09 August 2010

The Voice Weekly စာဖတ်ပရိသတ်သို့ တောင်းပန်လွှာ...




ကလှစ်နှိပ်ဖတ်လိုက်ပါ...

အင်းစိန်အောင်ဇေယျတံတားအဆင်းတွင် ယာဉ်နှစ်စီးညှပ်တိုက်၍ ၁၂၅ယာဉ်မီးလောင်တိမ်းမှောက် ခရီးသည် ၁၅ဦးဒဏ်ရာရရှိခဲ့


အင်းစိန်အောင်ဇေယျကြိုးတံတားအဆင်းတွင် ယာဉ်နှစ်စီးညှပ်တိုက်ပြီး ၁၂၅ယာဉ် မီးလောင်တိမ်းမှောက်ကာ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ခံရသည့် ၁၂၅ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ခရီးသည် ၁၅ ဦးဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်မရှိကြောင်း အင်းစိန်အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

''အဲဒီနေ့ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ ငါးဦးက ပြင်ပလူနာအဖြစ် ကုသမှုခံယူနေပြီး ကျန်တဲ့ ၁၀ဦးကတော့ ခွဲစိတ်ဆောင်နဲ့ အရိုးကုသဆောင် မှာ ကုသမှုခံယူနေ ပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်ရတဲ့အနေအထားမှာမရှိပါဘူး''ဟု အင်းစိန်အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ရှင်းလင်း ပြောဆိုသည်။

အင်းစိန်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေသည့် လူနာ ၁၀ ဦးအနက် အမျိုးသား လေးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦးသည် ခွဲစိတ်ဆောင်၌ ကုသမှုခံယူနေကြပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းသုံးဦးသည် အရိုးကုသဆောင်တွင် ကုသမှုများခံယူလျက်ရှိကြောင်း သိရသည်။


သတင်း...YMG

ရန်ကုန်ကမ်းနားလမ်းမှ အဆောက်အအုံများ ဘဝပြောင်းတော့မည်။


ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အဆောက်အအုံများ၊ ဂိုထောင်များသည် ယခုအခါ ဘဝပြောင်းနေကြပြီ ဖြစ်သည်။ သစ်တင်ကားများ၊ သစ်လုံးတင်ကားများ မောင်းနှင်ရန် သီးခြား လမ်းမကြီး ဖောက်လုပ်ရန် အတွက် သူတို့သည်လည်း ကံကြမ္မာတဆစ်ချိုး ပြောင်းကာ ဘဝဟောင်းများကို အိပ်မက်ထဲတွင် ထားခဲ့ရပြီဖြစ်သည်ဟု လျှပ်တပြက် ဂျာနယ် တွင်ဖော်ပြပါရှိပါသည်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပိတ်မှုကြောင့် ထိုင်း စားသောက်ကုန် ဈေးတက်လို့ လက်လီဆိုင်တချို့ အခက်ကြုံ

ထိုင်း စားသောက်ကုန် ရောင်းတဲ့ လက်လီအရောင်းဆိုင်တချို့ဈေးကွက်မှာ ပစ္စည်းဝယ်တဲ့အခါ၊ ပြန်ရောင်းတဲ့ အခါမျိုးတွေမှာ အခက်အခဲတချို့ ကြုံတွေ့ရတယ်လို့ ဆိုတယ်။ အခုဆို ဈေးကွက်မှာ ထိုင်းစားသောက်ကုန်တချို့ ပစ္စည်းအဝင် မရှိတာကြောင့် ပစ္စည်းဝယ်တဲ့အခါ လိုချင်တဲ့ ပစ္စည်းရဖို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရှာဝယ်နေရတယ်လို့ ဆိုတယ်။ ဗိုလ်တထောင်မြို့နယ်မှာ စတိုးဆိုင်ဖွင့်သူ တစ်ဦးက ‘လက်ကားဆိုင်တွေ အပြောအရ ပစ္စည်းမဝင်တာ သုံးလလောက်ရှိပြီ၊ အခုကျွန်မတို့ ပစ္စည်းရှာဝယ်ရတာခြေတိုရောပဲ၊ သိမ်ကြီးဈေးနဲ့ ညောင်ပင်လေးဈေး ပြေးလိုက်၊ မင်္ဂလာဈေး ပြေးလိုက်နဲ့ ရှာဝယ် နေရတယ်’လို့ ဆိုတယ်။

