20 August 2009
*အကုန်ချစ်တဲ့ ဒဂုံ(၁)*
ကျမတို့ငယ်ငယ်က ကျောင်းလေးအကြောင်းကိုတင်လိုက်ပါတယ်.
ကျမတို့ကျောင်းလေးက သိပ်ပျော်ရွှင်ဘို့ကောင်းပါတယ်.ကျမက
မူလတန်းကို အ.မ.က(၅)(ဘစ်လျော့ဟုမ်း)ဒဂုံမှာတက်ရပါတယ်.အလယ်တန်းနဲ့
အထက်တန်းကို အ.ထ.က.(၁)ဒဂုံမှာတက် ခဲ့တာပါ.
ကျမတို့လက်ထက်က ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မြင့်ပါ
ဆရာမကြီးပင်စင်ယူတော့ ဆရာကြီးဦးနိုင်အောင်ပြောင်းလာပါတယ်.
ကျမတို့ကျောင်းက သိပ်စည်းကမ်းရှိခဲ့တယ်.ကျမတို့ငယ်ငယ်ကပါ.
ကျောင်းသူကျောင်းသားတွေ လဲသိပ်ရင်းနှီးကြတယ်.မောင်နှမတွေလိုပါဘဲ.
ဆရာမတွေဆိုလဲ သိပ်သဘောကောင်းကြတယ်.တပည့်တွေကိုပညာအပြည့်
စေတနာပါပါနဲ့သင်ပေးခဲ့တာပါ.ဆရာကျင့်ဝတ်နဲ့လဲညီကြပါတယ်.
ကျမတို့မောင်နှမ(၃)ယောက်ရှိတယ်.မောင်နှမ(၃)ယောက်လုံးတကျောင်း
တည်းပါဘဲ.ကျမမိဘတွေကဝန်းထမ်းတွေပါ.ကျမတို့ကျောင်းမှာဝန်ထမ်း
သားသမီးတွေများပါတယ်(အဲဒီအချိန်ကပါ).မိဘတွေမှာလဲဘာအပြိုင်အဆိုင်မှ
မရှိသလို.ဆရာတွေလဲအပြိုင်အဆိုင်မရှိပါဘူး.(အရင်ကနော်).
ကျောင်းမှမနက်ဆိုနိုင်ငံတော်အလံကို အလေးပြုရတယ်.စပီကာကြီးနဲ့
နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုကြရတယ်.ညနေကျောင်းဆိုလဲ.
နိုင်ငံတော်အလံကိုအလေးပြုရတာဘဲ.နိုင်ငံတော်သီချင်းဆိုနေချိန်
ကျောင်းကိုရောက်နေတယ်ဆိုရင်မန့်တပ်ရပ်ပြီးရောက်နေတဲ့နေရာကနေသီဆိုရပါတယ်.
ကျောင်းနောက်ကြရင်ဘောလုံးကွင်းမှာ မြက်နူတ်ရင်နူတ်မနူတ်ရင်
သန့်ရှင်းရေးလုပ်ရတယ်.ကျောင်းတံဆိတ်မတပ်ရင်လဲ ဒဏ်ကြေးပေးရပါတယ်.
မိန်းခလေးတွေဆိုရင် ဘော်လီကျောပြည့်ဝတ်ရတယ်. မဝတ်ရင်ဆရာမ
ဒေါ်ခင်နွဲ့နွဲ့ကကြိတ်လုံးနဲ့ ဆော်တော့တာ.ယောင်္ကျားလေးတွေအိပ်သာ
ထဲမှာဆေးလိပ်ဝင်သောက်ရင် ဆရာတုတ်ပေါ(သို့)ဆရာလျောဖီကလိုက်ကြွေး
တော့တာဘဲကြိတ်လုံးနဲ့ ပျော်ဘို့ကောင်းပါတယ်.ဆရာတွေကိုလေးလေးစားစား
ရှိခဲ့ကြပါတယ်.ကျောင်းမှမဟုတ်ပါဘူး အပြင်မှာတွေ့လဲ ရိုသေကြတာပါ.
ကျမတို့ကျောင်းကြီးက အနူပညာသမားတော်တော်ထွက်ခဲ့ပါတယ်.
ကျမတို့ကျောင်းမှာ အမျိုးသားအောင်ပွဲနေ့တိုင်း ကျမတို့ကျောင်းသူကျောင်းသား
တွေအတွက်ပျော်ပွဲရွှင်ပွဲ လုပ်ပေးခဲပါတယ်.(အရင်ကနော်).
ကျောင်းသူကျောင်းသားတွေကိုယ်တိုင်တီးကိုယ်တိုင်ဆိုကြတာပေါ့
အဖြူအစိမ်း ကိုလဲတူညီဝတ်ရတယ်.ရင်ဖုံးလေးတွေကမိန်းခလေးတွေ
ယောင်္ကျားလေးတွေက ရှပ်ကော်လံတွေ နဲ့ကျောင်းကလဲ အဖြူအစိမ်း
ဝယ်လို့ရတယ်.အပြင်ထက်ဈေးသက်သာတယ်.
အောင်စာရင်းထွက်လို့ ကျောင်းသားသစ်လက်ခံရင်လဲ ဘာဝင်ကြေးမှာပေးစရာမလိုပါဘူး
စာအုပ်ဘိုးရယ်မိဘဆရာအသင်းကြေးဘဲ ပေးခဲ့ရပါတယ်.မိဘတွေလဲသိပ်မပူရဘူး
ကျမတို့အချိန်တုံးကပါ.စည်းကမ်းသိပ်ကြီးပြီးတော့ ကျောင်းစည်းကမ်းနဲ့သိပ်ညီတဲ့ကျမတို့
ကျောင်းကြီးကတော့ ခုဆိုရင် အရင်နဲ့ဘာမှမဆိုင်တော့ ပါဘူး။
ကျမတူမကို ကျောင်းအပ်တာ သူအမေကျမ အမ တော်တော် ကုန်သွားပါတယ်.
ကျမတို့ နေတာဒဂုံမြို့နယ်မှာ နေထိုင်တာတောင်မှ တော်တော်ကုန်သွားခဲ့တယ်.
ကျမသူငယ်ချင်းသမီး အတွက်လိုက်လုပ်ပေးတာ ကျောင်းဝင်းကြေး(၁၀)သိန်း
ပေးလိုက်ရပါတယ်. နောက်မိဘဆရာအသင်းကြေး ပေးရတယ်ဘာဘိုး ညာဘိုး
ပေးရသေးတယ်.ဆရာမတွေကခလေးမိဘတွေ အကျီင်္ဆိုင်ဖွင့်ရင် အကျီင်္င်္သူတို့အတွက်ပေး
ရတယ်.ေ၇ွှဆိုင်ဆိုရွှေ. မိဘစီးပွားရေးဘာလုပ်လဲ လိုက်ကြည့်ပြီးတောင်းတော့တာပါဘဲ.
တကယ်မလွယ်တဲ့ ကျောင်းကြီးပါဘဲ.ခုတော့ဆရာမတွေအတွက်ပေးရ.(လစဉ်နော)်.
ကျောင်းမှာမိဘတွေက သားသမီးကိုကြိုတော့လဲ အပြိုင်တွေဝတ်ရ.သားသမီးတွေကိုလဲ
အပြိုင်ဆင်ကြ. ဟူး ..တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်.ကျမတို့ငယ်ငယ်ကအကုန်ချစ်တဲ့
ဒဂုံ(၁)က ခုတော့ အလကားကျောင်းကြီးပါဘဲ လို့ခံစားမိလာခဲ့တယ်.စာဆိုလဲ
ကျူရှင်မှာသင် မနက်ကျူရှင်ညကျူရှင် ကျောင်းမှာအပြီးမသင်ခဲ့ရပါဘူး.
မေးခွန်းကြိုဝယ်ရသေးတယ်. တော်တော်မလွယ်တဲ့ကျောင်းပါ.ခုဆိုရင်
ဆရာတွေက ဆရာကျင့်ဝတ်မရှိ ပေးရင်သင်မယ်မပေးရင် ကလေးကိုရိုက်မယ်.
မိန်းခလေးတွေကလဲ အဖြူအစိမ်း ကိုဝတ်ချင်သလိုဝတ် ယောကျာင်္းလေးတွေလဲ
လက်ကြားထဲမှာဆေးလိပ်တိုနဲ့ ဆရာသမားကိုရိုသေရမယ်ဆိုတာမသိ.
