဲ့တာ ..”အန်တီကသာ ခြံထဲမှာ လုပ်ခွင့်ပေးပါ။ ကျန်တဲ့ကုန်ကျစရိတ် ကျနော်တို့ခံပါ့မယ်..” လို့ဆိုတော့ အန်တီက ကျနော်တို့ကို ခပ်ထေ့ထေ့လေး ပြုံးကြည့်တယ်။ (အဲဒီအပြုံးဟာ အဓိပ္ပါယ်ရှိမှန်း နောက်မှသိလိုက်ရပါတယ်။)

နောက် ၃ ရက်လောက်အကြာမှာတော့ အန်တီက ကျနော်တို့ကို သူ့ခြံဝင်းအတွင်းမှာ အခမ်းနားလုပ်ဖို့ ခွင့်ပြူခဲ့တယ်။ ကျနော်တို့ တော်တော်ပျော်သွားကြတယ်---။ အန်တီကကျနော်တို့ကိုကြည့်ပြီး ပြုံးရင်း လှမ်းမေးလိုက်တယ်--။ ”အဆောက်ဦ ဆောက်ရင် ပိုက်ဆံက တော်တော်ကုန်မှာ ---။ သားတို့ ဘယ်လို စီစဉ်ထားသလဲ..” တဲ့---။ ကျနော်တို့အားလုံး ရုတ်ကနဲ ငြိမ်သွားပြီး.. တစ်ယောက်နဲ့တယောက် ကြည့်နေမိတယ်။

“ အန်တီ သဘောပေါက်ပြီးသားပါ..။ သားတို့ကျောင်းသားတွေ ဘယ်ကလာ ၀င်ငွေရှိမှာလဲ။ အခု အဆောက်အဦက ဆောက်မယ်ဆို ပိုက်ဆံက တော်တော်ကုန်ကျမှာဆိုတော့ အန်တီတို့ပဲ အကုန်ကျခံပါမယ်။” ကျနော်တို့အရှက်ပြေ ရိုးတိုးရွတ ဖြစ်ကုန်ကြတယ်။ အခုမှ သဘောပေါက်မိလိုက်တာက ဟိုတနေ့က အန်တီ ကျနော်တို့ကို ခတ်ထေ့ထေ့လေး ပြုံးကြည့်တာ ဒါ့ကြောင့်ကိုး။ ကျနော်တို့အကြောင်းကို အန်တီက ရှေ့ကြို တွေးထားပြီးသား။ တကယ်တော့ ကျနော်တို့က လုပ်ချင်ဇောကြောင့်သာ အာမ ဘန္တေခံပြီး ပြောခဲ့ကြတာ။ လက်တွေ့မှာ ဒီ ကုန်ကျငွေ ရှာဖို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။

ဒီလိုနဲ့ ကျနော်တို့ သင့်မြတ်ရေးလမ်းစဉ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့လုပ်ဆောင်ခဲ့တဲ့ကိစ္စများကိုလည်း လူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေး ၊ အမြင်တွေ ဖလှယ်ရင်းက -- ကျနော်တို့ထဲက ကျောင်းသားတယောက်က -- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ=တ-စ-ည (၈လေးလုံးအရေးတော်ပုံကြောင့် ဖျက်သိမ်းပေးလိုက်ရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ=မဆလ မှ နာမည်ပြောင်းလိုက်သောပါတီ) ကို ဖိတ်ခေါ်ရန် ကိစ္စကို ဆွေးနွေးကြတော့ .. အားလုံးက သဘောတူခဲ့ကြပါတယ်။

နောက် တယောက်က မေးခွန်းတခု ထမေးလာပါတယ်---။ ” ဒါဆို ဦးနေ၀င်းကိစ္စကိုရော ဘယ်လိုစဉ်းစားမလဲ ” ဆိုတော့.. ဒီမေးခွန်းကို ကျနော်တို့ ရင်တုန်မိတာ အမှန်ပါ..။ ကျနော်တို့ အဆုံးဖြတ် မပေးရဲပါဘူး..။ ဒီအချိန်မှာပဲ ဘဘ ဦးတင်ဦးက ထပြောလာပါတယ်…။

“ ဦးနေ၀င်းကို ဖိတ်ခေါ်ဖို့ ကိစ္စက မူအရ ကမ်းလှမ်းရမှာပဲ..။ လက်ခံတာ...လက်မခံတာက သူ့အပိုင်းပေါ့ ” ဆိုတော့ ဦးအောင်ရွှေက ဦးတင်ဦးရဲ့ အဖြေကို ထပ်ဆင့် ထောက်ခံခဲ့ပါတယ်။