ဈေးကွက်ထဲလက်ကျန် ပစ္စည်းတချို့ ဈေးတက်သွားတာကြောင့်လည်း အခုအချိန်မှာ လက်လီပြန်ရောင်းတဲ့ အရောင်းဆိုင်တွေဝယ်တဲ့ ပစ္စည်းကို ဈေးတင်ရောင်းဖို့ အခက်အခဲ ဖြစ်ရတာလည်း တွေ့ရတယ်။ ဒဂုံမြောက်ပိုင်းက စတိုးဆိုင်တစ်ဆိုင်က ‘ယိုးဒယားကော်ဖီမစ် အထုပ်သေး တစ်ထုတ်ကို ဝယ်ဈေး ၁၃၀ ဝယ်ပြီး ၁၅၀ နဲ့ ပြန်ရောင်းရတယ်၊ အခု ထက်ဝက်လောက် တက်သွားတော့ ရောင်းတဲ့သူအတွက်လဲ အဆင်မပြေ၊ ဝယ်သူလဲ အဆင်မပြေ ဖြစ်ရတယ်’လို့ ပြောပြတယ်။

ဈေးကွက်ထဲမှာ ထိုင်း ကုန်ပစ္စည်းတချို့ အဝင်မရှိတာ သုံးလကျော် လေးလခန့်ကြာပြီ ဖြစ်လို့ အခုဆို ဈေးကွက်ထဲမှာ ထိုင်းပစ္စည်းလက်ကျန် မရှိသလောက် ဖြစ်လာတာ တွေ့ရတယ်။ လက်လီ၊ လက်ကားရောင်းတဲ့ ဆိုင်တချို့လည်း ထိုင်းကုန် မရှိလို့ တရုတ်ကုန်တွေပဲ တင်ရောင်းနေရတယ်လို့ ဆိုတယ်။ ယာယီ မင်္ဂလာဈေးက ထိုင်း တရုတ် စားသောက်ကုန် နှစ်မျိုးလုံး တင်ရောင်းတဲ့ ဆိုင်တစ်ဆိုင်က ‘ဈေးကွက်ထဲ လက်ကျန်ပစ္စည်း မရှိတော့ဘူး၊ ထိုင်းကုန်တွေ ဒီလိုသာ အချိန်ကြာကြာ မဝင်ရင် အခြားအစားထိုး ပစ္စည်းတွေ ဈေးတင်ရောင်းလာနိုင်တယ်’လို့ ဆိုတယ်။

ဈေးကွက်ထဲမှာ အဓိက အရောင်းအဝယ် ဖြစ်နေတာက ထိုင်းနဲ့ တရုတ်ကုန်ပစ္စည်းတွေ အများဆုံး ဖြစ်ပါတယ်။ အခုအချိန်မှာ လမ်းသင့်လို့ ထိုင်းကုန်သည် တစ်ဦးတလေ ရောက်လာရင် အရောင်းဆိုင်တွေအနေနဲ့ သူ့ထက်ငါပစ္စည်း အပြိုင်ဆွဲရမှာပဲလို့ ဆိုကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

သြဂုတ်လ ဒုတိယပါတ် ပြည်တွင်းပြည်ပရုပ်သံ အစီအစဉ်သတင်း







ယနေ့မြောက်ဥက္ကလာမှာ ကျင်းပပြုလုပ်တဲ့ (၂၂)နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားသို့ ဘဘဦးဝင်းတင်နှင့် နိုင်ငံရေးအင်အားစုများ တက်ရောက်ကြပါသည်

ပေးပို့ ပေးသော သူငယ်ချင်း ဆရာကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

၂၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံကြီး အထိမ်းအမှတ်ကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင်ကျင်းပပြုလုပ်



ထိုင်း-မြန်မာနယ်စပ်တွင်ယနေ့ကျရောက်သောရှစ်လေးလုံးအရေးတော်ပုံကြီးကိုကျင်းပပြုလုပ်ခဲ့ပါသည်.။မြန်မာ ရွေ့ပြောင်းအလုပ်သမားများအား(၈၈၈၈)အရေးတော်ပုံကြီးတွင်ပါဝင်ခဲ့သောနိုင်ငံရေးအင်းအားစုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကပါဝင်တွေကြုံခဲ့ကြသော ဖြစ်ရပ် များအား ပြောပြ ဆွေးနွေးခဲ့ကြပါသည်.။