ဆရာမတွေ ကိုလဲလေးစားရ ကောင်းမှန်းမသိပါဘူး. ဘာပညာတွေရပြီး ဘာပညာတွေ
တတ်လဲတော်လဲတော့ ကျမ မသိဘူး. ငွေပေးရင် ပညာရမယ် ဆိုတာဘဲ ကျမသိတယ်.
ဒီလိုပညာရေးစနစ်ကြီးက ဘယ်လာကောင်းတော့မှာလဲရှင်.အရာရာကိုငွေကကြီးဆိုး
နေတာ.ငွေများတရားနိုင်ခေတ်ကြီးကိုရောက်ချင်မလှရောက်နေတာပါ.ဂုဏ်ထူးလိုချင်ရင်
ဘာကားဝယ်ပေးလိုက်ရမယ်.(၆)ဘာသာဂုဏ်ထူးအထင်မကြီးဘူးကျမကတော့
ဒီခေတ်ဒီစနစ်တွေနဲ့ ကျမတို့တိုင်ပြည်ရဲ့ ပညာရေးစနစ် ကြီးကတော့ ရင်လေးစရာ
ကြီးပါဘဲရှင်.ဒီမင်းဆိုးမင်းညစ် တွေရှိနေသမျှ ဆက်အုပ်ချူပ်နေသမျှ ကျမတို့တိုင်းပြည်
ငွေပညာရေး ဘဲရှိလာမှာပါ. အကုန်ချစ်တဲ့ ဒဂုံ(၁)ကျမတို့ကျောင်းကြီးက ခုတော့
ငွေကိုချစ်တဲ့ဒဂုံ(၁)ဖြစ်လာပါပြီး.ကျမတို့ငယ်ငယ်ကဒဂုံ(၁)ကတော့ဘယ်တော့မှ
ပြန်ဖြစ်လာမှမဟုတ်တော့ပါဘူး.ကျမတို့ကို နာ(၃)နာ နဲ့သင်ကြားပေးခဲ့တဲ့ကျမတို့ဆရာ
ဆရာမတွေအားလုံးကို ဒီနေရာလေးကနေ ကန်တော့ရင်းနဲ့ ကျမတို့ကျောင်းလေးအကြောင်း ကိုစိတ်မကောင်းချင်များစွာဖြင့် နားလိုက်ပါအုံးမယ်.။
မျှဝေခံစားနိုင်ပါစေ.
*မြတ်လေးငုံ*
17 August 2009
*အကျဉ်းသားဟောင်း ကိုဘိုနီအောင်*
*အကျဉ်းသားဟောင်း ကိုဘိုနီအောင်*. သူနဲ့ပါတ်သက်တဲ့အကြောင်းလေး ရေးမယ်လို့
စိတ်ကူးမိတာနဲ့ရေးလိုက်ပါတယ်. ကိုဘိုနီအောင်ကို သူထောင်ကထွက်လာမှ
မြင်ဘူးပါတယ်.ဘာလမ်း(မူဆလင်)ဆေးရုံမှာပါ. သူဆေးရုံတက်ရတယ်ဆို့လို့
ကျမအမျိုးသားနဲ့တူတူရောက်ခဲ့တာပါ. သူကိုမမြင်ဘူးပေမဲ့ သူအတွက်ဆေးတွေ
ကိုတော့ ကျမအလှူခံပေးဘူးပါတယ်.
သူကိုတွေတော့ တော်တော်ကျန်မားရေးမကောင်းပါဘူး. စကားကိုကောင်းကောင်း
မပြောနိုင်ဘူး.ကျမနဲ့သူကိုမိတ်ဆက်ပေးတဲ့ ကျမအမျိုးသားကိုသူကကြိုပြီးကျမနံမည်
ကိုပြောပြပါတယ်.ကျမကတော့ သူကိုကြည့်ပြီးစိတ်မကောင်းပါဘူး. ခနနေတော့
သူအမကြီးရောက်လာပါတယ်.သူအမကြီးနဲ့ကတော့ ထောင်ဝင်စာတွေမှာတွေ့နေကြပါ. အဲတော့မှအမနဲ့စကားပြောပြီးနေကြတာပေါ့.
ကိုဘိုနီအောင်ဆေးရုံကိုလဲ သူရဲ့သူငယ်ချင်းတော်တော် များများလာကြတယ်.
လူနာလဲစကားတွေပြောရလို့မောနေမှာဘဲလို့ တောင်ကျမကပြောမိပါသေးတယ်.
သူရဲ့ သူငယ်ချင်းတွေ သူရှိလာတာကို သူ ပျော်နေပုံရပါတယ်.ပြုံးနေတာပါဘဲ.
ကျမတို့လဲ နောက်နေ့ ပြန်လာခဲ့မယ် ဆိုပြီးသူ့ကို နူတ်ဆက်ပြီးပြန်ခဲ့ကြပါတယ်.
အောက်ရောက်တော့ ထောင်ထဲကသူ့ သူငယ်ချင်းတွေ ထပ်လာတွေ့ ကြပါတယ်.
ကျမအမျိုးသားကတော့ ကိုဘိုနီအောင်ကိုတွေ့ပြီးပြန်လာတော့ မျက်နှာမကောင်းဘူး
တော်တော်လေး စိတ်ထိခိုက်နေပုံပါဘဲ.ဲ
ကိုဘိုနီအောင်ကိုကြည့်ရတာ (HIV)ရောဂါကိုခံစားနေရတဲ့ လူတယောက်လို့ဘဲနော်လို့
ကျမ အမျိုးသားကိုပြောပြလိုက်တယ်. ကျမ အမျိုးသားကဟုတ်တယ်.ဆိုပြီးတော့ ကိုဘိုနီအောင်အကြောင်းလေးတွေပြောပြခဲ့ပါတယ်.ကိုဘိုနီအောင်ကခင်ဘို့ကောင်းတယ်.
ထောင်ထဲမှာလဲ အေးအေးနေတာ.ဘာပြသနာမှမရှိဘူး.
သူကိုအမိန့်ချတာအနှစ်(၂၀).သူနေရတာကတော့(၁၀)နှစ်လို့ပြောပြပါတယ်.
သူ့ ပုဒ်မ ကတော့၁၇(၁)လို့ပြောပြခဲ့တယ်.တောတွင်းဆက်သွယ်မှုပေါ့.
သူကိုစစ်ကြောရေးလုပ်တုံးက တော်တော်ကိုညှင်းပန်းခံခဲ့ရတယ်လို့လဲ
ပြောပြပါတယ်. ကြင်စက်တွေနဲု့တို့ပြီး စစ်ကြောရေးမှာ စစ်ခံခဲ့ရပါတယ်.
ခနခနစစ်ပါများတော့သူ့ရဲ့ အာရုံကြော တွေကမခံနိုင်တော့ဘူးပေါ့.
တဖြေးဖြေးနဲ့ သူအကြောတွေက အလုပ်မလုပ်တော့ပါဘူး.
နောက်တော့ သူက(တက်)တဲ့ရောဂါတွေ ဖြစ်လာတယ်. အာရုံကြော
ဆေးတွေသောက်ရတယ်.ကျမကိုယ်တိုင်သူအတွက်ဆေးတွေကိုဆရာဝန်
တော်တော်များများရှိကတောင်းပေးခဲ့ဘူးပါတယ်.နောက်တော့သောက်ဆေး
တွေကမတိုးတော့ပါဘူး.ထိုးဆေးထိုးမှသက်သာခဲ့ပါတယ်. သူတက်နေတဲ့အချိန်ဆိုရင်
သူကို ဝိုင်းဖိ ရတာ လူလေးငါးယောက်ကို ဖိရပါတယ်.ဂယောင် ကတန်းတွေပြော
သူပြောတဲ့အချိန်ဆိုလဲသူကို့စစ် နေတုံးကသူဖြေခဲ့တာ တွေကိုပြန်ပြောလေ့
ရှိတယ်လို့လဲ ကျမအမျိုးသားကပြောပြပါတယ်.
