Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

12 February 2012

ဖေဖော်ဝါရီလ(၁၃)၊၁၉၁၅ခုနှစ် တိုင်းပြည်ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း အသက်(၉၇)နှစ်ပြည့် မွေးနေ့ အမှတ်တရ




အဖသာရှိခဲ့ရင်.......





အဖဗိုလ်ချုပ်မွေးနေ. ဖေဖော်ဝါရီ ၁၃၊ ၁၉၁၅ ခုနှစ်၊

အခုဆိုရင် ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိရင်.......

လွတ်လပ်ရေးရဲ. ဖခင်ကြီး၊တိုင်းပြည်ကြီးရဲ. ဗိသုကာ၊ ဗမာ့တပ်မတော်ကြီးရဲ. ကာကွယ်ရေးဦးစီးချုပ်၊
အတ္တအကျိုးတွေပယ်ဖျောက် တိုင်းသူပြည်သားများ အကျိုးကိုယ်သာ ထာဝရရှေးရှု ကျောင်းသားခေါင်းဆောင်ဘ၀မှ ဗိုလ်ချုပ်အောင်ဆန်းဘ၀အထိ ပေးဆပ်ခဲ့၊


အဖဗိုလ်ချုပ်

စစ်တပ်၊စစ်သားဆိုရင် ပြည်သူကရွံ.၊သံဃာက စွန်.၊နိုင်ငံတကာက ဂွတ်ဘိုင်တဲ့၊

အဖအောင်ဆန်း

တိုင်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ.ကိုတော်လှန်ရသလိုပဲ
တိုင်းသူပြည်သားတွေ လွတ်လပ်ဖို. အဖသမီးလဲ တိုက်ပွဲထဲမှာပါ၊

ကျောင်းသားခေါင်ဆောင် ကိုအောင်ဆန်း

နယ်ချဲ.တော်လှန်ရင်း အောင်ဆန်း B.A လို.ဖြစ်လာခဲ့၊
ကိုအောင်ဆန်းတက်တဲ့ ရန်ကုန်တက္ကသိုလ်လဲ အလင်းပျောက်
ကျောင်းသားတွေ အဖလို B.A မရောက်၊
ထောင်ထဲမှာ ပေါက်ဖွား
အမှောင်အမိုက်ဖုံးတဲ့ ဗမာပြည်၊

အခုတော့ ကိုအောင်ဆန်းရေ
ကျောင်းသားခေါင်းတွေလဲ ထောင်ထဲ
ပြည်သူတွေလဲ ဖောင်တွဲပြီး
ရေစုံမျှောလို. အဖပြောသလို
ဗမာနိုင်ငံဟာ ဖာနိုင်ငံဖြစ်ပြီ၊

အဖတည်ထောင်သွားတဲ့ စစ်တပ်ကြီးက သံဃာတွေကို စော်ကား
ပြည်သူတွေကို မတော်မတရားလုပ်ကြတာ
အဖသာရှိခဲ့ရင်......


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ. အမှတ်တရ
ဘုန်းဘုန်းစံ
အမေရိက
ashincandobhasacara@gmail.com


ဗိုလ်ချုပ်အောာင်ဆန်းမွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သီချင်းတစ်ပုဒ်


ပိုစ်ဟောင်းလေးအား ပြန်လည် တင်ပြလိုက်ပါတယ်

25 December 2010

ရိုးစင်းပေမယ့် ပျော်စရာကောင်းတဲ့ မြန်မာပြည်က ခရစ္စမတ်ပွဲတော်

ခရစ္စမတ်၊အခါသမယလေးကို၊ အသက် ၀င်ပီပြင်စေဖို့ဆိုရင် အေးမြမြ ဆောင်းကလည်း မပါမဖြစ်တစ်ခုပေါ့။ ရန်ကုန်ဆောင်းက မအေးလှဘူး ဆိုပေမယ့် ခရ စ္စမတ်နီးကပ်လာတာနဲ့အမျှ အအေးဓာတ်လေး တဖြည်း ဖြည်းပေးရင်း ပျော် စရာပွဲတော်ကြီးကို သူလည်းပဲ ကြိုဆို လာပြီပေါ့။

ကုန်တိုက်တွေ၊ စားသောက်ဆိုင် တွေ၊ ဟိုတယ်တွေကလည်း နားဝင်ပီ ယံ ချိုလှတဲ့ခရစ္စမတ်သီချင်းသံတွေ၊ မျက်စိပသာဒဖြစ်ဖွယ်ရာ အလှဆင် မီးလုံးတွေနဲ့ ခရစ္စမတ်ကို ကြိုဆိုနေကြသလို ခရစ်ယာန်ဘာသာဝင်တွေ ကလည်း ရိုးရှင်းတဲ့ ခရစ်ယာန်ရိုးရာ ချစ်စရာ အလေ့အထလေးတွေနဲ့ ပွဲတော်ကို ဆင်နွှဲကြဖို့ ပြင်ဆင်နေပါပြီ။

ဒီဇင်ဘာလ ရောက်ပြီ ဆိုရင် ညချမ်း ချိန်တွေ မှာ ဂစ်တာတွေ၊ ထရမ်း ဘုန်း တွေကိုယ်စီနဲ့ လူငယ်တွေ တစ်အိမ်ဝင် တစ်အိမ်ထွက် ခရစ္စမတ် သီချင်းတွေ ဆိုကြပြီ။ "ဒီလိုသီချင်းထွက်ဆိုတဲ့အခါ ရင်ထဲမှာ အေးချမ်း သွားတယ်။ ဘုရား ကျောင်းက သူငယ်ချင်းတွေနဲ့ တစ်ညလုံး အတူတူသွားကြတော့ ပျော်ဖို့လည်း အရမ်းကောင်းတယ်"လို့ ခရစ်ယာန် ဘာသာဝင် လူငယ်လေးတစ်ဦးက ဆိုပါတယ်။

အဲဒီလို သီချင်းသွားဆိုတာဟာ အိမ် ရှင်မိသားစုတွေကို ကောင်းချီးပေးတာ ဖြစ်တယ်လို့ သူကပြောပါသေးတယ်။

ခရစ္စမတ်အကြိုနေ့ ညမှာတော့ အများစုဟာ ဘုရားကျောင်းမှာ ၀တ်ပြု ဘုရားရှိခိုးဆုတောင်းကြပါတယ်လို့ စိန်မေရီဘုရားရှိခိုးကျောင်း ဂေါပကအဖွဲ့က ဦးရစ်ချတ်ခင်မောင်ဦးက ပြောပြပါတယ်။

"ည ၁၁ နာရီမှာ၊ဘုရားကျောင်း စတက်တယ်။ အားလုံး စုပေါင်းပြီး မစ္ဆားတရားနာကြတယ်။ တရားနာပြီး ၁၂ နာရီကျော်မှာ အချင်း ချင်း Merry Christmas လို့နှုတ်ဆက်ကြပြီး ဒီက ကျွေးတဲ့ ပေါင်မုန့်၊ ကောက်ညှင်းပေါင်း စတာတွေကို တပျော်တပါး စားသောက် ကြတယ်"လို့ သူကဆိုပါတယ်။

ဘုရားကျောင်းလာရောက်ပြီး၊၀တ်ပြုသူ အမျိုးသမီးတစ်ဦးကလည်း"ဘုရားကျောင်းကအပြန် အိမ်ရောက်ရင်မိသားစုတွေနဲ့ ကြက်သား ဆံပြုတ် ပူပူနွေးနွေးလေးကို သောက်ကြတယ်။ နောက်တစ်နေ့ ခရစ္စမတ်နေ့ရောက်တဲ့အခါကြတော့ အိမ်မှာ ကြာဇံချက်၊ ပူတင်း၊ ငှက် ပျောသီးပေါင်း စတာတွေ ကို မိသားစုတွေ၊ အမျိုးတွေ၊ သူငယ်ချင်း တွေက လာပြီးစားကြတယ်။ ပြီးတော့ လည်းအိမ်နီးနားချင်းတွေ ကို ဝေတယ်" လို့ ဆိုပါတယ်။

ဒီလိုအရသာရှိတဲ့ မုန့်တွေအပြင် နောက်ထပ်သူတို့စားကြတာတစ်ခုက တော့ ဒိုဒိုးလို့ခေါ်တဲ့ မုန့်ကလားမည်း တစ်မျိုးပါပဲ။ ထောပတ်၊ ဗာဒံစေ့၊ ကောက်ညှင်း ငချိပ်တို့ နဲ့ ပြုလုပ်ထားတဲ့ ဒီမုန့်ဟာ ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ ဂိုအာမြို့ကနေ အခြေခံပြီး မြန်မာနိုင်ငံ ကို ရောက်ရှိလာတယ်လို့သိရပါတယ်။

"အရင်က ကျွန်တော်တို့အဖေတွေ အမေတွေ၊ အဖိုးတွေ၊ အဖွားတွေ ခေတ်က ဒီမုန့်ကို အိမ်မှာကိုယ်တိုင် ၀ိုင်းပြီး ထိုးကြတယ်။ အခု နောက်ပိုင်းတော့ ဆိုင်ကပဲဝယ်စားကြတာ များပါ တယ်"လို့ ရိုးရာမုန့် အကြောင်းကို ဦးရစ်ချတ်ခင်မောင်ဦးက ပြောပြပါတယ်။ ဒိုဒိုး လိုပဲ ပွဲတော်မှာ စားလေ့ရှိကြတဲ့ နောက်ထပ်မုန့်တစ်မျိုးကတော့ သစ် သီးစုံပါဝင်တဲ့ ခရစ္စမတ်ကိတ်မုန့်ပါ။

ဒါ့ပြင် ရန်ကုန်မြို့မှာရှိတဲ့ အင်တာ နေရှင်နယ်စာသင်ကျောင်းတွေ၊ သံရုံး တွေနဲ့ ခရစ်ယာန်အသင်းတော်တွေမှာ လည်း ခရစ္စမတ် ပျော်ပွဲရွှင်ပွဲများကို ပွဲ တော်ရက်မတိုင်ခင် ရက်အနည်းငယ် အလိုမှာ ကျင်းပလေ့ရှိကြပါတယ်။

"ကျောင်းတက်တုန်းကဆို နှစ်တိုင်း ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်။ အတန်းတစ် တန်းကို ဆိုင်ခန်းတစ်ခန်းနဲ့ ကိုယ်ကြိုက် တာကို စုပေါင်း ပြီးရောင်းကြတယ် "လို့ ILBC ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့ စမ်းရေက ပြောပါတယ်။

တချို့ကျတော့လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက် အားလပ်ရက်တွေမှာ ခွဲခွာနေရတဲ့ ချစ်သူ၊ ခင်သူတို့ဆီပြန်ကြရင်း ပျော်စရာအချိန် လေးတွေကို ဖန်တီးကြတယ်။

"မနှစ်ကဒီလိုအချိန် စင်ကာပူကနေရန်ကုန်ကိုပြန်လာတုန်းက ခရစ္စမတ်နေ့မတိုင်ခင်ညမှာ တစ်ညလုံးမအိပ်ဘဲ အိမ်နားက ဘုရားရှိခိုး ကျောင်းက ခေါင်းလောင်းတီးသံကို နားထောင်ကြတယ်။ ပြီးတော့အဖေနဲ့အမေကို Merry Christmas လို့ နှုတ်ဆက်ပြီး လက်ဆောင် တွေ ပေးတယ်။ နောက် တစ်နေ့ ဘုရားရှိခိုးကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ လက်ဆောင်ပစ္စည်း တွေလဲကြတယ်"လို့ စမ်းရေက ပြောပါ သေးတယ်။

ကျုံပျော်သူ ငွေမလေးကလည်း နှစ်စဉ် ခရစ္စမတ်ဆို လက်ရှိနေထိုင်ရာ ရန်ကုန်ကနေ ဇာတိမြို့ကို ပြန်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့ ဘုရားကျောင်းအတူ သွား၊ ပါဆယ်ဂိမ်းတွေ ဆော့ကြသလို လူငယ်တွေဆိုတဲ့ စတိတ်ရှိုးပွဲတွေ သွား ကြည့်ရတာ အရမ်းပျော်ဖို့ကောင်း တယ် လို့ ဆိုပါတယ်။

မြန်မာလူမျိုးတွေ နွှဲပျော်ကြတဲ့ ခရစ္စမတ်ပွဲတော်ဟာ ကမ္ဘာအနှံ့က မြို့ပြကြီးတွေမှာ ဆင်နွှဲကြတဲ့ ခရစ္စမတ်ပွဲတော် တွေလောက် မခမ်း နား မကြီးကျယ်သလိုမြူနှင်းတွေနဲ့ ပြည့်နှက်နေတဲ့ အဖြူရောင်ခရစ္စမတ်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ ဓလေ့တွေ နဲ့ ရောင်စုံခရစ္စမတ်လေးဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။


မေစန္ဒီ

20 December 2010

နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”


နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။

၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။

အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ-

မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။

အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။

ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။

နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တွဲ၊ နိုင်ငံမှာ အဓိက အကျဆုံး “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ထောင် ၆၅ နှစ် ချခံရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်ထိ ပို့ခံထားရသူ။