(၈၈၈၈)အရေးတော်ပုံ ဟာမြန်မာသမိုင်းတွင်ထင်ရှားခဲ့သော သမိုင်း အထောက် အထား တစ်ခုကို ထပ်ဟပ် ပေါ်လွင်အောင်တဦးချင်း ပြောပြခဲ့ကြ ပါသည်.။


မြန်မာရွေ့ပြောင်းအလုပ်သမား များအား နအဖ၏ မတရားတဲ့ရွေးကောက်ပွဲ အားဆန့်ကျင်ကြဘို့ကိုလည်း တပါးတည်း ပြောကြား ခဲ့ကြပါသည်.။

(၂၂) နှစ်မြောက် ရှစ်လေးလုံးအခမ်းအနားမလေးရှားတွင်ကျင်းပ







News(2)

၂၂ နှစ်မြောက် ( ၈၈၈၈ ) အထိမ်းအမှတ် နအဖ စစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )




ပေးပို့ ပေးသော ဘော်ဘော် အားကျေးဇူးတင်ရှိပါသည်။

08 August 2010

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်တဲ့ (၂၂)နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား.. သတင်း၊ဓာတ်ပုံ... ရုပ်သံ...


ယနေ့ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပသည့် (၂၂)နှစ်မြောက် ၈၈၈၈ ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁)နာရီခွဲ၌ Gotanda ပန်းခြံ၌ စတင်ကျင်းပခဲ့ပါတယ်။ အခမ်းအနား၌ အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများနှင့် မြန်မာ့ ဒီမိုကရေစီအရေးထောက်ခံသည့် ဂျပန်လူမျိုးများမှ အမှာစကားများ ပြောကြားခဲ့ကြပြီး နေ့လည်(၂)နာရီခွဲမှ စတင်၍ ကြွေးကြော်သံများတိုင်ကာ ချီတက်ဆန္ဒပြပွဲ ကိုပြုလုပ်ခဲ့ပါတယ်။ ထို့နောက် နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာသံရုံးဟု ခေါ်သော စစ်အခွန်ရုံးရှေ့ကို ကြွေးကြော်သံများတိုင်ကာ ဖြတ်သန်း ဆန္ဒပြခဲ့ကြပါတယ်။ သံတခါး နှစ်ထပ်ကာရံထားသော အခွန်ရုံးရှေ့၌ ဂျပန်ရဲများက အထူးစောင့်ကြပ် ပေးထားပါပြီး ထိုစစ်အခွန်ရုံးရှေ့အရောက်မှာတော့ တိုင်ပင်မထားရပဲ ကြွေးကျော်သံများ သံပြိုင်အော်ဟစ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ယနေ့ ကျင်းပသော ရှစ်လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ၌ မြန်မာနိုင်ငံသားများ၊ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများ၊ ပါဝင်ဆင်နွှဲကြပြီး တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၁၅၂ ဦး ရှိသည်ဟု သိရပါသည်။

သတင်း၊ဓာတ်ပုံ ကိုသန်းဝင်း၊ ကိုလွင်အောင်စိုး၊ ဒီမိုဝေယံ...

ဗီဒီယို အားလူးလေး...

မြတ်လေးငုံ ဘလော့ဂ်(၁) နှစ်ပြည့် မြောက်သွားခြင်း

မြတ်လေးငုံ ဆိုတဲ့ နံမည်လေးကို ကျမမေမေက ငယ်ငယ်တည်းက ကျမကို ဒီနာမည်လေး ပေးမယ်လုပ်ပြီး မပေးဖြစ်လိုက်တဲ့အတွက် ကျမရဲ့ ဘလော့ဂ်လေး မှာ မြတ်လေးငုံ ဆိုတဲ့ ကျမ နာမည်ကို ပေးခဲ့ပါတယ်.။ ကျမဘလော့ဂ် လုပ်ချင်စိတ် ဖြစ်ပေါ်လာတာဆိုရင်ဖြင့် ကျမဘဝတလျှောက် တွေ့မြင်ခဲ့၊ တွေ့ကြုံခဲ့တဲ့ စစ်အာဏာရှင်များဟာ ပြည်သူတွေ ၊ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေ၊ ကို ရက်စက်မှုတွေ နှိပ်စက်မှုတွေကို အထောက်အထားတွေနဲ့ ပြုစု ပြီးမှတ်တမ်းတင်ချင်တဲ့ အတွက် ဒီဘလော့ဂ်လေးကို လုပ်ဖြစ်သွားတာပါ...။