ဆေးတွေကို ခနခနအထိုးခံခဲ့ ရတဲ့ကိုဘိုနီတယောက် ထောင်ထဲကထွက်လာတာနဲ့
သူနဲ့တူတူရောဂါပါ ပါလာခဲ့တယ်လေ.အဲဒီရောဂါကတော့ လူတိုင်းသိပ်ကို ကြောက်ကြတဲ့ (HIV)ရောဂါပါဘဲ.စစ်အစိုးရလုပ်ရပ်တွေပေါ့.ထောင်ထဲမှာ ဆေးဝါးကုသ ခံယူဘို့တော်တော် ကြောက်ဘို့ကောင်းပါတယ်.လူတွေကိုလူလို့မဆက်ဆံ နိုင်ငံရေးအကျဉ်းသားတွေ ဘဝက
တော်တော်ကို ရင်နာဘို့ ကောင်းပါတယ်.
နေထိုင်မကောင်း ဖြစ်နေရင်တောင် မှရောဂါတခြား ဆေးတခြားနဲ့ ကုသခံရတာပါ.
အစာအစားဆိုလဲသန့်ရှင်းမှု မရှိ တကိုယ်ရေ သန့်ရှင်းရေးလုပ်ဘို့ အတွက်တောင်မှ
ရေကိုပုံစံနဲ့ ချိုးခိုင်းသေးတယ်.အိမ်ကထောင်ဝင်စာ လာရင် ဆေးတွေကိုမှာ
ဆေးထိုးအပ်တွေကိုမှာ တခါခါကြတော့ ပေးလို့ရတာပေါ့ တခါခါကြပြန်တော့လဲ သလာဆီတော့ပြန်သိမ်းခံရတာပါဘဲ.သလာဆီတယ်ဆိုတာက (ထောင်ပိုင်ကနေပြီးတခန်းဝင်တခန်းထွက်စစ်ဆေးရေးလုပ်တာ)ကိုပြောတာပါ.
အကျဉ်းသားတွေ ဘဝကတော့ တော်တော် ဆိုးရွာပါတယ်.ကောင်းတဲ့အချိန်
ဆိုတာတော့ ရှိခဲ့ပါတယ်.ခနပါဘဲ.နောက်တော့လဲ ဒီပုံစံပြန်ဖြစ်တာပါဘဲ.
ကိုဘိုနီအောင်ကို ဒီရောဂါဆိုးကြီးကို ပေးခဲ့တာကတော့အင်စိန်ထောင် ကြီးပါဘဲ.
ဆေးမှူးတွေက ထောင်ထဲ မှာမူယစ်ဆေးဝါး မှုတွေနဲ့ရောက် နေကြတဲ့ လူတွေ
ကိုလဲဒီအပ်တွေနဲ့ဆေးထိုး သူတို့ထိုးပြီးသားအပ်တွေနဲ့ ကျန်တဲ့နိုင်ငံရေး
အကျဉ်းသားတွေကိုလဲပြန်ထိုး(HIV)ရောဂါဆိုးကြီးက တဆင့်ပြီးတဆင့်ကူးစက်ပြန့်နှံ
နေခဲ့တာပေါ့၊
ကျမကို ကိုဘိုနီအောင်အကြောင်းပြောပြနေတဲ့ ကျမအမျိုးသားလဲ သူရဲ့ခံစားချက်
တွေကိုပြောပြနေခဲ့ပါတယ်.နောက်တရက် ဘာလမ်းဆေးရုံကို ကျမတို့
လင်မယားနှစ်ယောက် ရောက်တော့ ကိုဘိုနီအောင်ဆေးရုံကဆင်းခွင့်ပေးလိုက်ပါပြီး. ဆင်းရင်အကိုဘယ်မှာနေမလဲ ဆိုပြီးမေးတော့ကိုညီ(ဗကသ)တို့အိမ်မှာ
နေမယ်ဆိုပြီးသူပြော ခဲ့တယ်. ကိုညီအိမ်လိပ်စာလေးကိုယူပြီးတော့စကားခနပြော သူလဲအိမ်မှာနေရမယ်ဆိုတော့ တော်တော်လေးမျက်နှာတွေကလန်းနေပါတယ်.
ကျမတို့လဲ သူကိုနူတ်ဆက်ပြီးပြန်လာခဲ့ကြတယ်.
သူရှိမရောက်ဖြစ်တာ တပါတ်လောက်ကြာသွားပါတယ.်ရောက်တဲ့နေ့မှာ
သူတော်တော်ရောဂါဆိုးနေပါပြီး သူကိုကူညီပေးတဲ့ ကိုညီတို့လင်မယားရယ် နောက်မသန်းမြင့်အောင်(စာရေးဆရာမ)ထွန်းထွန်းနဲ့ဖိုးသာထူး
တို့ကဘေးနားမှာပါ.ကိုဘိုနီအမကြီးကသူကို ရေသောက်ချင်တယ်ဆိုလို့
တစက် တစက် နဲ့တိုက်နေပေးပါတယ်.သူကို သတ်သတ် အိမ်ဌားပေးမလို့
တိုင်ပင်နေကြတာပါ.သူအတွက် အိမ်လိုက်ရှာ နေကြတာပါကျန်တဲ့
သူငယ်ချင်းတွေ လဲကူညီကြပါတယ်.
နောက်တော့ကျမတို့ နေတဲ့လမ်းထဲမှာ ဌားဖြစ်ခဲ့ပါတယ်.ကျမတို့အိမ်နဲ့
အပေါ်ထပ် အောက်ထပ် ပါဘဲ.တတိုက်ထဲတော့မဟုတ်ပါဘူး ဘေးကတိုက်မှာပါ.
သူအတွက်လိုတာတွေ အိမ်ကယူပေးသူတို့နေဘို့အတွက် ဧည့်စာရင်းတွေ လုပ်ပေး
နောက်တော့ (ကိုမိုးဝင်း .မဒုံ )တို့လင်မယားကလဲကူညီပါတယ်.
ကျောက်မြောင်းထဲမှာ နေခဲ့ကြတာပါ.
မသန်းမြင့်အောင်ကပင်တိုင်ပါဘဲ ကူညီပေးတာ နောက်ဖိုးသားထူးနဲ့ထွန်းထွန်း
တို့လဲပင်တိုင်ပါဘဲ.ကျမတို့လမ်းထဲမှာ သိပ်မနေလိုက်ရပါဘူး တလကျော်ကျော် လေးမှာဘဲ.ကိုဘိုနီအောင်ဆုံးသွားပါတယ်.သူမသေခင်မှာဝေဒနာကို
တော်တော်လေးခံစားသွားရပါတယ်. သူကိုကြည့်ပြီးဘေးကနေ
သနားလိုက်တာဘာမှ မစားနိုင်ဘူး နောက်ရေတောင် မသောက်နိုင်ပါဘူး.
အသက်ထွက်တဲ့အထိပါဘဲ.
(၁၂.၆.၂၀၀၁)မနက်၆နာရီကျော်ကျော်မှာသူဆုံးသွားခဲ့ပါတယ်.
သူရဲ့ဈာပနကိုနေချင်ဘဲ လုပ်ခဲ့ကြပါတယ်.ထောင်ထွက်နိုင်ငံရေးအကျဉ်းသား
တော်တော်လူစုံလာကြပါတယ်.သာကေတက (လယ်ရွာ)မှာမီးသဂြိုလ်လိုက်တယ်.
နောက်ရက်လည် ဆွမ်းကျွေးလုပ်တော့လဲ.ကိုညီ(ဗကသ)ရဲ့အမျိုးသမီးကကိုယ်တိုင်
မုန့်ဟင်းခါးချက်ပေးခဲ့ပါတယ်.ကိုဘိုနီအောင်တယောက် နောက်ဘဝ တွေမှာဒီလို
အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း....
*အကျဉ်းသားဟောင်း ကိုဘိုနီအောင်* အကြောင်းလေးနားပါအုံးမယ်.
မျှဝေခံစားနိုင်ပါစေ.
*မြတ်လေးငုံ*
16 August 2009
*နိုင်ငံခြားပို့တဲ့ ရွာလေး(သို့) ၃၀၅ နို့ဘိုး ဒုက္ခသည်စခန်:*
*နိုင်ငံခြားပို့တဲ့ ရွာလေး(သို့) ၃၀၅ နို့ဘိုးစခန်:* အကြောင်းလေး ကိုထင်ထားပါတယ်.
ကျမတို့လိုထိုင်းနိုင်ငံက ဒုက္ခသည်လို့ သတ်မှတ်ခံထားတဲ့ လူတွေနေထိုင်ကြတာပါ.
