စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောကြားသည်။
“ငလျင်လှုပ်သွားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သတင်း မထုတ်ပြန်ဘူး ခင်ဗျ။ ” ဟု မြေငလျင်ဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောသွားသည်။
နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းများ အဆိုအရ စနေနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က လှုပ်ခတ်သွားသော ငလျင်ကြောင့် တုန်ခါမှုကို ခံစားလိုက်ရသည်ဟု ပြောသည်။
သို့သော် နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာနက အသေးစိတ် ထုတ်ပြန်ရန် ငြင်းဆိုလိုက်သည်။
သတင်းရင်းမြစ်..။(မဇ္ဈိမ)
09 March 2010
ရွေးကောက်ပွဲ ဥပဒေ ကြေငြာ

ရွေးကောက်ပွဲ ဥပဒေ ကြေငြာ
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက နိုင်ငံပိုင် ရုပ်မြင်သံကြား (MRTV) မှယနေ့ ညနေ ၄ နာရီတွင် ကြေညာ လိုက်ပြီဖြစ်သည်။ အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး ဥပဒေတို့ ပါဝင်သည်။ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။ နောက်ဆက်တွဲ သတင်းများ ဆက်လက်ဖော်ပြပါမည်။
နောက်ဆက်တွဲ သိရှိမှုအရ နအဖက - ဥပဒေ အမှတ် ၁/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ ရွေးကောက်ပွဲ ဥပဒေ ၅ မျိုးအတွက် ဥပဒေ ၅ ခု ထုတ်လိုက်ကြောင်း သိရှိရပါတယ်။ မနက်ဖြန်ထုတ် နအဖသတင်းစာတွေမှာ အချပ်ပို အဖြစ်ပါမှာ ဖြစ်ကြောင်းနဲ့ စာအုပ်အဖြစ်လည်း ထုတ်ဝေမယ်လို့  သိရပါတယ်)။
သတင်း အာကာမိုး...
မြန်မာ့အသံ ရုပ်မြင်သံကြား သတင်း ကြည့်လိုလျှင်.. ဒီနေရာမှာကြည့်ပါ http://www.youtube.com/freeburmamedia
ရုပ်သံ မဇ္ဈိမသတင်းဋ္ဌာန..မှရယူပါသည်။
08 March 2010
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ လုံးဝ ပါဝင် အရွေးမခံပါဖူးလို့  တိုင်းပြည်ကို တရားဝင် ကြေညာရဲပါသလား နအဖတို့ ။
၁၉၈၈ ခုနှစ်တုန်းက တစ်ပါတီ အာဏာရှင် နေ၀င်း ဦးဆောင်ခဲ့တဲ့ မဆလပါတီ (မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ) က ပြည်သူလူထုတစ်ရပ်လုံးကို သတင်းစာတွေကနေ ပေါ်ပေါ်တင်တင် ကြေညာရဲခဲ့တယ်။
ထိုအချိန်ကာလက တိုင်းပြည်ကို အာဏာလုပြီး အုပ်ချူပ်ထားတဲ့ နေ၀င်းအစိုးရရဲ့  ဦးဆောင်မှု ထိပ်ပိုင်းဖြစ်တဲ့ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့ တရားသူကြီးအဖွဲ့ ၊ ပြည်သူ့ အကျိုးဆောင်ဥပဒေအဖွဲ့ နဲ့  ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တွေဟာ “နောက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမှာ ၀င်ရောက်အရွေးခံခြင်း ပြုတော့မှာ မဟုတ်ဖူး” လို့  တိုင်းပြည်ကို တရားဝင် ကြေညာပြောကြားရဲခဲ့တယ်။