အန်တီကတော့ လူကြီးတွေရဲ့အကြံပြုချက်များကို ခပ်မဆိတ်လေးပဲ နားထောင်နေရှာတယ်။ ဘဘ ဦးတင်ဦးက ပဲ ဆက်လက်ပြီး………

“ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဟိုလူတော့ လာ၊ ဒီလူတော့ မလာနဲ့..လို့ ခွဲခြားလို့ မရကောင်းဘူး…..။ ဦးနေ၀င်းဟာလည်း သမိုင်းမှာ တာဝန်ရှိသူတယောက်ပဲ။ သူ့ကို ကမ်းလှမ်းသင့်တယ် …။ နောက်ပြီး နအဖ ခေါင်းဆောင်ပိုင်းတွေလည်း ကမ်းလှမ်းရမှာပဲ…။ လက်ခံခြင်း လက်မခံခြင်းက ကာယကံရှင်များရဲ့အခန်းကဏ္ဍပဲ...။”


ကျနော်က ဘဘ ဦးတင်ဦး ပြောအပြီးမှာ မေးခွန်းတခု မေးမိတယ်.....။ “ ကျနော်တို့ ကျောင်းသားများအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူအရ အားလုံးကို ကမ်းလှမ်းပါမယ်…။ ဒါပေမယ့် ပြဿနာက တစည ပါတီ ရယ် ...ဦးနေ၀င်းရယ် .....နအဖ စစ်ခေါင်းဆောင်တွေရယ်.....ကို ဖိတ်ခေါ်ကမ်းလှမ်းရမယ်ဆိုတာကို ...ကျန်တဲ့ အင်အားစုတွေက ၀ိုင်းဝန်းပြစ်တင်ကြရင် ......ကျနော်တို့ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ....။“ ဆိုတော့ ဦးကြည်မောင်က စကားလုံးဝ မပြောဘဲ နားထောင်နေရာကနေ ၀င်ထောက်ပေးလာတယ်….။ “ မူအရ လုပ်တဲ့ကိစ္စပဲ..။ အားလုံးနားလည်လာမှာပါ ။”

ကျနော်တို့ရင်ထဲမှာတော့ လူကြီးတွေရဲ့အားပေးသံတွေကြောင့် လိပ်ပြာလုံခြုံခဲ့ပါတယ်။

အဲဒီအချိန် ငြိမ်ငြိမ်လေးနားထောင်နေတဲ့ အန်တီက---

“ လုပ်ရပ်တိုင်း..လုပ်ရပ်တိုင်းမှာ ရည်ရွှယ်ချက်နဲ့ စေတနာမှန်ဖို့ အဓိကပါ..။ အထင်မှားခဲ့ရင်လည်း တဖြေးဖြေးချင်း နားလည်သဘောပေါက်လာမှာပါ ။”


အားလုံးစက္ကန့်ပိုင်းမျှ ငြိမ်သက်သွားကြတယ်။ အတွေးကိုယ်စီနဲ့.....။ ထိုင်နေရာက ညောင်းလို့ ဟန်ချက်ပြောင်းထိုင်တဲ့ အသံမှတပါး.... (တဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာခလုတ်အသံလေးတွေက အခန်းတွင်းမှာ လူးလာပြေးနေကြတာက လွဲလို့…) တိတ်ဆိတ်သွားနေတဲ့ အချိန်မှာပဲ…….အန်တီက အေးအေးဆေးဆေး ၀င်ပြောပါတယ်။

“ ဖေဖေ့တုန်းကလည်း ဒီလိုပါပဲ..။ သူဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တိုင်းအပေါ် အားလုံးက တပြိုင်နက်ထဲ ထောက်ခံခဲ့တာမှ မဟုတ်တာ..။သဘောကျတဲ့သူတွေ ရှိသလို.. ကန့်ကွက်တဲ့သူတွေ ရှိနေမှာပဲ..။ ဒါဖြစ်စဉ်ပဲလေ…..။

ဖေဖေဆို ဘယ်လောက် ရင်ဆိုင်ခဲ့ရသလဲဆိုတာ ဘဘတို့ ( ဦးတင်ဦး၊ဦးအောင်ရွှေ၊ဦးကြည်မောင် ၊ ဦးလွင် တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။)ဆို အသိဆုံးပါ။

အန်တီ မှတ်မိနေသေးတယ်…အိမ်မှာဖေဖေက စာတန်းတောင် ချိတ်ဆွဲထားတာ ..။ ရိုးရိုးလေးပါ..။

” ကိုယ်ကောင်းရင် ခေါင်း ဘယ်မှ မရွေ့ဘူး...တဲ့။"


