03 November 2010
နအဖ ရဲ့ရွေးကောက်ပွဲ မှာ ကြံ့ဖွတ် ပါတီ က လာဒ်ပေးစည်းရုံး မှုပြုလုပ်နေသောပါတီတစ်ခုဟု စည်းကမ်းဘောင်ထဲကလုပ်ကိုင်နေတဲ့ တစည ပါတီ ကပြောကြား
လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက သူတို့ ရွေးကောက်ပွဲ ဝင်ကြမယ့် နေပြည်တော်မှာ ငွေအင်အား လူအင်အားနဲ့ မဲဆွယ် စည်းရုံး နေလို့ သူတို့နဲ့ယှဉ်ပြိုင်မယ့် ပါတီတွေ အခက် အခဲ ရှိနေတယ်လို့ သူတို့နဲ့ အဓိက ပြိုင်ဖက် တိုင်း ရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)က ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးးရေး ပါတီက တော့ ရာထူး အရှိန် အဝါနဲ့ ငွေအင်အား တွေကို သုံးပြီး မဲဆွယ် နေတာ ကြောင့် စည်းကမ်း ဘောင်ထဲက လုပ် ကိုင် နေတဲ့ သူတို့ တစည ပါတီ အနေနဲ့ အတော် ကြိုးစား လုပ်ဆောင် နေရ တယ်လို့ လယ်ဝေး မြို့နယ် အမျိုးသား လွှတ်တော် ကနေ ဝင်ရောက် အရွေးခံမယ့် အသက် ၇၃ နှစ် အရွယ် ဦးစိုးတင့်မောင် က ဘီဘီစီကို ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးတာ၊ တယ်လီဖုန်း တို့ ဆိုင်ကယ်တို့ ထုတ်ပေးတာ အပြင် ငွေကြေး ထုတ်ပေး တာတွေလုပ်ပြီး စည်းရုံး နေတာ လူအများ သိတယ်လို့ လည်း ဦးစိုးတင့်မောင်က ပြောပါတယ်။
သူတို့ အနေနဲ့ကတော့ ဝန်ထမ်းတွေ ကြားနဲ့ မြို့ပေါ် ရပ်ကွက်တွေ ကြားထဲ ဝင်ရောက် စည်းရုံးရေး မလုပ်နိုင်လို့ ကျေးလက်ကို အဓိက ထား စည်းရုံး နေရတယ် ကျေးလက် ဒေသမှာ သူတို့ကို ထောက်ခံ သူတွေ များပြီး၊ အင်အား များတယ် လို့လည်း သူက ဆက် ပြောပါတယ်။
သတင်း..ဘီဘီစီ
အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ကကျင်းပပြုလုပ်တဲ့ ကထိန်သင်္ကန်း ကပ်လှုပွဲ နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနား..




လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနား..နဲ့ ကထိန်သင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယနေ့မနက်(၇)နာရီက ရွှေပြည်သာမြို့နယ်ရှိ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ငြိမ်းတင်ရဲ့ အိမ်မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ဝင်များ.. ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်များ.. အပါအဝင် စုစုပေါင်း လူဦးရေ(၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်..။ကြိုတင်မဲပေးစေခြင်းတွင် စည်းမျဉ်းများ ကိုကျော်၍ တစ်ဖက်စောင်းနင်း မဲထည့်စေခြင်းများ ရှိနေသည်ဟု တစည ပါတီကန့်ကွက်သောကြောင့် ရပ်ဆိုင်းထားကြောင်းသိရ
ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် ငါးဖမ်းလှေလုပ်သားများအား ကြိုတင်မဲပေးစေခြင်းကို ၁-၁၁-၂၀၁၀ နေ့မှစတင်၍ ရပ်ဆိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ လာမည့် တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၇ ရက်)တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မြိတ်ကျွန်းစုတွင် ငါးဖမ်းဆီးခြင်းကို လုပ်ကိုင်လျက်ရှိသော ငါးဖမ်းလှေများမှ လှေလုပ်သားများအား ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးခဲ့ကြောင်းသိရသည်။ မြန်မာ့ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် ရေလုပ်သားများကို ၂၉-၁၀-၂၀၁၀ မှစတင်ကာ ကြိုတင်မဲပေးစေကာ ငါးဖမ်းထွက်ခွာခွင့် ပြုခဲ့ကြောင်း သိရသည်။
သို့ရာတွင် အဆိုပါကြိုတင်မဲပေးသည့် စနစ်ကို ၃၁-၁၀-၂၀၁၀ နေ့က အထိသာပြုလုပ်ခဲ့ပြီး ၁-၁၁-၂၀၁၀ နေ့တွင် ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။ “ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမယ့် လှေတွေက ရေလုပ်သားတွေကို ကြိုတင်မဲပေးနိုင်အောင် တာဝန်ရှိသူတွေက စီစဉ်ပေးထားပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး Check Point မှာကြိုတင်မဲပေးပြီး ပင်လယ်ပြင်ကိုထွက်ခွာနိုင်မယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သို့ရာတွင် ကြိုတင်မဲပေးမှု၌ ရေလုပ်သားများအား စည်းမျဉ်းစည်းကမ်းများကိုကျော်ကာ တစ်ဖက်စောင်းလုပ်ဆောင်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာသည့် အတွက် ပြိုင်ဘက်ပါတီများမှ တာဝန်ရှိသူများက အဆိုပါ ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်နေသည့် နေရာသို့ သွားရောက်ကြည့် ရှုခဲ့ကြကြောင်း သိရသည်။ “အောက်တိုဘာ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေမှာ ဒီလိုသတင်းတွေ ထွက်လာလို့ သွားရောက်ခဲ့ပါတယ်။ ကြိုတင်မဲပေးတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနေရာမှာ ကျွန်တော်တို့ပါတီက သတင်းပေးပို့မှုတွေလုပ်နိုင်အောင် လူတွေလွှတ်ထားပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အခါမှာ ကြားတဲ့အတိုင်းပဲ တစ်ဖက်စောင်း လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
နိုင်ငံတော်အနေနဲ့ ဒီရွေးကောက်ပွဲကို တရားမျှတအောင် ဆောင်ရွက်ပေးနေတဲ့အချိန်မှာ အခုလိုစည်းကမ်းချိုးဖောက်မှုတွေကို အောက်ခြေမှာ လုပ်နေတာတွေ့ရတဲ့ အတွက် ကျင်းပပေးတဲ့သူတွေ ကိုလည်း ထိပါးရာရောက်ပါတယ်။ ကျွန်တော်တို့ကလည်း ဒါကိုလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့ တိုင်းကော်မရှင်ကိုလည်း စာပို့ပါတယ်။ ရန်ကုန်ရုံးချုပ် ကိုလည်းစာပို့ပါတယ်။
နေပြည်တော်ဗဟိုကော်မရှင်အထိ စာပို့ပြီးပါပြီ။ ကျွန်တော်တို့ဆီကို ကြိုတင်မဲပေးတဲ့ကိစ္စရပ်ဆိုင်းထားတဲ့ စာမရောက်သေးပေမယ့် ၁-၁၁-၂၀၁၀ နေ့ကစပြီး ငါးလေလံဈေးမှာ ကြိုတင်မဲပေးနေတဲ့ကိစ္စတွေကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ တစ်ဖက်ပါတီက ကိုယ်စားလှယ်လောင်းတစ်ယောက်က ကြိုတင်မဲပေးတဲ့ နေရာအထိ ၀င်ရောက်လာပြီး သူတို့ပါတီကို ဘယ်လိုထည့်ရမလဲဆိုတာ ပြည်သူတွေရဲ့ဆန္ဒ မပါဘဲ ၀င်ရောက်ကြိုးကိုင်ချယ်လှယ်သွားတယ်ဆိုတာ သိထားရတယ်။