ယခု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ်နေတဲ့ နအဖလို့  ခေါ်တဲ့ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ) တွေ၊ နအဖလက်အောက်က ၀န်ကြီးဌာနက ၀န်ကြီးအဖွဲ့ ဝင် ၀န်ကြီးတွေ၊ နအဖကောင်စီဝင် ဗိုလ်ချူပ်ကြီးတွေအားလုံး ရွေးကောက်ပွဲမှာ လုံးဝ ပါဝင်အရွေးခံမှာ မဟုတ်ဖူးလို့  တိုင်းပြည်ကို တရားဝင် ကြေညာရဲပါသလား။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ နအဖတွေ ရွေးကောက်ပွဲထဲ ပါဝင်အရွေးမခံပါဖူးလို့  မကြေညာရဲသရွေ့  နအဖတွေ ၀န်ကြီးတွေ ဗိုလ်ချူပ်ကြီးတွေဟာ တိုင်းပြည်အာဏာကို ဆက်လက်လုယူအုပ်စိုးနေဦးမယ်ဆိုတာ မတရား အနိုင်ကျင့်အုပ်ချူပ်ဖို့  လိမ်လည်လှည့်ဖြား လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်တွင် မွှေးညှင်းတော်များ ပေါ်ထွက်လာခြင်း။
မတ်လ(၃)ရက်နေ့ထုတ်ပြည်တွင်းသတင်းစာစောင်တစ်ခုဖြစ်တဲ့WeeklyElevenမှာထူးခြားတဲ့သတင်းတစ်ပုဒ်ကို ဖတ်ရှူလိုက်ရပါတယ်။
ဒီသတင်းကတော့ - သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း အမှုထမ်းနေအိမ်နေမှာ နေထိုင်နေကြတဲ့ ကျန်းမာရေးဌာန အမှုထမ်းများဖြစ်ကြတဲ့ ဦးခိုင်ထွန်း၊ ဒေါ်အမာမြင့်တို့ရဲ့  နေအိမ်ကျောင်းဆောင်တော်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ အလိုအလျောက် မွေးညင်းတော်များ ပေါ်ပေါက်တော်မူလာကြောင်း သတင်းဘဲ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ် ၂၀ ခန့် ၁၉၉၀ ပြည့်နှစ် ၀န်ထမ်းဘ၀ ပထမဦးဆုံး တာဝန်ကျရာ ချင်းပြည်နယ်၊ မင်းတပ်မြို့ နယ်ကနေ ရရှိခဲ့တဲ့ သရက္ခန်သားနဲ့  ဉာဏ်တော် ခြောက်လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ပူဇော်ခဲ့ကြောင်း၊ ကျန်ခဲ့တဲ့ လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မနက်က ဘုရားစင်ကို ရှင်းလင်းစဉ်မှာ အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့မှာ နှစ်စင်တီမီတာ အရှည်ခန့်ရှိတဲ့ မွေးညင်းတော် ခုနစ်ပင် ထွက်ပေါ်နေတာကို ထူးဆန်းစွာ တွေ့ မြင်ရကြောင်း၊ ဒါနဲ့  သက်တော်ရှည် ကျိုက်ဒေးယျုံဆရာတော်ကြီးထံ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ထားသူ ဦးခိုင်ထွန်းက ပြောပါတယ်။
ဒီ သရက္ခန်သား ဗုဒ္ဓရုပ်ပွားတော်ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကစပြီး သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သံဃာဆေးရုံ ဘုရားခန်းမှာ အနေကဇာတင်မင်္ဂလာပြုလုပ်ပြီး ပူဇော်ထားရှိရာ လာရောက် ဖူးမြော်သူများနဲ့ စည်ကားလျက်ရှိကြောင်း သတင်းအနေနဲ့  ဖေါ်ပြထားပါတယ်။
ယခင်ကလည်း ဗုဒ္ဒရုပ်ပွားတော်တွေမှာ ပျားအုံဖွဲ့ တာတွေ ဓါတ်ပုံတွေနဲ့ တကွ တွေ့ ရှိခဲ့ရပါတယ်။ ယခု ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်လာတဲ့သတင်းနဲ့  ပတ်သက်ပြီး သုံသပ်ချက်များကို ဖေါ်ပြလိုပါတယ်။

(၁) ။
ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တော်ပေါ်ထွက်တာဟာ - အမွှေးဆိုတာ အသားထဲကနေ ဖေါက်ထွက်ပြီး ပေါ်ထွက်လာတဲ့ သဘာဝကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့  အခြေအနေအရ တပ်မတော်ထဲကနေ ပြည်သူလူထုဘက်ကို မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ အကျိုးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာမယ့် တပ်မတော်သား ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ်ထွက်လာနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။
ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့ မှာ မွှေးညင်းတော် ပေါ်ထွက်လာတာဟာ လက္ခဏာဘေဒမဉ္ဇူရီကျမ်းမှာ “နားတို့၏ သဘောလက္ခဏသည် သောတာပန်၏ အရည်သွေးကိုဆောင်၏” ဟု ဆိုထားတာကြောင့် သာသနာမှာ ကျရောက်နေတဲ့ အန္တရာယ်တွေကို အသိဥာဏ် ထက်သန်ကြကုန်သော အောက်ခြေ သံဃာထု(၀ါ) ရဟန်းပျိုတို့က ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြလိမ့်မယ်။ အသိဥဏ်အားကောင်းတဲ့ သံဃာငယ် ရဟန်းပျိုတွေက သာသနာကို ချီးမြောက်ကြလိမ့်မယ်လို့  နမိတ်ယူပါတယ်။
ထို့ အတူ သရကွန်သား သောကြာနံကို ဖောက်ထွက်ပြီး အမွှေး ကြာသပတေးနံ ပေါက်တာကြောင့် ပြည်သူပြည်သားများကို ဦးဆောင်အကျိုးပြုနိုင်တဲ့ ကြာသာပတေးသား ပုဂ္ဂိုလ်တစ်ဦးဦး ပေါ်ထွက်နိုင်တယ်လို့ လည်း ကောက်ချက်ချပါတယ်။
(မိတ်ဆွေ ဘလော့ဂါတစ်ဦးမှ သုံးသပ်ချက် ဖြစ်ပါတယ်)။
(၂)။
ဘုန်းတစ်ခိုးကြီးခြင်း ကျော်ဇောခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ၊ ပြည်သူပြည်သူတွေနဲ့ တိုင်းနိုင်ငံအတွက် ထွန်းလင်းတောက်ပြောင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ တိုင်းပြည်အတွက် တရားနဲ့ယှဉ်သော မင်းကောင်းမင်းမြတ်များလည်း ရနိုင်တယ်လို့ လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။
(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။
(၃)။
လွန်ခဲ့သော အနှစ် (၂၀) လောက်က အဖြစ်အပျက်တစ်ခုကို ပြောပြပါမယ်။ သန်လျှင်မြို့မှာ နေထိုင်ခဲ့တဲ့ ဦးအေးနဲ့  မိသားစုဝင်တွေဟာ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်မှာ မွှေးညှင်းတော်ပေါက်လို့ ထူးခြားစွာ အိမ်မက် မြင်မက်ခဲ့ပါတယ်။ ဒါနဲ့ သူတို့အိမ်ကို ဆွမ်းခံကြွနေတဲ့ ဓမ္မိကာရုံကျောင်းဆရာတော်ကြီးကို လျှောက်ထားခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ (၆) ကြီမ်မြောက် သင်္ဂါရတနာတင်ပွဲ ၀ိနည်းကျမ်းကို ၀ီသဇ္ဖန ပြုလုပ်ခဲ့တဲ့ ဆရာတော်ကြီးပါ။
အိမ်မက်မက်ပြီးတဲ့နောက်မှာ ဦးအေးရဲ့  ဘုရားစင်မှာ ပူဇော်ကိုးကွယ်ထားတဲ့ ဗုဒ္ဒရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူနေတာ သိရှိရပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဦးအေး မိသားစုရဲ့ အိမ်ကို နေ့ စဉ်နေ့ တိုင်း ဆွမ်းခံကြွပြီး ခန္ဒာငါးပါးကြောင်းကို ဟောပြောပါတယ်။ မကြာခင်မှာ ဦးအေး တရားအားထုတ်လို့ ရက်ပေါင်း (၉၉) ရက်၊ သူဇနီးက (၁၀၉) ရက်၊ သားက (၁၁၈) ရက်၊ သမီးက (၁၂၈) ရက်မှာ ခန္ဒာတာဝန့်ကို ပြီးမြောက်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲအနေသိရတာကတော့ မြန်မာနိုင်ငံမှာ မင်းပြောင်းမင်းလွှဲတွေ ဆက်တိုင်ကြုံရတယ်လို့ ဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ ထူးခြားဖြစ်စဉ် စာအုပ်မှာ တွေ့ ရပါတယ်။