နိုင်ငံရေးနဲ့ပတ်သက်တဲ့ လူတွေက ကျမတို့နို့ဘိုးကန့်ထဲမှာ များကြပါတယ်.
ရွာထဲမှာကတော့ ကရင် ဒုက္ခသည် တွေများပါတယ်.။
ကျမတို့နေတဲ့နေရာကိုတော့ PAB အပိုင်းဆိုပြီးတော့ သတ်မှတ်ပေးပါတယ်.
ကျမနေတဲ့အိမ်နံပါတ်လေးကတော့ (၃၀၅) ပါ.ဒီအိမ်လေးထဲမှာ.ကျမတို့မိသားစု(၃)ယောက်.
မအိ.ကိုနီတွတ်ကျော်နဲ့မချေ.ဗညား.ကိုဘိုလေး.ကိုဘိုအေး.ကိုဇော်ဝင်းထွတ်.
ကိုအောင်ကျော်ဇေယျ(IT).အားလုံးပေါင်း(၁၁)ယောက်နေခဲ့ကြပါတယ်.
အမြဲရှိတဲ့လူကတော့(၅)ယောက်ကတော့အမြဲနေကြတာပေါ့။
သိပ်ပျော်ရွှင်ခဲ့ကြပါတယ်လူစုံရင်ပေါ့. ညဘက်ဆိုရင်မီးက၆နာရီခွဲဆိုလာပြီးလေ. ကော်ဖီလေးသောက်
သူအကြောင်းပြော ကိုယ့်အကြောင်းပြောထခါခါလဲ လုပြီးတော့ပြောကြ မီးည(၉)နာရီဆိုပိတ်
်ထောင်ထဲအကြောင်းတွေ ပြန်ပြောပြကြ ဗဟုသုတလဲရ စိတ်မကောင်းလဲဖြစ်ကြ .
ရယ်စရာသိပ်ပြောတတ်တဲ့ ဗညားကတော့ အမြဲနောက်နေကြပေါ့
ကိုဘိုအေးကြီးကအမြဲပြုံးပြုံးနဲ့ နေတတ်တယ်.ကျမတို့အိမ်ရဲ့ စားဘိုမှုးကတော့မချေပါ.
မအိကလဲတမျိုးရယ်ရပါတယ်. ကျမသားကလဲတမျိုး. ဆူညံနေတဲ့ဂေဟာလေးပါ။
မအိနဲ့ဗညား မရှိရင် ကျမတို့အိမ်လေးကတော်တော် ပျင်းဘို့ကောင်းပါတယ်.
ကျမတို့အိမ်မှာမိန်းခလေးတွေကလွှဲရင် အားလုံးကထောင်ထွက်တွေပါဘဲ.
မိန်းခလေး(၃)ယောက်မှာ ကျမကတော့ ဖောဖောပါဘဲ သားရှိတော့ဘာမှမလုပ်
ရပါဘူး.မချေကထမင်းဟင်းချက်. မအိကတော့ရေဖြည့်.ကျမကသူတို့ကိုဘေးကနေပွား
ပေးယုံပါဘဲ.။
ရွှေဘိုသားဗညားကစကားကကြွယ် မအိကစာရေးဆရာမ တွေ့ကြရင်အချင်းပွား.
သူမှန်ကိုယ်မှားတွေ ဖြစ်ကြပြီးရင်ပြန်တည် ပျော်ဘို့ကောင်းပါတယ်.
စိတ်လဲမဆိုးကြပါဘူး. ထမင်းစားရင်လဲ အများကြီးဆိုတော့ ပျော်ဘို့ကောင်းပါ.
လူစုံမှာထမင်းစားကြတဲ့ကျမတို့အိမ်လေးပါ.။
ညီအကိုမောင်နှမတွေလိုနေခဲ့ကြတဲ့ ကျမတို့တွေက ခုတော့တခြားစီနေကြရပါပြီး.
ကျမတို့က ၃၀၅ မှာကျန်ခဲ့ရပါသေးတယ်. ကျန်တဲ့လူတွေအားလုံးကတော့ အမေရိကန်
ကိုရောက်ကုန်ပါပြီး ခုထိလဲမောင်နှမတွေပါဘဲ. ဆူညံနေတဲ့အိမ်လေးကတော့
ခုတော့တိတ်ဆိတ်နေတဲ့ ဂေဟာလေးတခုဖြစ်နေခဲ့ ပါတယ်.ငြင်းခုန်ကြတဲ့ ဗညားနဲ့ မအိ
တို့မရှိလို့ ရယ်သံတွေမကြားဖြစ်တော့ဘူး ထမင်းဟင်းကောင်းကောင်း လဲမစားဖြစ်တော့ဘူး မချေမရှိလို့ ရေဖြည့်ပေးတဲ့ မအိမရှိလို့ရေတွေလဲပုံတွေမှာ အမြဲမပြည့်တော့ပါဘူး. ပြံးပြုံးကြီးနဲ့
သူများပြောတာနားထောင်တတ်တဲ့ ကိုဘိုအေးကိုလဲသတိရမိ. ပြည်ဆုံတွေ့ဘို့ဆိုတာက
သိပ်မလွယ် တနေရာစီမှာ ဘ၀တွေပြန်စပြန်တွေ့ကြရင် အရင်လိုဘဲ ဖြစ်နေချင်ပါတယ.
် ကျမတို့အိမ်လေးကို အမြဲသတိတရနဲ့ ပြောဖြစ်ခဲ့တဲ့နို့ဘိုးကန့်ထဲက ကျန်ခဲ့တဲ့လူတွေကတော့ အမြဲပြောကြပါတယ်. ၃၀၅ အိမ်လေးကအရင်လို့ ရယ်သံလေးတွေ ဆူညံမနေတော့ဘူးနော် ဘာဘဲဖြစ်ဖြစ်လူဘဝတွေက ခဏလေးပါဘဲ.
နေရတဲ့အချိန်လေးမှာ ဘာတွေလုပ်ပေးနိုင်မလဲ သူများအတွက်ဘာတွေလုပ်ပေးခဲ့နိုင်မလဲ.
ကိုယ်အတွက်ဘာတွေလုပ်နိုင်မလဲ. စဉ်းစားရင်နဲ့ကျမတို့နိုင်ငံက မြန်မာလူမျိုးတွေခုဆိုရင်
ထိုင်းနိုင်ငံမှာရှိတဲ့ ကန့်(၉)ကန့်ထဲမှာသိန်းပေါင်းများစွာရောက် နေကြပါတယ်.မြန်မာလူမျိုးတိုင်း ဒုက္ခကိုယ်စီနဲ့ယနေ့ထိ စခန်း(၉)ခုတိုင်းမှာရောက်နေဆဲပါဘဲ.ကိုယ်နိုင်ငံမှာနေခွင့် ပေးလို့နေရတော့လဲ
အမျိုးမျိုး စိတ်သောကတွေရောက်ကြရတယ်.ဖိနှိပ်ခံရ . လူအခွင့်ရေးဆိုတာဘာမှန်းမသိရတဲ့
မြန်မာလူမျိုးတွေ စိတ် ဒုက္ခ ကိုယ်စီနဲ့ပါ မတရားဖမ်းဆီးခံရ မတရားအာဏနဲ့ဖိနှိပ်ကြ ပြည်သူတွေကတော့အလှယ်ထိုးခံရပါတယ်.မခံတဲ့အဆုံး ဒုက္ခအဖြစ်နဲ့ ခံယူဘို့အတွက် ထိုင်းနိုင်ငံကိုထွက်လာကြတာပါဘဲ.။
သတိတရရှိမိ ဒို့ ၃၀၅ လေးဟေ့ လို့ပြောရင်းနဲ့ နားလိုက်ပါအုံးမယ်.
မျှဝေခံစားနိုင်ကြပါစေ.
*မြတ်လေးငုံ*
15 August 2009
*ထူးအိမ်သင်(၅)နှစ်ပြည့်* မှော်ဆရာကြီးအလွမ်း
*ထူးအိမ်သင်(၅)နှစ်ပြည့် *သတိတရနဲ့ရေးလိုက်ပါတယ်.ကျမရဲ့အကြိုက်ဆုံး အဆိုတော်တဦးပါ.
သူ့ရဲ့သီချင်းတွေကို ကျမရဲ့အကိုနဲ့ အမြဲတူတူဂီတာတီးပြီး ဆိုနေကြပါ.(၉၃)ခုနှစ်.ဇူလိုင်လ(၁)ရက်.