တခါတခါ အကြော ဆိုင်းသွားတတ်တဲ့ ရောဂါနဲ့ အလွန် အေးပါတယ် ဆိုတဲ့ ရာသီဥတုကြား ယုံကြည်ချက်နဲ့ အသက်ရှင်နေသူ။ သူငယ်ချင်းတွေကို ချစ်တဲ့သူ။ မြန်မာပြည်ကို ချစ်တဲ့သူ။ မိခင်နဲ့ဝေး အိမ်နဲ့ ဝေးနေတဲ့သူ။ ကျွန်တော်တို့ ဘယ်လိုမှ မေ့မရတဲ့သူ။

အောင်သူ။ နာမည်အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

ရေးသားသူ...... သားကြီး

ကိုအောင်သူ အတွက် အမှတ်တရ မိုးမခ မှ ပြန်လည် မျှဝေ လိုက်ပါတယ်ရှင်.. ကျမ ရဲ့ မြတ်လေးငုံ

ဘလော့ဂ်စတင် ရေးသားခဲ့စဉ်က ကိုအောင်သူ ရဲ့ အကြောင်းကို အရင်ဆုံး စတင် ရေးသားခဲ့ပါသည်.။

18 June 2010

ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့  အမှတ်တရအနေနဲ့  မိသားစုဘ၀ ဖြတ်သန်းမှု အမှတ်တရပုံများအား ဖေါ်ပြအပ်ပါတယ်။

၁၉၇၄ ခုနှစ်၌ ရန်ကုန်မြို့ ရှိ မိခင် ဒေါ်ခင်ကြည်ထံ ပထမဦးဆုံး မိသားစုလိုက် ပြန်လည် အလည်သွား
ရောက်စဉ် အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်ခင်ကြည်မှ မြေးဦးဖြစ်သူ အလက်ဇန္ဒားခေါ် မောင်မြင့်ဆန်းအောင်အား ချီပိုးထားစဉ် ဖြစ်ပါတယ်။


လက်ထပ်မင်္ဂလာအခမ်းအနား ဧည့်ခံပွဲအပြီး လန်ဒန်မြို့ ရှိ မိတ်ဆွေတစ်ဦး၏ အိမ်တွင် တွေ့  မြင်ရသော ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဓါတ်ပုံ ဖြစ်ပါတယ်။



၁၉၇၂ ခုနှစ် နှစ်သစ်ကူးနေ့ တွင် မောင်နှံနှစ်ဦးရဲ့  အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။



၁၉၇၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်ပါ ဓါတ်ပုံဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခွင့် ရှိခဲ့တာတောင် ငြင်းပယ်ခဲ့ပြီး ယခုလက်ရှိတိုင် မြန်မာနိုင်ငံသား ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အား သားဖြစ်သူ အလက်ဇန္ဒားခေါ် မောင်မြင့်ဆန်းအောင်နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အား ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်၊ သားငယ်ဖြစ်သူ ကင်မ် ခေါ်မောင်ထိန်လင်း တို့ နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။

(ဓါတ်ပုံများအား Guardian uk မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

(မြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကိုယ်ကျိုးစွန့်  ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ခင်ပွန်းသည် မိုက်ကယ်အဲရစ် နေထိုင်မကောင်းဖြစ်တဲ့အချိန် ကွယ်လွန်သည့်အချိန်မှာလည်း မတွေ့ ဆုံလိုက်ရပါ။ ယခုအချိန်ထိလည်း သူမ၏သားနှစ်ဦးနဲ့  လည်း ကွဲကွာနေရတဲ့အချိန်တွေ နှစ်တွေချီနေပြီ ဖြစ်ပါတယ်။ သူမ၏ဘ၀တစ်ခုလုံးကို ၁၉၈၈ ခုနှစ်ကနေ စပြီး ယခုအချိန်ထိတိုင်အောင် မြန်မာပြည်သူတွေအတွက် ပေးဆပ်စွန့် လွှတ်နေဆဲ ဖြစ်ပါသည်)။

ဆရာမိုက်ကယ်အဲရစ်၏ငယ်ဘဝပုံရိပ်



ဓာတ်ပုံများအားပေးပို့ ပေးသော ကိုတိုးလွင် နှင့် ကိုနစ်နေမန်း အားအထူးကျေးဇူးတင်ရှိပါသည်.။

20 February 2010

ကိုယ့် အကြိုက်

ဘလော့ဂါ မငယ်နိုင်က ကျမကို ကိုယ်အကြိုက်ဆုံး ဆိုတဲ့ ခေါင်းစီးနဲ့ tagထားပါတယ်။ ဒီလိုတခါမှ tagတာမခံရဘူးဘူးလေ။ ကျွန်မတို့က နိုင်ငံရေးသတင်းတွေ အဓိကရေးတော့ ရသလိုင်းတွေ သိပ်မပိုင်ဘူးလေ။ သို့ပေမယ့်ကျမသိပ်နှစ်သက်တဲ့ မြန်မာအမျိုးသမီး ဘလော့ဂါ တယောက်ဖြစ်တာရယ်….နဂိုကတည်းက လေးစားတဲ့ အတွက်ကြောင့် ကျမအနေနဲ့ ကိုယ်တတ်သလောက် မှတ်သလောက်ရေးလိုက်ပါတယ်။

ကိုယ့်အကြိုက်ဆိုပြီးtagထားတဲ့ပို့စ်လေးတွေကိုကျမလိုက်ကြည့်လိုက်ဖတ်မိတာကတော့မြန်မာ
အမျိုးသမီးတော်တော်များများနှစ်သက်မြတ်နိုးကြတဲ့ထမီလေးတွေကိုရေးကြတယ်ကိုယ့်အကြိုက်
(ထမီ)ဆိုပြီးရေးထားတာပါ။ခုကျမကိုtagထားတဲ့မငယ်နိုင်ကတော့ကိုယ့်အကြိုက်ဆိုပေမယ့်ကျမက
တော့ထမီအကြောင်းကိုမရေးတော့ဘူးတော်တော်များများလဲရေးနေကြပြီပါပြီး။ကျမထမီကိုမနှစ်သက်
လို့မဟုတ်ပါဘူး။ထမီထက်ပိုနှစ်သက်တာတွေကျမမှာရှိနေလို့ပါ .။

ဘဝနဲ့ပဲ ပြောရမယ်ထင်တယ်.၊ ကိုယ့်အကြိုက် ဆိုလို့ ခေါင်းစဉ်လေးကတော့သိပ်နှစ်သက်စရာ လေးပါဘဲနော်..။ လူတိုင်း ဘဝမှာ ကိုယ့်အကြိုက်ဆုံးဆိုတာရှိကြစမြဲပါ….. ကျွန်မလည်း လူထဲက လူတယောက် ဖြစ်တဲ့အတွက် အကြိုက်ဆုံးဆိုတာကတော့ ရှိတာပေါ့။ ထူးခြားတာကတော့ ကျွန်မအကြိုက်ဆုံး ဆိုတာတစ်မျိုးထဲ မဟုတ်ပဲ လေးမျိုးလောက် ဖြစ်နေလို့ပါပဲ…။

ကျမအကြိုက်ဆုံး တွေခေါင်းစဉ်တပ် ရေးရရင်တော့

(၁)ပိုက်ဆံအိတ်
(၂)ဖိနပ်
(၃)ရေမွှေး
(၄)ထီး

အဲဒီထဲမှာတော့ ပိုက်ဆံအိတ်ကို အနှစ်သက်ဆုံး ပါဘဲရှင်.။ကျွန်မတို့ တိုင်းတပါးမှာ နေထိုင်ရတဲ့သူတွေ
ဆိုတော့ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတွေကပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေအောင်ပြောင်းလဲမှုတွေလုပ်
လာရတယ်လေ။ရောမရောက်ရောမလိုဆိုသလိုကိုယ့်တိုင်းပြည်ကိုယ့်ဒေသမှာဝတ်စားဆင်ယင်ခဲ့တာ
တွေကိုကြိုက်နှစ်သက်ပေမယ့်လည်းအခြေအနေကြောင့်စွန့်လွတ်နေရမယ့်လဲ။ကိုယ့်တိုင်းပြည်ကိုယ့်
လူမျိုးရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံကိုတော့ လေးစားလိုက်နာဆဲပါ။


မငယ်နိုင်ရေးထားသလိုမျိုးပေါ့လေ၀တ်စားဆင်ယင်ထုံးဖွဲ့မှုမှာဖြစ်စေ၊အစာအာဟာရမှာဖြစ်စေ၊ဘာသာအယူဝါဒ အတွေးအခေါ် ယုံကြည်လက်ခံမှုမှာဖြစ်စေ၊ လူတိုင်းလူတိုင်းဟာ မိမိကြိုက်နှစ်သက်သလိုဆင်ယင်ထုံးဖွဲ့၊ ချက်ပြုတ်စားသောက်၊ ယုံကြည်လက်ခံကြတာကို မတူတဲ့သူတိုင်းကအပြန်အလှန် လေးစားနားလည်မှု ပေးဖို့ လိုအပ်လိမ့်မယ်။လူတိုင်းအကြိုက်တူဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ လူတိုင်းမှာလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ။ မိမိနဲ့ သဘောထားမတူ၊အကြိုက်မတူတဲ့ သူတွေကို ရန်သူလို သဘောထားတာတွေ ရွံရှာမုန်းတီးတတ်တဲ့သူတွေကိုကျွန်မတို့ ပတ်ဝန်းကျင်မှာ များစွာ တွေ့လာနေရပါတယ်။

လူသားအချင်းချင်းယဉ်ကျေးတဲ့ဆက်ဆံရေးမှာရင်းနှီးမှုတွေကင်းဝေးပြီးနားလည်မှုကင်းမဲ့လာမှာကိုကျွန်မ စိုးရိမ်မိပါတယ်။ သတ္တ၀ါ အားလုံးသာအကြိုက်ချင်းတူနေရင် အဲဒီတူနေတဲ့ အရာ တခုတည်းအတွက်
Demand
သိပ်များနေမှာဖြစ်ပြီးပြဿနာတောင်ပိုရှိနိုင်ပါသေးတယ်။ဒါကြောင့်အကြိုက်မတူခြင်း၊သဘော
ထားမတူခြင်းကို အပြစ်ရှာဖို့ မလိုဘဲ အကျိုးကိုပဲရှာပြီး ကြည့်တတ်အောင်ကျွန်မတို့ ကြိုးစားရမှာဖြစ်
ပါတယ်။ ဒါမှလည်းယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတခုအြ
ဖစ် မတူကွဲပြားမှုတွေကို သဟဇာတ ရှိရှိနဲ့
ပေါင်းစပ် ထူထောင်ပြီး ငြိမ်းချမ်းပျော်ရွှင်စွာ အတူလက်တွဲ အသက်ရှင်ရပ်တည်နေထိုင်
သွားနိုင်မှာဖြစ်
ပါတယ်။

ခုကျမနှစ်သက်တဲ့အသုံးအဆောင်တွေကကျမနှစ်သက်သလိုမြန်မာအမျိုးသမီးတွေလဲနှစ်သက်တာ
ရှိမယ်။ မနှစ်သက်တာရှိကြမှာပါ.။ ကျမ အတွက်ကတော့ပိုက်ဆံအိတ်ကဘယ်သွားသွားပါလေ့ရှ
ိတဲ့
ကျမကိုယ်ပွားလေး
တစ်ခုပါဘဲ.။ကျမဘယ်လောက်နှစ်သက်မြတ်နိုးတန်းဘိုးထားသလဲဆိုရင်ကျမရဲ့
သိပ်ချစ်ရတဲ့မေမေကတောင်ကျမကိုသမီးပိုက်ဆံအိတ်ဆိုင်ဖွင့်လိုက်ပါလားလို့ပြောခဲ့ဘူးပါတယ်.။
ကျမရဲ့မွေးနေ့ဆိုရင်ကျမမိတ်ဆွေတော်တော်များများကကျမသိပ်မြတ်နိုးတဲ့အိတ်လှလှလေးတွေ
လက်ဆောင်ပေးလေ့ရှိပါတယ်.။နောက်ကျမကိုယ်တိုင်အိတ်လှလှလေးတွေကိုယ်တိုင်ချုပ်၊တချောင်း
ထိုးအပ်လေးနဲ့ကိုယ်တိုင်ထိုးပြီးအိတ်လှလှလေးတွေကိုလည်းသူငယ်ချင်းတော်တော်များများကိုပေးလေ့ ရှိပါတယ်.။


ကျမတို့ မဲဆောက်ကို လာလည်ကြတဲ့ နိုင်ငံခြားသူတွေဆိုရင် ကျမတို့ရုံးကိုလာပြီး စေတနာ နဲ့ စာလာသင်
တဲ့ ဆရာမ လေးတွေ ပြန်တိုင်း ကျမ ကိုယ်တိုင်တချောင်းထိုး အပ်လေးနဲ့ ထိုးထားတဲ့ ပိုက်ဆံအိတ်လေး
တွေကိုအမှတ်တရလက်ဆောင်အဖြစ်ပေးလေ့ရှိပါတယ်.။သူတို့သိပ်နှစ်သက်သဘောကျတာကိုတွေ့ ရတာကြည့်ပြီး ကျွန်မပီတိဖြစ်ရပါတယ်။ခုတော့ထိုးလက်စအိတ်လေးဘဲရှိတော့မပြထားဘူးနော်။