ကျွန်တော်တို့ ပါတီအနေနဲ့ အခုအချိန်မှာရော ရွေးကောက်ပွဲကာလမှာရော အခုလိုပြည်သူတွေရဲ့ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ဆောင်မှုတွေကို ကန့်ကွက်သွားမှာဖြစ်ပါတယ်”ဟု မြိတ်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းထွက်ခွာမည့် လှေများမှာ အများအားဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းတစ်ခါ ထွက်လျှင် ပျမ်းမျှ ရက် ၄၀ ကျော်မျှကြာမြင့်ကြောင်း သိရသည်။ ထို့အတွက် ယခုရက်ပိုင်းအတွင်း ငါးဖမ်းထွက်ခွာမည့်လှေများမှာ ရွေးကောက် ပွဲကိုမမီနိုင်တော့ကြောင်း သိရသည်။ ကြိုတင်မဲပေးသည့် ပထမရက်တွင် ငါးဖမ်းလုပ်သားများမှာ မိမိတို့ဆန္ဒအရ မဲထည့် သွားနိုင်ခဲ့ကြသော်လည်း နောက်ရက်များမှစတင်ကာ ဖိအားပေးစေခိုင်း သူများရှိလာခဲ့ကြောင်းသိရသည်။ “ပထမရက်တုန်းက ရေလုပ်သားတွေဟာ သူတို့ဆန္ဒအတိုင်း မဲထည့်ခွင့်ရခဲ့ကြတယ်။
ဒါပေမယ့် နောက်ရက်တွေမှာ ရေလုပ်သားတွေကို သူတို့ထည့်နေတဲ့ ပါတီဟာ မှားနေတဲ့အကြောင်း အခုအချိန်ကစပြီး ဒီတံဆိပ်ကိုပဲမှတ်ထားပြီး မဲထည့်ဖို့လိုမယ်ဆိုပြီး ရေလုပ်သားတွေရဲ့ အင်္ကျီမှာ သူတို့ပါတီတံဆိပ်တွေကို လိုက်တပ်ပေးတယ်။ သူတို့အနေနဲ့လည်း ရေလုပ်ငန်းကုမ္ပဏီ အတော်များများကို ချုပ်ကိုင်ထားပြီး သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ဖိအားပေးထားကြပါတယ်။ ငါးလေလံဈေးမှာ အဲဒီနေ့တုန်းက တံဆိပ်လေးတွေတပ်ပေးထားပြီး ကြိုတင်မဲပေးဖို့ စောင့်ခိုင်းထားတဲ့ ရေလုပ်သားတွေဟာ ၈၀၀ လောက်ရှိလိမ့်မယ်” ဟု ငါးလေလံဈေးသို့ ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကြိုတင်မဲပေးသည့် ကိစ္စနှင့်ပတ်သက်၍ တစ်ဖက်စောင်းလုပ်ကာ လုပ်ဆောင်နေသူများအား သတင်းပေးပို့ခြင်းမှုများကို ကော့သောင်း၊ ဘုတ်ပြင်း၊ သင်္ကထီး၊ အင်္ဂမော်စသောနေရာများမှာ လက်ခံရရှိထားကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြိတ်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ဖြစ်ကြောင်း သိရသည်ဟု news-eleven.တွင်ဖော်ပြပါရှိသည်.။
02 November 2010
ဒုတိယပင်လုံညီလာခံမှသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံသို့ အပိုင်း ၁ ဦးဝင်းတင်နဲ့ မေးခွန်းများ

တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖော်ဆော်ရန်အတွက် နိုင်ငံရေးပေါင်းစည်းမှု အင်အားတရပ် အဖြစ် အင်န်အယ်ဒီက ရပ်တည်မည်ဟု ပြောခဲ့ပြီးနောက်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များနှင့်အတူ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ထူထောင်နိုင်ရန်အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် ထောက်ခံကြောင်း၊ သဘောတူလက်ခံကြောင်း ပြောဆိုခဲ့သည်။
ထိုသို့သော ပြောဆိုချက်များကို ဦးတည်သော လှုပ်ရှားမှုများသည် ၂၀၁၀ နိုဝင်ဘာ ၇ ရက် စစ်အစိုးရ၏ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည်လား၊ ဘယ်တော့ စတင်မှာလဲ။ စစ်အစိုးရရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ၂၀၀၈ အခြေခံဥပဒေအတည်ပြုသည့် လွှတ်တော်တရပ် ပေါ်ထွန်းလာပြီးသည် နောက်မှာ စတင်မည်လား။ ယခုလို ဒုတိပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှုပေါ်ပေါက်လာသည့်အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သပိတ်မှောက်သည့် လှုပ်ရှားမှုများအပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။
ဆရာက ပြောကြားရာတွင် -
“ကျနော်တို့ အတိုက်အခံအင်အားတွေ၊ တိုင်းရင်းသားအင်အားစုတွေ ထုတ်ဖော်ပြောဆိုတဲ့ ဒုတိယပင်လုံညီလာခံခေါ်ဖို့ ကိစ္စဆိုတာက ရေရှည်ကိစ္စတခု ဖြစ်ပါတယ်။ ပေါ်ပင်လျောက်လုပ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် အပြီးလုပ်နိုင်တဲ့ အရာလည်း မဟုတ်ဘူး။ သမိုင်းရဲ့ အစဉ်အလာအရ လုပ်ကြမယ်ဆိုရင်လည်း ပြည်ထောင်စုနေ့ ပေါ်ပေါက်ခဲ့ရာ ဖေဖော်ဝါရီလလောက်မှာ လုပ်နိုင်ရင်လည်း လုပ်ကြရမယ် ဆိုတဲ့ သဘော။ နောက်ပြီးတော့ အခုရွေးကောက်ပွဲက အဖြေမဟုတ်ဘူး။ တကယ်အစစ်အမှန် အဖြေက အခုလိုမျိုး ဖယ်ဒရယ်ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းလာနိုင်ဖို့ ဆောင်ရွက်ကြရမယ့် ဒုတိယပင်လုံညီလာခံမျိုးက ၀ိုင်းလုပ်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာမျိုး ဖြစ်တယ်ဆိုတာ ပြောချင်တယ်။
ရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ကျနော်တို့တတွေက မတရားတဲ့ ကိစ္စတခု၊ မှားယွင်းတဲ့ လုပ်ရပ်တခုအဖြစ် ကျနော်တို့အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက လက်မခံနိုင်ဘူး။ သပိတ်မှောက်ကြဖို့ ကျနော်တို့က ဆက်လုပ်နေကြမှာပဲ။ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အကျိုးရလဒ်တွေ ဆိုတာဟာလည်း အများပြည်သူတွေ လက်ခံတဲ့ ကိစ္စမဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့နဲ့အတူ အားလုံးက ပြောဆိုနေကြပြီဖြစ်တယ်။ အဲသည်လိုမျိုး ကျနော်တို့က ရပ်တည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သီးခြား ဆောင်ရွက်နေတာဖြစ်တယ်။ သို့သော်လည်း ရွေးကောက်ပွဲနဲ့ရလဒ်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးစီးပွားမရှိဘူးဆိုတာကို ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင် သဘောပေါက်လာရင်လည်း အခုလိုမျိုး ဒုတိယပင်လုံညီလာခံ ခေါ်ယူတဲ့ဆီမှာ သူတို့တတွေလည်း ပါဝင်လာနိုင်တဲ့ အခြေအနေတရပ်လည်း ဖြစ်လာနိုင်တယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ အလွန်မှာ၊ စစ်အစိုးရ အလိုကျဖြစ်ပေါ်လာမယ့် လွှတ်တော်ဆိုတာရဲ့ အတွင်း၊ အပြင်မှာ ပါဝင်ခဲ့ကြသူတွေအချင်းချင်းမှာ ပဋိပက္ခတွေ မြင်တွေ့ရနေပြီ၊ ဒီထက်ပိုပြီး မြင်တွေ့လာရတော့မှာ ဖြစ်တယ်။ အဲဒါကို မျက်မြင်သက်သေဖြစ်နေရတဲ့ ကာယကံရှင် မဲဆန္ဒရှင် ပြည်သူလူထုတွေကလည်း ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလတွေမှာ သူတို့အတွက် ကောင်းကျိုးချမ်းသာ မဖြစ်စေဘူး ဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံတကာအပေါ်မှာလည်း ရွေးကောက်ပွဲရဲ့ သက်ရောက်မှုကလည်း စစ်အစိုးရက လိုချင်တဲ့ အကောင်းသက်ရောက်မှုတွေ ဖြစ်တော့မှာ မဟုတ်ဘူး။