ဒါကြောင့် ယခုလိုမျိုး ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူတာဟာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်သတင်းကောင်းပါဘဲ။ ဒီလို ထူးခြားမှုတွေဟာ မှန်ကန်တယ် ဆိုရင်တော့ ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းရေး လမ်းစပါဘဲ။ ဒီနှစ်အတွင်းမှာ
တိုင်းပြည်မှာ ကြီးမားတဲ့ ပြောင်းလွှဲမှုကို ငြိမ်းချမ်းစွာ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။

(၄)။
အဓမ္မမှုတွေ မတရားလွမ်းမိုးလာတဲ့အခါမှာ ဒီလို့အဖြစ်အပျက်တွေ ရှိလာတတ်ပါတယ်။ အဲဒီအခါမှာ သူတော်ကောင်းတွေဟာ အဓမ္မမင်းတွေ အုပ်စိုးတဲ့ တိုင်းပြည်က မြို့ရွှာ ဇနပုဒ်တွေကို တိမ်းရှောင်ကြရပါတယ်။ တိုင်းနိုင်ငံကို စွန့် လွှတ်ပြီး သူတပါးနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ အဲဒီကမှတဆင့် မိမိတိုင်းနိုင်ငံမှာ သူတော်ကောင်းတရားတွေ ထွန်းကားလာအောင် ကျင့်ကြံကြရပါတယ်။ ဘုရားရှင်လက်ထက်တော်အခါကလည်း သာဓကပေါင်း မြောက်များစွာရှိခဲ့ပါတယ်။ အခုလို အဖြစ်အပျက်မျိုးတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာရင်တော့ တိုင်းပြည်ဟာ တရားနဲ့ အုပ်စိုးသော မင်းကောင်းမင်းမြတ်တွေ အာဇာနည်တွေ ပေါ်ပေါက်လာနိုင်ပြီး တိုင်းသူပြည်သားတွေကို ရင်သားကဲ့သို့ ချစ်ခင်သော မင်းမြတ်တွေကိုလည်း မကြာခင်မှာ တွေကြုံလာနိုင်ပါတယ်။ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာလည်း ကိုယ်စိတ်နှစ်လုံးသုံးပါးစလုံး ပြည့်စုံနိုင်ပါတယ်လို့  ပြောလိုပါတယ်။

ဤထူးခြားသော သတင်းအား ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးအထူး တင်ရှိပါသည်.။

Brief on the Women Political Prisoners in Burma_Eng
Press Release
8 March 2010 – International Women’s Day
On International Women’s Day, AAPP has released a brief on the women political prisoners. The brief shows that there are women from all across Burma and from various sectors of society, who are imprisoned for their political beliefs. There are women in prison as young as 21 and as old as 68. The brief also describes one woman’s experience during her 11 years in prison which includes difficulties with access to health care.
According to AAPP there are presently 177 women political prisoners across Burma. Many women have been separated from their husbands and children. The report continues AAPP’s calls for better access to healthcare in prison, as it describes three women who currently have serious health concerns.
AAPP secretary, Tate Naing says “these women are a powerful force for the future of Burma. They need to be treated with respect and dignity and released immediately”.