အဲဒီနေ့က အန်တီရဲ့ ခြံရှေ့ဟောပြောပွဲလုပ်မယ့်နေ့ ဖြစ်တဲ့အပြင် ဟောပြောပွဲစဖို့ကလည်း အချိန်က နီးကပ်လာပြီမို့… ကျနော်တို့ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့တယ်။

ကျနော်တို့ အန်တီ့ အိမ်ထဲက ထွက်လာတော့ အိမ်ရှေ့မှာ ဟောပြောပွဲက စခါနီးနေပြီ၊ လူတော်တော်များများ တံခါးပေါက်ရှေ့မှာ ပိတ်နေလို့ တောင်းပန်ပြီး ကျော်ခွထွက်လာခဲ့ရတယ်။ မျက်နှာချင်းဆိုင် လမ်းတဘက်မှာရှိတဲ့ အိမ်ကြီးထဲမှာတော့ ထောက်လှမ်းရေးများကလည်း နေရာယူလို့ စတော့မယ့် ဟောပြောပွဲအတွက် ဗွီဒီယိုရိုက်ဖို့ ပါ။ လူတွေက တဖွဲဖွဲ၊ ယာဉ်ထိန်းရဲတွေက လမ်းဘေး တဘက်တချက်ကို သံဆူးကြိုးတွေနဲ့ ကာထားတဲ့ အတွင်းပိုင်းမှာ ယာဉ်တန်းတွေကို လက်ပြနေတယ်။ အန်တီ ထွက်လာတယ်ဆိုရင်ပဲ......

“ ဒေါ်အောင်ဆန်းစုကြည်………… ကျန်းမာပါစေ ..”

ထပ်ခါ.. ထပ်ခါ ဆိုတဲ့ သံပြိုင် အော်ဟစ် ဆုတောင်းပေးသံတွေက မိုးထိ ညံတက်သွားတယ်။

အန်တီက လက်လေးဝှေ့ရမ်း၊ အပြုံးတွေနဲ့နှုတ်ဆက် ……..။
ခေါင်းပေါ်မှာလည်း ပန်းတွေ ဝေဆာလို့………..။

ဘေးတဘက်တချက်မှာတော့တချိန်ကမြန်မာ့တပ်မတော်ရဲ့ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်ခဲ့
တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး ၊ နောက်တစ်ယောက်က စစ်တိုင်းမှုးတာဝန်ကိုယူခဲ့တဲ့ ဗိုလ်မှုးကြီးကြည်မောင် ………။


သူတို့နှစ်ယောက်က ခြံစည်းရိုး တံခါးပေါ်က ငေါထွက်နေတဲ့ သံတိုင်လေးတွေကို ဘယ်ညာဆုပ်ကိုင်ထားရင်း .. မျက်လုံးတွေကတော့.. လူထုကြီးဆီကို ဖြန့်ဝဲလို့………။

“ ကျမကို မေးလာတဲ့မေးခွန်းလေးက … ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်လို့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ … ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်ပါသလား....တဲ့ ။ သိပ်ကောင်းတဲ့မေးခွန်းလေးပါ ” …။


အန်တီဟာ သူဖတ်လိုက်တဲ့ စာရွက်လေးကို ကိုင်ထားတဲ့လက်ကို ဘေးကို ချလိုက်ရင်း… ပရိသတ်ကို ပြုံးကြည့်လိုက်တယ်…..။ ညာဘက်လက်က မိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း…. “ ကျမဟာ.. သာမန်လူသားပါ..။ ကြောက်စရာနဲ့တွေ့ရင်… ကြောက်တတ်တာပေါ့…..။" (လက်ခုပ်သံများ) "........ကိုယ်ယုံကြည်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ.. ကြောက်ကြောက်နဲ့လုပ်ရတဲ့ အခါလည်းရှိပါတယ်…။ကြောက်နေတယ်ဆိုတာ တခါတလေ့ အကျင့်လည်းဖြစ်တတ်တယ်…..။ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ်…..။" (လက်ခုပ်သံများ ) "…………သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့မှန်တာကို လုပ်ရဲတာပဲ ” ပရိသတ်ကြီးဟာ ငြိမ်သက်စွာနဲ့  အန်တီစုရဲ့ စကားလုံးတွေကြားမှာ နစ်မျောသွားတယ်..။ တခါတရံ ကုက္ကိုင်းလမ်းမကို ဖြတ်မောင်းလာတဲ့ကားတွေရဲ့ ဟွန်းသံတွေ ထွက်ထွက်လာတာကတော့ .. စိတ်အာရုံကိုအနှောက်အယှက်ဖြစ်သွားစေခဲ့တာအမှန်ပါ..။ သို့သော်လည်း သူတို့လည်း သူတို့ခရီးကို သူတို့သွားကြတာဆိုတော့ … နားလည်ပေးလိုက်ကြပြန်ပါတယ်….။

