25 December 2010

ရိုးစင်းပေမယ့် ပျော်စရာကောင်းတဲ့ မြန်မာပြည်က ခရစ္စမတ်ပွဲတော်

ခရစ္စမတ်၊အခါသမယလေးကို၊ အသက် ၀င်ပီပြင်စေဖို့ဆိုရင် အေးမြမြ ဆောင်းကလည်း မပါမဖြစ်တစ်ခုပေါ့။ ရန်ကုန်ဆောင်းက မအေးလှဘူး ဆိုပေမယ့် ခရ စ္စမတ်နီးကပ်လာတာနဲ့အမျှ အအေးဓာတ်လေး တဖြည်း ဖြည်းပေးရင်း ပျော် စရာပွဲတော်ကြီးကို သူလည်းပဲ ကြိုဆို လာပြီပေါ့။

ကုန်တိုက်တွေ၊ စားသောက်ဆိုင် တွေ၊ ဟိုတယ်တွေကလည်း နားဝင်ပီ ယံ ချိုလှတဲ့ခရစ္စမတ်သီချင်းသံတွေ၊ မျက်စိပသာဒဖြစ်ဖွယ်ရာ အလှဆင် မီးလုံးတွေနဲ့ ခရစ္စမတ်ကို ကြိုဆိုနေကြသလို ခရစ်ယာန်ဘာသာဝင်တွေ ကလည်း ရိုးရှင်းတဲ့ ခရစ်ယာန်ရိုးရာ ချစ်စရာ အလေ့အထလေးတွေနဲ့ ပွဲတော်ကို ဆင်နွှဲကြဖို့ ပြင်ဆင်နေပါပြီ။

ဒီဇင်ဘာလ ရောက်ပြီ ဆိုရင် ညချမ်း ချိန်တွေ မှာ ဂစ်တာတွေ၊ ထရမ်း ဘုန်း တွေကိုယ်စီနဲ့ လူငယ်တွေ တစ်အိမ်ဝင် တစ်အိမ်ထွက် ခရစ္စမတ် သီချင်းတွေ ဆိုကြပြီ။ "ဒီလိုသီချင်းထွက်ဆိုတဲ့အခါ ရင်ထဲမှာ အေးချမ်း သွားတယ်။ ဘုရား ကျောင်းက သူငယ်ချင်းတွေနဲ့ တစ်ညလုံး အတူတူသွားကြတော့ ပျော်ဖို့လည်း အရမ်းကောင်းတယ်"လို့ ခရစ်ယာန် ဘာသာဝင် လူငယ်လေးတစ်ဦးက ဆိုပါတယ်။

အဲဒီလို သီချင်းသွားဆိုတာဟာ အိမ် ရှင်မိသားစုတွေကို ကောင်းချီးပေးတာ ဖြစ်တယ်လို့ သူကပြောပါသေးတယ်။

ခရစ္စမတ်အကြိုနေ့ ညမှာတော့ အများစုဟာ ဘုရားကျောင်းမှာ ၀တ်ပြု ဘုရားရှိခိုးဆုတောင်းကြပါတယ်လို့ စိန်မေရီဘုရားရှိခိုးကျောင်း ဂေါပကအဖွဲ့က ဦးရစ်ချတ်ခင်မောင်ဦးက ပြောပြပါတယ်။

"ည ၁၁ နာရီမှာ၊ဘုရားကျောင်း စတက်တယ်။ အားလုံး စုပေါင်းပြီး မစ္ဆားတရားနာကြတယ်။ တရားနာပြီး ၁၂ နာရီကျော်မှာ အချင်း ချင်း Merry Christmas လို့နှုတ်ဆက်ကြပြီး ဒီက ကျွေးတဲ့ ပေါင်မုန့်၊ ကောက်ညှင်းပေါင်း စတာတွေကို တပျော်တပါး စားသောက် ကြတယ်"လို့ သူကဆိုပါတယ်။