နောက်တခု ကျမအကြိုက် ကတော့ ဖိနပ် လှလှလေးတွေပါဘဲ ။ ဘယ်ဖြစ်လို့မှန်းတော့ကျမမသိပါဘူး။ ကျမ အကျင့်တခုရှိပါတယ်. လူတယောက်ကို ကျမကြည့်ရင်အရင်ဆုံးခြေထောက်ကို ကြည့်တတ်တာ ကျမအကျင့်လေးပါဘဲ.။ ရန်ကုန် မှာဆိုရင်ကတ္တီပါဖိနပ် လေးနဲ့ ခြေသဲဖွေးဖွေး လေးတွေ နဲ့ဆိုသိပ် ကိုနှစ်သက်တယ်.။

ဒီဘက်ရောက်တော့ ကတ္တီပါ ဖိနပ်တွေစီးတာ သိပ်မတွေ့ရတော့ဘူး.။ရန်ကုန်မှာဆိုရင် ယောင်္ကျား
လေးတွေကတ္တီဖိနပ်နဲ့အပေါ်ကလည်ကတုံးအောက်ကယောပုဆိုးနဲ့ဆိုရင်ကျမကြိုက်မှကြိုက်ကျက်
သရေရှိတယ်လေ။မိန်းခလေးတွေဆိုရင်ဖိနပ်လှလှဒေါက်ဖိနပ်လေးတွေဝတ်ရင်ကြိုက်မှကြိုက်ကိုယ်
ကိုယ်တိုင်လဲဖိနပ်အမြင့် သိပ်နှစ်သက်တယ်.။


မေမေ ပြောသလိုဆိုရင်တော့ ကျမကို အရပ်ကရှည်ရှည်ဖိနပ်ကမြင့်မြင့် ကြည့်ရတာဘယ်လို
ဖြစ်နေမှန်း မသိဘူးလို့ အမြဲပြောပြီး ကျမကို အားပေးတတ်တဲ့မေမေ။ မိန်းခလေးတွေ
ဖိနပ်အမြင့်ကိုစီးရင်လှကြတာပါဘဲ.။ဖိနပ်အနိမ့်ကျတော့သိပ်မနှစ်သက်လိုဘူး.ကြိုက်တာတော့
ကြိုက်ပါတယ်.။ကျမကိုယ်တိုင်ပုံတော်ကတ္တီပါဖိနပ်လေးတွေကိုဘောကြယ်လေးတွေဘေးမှာ
ကိုယ်ကြိုက်တဲ့ပုံစံထိုးပြီးစီးလေ့ရှိပါတယ်.။ကျမနှစ်သက်သလိုမိန်းကလေးတိုင်းနှစ်သက်ကြတာ
များပါတယ်.။အပြင်ထွက်ရင်ဖိနပ်ကမစီး
မဖြစ်စီးရတဲ့အသုံးအဆောင်တခုပါ။ယောင်္ကျားမိန်းမတိုင်း
အတွက်မရှိမဖြစ် လိုအပ်ကျတာပါရှင်။






နောက်အကြိုက်တခုကတော့ ရေမွှေးပါဘဲ.။ မိန်းခလေးမှမဟုတ်ပါဘူး.ယောင်္ကျားလေးတွေလဲ နှစ်သက်
ပါတယ်.။ အထူးသဖြင့်အလှကြိုက်တတ်တဲ့လူတော်တော်များများနှစ်သက်ကျတယ်ထင်တယ်.။လူတန်း
စားမရွေးကြိုက်တာကိုတော့ကျမသိပါတယ်.။ဈေးဘယ်လောက်ကြီးကြီးဈေးဘယ်လောက်ပေါပေါ
နှစ်သက်ကျတာတွေ့ရ
ပါတယ်.။

ကျမငယ်ငယ်က မှတ်မိသေးတယ်.။ အသက် ၁၃နှစ်လောက်ကကျမ အမကို သူရည်းစားကပေးထားတဲ့ ရေမွှေးကိုကျမကြိုက်လို့ ယူပြီးစွတ်လိုက်တာလေ ကျမ အမကကျမကိုစိတ်တွေဆိုးပြီး ဆူလိုက်တာ မပြောပါနဲ့တော့။ အဲဒီတုန်းကတော့ ဘယ်သိပါမလဲသူ့ရည်းစားပေးတာကို သူဝယ်ထားတယ်ထင်ပြီး စွတ်လိုက်တာလေ.။

သူ့ရည်းစားကချစ်သူများ နေ့မှာ သူ့ကို ဘယ်သူကိုမှ မပေးစွတ်ရဘူးလို့ပြောထားလို့တဲ့. ။ နောက်မှ
ကျမ ကိုသူကပြောပြတာသြော်ဘယ်ရမလဲ ကိုယ်လဲရည်းစားထားရော ကိုယ့်ရည်းစားကို ပြောပြ
တာပေါ့….သူလဲ ဝယ်ပေးရတာပေါ့။.အဲဒီ့ရည်းစား ဘယ်သူလဲမမေးနဲ့နော်.။


ချစ်သူတွေသူငယ်ချင်းတွေမိတ်ဆွေတွေတော်တော်များများကတော့ရေမွှေးကိုလက်ဆောင်အဖြစ်ပေး
ကြတာကိုတော့စာတွေတော်တော်များများမှာတွေ့ဘူးဖတ်ဘူးတယ်။.ကျမရေမွှေးအနံ့ဆိုရင်သိပ်
ကိုဆူးတဲ့အနံ့ကိုတော့မကြိုက်ဘူး။သင်းသင်းလေးတွေကိုဘဲနှစ်သက်တယ်.။လူကိုလန်းဆန်းစေတဲ့
အနံ့
မျိုးပေါ့.။ဥပမာပေးရင်တော့အများကြီးပါဘဲ..တံဆိပ်အမျိုးမျိုးနံမည်အမျိုးမျိုးတွေပေါ်နေတာဆို
တော့။ကျမက
တော့ကျမကိုအမှတ်တရပေးရင်သိပ်သဘောကျတယ်.။ကျမမွေးနေ့မှာမှတ်မှတ်ရရ
တခါဘဲရဘူးတယ်ရေမွှေး
ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ဘူးတာကတော့ကျမရဲ့အချစ်ဆုံးငယ်
သူငယ်ချင်း(မြင့်မိုရ်ကျော်ဇင်)ပါပဲ။
ရေမွှေးအနံ့ကိုမကြိုက်တတ်တဲ့ မိန်းကလေတွေလဲရှိတတ်ပါတယ်။




နောက်ဆုံး နှစ်သက်တာတခုကတော့ မိန်းခလေးတွေအတွက် မရှိမဖြစ် မဆောင်မဖြစ်တဲ့ထီးလှလှတွေပါပဲ။ ထီးလှလှလေးတွေ ဖဲ ထီးလှလှလေးတွေမြင်ရင် မဝယ်ဘဲမနေနိုင်တဲ့ရောဂါတခု ကျမမှာရှိနေတယ်.။ ကျမကြိုက်နှစ်သက်တဲ့ အရောင်နဲ့တွေတွေ့ပြီဆိုရင် ဝယ်လေ့ရှိပါတယ်။

အညိုရောင်၊ အပြာရောင်၊ အမဲရောင် ၊အဲဒီအရောင်တွေနဲ့ ထီးလှလှလေးတွေဆိုရင်ကြိုက်မှကြိုက်
မိန်းခလေးတွေ နေပူထဲသွားရင် ထီးမပါလို့မဖြစ်ဘူးနော်.။ထီးမပါဘဲ နေပူထဲသွားရင် အလှပျက်မှာနော်.၊ မိုးရွာရင်လဲတူတူဘဲ
ထီးကိုဆောင်းရမှာပါ.မိုးရွာတည်ကိုထီးမပါဘဲသွားရင်ဟန်ချက်မညီဘဲလမ်း
လျှောက်ရမယ်။ကျမထီးကိုနှစ်သက်
တော့ရာသီဥတုဆိုရင်မိုးရာသီကိုနှစ်သက်တယ်.။ထီးဆောင်းရ
လို့လေ.။ထီးလှလှလေးကိုဆောင်းပြီးဖိနပ်လှလှလေးကိုစီးနောက်ရေမွှေးအနံ့သင်းသင်းလေးကို
ဆွတ်ပိုက်ဆံအိတ်လှလှလေးလွယ်ပြီးရင်မိန်းမလေးတယောက်အတွက်အပြင်ထွက်ရင်ပြည့်စုံမယ်
ထင်ပါတယ်.။ကျမနှစ်သက်တာတွေနဲ့ကြီးအပြင်တော့သွားလို့မရ
ဘူးနော်.။အဓိက.....အဓိကကျန်
သေးတယ် (အဝတ်အစား)မပါလို့မဖြစ်...။


ဒါကကျမ ကြိုက်တာပြောတာနော်.။ မတူကြတာတွေလဲ ရှိကြမယ်.။ကိုယ့်အကြိုက်ကို ပြောပြတာပါ.။ ထီးဆိုလို့ ရီစရာတခု ပြောပြလိုက်ပါမယ်.။ကျမအသက် ၁၇နှစ်မှာ ကျမ ရဲ့အကိုကကျမကို ထီးလှလှ လေးတလက် ပေးဘူးတယ် .။

ကျမကြိုက်လို့လေဆောင်းချင်လိုက်တာဖြစ်ချင်တော့နေကလဲမပူ၊မိုးကလဲမရွာ.နဲ့ကျမစိတ်ညစ်လိုက်တာ
ထီးက
လဲဆောင်းချင်မိုးကလဲမရွာနေကလဲမပူ။ အသက်ကလဲငယ်ငယ်ဆိုတော့ထီးအသစ်ကိုကြွားချင်တာ
ပေါ့လို့။ တနေ့နေ့ ကြည့်လိုက်တာမိုးရွာမလား၊ နေပူမလား.။ ဇွန်လဆိုတာ မိုးတွင်းကြီးလေ ဒါနဲ့ တနေ့မှာညဘက်ကြီး မိုးကဖွားဖွားလေး ရွာနေတုံး ကျမလဲ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်
ဆိုပြီး ထီးကိုယူပြီး အိမ်ထဲက ကပျာကယာ ထွက်တာ မပြောချင်ပါဘူးကျမလဲထွက် မိုးကလဲ
မရွာတော့ဘူး။မထူးပါဘူးဆောင်းလက်စနဲ့
ဆောင်းတော့မယ်ဆိုပြီးဆောင်းလိုက်တာညဘက်ကြီး
ဟိုလူကလဲကြည့်ဒီလူကလဲကြည့် ပေါ့ ။ ဒီကောင်မလေး ဘာလဲ?၊ ညဘက် မိုးကလဲမရွာ နေပူရအောင်လဲညဘက်ကြီးဆိုပြီး ဘေးလူတွေ နားမလည်တဲ့ အကြည့်နဲ့ ကြည့်တာခံလိုက်ရတယ်။


ငယ်ငယ်တည်းကြွားချင်စိတ်ကရှိတာလေ.။ခုတော့အသက်ကလဲ(၄၀)နားနီးနေတော့ကြွားဝါတာ
နည်းနည်း
ကင်းလာသလိုပါဘဲ။အားလုံးတော့ကြွားတာမပြောက်သေးဘူး နည်းနည်းကြွားတတ်ပါ
သေးတယ်။






ကဲမငယ်နိုင်ရေကျမလဲကျမနှစ်သက်တာကိုကြွားလို့ပြီပြီးအဲယောင်လို့ပြောလို့ပြီးပြီမငယ်နိုင်လဲဘယ်
လိုနေမလဲမသိဘူး...။သူလောက်တော့ကျမကစာမရေးတတ်ဘူး.။သူကိုလေးစားလို့ကြောက်လို့ရေး
ရတာသူကကျမယောက်မသူငယ်ချင်းဆိုတော့ကျမထက်အသက်ရောဝါရောကြီးသေးတယ်လေ။
ဟီးဟီးကြုံတုံးကိုယ်ငယ်တာကြွားလိုက်တယ်..။ဖတ်တဲ့မိတ်ဆွေသူငယ်ချင်းတွေလဲသည်းခံပြီးမရေး
တတ်ရေးတတ်နဲ့ရေးလိုက်တာကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်.။ မငယ်နိုင်ကျေနပ်မယ်တော့ထင်ပါတယ်နော်.။


မြတ်လေးငုံ

12 February 2010

ဖေဖော်ဝါရီလ(၁၃)၊၁၉၁၅ခုနှစ် တိုင်းပြည်ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း အသက်(၉၅)နှစ်ပြည့် မွေးနေ့ အမှတ်တရ




အဖသာရှိခဲ့ရင်.......





အဖဗိုလ်ချုပ်မွေးနေ. ဖေဖော်ဝါရီ ၁၃၊ ၁၉၁၅ ခုနှစ်၊

အခုဆိုရင် ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိရင်.......

