21 December 2010

နိုင်ငံရေးအကျဉ်းသူ မသင်းဇူလိုင်ကျော် လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်



ဘလော့ဂါ ကိုနေဘုန်းလတ် ကို ယုဇနာဂါးဒင်းကော်ဖီဆိုင်မှာ ဝင်ရောက်ဖမ်းဆီး စဉ်မှာ မသင်းဇူလိုင်ကျော်နဲ့တူတူ ကော်ဖီသောက်နေချိန် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ဆန္ဒပြမှုနဲ့ဆက်စပ်ပြီး ၂၀၀၈ ခုက ဖမ်းဆီးခံရတာပါ။ သူ့ကို စစ်အစိုးရက ပုဒ်မ ၅ ည၊ ဗွီဒီယို အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ် ခွဲ အမိန့်ချခဲ့ပါတယ်။

ပဲခူးတိုင်း ပြည်မြို့ အကျဉ်းထောင်ကနေ ဒီနေ့မနက်လွတ်ရက်စေ့လို့ပြန်လည် လွတ်မြောက် လာခဲ့ကြောင်းသတင်းရရှိပါသည်.။

သူမနဲ့ တူတူဖမ်းဆီးခံခဲ့ရသော ဘလော့ဂါ ကိုနေဘုန်းလတ် အားယနေ့အချိန်ထိ ဘားအံထောင်ထဲတွင် ထောင်ဒဏ် အနှစ်(၂၀) ကျော် ဖြင့်မတရားသဖြင့်အာဏာပိုင် များက အမိန့်ချ ဖမ်းဆီးထားဆဲ ပင်ဖြစ်ပါသည်.။