ဘုရားကျောင်းလာရောက်ပြီး၊၀တ်ပြုသူ အမျိုးသမီးတစ်ဦးကလည်း"ဘုရားကျောင်းကအပြန် အိမ်ရောက်ရင်မိသားစုတွေနဲ့ ကြက်သား ဆံပြုတ် ပူပူနွေးနွေးလေးကို သောက်ကြတယ်။ နောက်တစ်နေ့ ခရစ္စမတ်နေ့ရောက်တဲ့အခါကြတော့ အိမ်မှာ ကြာဇံချက်၊ ပူတင်း၊ ငှက် ပျောသီးပေါင်း စတာတွေ ကို မိသားစုတွေ၊ အမျိုးတွေ၊ သူငယ်ချင်း တွေက လာပြီးစားကြတယ်။ ပြီးတော့ လည်းအိမ်နီးနားချင်းတွေ ကို ဝေတယ်" လို့ ဆိုပါတယ်။

ဒီလိုအရသာရှိတဲ့ မုန့်တွေအပြင် နောက်ထပ်သူတို့စားကြတာတစ်ခုက တော့ ဒိုဒိုးလို့ခေါ်တဲ့ မုန့်ကလားမည်း တစ်မျိုးပါပဲ။ ထောပတ်၊ ဗာဒံစေ့၊ ကောက်ညှင်း ငချိပ်တို့ နဲ့ ပြုလုပ်ထားတဲ့ ဒီမုန့်ဟာ ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ ဂိုအာမြို့ကနေ အခြေခံပြီး မြန်မာနိုင်ငံ ကို ရောက်ရှိလာတယ်လို့သိရပါတယ်။

"အရင်က ကျွန်တော်တို့အဖေတွေ အမေတွေ၊ အဖိုးတွေ၊ အဖွားတွေ ခေတ်က ဒီမုန့်ကို အိမ်မှာကိုယ်တိုင် ၀ိုင်းပြီး ထိုးကြတယ်။ အခု နောက်ပိုင်းတော့ ဆိုင်ကပဲဝယ်စားကြတာ များပါ တယ်"လို့ ရိုးရာမုန့် အကြောင်းကို ဦးရစ်ချတ်ခင်မောင်ဦးက ပြောပြပါတယ်။ ဒိုဒိုး လိုပဲ ပွဲတော်မှာ စားလေ့ရှိကြတဲ့ နောက်ထပ်မုန့်တစ်မျိုးကတော့ သစ် သီးစုံပါဝင်တဲ့ ခရစ္စမတ်ကိတ်မုန့်ပါ။

ဒါ့ပြင် ရန်ကုန်မြို့မှာရှိတဲ့ အင်တာ နေရှင်နယ်စာသင်ကျောင်းတွေ၊ သံရုံး တွေနဲ့ ခရစ်ယာန်အသင်းတော်တွေမှာ လည်း ခရစ္စမတ် ပျော်ပွဲရွှင်ပွဲများကို ပွဲ တော်ရက်မတိုင်ခင် ရက်အနည်းငယ် အလိုမှာ ကျင်းပလေ့ရှိကြပါတယ်။

"ကျောင်းတက်တုန်းကဆို နှစ်တိုင်း ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်။ အတန်းတစ် တန်းကို ဆိုင်ခန်းတစ်ခန်းနဲ့ ကိုယ်ကြိုက် တာကို စုပေါင်း ပြီးရောင်းကြတယ် "လို့ ILBC ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့ စမ်းရေက ပြောပါတယ်။

တချို့ကျတော့လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက် အားလပ်ရက်တွေမှာ ခွဲခွာနေရတဲ့ ချစ်သူ၊ ခင်သူတို့ဆီပြန်ကြရင်း ပျော်စရာအချိန် လေးတွေကို ဖန်တီးကြတယ်။