အဓိကကတော့ အခုချိန်ကတည်းက ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပါဝင်ပတ်သက်နေသူတွေ အားလုံးဟာ စစ်အစိုးရအလိုကျ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဆိုတာနောက် တကောက်ကောက်လိုက်ပြီး အချိန်ကုန် လူပမ်း ဖြစ်နေကြမယ့်အစား၊ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလ လွှတ်တော်ပေါ်ပေါက်ရေး၊ မပေါ်ပေါက်ရေး၊ လွှတ်တော် အတွင်းအပြင် ဖြစ်ကြ ပျက်ကြတာတွေနောက် လိုက်ပြီးတော့ အချိန်ကုန်ပြီး အလဟသ ဖြစ်ကြမယ့်အစား၊ အခုကတည်းက ရွေးကောက်ပွဲနဲ့ တကွ ရလဒ်တွေကို လက်မခံဖို့ကို ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ပြီးတော့လည်း တပါတည်းပဲ တကယ်ကို နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေကို အာမခံပေးမယ့်၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီးပေါ်ပေါက်ဖို့ ၀ိုင်းပြီး လုပ်ကိုင်ကြဖို့ကိုလည်း အခုအချိန်ကတည်းက သိမြင်နားလည်ကြဖို့ လိုပြီဆိုပြီး အခုလို ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှု ဖြစ်ပေါ်လာတယ် လို့ ပြောချင်တယ်။”
အဲသည်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နေရာမှာ မေးတဲ့မေးခွန်းက လက်ရှိပါဝင်နေကြသူတွေ တဦးချင်း၊ တပါတီချင်း၊ နေရာဒေသတခုချင်း အလိုက် သပိတ်မှောက်တာတွေ ရှိနေသလား၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကြီး တခုလုံးအနေနဲ့ သပိတ်မှောက်တာလား။ ပြီးတော့ ရွေးကောက်ပွဲအပေါ် ဝေဖန်ထောက်ပြရာမှ၊ ကန့်ကွက်ပြောဆိုရာမှာ မည်သည့်အချက်တွေကို မူတည်ပြီး ဝေဖန် ထောက်ပြ ကန့်ကွက်မှာလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော်တို့က လူတဦးချင်း၊ တပါတီချင်းကို လိုက်ပြီးတော့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်မှာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းစနစ် မကျတဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံတဲ့ အာဏာရှင်စနစ်ကို တရားဝင်ပြုမယ့် လွှတ်တော်ကို ဖြစ်ပေါ်စေမှာ မို့လို့ ကျနော်တို့က သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်။ ဒီလိုပဲ ပြောမှာဖြစ်တယ်။ သို့သော်လည်း ပါတီတွေက၊ လူပုဂ္ဂိုလ်တွေကိုယ်တိုင်က မှားယွင်းတဲ့ အချက်အလက်တွေ၊ လုပ်ကြံဖန်တီးတဲ့ အပြောအဆိုတွေ၊ လုပ်ရပ်တွေ ဆောင်ရွက်လာရင်တော့ ဒါတွေကိုလည်း ကျနော်တို့က သီးခံမနေဘဲနဲ့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်ရမှာ ဖြစ်တယ်။
ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ၊ အချက်အလက်မှားတွေ ပြောဆိုထုတ်ပြန်တာမျိုး၊ အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ အထင်အမြင်လွဲမှားအောင် ပြောဆို ၀ါဒဖြန့်ချိတာမျိုးကိုတော့ ကျနော်တို့က အမှားကို လက်ခံနေမှာ မဟုတ်ဘူး၊ အမှန်အတိုင်း အရှိအတိုင်း ပြန်လည် ပြောဆို ထောက်ပြတာတွေ၊ အသိပေး ကြေငြာတာတွေ လုပ်မှာ ဖြစ်တယ်။ အဲသည်လို ပြောချင်တယ်။”
အဲသည်မှာ ဆက်ပြီးမေးတဲ့ မေးခွန်းကတော့ လက်ရှိ စစ်အစိုးရဖော်ဆောင်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အာမခံထားတဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသားများ အခွင့်အရေးဆိုတာတွေနဲ့ ဒုတိယပင်လုံညီလာခံမှာ ဆွေးနွေးဖော်ဆောင်မှာနဲ့ ဘာကွာခြားမှာလဲ ဆိုတာ ဖြစ်ပါတယ်။
ပထမဦးဆုံးပြောချင်တာ ဒုတိယပင်လုံညီလာခံခေါ်ဖို့ ထုတ်ပြန်ချက်ထဲက အချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအားလုံးအတူတူ သာတူညီမျှ ရရှိရမယ့် အခွင့်အရေးတွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတာက တန်းတူညီမျှခွင့်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြစ်တယ်။ စစ်အစိုးရက ဘာပေးတာလဲဆိုတော့ - ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာမျိုးပဲ ပေးတယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မပေးဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေအားလုံး လိုချင်တာက နိုင်ငံရေးအရ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါအစား စစ်အစိုးရက အုပ်ချုပ်ရေးယန္တားထဲမှာ ပါဝင်ပတ်သက်ခွင့်တို့၊ စီးပွားရေးပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တို့တွေကိုပဲ ပေးထားတာ ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ခွဲခြားပြီး သိရမယ်။
သည်တော့ ပြည်ထောင်စုကြီးဆိုတာက ဖယ်ဒရယ်ပြည်ထောင်စုဖြစ်တယ်။ တပြည်ထောင်စနစ် မဟုတ်ဘူး။ အထက်ပါ ကန့်သတ်တဲ့ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေကို ပေးထားတာဟာ တပြည်ထောင်စနစ်လိုမျိုးဖြစ်တယ်။ တိုင်းရင်းသားတွေ မျိုးစုံရှိတဲ့ နိုင်ငံမှာ၊ လူဦးရေအလိုက် ကွဲပြားခြားနားမှုတွေ ရှိတဲ့ နိုင်ငံမှာ ကျနော်တို့တတွေက ရေရှည် ရပ်တည်သွားမယ် ဆိုရင် အားလုံးတန်းတူညီမျှမှုတွေ၊ နားလည်မှုတွေနဲ့ ပေါင်းစည်းပြီး နေကြမှသာ ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်တယ်။ အတင်းချုပ်ကိုင်ထားရင်တော့ အခုလိုမျိုးနဲ့ ရေရှည်ပြည်ထောင်စုကြီးအဖြစ် သွားနိုင်မှာ မဟုတ်ဘူးဆိုတာကို သိကြရမယ်။
ဒါတွေဟာ ခုမှ တိုင်းရင်းသားတွေက ပြောခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၉ ၆၁ တို့၊ ၁၉ ၆၄ တို့မှာ ဖဆပလတို့၊ တော်လှန်ရေးကောင်စီတို့၊ မဆလတပါတီတို့ လက်အောက်မှာကတည်းက တိုင်းရင်းသားတွေက ပြောဆိုခဲ့ကြတယ်။ တောင်းဆိုတင်ပြခဲ့ကြပြီး ဖြစ်တယ်။ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်က တောက်လျောက် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ အစိုးရတွေက လက်မခံခဲ့ကြဘူး။ အစိုးရတွေက တိုင်းရင်းသားတွေက ပြည်ထောင်စုထဲကနေ ခွဲထွက်ဖို့ လုပ်ကြံနေကြတယ်၊ ဖယ်ဒရယ်ပြည်ထောင်စုဆိုပြီး ခွဲထွက်ဖို့ ကြံစည်တယ်လို့ သူတို့က ပြန်ပြီ စွပ်စွဲခဲ့ကြတယ်။ ပြည်ထောင်စုဖြိုခွဲသူတွေအဖြစ် သမုတ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။