နောက်တစ်ခုကတော့ မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ မတရားဖမ်းဆီး နှိပ်စက်ခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ခံစားမှုတွေ ကိုလည်း ဖော်ပြချင်တာပါ၊ ကျမမြတ်လေးငုံ အနေနဲ့လဲ မှတ်တမ်းတစ်ခု လုပ်ဖြစ်သွားခဲ့ပါတယ်၊။ ကျမ တို့လိုဘဲ မှတ်တမ်းတွေနဲ့ စုစည်းထားကြတဲ့ ပြည်သူတွေလဲ ရှိကြပါတယ်။

ကျမ(၁၀)တန်းကျောင်းသူဘဝမှာ (၈၈၈၈) အရေးတော်ပုံကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးမှာ ကျမတို့ကျောင်း အ.ထ.က (၁) ဒဂုံကနေပြီး ပါဝင်လှုပ်ရှားခဲ့တဲ့ အထက်တန်း ကျောင်းသူ တယောက်ပါဘဲ.။ အဲဒီအချိန်က ပါဝင်ခဲ့တာကတော့ လူငယ်တယောက်ရဲ့စိတ်၊ မခံချင်စိတ်၊ တွေနဲ့ပါဘဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို၁၉၈၈စက်တင်ဘာလ(၂ရ)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်.။ ကျမ မြတ်လေးငုံ သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ထိုအချိန်မှစ၍ လူငယ် အဖွဲ့ဝင်တဦး အဖြစ် စတင်ပါဝင်ခဲ့ပါတယ်.။ ယနေ့အချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံအောက်မှာ ရပ်တည်နေဆဲဖြစ် ပါတယ်.။

သြဂုတ်လ ရဲ့ (၈)ရက်နေ့မှာကျမ နေသောအိမ်လေးကိုကျမနဲ့မောင်နှမလိုနေသော ကျမတို့ပါတီက မောင်လေးနိုင်ကြီးကအလည်ရောက်လာခဲ့ပါတယ်.။ ကျမတို့နဲ့ စကားလက်ဆုံကျနေကြပြီး.။ နိုင်ကြီးက သူဘလော့ဂ် လုပ်ထားကြောင်းကို လာပြောပြပါတယ်. ဥပမာ ပေးရရင်တော့ ကြွားတယ်ဆိုလဲမမှားပါဘူး။

ကျမ မြတ်လေးငုံလဲဘလော့ဂ် တစ်ခု လောက်လုပ်ချင်ကြောင်းနဲ့ နိုင်ကြီးကို လုပ်ပေးပါလားဆိုပြီး ပြောပြဖြစ်တယ်.။ နိုင်ကြီး ကလဲ ကြွားချင်တယ်ပေါ့။ သူလုပ်တတ်ကြောင်းကိုလည်း ပြချင်ပုံရပါတယ်.။ ချက်ချင်းလုပ်ပေးလိုက် ပါတယ်။ ကျမကို ဘယ်ပုံကြိုက်လဲအမ၊ ဘယ်အရောင် ကောင်းမလဲအမ ၊ရွေးပါဆိုပြီမျိုးစုံသော ဒီဇိုင်းလှလှလေးတွေပြသခဲ့ပါတယ်.။ကျမကအရောင်တွေ တော်တော်များကိုတွေ့တော့ မရွေးတတ်တော့ပါဘူး။

အဆင်ပြေတဲ့ပုံစံဘဲလုပ်ပေးပါ ရပါတယ်လို့ ပြောပြီး မှတ်မှတ်ရရ (၈.၈.၂၀၀၉)မှ စပြီ မြတ်လေးငုံ ဆိုတဲ့ ဘလော့ဂ်လေးကို စတင်ပြုလုပ်ခဲ့ပါတယ်.။ ဒီလိုနဲ့ဘဲ မြတ်လေးငုံဘလော့ဂ်လေး ဖြစ်လာခဲ့ရပါတယ်ရှင်.။