"မနှစ်ကဒီလိုအချိန် စင်ကာပူကနေရန်ကုန်ကိုပြန်လာတုန်းက ခရစ္စမတ်နေ့မတိုင်ခင်ညမှာ တစ်ညလုံးမအိပ်ဘဲ အိမ်နားက ဘုရားရှိခိုး ကျောင်းက ခေါင်းလောင်းတီးသံကို နားထောင်ကြတယ်။ ပြီးတော့အဖေနဲ့အမေကို Merry Christmas လို့ နှုတ်ဆက်ပြီး လက်ဆောင် တွေ ပေးတယ်။ နောက် တစ်နေ့ ဘုရားရှိခိုးကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ လက်ဆောင်ပစ္စည်း တွေလဲကြတယ်"လို့ စမ်းရေက ပြောပါ သေးတယ်။

ကျုံပျော်သူ ငွေမလေးကလည်း နှစ်စဉ် ခရစ္စမတ်ဆို လက်ရှိနေထိုင်ရာ ရန်ကုန်ကနေ ဇာတိမြို့ကို ပြန်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့ ဘုရားကျောင်းအတူ သွား၊ ပါဆယ်ဂိမ်းတွေ ဆော့ကြသလို လူငယ်တွေဆိုတဲ့ စတိတ်ရှိုးပွဲတွေ သွား ကြည့်ရတာ အရမ်းပျော်ဖို့ကောင်း တယ် လို့ ဆိုပါတယ်။

မြန်မာလူမျိုးတွေ နွှဲပျော်ကြတဲ့ ခရစ္စမတ်ပွဲတော်ဟာ ကမ္ဘာအနှံ့က မြို့ပြကြီးတွေမှာ ဆင်နွှဲကြတဲ့ ခရစ္စမတ်ပွဲတော် တွေလောက် မခမ်း နား မကြီးကျယ်သလိုမြူနှင်းတွေနဲ့ ပြည့်နှက်နေတဲ့ အဖြူရောင်ခရစ္စမတ်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ ဓလေ့တွေ နဲ့ ရောင်စုံခရစ္စမတ်လေးဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။


မေစန္ဒီ

ငါးဆယ့်နှစ်






“ငါးဆယ့်နှစ်”


၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။

(မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

ကျော်သူ

ပေးပို့ ပေးသော ကိုကျော်သူ နှင့် မမြင့်မြင့်ခင်ဖေ တို့ အား ကျေးဇူးပါရှင်

24 December 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ၂၀၁၁ ပြက္ခဒိန်..

မြန်မာပြည်တွင်းကမြန်မာ ပြည်သူ့တွေရဲ့ ရင်တွင်းခံစားချက်စာ

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့  နေရပါသည်။ ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယ်မှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင်သိရှိနိုင်ပါသည်။

ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီးအကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်းစိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ်ခင်စန်းရီ ( မင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။

၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ. နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်းဖြစ်ပါသည်။ မူးယစ်ဆေးတန်ဘိုးများမရရှိသည့်အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်းပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင်ပတ်သက်နေသည့်ကို စုံစမ်းလျှင်သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲနေသည်ကို ကရင်ပြည်သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရပါဝသည်။ ၀န်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။

ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀)လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။

မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူးဖြစ်စဉ်က မိမိတပ်မ၏လက်နက်တိုက်ကို မီးလောင်မှုဖြစ်အောင်လုပ်ဆောင်ပြီး သူ၏ဆရာသမားများ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံလာဘ်စားခြင်း ကိုယ့်ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့ တွင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီး၊အမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေးများနှင့် ပူးပေါင်းကာ လာဘ်လာဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်းမြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ်အထက်လူကြီးဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးနေသည်။ ၄င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရရဗိနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနုသမီးဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ်ရွေးရန်လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသောသူ့ ကို မဲထည့်မည်စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်းဖြစ်ပါသည်။ (စုံးစမ်းလျှင်သိနိုင်ပါသည်။)

မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလကန်ထရိုက်အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။ ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများအတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။ မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စားနေကြောင်းကို စည်ပင်သာယာဝန်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန်ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။

ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးပါရှင်..။

လှိုင်းဘွဲမြို့နယ်ရှိ ရွာသူရွာသားများ အား နအဖစစ်တပ်မှ အဓမ္မခေါ်ယူ ပေါ်တာဆွဲနေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးနယ်များမှ ရွာသူရွာသားများအား ဒီဇင်ဘာလလယ်ပိုင်းမှ ယခုအချိန်ထိ နအဖ စစ်တပ်နှင့် နယ်ခြားစောင့်တပ်များမှ ပေါ်တာအဖြစ် အဓမ္မခေါ်ယူအသုံးချနေကြောင်း နယ်စပ်မှလာသည့် သတင်းများအရသိရသည်။

နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် စစ်ကွပ်ကဲရေးဌာနချုပ်(၁၉) လက်အောက်ခံတပ်ရင်းများသည် လှိုင်းဘွဲမြို့နယ်၊ ကဆောဝါးလေး(ဆင်ဖြူတောင်)ရှိ ၎င်းတို့၏ ရိက္ခာစုဆောင်းထားရှိရာနေရာသို့ တပ်ရိက္ခာပို့ဆောင်ရန်အတွက် ကျေးနယ်များမှ ရွာသားများကို ပေါ်တာဆွဲရာတွင် နယ်ခြားစောင့်တပ် BGF (၁၀၁၂)တပ်ရင်းမှ တာဝန်ယူလျှက်ရှိကြောင်း ကေအဲန်ယူ ဖားအံ ခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ယခုလို ပြောသည်။

“နအဖ ခလရ(၆၁)၊ ခမရ(၁၀၆)တပ်တွေက လှိုင်းဘွဲမြို့နယ်ထဲက ကျေးနယ်တွေမှာ ပြီးခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက ပေါ်တာဖမ်းနေတာ။ သူတို့(နအဖ)က ဆင်ဖြူတောင်မှာ သူတို့ရိက္ခာကို စုဆောင်းထားနေကျလေ။ အခုလည်း အဲဒီကို ရိက္ခာ ပို့ဖို့အတွက် ကားနဲ့သယ်လို့ အဆင်မပြေတော့ လူနဲ့ပဲသယ်ခိုင်းတာ။ ပေါ်တာဆွဲဖို့အတွက်ကို BGF (၁၀၁၂)တပ်ရင်းကလည်း ၀ိုင်းကူပေးနေတယ်လို့ သိရတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယင်းသို့ ပေါ်တာဆွဲရာတွင် ရွာ ၂ရွာ၊ ၃ရွာရှိသည့် ကျေးနယ်တခုလျှင် လူအယောက် ၅၀စီ တောင်းခံကြောင်းနှင့် ယခုလို ပေါ် တာအဆွဲခံရသည့် ကျေးရွာများမှာ ပိန္နဲတော၊ ကွီးလေး၊ သကွီးကလား၊ ၀ိုင်းထော်၊ ကြာအင်း၊ ၀ါးကုပ်တော၊ ဖွေးဖိုးကလားရွာ များအပြင် မဲစမိတ်၊ နောင်ကိုင်ကျေးရွာများမှ အမျိုးသမီးပေါ်တာများလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

နယ်ခံတစ်ဦးက “ပိန္နဲတောရွာမှာတော့ ခလရ(၆၂)တပ်ရင်းက ဒီလ ၂၁ရက်နေ့ကနေစပြီး ပေါ်တာဆွဲနေတာ ဒီနေ့အထိပဲ။”ဟု ပြောသည်။