“Women political activists have played a very important part in the pro-democracy movement and the protection of women’s rights in Burma, and they will continue to make valuable contributions. We need them.”
AAPP calls for immediate release of all political prisoners in the lead up to the 2010 elections and for political prisoners to be able to participate in the national reconciliation process.
###
Assistance Association for Political Prisoners (Burma)
For further information, please contact:
Tate Naing, Secretary, +66(0)81-287-8751
Bo Kyi, Joint-Secretary, +66(0)81-324-8935
Thanks N Regards,
Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org, http://www.fbppn.net
"There can be no national reconciliation in Burma,
as long as there are political prisoners."

၂ဝ၁ဝ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ချက်(AAPP)
၂၁ဝဝ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ချက်
ထုတ်ပြန်ကြေငြာချက်
မတ်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်
မတ်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်
၂၀၁၀ ခုနှစ် မတ်လ ၈ နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သော အကျဉ်းချုပ်အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများဟာ မြန်မာပြည်တနံတလျား လူမှုအလွှာအသီးသီးမှဖြစ်ကြပြီး သူတို့ရဲ့နိုင်ငံရေး ယုံကြည်ချက်များကြောင့် ထောင်သွင်းအကျဉ်းချခံရသူများဖြစ်ကြောင်းကို အကျဉ်းချုပ်အစီရင်ခံစာက ဖော်ပြထားပါတယ်။ အကျဉ်းထောင်အသီးသီးရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများမှာ အသက်၂၁ နှစ် အရွယ်မှ အသက် ၆၈ အရွယ်အထိ အသက်အရွယ် အမျိုးမျိုး ပါဝင်ကြပါတယ်။ အကျဉ်းချုပ်အစီရင်ခံစာက အကျဉ်းထောင်အတွင်းမှာ ၁၁ နှစ်ကြာအောင်နေခဲ့ရပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုရရှိဖို့ အခက်အခဲ မျိုးစုံကို တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ အတွေ့အကြုံကိုလည်း ဖေါ်ပြထားပါတယ်။
အေအေပီပီရဲ့ စာရင်းဇယားများအရ မြန်မာပြည်ထောင်တွေထဲမှာ လက်ရှိအမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁၇၇ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ခင်ပွန်းတွေ သားသမီးတွေ၊ မိဖတွေနဲ့ ခွဲခွာခံထားရသူများ ဖြစ်ကြပါတယ်။ ကျန်းမာရေးအရစိုးရိမ်ရတဲ့အခြေအနေရှိတဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား သုံးယောက် အကြောင်းကို တင်ပြထားပြီး ပိုမိုသင့်တော်ကောင်းမွန်တဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တခု ဖန်တီးပေးနိုင်ဖို့ အေအေပီပီက တောင်းဆိုထားတဲ့အကြောင်း အစီရင်ခံစာက ဆက်လက်ဖော်ပြ ထားပါတယ်။
အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်က “ဒီအမျိုးသမီးတွေက အနာဂါတ် မြန်မာနိုင်ငံအတွက် အားကိုအားထားပြုရမယ့် ကြီးမားတဲ့ အင်အားတွေ ဖြစ်ကြတယ်။ သူတို့ကို သိက္ခာရှိရှိ လေးလေးစားစားဆက်ဆံပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုပါတယ်။”
အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တတပ်တအား ပါဝင်ဆောင်ရွက်ကြသူများဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့က တန်ဖိုးဖြတ်မရနိုင်တဲ့ ပူးပေါင်းပါဝင်မှုတွေ ဆက်လက်လုပ်ဆောင်ကြမယ့် သူများဖြစ်ကြလို့ အနာဂတ်မြန်မာနိုင်ငံအတွက် သူတို့ရဲ့ စွမ်းဆောင်မှု တွေကို အထူး လိုအပ်ပါတယ်။
