Showing posts with label သရော်ပုံ. Show all posts
Showing posts with label သရော်ပုံ. Show all posts

12 June 2011

ပထမဆု လိုချင်လို့ ငွေပေး သူလည်းရှိနေပြီ၊ ပထမဆု ပေးရမယ့် သူလည်း ရှိနေပြီ (ပထမဆုရချင်သလားဟေ့ လာထား)

ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဈေးကွက် စီးပွားရေး ဆိုတဲ့ ခေတ် ကြီးမှာ ဈေးကွက်ကို ကျယ်ကျယ် ပြန့် ပြန့် ဖော်ဆောင် နေကြတဲ့ ခေါင်းစီး အမျိုးမျိုး တပ်ပြီး မော်ဒယ်ပြိုင်ပွဲတွေ၊ အလှမယ်ပြိုင်ပွဲတွေ ကျင်းပစီစဉ်သူ တွေရဲ့ သတင်းစကားကိုကြားရတော့ ရော်ရည်ရွယ်ရာတို့လေ တယ်လည်း လုပ်စားတတ်ကြပေ့ကွယ် ဥာဏ် အမြော်အမြင်လည်း ကြီးပ၊ ဈေးကွက် ကိုလည်း မြင်ပလို့ တွေးရင်း ရွှေဥာဏ် ကြီးရှင်တွေကို အံ့ဩပြီးရင်းကို အံ့ဩ နေကြရတော့တာပါပဲ။

ခေါင်းစီး အမျိုးမျိုးတပ်ကာ မယ်ပြိုင်ပွဲ၊ ပထမဆုလိုချင်လို့ငွေပေးသူလည်းရှိနေပြီ၊ ပထမဆုပေးရမယ့်သူလည်းရှိနေပြီ မော်ဒယ်ပြိုင်ပွဲကျင်းပမည် ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဈေးကွက် စီးပွားရေးဆိုတဲ့ ခေတ် ကြီးမှာ ဈေးကွက်ကို ကျယ်ကျယ်ပြန့် ပြန့် ဖော်ဆောင်နေကြတဲ့ ခေါင်းစီး အမျိုးမျိုးတပ်ပြီး မော်ဒယ်ပြိုင်ပွဲတွေ၊ အလှမယ်ပြိုင် ပွဲတွေ ကျင်းပစီစဉ်သူ တွေရဲ့ သတင်းစကားကိုကြားရတော့ ရော်ရည်ရွယ်ရာတို့လေ တယ်လည်း လုပ်စားတတ်ကြပေ့ကွယ် ဥာဏ် အမြော် အမြင်လည်း ကြီးပ၊ ဈေးကွက် ကိုလည်း မြင်ပလို့ တွေးရင်း ရွှေဥာဏ် ကြီးရှင်တွေကို အံ့ဩပြီးရင်းကို အံ့ဩ နေကြရတော့တာပါပဲ။

ခေါင်းစီး အမျိုးမျိုးတပ်ကာ မယ်ပြိုင်ပွဲ၊ Miss ပြိုင်ပွဲကျင်းပမည် ကုမ္ပဏီတွေကို စပွန်ဆာ လိုက်တောင်း၊ ပြီးတော့ ပထမ ဆုလိုချင် သူကို ငွေသိန်း ဘယ်လောက် လိုက်တောင်း ပထမ၊ ဒုတိယ ၊တတိယ သပိတ်ဝင်အိတ် ဝင်ပေးရမယ့် စာရင်း ထွက်လာပြီဆိုမှ ဟိုခန်းမလေး ဒီခန်းမလေးပြေးငှား၊ ကြုံ ရာကျပန်း ဒိုင်လေးတွေကို ခေါ်ပြီး ကျင်းပ တဲ့ပြိုင်ပွဲတွေ အကြောင်း ကိုလည်း ရော် ရည်ရွယ်ရာတို့ နားနဲ့ ဆတ်ဆတ်ကြားရ၊ မျက်စိနဲ့ တပ်အပ်မြင်ရ အဲ့ဂလို မြင်ရ ကြားရတဲ့ အခါအတော် လည်း စိတ်မသက် မသာဖြစ်ရတာပဲ ကလားဟရို့ ပြိုင်ပွဲ ကျင်းပ သူတစ်ယောက်က ဆိုရင် ပိုး တွေအများကြီးရှိတယ် ဆရာကြီးတို့ရဲ့၊ ဆုကို ငွေဘယ်လောက် ပေးရပေးရ ဝယ်မယ်ဆိုတဲ့ မျိုးဆက်သစ် တွေလည်း အများကြီးရှိတယ် ဆရာကြီးတို့ရဲ့။