လွတ်လပ်ရေးရဲ. ဖခင်ကြီး၊တိုင်းပြည်ကြီးရဲ. ဗိသုကာ၊ ဗမာ့တပ်မတော်ကြီးရဲ. ကာကွယ်ရေးဦးစီးချုပ်၊
အတ္တအကျိုးတွေပယ်ဖျောက် တိုင်းသူပြည်သားများ အကျိုးကိုယ်သာ ထာဝရရှေးရှု ကျောင်းသားခေါင်းဆောင်ဘ၀မှ ဗိုလ်ချုပ်အောင်ဆန်းဘ၀အထိ ပေးဆပ်ခဲ့၊


အခုတော့ အဖဗိုလ်ချုပ်ရေ

အဖရဲ. သားကြီး အောင်ဆန်းဦးလဲ အရှုးဖြစ်၊သမီးဖြစ်သူ အောင်ဆန်းစုကြည်လဲ အင်းယား ကန်ဆောင်း အိမ်ပျက်ထဲက အကျဉ်းသားပါ၊
အဖတည်ထောင်သွားတဲ့စစ်တပ်က သံဃာတွေ သတ်ဖြတ်လို. သာသနာလဲပျက်ပါပြီ၊

အဖဗိုလ်ချုပ်

စစ်တပ်၊စစ်သားဆိုရင် ပြည်သူကရွံ.၊သံဃာက စွန်.၊နိုင်ငံတကာက ဂွတ်ဘိုင်တဲ့၊

အဖအောင်ဆန်း

တိုင်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ.ကိုတော်လှန်ရသလိုပဲ
တိုင်းသူပြည်သားတွေ လွတ်လပ်ဖို. အဖသမီးလဲ တိုက်ပွဲထဲမှာပါ၊

ကျောင်းသားခေါင်ဆောင် ကိုအောင်ဆန်း

နယ်ချဲ.တော်လှန်ရင်း အောင်ဆန်း B.A လို.ဖြစ်လာခဲ့၊
ကိုအောင်ဆန်းတက်တဲ့ ရန်ကုန်တက္ကသိုလ်လဲ အလင်းပျောက်
ကျောင်းသားတွေ အဖလို B.A မရောက်၊
ထောင်ထဲမှာ ပေါက်ဖွား
အမှောင်အမိုက်ဖုံးတဲ့ ဗမာပြည်၊

အခုတော့ ကိုအောင်ဆန်းရေ
ကျောင်းသားခေါင်းတွေလဲ ထောင်ထဲ
ပြည်သူတွေလဲ ဖောင်တွဲပြီး
ရေစုံမျှောလို. အဖပြောသလို
ဗမာနိုင်ငံဟာ ဖာနိုင်ငံဖြစ်ပြီ၊

အဖတည်ထောင်သွားတဲ့ စစ်တပ်ကြီးက သံဃာတွေကို စော်ကား
ပြည်သူတွေကို မတော်မတရားလုပ်ကြတာ
အဖသာရှိခဲ့ရင်......


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ. အမှတ်တရ
ဘုန်းဘုန်းစံ
အမေရိက
ashincandobhasacara@gmail.com


ဗိုလ်ချုပ်အောာင်ဆန်းမွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သီချင်းတစ်ပုဒ်



11 December 2009

အောင်မြင်သော်အဆိုတော်မျိုးကြီး မဖြစ်ခင်က သူရဲ့ တချိန်က အမှတ်တရ နှင့် သူ့ ရဲ့ ပရိတ်သတ်.။



တစ်ခါက တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။ သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။

သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာ သာမာန် ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်.။ ဒီအချိန်မှာ လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။ ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ၊ ထိပ်တန်းဆိုင် ။ ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ ဒီဆိုင်မှာ ဖွင့်ထားတာက အဲဒီအချိန်မှာ နာမည်ကြီး လူငယ် အကြိုက်ဆုံး သီချင်းခွေ ၊ လူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန် ။


ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့ လူတစ်ယောက်က ကောင်တာကို ထသွားပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်.။

“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက. . .

“ ဟ . . မင်းအခွေက ဘာခွေလဲကွ. .။ ”

“ ဟို. .သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက . .

“ အင်းလေ . . ခဏတော့ရမယ်.။ ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ ၊ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်.။ မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်..။ နားလည်ပေး .။ ဟုတ်ပြီလား.။ ”

ဒီတော့ သီချင်းခွေဖွင့််ခိုင်းတဲ့ အဆိုတော် ပေါက်စလေးက မျက်နှာငယ်လေးနဲ့. .

“ ဟုတ်ကဲ့. . အကို.။ ကျွန်တော် နားလည်ပါတယ်.။ ”

“ ဒါနဲ့ မင်းအခွေက ထွက်ပြီလား.။ ”

“ မထွက်သေးဘူး အကို.။ ဒီလကုန်ထွက်မယ်.။ ”

“ သြော်..အေးအေး..။ ဒီသီချင်းပြီးရင် ဖွင့်ပေးမယ်.။ ”

ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော ၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ် ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်.။ အကောင်းငြိမ်တာတော့ မဟုတ်ပါ. ။ သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့ .။ အခုတော့ သူတို့ မသိတဲ့ သီချင်းသံထွက်လာတယ်.။ ဒါကြောင့် နားစွင့်ရင်း ငြိမ်သွားတာ...။
ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်.။ ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်.။ ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်း ရောက်ရော. . ဆိုင်ထဲက လူငယ်တွေက

“ ဟာ..ဘာသံကြီးလဲဗျာ.။ ဘာသံနဲ့ အော်ဟစ်နေတာလဲ..။ ကို----ရေ ဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.။ ခုနခွေပဲ ပြန်ပြောင်းလိုက်ပါ.။ ”

ဒီတော့ ဆိုင်ရှင်က

“ ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ.။ သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.။ ခဏလေးပါ.။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..။ ခဏတော့ နားထောင်ကြည့်ပါကွာ..။ ”

ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့ အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ..။

“ ကို----ရေ.။ ပိတ်ပါတော့ဗျာ.။ အကို ပိတ်မလား ၊ ကျွန်တော်တို့ ပြန်ရမလား..ဟားဟားဟား..။ ”

ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကို ထုတ်ဖို့ပဲ ဖြစ်နေတော့တယ်.။အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာ မပေါ်အောင် ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်က ခေါင်းက အောက်ကို စိုက်ကြနေတယ်.။ ဒါ အရက်မူးနေလို့ မဟုတ်ပါ.။ စိတ်ဓါတ်ကျသွားမိခြင်းပါပဲ.။

အဆိုတော် လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှ တုန်လှုပ်ပုံမပြ ၊ သူ့မျက်နှာကိုလည်း မမြင်ရ.။ အဆိုတော်လေးကိုလည်း အားပေးစကားမပြော ၊ အဆိုတော်လေးကတော့ လက်တွေတောင်မှ တဆက်ဆက်တုန်နေပြီ...။ ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက . .

“ ကို--- ပြောင်းလိုက်တော့လေဗျာ.။ အခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး.။ ”

တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ ၊ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ.။ ဒါကြောင့်လူငယ်တွေ လက်မခံနိုင် ဖြစ်နေကြရတာ.။ ဒါနဲ့ပဲ နောက်ဆုံးမှာ လူငယ်တွေရဲ့ တောင်းဆိုမှုကြောင့် ဆိုင်ရှင် အကိုကြီးလည်း ဘာမှ မတတ်နိုင်ပဲ စိတ်မကောင်းစွာ အဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ...

“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး.။ ဒီသီချင်းလေးက ကောင်းပါတယ်.။ နင်တို့ကလည်းဟာ ခဏတော့ စောင့်ပါဦး.။ နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ.။ အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့.။ နင်တို့က အသစ်ဆို လက်မခံချင်တာ.။ ”

ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျနေတဲ့ အဆိုတော်သစ်လေး ခေါင်းဆက်ခနဲ့ မတ်လာပြီး အသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်.။ သူနဲ့ အတူတူ သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာ လို့ ထင်တယ်.။ ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေနဲ့ကလည်း တစ်ရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်း ဖြစ်ဟန်တူတယ်.။ ဒါကြောင့်လည်း ကောင်မလေးက ဒီလို ပြောရဲတာ ဖြစ်မည်.။
ပြီးတော့ ကောင်မလေး ဆက်ပြောတယ်. . .

“ ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။ နင်တို့သာ ဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီး အဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ..။ ဝေဖန်တယ် ဆိုပြီး မကောင်းတာ ပြောမှာထက် ဘယ်လို လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲ ပြောတတ်ရတယ်.။ ”

သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်.။ သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်.။ ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့ အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်.။ တစ်ဖက်ပြီးတဲ့ အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး.။ အဆိုတော်သစ်လေးက ဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို. .

“ ကျေးဇူးတင်ပါတယ်.အကို.။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.။ ဖွင့်ပေးတဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်.။ ”


ဒီိလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်.။ နောက်တော့ သူစားပွဲမှာ ထိုင်ပြီး ဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာ တစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့ စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက ခုက သူ့အခွေကို ဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး .. .

“ ကျေးဇူးတင်လိုက်တာ ညီမလေးရာ.။ သူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်.။ ဒီအချိန်မှာ ညီမလေး ပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တက်သွားလဲ .ညီမ သိမှာ မဟုတ်ဘူး.။ ဒါပေမဲ့. . ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။
ရော့...ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ၊ ဒီလကုန်ထွက်မယ် ညီမ.။ ညီမပြောခဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး.။ အကို အမြဲကြားယောင်နေမှာပါ..။ ”

ကောင်မလေးကလည်း အဆိုတော်အသစ် ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း.

“ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။ ”

ဒီတော့ အဆိုတော်သစ်က . .

“ အကိုခွေမှာ ပါတယ်လေ ညီမ.။ ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ.။ ”

အဆိုတော်သစ် ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူက ခဏမော့ပြီး ပြုံးပြတယ်.။ ကောင်မလေး ထိုလူ့ကို မြင်တော့ အံ့သြသွားပြီ...

“ ဟင်. . ကို-----”

“ ဟုတ်တယ် ညီမလေး ၊ အကိုသွားပြီနော်..။ ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ်.။ ”

အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်....

မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ.။ ကျွန်တော် ဘာလို့ သိနေရတာလဲ ဆိုတာ့ အဆိုတော်သစ်ကို ပြောခဲ့တယ် ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်း ဖြစ်ပြီး သူပြန်ပြောပြခဲ့တာပါ.။

နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်း ပြပါတယ်။ ဟုတ်ပါတယ် ။ ဒီအခွေမှာ အဆိုတော်ရဲ့ လက်မှတ်လေးပါတယ်.။ အမှတ်တရ လို့ လည်း ရေးထားတယ်.။ ဒီအခွေကို ကြည့်လိုက်တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ်။

အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့ အတူတူပါလာတာကတော့ “ ကိုလေးဖြူ ” ပါပဲ.။ ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီး မထင်တဲ့ အချိန် ၊ မထင်တဲ့နေရာကို လာတာ ဆိုတော့ ဘယ်သူမှ သတိမထားမိလိုက်တာပါ.။

ပေးပို့ ပေးသော ကောင်မလေး၏သူငယ်ချင်းမောင်လေး စိုင်းငယ် အားကျေးဇူးတင်ပါသည်.။


23 November 2009

ကောလိပ်ဂျင် နေ၀င်း (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် သူ့နာမည်


၁၉၈၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက် (၀၅း၀၅) နာရီတွင် ရန်ကုန် ဆေးရုံကြီး တွင် သူ ကွယ်လွန် ခဲ့သည်။ သူ ကွယ်လွန်သည့် သတင်းက ရန်ကုန်မြို့ တွင်းသို့ ပျံ့နှံ့သွားပြီး နောက် ဆက်လက်၍ မြန်မာပြည် အနှံ့ အပြားသို့ ရောက်ရှိ သွားခဲ့သည်။
သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့သည် နှမျောတသ ကြသည်။ ကြေကွဲ ၀မ်းနည်းကြသည်။ သူ့အား နာနတ်တော ခရစ်ယာန် သင်္ချိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်စဉ်က ကြက်ပျံမကျ စည်ကားလှအောင် သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့က လိုက်ပါပို့ ဆောင်ခဲ့ကြသည်။

သူ့ဘ၀ အစသည် ခက်ခဲကြမ်းတမ်း လွန်းလှသည်။ သို့သော် သူ့တွင် ဇွဲ၊ လုံ့လ၊ ၀ီရိယဟူသည့် ကြိုးစား အားထုတ်မှု၏ အရင်းအနှီးများ၊ ရိုးသား ဖြူစင်မှုများ၊ စာနာ ထောက်ထား မှုများ မုန်းသူ မရှိဘဲ ချစ်သူသာ ရှိအောင် ပြုမူ နေထိုင် နိုင်မှုများကို ပိုင်ဆိုင်မှုကြောင့် နယ်ပယ်စုံမှ သူလုပ်သမျှ အောင်မြင်မှု ရခဲ့သည်။
သူသည် သူနှင့် ခေတ်ပြိုင် မျိုးဆက်များ သာမက အသစ်ပေါ် ထွန်းနေဆဲ ရှိသော မျိုးဆက်တိုင်း အတွက် အားကျဖွယ်၊ အတုယူဖွယ်၊ လေးစားဖွယ် ကောင်းလှသူ
ဖြစ်သည်။

၂၀၀၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် သူကွယ်လွန်ခဲ့သည်မှာ (၂၆) နှစ်ရှိ ပြီဖြစ်သည်။ သေသောသူ ကြာလျှင်မေ့ဆိုသော်လည်း သူ့ကို ချစ်ခင် လေးစားသော ပြည်သူများက မေ့မရနိုင်ကြသေး။