အခုကျတော့ တိုင်းရင်းသားတွေ ပြောဆိုနေကြတာတွေက စစ်အစိုးရတွေ၊ အာဏာရှင်တွေ စွပ်စွဲသလိုမျိုး ပြည်ထောင်စုကနေ ခွဲထွက်ရေးမဟုတ်ဘူး၊ ပြည်ထောင်စုကြီးတခု ပြည်ထောင်စုသားတွေ တန်းတူညီမျှ အတူတကွ ပေါင်းစည်းနေထိုင်ရေး ဆိုတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ဖြစ်တယ်ဆိုတာကို အခုအချိန်မှာ ထပ်မံပြီးတော့ အတည်ပြုပြောဆိုလိုက်တာ ဖြစ်တယ်လို့ သိကြရမယ်။
ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ အမေရိကန်လိုမျိုးပေါ့ကွာ။ ပြည်ထောင်စု စစ်စစ်အဖြစ် ပေါင်းစည်းမယ်ဆိုရင် ပြည်နယ်တွေက လူဦးရေအလိုက် အမတ်တွေနဲ့ အောက်လွှတ်တော် ဆိုတာ ရှိတယ်။ ပြည်နယ်အလိုက် ပြည်ထောင်စုအလိုက၊် တပြည်နယ်ကို အထက်လွှတ်တော်အမတ် ၂ ဦးစီ နဲ့ တိုင်းပြည်ကို ၀ိုင်းပြီး အုပ်ချုပ်ကြတယ်ပေါ့ကွာ။ ဒါမျိုး ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား … အားလုံးက စဉ်းစားကြရမယ်။ ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းရမယ့်အစား လူမျူိုးစုတို့၊ အမျိုးအစားတို့၊ လူတန်းစား တစုတဖွဲ့ကိုပဲ ဦးစားပေးပြီး စိတ်တိုင်းကျဖွဲ့စည်းမယ်ဆိုရင် ပြည်ထောင်စုအစစ်အမှန် မဖြစ်ဘဲ တပြည်ထောင်စနစ် ဖြစ်သွားလို့ အရှေ့ဥရောပနိုင်ငံတွေ ပြိုကွဲသလိုမျိုး ပြိုကွဲတယ်ဆိုတာကိုလည်း သင်ခန်းစာ ယူကြရမယ်။ ပြည်ထောင်စုပုံသဏ္ဍန်နဲ့ တိုင်းပြည်ကို မထူထောင်ချင်ဘူးဆိုရင်တော့ စစ်အာဏာရှင်စနစ်တို့ ၊ နိုင်ငံရေးအာဏာရှင်စနစ်တို့နဲ့ တိုင်းပြည်ကို ချုပ်ကိုင်ကြရတော့မှာ ဖြစ်တယ်။ အများသဘောတူတဲ့ စနစ်နဲ့ မထူထောင်ကြရင်တော့ ရေရှည်မခံဘဲ ပြိုကွဲကြမှာ ဖြစ်တယ် ဆိုတာကို သိကြရမယ်။
အခုအချိန်မှာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အတူတကွ ဘယ်လိုမျိုး သဘောတူညီချက် ရသွားပြီလည်း ဆိုတော့ အခုလိုမျိုး စစ်အစိုးရရဲ့ အာဏာသုံးပြီး အုပ်ချုပ်တဲ့ တပြည်ထောင်စနစ်အစား နိုင်ငံရေးသဘောတူညီချက်တွေ ပေါင်းစည်းပြီးတော့ ထူထောင်ကြမယ့် ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ သွားကြမယ်လို့ ဖြစ်သွားကြပြီ။ ဒီလိုမျိုး သဘောတူညီချက်မျိုးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ယခင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ သဘောတူညီတာတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း သည်လို အခြေခံသဘောတူညီချက်တွေကို မူတည်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ကျနော်တို့အာလုံးက သဘောတူ ညီညွတ်ကြပြီးတော့ ဒုတိယပင်လုံညီလာခံတရပ်ကို ခေါ်ယူကြဖို့၊ ဆွေးနွေး တိုင်ပင်ကြဖို့၊ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ၊ ဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အတည်ပြုချက်တွေ ရရှိနိုင်ဖို့အတွက် အခုလိုမျိုး ဒုတိယပင်လုံညီလာခံမျိုး ပေါ်ပေါက်ဖို့ လိုတယ် လို့ ပြောတာ ဖြစ်တယ်။
(ဆက်လက်ဖော်ပြပါမည် … ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှုကို ၁၉ ၈၈ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်ခဲ့ဘူးသလား၊ မည်သို့သော အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရသလဲ။ စသည့် မေးခွန်းများနဲ့ ဆက်လက်ဖော်ပြပါမည်။)
ပေးပို့ ပေးသော ကိုမောင်ရစ် အားကျေးဇူးတင်ရှိပါသည်။
နအဖ ရဲ့ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီးတရားမျှတသည်သာအာဏာပိုင်တွေပြောနေတာ လက်တွေ့မှာနဲ့တခြားစီပါ..
မနေ့ အောက်တိုဘာ ၃၁ ရက်၊ တနင်္ဂနွေနေ့က တာမွေမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်တဲ့ ခရီးစဉ်ကို ဓာတ်ပုံရိုက်မိတဲ့အတွက် ပြဿနာဖြစ်ကြတဲ့ ၂ ဦးကတော့ AP သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ရယ်၊ ဂျပန် TBS သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ၂ ဦး ဖြစ်ပါတယ်။ တခြား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်တဲ့ ခရီးစဉ်တွေကို သူတို့ဌာနတွေအတွက် အဲဒီသတင်းထောက်တွေက ဓာတ်ပုံရိုက်ယူခွင့် ရပေမဲ့ ဘာမှ ပြဿနာ မရှိခဲ့ဘဲ အခု တာမွေမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် အမျိုးသမီးနဲ့မှ အခုလိုမျိုး လူအင်အားနဲ့ ၀ိုင်းပြီး မောင်းထုတ်ခံရတာပါလို့ AP သတင်းဌာနရဲ့ တာဝန်ရှိသူက ဒီအခြေအနေတွေကို အတည်ပြု ပြောပါတယ်။
ဓာတ်ပုံသတင်းထောက်တွေက သူတို့ရဲ့ တာဝန်နဲ့ လုပ်ငန်းတွေကို ရှင်းပြပေမဲ့ သူနဲ့အတူပါလာတဲ့ သူတွေကပါ အဖွဲ့လိုက် ဓာတ်ပုံဆရာတွေကို ၀ိုင်းမောင်းထုတ်လိုက်တာ ဖြစ်တယ်လို့ ဒီအခြေအနေကို အစအဆုံး မြင်ခဲ့တဲ့ ပြည်တွင်း သတင်းသမားတဦးက ပြောပါတယ်။
“သတင်းသမား ၂ ယောက်ကို တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေကနေ AP သတင်းဌာနက ဦးခင်မောင်ဝင်းနဲ့ ဂျပန်သတင်းဌာနက ဦးသစ္စာလှထွေးတို့ ၂ ယောက်ကို မရိုက်နဲ့ပေါ့၊ လုံးဝ မရိုက်ရဘူးဆိုပြီး ရိုင်းရိုင်းပြပြ ပြောတယ်ခင်ဗျ။ အဲဒါ ဒီဘက်က နိုင်ငံခြား သတင်းထောက် ၂ ယောက်ကလည်း ပြန်ရှင်းပြပါတယ်။ ခင်ဗျားတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးက အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ကိုယ်တိုင်က နေပြည်တော် အစည်းအဝေးမှာ ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီးတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့အခါမှာ တရားဝင်ရိုက်ခွင့် ပြုထားတယ်၊ ခွင့်ပေးထားပါတယ်ဆိုပြီး သူတို့ နိုင်ငံခြား သတင်းဌာနကလူတွေ ဖြစ်တဲ့အကြောင်း ID ကတ်တွေ ထုတ်ပြပြီး သူတို့ ပြောတဲ့အခါမှာလည်း အဲဒါကို ဒေါ်လဲ့လဲ့ဝင်းဆွေက ရိုင်းရိုင်းပြပြနဲ့ ဦးဌေးဦး မပြောနဲ့၊ ဦးဌေးဦး အဖေတောင် မသိဘူးဆိုပြီး ပြန်ပြောတယ်။
“အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မှာ သတင်းသမား ၂ ယောက်က တောင်းပန်တယ်။ သူတို့ ကြံ့ဖွံ့အင်္ကျီ ၀တ်ထားတဲ့လူ အယောက် ၈၀၊ ၁၀၀ လောက်ရှိတယ်၊ အဲဒီ သတင်းသမား ၂ ယောက်ကို ရန်ပြုမယ့် ပုံစံမျိုးနဲ့ ၀ိုင်းထားတာနဲ့ အဲဒီ သတင်းသမား ၂ ယောက်လည်း ပြန်ထွက်သွားတာ ကျနော်တို့ တွေ့ရတယ်။”
အဲဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းရဲ့ တာမွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးတဲ့ ခရီးစဉ်ကို တာမွေမြို့နယ်ခံတွေက ဒေါသထွက်နေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။
“သူတို့ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့ စာရွက်တွေကို လိုက်ဝေတယ်။ ဝေတဲ့အခါမှာ သူတို့ကမ်းတဲ့ စာရွက်တွေကို မယူဘူးဗျာ။ တချို့ဆိုရင် သူတို့ပေးတဲ့ စာရွက်ကို ယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဆွဲဖြဲတာတို့၊ ခြေထောက်နဲ့ တက်နင်းတာတို့ အဲလိုမျိုး လုပ်တယ်။ နောက်ပြီးတော့ လူတွေက အများဆုံး မကျေနပ်တာက နဂါးနီသီချင်းဆိုတဲ့ဟာကို သူတို့ပါတီ သီချင်းအဖြစ် ပြောင်းပြီး ဆိုထားတယ်ဗျ။ အဲဒါတွေ လူတွေက ပေါက်ကွဲတယ်။ ကြံ့ဖွံ့ထဲမှာ ၀ိုင်းလာတဲ့ လူတွေကလည်း ၂၀၀၇ စက်တင်ဘာ ဘုန်းကြီး အရေးအခင်းတုန်းက ဘုန်းကြီးတွေနဲ့ လူတွေကို ရိုက်တဲ့ စွမ်းအားရှင်တွေလည်း ပါတာကို တွေ့တယ်ဗျ။”
တာမွေမြို့နယ်မှာ ဖြစ်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ၂ ဦးရဲ့ ပြဿနာကို ပြည်တွင်း သတင်းသမားတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သတင်းသမားတွေဟာ ဒီလို ပြဿနာမျိုးတွေအပြင် သတင်းတွေကို ဖော်ပြနေရာမှာလည်း သတင်းဂျာနယ် တာဝန်ခံတွေ အတော်လေး အခက်အခဲ ဖြစ်နေကြတာ ရှိပါတယ်။ 7 Days ဂျာနယ်ရဲ့ မဲပေးရေး နမူနာ ဖော်ပြမှုပုံစံ တခုအတွက်လည်း ဂျာနယ်ရဲ့ မှားယွင်းမှု မရှိဘဲ ကော်မရှင်က တာဝန်မခံတဲ့အတွက် နောက်ဆုံး ဂျာနယ်က အစိုးရ သတင်းစာတွေကနေ တောင်းပန်လိုက်ရတဲ့ အနေအထား တခုကိုတော့ ပြည်တွင်း အယ်ဒီတာတဦးက ရှင်းပြထားပါတယ်။
“ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ထွက်တဲ့ 7 Days ဂျာနယ်မှာ မဲဆန္ဒရှင် လမ်းညွှန်ဆိုပြီး မဲပေးနည်း နမူနာတွေကို ဖော်ပြလိုက်တယ်။ အဲဒီ ဖော်ပြလိုက်တာနဲ့ ပတ်သက်ပြီးတော့ စာပေစိစစ်ရေးကလည်း ခွင့်ပြုပြီးပြီ။ ခွင့်ပြုပြီး ဂျာနယ်ထွက်ပြီး သုံးလေးရက်လောက် ကြာတဲ့အခါကြတော့မှ ဗဟိုကနေပြီး လူကြီးတွေက ဒီဟာ မဲဆန္ဒရှင်တွေအတွက် Confuse ဖြစ်နိုင်တယ်ဆိုပြီး သူတို့က ဒါကို ပြန်စစ်ဆေးပါဆိုပြီး ညွှန်ကြားလိုက်တဲ့အတွက် စစ်ဆေးတယ်လို့ ပြောတယ်။
“အဲတော့ အယ်ဒီတာအဖွဲ့ကလည်း သူတို့က သူတို့ထင်တာကို ထည့်လိုက်တာ မဟုတ်ပါဘူး။ ဒါ သက်ဆိုင်ရာ ရန်ကုန်တိုင်း ကော်မရှင် အတွင်းရေးမှူးနဲ့ တွေ့ဆုံပြီး သူပေးလိုက်တဲ့ နမူနာ မဲလက်မှတ်တွေ အတိုင်း ဖော်ပြတာပါ ဆိုတဲ့အခါကြတော့ အဲဒီမှာ ကော်မရှင်ကလည်း တာဝန်မယူတော့ပါဘူးဆိုပြီး ရှောင်ထွက်သွားပါတယ်။”
ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲရက်မှာလည်း နိုင်ငံခြား သတင်းဌာနတွေအတွက် ပြည်တွင်းမှာ အခြေစိုက်ပြီး လုပ်နေကြတဲ့ သတင်းထောက်တွေ အားလုံးဟာ အစိုးရက စီမံပေးတဲ့ နေရာတွေမှာပဲ ရွေးကောက်ပွဲ သတင်းတွေကို ရယူရမှာ ဖြစ်တယ်လို့ မနေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သတင်း....VOA
ဦးသန်းရွှေ ပြောပြောနေတဲ့ ခေတ်မှီတိုးတက်တဲ့စက်မှုနိုင်ငံတော်ကြီးမှာခုလိုလေယာဉ်ဘီးကျွံတာလောက်များ အခုလိုလုပ်လိုက်တော့ဘာဖြစ်လဲ ဓာတ်ပုံ သတင်း



လှည်းဘီး ကို လုပ်သလိုသာ လုပ်လိုက်ပေတော့ တဲ့..။
ယနေ့ထိုင်းလေကြောင်းလိုင်း(TG) ပိုင်Air Bus A-300လေယာဉ်တွင်ခရီးသည်အပြည့်တင်ဆောင်လာပြီးရန်ကုန်လေဆိပ်သို့ ဆင်းလာစဉ်လေယာဉ်သွားလမ်းပေါ်၌ဘီးကျွံကျမှုဖြစ်ပွား
ခရီးသည်အပြည့်တင်ဆောင်လာသည့် ထိုင်းလေကြောင်းလိုင်း (TG) ပိုင် Air Bus A-300 လေယာဉ်တစ်စင်း ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ဆင်းသက်ရပ်နားစဉ် လေယာဉ်သွားလမ်းပေါ်၌ ဘီးကျွံကျမှုဖြစ်ပွားခဲ့ကြောင်း လေဆိပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
ခရီးသည် ၂၆၀ကျော် ထိုင်ခုံ အပြည့်တင်ဆောင်လာခဲ့သည့် အဆိုပါလေယာဉ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်သို့ ထိုင်းစံတော်ချိန် နံနက်၈နာရီ မိနစ် ၃၀ ခန့် တွင်ထွက်ခွာခဲ့ကာ ရန်ကုန်လေဆိပ်သို့ ဆင်းသက်အပြီးလေယာဉ်သွားလမ်းပေါ်၌ မြန်မာစံတော်ချိန် နံနက် ၉နာရီ ၁၅မိနစ် ခန့်တွင် ဘီးကျွံကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"အရှိန်နဲ့လေယာဉ်ဆင်းလာ တုန်းကျွံကျတာမဟုတ်ပါဘူး။ လေယာဉ်ပြေးလမ်းပေါ်ကနေ လေဆိပ်ကိုအ၀င် လေယာဉ်သွားလမ်း(Taxi Way) ပေါ်မှာဖြစ်တာပါ။ ပြောရရင် လေဆိပ်ဆီကိုသွားဖို့ ညာကွေ့လိုက်တဲ့အချိန်မှာ လေယာဉ်ရဲ့ညာဘက်နောက်ဘီးဟာ Taxi Way ရဲ့ ဘေးနှုတ်ခမ်းသားကို နင်းမိလိုက်ချိန်မှာ ကျွံကျပြီး ဘေးက မြောင်းထဲမှာတော်တော်နစ်ဝင်သွားတယ်လို့ သိရပါတယ်"ဟု လေယာဉ်မှူးကြီးတစ်ဦးက ပြောပြသည်။
ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ ၀ါရင့်လေယာဉ်မှူးကြီး တစ်ဦးကလည်း "ဒီဖြစ်ရပ်ကိုကြည့်ရင် လေယာဉ်မှူးပေါ့ဆတာလည်း ပါပါတယ်။ နောက်တစ်ခုက Taxi Way ကိုအသုံးပြုခဲ့တဲ့နှစ်က အရမ်းကြာနေပါပြီ။ ကျွန်တော် လေယာဉ် စမောင်းချိန် ၁၉၇၆ခုနှစ် မတိုင်ကတည်းက သုံးနေခဲ့တာလို့သိရပါတယ်။ ဒီတော့ လေယာဉ်သွားလမ်းအနေအထားရယ်၊ လေယာဉ်မှူး ပေါ့ဆမှုရယ်စသဖြင့် အချက်တွေ အများကြီးစုံ သွားလို့ဖြစ်နိုင်တာပါပဲ"ဟု သုံးသပ်ပြောကြားခဲ့သည်။
ထိုင်း လေကြောင်းလိုင်း သို့ ဆက်သွယ် မေးမြန်း ခဲ့ရာတွင် အသေးစိတ်သိရှိလိုပါကရန်ကုန်လေဆိပ်သို့သာဆက်သွယ်မေးမြန်းရန် ဖြေကြားခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၁ရက်နေ့ ညနေ ငါးနာရီအချိန်တွင် မေးမြန်းခဲ့ရာ လေယာဉ်ဘီးအားပြန်လည်တင်ဆောင်ရန် သက်ဆိုင်ရာမှကြိုးစားနေဆဲဖြစ်ကြောင်းနှင့် ဘီးကျွံကျမှုကြောင့် ခရီးသည်များ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာ ရခြင်းမရှိခဲ့ကြောင်းပြောကြားခဲ့သည့်သတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြထားပါသည်.။
01 November 2010
