21 December 2010

မြန်မာပြည်သူတွေသတိတော့ထားကြပါ လေယာဉ်ပြေးလမ်းကြောင့်လေယာဉ်ဘီးဘဲကျွံမလား? လမ်းချော်မလား? ဆိုတာ စောင့်ကြည့်လိုက်ပါမကြာမှီသတင်းလာမည်မျှော်သာမျှော်ပေတော့

နေပြည်တော် လေဆိပ်သစ်ကို ၂၀၁၁ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်ကာ ပြည်တွင်း ခရီးစဉ်အတွက် စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း နေပြည်တော်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ၂၀၀၉ ခုနှစ် အတွင်းက Asia World Co.Ltd မှ လေဆိပ်ဆောက်လုပ်ရေး စီမံကိန်း အဆင့်သုံးဆင့်ဖြင့် စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေကြောင်း ခရီးစဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများနှင့် ပြည်တွင်း ခရီးစဉ် အသုံးပြု အဆောက်အအုံသစ်များကို တစ်ပြိုင်နက် ဆောက်လုပ်လျက် ရှိပြီး ၂၀၁၁ ခုနှစ် မတ်လ အတွင်းတွင် နေပြည်တော် လေဆိပ်သစ်ကြီးကို ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် လေဆိပ်သစ် ဖွင့်လှစ်ပြီးပါက လေဆိပ်သစ်တွင် ပြည်တွင်း ခရီးစဉ်အတွက် နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ အတွက်ကိုမူ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ ပျံသန်း ပြေးဆွဲနိုင်ရန် ရှိကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။