ကျမမြတ်လေးငုံက သူငယ်ချင်းအပေါင်းအသင်းက နည်းတယ်ဆိုတော့ သူငယ်ချင်းတွေက ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုပြီး ဟိုလူကပြော၊ ဒီလူကပြောနဲ့ ဒီဇိုင်းကိုပြင်လိုက်တာ အခေါက် (၄၀)လောက် ဖြစ်သွားခဲ့ပါတယ်.။ ကျမ မြတ်လေးငုံ ဘလော့ဂ်ဒီဇိုင်းနာလဲစိတ်တွေဆိုးပြီ ကျမကိုသူ မလုပ်ပေးတော့ပါဘူး.။ ဒီလိုနဲ့ကျမ မြတ်လေးငုံခမျာ နောက်ကူညီပေးမယ့် မောင်လေးတယောက် ရောက်လာခဲ့ပြန်တယ်.။ သူကတော့ ဘလော့ဂါပြည့်စုံ ပါဘဲ ။ ပြည့်စုံကလဲ ကျမတို့ပါတီကဘဲ.။ ပြည့်စုံလုပ်ပြန်တော့ မြတ်လေးငုံဘလော့ဂ်က တမျိုးဖြစ်သွားပြန်ရောပေါ့။ ဒီလိုနဲ့ အဆင်ပြေသလိုဘဲ လုပ်ပေးပါဆိုပြီ ပြည့်စုံ ကလည်း ပြောပြောဆိုဆို လုပ်လိုက်ပြန်တယ်.။

မြတ်လေးငုံက ဟိုလိုလေးလုပ်ပေးပါအုံး ပြောလိုက်ရင် ပြည့်စုံ ကမအားဘူးဖြစ်နေပြန်တယ်.။ သူကခုတော့ အမေရိကန်မှာ ဆိုတော့သူနဲ့ကျမနဲ့က အချိန်ကမနက်နဲ့ည ဖြစ်နေပြန်ရော... ကျမလဲမတတ်နိုင်ဘူးလေ.။ ကိုယ်အားကိုယ် မကိုးတတ်သေးဘူးကိုး နောက်ဘယ်သူ ကူညီပေးအုံးမလဲပေါ့.။ စနည်းနာလိုက်တာဘလော့ဂါတဦး ဖြစ်တဲ့မောင်လေး ခမိခဆဲ ဖြစ်နေပြန်တယ်သူက ပြန်ပြင်ပြန်ပြောင်း လုပ်ပေးပြီး သူကဘဲ ကျမကို သင်ပေးတော့တာဘဲ၊ စိတ်ရှည်လက်ရှည်နဲ့ ခမိခဆဲ သင်ပေးတော့ ကျမလဲတတ်သွားရောပေါ့..။ အော်ဘလော့ဂ်လုပ်တာ လွယ်လွယ် လေးဘဲပေါ့လို့ ကျမပြောလိုက်မိပြန်တယ်.။ နိုင်ကြီး က မြတ်လေးငုံ ဘလော့ဂ်ကို စလုပ်ပေးချိန်မှာ ကျမ သတင်းတင်တတ်ယုံရလွှဲရင် ကျန်တာမလုပ်တတ်ခဲ့ပါဘူး.။ နောက် ပြည်စုံက နည်းနည်းသင်ပေးခဲ့ပါတယ်.။ နောက် ခမိခဆဲ ကဘလော့ဂ်အကြောင်းတွေ လေ့လာဘို့ ဘယ်မှာသွားကြည့် ဘို့ ပြန်လုပ်ကြည့်ပါ အမ ဆိုပြီး စိတ်ရှည်စွာနဲ့ သင်ပြပေးခဲ့ပါတယ်.။

ကျမမြတ်လေးငုံကတော့ တတ်သည့် ပညာမနေသာဆိုသလိုပေါ့ လက်တဲ့ဆန်းတော့မယ် ဆိုပြီး ကိုယ်စိတ်ကြိုက်ကိုယ်လုပ်ခဲ့တယ်.၊ မကြိုက်လဲခမိခဆဲကို ပြင်ခိုင်းလိုက်သင်လိုက်ပေါ့.။ ကျမ မြတ်လေးငုံ ဘလော့ဂ်လေးကို ကျမ စိတ်တိုင်းကျ ကိုယ်တိုင်လုပ် ဖြစ်သွားပါတယ်.။

ဒီလိုနဲ့ဘဲဘာလိုလိုနဲ့ တစ်နှစ်ပြည့်လိုသာလာပါတယ်.။ သူတို့(၃)ယောက်ကတော့ မေ့လို့မရပါဘူး.။ ကျမမြတ်လေးငုံ ဘလော့ဂ်လေးကို တည်ထောင်ပေးခဲ့ အုတ်မြစ်ချပေးတဲ့ ကျမရဲ့သင်ဆရာတွေပါဘဲရှင်.။ ဒီလိုနဲ့ သတင်းတွေ တင်မယ်ဆိုပြီး ကျမလုပ်တော့ ကျမ ကိုအကြံပေးခဲ့တဲ့ ကျမရဲ့ အကိုဆိုလဲမမှား ပါဘူး.... ကျမတို့ပါတီက ကိုမိုးဇော်ဦး သူကကျမကို ထောင်ထဲက အခြေအနေတွေကို မေးပါလားဆိုပြီ အကြံပေးခဲ့ပါတယ်.။ ကျမကလည်းလုပ်ဘို့ အစီစဉ်ရှိနေတော့ကျမလဲ စလုပ်ကြည့်မယ်ဆိုပြီ သံတိုင်ကြားက NLD လူငယ်များ၏ ထောင်တွင်းအတွေ့အကြုံဆိုပြီး လုပ်ခဲ့ပါတယ်.။