ဟင်္သာတမြို့နယ် ညောင်ပင် သာရွာ တွင် ရဲဝန်ထောက် ဦးသက်ဖေနှင့် ဆရာမ ဒေါ်တင်တို့မှ ၁၉၂၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် သူ့ကိုဖွားမြင်ခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ ဟင်္သာတမြို့မှ မစ္စတာ ကန်မင်း၊ မစ်ရှင်ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ဘ၀ပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ၀ါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နှုတ်ထွက်ပြီး ၁၉၄၅ ခုနှစ်တွင် တပ်မတော် (ရေ)တွင် သာမန် ရေတပ် သားကလေး ဘ၀ဖြင့် ၀င်ရောက် ခဲ့သည်။ ရေ တပ်သားလေး အဖြစ် တာဝန် ထမ်းဆောင်ရင်း ဘောလုံးကစားရာမှ ၁၉၄၉ ခုနှစ်တွင် တပ်မတော် (ရေ) လက်ရွေးစင် ဘောလုံးသမား ဖြစ်ရုံမျှမက ထူးထူးချွန်ချွန် ကစားနိုင်မှုကြောင့် ၁၉၅၀ ပြည့်နှစ်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင် ဘောလုံးသမား အဖြစ် ရွေးချယ်ခံ ခဲ့ရသည်။

တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ပြီး တပ်မတော်ကို ကိုယ်စားပြု ဘောလုံး ကစားရုံ မျှမက တစ်ဘက်က တက္ကသိုလ်ဝင်တန်း အောင်မြင် အောင်လည်း သူက ကြိုးပမ်း အားထုတ်ခဲ့ရာ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ တပ်မတော် (ရေ)မှ နှုတ်ထွက်ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ဆက်လက် တက်ရောက် ခဲ့သည်။ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။


တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင် ခဲ့သည်။ ထို့ပြင် တက္ကသိုလ် ကျောင်းသားဘ၀မှာပင် တက္ကသိုလ် လက်ရွေးစင် ဘောလုံးသမား အဖြစ်သာမက မြန်မာ့ လက်ရွေးစင် ဘောလုံးသမား အဖြစ်ပါ ရွေးချယ်ခံခဲ့ရသည်။ မြန်မာ့ လက်ရွေးစင် အဖြစ် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဂျပန်နှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ပြီး ဘောလုံး ကစားခွင့်ရခဲ့သည့် အပြင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သူ့အား ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။


နိုင်ငံကိုယ်စားပြု လက်ရွေးစင် ဘောလုံးသမားနှင့် တက္ကသိုလ် လက်ရွေး စင် ဘောလုံးသမားအနေဖြင့် ပညာသင် ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။

မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီး ဇ၀န၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။ ကောလိပ်ကျောင်းသား၏ အဓိက ဇာတ် ဆောင်သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။




ဒါရိုက်တာ ဦးချင်းစိန်မှာ သရုပ်ဆောင်သစ်များ ဖြစ်သော အေ၀မ်းဝေဇင်၊ မေမြ၊ အေ၀မ်း သိန်းဇော်၊ မေလွင်မြင့်အောင်နှင့် မြင့်စိုးတို့အား မွေးထုတ်ခဲ့ ရုံမျှမက ဗိုလ်မြဒင် ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ ထွန်းဝေအား ဇာတ်ဆောင် မင်းသား အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားစေပြီး အကယ်ဒမီ ပါရစေခဲ့သည့် ဒါရိုက်တာကြီး ဖြစ်သည်။ သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ပြီးတော့ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။


ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေ၀င်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေ၀င်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေ၀င်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေ၀င်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေ၀င်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။


ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေ၀င်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး လူမ၀င်ခဲ့၊ ၀င်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ၀င်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေ၀င်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေ၀င်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။


ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေ၀င်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။ ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေ၀င်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာဝ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။ ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာဝ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင်စေခဲ့ကြသည်။

မန်းသူလေးမို့၊ ချစ်အမွှာ၊ ချစ်ပွေလီ၊ ယောက္ခမကြီးရေးတဲ့ ဖူးစာ အိမ်ထောင်စု၊ သီတာကို ဘယ်သို့ချစ်ရမယ်၊ ရွှေဝါ ချစ်ထုံးရယ်ဖြေ၊ ချစ်သောချစ်သူရယ်၊ မမုန်းလေနဲ့ ငပလီစသော ဟာသကားများ မုန်း၊ မျှော်၊ အဖြေ၊ အကယ်၍သာ ချစ်မြေ၊ မေတ္တာမိုးတပေါက်၊ ဘုရားမှာ တစ်ခါဆုံတယ်။ ပန်းပန်လျက်ပါ၊ ဇာခန်းစီးနောက်ကွယ်မှာ၊ ၀မ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ သံယောဇဉ်၊မောင်ချစ် နှမချစ်၊ စကားဝါ၊ မတဲ့ အတူနေ၊ စိတ်စေတသိက်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ဘမှန်ဘဇံ အကြောင်း၊ အကာက အချစ်အနှစ်က မေတ္တာ၊ ပယင်းရောင်၊ အားနွဲ့သူပါရှင်၊ ဆိုက္ကားသမားဘခက်၊ သီတာ ပြုံး၊ သဘင်သည် မ၀င်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင် စသော သဘာဝ ရုပ်ရှင်ကားများ မောင် ချစ်တဲ့သူအငိုတိတ်အောင်၊ ကျောက်ဘီလူးနှင့် ပပ၀င်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ် တညင် စသော လှုပ်ရှားမှု အသားပေး ရုပ်ရှင်ကားများတွင် ကောလိပ်ဂျင်နေ၀င်း အမည်ဖြင့်ပင် သူသရုပ်ဆောင်ခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရပါသည်။


ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ ပယင်းရောင် ရုပ်ရှင်ကားတွင် ဘ၀ကို နာကျည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊ ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ်ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။


မြန်မာ့ ရုပ်ရှင်သမိုင်းတွင် ဇာတ်ဆောင် မင်းသမီး မပါဝင်ဘဲ ရိုက်ကူး ရုံတင်ခဲ့သည့် ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ၀င်းဦး၏ အတွယ် အတာနှင့် ဒါရိုက်တာခင် စိုး၏ ဆိုက္ကားသမား ဘခက်သာ ရှိခဲ့ပါသည်။ ဆိုက္ကားသမား ဘခက်တွင် ဇာတ်ဆောင် မင်းသမီးများ မပါဝင်ဘဲ ဇာတ်ပို့များကို သူပင်ဦးဆောင်သွားခဲ့ရာ ကောလိပ် ဂျင်နေ ၀င်း၏ အနုပညာ သတ္တိပင်ဖြစ်ပါသည်။ သဘင်သည် မ၀င်ရ ရုပ်ရှင်ကားမှာ သူ ကွယ်လွန်သည်ထိ အခက်အခဲအမျိုးမျိုးကြောင့် ရိုက်ကူးပြီးစီးမှု မရှိခဲ့၊ သူကွယ်လွန် သွားသောအခါ လက်ကျန် ဇာတ်ကွက်များတွင် မင်းသား စိန်မြင့်ကို ဆက်လက် သရုပ်ဆောင် စေခဲ့ကြသည်။


မင်းသားနှစ်ဦး ပြောင်းလဲချိန်တွင် ကောလိပ်ဂျင်နေ၀င်း၏ ဈာပန သတင်း အား ကြားညှပ်ပြ ခဲ့ကြသည်။ သဘင်သည် မ၀င်ရ ရုပ်ရှင်ကားအား နှစ်ချို့ ရုပ်ရှင်ကားဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိသတ်က သူ့ သံယောဇဉ်ဖြင့် တခဲနက် အားပေးခဲ့ရာ ၀င်ငွေ ကောင်းမွန်ခဲ့သည်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ ကြည်ကြည်ဌေးနှင့် ဘေဘီနွဲ့တို့ အားပြိုင် သရုပ်ဆောင်သော ဒါရိုက်တာ ချစ်ခင်၏ ပန်းပန်လျက်ပါ ရုပ်ရှင်ကားမှာ လူကြိုက်များ ၀င်ငွေကောင်းရုံမျှမက ရန်ကုန်မြို့တွင် ရက်ရှည်ပြသမှု စံချိန်တင် ကားအဖြစ် မှတ်တမ်း တင်ခံခဲ့ရပါသည်။


ကောလိပ်ဂျင်နေ၀င်းမှာ သူ၏ ချွေးနှဲစာဖြင့် မိုးမြင့် သော်တာ ရုပ်ရှင်ကို တည်ထောင်ပြီး ဒါရိုက်တာ မောင်မိုးသူ၏ တယ်တညင်နှင့် ဒါရိုက်တာ ခင်မောင်ရင်၏ ဘမှန် ဘဇံအကြောင်း ရုပ်ရှင်ကားများကို ကိုယ်တိုင် ထုတ်လုပ် သရုပ်ဆောင်ခဲ့သည်။ အချို့အောင်မြင် ကျော်ကြား သော မင်းသားများ ကဲ့သို့ ဒါရိုက်တာ မလုပ်ဘဲ သရုပ် ဆောင်သက်သက်သာ လုပ်ခဲ့သည်မှာလည်း ထူးခြားမှုပင်။


၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး ကက်ဆက် ဇာတ်လမ်းများ ထွန်းကားခဲ့သည်။ ကက်ဆက် ဇာတ်လမ်းများမှာ ကက်ဆက် သီချင်းခွေ များနှင့် အတူ မြို့ပြတွင် မက ကျေးလက်အထိ အင်အား ကြီးမားစွာ ပြန့်နှံ့ခဲ့သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယို ရုပ်ရှင်ကားများ ထွန်းကားချိန် တွင်မှ ကက်ဆက် ဇာတ်လမ်းများ ဈေးကွက်ပျက် သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ ကက်ဆက် ဇာတ်လမ်းများ ချုပ်ငြိမ်းသွားသည်ဟု ဆိုနိုင်ပါသည်။

ကက်ဆက် ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ပြရခြင်းဖြစ်ရာ ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်မှာ ကဲ့သို့ မျက်နှာ အမူအရာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှား မှုကို ပြခွင့်မရပါ။ အသံဖြင့်သာ နားထောင်သူကို ခံစားအောင် စွမ်းဆောင်ရသဖြင့် ခက်ခဲနက်နဲ လှပါသည်။ ကက်ဆက် ဇာတ်လမ်းများ ထုတ်လုပ်မှုအား ကောင်းစဉ်က ရုပ်ရှင် သရုပ်ဆောင်များ ဇာတ်သဘင် ပညာရှင်များ၊ တေးသံရှင်များနှင့် အနုပညာ ၀ါသနာရှင်များပါ အသံဖြင့် သရုပ်ဆောင်သည့် လုပ်ငန်းကို ၀င်ရောက်လုပ် ကိုင်ခဲ့ကြပါသည်။ အသံဖြင့် သရုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်သူများပြားစွာ ပေါ်ထွန်းခဲ့သော်လည်း ပရိသတ်၏ အားပေး လက်ခံမှုကို ဦးဆောင် သရုပ်ဆောင် အဖြစ် သူသာ အပြည့်အ၀ ရရှိခဲ့ပါသည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်မှာ ထူးခြားလှပါသည်။


သူကွယ်လွန်ပြီးချိန်တွင် ဇနီးသား သမီးများက သူ့အနုပညာ အမွေကို ထိုက် တန်စွာပင် ခံယူပျိုးထောင် နေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင် မာလာမှ ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံယူပြီး ခိုင်တို့ ညီအစ်မ၊ ချစ်ရင် မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်များနှင့် ဗီဒီယို ကားများစွာ ကိုမိုးမြင့်သော်တာ ရုပ်ရှင်မှ အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် လျက်ရှိ သည်။ သမီးဖြစ်သူ ဟေမာနေ၀င်းမှ စတိရီ ယိုတေး များရော မြန်မာ သံစဉ်တေး များပါ ပိုင်နိုင်စွာ သီဆိုပြီး ကျော်ကြားသော တေးသံရှင်ဘ၀ကို ခိုင်မာစွာ ရပ်တည် လျက်ရှိသည်။ ပြီးတော့ သားဖြစ်သူ ရာဇာနေ၀င်း ကလည်း မိခင်၏ မြေတောင်မြှောက်မှုဖြင့် ရုပ်ရှင်ကြည့် ပရိသတ် လက်ခံအားပေးသော သရုပ်ဆောင်အဖြစ် အဖေ့ ခြေရာကို နင်း၍ ရုပ်ရှင်ကားများနှင့် ဗီဒီယိုကားများ အဆက်မပြတ် ရိုက်ကူးခဲ့သည်။


သူကွယ်လွန်သည်မှာ ၂၆ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့လုပ်ရပ်များကြောင့်
ကောလိပ်ဂျင်နေ၀င်းဟူသည့် သူ့နာမည်မှာဘယ်တော့မှ သေမည် မဟုတ်ဘဲ ထာဝရ ရှင်သန်နေပါလိမ့်မည်။

(တင်ဆက်ပေးသူ ..... ကေမြူး..။)

တချိန်က လူကြိုက်သိပ်များခဲ့သော မင်းသားကြီးကောလိပ်ဂျင်နေဝင်း
အားအမှတ်တရ အနေနဲ့သူ၏ အကြောင်းလေးအား ပြန်လည်တင်ပြပေးခြင်းသာဖြစ်ပါသည်..။

ကောလိပ်ဂျင်နေဝင်း၏ဇနီးမှာ ဒေါ်ခင်မာလာ ဖြစ်ပြီး....
သန္တာနေဝင်း(သမီး)
ရာဇာနေဝင်း(သား)
ဟေမာနေဝင်း(သမီး)
ရူပါနေဝင်း(သမီး)
တို့ မှာ သူ ၏ သားသမီး လေးယောက် ဖြစ်ပါသည်..။