“ ဒီခေတ်မှာဆိုလို့ ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်…။ အများကြီး ဒုက္ခအပေးခံရတယ်….။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့ လိုတယ်…….။” (လက်ခုပ်သံများ) လက်ခုပ်သံတွေတောင် မဆုံးခင်မှာ ကားတစ်စီးက ဖြတ်မောင်းလာပြီး ဟွန်းသံကို မနားတမ်း ပေးတယ်။ လမ်းပေါ်မှာ ကားတွေက သိပ်ညှပ်နေတာလည်း မဟုတ်ဘဲနဲ့ .....အန်တီစုနဲ့ မျက်နှာချင်းဆိုင်နားလောက်ရောက်တော့ ကားကို ဖြေးဖြေးလေးမောင်းလာပြီး ဟွန်းသံကို လုံးလုံးမရပ်ဘူး၊

အန်တီစုလည်း စကားဆက်ပြောလို့ မရတော့ဘူး။နားထောင်နေတဲ့လူအုပ်ကြီးက ပွစိပွစိဖြစ်ကုန်တော့မှ ကားကိုမောင်းပြေးတယ်။ မကြာခင်မှာပဲ အလားတူ ဟွန်းသံရှည်ဆွဲလာတဲ့ ကားတစ်စီး၊ နောက်ထပ် တစ်စီး….. နောက်ထပ်…….နောက်ထပ်…….။ အားလုံးအတွက် စိတ်အနှောက်ယှက် ဖြစ်စေခဲ့တာတော့အမှန်ပါ..။ဒါပေမယ့် အန်တီစု အပါအ၀င် လူထုကြီးက စိတ်ရှည်ရှည်နဲ့ သည်းခံရှာပါတယ်။ အဲဒီလို အဖြစ်ပျက်တွေက ဟောပြောပွဲကာလ အချိန်တွေ မှာ နေ့စဉ်နဲ့ ဆိုသလို ကြုံတွေ့ခဲ့ရတာပါ။

တခါ စစ်ထောက်လှမ်းရေးတွေဟာ တာဝန်အရ လူတွေကို အရက်မူးအောင်တိုက်ပြီး လူအုပ်ကြီးကြားထဲ လွှတ်လိုက်တယ်။ အရက်မူးသမားတွေက လူအုပ်ကြီးကို စိတ်အနှောင့်ယှက်ဖြစ်အောင်လုပ်တော့တာပဲ။ သို့သော်လည်း NLD က လုံခြုံရေးယူပေးနေတဲ့ လူငယ်တွေက ဘယ်တော့မှ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူခဲ့ဘူး ။ အဲဒီလိုလူတွေကို အသာပဲ ခေါ်ပြီး လူအုပ်ကြီးနဲ့ဝေးရာကို သွားပို့လိုက်တယ်။

စဉ်းစားကြည့်မိတယ်။ တကယ်လို့ ဒီနေရာမှာ နအဖရဲ့ စစ်ဗိုလ်ချုပ်တစ်ဦး မိန့်ခွန်းပြောခဲ့ချိန် ဖြစ်မယ်ဆိုရင်.. ဒီလိုလုပ်လို့ရနိုင်မလား…။ ချက်ခြင်းကို ထောင်ထဲပို့ပစ်လိုက်မှာ အမှန်ပါ။


အမှန်တရားတစ်ခုရှိတယ်.. ။ "စိတ်နဲ့တန်သော ဘ၀...." တဲ့။

"စိတ်ကောင်းရင်---ဘ၀ကောင်းမယ်။

စိတ်မြင့်ရင်------ဘ၀မြင့်မယ်။

စိတ်ယုတ်ရင်---ဘ၀ယုတ်မယ်။

စိတ်ကောက်ရင်----ဘ၀ကောက်မယ်။”