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကလေးမြို့ကြေငြာစာတမ်းအပေါ်သဘောထားထုတ်ပြန်ချက်
NCGUB - Border Office
PO Box 70
Mae Sot, Tak
63110
Thailand
www.ncgub.net
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်ဦးဝင်းတင်အားအမျိုးသား ပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆုချီးမြှင့်ခြင်းဓာတ်ပုံသတင်း


ဒီဆုကို ဦးဝင်းတင်ကိုယ်စား ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်တဲ့ NLD ပါတီဝင်တွေက လက်ခံယူခဲ့ပါတယ်။
ဒီဆုချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသားကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလိုပြောပါတယ်။
“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ဒီခေတ်ဒီချိန်မှာ ကျွန်တော်တို့ အခြေခံဥပဒေလည်း ကျွန်တော်တို့ ပြည်သူလူထုအတွက် ဘာမှ အကြောင်းထူးမှာ မဟုတ်ဖူး။ ဒါ စစ်အာဏာရှင်စနစ်ကို တည်မြဲဖို့ပဲ ဖြစ်တယ်။ အခု ရွေးကောက်ပွဲ ဆိုတာလည်းပဲ အဲဒီ အခြေခံဥပဒေကို အတည်ပြုဖို့ ဖြစ်နေတော့ အကြောင်းထူးမှာ မဟုတ်ဖူး။ တကယ် အကြောင်းထူးဖို့ လိုတာက အမျိုသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့က အရေးအကြီးဆုံးပဲ။ အဲဒီမှာ အဓိက ကျွန်တော်တို့ အားကိုးအားထားရတဲ့ လူတွေက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ ပြည်သူလူထုကို စည်းရုံးနိုင်တယ်ဆိုပြီးတော့ အဲဒီ အမြင်နဲ့ သူ့ကို ဒီဆုကို အပ်နှင်းတာပါ။
ဇိုမီးအမျိုးသား ကွန်ဂရက်အနေနဲ့ အလားတူဆုကို NLDပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦိးကိုလည်း ချီးမြှင့်ခဲ့ဘူးပါတယ်။ ဦးတင်ဦး နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အချိန်က ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့များက ကြိုဆိုပွဲ လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က ချင်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်တာကြောင့် ဦးတင်ဦးကိုလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဇိုမီး အမျိုးသားကွန်ဂရက်က ပထမဆုံး ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြတ်လေးငုံ
ယနေ့ တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များအား အာဏာပိုင်များမှ တားဆီးပိတ်ပင်နေပုံ သတင်း၊ ဓာတ်ပုံ.....

အာဏာပိုင်များမှ တားဆီးနှောင့်ယှက်နေပုံ

အမှန်တရားအတွက် ရင်ဆိုင်မယ့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တွေပါ.

I Vote လုပ်တဲ့သူများအား ဘေးမဲ့ပေးပြီး No Voteများအား တားဆီးနှောင့်ယှက်နေသည့်.. အာဏာပိုင်ဆိုသူများ..

ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အမေစုစိတ်ဓာတ် ပြည်သူ့အတွက်
အဖွဲ့ချုပ်လူငယ်တွေရဲ့ မကြောက်တရားနဲ့ ရင်ဆိုင်နေပုံ..
အထက်ကအမိန့်ဟူသမျှ မမှန်ကန်လည်း နာခံကြ..ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ .. ငါတို့ပဲရှိတယ်...။
ဒီမိုဝေယံ..။
မဲရုံကိုမသွားပါနဲ့ မဲမပေးပါနဲ့ လို့ ပြောတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်သတင်းစာဆရာကြီးဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းချက်

No Vote interview BaBa Uwin tin (30.10.2010)DVB by dawmanhon
ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဆိုတော့ ထပ်ပြီး အဖွဲ့ချုပ်ကလည်း ဆန့်ကျင် သပိတ်မှောက်ထားတယ်ဆိုတော့ ဘာကြောင့် အဓိကအားဖြင့် ဆန့်ကျင် သပိတ်မှောက်ရတယ် ဆိုတဲ့ အချက်လေးတွေ ပြန်ပြီး ရှင်းပြစေချင်တာပါဗျာ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ထမင်းဝိုင်းကြီးကျွေးတယ်ဗျာ။ ကျနော်တို့လည်း ထမင်းဆာနေကြတယ်ဗျာ။ ကျနော်တို့လည်း ဒီမိုကရေစီကို လိုလားတောင့်တနေတယ်ဗျာ။ ကျနော်တို့ လိုလားနေသလို ရွေးကောက်ပွဲ ၀င်တဲ့သူလည်း လိုလားတယ်။ ပြည်သူတွေလည်း လိုလားတယ်။ အကုန်လုံးလိုလားနေတဲ့ အချိန်မှာ ဒီမိုကရေစီဆိုတဲ့ ထမင်းဝိုင်းကြီးကို ချကျွေးရင် ကျနော်တို့ စားမှာ ပေါ့ဗျ။ သို့သော် အဆိပ်ခပ်ထားတဲ့ ထမင်းပွဲဆိုရင် ကျနော်တို့ မစားနိုင်ဘူး။ စားလို့မဖြစ်ဘူး။ အခုလည်း ဒါပဲ။ ဒီထမင်းပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီးကျနော်တို့ ငြင်းပယ်ပါတယ်။
ဟုတ်ကဲ့ သပိတ်မှောက်တဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ဘဘတို့ ဘယ်လို လုပ်ဆောင်သွားမှာလဲ ခင်ဗျ။
ဒီသပိတ်ကို ကောင်းပြီ။ ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ။ ကောင်းပြီ။ ၂ ခုပဲရှိတယ်။ (၁) မဲရုံကိုမသွားပါနဲ့။ မဲမပေးပါနဲ့။ (၂) မဲရုံကို အကြောင်းကြောင်းကြောင့်သွားရမယ်ဆိုရင် လိမ်မာစွာနဲ့ လူမသိသူမသိ ပယ်မဲ ဖြစ်အောင် လုပ်ပါ။ ဒီ ၂ ခုပဲ။ ကျနော်တို့က ဘယ်သူ့ကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့ မပြောဘူး။ ကျနော်တို့ အန်ဒီအက်ဖ်ကို စကားထဲ ထည့်မပြောဘူး။ အစိုးရနဲ့ အတူတူပေါင်းပြီးတော့ လုပ်နေတဲ့သူတွေ၊ ၂၀၀၈ အခြေခံဥပဒေ လက်ခံတဲ့သူတွေ၊ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ၊ အလားတူ ဦးသုဝေရဲ့ ပါတီသော်လည်းကောင်း၊ အကုန်လုံး အတူတူပဲ။ ကြံ့ဖွံ့နဲ့ တသားတည်း၊ တတန်းတည်း လူတွေ ရယ်လို့ ကျနော်တို့ သတ်မှတ်တယ်။ အဲဒါကြောင့် ကြံ့ဖွံ့ကို မဲမပေးပါနဲ့ မပြောဘူး။ တစညကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့လို့မပြောပါဘူး၊ ရွေးကောက်ပွဲ တခုလုံးကို သပိတ်မှောက်ပါ။ ကျနော်တို့ သုံးတဲ့စကားက လုံးဝဥဿုံ သပိတ်မှောက်တယ်ဆိုတဲ့ နည်းကို သုံးပါတယ်။
ဟုတ်ကဲ့ခင်ဗျ။ ဆန့်ကျင်ရမယ်၊ သပိတ်မှောက်ရမယ်၊ အဖွဲ့ချုပ်က ချထားတာပေါ့နော်။ ဒါကို လူအများစုက လက်သင့်ခံမယ်လို့ရော ယုံကြည်ပါသလားခင်ဗျ။
ယုံကြည်ပါတယ်။
ကျနော်တို့ရဲ့ စည်းရုံးမှုအားလည်း ရှိပါတယ်။ ကျနော်တို့ အပေါ်မှာ ယုံကြည်မှုအားလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးသိက္ခာဆိုတာလည်း ရှိပါတယ်။ ကျနော်တို့ ပြောနိုင်တဲ့ အနေအထား၊ ဦးဆောင်နိုင်တဲ့ အနေအထား၊ ရှေ့ဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါတွေကိုလည်း လူထုက လက်ခံပါတယ်လို့ ပြောချင်ပါတယ်။