09 November 2009

အမေ ဒေါ်နုနုအေး ရဲ့ (၁)နှစ်ပြည့် အမှတ်တရ....။


"အမေ ဒေါ်နုနုအေး၏ ကိုယ်ရေးရာဇ၀င် အကျဉ်း"

ဒေါ်နုနုအေးကို ပအို့ ဝ် တိုင်းရင်းသား မိဘနှစ်ပါးဖြစ်သော အဖဦးစံရွှေ၊ အမိဒေါ်ငြိမ်းသွယ် တို့  မှ ၁၉၃၈ ခုနှစ်တွင် သထုံခရိုင် နောင်ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

သထုံမြို့ အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်း ပညာအောင်မြင်ပြီး ကာကွယ်ရေးဝန်ကြီးချူပ်ရုံး (လေ)တွင် ကိုယ်ပိုင်အမှတ် (လေ/ ၁၁၁၄၃)ဖြင့် ၂၆နှစ် ကြာအောင် တပ်ကြပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော် အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သမီးလေးဦး ထွန်းကားခဲ့သည်။

၁၉၈၈ခုနှစ် မတ်လမှ သြဂုတ်လအတွင်း လူထုအရေးတော်ပုံကြီးမှာ စစ်တပ်မှ မတရား ရက်စက်
သတ်ဖြတ်မှု များကို မျက်ဝါးထင်ထင်တွေ့မြင်ရကာ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း တပ်မတော်
လေတပ်မှ ရဲဘော်အချို့ နဲ့အတူ ပြည်သူ့ ဘက်သို့ ကူးပြောင်း၍ ပူးပေါင်းခဲ့တဲ့ မျိုးချစ် စိတ်ဓါတ် ပြင်းထန်သူ
တစ်ဦး ဖြစ်ပါသည်။၁၉၈၈ ကာလ တပ်မှူးကြီးဟောင်းများ ညီလာခံတွင် ဆက်စပ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ရာ ဒေါ်နုနုအေးသည် တက်ကြွသော ကျောင်းသားများ၊ တပ်မတော်သားများအား ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သံလွင်စခန်းရှိ စခန်း (၁)(၂)(၃) တို့ ၏ ကိုယ်စားလှယ် သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး သေဘောဘိုး စခန်း ၊ကော့မူးရာ စခန်းတို့ ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို စတင်ဖွဲ့စည်း ရာတွင်လည်း ပါဝင်ခဲ့သည်။ သံလွင်စခန်းရှိ ကျောင်းသားနှင့် ပြည်သူ ၁၄၀၀ ရောက်ရှိသည့်အနက် စခန်းကော်မတီဝင် သုံးဦးရွေးချယ်ကြရာ ဒေါ်နုနုအေးသည် တစ်ဦး အပါအ၀င်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော်လည်း သူမဘ၀၏ အချိန်တော်တော်များများကို တော်လှန်ရေးတာဝန်များတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်းများနှင့် တွေ့ဆုံကာ တော်လှန်ရေးလမ်းကြောင်းကို ဖောက်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် မယ့်စရီယန်း ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်းများနှင့် ပြန်လည် ဆက်သွယ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာ၌ ယာယီရုံးဖွင့်လှစ်ကာ မြန်မာနိုင်ငံ မျိုးချစ် စစ်သည် ဟောင်းများ အဖွဲ့ (PWVB) ကိုဖွဲ့ စည်းလှုပ်ရှားခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ခရီးရှည် ချီတက်ပွဲနှင့် အခြားလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်မေလတွင် ကျောင်းသားတပ်မတော် တပ်ရင်း(၃)၌ တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်ထမ်း ဆောင်ရန် လာခဲ့ပြီး ကျန်းမာရေး အခြေအနေအရ မဲဆောက်သို့ တက်ရောက်အနားယူကာ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ အဖွဲ့ တွင် နာယကအဖြစ် ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်နုနုအေးသည် ဒီမိုကရေစီတော်လှန်ရေးဘက်သို့ ကူးပြောင်းလာသော ရဲဘော်များ၊ ကလေးစစ်သားများကို အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ကာ ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းကို ကြီးကြပ်စောင့်ရှောက်ခဲ့သည်။ ထို့ နောက် (ဘုရားသား၊ ကျောင်းသား၊ တပ်မတော်သား) တည်းဟူသော သားသုံးသား ပူးပေါင်းလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းကာ ဥက္ကဌအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထို့ အပြင်၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သားသုံးသားနှင့်ပြည်သူညီ၊ အာဏာရှင်တွေ ဘာလဲ ဘယ်လဲ အမည်ရှိ စစ်အစိုးရကို ထိုးနှက် တိုက်ခိုက်သည့် သံချပ်ခွေကို ဦးဆောင်တင်ဆက်ခဲ့သူလည်း ဖြစ်သည်။

ဒေါ်နုနုအေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် (ညနေ ၅ နာရီ ၅၀ မိနစ်)တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။




အမေဒေါ်နုနုအေး အား ကျမ မြတ်လေးငုံ မှ အမှတ်ရအောက်မေ့စွာဖြင့်
(၁)နှစ်ပြည့် သွားသော်လည်း စိတ်ထဲတွင် အမြဲတမ်း
လေးစား ဂုဏ်ပြု
ဦးညွှတ် လျှက်ရှိပါသည်..။



ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ(မြန်မာနိုင်ငံ)နာယကဖြစ်သူဒေါ်နုနုအေးသည်(၁၉၈၈)လူထုအရေးတော်ပုံကြီး စတင်သည့် ကာလမှာပင် တပ်မတော်(လေ)ကိုယ်စားပြု စစ်သမီးအဖြစ် ရာထူးတာဝန်များကို စွန့်လွှတ်ကာ ပြည်သူ့ဘက်မှ ရပ်တည်၍ တပါတီအာဏာရှင်စနစ် ကျဆုံး ရေးအတွက် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေးအတွင်း (နအဖ)စစ်တပ်မှ ထွက်ပြေးလာသည့် ရဲဘော်များကို ပြန်လည်ပြုစု ပျိုးထောင်းရေးတာဝန်များကို နယ်စပ်ဒေသများတွင် ကွယ်လွန်ချိန်ထိ ထမ်းဆောင်နေရင်း အသက်(၇၀)နှစ် အရွက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မြတ်လေးငုံ...။

08 November 2009

ယနေ့ ထက်တိုင် နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ဒုဥက္ကဌ သူရဦးတင်ဦး




တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းမှ လွဲရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်အပေါင်းရဲ့ လေးစား ရိုသေချစ်ခင်မှုကို အရရှိဆုံး ဗိုလ်ချုပ် တစ်ဦး ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများထံက တဆင့် သိရှိ ရပါတယ်။ ယနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ လုံးဝမတူပဲ စံနမူနာပြ စစ်ခေါင်းဆောင်တဦး ဖြစ်တာမို့ ယနေ့ တပ်မတော်သားတွေ အားလုံး လေ့လာ မှတ်သား သိရှိနိုင်ရန် ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ဒီမိုကရေစီရရှိရေးကို ပြည်သူများနဲ့ တသားတည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒုဥက္ကဌ တာဝန်ကို ထမ်းဆောင် ခဲ့တာကြောင့် စစ်အာဏာရှင်တွေရဲ့ အငြိုးတရား အာဃာတ တရား ကြီးမားစွာနဲ့ နှစ်ရှည် နေအိမ် အကျယ်ချုပ် ချထားခြင်း ခံနေရသူဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့အကြောင်းကို ပြည့်စုံမှန်ကန်စွာ ဖေါ်ပြနိုင်ရေးနဲ့ ဘာလော့ဂ် တိုးချဲ့နိုင်ရေး တို့အတွက် တတ်အားသရွှေ့ စေတနာမေတ္တာဖြင့် ပါဝင် ကူညီပံ့ပိုးခဲ့ကြတဲ့ ပြည်တွင်းပြည်ပရှိ ဗိုလ်ချုပ်ကြီးရဲ့ တပည့် သားသမီးများ၊ တပ်မတော် အရာရှိများနဲ့တကွ ဤဘာလောဂ်ကို လာရောက်ဖတ်ရှု အားပေးကြသူ ပြည်တွင်း ပြည်ပမှ မိတ်ဆွေ သင်္ဂဟ ရဲဘော်ရဲဘက် အပေါင်းတို့အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါကြောင်းနှင့် ဆထက်တံပိုး သစ်လွင်ကောင်းမွန်သော အစီအစဉ်များဖြင့် ကြိုးစား တင်ဆက်သွားမှာ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းနဲ့ နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံး လွတ်မြောက်ကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက် သွားနိုင် ပါစေကြောင်း ကျွန်တော်ကိုဖိုးတရုတ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျား။

ဗိုလ်ချုပ်ကြီး သူရတင်ဦး၏ တပ်မတော် အတွင်းမှ

ဘ၀ကောက်ကြောင်း”


၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ပုသိမ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှာ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် အသက်(၁၆)နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းမှာ ဗိုလ်လောင်းအဖြစ် အသက် (၁၇)နှစ် အရွယ်မှာ တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ကန္နီစာချုပ်အရ ပြန်လည်ဖွဲ့စည်းသော တပ်မတော်တွင် ကြည်း (၃၆၅၁) ဒုဗိုလ်အဆင့်နဲ့ ပြန်တမ်းဝင် အရာရှိ အဖြစ်စတင်ခန့်အပ်ခံရပါတယ်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာဘဲ ဗိုလ်ဖြစ်လာခဲ့ပြီး ၁၉၄၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ လက်နက်ကိုင်တပ်များ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်တွေမှာ စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေး ကိုလည်း ဆင်နွှဲခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသူရတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)မှာ တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါတယ်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပါတယ်။ ထို့နောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့် ရရှိခဲ့ပါတယ်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ပါတယ်။

၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့ပါတယ်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပါတယ်။ ၁၉၆၃ခု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ရာထူးတိုးမြှင့် ပေးအပ်ခြင်း ခံရပါတယ်။ ၄င်းမှတဆင့် ၁၉၆၄ ခု စက်တင် ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။

၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ စစ်တပ်ရဲ့ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်တဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်မှာ သူ့ရဲ့အသက်ဟာ ၄၅နှစ်သာ ရှိသေးလို့ တပ်မတော်ရဲ့ အသက် အငယ်ဆုံး ဗိုလ်ချုပ်တွေထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၁၉၇၄ခုမတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တိုက်ပွဲတွေမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့အတွက် “သူရဘွဲ့”ကိုလည်း ရရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ စိတ်ဝင်စားဖွယ်ရာ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ဘ၀ အတွေ့အကြုံတွေကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။

တပ်မတော်သားများ သာမက ပြည်သူများကပါ လေးစား

ချစ်ခင်ကြသောတပ်မတော် ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်ကြီး သူရတင်ဦး


ယခု အပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဆင်နွှဲပုံတွေ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ြပီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အကျယ်ချုပ် ကျခံခဲ့ပုံတွေ၊ စစ်အာဏာရှင်တွေရဲ့  မတရား နိုင်ထက်စီးနင်း လုပ်ခံရပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်များရဲ့  လေးစား ရိုသေချစ်ခင်မှု နဲ့ နံမည်ရလာပြီး တိုက်ပွဲတွေမှာလည်း ထူးချွန်တဲ့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက် (၄၇) နှစ်သာ ရှိသေးချိန်မှာ စစ်တပ်ရဲ့  ထိပ်ပိုင်းရာထူးကို တရှိန်ထိုး ရလာပြန်လေရာ စစ်အာဏာရှင်များရဲ့ မနာ လို ၀န်တိုမှုကို ခံခဲ့ရပါတယ်။ အထူးသဖြင့် တိုက်ပွဲ အတွေ့အကြုံ မပြောနဲ့ သေနတ်သံတောင်မှ မကြားဖူးတဲ့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးဟာ ဦးနေ၀င်းထံ တိုက်ရိုက် ၀င်ထွက်ခွင့် ရသူပီပီ သူရဦးတင်ဦးကို မလိုမုန်းထား ဂျောက်တွန်းဖို့ အကွက်ကောင်းကို ချောင်းနေပါတယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  သားဟာ ကျန်းမာရေးအရ ရောဂါ အသည်းအသန် ဖြစ်လို့ နိုင်ငံခြားမှာ ဆေးသွားကုသတဲ့ ကိစ္စနဲ့ လူချစ်လူခင်ပေါတဲ့ ဗိုလ်ချုပ်ကြီး အပေါ် လက်အောက် အရာရှိများက မေတ္တာစေတနာနဲ့ အလိုက်သိသိ လုပ်ကိုင် ဆောင်ရွက်ပေးပေမဲ့ အိမ်ဆောက်ပစ္စည်းများ တင်သွင်းတဲ့ ကိစ္စတွေအပေါ်မှာ မျက်မှန်ကြီး ဗိုလ်တင်ဦးက သူ့ရဲ့ ထောက်လှမ်းရေး အကျင့်ဆိုးအတိုင်း တဆိတ်ကို တအိတ်လုပ်ကာ တင်ပြခဲ့ရာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးက ဂုဏ်သိက္ခာ မာနရှိစွာနဲ့ ထွက်စာ တင်ခဲ့ပါတယ်။