အေအေပီပီမှ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုအဖြစ် မဖြစ်မနေလုပ်ဖို့လိုအပ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တလျှောက် သူတို့တွေပါဝင်နိုင်ရေးအတွက် တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန် -
ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅
ဆက်သွယ်ရန် -
ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅
07 March 2010
စီအာပီပီ ပုံမှန်အစည်းဝေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး သဘာပတိမိန့်ခွန်းပြော
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာပီပီက ဒီကနေ့ အဖွဲ့ ချုပ်ရုံးချုပ်မှာ ပုံမှန်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌလည်းဖြစ် စီအာပီပီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးတင်ဦး နေ အိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အစည်းအဝေးဖြစ် ပါတယ်။ ဒီကနေ့အစည်းအဝေးမှာ ဦးတင်ဦးက သဘာပတိမိန့်ခွန်း ပြောကြားခဲ့ တယ်လို့ စီအာပီပီအတွင်းရေးမှူး ဦးအေးသာအောင်က အခုလို ပြောပြပါတယ်။
“အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်းဦက ပထမဆုံးအကြိမ် စီအာပီပီ အစည်းအဝေးမှာ တက်ရောက်လာတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမ ကောင်းတော့ အစည်းအဝေးမတက်ရောက်နိုင်တာကြာပြီ၊ အဲဒီတော့ ဦးတင်းဦးကို ပဲ ဒီနေ့ အစည်းအဝေးရဲ့ သဘာပတိအဖြစ် အားလုံးက သဘောတူ တင်မြှောက်ပြီး တော့ သဘာပတိ မိန့်ခွန်းပြောပါတယ်။ “သဘာပတိ မိန့်ခွန်းမှာ ဦးတင်ဦးက ကျနော်တို့ စီအာပီပီအနေနဲ့ လွှတ် တော်ကိုယ်စားပြုကော်မတီဆိုတော့ ပြည်သူရဲ့အရေးအရာ ပြည်သူကို မျက်နာမူပြီး တော့ အကျိုးရှိနိုင်မယ့် အလုပ်တွေကို တက်နိုင်သလောက်လုပ်ဖို့ ပန်ကြားသွားပါ တယ်။” စီအာပီပီအဖွဲ့ဝင် ၁၂ ဦး တက်ရောက်တဲ့ ဒီကနေ့ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တာတွေကိုလည်း ဦးအေးသာအောင်က အခုလို ဆက်ပြောပြပါတယ်။
“ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကတော့ အခု လှိုင်သာယာမှာ ဖြစ် နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ၊ ပြီးတော့ အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင်လုပ်ငန်း ပြောင်းပေးတဲ့ ကိစ္စတွေ၊ ပြီးတော့ နိုင်ငံတကာ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့ စီအာပီပီရဲ့ သဘောထားကို တောင်းထားတဲ့အပေါ်မှာ ဆွေးနွေးကြပါတယ်၊။ “နောက်ပြီး နယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စစ်ရေးအရ တင်းမာမှုတွေဖြစ်နေတဲ့ အခြေအနေ တွေကို ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တခု ဖြစ်လာနိုင်တဲ့၊ ဖြစ်လာမယ်ဆိုရင် တိုင်းပြည် အတွက် ပြည်သူတွေအတွက် စိုးရိမ်စရာ အလွန်ကောင်းတယ်၊ ဒါတွေကို ဆွေးနွေး ကြပါတယ်။” အလုပ်သမားဆန္ဒပြပွဲတွေ ပြေလည်စေဖို့အတွက် အလုပ်သမား အခွင့်ရေး တွေကို အခြေခံကစပြီး စနစ်တကျ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သက်လို့လည်း ငြိမ်းချမ်း ရေးစာချုပ် ချုပ်စဉ်က နှစ်ဘက်သဘောတူထားတဲ့အတိုင်း ဖြေရှင်းဆောင်ရွက်မှ သာ ပြေလည်စေမှာဖြစ်ကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။
ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ တွေကိုလည်း ဦးအေးသာအောင်က အခုလိုဆက်ပြောပြပါတယ်။ “အထူးသဖြင့်တော့ အန်အယ်လ်ဒီ အပါအဝင် တိုင်းရင်းသားတွေကတော့ ဒီ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ရပ်တည်ပြီးတော့ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ရေးဟာ တိုင်းပြည်ရဲ့ အခု အခြေအနေအတွက် ရော အနာဂတ်အတွက်ပါ အကျိုးရှိနိုင်တယ်၊ ဒီနေရာမှာ အားလုံး သုံးသပ်ကြတာ ကတော့ လက်ရှိအချိန်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ပေါ့၊ အဲဒီလို ပြင် ဖို့ဆိုတဲ့နေရာမှာ တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်တွေရဲ့ အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ဖို့လိုပါတယ်။