အဲဒီလိုလူမျိုးတွေ ပေါ်ပင်အောင်မြင် လိုသူတွေရှိနေသမျှ ကျွန်တော်တို့ ဟို မယ်ဒီမယ် အချိုရည်မယ်၊ ဇီးထုတ် မယ်၊ မယ်ပြိုင်ပွဲတွေကတော့ ရေပန်း စားနေဦး မှာပဲ။ ကျွန်တော်တို့ပဲ ကျင်းပ နေရဦးမှာပဲ တကယ်တော့ ဆရာကြီး တို့ရယ် အညှာကိုသိရင် ခူးရတာလွယ် ပါတယ်။ အခုလည်း ဆုပေးရမယ့်စာ ရင်းငွေပေးပြီး ဆုယူမယ့်သူ(၃)ယောက် ထွက်လာပြီဆိုတော့ ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ မယ်ပြိုင်ပွဲ ကျင်းပဦး မယ်။ ဆရာကြီး ရော်ရည်ရွယ်ရာတို့ လည်း မီဒီယာ တွေထဲကနေ ဘေးတီး ပေးလိုက်ပါဦးလို့ အဲဒီလို လက်ဖက်ရည် တစ်ခွက်နဲ့သူခိုးသားရည်ဖော်ညှိလာတဲ့ သားကောင့်သားကို ရော်ရည်ရွယ်ရာ တို့ သူငယ်ချင်း တစ်စုထိပ် ကိုဖုအောင် ထုမယ်ကြံ တုန်းဈေးပြိုင်စနစ်နဲ့ ဈေးပို ပေးမယ့် မယ်တစ်ယောက်ရဲ့ ဖုန်းခေါ် သံကြောင့် အပြေးကလေး ထွက်သွားပါ ရောလား။ ဪ မယ်တွေ မယ်တွေ ငွေတွေ ငွေတွေရှာရတာ လွယ်သပ။ (ပထမဆုရချင်သလားဟေ့ လာထား)

First Music News Journal

အဟီး ဆော်ရီး ဆော်ရီး မြန်မာပြည်က ဗီဒီယို ကားကြီး

ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဗီဒီယို ထုတ်လုပ်သူ ကိုကို မမများရဲ့ (အချို့ ဆိုလို တာပါ) ပစ္စ လက္ခတ်နိုင်မှု များ ကတော့ ကိုယ့် ကုမ္ပဏီက ထုတ်တဲ့ ကား ခဏ လောက် ခလေးများ တောင် ပြန်မကြည့်အားနိုင်ကောင်းလားရယ် လို့ ရော်ရည်ရွယ်ရာတို့နည်းတူ မေတ္တာ ပို့ချင်ကြပါသလား ပုံဆောင်ခဲပရိသတ် ကြီးရေ ဟုတ်တယ် ဟုတ်။ တစ်ကား လုံး အသံကတခြား၊ အမူအယာက တခြား၊ လွဲမှားနေတာတွေကို ပြော လို့မဆုံးခင်မှာပဲ ဟော အခုလည်း တောင်းပန်ရပြန်ချေပြီတကား။

ဘာတဲ့ တုန်း ရွာစားရေ။

အထင်ကရဇာတ် ညွှန်းရေးဆရာရဲ့အမည်ကို လွဲမှားစွာ အခြားအမည်တစ်ခု စာတန်းထိုးပြီး ရုပ်ရှင်တစ်မျိုး ဗီဒီယိုတစ်မျိုး ဖြစ်သွား တဲ့အပေါ် ဇာတ်ညွှန်းရေးဆရာကြီးက လည်း ဒေါသပွား၊ အချောင်နာမည် အတပ်ခံလိုက်ရတဲ့ဆရာကလည်း ပီတိ ပွား၊ ဒါပေမဲ့လို့ ပရိသတ်ကြီးကတော့ သို့လော သို့လော သံသယပွားရတဲ့ ဇာတ်ကား တစ်ကားအကြောင်းဆိုပါ တော့။

မြန်မာပြည် တစ်နှံ့တလျား ဖြန့် ချိပြီးတော့မှ ဟယ် မှားသွားပြီ (ဒါ တောင် သူများပြောမှသိတာနော်) အဲဒီ ဆရာကို တောင်းပန်ရမယ်။ ဘွာတေး ဘွာ တေးဆိုတာ လောက်နဲ့ ကာယကံ ရှင်ဖန်တီးတဲ့အနုပညာဟာလွဲမှားသွား ခွင့်ရှိပါသလား။

အနုပညာကို တန်ဖိုး ထားတယ်မြတ်နိုးတယ်ဆိုရင်၊ပရိသတ် ကြီးကိုလည်း လေးစား တန်ဖိုး ထားတယ် ဆိုရင် ကိုယ်ရိုက်တဲ့ကား ကိုယ်ထုတ် တဲ့ကား ခဏလေးဖြစ်ဖြစ် မထုတ်ခင် မဖြန့်ခင်ပြန်ကြည့်ပေးကြပါလားကွယ် လို့ တောင်းပန်သမှုပြု လိုက်ချင် ပါဘိ တော့။ အခုတော့ တစ်ချက်ကလေး တောင်ငဲ့စောင်းမကြည့်မှားသွားမိမှ အဟီး အဟီး ဘွာတေး ဘွာတေးလို့ပြော တိုင်းပြီး သလားကွယ် လို့မေး လိုက်ချင် ပါ ရဲ့။(မမှားမှား မှားမှားမှားမှား ငွေများများ ရဖို့အဓိက ရို့ ရို့ ရို့)