ဒီလိုယုတ်မာမှု့တွေရှိသလို အင်မတန်မှ မြင့်မြတ်ဖြူစင်တဲ့နှလုံးသားပိုင်ရှင်များကိုလည်း ဟောပြောပွဲ အပြီးမှာ တွေ့ရပါတယ်။ အဲဒါကတော့ ဟောပြောပွဲပြီးလို့ ကျန်ရစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို လိုက်လံရှင်းလင်းပေးတဲ့ NLD ပါတီဝင်များအပါဝင် လူပုဂ္ဂိုလ်အချို့ပါ။ သူတို့ကိုဘယ်သူကမှခိုင်းတာမဟုတ်ဘူး။ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ကူညီကြတာ ၊ ဘာအကျိုးစီးပွားမှ မမျှော်လင့်ဘူး ။ ကိုယ့်စရိတ်နဲ့ကိုယ် လာတယ်၊ သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီကြတယ်………။ ဘယ်လောက်ချစ်စရာ…လေးစားစရာကောင်းတဲ့ဆောင်ရွက်မှု့တွေလည်းဆိုတာ ….. စဉ်းစားကြည့်ရအောင်ပါ.....။

( မောင်မောင်ဝမ်း )

အပိုင်း ( ၆ ) ဆက်ပါဦးမည်။.........




ကလေးမြို့ဆုံးဖြတ်ချက်ကြေငြာစာတမ်းနှင့်ပါတ်သက်၍ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၏ထုတ်ပြန်ကြေငြာချက်

NLD _LA_ Statement for Kalay Declaration_2

ကဲကြည့်လိုက်ကြပါအုံး..မြန်မာပြည်တွင်းမှာနော် ..မြန်မာမိန်းကလေးတွေ ဆိုတာ ပြောမှယုံရမှာပါလား..



အောက်တိုဘာလ (၁၇) ရက်နေ့က လှည်းတန်း စိန်ဂေဟာ စတိုးမှာ ပြုလုပ်ခဲ့တဲ့ အဆိုတော်သစ် ဒီရေတိုး ရဲ့ တစ်ကိုယ်တော် စီးရီး "အပိုင်း ၁" Promotion ပွဲ ဗီဒီယို ပါ။

နအဖ သန်းရွှေ့နှင့် လက်ပါးစေများအတွက် ထို့ အပြင် လူပုံအလည်မှာ ပုဆိုးလှန်ပြရဲတဲ့ အောင်သိန်းလင်းအတွက် အံ့မခန်းပါဘဲ။



မြန်မာပြည်တွင်းဂျာနယ်တွေမှာတောင်အခုလိုဖော်ပြသောမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အစားအစာနှင့်သောက်သုံးရေအဓိကလိုအပ်နေ ဆိုတာကဲ့ဘယ်သူမှာတာဝန်အရှိဆုံးလဲ

အားအလွန်ကောင်းသော ဆိုင်ကလုန်း ဂီရိကြောင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ မြေပုံ၊ မာန်အောင်၊ အမ်း၊ ပေါက်တောမြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများခဲ့ကာ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း အခြေခံ အဆောက်အအုံနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ရေဘေးဒဏ်သင့် ပြည်သူများအတွက် အဓိက လိုအပ်လျက်ရှိသော အစားအစာနှင့် သောက်ရေလိုအပ်ချက်ကို ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများမှ စေတနာရှင်များ လှူဒါန်းမှုဖြင့် ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း ၄င်းကပြောသည်။


“ကျောက်ဖြူမြို့နယ်မှာ သောက်ရေ လုံလောက်ပေမယ့် ဈေးအသင့်အတင့်ရှိတဲ့ ဆန်ကလိုသလောက် ဝယ်မရတာမျိုးဖြစ်နေတယ်။ ကျောက်ဖြူနဲ့ မြစ်ခြားတဲ့ မြေပုံမြို့နယ် ကျွန်းသာယာရွာမှာတော့ ရေတွင်းတွေထဲကို ရေငန်တွေ ဝင်သွားလို့ သောက်ရေ အခက်အခဲ အတော်ဖြစ်နေလို့ ကျောက်ဖြူကနေ ဆန်ရော၊ သောက်ရေရော ပို့ပေးနေရတယ်။ ရေလမ်းနဲ့ပဲ ဆက်သွယ်လို့ရတယ်။ မြေပုံမြို့နယ်ထဲက မြေပြန့်ကျတဲ့ သင်ပေါင်းချောင်းရွာ၊ ငပတုန်ရွာတွေကိုလည်း ဆန်နဲ့ သောက်ရေတွေ ပို့ပေးနေရတယ် ” ဟု ၄င်းကပြောသည်။ ကျွန်းသာယာရွာတွင် သေဆုံးသူ ၁၀ ဦးရှိကာ ၃၀ ပျောက်ဆုံးလျက် ရှိကြောင်း ၄င်းကပြောသည်။


မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှလည်း ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီဖြစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိသည်။ မုန်တိုင်းကြောင့် ပျက်စီးမှုများကိုလည်း ရှင်းလင်းလျက် ရှိဆဲဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။