သို့သော် ပေါ်တာအဖြစ် ခေါ်ဆောင်ခြင်းခံရသည့် ရွာသူရွာသားများအနက် စုစုပေါင်း အမျိုးသမီး၊ အမျိုးသားဦးရေ အတိအကျ ကို သိရှိရန်အတွက် ကေအိုင်စီက ဆက်လက် စုံစမ်းနေဆဲပင် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နှင့် ၆ရက်နေ့များတွင် ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၀၂)နှင့် ဗဟိုအထူး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မာနယ်ပလောဂွင်ရှိ ဆင်ဖြူတောင်၊ ကြယ်ပြောင်ကုန်းနှင့် ထီးသေ့ဟီးကျေးရွာအနီးတွင် နအဖ ခလရ(၂၈) တပ်ဖွဲ့ဝင်များကို ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၆ဦးကျဆုံးကာ ၄ဦး ထိခိုက်ခဲ့သလို စစ်ကားတစ်စီးလည်း မိုင်းထိမှန်ကာ ပျက်စီးသွားခဲ့သည်။

နအဖတပ်များသည် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ လှိုင်းဘွဲမြို့နယ်၊ မာနယ်ပလောတ၀ိုက်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ နေရာများကို ကေအဲန်ယူတပ်များက ပြောက်ကျားတိုက်ခိုက်သည့်အတွက် မာနယ်ပလောဒေသရှိ နို့ဒေးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရာနှင့်ချီသည့် နို့ဒေးရွာသားများမှာ ကျေးရွာစွန့်ခွာ၍ နယ်စပ်နှင့် ထိုင်းဘက်ခြမ်းသို့ ထွက် ပြေးနေခဲ့ရသည်။

အဆိုပါ မာနယ်ပလောဒေသတွင် ကေအဲန်ယူ နယ်မြေခံတပ်များအပြင် နအဖ ရတခနှင့် စကခ(၁၉) လက်အောက်ခံ တပ်ရင်း များဖြစ်သည့် ခလရ(၆၁)၊ ခလရ(၆၂)၊ ခလရ(၂၈)၊ ခမရ(၃၄၃)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ ခမရ(၅၈၇)တပ်ရင်းများက စစ်ရေး လှုပ်ရှားလျှက်ရှိသလို နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကလည်း ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာနေသည်။

သတင်း...KIC

GLOBAL သတင်းဋ္ဌာနက DKBA အဖွဲ့ရဲ့ ဓာတ်ပုံတစ်ချို့ပါ...


ဓာတ်ပုံများ Play နှိပ်ကြည့်ပါရန်....

Last call for the resistance
သတင်းဖတ်ချင်ရင်..http://www.globalpost.com/dispatch/asia/101101/myanmar-burmese-refugees-mae-la

23 December 2010

အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စု စိတ်ဓာတ်အကြောင်း ဟောပြောပွဲ အခမ်းအနား သတင်းဓာတ်ပုံ












ဓာတ်ပုံများ ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးပါရှင်...

ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း

ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း ခန်းမမှ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဂန္ဒီဟောခန်းမကြီးအား ရန်ကင်းမြို့နယ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းအနီး ကြေးတိုင်နှင့် မြေစာရင်းရုံးရှေ့ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံးဟောင်းသို့ မကြာမီရက်များအတွင်း ပြောင်းရွှေ့ရတော့မည် ဖြစ်ကြောင်း၊ ယခင်ကအဆိုပါ ခန်းမတွင် အလှူမင်္ဂလာပွဲများ လက်မှတ်ရေးထိုးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “သေချာတာကတော့ ရွှေ့ရမယ်လို့ပြောတယ်။ လူကြီးတွေကတော့ ဒီအစီအစဉ်ကို ပိုပြီးသိမှာပါ”ဟု ယင်းခန်းမရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ လက်ရှိတွင် အဆိုပါခန်းမ၌ အိမ်ခြံမြေအပြောင်းအလွဲ စာချုပ်များ၊ အများနှင့်သက်ဆိုင်သော အရောင်းအဝယ်စာချုပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ပေးလျက်ရှိကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

AlJazeera သတင်းဋ္ဌာနနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမှ တိုက်ရိုက်မေးမြန်း ဆွေးနွေးတဲ့ ရုပ်သံဖိုင်....