ဗိုလ်နေ၀င်း အနေနဲ့လည်း သူ့ကို ခြေရာတိုင်းတယ်လို့ ယူဆလာ တဲ့အတွက် ဒီကိစ္စတွေအပေါ်မှာ ခွင့်မလွှတ်ဘဲ သူရဦးတင်ဦးကို မတရား သဖြင့် ရာထူးမှ ၁၉၇၆ ခုနှစ် မတ်လတွင် ဖယ်ရှားခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကိုယ်တိုင်တောင် ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ကို ချောင်းပေါက်မတတ် သွားလာနေပြီး မိန်းမရှုပ်ထွေးကာ တိုင်းပြည် ငွေကြေး အလွဲသုံးစား လုပ်ခဲ့သလို အခြား စစ်အာဏာရှင် တွေဟာလည်း ဒီကိစ္စတွေထက် ပိုမို ဆိုးဝါးတဲ့ နိုင်ငံခြားဆေးသွားကုပြီး အခေါက်ခေါက် အခါခါ ဈေးဝယ်သွားနေတာမျိုးတွေ ရှိနေပေမဲ့ အရေးမယူခဲ့ဘဲ သူရဦးတင်ဦးအပေါ်တော့ မတရားသဖြင့် လုပ်တဲ့ကိစ္စမို့ တိုင်းပြည်နဲ့ တပ်မတော်ကို အမှန်တကယ်ချစ်တဲ့ တပ်တွင်း အရာရှိများက ခံပြင်း နာကျည်း လာပါတယ်။

ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ရဲ့  PA ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုံးကျော်မြင့် ဦးစီးပြီး ထိပ်ပိုင်း အရာရှိ တချို့ရဲ့  တပ်တွင်းပုန်ကန်မှု ဖြစ်ပွားလာကာ ဗိုလ်နေ၀င်းအားဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ခေါင်းဆောင် ပြန်တင်ရန် ကြိုးစားခဲ့ရာ မျက်မှန်ကြီး ဗိုလ်တင်ဦးက လက်ဦးမှု ရရှိသွားတာကြောင့် မအောင်မြင်ဖြစ်ခဲ့ရ ပါတယ်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းမှာလည်း ကျောင်းသားများက “ဗိုလ်ချုပ်ကြီး သူရ တင်ဦး သက်တော် ရာကျော် ရှည်ပါစေ” လို့ ဆုတောင်း ကြွေးကြော် ကြတဲ့အတွက် ဗိုလ်နေ၀င်းက ပိုမို ဒေါသူပုန်ထလာ ခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်ကြီး သူရတင်ဦး အပေါ် အာဃာတ တရားကြီးမားစွာနဲ့ ၁၉၇၇ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် တပ်မတော် အတွင်း ကြီးမားစွာ ဂယက်ရိုက်သွားပြီး ကျေနပ်မှု မရှိကြလို့ ဗိုလ်နေ၀င်းဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာကာ ဥပဒေ ပညာ ဆက်လက်သင်ကြားပြီး ဥပဒေဘွဲ့ ရရှိခဲ့ပြန်ပါတယ်။

၁၉၈၈ ခုနှစ် ပြည်သူလူထုကြီးရဲ့  တပါတီ အာဏာရှင်စနစ် ဆန့်ကျင် အုံကြွမှုကြီး ဖြစ်ပေါ်လာချိန်မှာတော့ ပြည်သူလူထု ကျောင်းသားလူငယ်များကို စစ်တပ်က ရက်စက်စွာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကို တွေ့မြင် ခဲ့ရတဲ့နောက် ပြည်သူ့ဘက်သို့ ရပ်တည်ဖို့ အဘ သူရ ဦးတင်ဦး အနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ တပ်မှူးကြီးဟောင်းများ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ကို ဖွဲ့စည်းပြီး ဆေးရုံကြီးရှေ့ က လူထု ဟောပြောပွဲကြီးမှာ စစ်အာဏာရှင် စနစ်ရဲ့  ဆိုးကျိုးများအား တရားဟောခဲ့ရာ ပြည်သူလူထုရဲ့  တခဲနက် ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲကို ၀င်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး NLD ဒုဥက္ကဋ္ဌ အဖြစ် ယနေ့ထိ တာဝန် ထမ်းဆောင်ရင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

၁၉၄၅ ခု မတ်လ ဖက်ဆစ်တော်လှန်ရေးကာလတွင် အဘ သူရဦးတင်ဦးဟာ ပဲခူး စခန်းမှူးကြီးရုံးမှာ ပြုလုပ်သော တပ်မှူးများ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းဆင်း ညစာစားပွဲကို တက်ရောက်လာတဲ့ တပ်မတော်ရဲ့  ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံ စကားပြောခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဘဦးတင်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုကာ အားကျ အတုယူပြီး တပ်တွင်းမှာလည်း စံနမူနာပြ ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဘ သူရဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗိုလ်ချုပ်လမ်းစဉ်ကို ဆက်လက် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်တယ်။

၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဘ သူရဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ် ကျခံရပါသေးတယ်။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဘ သူရ ဦးတင်ဦးဟာ ဒီပဲယင်း လူသတ်ပွဲမှာ အကြမ်းဖက်ခံရကာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပေမဲ့ ကလေးထောင်သို့ ပို့ဆောင်ခံရကာ ထောင်ချခံခဲ့ရပြန်ပါတယ်။

စစ်အာဏာရှင်တွေရဲ့  မတရား နှိပ်ကွပ်မှုကြောင့် ယနေ့အချိန်ထိ (၅) နှစ်ကျော် ဆက်တိုက် နေအိမ် အကျယ်ချုပ် ကျခံနေရကာ ယနေ့ဆိုရင် အသက် (၈၂) နှစ်ကျော် ရောက်ရှိနေပြီ ဖြစ်ပေမဲ့ အသက်ကြီးရင့်လာမှုကိုတောင် ဂရုမစိုက်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ရဲဝံ့စွာ အရှူံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေပါတယ်။ အဘ သူရဦးတင်ဦးရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ သံမဏိ စိတ်ဓာတ်ကို အပိုင်း(၃)မှာ ဆက်လက် တင်ဆက် သွားပါမယ် ခင်ဗျား။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဖြူစင်တဲ့ နှလုံးသားနဲ့

သံမဏိ စိတ်ဓာတ်...။


ယနေ့ တပ်မတော်က ဗိုလ်ချုပ်တွေဟာ အာဏာရှင် စနစ် အောက်မှာ တာဝန်ထမ်းဆောင်ရတာမို့ စစ်အာဏာ ရှင်တွေရဲ့  မှိုင်းငွေ့နဲ့လောင်းရိပ်မိကာ အာဏာရှင် လုံးလုံး ဖြစ်သွားရတာ များပါတယ်။ အာဏာရှင် ဖြစ်သွားပြီ ဆိုရင် အောက်ခြေ အရာရှိ စစ်သည်တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး သက်သာ ချောင်ချိရေးတွေကို လစ်လျူရှုကာ အပေါ်ဖား အောက်ဖိ လုပ်လာကြပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေ အပေါ်မှာတောင် ကြည့်ရှူစောင့်ရှောက်ဖို့ အဲဒီလို ၀တ္တရား ပျက်ကွက်နေမှတော့ ပြည်သူလူထုကို ကြည့်ရှူ စောင့်ရှောက်ဖို့ ဝေလာဝေး ဆိုတာကိုလည်း နာဂစ်ကိစ္စမှာ သက်သေပြပြောနိုင်ပါတယ်။

စစ်သားတစ်ဦး ဖြစ်ပြီဆိုရင် လက်ဦးဆရာဆိုတာ အလွန် အရေးကြီးပါတယ်။ လက်ဦးဆရာရဲ့  အဆိုး အကောင်းပေါ် မူတည်ပြီး အတုမြင် အတတ်သင်ကာ သူ့ရဲ့  အနာဂတ်ကို ဖန်တီးတတ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ သူ့ရဲ့  လက်ဦး ဆရာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယ လက်ဦးဆရာများ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး ဗထူးနဲ့ ဗိုလ်မှူးချုပ် ကျော်ဇော စတဲ့ ဒိတ်ဒိတ်ကြဲ စံပြ စစ်ဗိုလ်ချုပ်များနဲ့ ထိတွေ့ ဆက်ဆံရကာ အမွေခံ ကောင်းများ ရရှိခဲ့တာကြောင့်လက်ရှိ အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ လားလားမျှ မတူဘဲ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ မြန်မာ့တပ်မတော်မှာ စံပြ စစ်ခေါင်းဆောင် တဦး အဖြစ် ပြုမူလုပ်ဆောင် ရပ်တည်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ သတ္တိပြောင်မြောက်သလို စစ်ရေးအရ ထူးချွန် ထက်မြက်ပုံကဖြင့် သူ့ရဲ့  ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတာကိုက သက်သေပြလျက် ရှိနေပါတယ်။ သူ့ရဲ့  အင်္ကျီကို ချွတ်လိုက်တိုင်း ရဲဘော်တွေက သူ့ ခန္ဓာကိုယ်ရှိ အမာရွတ်များကို ကြည့်ပြီး မေးတဲ့အခါ သူ့ရဲဘော်တွေကို ဒီဒဏ်ရာကဖြင့် ဘယ်တိုက်ပွဲက ရခဲ့တာ၊ ဟို ဒဏ်ရာကတော့ ဘယ်သူ့ကို ကယ်ထုတ်ရင်းနဲ့ ရခဲ့တာ ဆိုပြီး ရှင်းပြတော့ ရဲဘော်တွေက လေးစားမှု အပြည့်နဲ့ သူ့ကို ငေးကြည့်ခဲ့ရဖူးပါတယ်။

တရုတ်ဖြူနဲ့ တိုက်တဲ့ တိုက်ပွဲမှာ သူကိုယ်တိုင် တပ်ရင်းမှူး တစ်ဦး ဖြစ်လျက်နဲ့ လက်အောက်ကို မလုပ်ခိုင်းဘဲ လက်ပစ်ဗုံး နှစ်လုံးကို ပင်ဖြုတ်ပြီး ရန်သူစခန်းကို သံမဏိ စိတ်ဓာတ် အပြည့်နဲ့ ရဲရဲဝံ့ဝံ့ ထိုးတက် တိုက်ခိုက်ကာ အနစ်နာခံ စံပြလုပ်ခဲ့တာမို့ “သူရဘွဲ့” ချီးမြှင့်ခြင်း ခံရပါတယ်။ ဒါကြောင့် ရဲဘော်တွေနဲ့ တန်းတူ ရှေ့ တန်းမှာ သေမင်းနဲ့အပြိုင် လုပ်ပြရဲတဲ့ သူ့ရဲ့ သတ္တိကြောင့် ရဲဘော်တွေရဲ့  လေးစားမှုကို အထူးခံရပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရွယ်နဲ့ မလိုက်အောင် စာအလွန်ဖတ်ပြီး လေ့လာထားတာမို့ သူ့ထက် အသက်ပိုင်း ဆိုင်ရာ၊ ရာထူးပိုင်းဆိုင်ရာ ကြီးတဲ့ ဗိုလ်ချုပ်များနဲ့ ယှဉ်ပြီး စကားပြောရဲသည်အထိ စေ့စပ်သေချာ ပိုင်နိုင်လှသူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ရဲဘော်တွေနဲ့အတူတူ တ၀ိုင်းတည်း ခြင်းခတ် ကစားခဲ့ပြီး ပျော်ရွှင်မှု ဖန်တီးပေးခဲ့ပါတယ်။ တပ်တွေ စစ်ဆေးတဲ့အခါတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပီပီ ဟိတ်ဟန်နဲ့ မနေဘဲ သူ့ကို လူကြီးပီပီ သီးသန့် ဖယ်ပြီး အထူး ချက်ပြုတ်ပေးထားတဲ့ ထမင်းဟင်းကို ငြင်းပယ်ကာ ရဲဘော်တွေစားမဲ့ ထမင်းဟင်းကိုမှ မြိန်ရှက်စွာ စားသုံးတာဟာဖြင့် ရဲဘော်တွေရဲ့ နှလုံးသားကို ထိမှန် စေခဲ့ပါတယ်။

ရှေ့ တန်းမှာ ရဲဘော်တွေရဲ့  ငတ်ပြတ်နေတဲ့ ဒုက္ခဆင်းရဲ ကြုံတွေ့မှုကို နားလည်မှု အပြည့်ရှိတာကြောင့် မဆလ အစည်းအဝေးရဲ့  ဘတ်ဂျတ်ကိစ္စတွေမှာ ပြင်းထန်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆပေးတဲ့ (Double Ration) အထူး အစီအစဉ် တစ်ရပ်ကို နယ်စွန်နယ်ဖျား တပ်များနဲ့ ရန်သူ စခန်းကြီးတွေကို တိုက်ရမဲ့ သက်စွန့်ကြိုးပမ်းသူများအတွက် ဗိုလ်ချုပ်ကြီး သူရ တင်ဦးက စီစဉ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး သူရ တင်ဦး ဟာ ကြည်းတပ်က စစ်သည်များသာမက လေတပ်မှ တိုက်ပွဲဝင်ရင်း ကျဆုံး သွားရှာတဲ့ အရာရှိများရဲ့  အသုဘ ဈာပန ခရီးစဉ်မှာ အားပေးနှစ်သိမ့် ပေးပုံကဖြင့် “စံ” တင် လောက်ပါတယ်။ ရွှေကျင် ဧရိယာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း လေတပ်မှ T 33 ဂျက်လေယာဉ် ၅ စီး စလုံး ပျက်ကျ သွားခဲ့ရာ ကျဆုံးသွားရှာတဲ့ လေယာဉ်ပေါ်ရှိ လေသူရဲများရဲ့  ဈာပနာ အခမ်းအနားကို မင်္ဂလာဒုံ လေတပ်စခန်းမှာ ကျင်းပခဲ့ပါတယ်။