သူရဲ့အသက်(၃၀)ပြည့်မွေးနေ့မှာ
အမျိုးသားကဇာတ်ရုံ မှာတကိုယ်တော်ဆိုခဲ့ပါတယ်. ကျမကိုယ်တိုင်သွားကြည့်ခဲ့ရပါတယ်.
လေးဖြူကလဲ သူမွေးနေ့ကိုဂုဏ်ပြုတဲ့ အနေနဲ့*အလင်းရောင်*သီချင်းလေးကိုစဆိုခဲ့ပါတယ်.
လေးဖြူကအလင်းရောင် စီးရီးမထွက်သေးပါဘူး. ကျမနဲ့စံပါယ်ဦးတေးသံသွင်းမှာတွေ့လဲ
သူကိုမိတ်ဆက် ဘာလမ်းမှာတွေ့လဲနုတ်ဆက် နောက်ကျမတို့သူငယ်ချင်း တွေကိုသူသိလာခဲ့ပါတယ်.
ခင်ဘို့လဲတော်တော်ကောင်းပါတယ်. နောက်တခုကတော့ အမေတွေအတွက်သူဆိုခဲ့တဲ့ သီချင်းတွေ
ကြောင့်လဲသူကိုလေးစားမိပါတယ်. သူထွက်ခဲ့သမျှ သီချင်းတွေကို ခုထိအလွှတ်ရခဲ့ပါတယ်
ကျောင်းစာသာမေ့ရင်မေ့မယ် ကျမကို သူငယ်ချင်းတွေကထူးအိမ်သင် သရဲလို့တောင် ပြောခံရပါတယ်.
ကျမလိုဘဲလူတော်တော်များများလဲ ကြိုက်ကြတယ်နော်. သူနဲ့ဖရေဇာမှာ တွေ့ရင်ဘာသီချင်းလေး
တွေကကောင်းတယ် လူငယ်တွေအတွက်သီချင်းများများစပ်ပြီး ဆိုဘို့ ပြောဖြစ်ခဲ့ပါတယ်
ဘားလမ်းကိုညနေဆို ကျမတို့အုပ်စု သစ်မွှေးအအေးဆိုင်မှာထိုင်ရင် သူကိုစံပါယ်ဦးရှေ့က
လဘက်ရည်ဆိုင်မှာ ရှာရတဲ့မျက်လုံး တခါခါမတွေ့ပါဘူး.
ကိုထူးအိမ်သင်သီချင်းတွေက တကယ်ခံစားချက်တွေနဲ့ရေးခဲ့တာပါ နာရီပေါ်ကမျက်ရေစက်များ အခွေထွက်တုံးကဆို ကျမကငယ်သေးပါတယ်. ၈တန်း ၉တန်းလောက်ဘဲရှိပါသေးတယ်.
သီချင်းအားလုံးကိုကြိုက်ခဲ့ရတာပါ.နောက်အခွေတွေလဲ အားလုံးကြိုက်ပါတယ်.“ရင်ခုန်ရင်အချစ်”ဆိုတဲ့သီချင်းကတော့ ကျမအကိုနဲ့ တူတူသိပ်ဆိုခဲ့တာပေါ့
“ဝေးသွားတဲ့အခါ” အို အားလုံးကြိုက်ပါတယ်.
နောက်အမေအတွက်ဆိုခဲ့တဲ့ သီချင်းတွေ အမေ့ရဲ့ ဒုက္ခအိုးလေး,အမေ့အိမ်,မေမေနေကောင်းလား,
အမေ့အေးရိပ်,ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ,ကျေးဇူးပါမေမေ,ကျမ ဆိုနေကြတွေပါ.သူကို့ ကိုငှက်လို့ ခင်တဲ့လူတော်တော်များများခေါ်ကြပေမဲ့ ကျမတို့အုပ်စုကတော့ သူကိုမှော်ဆရာကြီးလို့ခေါ်ကြတာပါ. ကျမတို့သူငယ်ချင်းအားလုံး သူကိုကြိုက်ကြတာပါ.
သီချင်းဆိုတတ်တဲ့ အကိုကြီးအသံအတက်အမြင့်၊ အဖြတ်အတောက်၊ အားလုံးကိုပိုင်နိုင်စွာ၊
ဆိုတတ်တဲ့ သီချင်းရသအမျိုးမျိုး၊ သံစဉ်အမျိုးမျိုး၊ ဆိုတတ်ပါတယ.်လူငယ်တွေတော်တော်ကြိုက်နှစ်သက်
တဲ့အသံမှော်ဆရာ ကိုထူးအိမ်သင်ပါ. ဘာဂျာလေးကိုထုတ်ပြီးမှုတ်တတ်တဲ့ ကိုထူးအိမ်သင်
တယောက်သူချစ်တဲ့ သူရဲ့ပရိသတ်တွေ ကို(၁၄.၈.၂၀၀၄)နေ့မှာ ခွဲခွားသွားပါတယ်.
ကျမလေးစားတဲ့ ကျမချစ်တဲ့အနုပညာရှင်ရဲ့နောက်ဆုံး ခရီးကိုကျမကိုယ်တိုင်လိုက်ပို့ ခွင့်ရခဲပါတယ်.
အမှတ်တရအနေနဲ့ သူရဲ့ယက်တောင်လေး တောင်မရခဲ့ရပါဘူး.လူပေါင်းများစွာလိုက်ပို့ကြတဲ့ သူပရိသတ်တွေ
အများ ကြီးကြားထဲ မနည်းထိုးပြီး ပြန်လာခဲ့ရပါတယ်.ကိုယ်ချစ်တဲ့ အနုပညာရှင်တယောက် ကိုဆုံးရှူံးခဲ့ရတာ
နှမြောတသ ဝမ်းနည်းကြေကွဲ မိပါတယ်.
သူနဲ့ပါတ်သက်ပြီး ရေးမယ်ဆိုရင်တော့အများကြီးပါ.ကျမသီချင်းလို့ခံစား တတ်ခဲ့တာသူကြောင့်ပါ.
သူဘာကြောင့်ဘဲ သေတာဖြစ်ဖြစ် ကျမစိတ်ထဲမှာတော့ သူမသေပါဘူး.သူသေပေမဲ့ သူအသံကတော့
ထာဝရကြားနေလို့ပါ.သူအကြောင်းရေးနေချိန်မှာ ကျမသူသီချင်းလေးဖွင့်ရေးနေလို့ပါဘဲ.
သူအတွက်အမှတ်တရ အနေနဲ့ရေးလိုက်ရလို့ ကျမ ကြည်နူးခဲ့ပါတယ်.
ကျမစာလေးကိုနားခွင့်ပြုပါရှင်. ကျမလိုဘဲသူ့ပရိသတ်တွေလဲ ခံစားနေကြမှာပါ.
မျှဝေခံစားနိုင်ပါစေ.
*မြတ်လေးငုံ*
14 August 2009
*သရက်ထောင်ရဲ့ ထောင်ဝင်စာအမှတ်တယ*
*သရက်ထောင်ရဲ့ထောင်ဝင်စာအမှတ်တယ*အကြောင်းလေးတင်ပြလိုက်ပါတယ်၊(၁၉၉ရ)နိုဝင်ဘာလရဲ့ ဒုတိယအပါတ် ကျမထောင်ဝင်စာသွားရမယ်.ဈေးဝယ်ပြီးအပြန် မနက်မှဘဲချက်တော့မယ်ဆိုပြီး
လုပ်ခဲ့ပါတယ်.ညဘက်ရောက်တော့ကျမမေမေသူလုပ်နေကြသတင်းတွေနားထောင်ပြီးခနနေ
ကျမကိုမေမေက သမီးရေအင်စိန်ထောင်ကအကျဉ်းသားတချို့ကိုထောင်ပြောင်းခဲ့တယ်.
မိုးမိုးတို့ပါလားမသိဘူး ဆိုပြီးပြောခဲ့ပါတယ်.