၂၁ ရက်နေ့ မြန်မာပြည်တွင်း သတင်းများ ရုပ်သံ

နအဖ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေသော ကရင်နယ်မြေ ကလို့ ထူးဖော ဗျူဟာမှူး ဒီကေဘီအေ မှ ဗိုလ်မှူး ကျော်သက် နှင့် အင်တာဗျူး ရုပ်သံ

မြန်မာငွေစက္ကူအတု လက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးပါတဲ့ရှင်



တစ်ထောင်ကျပ်တန်နှင့် ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများ ကိုလက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ကြပါဟု ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ငွေကျပ် ၁ဝဝဝ ကျပ် တန်နှင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူအတု များအား ပြည်သူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရာမှ တွေ့ရှိ ၍သော်လည်း ကောင်း၊ ဘဏ်ထုတ် ငွေများတွင်ပါဝင်၍သော်လည်းကောင်း လက်ခံရရှိခဲ့ပါကထို ငွေ စက္ကူအတုများ ပြန့်ပွားခြင်းမရှိ စေရန်နှင့် ငွေစက္ကူအတုပြုလုပ်၍ သုံးစွဲ သူ များအား ဖမ်းဆီး ထိန်း သိမ်း နိုင်ရန်အတွက် သက်ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ငွေစက္ကူအတု ပြုလုပ်သည့် ကိစ္စမှာ ရှေးယခင် နှစ်များ စွာက တည်းကရှိခဲ့သော်လည်းမြန်မာနိုင်ငံ ၌ငွေစက္ကူအတုများအား အများ အပြား ဖမ်းဆီးရမိခြင်း မရှိ သေး ကြောင်း၊ ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ်ငွေစက္ကူအတုများ အားတွေ့ရှိပါက တွေ့ရှိ သည့် နေရာ အား နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ် များနှင့် ရဲစခန်း တို့သို့ တာဝန်သိစိတ် ဖြင့်အကြောင်းကြားရန် လိုအပ် ကြောင်း၊ အကယ်၍ဘဏ်ထုတ်ငွေ များမှတစ်ဆင့် လက်ခံရရှိခဲ့ပါက ကာယကံရှင်အနေဖြင့် မိမိငွေကြေး ထုတ် ယူခဲ့သောဘဏ်အား ငွေ ထုတ်ယူခဲ့သည့် အထောက်အ ထားနှင့်တကွ ပြန်လည်တင်ပြ ပြော ဆိုပါက အဆိုပါငွေအတုအတွက် ¤င်းငွေကြေးနှင့် တန်ဖိုးတူညီသော ငွေကိုပြန်ရနိုင်မည်ဖြစ်သည့်အပြင် ဘဏ်အနေဖြင့်လည်း အဆိုပါငွေ အတုအားမည်သူ့ဆီမှ လက်ခံရရှိ ခဲ့သည်ဆိုသည်ကို ဖော်ထုတ်စုံစမ်း နိုင်မည်ဖြစ်ကြောင်း၊ ရဲစခန်းသို့ငွေ အတုလက်ဝယ်ရရှိသည့် ကိစ္စအား သတင်းပေးပို့ပါကလည်း ထိုငွေ အတုအားမည်ကဲ့သို့ လက်ခံရရှိခဲ့ ခြင်းဖြစ်သည်ကို သေချာစွာ ရှင်း လင်းပြောကြား ရန် လိုအပ်ကြောင်း ၄င်းကဆိုသည်။