“အထူးသဖြင့် အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီရဲ့ အခွင့်အရေးတွေဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ လိုပါတယ်၊ ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကနေပြီးတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးကြမယ်၊ ပြည်သူ့ကိုယ် စားလှယ်တွေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေနဲ့တကွ စီမံခန့်ခွဲမှု တွေကို လုပ်ဆောင်သွားမယ်၊ ဒီလို ခြေခံအခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့ အတွက်ပဲ လိုတယ်လို့ အများက ဆွေးနွေးကြပါတယ်။”
ရင်းမြစ် DVB

"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.." “May I reward your affection, Mother”
မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့အတွက် မောင်လေးအလင်းဆက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဂုဏ်ပြုထားပါတယ်။
တဘဝတွင် တခါသာ သေရသည်ဖြစ်၍ အဘယ်နည်းနှင့် သေရသည်ဖြစ်စေ သမီး၌ မထူးခြား...
It is no peculiar for me
to think of dying in any way.
I know all will pass away in life, Mother.
"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.."
“May I reward your affection, Mother”
သည်းစွာသောအနာကို ကုစားပါအံ့
May I cure your serious ailments
သမီး၏လုံ့လ၀ီရိယဖြင့် နာလန်ထူပါစေအံ့....
With my diligence and industry, Mother.
မွေးကျေးဇူးကို မသိတတ်သော ထိုသူတို့အား သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို သမီးအား ပေးပါလေ...

Give me ability
that tempt those who
disregard the debt of gratitude, Mother.

တွေ့ရအံ့သော ဘေးရန်တို့ကို သမီး ထီမည်မဟုတ်...
I dare to faceany
oncoming danger…
I dare to faceany
oncoming danger…
တဘဝတွင် တခါသာ သေရသည်ဖြစ်၍ အဘယ်နည်းနှင့် သေရသည်ဖြစ်စေ သမီး၌ မထူးခြား...
It is no peculiar for me
to think of dying in any way.
I know all will pass away in life, Mother.
သမီး၏ စိတ်ကူးတို့ အကယ်အဖြစ်သို့ ရောက်သောအချိန်တွင် အသင်တို့သည်လည်း ပျော်မြူးကြရမည်...
အခြားအခြားသော သူတို့၏ ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...
မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏..
I long passionately for the praise
that I am your true and worthy daughter, Mother.
လောကတွင် မိခင်၏ကျေးဇူးကို အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။
အောင်ဆန်းစုကြည်
Aung San Suu Kyi
You all will be happy surely
When my dreams come true.
အခြားအခြားသော သူတို့၏ ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...
I pay no mind to their
condemnation,
ridicule,
hate,or
defamation, Mother.
မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏..
I long passionately for the praise
that I am your true and worthy daughter, Mother.
လောကတွင် မိခင်၏ကျေးဇူးကို အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။
I wish to be only a person
who deserve your gratitude, Mother.
အောင်ဆန်းစုကြည်
Aung San Suu Kyi
Translated by Alinsek
5.March, 2010
Subscribe to:
Posts (Atom)