ကျမလဲဘယ်သူကိုမေးရင်ကောင်းမလဲစဉ်းစာပြီးအန်တီမြင့်(ကိုမိုးဇော်ဦးအမေ.)ကိုဖုန်းဆက်လိုက်တယ်. အန်တီကဟုတ်တယ်သမီး မနက်ဖြန်အင်စိန်ထောင်ကိုသွားမေးကြည့် ဧည်တွေ့လုပ်လိုက်
သူတို့ဘယ်ထောင်ကို ပြောင်းသွားပြီးဆိုတာပြောတယ်သမီးနောက်တခုကအန်တီသောင်း
(ကိုဘိုလေးအမေ)နဲ့အန်တီဘေဘီ(ကိုဇော်အောင်အမေ)တို့ပြန်လာကြပြီးသမီးမေးလိုက်အုံးဆိုတာ
နဲ့ကျမလဲအန်တီဘေဘီကိုဖုန်းထပ်ဆက်မေးရပြန်တာပေါ့အန်တီဘေဘီကကိုဇော်အောင်တို့ထောင်
(သာယာဝတီ)မှာကျမအမျိုးသားမရောက်ဘူး သရက်ထောင် အုပ်စုမှာသူပါသွားတယ်လို့ သိခဲ့ရပါတယ်.
ကျမလဲမနက်စောစောအင်စိန်ထောင်ကိုသွားဧည့်တွေ့လုပ်စာပြန်ကိုစောင့်နေထောင်ဝါတာတဦးေ၇ာက်လာပြီးတော့ဧည့်တွေ့မှာသရက်ထောင်ပြောင်းရွေှ့လို့ရေးထားတဲ့စာဖြစ်နေပါတယ်. အိမ်ပြန်မေမေကိုပြောပြနောက်အန်တီမြင့်ရှိဖုန်းဆက်ပြောပေါ့အန်တီမြင့်ကသရက်ထောင် ထောင်ဝင်စာတွေ့နေကြဆိုတော့(ကိုမိုးဇော်ဦးကသရက်ထောင်မှာဆိုတော့)ဘယ်လို့သွားရမလဲ ဆိုတာမေးရပါတယ်အောင်လံကားကိုစီးဇက်နဲ့ဟိုဘက်ကမ်းကိုသွားရတယ်သမီးအောင်လံရောက်ရင် မနက်ကို၎နာရီလောက်ရောက်မယ်.ကားသမားကို*ဧရာဦး* တည်ခိုခန်းကိုပို့ခိုင်းလို့ရတယ်သမီး.
မနက်ကြတော့ ဟိုဘက်ကမ်းကူးရတာနီးတယ် ဈေးလဲသက်သာတယ်သန့်လဲသန့်တယ်.
လို့ပြောပြလိုက်တယ်
ကျမလဲကားလက်မှတ်ကိုအဝေးပြေးကားဝင်းမှာသွားပြီးကားလက်မှတ်ဝယ်မေမေနဲ့
ကျမ၂ယောက်စာယူ ပြီးတော့အိမ်ပြန်ရောက်ထောင်ဝင်စာအတွက်ဟင်းချက်လိုတာလုပ်ညကိုဘာလို
ရောက်မှန်းမသိခဲ့ပါဘူးရေချိုးကားဂိတ်ဆင်းည၈နာရီကားကထွက်ကားပေါ်မှာတနေ့လုံး ပင်ပန်းခဲ့တာတွေTVလေးကြည့်ပြီးနားလိုက်ပါတော့တယ်.
ကားသမားတွေကလက်ပံတန်းမှာအပေါ့အလေးလုပ်လို့ရပါတယ်ခနနားကြပါမယ်.လို့ပြောတာနဲ့ သားအမိနှစ်ယောက် အောက်ဆင်းအိမ်သာအရင်ဝင် ကော်ဖီသောက်အထမ်းလေးတွေနဲ့
ငါးကြော်ပူပူလေး ဆီထမင်းပူပူလေးရောင်းလို့ဝယ်စားကြ(ရေးနေရင်းနဲ့စားချင်လိုက်တာ).
ကားပြန်ထွက်မယ်.ဆိုလိုကားပေါ်ပြန်တက် ကားပေါ်ရောက်တော့ပြန်အိပ်လိုက်တာ
အောင်လံမြိုရောက်တာကားသမားပြောမှသိလို့ဟုတ်လားအေးအေးအမတို့ဆင်းမယ်*ဧရာဦးတည်ခိုခန်း*
ရောက်ရင်ပြောလေ.ရောက်နေပြီးအမဆင်းလို့ရပါပြီးအော်ဟုတ်လား ဆင်းမယ်ဆင်းမယ်
ကားပေါ်ကဆင်းတာနဲ့ကျမရဲ့ချက်ပြုတ်ထားတဲ့ထောင်ဝင်စာခြင်တွေအထုတ်တွေယူတော့ကျမခြင်တွေ အထုတ်တွေမရှိတော့ဘူး
ကျမလဲကားသမားတွေကိုပြောနင့်တို့ အမအထုတ်တွေမှားပြီးပေးလိုက်လား သူတို့လဲအံ့သြ
ကျမလဲစိတ်တွေပူရှာပေးကြပါအုံးအမအထုတ်တွေကိုပြောပြီးငိုချင်လာတယ.်သူတို့ကိုအပ်ထားတော့ တော်သေးတယ်သူတို့ပြန်ရှာပေးပါမယ်အမဒီမှာစောင့်ပေးပါမနက်ဆိုရင်လိုက်ရှာပေးပါမယ်မရဘူးဟယ် အမယောင်္ကျားကို မနက်ထောင်ဝင်စာတွေရမှာ အစောကြီးဘယ်လိုလုပ်မလဲ.
စိတ်ချပါအမတွေ့မှာပါဆိုပြီးပြောတော့မေမေနဲ့ကျမလဲတည်ခိုးခန်းမှာဆင်းအခန်းယူကုတင်ပေါ်မှာ ဟိုးတွေးဒီတွေးနဲ့မအိပ်ဖြစ်ပါဘူးမနက်ကြတော့ကျမကိုယ်တွေအရမ်းပူလာတယ.်မေမေကဆေးတိုက် သူတို့ကိုကျမတို့ပြန်စောင့် ခနနေတော့လာကြပါတယ.် ကားပိုင်ရှင်ကောင်းလေးနဲ့ကားမောင်းတဲ့
ကောင်လေး အမ ကျွန်တော်တို့ပြန်မတွေ့ရင်တန်ဘိုးငွေပြန်ပေးပါမယ်.ဟာမယူချင်ဘူးငါအထုတ်ဘဲ
လိုချင်တယ်.
အမ ပြန်တွေ့မှာပါ စိတ်မပူပါနဲ့ ကျမကဖျားနေတော့ ဘာမှပြန်မဖြေတော့ပါဘူး.အေးပါဟယ်
သူတို့လဲပြန်သွားကြတယ် မနက်၈နာရီထိပြန်မလာ ကြသေးဘူး ကျမစိတ်တွေအရမ်းတိုနေပြီး
ထောင်ဝင်စာတွေ့လို့မရတော့ဘူးဒီနေ့တော့လို့ထင်နေတာပါ၁၀နာရီလောက်ရောက်လာတယ် သမီးရေဆိုက်ကားသမား မှားယူသွားတာလို့ပြောတယ် သူနောက်ကိုလိုက်ယူနေကြတယ် ခန
စောင့်ရမယ် စိတ်ကိုထိန်းပါ.ကျမမေမေပြောတာတွေနားထောင်ရင်းနဲ့ ဆိုက်ကားသမားကိုဘဲ
စိတ်တိုနေတယ်.