ငွေစက္ကူအတုနှင့် ပတ်သက်၍ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမောင် မောင်ဝင်းက မည်သူမဆိုငွေစက္ကူ ဖြစ်စေ၊ ဘဏ်ငွေ လက်မှတ် ကိုဖြစ် စေလိမ်လည်အတုပြုလျှင် သို့မ ဟုတ် အတုပြုလုပ်မှန်း မိမိ သိ လျက်နှင့်ထိုသို့ လိမ်လည် အတုပြု လုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပြု လုပ်ပါက ထို သူအားရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က)အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်း အထိ ဖြစ်စေ၊ ဆယ်နှစ် အထိထောင်ဒဏ်တစ် မျိုးမျိုးကိုဖြစ် စေချမှတ် နိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း၊ ထို့အပြင် ငွေစက္ကူအတု ကိုဖြစ်စေ၊ ဘဏ်ငွေ လက်မှတ်ကိုဖြစ်စေ အတုမှန်း သိလျက် အစစ်အမှန်အဖြစ် အသုံး ပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ)အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေး ယူနိုင်သည့် အပြင် ငွေဒဏ်လည်းချ မှတ်နိုင် ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ် ထားကြောင်း သိလျက်နှင့် သုံးစွဲ ရန်ကြံရွယ်ကာ လက်ဝယ်ထားပါ က ခုနစ်နှစ်အထိထောင်ဒဏ် ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည် ဟုဥပဒေအရ ပြဋ္ဌာန်းထား သည်ဟု ဆိုသည်။ဆက်လက်၍ ၄င်းက ”ငွေ အတုမှန်းမသိလို့ ကိုယ့် လက်ထဲ ရောက်နေတာဆိုရင်တော့ဘာမှ မဖြစ်ဘူး။

အကယ်၍များပြည်သူ တစ်ယောက်ရဲ့ လက် ထဲကိုရောင်း ဝယ်ဖောက်ကားရင်းနဲ့ ငွေတု ရောက်လာမယ်။ အဲဒီ လူကလည်း ငွေတုမှန်းမသိဘဲ ပြန်ဖလှယ်တဲ့ အခါကျမှ ငွေအတုမှန်းသိသွားရင် တော့အဖမ်းခံ ရနိုင်တယ်။ တကယ် လို့အတုမှန်းစောစောစီးစီး သိခဲ့ တယ်ဆိုရင် တော့ နီးစပ်ရာရဲစခန်း ကိုအကြောင်းကြားပြီး ဒီငွေတုကို ဘယ်ကနေပြီးဘယ်လိုပုံစံနဲ့ရခဲ့တယ် ဆို တာကို သတင်းပို့ဖို့လိုပါတယ်။နောက်တစ်ချက် က ငွေစက္ကူ အတု ကိုမ သိဘဲ ကိုင်ထားရင်လည်း လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူခံရ နိုင်တဲ့အတွက် ရိုးရိုး သားသား လုပ် ကိုင်စားသောက်တဲ့ မသိနားမလည် သူတွေက ဒုက္ခရောက်နိုင် တယ်။

ဒီတော့သက်ဆိုင်ရာကလည်းငွေတု ပပျောက်အောင်နဲ့ ငွေတုပြုလုပ်သူ တွေကို တရား ဥပဒေအရ အမြန်ဆုံး ဖမ်းဆီးနိုင်အောင် ပြည်သူတွေကို ငွေတုတွေ့ရင် ဘယ်လို ဆောင်ရွက် သင့်တယ်ဆိုတဲ့ ပညာပေးမှုမျိုးတွေ လုပ်သင့်တယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ ကလည်း ဗဟိုဘဏ်အနေဖြင့် ငွေတုပြဿနာ အားဖြေရှင်းရန်အတွက် ငွေတုနှင့် ပတ်သက် သော ပညာပေးမှုအစီ အစဉ်တစ်ရပ်အား ပြည်သူများသိ ရှိစေရန် စီစဉ် ဆောင် ရွက် လျက်ရှိ သည်ဟုသိရသည်ဟု ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြပါရှိသည်.။