First Music News Journal

06 November 2010

နှိုင်းယှဉ် ထားပုံ တစ်ခုပါ..။

ပြည်သူ့တွေကတော့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ စေတနာ အမှန်နဲ့ တကယ် ပြည်သူလူထုမေတ္တာ စေတနာ
အပြည့်အဝ ရရှိခဲ့တဲ့ ကျမတို့ခေါင်းဆောင်



ခြင်္သေ့ တံဆိပ် တိရိစ္ဆာန် စိတ်နဲ့ လူမျက်နှာတွေရဲ့ပါတီဆိုတော့တိရိစ္ဆှာန်တွေဘဲ ချစ်တဲ့ ပါတီ၊ ဒီပါတီ ကိုခေါ်ပါသလား..။

02 November 2010

ဦးသန်းရွှေ ပြောပြောနေတဲ့ ခေတ်မှီတိုးတက်တဲ့စက်မှုနိုင်ငံတော်ကြီးမှာခုလိုလေယာဉ်ဘီးကျွံတာလောက်များ အခုလိုလုပ်လိုက်တော့ဘာဖြစ်လဲ ဓာတ်ပုံ သတင်း


ကဲ ဘယ်လောက်အဆင်ပြေ သွားလဲ ကြည့်ကြပါအုံး...ရွာကနွားလှည်းဘီးကျွံ သလိုပေါ့ ခုလို လုပ်လိုက်တော့လဲ ရတာဘဲတဲ့..၊ မြန်မာပြည်က သိပ်ကိုခေတ်မှီတိုးတက် နေတဲ့ စက်မှု နိုင်ငံတော်ကြီးလို့ နအဖ ရဲ့ ပြောစကား ယုံပြီး မဟုတ်လား..။


ထိုင်းလေကြောင်းလိုင်း (TG) ပိုင် Air Bus A-300 လေယာဉ်တစ်စင်း



ဦးသန်းရွှေ ရဲ့ ခေတ်မှီ တိုးတက်နေတဲ့ စက်မှု နိုင်ငံတော်ကြီး ရဲ့ ပေါများလှတဲ့ လမ်းအက်ကြောင်းတွေ



လေယာဉ်ပျံ ကို ဘယ်လိုလုပ်ရမလဲပေါ့ စဉ်းစားနေကြပုံ နောက်ဆုံးတော့ လည်း မြန်မာပြည်မှာ ခဏခဏ ဘီးတွေ ကျွံနေတာ လုပ်နေကျဘဲကွာ ထုံးစံ အတိုင်းဘဲပေါ့ ချိုင့်ခွက်တွေထဲ ကျနေတဲ့
လှည်းဘီး ကို လုပ်သလိုသာ လုပ်လိုက်ပေတော့ တဲ့..။

29 September 2010

နအဖစစ်အာဏာရှင်များနယူးယောက်မှာကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာခေါင်းပေါင်းတွေကိုယ်ဆီ ညာချပြီတက်ရောက်နေသောပုံများ


နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စကားပြောနေတဲ့ နအဖ စစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တဖြစ်လဲ လူပျက် ဉာဏ်ဝင်း


စစ်အာဏာရှင် အစိုးရ ကတော့လူတွေကိုညာချဘို့ခေါင်းပေါင်းကိုကြိုပြီးညာချထားပါပြီး


ပြည်ပ လူရွှင်တော် သီးလေးသီး၊ ပြည်တွင်း စစ်အာဏာရှင် လူရွှင်တော် သီးခြောက်သီး


ဓာတ်ပုံ AP

27 April 2010

ဤဓါတ်ပုံ နှစ်ပုံ ကို ယှဉ်ကြည့်ပါ ပညာရှိတို့များ စကားပြန်မလို။

ပြည်သူလူထုကချစ်ခင်လေးစားအားကိုးတဲ့မြန်မာနိုင်ငံကပြည်သူတွေချစ်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်


ပြည်သူလူထုကိုမတရားလက်နက်အားကိုးနဲ့ဖိနှိပ်ချုပ်ချယ်နေတဲ့ပြည်သူချဉ်ပတ်စစ်အစိုးရရဲ့
ခေါင်းဆောင်ဦးသန်းရွှေ

ကွာခြားပုံများကတော့

ပညာရှိတို့များ စကားပြန်မလိုပါ။ တိုက်ရိုက် ကိုစကားပြောနိုင်တယ်။ အရည်အချင်း တွေ ကဒီလို ကွာတာ။

(သန်းရွှေ)တို့က အင်္ဂလိပ်လို မှမတတ်တာ... တိုင်းပြည်အတွက်.. ၁၀ တန်းတောင် မအောင်ဘဲ.. စစ်ထဲဝင်လိုက်ရတာကို...

သူ ကမတတ်တော့ အင်္ဂလိပ်လို ကြေညာချက်တွေထုတ်တော့ သူမသိဘူးပေါ့.. အဲ့ဒါကြောင် နိုင်ငံတကာ ကဘာပြောပြော သူ ဂရုမစိုက်နိုင်တာပါ.....

20 January 2010

နအဖနဲ့  ၂၀၁၀ ။



ပေးပို့ပေးသော က်ုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။