ထပ်မေးချင်တာက တချို့ကလည်း ပြောကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီကို သွားမှာပဲ၊ ရွေးကောက်ပွဲကို ဖြတ်ရမယ် ဒီမိုကရေစီဆိုရင်။ အဲတော့ ရွေးကောက်ပွဲကြီးက လုံးလုံးကြီးပေါ့၊ ဒီမိုကရေစီကို ပြောင်းပြန်ကြီး လှန်ပြီးပြောင်းမသွားပေမယ့် နည်းနည်းတော့ ဒီမိုကရေစီကို ဦးတည်ပြီးတော့ သွားမယ်လို့ပြောနေကြပါတယ်။ သူတို့ဥပမာပေးတာက က ကြီးကို ယ ဖြစ်အောင် မလုပ်နိုင်ပေမယ့် ၀ လုံးကိုတော့ ဗ လောက်လေးဖြစ်အောင် နည်းနည်းလေးတော့ချိုင့်နိုင်သေးတယ်ဆိုပြီး ပြောနေတာလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာများ ဝေဖန်ချင်ပါသလဲခင်ဗျ။
အဲဒါကတော့ စကားပမာတွေ ပြောနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေအနေက ဘာလဲ၊ နောက်အခြေအနေကဘာလဲ၊ ရွေးကောက်ပွဲအလွန်ကာလဆိုတဲ့စကားကို ကျနော်တို့ ပထမနားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် ဖြတ်သန်းတယ်၊ လိုအပ်တယ်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလကို ထည့်တွက်ရဲ့လား။ ဒီကမ္ဘာပေါ်မှာ စကားတွေ အများကြီးရှိပါတယ်။ ဥပမာ အိုဘားမားကိုယ်တိုင် ပြောတဲ့စကား ရှိဖူးပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့အဖြေလည်းမဟုတ်ဘူး၊ ပြဿနာလည်းမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ဟာဆိုရင် ရွေးကောက်ပွဲဟာ အဓိပ္ပါယ်ရှိတယ်ပေါ့ဗျာ။ ခုနကပြောတဲ့ ၀ ကို ဗလချိုင့် ပဲဖြစ်ဖြစ်ယပလက် ကကြီးပဲဖြစ်ဖြစ်၊ ထဆင်ထူး ပဲဖြစ်ဖြစ် ၀လုံး ၀ိ ပဲဖြစ်ဖြစ် ထားချင်တာထား။ ဆိုလိုတာကတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲဆိုတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ၊ စစ်အာဏာရှင်များဟာ ဆက်ပြီးတော့ စိုးမိုးနေမယ်။ ကြီးစိုးနေမယ်။ သူတို့ခြယ်လှယ်နေမယ်။ သူတို့စိတ်တိုင်းကျ လုပ်နေနိုင်တဲ့အနေအထား။ အဲလိုဆိုရင် ရွေးကောက်ပွဲဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ သူတို့ဟာသူတို့ထင်ပြီးတော့ လွှတ်တော်ထဲမှာ လက်ညိုးထောင်ခေါင်းညိတ်အခြေအနေမျိုးကို ရောက်မှာပဲ။
ဘဘဦးဝင်းတင်အနေနဲ့ ၇ ရက် ၈ ရက်မှာ ဖြစ်လာတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေသိအောင်၊ ကျနော်တို့ ဒီမိုကရက်တစ်မြန်မာ့အသံကနေ ပြောချင်တာ ဘာများရှိသေးလဲ နောက်ဆုံးအနေနဲ့ပေါ့။
ထပ်ပြောချင်တဲ့စကားက မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့၊ မဲရုံထဲကို မသွားမနေရ ဆွဲသွင်းရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြပါ။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။
ရင်းမြစ်.... ဒီမိုကရက်တစ်မြန်မာ့အသံ
နအဖ ရဲ့ မတရားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးသိန်းစိုး ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှု

ဖြေ။ ။တစ်နိုင်ငံလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၉)သန်းကျော်ရှိပြီး မဲရုံပေါင်း (၄ဝဝဝဝ)နီးပါး ရှိပါတယ်။ နိုင်ငံခြားလေ့လာသူ Observer ခေါ် မခေါ်နှင့်စပ်လျဉ်း၍ မိမိနိုင်ငံတွင်ရွေးကောက်ပွဲ အတွေ့အကြုံများစွာ ရှိပြီးဖြစ်ပါတယ်။ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲဝင်များဟာ အရည်အချင်းပြည့်မီပြီး နိုင်ငံတော်အပေါ် စေတနာထားသူများ ဖြစ်ပါတယ်။ ၄င်းတို့ကိုသင်တန်းများ အကြိမ်ကြိမ် ပို့ချထားပြီးဖြစ်ပါတယ်။ ဥပဒေများ၊ နည်းဥပဒေများဟာ လွတ်လပ်၍ တရားမျှတ၊ ရှင်းလင်းလွယ်ကူကြောင်း မြင်သာပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ပြည်တွင်းရှိ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှဌာန ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြသမှာ ဖြစ်ပါတယ်။ သံတမန်များဟာ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် အခြားသူများကို ခေါ်ယူပြသရန် မလိုအပ်ဟု ယူဆပါတယ်။
မေး။ ။ ရခိုင်နှင့် ကရင်ကပြားတစ်ဦး အနေနဲ့ ဘယ်လိုမဲပေးရမယ် ဆိုတာကို သိလိုပါတယ်။
ဖြေ။ ။ မှတ်ပုံတင်မှာပါရှိတဲ့ ဖခင်ဘက်လူမျိုးကိုသာ ခံယူမှုများပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင်ရဲ့ ဆန္ဒအရ နှစ်သက်ရာ လူမျိုးအဖြစ် ခံယူပြီး မဲပေးနိုင်ခွင့်ရှိပါတယ်။
မေး။ ။ ပြည်ပသတင်းထောက်များ ခေါ်မခေါ်ကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ။ ပြည်တွင်းမှာ နိုင်ငံခြားသတင်းထောက်ရှိပြီး သတင်းများ တရားဝင်ထုတ်ပြန်လျက်ရှိ၍ သီးခြားဖိတ်ခေါ်ရန် မလိုအပ်ဟု ယူဆပါတယ်။
မေး။ ။ အကျဉ်းသားများမဲပေးဖို့ လွှတ်ပေးနေခြင်းကို ကြားသိရပါတယ်။ မှန်၊မမှန် သိလိုပါတယ်။
ဖြေ။ ။ အကျဉ်းသားများဆိုင်ရာ ကိစ္စရပ်ဟာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အာဏာပိုင်အဖွဲ့အစည်းများသာ သက်ဆိုင်ပြီး ကော်မရှင်နှင့် သက်ဆိုင်ခြင်း မရှိပါဘူး။
မေး။ ။ ပြည်ခိုင်ဖြိုးပါတီကို အခြားပါတီတစ်ခုမှ တိုင်ကြားမှုရှိတယ်လို့ ကြားသိရပါတယ်။ ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာကို သိရှိလိုပါတယ်။
ဖြေ။ ။ မည်သည့်ပါတီမဆို ဥပဒေချိုးဖောက်မှုရှိလျှင် ကော်မရှင်နဲ့ကော်မရှင်အဖွဲ့ အဆင့်ဆင့်က ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဖြေ။ ။ ရွေးချယ်ခံကိုယ်စားလှယ် ပြည်သူ့လွှတ်တော်တွင် (၃၃ဝ)ဦး၊ အမျိုးသားလွှတ်တော်တွင် (၁၆၈)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် (၆၆ဝ)ဦး ရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟုခေါ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်ရေးအဖွဲ့ဖြင့် နိုင်ငံတော်သမ္မတကိုရွေးချယ်တင် မြှောက်မှာဖြစ်ကြောင်း ဖြေကြားပါသည်။
ဖြေ။ ။ ယခုအချိန်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ အတွက် မပြုလုပ်ခြင်း ဖြစ်ပါတယ်။ နောင်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေပေးသည့် အခါ ရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ပါတယ်။
