07 March 2010

"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.." “May I reward your affection, Mother”

မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့အတွက် မောင်လေးအလင်းဆက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဂုဏ်ပြုထားပါတယ်။




"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.."
“May I reward your affection, Mother”

သည်းစွာသောအနာကို ကုစားပါအံ့
May I cure your serious ailments


သမီး၏လုံ့လ၀ီရိယဖြင့် နာလန်ထူပါစေအံ့....

With my diligence and industry, Mother.


မွေးကျေးဇူးကို မသိတတ်သော ထိုသူတို့အား သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို သမီးအား ပေးပါလေ...

Give me ability
that tempt those who
disregard the debt of gratitude, Mother.


တွေ့ရအံ့သော ဘေးရန်တို့ကို သမီး ထီမည်မဟုတ်...

I dare to face
any
oncoming danger…


တဘဝတွင် တခါသာ သေရသည်ဖြစ်၍ အဘယ်နည်းနှင့် သေရသည်ဖြစ်စေ သမီး၌ မထူးခြား...

It is no peculiar for me
to think of dying in any way.

I know all will pass away in life, Mother.



သမီး၏ စိတ်ကူးတို့ အကယ်အဖြစ်သို့ ရောက်သောအချိန်တွင် အသင်တို့သည်လည်း ပျော်မြူးကြရမည်...

You all will be happy surely

When my dreams come true.



အခြားအခြားသော သူတို့၏ ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...

I pay no mind to their

condemnation,

ridicule,

hate,or

defamation, Mother.



မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏..

I long passionately for the praise

that I am your true and worthy daughter, Mother.


လောကတွင် မိခင်၏ကျေးဇူးကို အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။

I wish to be only a person

who deserve your gratitude, Mother.


အောင်ဆန်းစုကြည်
Aung San Suu Kyi

Translated by Alinsek

5.March, 2010