အဲဒီမှာစတွေ့တော့တာပါဘဲ ။ ကျမလဲ လူထု မေတ္တာကို စတင်ပြီး ခံယူရတော့တာပါ.ပဲ။ ကော်မန့်တွေ စီဘောက်တွေမှာ ဝင်လာမဆဲတသဲသဲပေါ့.။ ကျမ သတင်းတွေကို လာအားပေးတဲ့သူတွေ ကျမ သတင်းတွေကို ရှုံးချတဲ့ အော်သံဆိုသံတွေ တလဟောကိုယိုစီးတော့တာပါဘဲရှင်.။ ရှုတ်ချပြီးပြောတဲ့ လူတွေကပိုများပါတယ်။ အောင်မြင်တယ်ဆိုတဲ့သဘောပေါ့.။ ကျမ မြတ်လေးငုံ အောင်မြင်တယ်လို့ ပြောလို့တမျိုးတော့ မထင်ကြပါနဲ့ ၊မိန်းကလေးနဲ့မတန်တဲ့အသုံးနှုန်းတွေ နောက် ရိုင်းစိုင်းပြီး လူမဆန်တဲ့ ပြောဆိုမှုတွေ နှမချင်းမစာနာတတ်တဲ့ လူတွေကိုစတွေ့ခဲ့ရပါတယ်.။ ကျမရဲ့ ဘလော့ဂ် သက်တမ်း အစပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ရိုက်ခတ်မှုတွေပဲပေါ့..။

အဲဒီချိန်မှာ ကျမသူငယ်ချင်း ဘလော့ဂ်ဂါ ဒီမိုဝေယံ ကကျမကိုအားပေးပြီး ဆက်လုပ်ဘို့နဲ့ ဒီအသံတွေကို ဂရုမစိုက်ဖို့နဲ့ ကိုယ်လမ်းကိုယ်လျှောက်ပြီး ဘာမှမဖြစ်ဘို့ အားပေးပါတယ်။ မနက်မနက်ဆို သူကစီဘောက် ကမသင့်တော်တဲ့ စာတွေကို ဖျက်သင့်တန်တာဖျက် ဘန်းသင့်တန်တာ ဘန်းတော့တာဘဲ။ ဒီမိုဝေယံ လဲမအားတဲ့ကြားထဲကနေ ကျမကိုကူညီပေးခဲ့ ရပါတယ်။ ကျမတို့ဆီမှာ ကွန်နေရှင်က မကောင်းတော့ စီဘောက်က တချက်တချက် ရလိုက် မရလိုက်ပေါ့.။ မနက်ဆိုရင် မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဘလော့ဂ်နဲ့ မျက်နှာသစ်ပြီး စက်ဖွင့်လိုက်တယ်ဆိုရင်ဖြင့် မြတ်လေးငုံဘလော့ဂ်ကို ဖွင့်လိုက်ရင် ဘယ်နှစ်ယောက် လာဆဲသွားလဲ ဆိုပြီးရင်ခုန်စွာနဲ့ ဖွင့်ကြည့်ခဲ့ရပါတယ်.။

နောက်တော့လည်း သူငယ်ချင်း ဒီမိုဝေယံ ပြောသလိုပါဘဲ .။ ကျမ မြတ်လေးငုံလဲ သိပ်မတုန် လှုပ်တတ်တော့ပါဘူး.။ ကျမ လုပ်ရမယ့် အလုပ်ကို ကျမ ဆက်လုပ်ဘို့ ဘဲတွေးတောခဲ့တယ်.။ နောက် ကျမ လဲ လာရေးတဲ့ လူတွေကို သိပ်အာရုံမထားတော့ပါဘူး.။ ကိုယ်လုပ်ရမယ့် အလုပ်ကိုဘဲ ကိုယ်လုပ်ဖြစ်ခဲ့ပါတယ်.။ ကျမလဲ အအော်သာ ခံလိုက်ရတယ် ...ဘာကြောင့်လာဆဲတာလဲဆိုတာကိုတော့ သေချာနားမလည်ခဲ့ပါဘူး.။