လေသူရဲ အလောင်း တစ်လောင်းစီကို အမြောက်ဆွဲယာဉ် တစီးစီနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ (၅) မိုင်ခန့် ဝေးတဲ့ မင်္ဂလာဒုံ စစ်သင်္ချိုင်းကို လမ်းလျှောက် လိုက်ပို့ခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ တပ်ချုပ် ဖြစ်တာမို့ ကိုယ်ရေးအရာရှိနဲ့ စစ်ဦးစီး အရာရှိများက လုံခြုံရေး အရ ရော သက်သာမှု ရှိစေရန် အတွက်ပါ လူအုပ်ကြီးရဲ့  နောက်မှ ကားဖြင့်သာ လိုက်ဖို့ တင်ပြခဲ့ရာ လက်မခံဘဲ ပယ်ချပြီး ပူဆွေးသောက ဖြစ်နေတဲ့ မိသားစုဝင်တွေနဲ့ အတူတူ လမ်းလျှောက်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ နေပူပူ လမ်းမကြီးပေါ်မှာ ချွေးသံတရွဲရွဲ ဖြစ်နေပြီး မိသားစုနဲ့အတူ အားပေးကာ ဂုဏ်ပြုခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ဗိုလ်နေ၀င်းတို့က အရေးယူလိုက်တဲ့အပေါ်မှာ တပ်ထဲမှာ ရှိတဲ့ အရာရှိ စစ်သည် အများစုဟာ ပူဆွေးသောက ဖြစ်ကုန်ကြပါတယ်။ တိုင်းမှူး အဆင့်မှာတောင် စစ်အာဏာရှင်တွေကို ဘ၀င်မကျဖြစ်ကုန်ပြီး တပ်တွင်း ပုန်ကန်မှု ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  အုပ်စု ထဲမှာ မပခ တိုင်းမှူး ဗိုလ်မှူးကြီး လှဖေတောင် ပါဝင်ရတဲ့အထိ တွေ့မြင်ရပါတယ်။

ဒါကြောင့် တပ်ရင်းတွေကို စစ်အာဏာရှင်တွေဟာ မျက်လုံးပြူး မျက်စံပြာနဲ့ လူကိုယ်တိုင် သွားရောက်ပြီး လည်းကောင်း၊ တိတ်ခွေနဲ့ လည်းကောင်း၊ “ဒါဘာ” မှာလည်းကောင်း၊ ဗိုလ်ချုပ်ကြီး သူရ တင်ဦး ကိစ္စကို ရှင်းလင်းပွဲများ အလျှင်အမြန် ပြုလုပ်ကာ အရာရှိ စစ်သည်တွေကို ချော့မော့ပြောဆို ခဲ့ရပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့  ကိုယ်ရေးအရာရှိ PA ဖြစ်ပြီး သူ့ရဲ့  ဆရာ စစ်ဦးစီးချုပ် မျက်နှာ ကိုတောင် မထောက်ထားဘဲ ဗိုလ်ချုပ်ကြီး သူရ တင်ဦးအား စစ်အာဏာရှင်တွေကို ဖြုတ်ချပြီးရင် ခေါင်းဆောင် ပြန်တင်ဖို့ စီစဉ်ခဲ့သူ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဖြူစင်တဲ့ နှလုံးသားနဲ့ ရဲရင့်တဲ့ သံမဏိ စိတ်ဓာတ်တွေဟာ အာဏာအရှိဆုံးသူတွေရဲ့  အပါးတော်မြဲ PA ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  နှလုံးသားကိုတောင် ရိုက်ခတ်ခဲ့တာမို့ တပ်မတော်သား တစ်ရပ်လုံးရဲ့  ရင်ထဲ အသည်းထဲမှာလည်း ကဗျည်းအက္ခရာထိုးထားတဲ့ စစ်ခေါင်းဆောင် တစ်ဦးသာ ဖြစ်ပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ မှတ်တမ်းတင် ဂုဏ်ပြု အလေးပြုရင်း တင်ဆက်လိုက်ရပါတယ် ခင်ဗျား။

ကိုဖိုးတရုတ် ဘလော့မှ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်ရှင်..။ဗိုလ်ထက်မင်း ကိုလဲကျေးဇူးတင်ပါတယ်ရှင်..။


ယနေ့ ကျရောက်တဲ့ ဘဘဦးတင်ဦး ဇနီး ဒေါက်တာတင်မိုးဝေ
တို့ရဲ့ နှစ်(၅၀) ပြည့်ရွှေရတု မွေးနေ့ မှနေပြီး ဘဘဦးတင်ဦးရဲ့ ရည်မှန်ချက်ပန်းတိုင်
သို့ အမြန်ဆုံးရောက်ရပါစေလို့ ဆုတောင်းရင်းနဲု့ မှတ်မှတ်ရရ
အဖြစ် ဂုဏ်ပြုလိုက်ပါတယ်ရှင် ...။


ကျမ မြတ်လေးငုံ ကပြန်လည်ပြီးမျှဝေလိုက်ခြင်းဖြစ်ပါတယ်ရှင်..။ဘဘဦးတင်ဦးအား
မြတ်လေးငုံဘလော့မှ ထပ်မံ ပြီးဖော်ပြပေးခြင်းသာဖြစ်ပါတယ်..။ကျမ ဘဝတွင်
ဘယ်တော့မှာ မမေ့သင့်သော ဘဘဦးတင်ဦး အား မြတ်လေးငုံ ဘလော့မှအမှတ်တရ
အနေဖြင့် ဂုဏ်ပြုလိုက်ပါသည်..။

မြတ်လေးငုံ..။

03 November 2009

ငြိမ်းချမ်းရေးသမားကြီး ဘဘဦးထွန်းတင် အမှတ်တရ..။


ဘဘဦးထွန်းတင်



ပုံလေးကိုနှိပ်ပြီးကြည့်လိုက်ပါရှင်..။

ဆရာမောင်စွမ်းရည် ရေးသားခဲ့သော ငြိမ်းချမ်းရေးသမားကြီး ဘဘဦးထွန်းတင် အကြောင်းကို
ပြန်လည်မျှဝေလိုက်ပါတယ်ရှင်..။

ဘဘဦးထွန်းတင် အတွက် ကျမမြတ်လေးငုံ ကဒီနေရာကနေပြီးအမှတ်တရ ပြန်လည်တင်ပြပေးလိုက်
ပါတယ်ရှင်..။

မြတ်လေးငုံ..။

စစ်ခွေးများ၏ရိုက်နှက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မောင်ကိုကိုဝင်းရဲ့ ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာ..။

စက်တင်ဘာအရေးတော်ပုံအတွင်း စစ်ခွေးများ၏ရိုက်နှက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မောင်ကိုကိုဝင်းရဲ့  ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာဖြစ်ပါသည်။


သေချာဖတ်ချင်ပါက ပုံလေးကိုနှိပ်လိုက်ပါရှင်..။
ပေးပို့ လာသူ ကိုလူချော..။

01 November 2009

မဲဆောက်မြို့ ရဲ့ သွေးသစ်ကျောင်း..။



ကျမရဲ့ ငယ်သူငယ်ချင်း ဖြစ်တဲ့ ဘိုဘို က ကျမနဲ့ မတွေ့တာ(၁၅)နှစ်ကြာပြီး ကျမတို့ ရှိရာ မဲဆောက်မြို့ သို့ (Los Angeles) ကနေပြီး အလည် လာခဲ့ရင်း ခလေးတွေကိုအလှူ တခုလောက်လုပ်ချင်တယ် ဆိုတာနဲ့ မဲဆောက်မြို့ ရဲ့ သွေးသစ်ကျောင်းလေး မှ သွားပြီး အလှူ လုပ်ခဲ့ကြတာပါ။ သွေးသစ်ကျောင်းလေးမှ မိဘမဲ့ခလေးများစွာရှိပြီး မိဘများမှာရှိနေပေမဲ့ ကိုယ်ဝမ်းစာကိုရှာနေကြပြီး ခလေးများကို ကျောင်းအိပ်
ကျောင်းစားနဲ့ သွေးသစ်ကျောင်းလေးမှာ ထားခဲ့ပြီးရုံးကန်နေကြရတဲ့ မြန်မာမိဘများမှ မွေးဖွားပြီးခလေး
များကို သွေးသစ်ကျောင်းလေးတွင် ထားရှိကြပါတယ်..။

သွေးသစ်ကျောင်း တွင်ခလေးများကို ထမင်းတနပ်လျှင် တယောက်ကို ၁၅ဘတ် ကျတယ်လို့သိရ
ပါတယ်..။ကျောင်းသားကျောင်းသူ အယောက် (၂၀ရ)ယောက်ရှိပါတယ်။ စာအုပ် တွေကိုလဲ အလှူခံပါကြောင်းနှင့်ခလေးများကိုလဲ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းများကိုလဲ မည်သူမဆိုလှူတန်းနိုင်ကြောင်းအသိပေးအပ်ပါတယ်ရှင်..။

၎င်းကျောင်းရဲ့ စာသင်ခန်း တခန်းကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာန
ခွဲလူငယ်ရေးရာ မှလဲ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အမှတ်တရ အနေနဲ့ ကျောင်းဆောင်သစ်ကို
လှူတန်းခဲ့ကြောင်းသိရှိရပါတယ်..။

မြတ်လေးငုံ..။

19 October 2009

ကိုမင်းကိုနိုင် (၄၇) နှစ်မြောက်မွေးနေ့ တွင် သူကိုယ်တိုင်ရေးသားခဲ့ သောပထမဆုံး ဝတ္တု ကိုဖြန့်ချိ..။








မွေးနေ့အခမ်းအနားနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ရှင်းပြပါတယ်။ “ကိုမင်းကိုနိုင်က သူ့ဘဝကြီးရဲ့ နှစ်ပေါင်း ၂ဝ ကျော်လောက်မှာ သူကိုယ် တိုင် မွေးနေ့ပွဲကို ကျင်းပခဲ့ဘူးတာ ၂ဝဝ၆ ခုနှစ် လောက်က တစ်ကြိမ်ဖြစ်ပါတယ်။ မွေးနေ့ကျင်းပတဲ့ ရည်ရွယ်ချက်က သူ့ရဲ့ စွန့်လွှတ် စွန့်စားမှုတွေကို ဂုဏ်ပြုချင် တယ်။ ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုဌေး ကြွယ်၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုကိုကြီးတို့ကိုလည်း ဂုဏ်ပြုချင်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မြန်မာ့ နိုင်ငံရေး အခမ်းကဏ္ဍမှာ အရေးပါမှုကို အသိ အမှတ်ပြုတာလည်း ဖြစ်ပါတယ်။” ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ ကျင်းပတာနဲ့အတူ ကိုမင်းကိုနိုင်ရဲ့ ပထမဦးဆုံး ဝတ္ထု စာအုပ်ဖြစ်တဲ့ “နောက်ကြည့်မှန်” ဆိုတဲ့ ဝတ္ထုစာအုပ်ကိုလည်း ဒီကနေ့မှာ ဖြန့်ချိခဲ့တာပါ။

နောက်ကြည့်မှန် ဆိုတဲ့ ဝတ္ထုစာအုပ်က ၁၉၈၈ ခုနှစ် အတွင်းက ဖြစ် ပျက်ခဲ့တဲ့ အဖြစ်ပျက်များကို ရေးဖွဲ့ခဲ့တာပါ။ ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့ ပတ်သက်ပြီး ဝတ္ထုစာအုပ်ကို ဖတ်ခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်း တဦးက ခုလို ခံစားပြောဆိုသွားပါတယ်။ “ဒီဝတ္ထုက အချစ်ဝတ္ထုလို့လည်း ပြောနိုင်တာပေါ့၊ လူငယ် ကောင်မလေး တယောက်နဲ့ ကောင်လေးတယောက်ရဲ့ တွေ့ ကြုံ ဆုံ ကွဲ ဇာတ်လမ်းလေးကို ရေး ထားတာပါ။ ထူးခြားတာက ကောင်လေးနဲ့ ကောင်မလေးတို့နှစ်ယောက် ဖြတ်သန်း ရတဲ့ ခေတ်၊ ဒီဝတ္ထုရဲ့ နောက်ခံဖြစ်တဲ့ ခေတ်က ရှစ်လေးလုံး အရေးတော်ပုံကြီးကို နောက်ခံထားပြီးတော့ အချစ် ဇာတ်လမ်းလေးကို ရေးထားတာပါ။”

နောက်ကြည့်မှန် ဝတ္တုစာအုပ်အားမှာယူချင်ပါက AAPP သို့ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေး
ပြောကြားလိုက်ပါတယ်...။

မြတ်လေးငုံ....။