11 March 2010

စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ချိတ်ပိတ်ထားသော အဖွဲ့ချုပ်ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်း.....





ယနေ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ လိုက်နာဖို့အတော်ခက်ခဲပြီး တမင်တကာရည်ရွယ်ချက် ရှိရှိနဲ့လုပ်ဆောင်သွားတာ ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်....။

" ဒီကနေ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားတာကတော့... ဒီနေ့ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက စောင်းပေးပြီး ထုတ်ပြန်သွားတာလို့ ပြောလို့ရပါတယ်...။ ဒီဥပဒေ မှတ်ပုံတင်မတင် မဆုံးဖြတ်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CEC)တွေအာလုံးတွေ့ဆုံပြီး စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် အားလုံးတွေ့ဆုံခွင့်ရဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် အန်ကယ်တို့ တွေ့ဆုံခွင့် ရဖို့တောင်းဆိုပါမယ်။ အရေးကြီးတာကတော့ အဲ့ဒီဥပဒေတွေမှာ ပါတဲ့အပိုဒ်တွေဟာ လိုက်နာဖို့ အင်မတန်ခက်ခဲပါတယ်။ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်သွားတာပါဟု" ပြောဆိုသွားပါတယ်။


ယနေ့ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအဓိက စောင်းပေးပြီး ထုတ်ပြန်သွားတာဖြစ်ကြောင်း အကဲခတ်များက ပြောဆိုပါတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေတွင် ထောင်ဒဏ်ကျခံနေသူများအား ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ရေးသားထားပြီး သတ်မှတ်ထားသော ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားခြင်းမပြုပါက အလိုအလျှောက် ပျက်ပြယ်သွားမှာ ဖြစ်ကြောင်း တဘက်သတ်ရေးသားထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့  နောက်ဆုံးအပိုဒ် ၂၇ အရ - “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ်၊ ၄/၈၈) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်” ဆိုတဲ့အချက်တချက်လည်း ပါဝင်နေခြင်းဟာလည်း ယခင်နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်နေတဲ့ ပါတီတွေကို တရားမဝင်တော့တဲ့ သဘောကိုဆောင်နေပါတယ်။

ဆက်လက်ပြီး ယနေ့ ပြည်နယ်နှင့်တိုင်းတွေမှာရှိတဲ့ ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းတွေကို ယနေ့ညနေ ၄နာရီ ပြန်လည်ဖွင့်ခွင့်ပေးကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်....။

ဗုဒ္ဓဟူးနေ့ည ၁၁နာရီအထိ ....... နောက်ဆုံးရရှိတဲ့ ပြန်လည်ဖွင့်ခွင့်ပြုတဲ့ နေရာတွေကတော့ ....... ရန်ကုန်တိုင်း..... တိုင်းရုံး ၊ ဒဂုံမြို့သစ်၊ အလုံ။ မန္တလေးတိုင်း..... တိုင်းရုံးအပါအဝင် မြို့နယ်များ.. စစ်ကိုင်းတိုင်း.... အင်းတော်၊ မုံရွာ၊ ရေဦး၊ ရွှေဘို.. ပဲခူးတိုင်း..... ပြည်၊ ပေါင်းတည်... ရှမ်းပြည်နယ်.... ရှမ်းပြည် မြောက်ပိုင်း ၁၁ မြို့နယ်.... မွန်ပြည်နယ်... ဖွင့်ခွင့်ပြုလို့ လိုက်သွားကြတယ် ဟုသိရ... ကချင်ပြည်နယ်... မိုးညှင်းမြို့နယ် တို့ဖြစ်ပါတယ်..... ဒီနေ့ညနေ ၄နာရီနောက်ပိုင်းကပါ.. ချိတ်ပိတ်ထားတာတွေကို ပြန်ဖွင့်ခွင့် ပေးမယ်ဆိုပြီးလာပြောတာပါ။ အချိန်ကိုက်လုပ်တာပါ... အန်ကယ်အမြင်တော့ ဒီနေ့ဥပဒေမှာ အဖွဲ့ချုပ်ကို စောင်းပေးနှိပ်ကွက် ပြီးတော့ တခုနဲ့တခု Balance ပြန်လုပ်တယ်လို့ ဒီလိုပဲမြင်ပါတယ် ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားတာပါတယ်။





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းများဟာ ၂၀၀၃ခုနှစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် အတွင်း နေရာတော်တော်များများ မှာရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး အပြီးမှာ စစ်အစိုးရမှ ရုံးခန်းအားလုံး ချိတ်ပိတ်ခဲ့ပါတယ်..။ နှစ်ကာလကြာမြင့်ပြီဖြစ်တဲ့အတွက် ရုံးခန်းများအနက် တချို့ရုံးခန်းများမှာ ပျက်စီးယိုးယွင်းမှုများနဲ့ ကြုံတွေ့နေရပါတယ်။ ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးချုပ်ကိုသာ ဟန်ပြဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။

သတင်း.... ဒီမိုဝေယံ