ဒီမှာဈေးပြန်ဝယ်ရမယ်. နောက်မေမေကခွင့်မရဘူး. ကျမအတွက်အချိန်ကမရှိစဉ်းစားကြည့်တော့
ဘယ်လို့မှာ အဆင်မပြေဘူး စိတ်တိုတာအထွတ်အထိတ်ပါဘဲ.၁၁နာရီလောက်ကြတော့ ကျမကို
ကားသမားလေးလာခေါ်တယ်အမတွေ့ပြီးပြန်ရပြီးအမကျမလဲဘယ်ပြောကောင်းမလဲ ငယ်သေးတော့စိတ်ကိုမထိန်းနိုင်ဘူး မှားယူသွားတဲ့ဆိုက်ကားသမားလေးကို ရန်တွေတွေ့
ပြောတာသူကလဲဝန်ခံပါတယ်ကားရပ်တော့ကျွန်တော်ခိုးလာခဲ့တာပါအမအထုတ်မမှားပါဘူး ကျွန်တော်တောင်းပန်ပါတယ.်
ကျမလဲအထုတ်တွေယူ ဘာကိုမှမစစ်နိုင်ခဲ့ပါဘူး ငါပြန်လာရင်နင့်ကိုအမှုလုပ်မယ်.နင့်စောင့်နေပါ
ဆိုပြီးတော့ပြောခဲ့တယ်ကျမအထုတ်တွေယူပြီးသူတို့အိမ်ကပြန်ခဲ့တယ်မေမေနဲ့ဇက်ဆိပ်ကို
ဆင်းဇက်စီးပြီးထောင်ကိုပြေးခဲ့ရပါတယ်သရက်ရောက်တော့သောင်ကြီးကအကြီးကြီးဘဲမနည်း
တက်ခဲ့ရတယ်အထုတ်တွေကပါသေးတော့ခက်ခက်ခဲခဲတက်ရတယ်သဲကလဲပူလိုက်တာမပြောနဲ့
ကမ်းရောက်တော့မြင်းလှည်းဌားသရက်ထောင်သွားချင်လို့ပါဆိုပြီးသားအမိနှစ်ယောက်မြင်းလှည်း
ပေါ်တက်ရပြန်တယ.်မကြာပါဘူး ရောက်သွားခဲ့တယ်သရက်ထောင်ရောက်တော့စောင့်ရသေးတယ်
သူတို့လူကြီးမရှိလို့လူကြီးဆိုတာထောက်လှန်းရေးကလူကိုပြောတာပါဆရာသမားကနေ့လည်၁နာရီ
ရောက်လာပါတယ.်အလုပ်ချိန်မှာအရက်နံ့ကလဲနံ့စော်နေတာပါ.သူရောက်တာနဲ့ဧည့်တွေ့လုပ်နာရီဝက် လောက်စောင့်နောက်တော့ထောင်ဝင်စာတွေရပါတယ.်ကျမအမျိုးသားကကျမကတို့ကိုစောင့်နေတယ်.
သူကိုတွေ့တော့အရမ်းစိတ်မကောင်းခဲ့ပါဘူးခြေထောက်မှာသံခြေခြင်ကြီးကိုဝတ်ပြီးတွေ့လိုက်ရတာ ကျမလဲထောင်ဝန်ထမ်းကိုဘာလို့ဒီလိုဖြစ်နေရတာလဲကျမအင်စိန်မှာတွေ့နေကြပါဒီလိုဒီတခါဘဲတွေခဲ့
ဘူးတယ.်ဘယ်လောက်ကြာကြာကြီးထားမှာလဲလို့မေးတယ်.
သူကထောင်ပြောင်းလာလို့ပါ နောက်အပါတ်ဆိုမရှိတော့ပါဘူး လိုပြန်ဖြေတယ်သူတို့ကအချိန်ပြည့်ပြီး
ဆိုတော့ ကျမယောင်္ကျားကိုအထုတ်တွေပေးတော့ကျမအောင်လံကအဖြစ်အပျက်တွေပြောပြကျမ
လုပ်လာတာအထုတ်တွေကအပြည့်ဘဲသူတို့ယူလိုက်ကြတယ်ယောင်္ကျားရေသူကလဲစိတ်မတိုဘို့
ကောင်းကောင်းပြောဘို့သေချာမှာပါတယ်ဒီတပါတ်ထောင်ဝင်စာမှာကျမယောင်္ကျားကိုကြည့်ပြီးစိတ်မ
ကောင်းဖြစ်လို့သိပ်စကားပြောတဲ့ကျမစကားကိုကောင်းကောင်းမပြောဖြစ်ခဲ့ပါဘူးသံခြေခြင်ကြီးက
လမ်းလျှောက်ရင်အသံတွေထွက်ပြီးပြီးတော့ကျမတို့နူတ်ဆက်မေမေကိုကျမယောကျာင်္းကကန်တော့ ကျမကိုလဲကျန်မာရေးဂရုစိုက်ဘို့ပြောသူလဲနေကောင်းအောင်နေဘို့ပြန်မှာပြီးတော့ပြန်လာခဲ့ပါတယ်.
တွေ့ရတော့၄၅မိနစ်ထောင်ဝင်စာလာဘို့ လုပ်ရတာလူပင်ပန်းစိတ်ပင်ပန်း တွေ့ရတော့၄၅မိနစ်.။
ခုဆိုထောင်ဝင်စာသွားရတာ ပိုဆိုးပြီးကုန်ဈေးနှုန်းက ကြီးကြီးထောင်ဝင်စာပေးမတွေ့ရင်လဲ ဒီအတိုင်း
ပြန်လာခဲ့ရထောင်ဝင်စာတခါသွားဘို့ကုန်ကြငွေသောင်းဂဏန်းမရတော့ဘူးသိန်းဂဏန်းဖြစ်နေပါပြီး ထောင်ဝင်စာတွေ့နေရတဲ့မိသားစုတွေတော်တော်ရုံးကန်ရမှာပါဘဲလို့ဒီစာလေးရေးနေချိန်မှာ မြင်နေခဲ့ပါတယ်.ကိုယ်ချင်စာနာမိပါတယ် အပူတကာအပူထဲမှာ ဒီအပူကိုမှီမှာမဟုတ်ပါဘူး.
ထောင်ဝင်စာပြန်တော့လမ်းလျှောက်ပြန်ခဲ့ကြတာထောင်နဲ့ဇက်ဆိပ်နဲ့ကနီးနီးလေကျမတို့ကိုမြင်းလှည်း
ဆရာလိမ့်ပြီးခေါ်လာခဲ့တာဘဲဆိုပြီးသားအမိနှစ်ယောက်ပြောရင်းနဲ့အောင်လံပြန်ရောက်ကားသမားနဲ့ တွေ့နင့်ဖာသာလုပ်တော့ ဟယ်ငါအထုတ်ယူတဲ့လူမျက်နှာကိုမကြည့်ချင်တော့ဘူး ဘာမှလဲမလုပ်ချင်
တော့ဘူးအမကိုသူတို့စောင့်နေကြတယ် ဆိုတာနဲ့ လိုက်သွားပါတယ် ဟိုရောက်တော့ခလေးလေး
ကိုနို့တိုက်ပြီးအမရယ်တောင်းပန်းပါတယ.်သူမရှိရင်ကျမမှာခလေး၅ယောက်နဲ့ခွင့်လွှတ်ပေးပါ. ဆိုပြီးတော့ဆိုက်ကားဆရာရဲ့အမျိုးသမီးကတောင်းပန်နေတယ.်ကျမလဲသူသောကကိုကြည်ပြီး ငါလဲသူလို့ပါဘဲလေ.
သောကမီးပင်လယ်ထဲမှာ နေနေရတာပါ အပူတွေကမတူပေမဲ့ နောက်ကိုမလုပ်ကြနဲ့ကိုယ်လုပ်ရင်
ကိုယ်ကိုမှီခိုစားသောက်နေရတာနင်မရှိရင်ဘယ်လိုစားသောက်ကြမလဲကောင်းကောင်းမွန်မွန်လုပ်
ကိုင်စားကြပါ.အမလဲခုဘဲထောင်ဝင်စာက ပြန်လာတာနားတော့မယ်.
ညနေကြတော့အောင်လံက(NLD)လွှတ်တော်ကိုယ်စားလှယ် ဦးညွှန်လှိုင်အိမ်ကိုဝင်ပြီးတော့နူတ်ဆက်
သူကလဲ သရက်ထောင်ထဲမှာ သူအမျိုးသမီးအန်တီရီနဲ့ စကားပြောအန်တီရီရဲ့လက်ရာကြက်သား
ငါးပိချက်လေးနဲ့ထမင်းစားအန်တီရီနဲ့မေမေကသိနေကြတော့အတော်ဖြစ်သွားပါတယ်.
အန်တီရီအမမျက်စေ့ခွဲတုံးကမေမေနဲ့ခင်ခဲ့ကြတာပါည၈နာရီကားပေါ်ပြန်တက်ရန်ကုန်ကိုပြန်ရတာပါ.