မေး။ ။ မဲရေတွက်တဲ့အချိန်မှာ သတင်းသမားတွေ အနေနဲ့ အနီးကပ်လေ့လာ သတင်းယူခွင့် ရှိ၊မရှိ သိချင်ပါတယ်။
ဖြေ။ ။ သတင်းထောက်တွေက မဲရုံတွေမှာ ဝင်ရောက်ခွင့် ရှိ၊မရှိဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဥပဒေကို ဖတ်ကြည့်ပါ။
မေး။ ။ ခုနမိန့်သွားတဲ့ထဲမှာ (၅၄)နေရာလို့ ပါပါတယ်။ အဲဒီ(၅၄)နေရာက ဘယ်ပါတီတွေလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ (၃၇)ပါတီထဲကပါပဲ။ ပါတီအစုံပါပဲ။
မေး။ ။ နောက်မေးခွန်း တစ်ခုက မဲမပေးဘဲနေလို့ရတယ်လို့ ကျွန်တော်တို့ကြားရပါတယ်။ ဥပမာ ပါတီကိုတော့ ကြိုက်ပါရဲ့။ အဲဒီမဲဆန္ဒရှင်နယ်မှာ နေတဲ့ကိုယ်စားလှယ်ကို မကြိုက်တဲ့အတွက် မဲမပေးဘဲ နေမယ်ဆိုရင် အဲဒီမဲဆန္ဒရှင်အတွက် ဘယ်လိုအကျိုးအပြစ် ဖြစ်နိုင်လဲဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ မဲပေးနိုင်ရဲ့သားနဲ့ မဲမပေးဘူးဆိုရင် အဲဒီနိုင်ငံသားက သူ့ရဲ့အခွင့်အရေး ဆုံးရှုံးသွားတာပါ။ မဲပေးတယ် ဆိုတာကတော့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ပါ။
ဖြေ။ ။ အချုပ်ကျခံနေရသူများ ကြိုတင်ဆန္ဒမဲပေးခွင့်ကို ဥပဒေနှင့်ညီ စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ အစိုးရအဖွဲ့ရဲ့ခွင်ပြုချက်ဖြင့် နိုင်ငံခြားရောက် မဲပေးပိုင်ခွင့်ရှိသူများ စာရင်းကိုတောင်းယူပြီး ၄င်းတို့၏ နေရင်းဒေသ လိပ်စာအရ မဲဆန္ဒနယ်အလိုက် ကြိုတင် ဆန္ဒမဲများပေးနိုင်အောင် နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ညှိနှိုင်း၍ ပေးပို့ထားပြီးဖြစ်ပါတယ်။
ဖြေ။ ။ နိုင်ငံခြားသတင်းထောက်ကိစ္စမှာ အခြားဝန်ကြီးဌာနနှင့်သာ သက်ဆိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ပြည်တွင်းရှိ သံတမန်များ လေ့လာခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မဲရုံအတွင်းကို ဥပဒေအရ ခွင့်ပြုထားသူများသာ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်များ လွတ်လပ်၍ လျှို့ဝှက်စွာဆန္ဒပြုနိုင်ဖို့ အတွက် မဲရုံအတွင်းမှာ ဓာတ်ပုံရိုက်ကူးခွင့်ကို ခွင့်ပြုမှာမဟုတ်ပါဘူး။
ဖြေ။ ။ လွှတ်တော်ကိုယ် စားလှယ်လောင်းအမည်စာရင်း တင်သွင်းစဉ်ကတည်းကတစ်ဦး တည်းစာရင်းသွင်းမှုရှိသလို ကော်မရှင်ရဲ့စိစစ်ချက်အရ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ကျန်ရှိနေခြင်းလည်း ရှိပါတယ်။
မေး။ ။ ပြိုင်ဘက်မရှိသည့် (၅၄)နေရာဟာ ဘယ်ပါတီက ဖြစ်တယ်ဆိုတာ ဆိုတာ သိလိုပါတယ်။
ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းသာရှိတဲ့ (၅၄)နေရာမှာ ပါတီတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေးပါတီ (၃၇)ပါတီအနက်မှ အချို့ပါတီကိုယ်စားလှယ်များ ပါဝင်ကြပါတယ်။
မေး။ ။ အချို့တွေက ပြောကြတယ်။ မိမိမနှစ်သက်တဲ့ ပါတီနဲ့လူဆိုရင် ကြက်ခြေခတ်မယ်။ နှစ်သက်တာကို အမှတ်ပေးမယ်လို့ ပြောကြတယ်။ အဲဒီတော့ ကြက်ခြေခတ်တာ ပါသွားရင် ပယ်မဲဖြစ်သွားမှာလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။
ဖြေ။ ။ မဲပေးတဲ့နေရာမှာ မဲလက်မှတ်မှာ မိမိနှစ်သက်ရာ ခြစ်ပါလို့ ပါပါတယ်။ ဒါ့အပြင် ဥပဒေတွေမှာလည်း ပါပါတယ်။ အမှန်လေးခြစ်တယ်။ အမှားလေးခြစ်တယ် ဆိုတာ သူ့ရဲ့ ပယ်မဲနဲ့ပတ်သက်လို့ မဲရုံက ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
ဖြေ။ ။ မဲဆန္ဒရှင်စာရင်းကို မဲရုံတိုင်းမှာကပ်ထားမှာဖြစ်ပါတယ်။ အမည် စာရင်းကျန်နေရင်လည်း တောင်းဆိုနိုင်ပါတယ်။ မဲပေးခွင့်မရှိသူ ပါနေရင်လည်း ကန့်ကွက်နိုင်ပါတယ်။ ကြည့်ရှုခွင့်တောင်းရန်မလိုဘဲ မည်သူမဆို ကြည့်ရှုနိုင်ပါတယ်။
မေး။ ။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက်ကို သိလိုပါတယ်။
ဖြေ။ ။ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနက် အမျိုးသမီး (၁၁၄)ဦး ပါဝင်ပါတယ်။
ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတည်းသာရှိတဲ့ မဲဆန္ဒနယ်(၅၄)နယ်ရှိပါတယ်။ ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး ကော်မရှင်သို့ စာရင်းဇယားများပေးပို့ စိစစ်ပြီးသည်နှင့် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။
မေး။ ။ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်တဲ့ ဒေသများ ကြေညာရခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုပါတယ်။
ဖြေ။ ။ ယင်းဒေသများဟာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားများ တွေ့ရှိရလို့ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ဆုံးဖြတ်ကြေညာခြင်း ဖြစ်ပါတယ်။
မေး။ ။လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အရေအတွက် တို့ကို သိလိုပါတယ်။
ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃ဝ၇၁)ဦးရှိပြီး အဲဒီအထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် (၈၂)ဦးပါဝင်ပါတယ်။
မေး။ ။ ယခုကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်ပကတရားမျှတမှုမရှိဟု ပြောကြားနေမှုများ အတွက် သိရှိလိုပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံမှာကျင်းပမယ့် ဒီရွေးကောက်ပွဲမှာ မိမိနိုင်ငံအတွက် ဆောင်ရွက်ခြင်းသာဖြစ်၍ ကော်မရှင်က ဥပဒေနှင့်အညီ် တရားမျှတအောင် ဆောင်ရွက်ပေးနေပါတယ်။ ကိုယ့်နိုင်ငံက ပြည်သူတွေပေးတဲ့မဲကို ပြည်သူတွေရှေ့မှာပဲ ရေတွက်မှာဖြစ်လို့ အခြားနိုင်ငံများရဲ့ ပြောကြားချက်ကို ပြန်လည်ရှင်းလင်းချေပဖို့ အကြောင်း မရှိပါဘူး။ ထို့နောက် တက်ရောက်လာကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းမှ အသင်းဝင် သတင်းထောက်များ၊ ပြည်တွင်း ဂျာနယ်/မဂ္ဂဇင်းများမှ စာတည်းအဖွဲ့ဝင်များနှင့် သတင်းထောက်များသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဥပစာရှိ မြက်ခင်းပြင်၌ ဆန္ဒမဲပေးမှု သရုပ်ပြခြင်းကို ကြည့်ရှုလေ့လာကြသည်။
ရင်းမြစ်...လျှပ်တပြက်ဂျာနယ် (နအဖ ရဲ့ လက်ကိုင်တုတ် ဂျာနယ်)