22 December 2010

ကိုနေဇော်နိုင်ရဲ့ ကျွန်တော် ဆွဲဖွင့်မိသောတံခါးများက ဒီတခါ နအဖရွေးကောက်ပွဲ မှာ ပြည်သူတွေကို မတရားပြုလုပ်ပုံပြည်သူ့အသံတွေ ဖော်ပြထားခဲ့ပါတယ်ရှင်..။

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်မှာဒီကနေ့သွားရောက်တွေ့ဆုံ

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ဖို့ မရှိပေမဲ့ သူတို့ တွေ့ဆုံစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီနေ့ ၂ နာရီမှာ ရန်ကုန်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ဒေါ်စုအိမ်မှာ လာတွေ့ပါတယ်။ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ Delegation ၄ ယောက်စလုံး လာပါတယ်။ Head of Delegation က ဂျော့ခ်ျ ပက်စလီ စန်နူး၊ Deputy Head က ပက်ထရစ် ၀ီလီယက်၊ Protection Unit က ဒိုမိနစ် အာဘန်၊ နောက် ဒေါက်တာဇော်ဝင်းပါ။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကိစ္စတွေ အဓိက ဆွေးနွေးတယ်လို့ ကျနော် သိပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono ရဲ့ ဖိတ်ကြားမှုအရ အင်ဒိုနီးရှား သံအမတ် နေအိမ်ကို သွားရောက်ပြီး သံအမတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်မှု မရှိပါဘူး။

သတင်း..VOA

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု တိုင်းရင်းသားဒေသများတွင်နအဖမှ တိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ်ကန့်ကွက်ကြောင်းကြေငြာခြင်း

့မြန်မာပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသား လူငယ်အဖွဲ ခုနှစ်ဖွဲ့ ပူးပေါင်း ပါဝင်ဖွဲ စည်းထား သောဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ် အစိုးရ ဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြသည်။

ဗဒတ တပ်ပေါင်းစုဝင် သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်ပေါင်း (၂၂)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့ များတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဗဒတတပ်ပေါင်းစုမှ ဖြန့် ဝေခဲ့သည့် စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာချက်ချင်းရပ်၊ပြည်တွင်း စစ်ချက်ချင်းရပ်၊စစ်ပွဲအလိုမရှိ၊တွေ့ဆုံ ဆွေးနွေး အဖြေရှာ ရေးချက်ချင်း ဆောင်ရွက်ပေး စသည့် စစ်ဆန့်ကျင်ရေး စာသားများ ပါဝင်ပြီး ငြိမ်းချမ်းရေး ဂျိုးဖြူငှက်မြန်မာပြည် မြေပုံဆီသို ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများပါရှိသည်။

လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဗဒတ၏ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်း အတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊အင်းစိန်မြို့ နယ်၊ တွံ့ တေးမြို့ နယ်၊ သန်လျင်မြိုနယ်၊ ကျောက်တန်းမြို့ နယ်၊ သုံးခွမြို့ နယ်၊သာကေတမြို့ နယ်၊ ကျောက်တံတားမြို့ နယ်၊ ဗိုလ်တထောင်မြို့ နယ်၊ ဒေါပုံမြို့ နယ်၊ ပန်းပဲတန်းမြို့ နယ်၊ လသာမြိုနယ်၊လမ်းမတော်မြို့ နယ်၊ စမ်းချောင်းမြို့ နယ်၊ ပုဇွန်တောင်မြို့ နယ်၊ မင်္ဂတောင်ညွန့် မြို့ နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့ နယ်၊ ဒလမြို့ နယ်၊ ကြည့်မြင်တိုင်မြို့ နယ် တို့ နှင့်ပဲခူးတိုင်း၊ ပဲခူးမြို့ နယ် တို့တွင် ပြုလုပ်ခဲ့ကြသည်။







Statement No-5-2010 of UFBAD