ဒီလိုနဲ့ မြတ်လေးငုံ လဲ ကိုယ့်ကိုယ်စိတ်ကို ရှည်တတ်အောင် ထားခဲ့မိပါတယ်.။ နောက် သတင်းတွေတင်တော့ တဖြေးဖြေးအော်တာ နည်းနည်းလျော့လာတယ်။ ဒါပေမယ့်လဲ တနေ့တခါ အမြဲလာ သလိုဆိုတဲ့ စကားလေးအတိုင်း အမြဲတော့ လာအော်တာ ခံရပါသေးတယ်.။ ကျမ မြတ်လေးငုံရဲ့ အကိုတယောက်ဖြစ်တဲ့ ကိုနစ်နေမန်းက ကော်မန့် တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြခဲ့တယ်.။ နောက် စီဘောက်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ပြောပြခဲ့ပါတယ်။ ကိုယ်ဟာကိုယ်ကြိုးစားဘို့ သတင်းကို ကိုယ်ဟာကိုယ် ရေးတတ်အောင် လုပ်ဘို့တွေကို မခံချင်အောင် အမြဲပြောပြီး ကြိုးစားခိုင်းခဲ့ပါတယ်.။ ကိုနစ်နေမန်း ကိုထပ်ပြီး ကျေးဇူးတင်ရပြန်တယ်.။

မြတ်လေးငုံဘလော့ဂ်လုပ်မှ ခင်မင်ခဲ့ရတဲ့ ဘလော့ဂါတွေကတော့ ကိုဒေါင်းမာန်ဟုန်၊ ကိုမင်းထက်၊ ၈၈(နော်မန်)၊ မငယ်နိုင်၊ တို့ကိုလည်း ကျမ မြတ်လေးငုံရဲ့(၁)နှစ်ပြည့်မွေးနေ့လေးမှာ ထည့်ပြောချင်ပါတယ်ရှင်.။ ကျမ မြတ်လေးငုံ ဘလော့ဂ်မှာ ယနေ့ထိ သတင်းဝင်ရေးပေးနေတဲ့ သူငယ်ချင်း ဒီမိုဝေယံ ၊ ကျမ မြတ်လေးငုံရဲ့ အကို ကိုနစ်နေမန်း ၊ ကျမ မြတ်လေးငုံ ကိုယနေ့ထိအကြံပေးခဲ့ တဲ့အကို ကိုမိုးဇော်ဦး ကျမ မြတ်လေးငုံ ကိုဝိုင်းဝန်းကူညီပေးခဲ့တဲ့ မောင်လေးနိုင်ကြီး၊ မောင်လေး ပြည့်စုံ၊ မောင်လေး ခမိခဆဲ ၊တို့ကို လဲ ကျမ မြတ်လေးငုံက မြတ်လေးငုံ ဘလော့ဂ် (၁)နှစ်ပြည့် မှာ မှတ်တမ်း လေးတင်ပေးလိုက်ပါတယ်ရှင်.။

ကျမ မြတ်လေးငုံဘလော့ဂ်ကို အချိန်ပေးပြီး လာရောက်လည်ပါတ်ပြီး သတင်းတွေ ဖတ်ရှူကြတဲ့ ကျမ မြတ်လေးငုံရဲ့ အပေါင်းအသင်းများနှင့် စာဖတ်ပရိသတ်တွေ မိတ်ဆွေတွေကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်၊ အမြဲတမ်းအားပေးပြီး မေလ်းနဲ့ အကြံပေးပို့ပေးကြတဲ့ မိတ်ဆွေများအား ကျေးဇူးတင်ရှိပါတယ်၊ ပြည်တွင်းက သူငယ်ချင်းတွေနဲ့ ပြည်တွင်းမှ သတင်းတွေ ပေးပို့ပေးလို့ သိပ်ကို ကျေးဇူးတင်ရှိပါတယ်ရှင်။ ကျမမြတ်လေးငုံဘလော့ဂ်အား အချိန်ယူပြီး ဝေဖန်ပြောဆိုဘို့ အတွက် လာရောက် လည်ပါတ်ပြီး သတင်းများကို ဖတ်ရှုကြသော မိတ်ဆွေတွေကို လဲကျေးဇူးတင် ရှိပါတယ်လို့ ပြောကြားရင်းနဲ့ မြတ်လေးငုံရဲ့ (၁)နှစ်မြောက် ဘလော့ဂ် မွေးနေ့လေးကို အဆုံးသတ်လိုက်ပါတယ်ရှင်..။

ကျမ မြတ်လေးငုံက ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်.။ ကျမ မြတ်လေးငုံဘလော့ဂ် လေးကိုလဲ အခက်အခဲ အမျိုးမျိုးတွေ့ရှိနေသည့် ကြားထဲကနေ မြတ်လေးငုံ ဆက်လက် ကြိုးစားပါအုံးမယ်.။ အမှန်တရားတွေကိုလည်း ဆက်လက် ဖော်ပြ ပေးသွားပါအုံးမယ်၊ နအဖစစ်အာဏာရှင်စနစ်အောက် မှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားလူငယ်များနှင့် ရဟန်းသံဃာတော်များကိုလည်း လေးစား ဂုဏ်ပြု ဦးညွှတ် လိုက်ပါတယ်ရှင်.။

အားလုံးကိုလေးစားစွာဖြင့်

မြတ်လေးငုံ

(၂၂) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်း အမှတ် ပို့(စ်)ကဒ်




ပြည်ထောင်စု အမျိုးသား ကောင်စီ (မြန်မာနိုင်ငံ) မှ ၈ . ၈ . ၂၀၁၀ ရက် နေ့တွင် ကျရောက်သော (၂၂) နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံ အထိမ်း အမှတ် အဖြစ် ထုတ်ဝေသော ပို့(စ်)ကဒ် အား ပေးပို့အပ် ပါသည်။



ပြည်ထောင်စု အမျိုးသား ကောင်စီ (မြန်မာနိုင်ငံ)

www.ncum.info

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ၏ ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး အထိမ်းအမှတ်ထုတ်ပြန်ကြေငြာချက်

Statement for 22nd Years of 8888 Uprising _8!8!10

မေမေ့သား မှာစကား

မေမေ့သား မှာစကား

သမိုင်းအစ ရှစ်လေးလုံးက
ကျောင်းသူ၊ ကျောင်းသား
အများအပြားပေါ့။

ဒီမိုကရေစီအရေး
လူတိုင်းတွေး၊ လူတိုင်းရေး
လူတိုင်းအော်သံ ဆူဆူညံခဲ့
အော်သံလူထု အခြေပြု
ပုခက်လွှဲသောလက်
ငါ့လက်တဖက်
ကျစ်ကျစ်ပါအောင် ဆုပ်
မိုးကောင်းကင် မြှောက်ထုတ်။

ပေးပါ၊ ပေးပါ ဒီမိုကရေစီ
ရေးပါ၊ ရေးပါ လူ့အခွင့်ရေး
တွေးပါ၊ တွေးပါ နိုင်ငံရေးပေါ့
အော်သံမဆုံး တဒုန်းဒုန်း
ဖြိုခွင့်ပစ်ခတ် ရက်စက်ကြတဲ့
စစ်အာဏာဘီးလူး အရူးအမူးတွေပေါ့
သွေးချင်းနီရဲ လူတွေထဲ
အားပြုပြီး အကြည့် ငါ့အသိ
လေးတန်းကျောင်းသား
မောင်ရွှေပွား။

ဘုရားဘုရား ငါ့သားပါလား
ဆူညံမစဲ ကျည်ဆံကြားထဲ
ပြေးဝင်ထွေးပိုက် ကြည့်နေခိုက်
တစ်ခွန်းစကား သားမှာကြားခဲ့
အာဏာစစ်ဘီးလူး အရူးအမူးတွေကို
ဆုပ်ထားလက်သီး မေမေဖြေပြီး
လက်နက်စွဲကိုင်
လက်ညှိုး မောင်းခလုပ်
မေမေဖြုတ်လော့။


အာဏာရူး စစ်ဘီးလူးတွေကို
အနိုင်ပြိုင်လိုက်စမ်းပါ
မေမေရယ်။




ဗိုလ်မှူး မျိုးချစ်

တပ်ရင်း (၂ဝ၆)

ကျောင်းသားတပ်မတော်။

(၃၁၊ ၁ဝ၊ ၁၉၉၉) ရက်နေ့ သူ မကွယ်လွန်မီအချိန်တွင် ၄င်းကဗျာအား ကိုယ်တိုင် ရေးစပ်ခဲ့ပါသည်။