ကားပေါ်ရောက်တော့ကျမစိတ်ခံစားချက်တွေကိုပြန်စဉ်းစားခန်းဝင်ရတာပေါ့ကျမတို့ဘ၀တွေ တကယ်ခံစားခဲ့ရပါတယ်
ဘယ်တော့မှဒီစစ်အစိုးရကို ခွင့်လွှတ်မှာမဟုတ်ဘူး လူတွေသတ် သံဃာတော်တွေကိုသတ်နေ
တဲ့ဒီစစ်အစိုးရအပြစ်မရှိတဲ့ကျောင်းသားပြည်သူတွေကိုထောင်ချသူတို့မင်းလုပ်သူတို့အုပ်ချုပ် ဘယ်တော့များမှာလူထုတွေ စိတ်သောကကင်းဝေး ကြရပါမလဲ.မတရားဖမ်းဆီးချူပ်နှောင်မှုတွေ
ကင်းရှင်းပါမလဲ.လိုတွေးနေရင်းနဲ့သရက်ထောင်ထဲရောက်နေတဲ့ကျမရဲ့ငယ်သူငယ်ချင်းနီမာ
(ခ)နီလာသိန်းတယောက်နေထိုင်ကောင်းပါစေလို့ဆုတောင်းရင်း*သရက်ထောင်ရဲ့အမှတ်တယ
ထောင်ဝင်စာ*လေးကိုနားပါအုံးမယ်။
မျှဝေခံစားနိုင်ကြပါစေ
.
*မြတ်လေးငုံ*
12 August 2009
*ညငှက်ကလေးတွေရဲ့ ဘ၀တချို့*
ကျမရေးချင်တဲ့ အကြောင်းလေးကညငှက်လေးတွေရဲ့ဘ၀တချို့ဆိုတဲ့ စာတမ်းလေးကိုတင်ထား
လိုက်တယ်.၊ကျမတို့လင်မယားသားလေး၆လသားလောက်မှာယုဇနပလာဇာရဲ့ဘေးကခိုအိမ်တွေမှာ
နေကြတယ်.၊ကျမတို့ဘေးကအခန်းမှာညငှက်ခလေးတွေကိုမွေးထားတဲ့အခန်းလေးပါ.၊သားကိုကျမက
အောက်မှာဆင်းဆင်းထိန်းရတယ်လေသူတို့တွေ့နဲမျက်မှန်းတန်းမိခဲ့ပါတယ်၊သားကိုတွေ့တိုင်းသူတို့
နုတ်ဆက်ကြတယ်သားနဲ့သူတို့နဲ့တော်တော်ရင်းနှီးခဲ့တယ် ကျမတို့နဲ့လဲရင်းနှီးလာပါတယ်.။
ကျမကလဲစပ်စုပြီးညီမတို့ဘယ်မှာနေကြတာလဲမောင်နှမဘယ်နှစ်ယောက်လဲမေးကြည့်ပြီးအင်တာဗျူး
တာသူတို့လေးတွေကလဲပြောပြကြတယ်၊အငယ်လေးဆိုတဲ့ကောင်မလေးမော်လမြိုင်ဝေေ၀ဆိုတဲ့
ကောင်မလေးက ဒဂုံအရှေ့ပိုင်းမှာနေတယ် သဲသဲကတော့ပျော်လို့ဆိုဘဲ ။
သူတို့တွေရဲ့နံမည်တွေကိုမေ့သလောက်တော့ဖြစ်နေပါပြီးသတိရတဲ့လူလောက်ကိုဘဲရေးပြထားပါတယ်၊
ဝေေ၀ကတော့လူကြိုက်များတယ်လိုသူတို့ပြောပုံရတယ်ကျမလဲဝေေ၀ကိုအင်းတာဗျူးလုပ်ပြန်တယ်၊
သမီးဘာလို့လုပ်တာလဲဒီအလုပ်ကိုမလုပ်ပါနဲပါဟယ်သမီးကချောလဲချောအသားလေးကလဲဖြူဖြူဆံပင်
လေးရှည်ရှည်နဲကြည့်ကောင်းပါတယ်၊ဝေဝေကပြောပြတယ်အမကြီးရယ်ဝေဝေတို့ကမောင်နှမ၁၀ယောက်
ရှိတယ်အဖေကလဲလေဖြတ်နေတယ် အမေကလဲဘာမှမလုပ်နိုင်ဘူး .။
ကျမကအကြီးဆုံးကျမရှာကျွှေးနေရတာပါအိမ်ကိုတော့ဆံပင်ညှပ်ဆိုင်မှာလုပ်တယ်ပြောထားပါတယ်
၁၅ရက်တခါပိုက်ဆံထုတ်ပြီးအိမ်ကိုပေးရတယ်အမကြီးတခါဆုတ်ရင်၃သောင်းလောက်ရပါဧည်သည်က
တခါခါမုန့်ဘိုးပေးတယ်မပေးတဲ့လူလဲရှိပါတယ်ကျမဘောက်သည်တွေကကျမကိုပြန်ခေါ်တာများတယ်
တော်သေးတာပေါ့အမရယ် သူများတွေထက်တော့ပိုက်ဆံပိုရတယ်။
မလွယ်ပါဘူးလောကကြီးမှာကြင်လည်ရတာမပျော်ဘူးအမရယ်သူတို့ကိုထိန်းထားတဲ့မအေးအေးက
လဲချောမှချောပါဘဲသူလဲအရင်ကလုပ်စားတယ်ပြောတယ်နောက်ယောကျာင်္းယူလိုက်တော့နားလိုက်တယ်
တခါခါဘောက်သည်ကြရင်သူလဲလိုက်ရတာဘဲလို့ဝေဝေကပြောပြပါတယ်သူယောကျာင်္းကတော့ဘာမှ
မလုပ်ဘူး အငြိမ်းစားအိမ်မှာဘဲ။
ကောင်းမလေးတွေကိုကြည့်ရတာတော်တော်ဘဝတွေပင်ပန်းကြပါတယ်ကျမတို့အခန်းကိုလဲမှားမှားပြီး
ခေါက်ခံရပါတယ်ပထမတော့စိတ်တိုမိတယ်နောက်သူတို့ကိုပြောပြရတယ်သူတို့အခန်းကတော့လူဝင်
လူထွက်များတယ်။
တနေ့မှာကျမကဟင်းချက်နေတာ ကျမယောင်္ကျားကအလုပ်သွား သားကိုသူရဲ့ဂွေလေးထဲမှာထားပြီး
တံခါးသံပန်းကိုစေထားလိုက်တယ် ခနကြားတော့သားအသံမကြားတော့ဘူး ကျမထူပူပြီးဘာလုပ်ရမှန်း
မသိဖြစ်ခဲ့ရပါတယ် သားကိုခေါ်လို့မကြား နောက်မှာသူတို့အခန်းမှာဆိုတာသိရတယ် ကျမလဲပြန်ခေါ်
သူတို့ကလဲဒီနေ့ အလုပ်ပါးတယ်မကြီး မောင်လေးကိုထိန်းပေးမယ်ဆိုပြီးတောပြောကြပါတယ်။
ကျမကနင်တို့အားရင်စကားပြောလို့ရလား ပြောမယ်ဟယ်နင်တို့ဒီအလုပ်ကိုမလုပ်ကြပါနဲ့လား
ကောင်းကောင်းနေကြပါ အမအလုပ်စုံစမ်းပေးပါမယ် ငါညီမတို့၇ယ်သူတို့ကျမကိုပြောသာပြော
ရပါတယ်သူတို့ကစိတ်မဝင်စားပါဘူး သူတို့ဘဝအကြောင်းတွေပါ သူတို့နေတတ်နေပါပြီး။
မကြာပါဘူးသူတို့အိမ်ကကောင်းမလေးတယောက်ဖမ်းခံရပါတယ်တည်းခိုခန်းကိုဝင်ဖမ်းတော့သူ
မိသွားတယ်၊သူတို့နေတဲ့အိမ်ကိုဝင်ရှာမယ်ဆိုလို့ကျမကိုအကူအညီတောင်းပြန်တယ်သူတို့အိမ်ကို
တံခါးပိတ်ပြီးခနလာနေကြတယ်လေ မနက်ကြတော့ပြန်ကြပါတယ်.။
သူတို့တွေရဲ့ဘဝတွေကတယောက်ကယောင်္ကျားကရှာခိုင်းတယ်မိဘတွေကိုလုပ်ကျွှေးရတယ်
မောင်နှမတွေကိုရှာဖွေပေးရတယ်ဝါသနာပါလိုလုပ်တာရှိတယ်သူများအိမ်မှာအိမ်ကူလုပ်ရင်းနဲ့ဒီဘဝ
ကိုရောက်ခဲ့ကြတယ်ရောင်းစားခံရတာတွေရှိတယ်ကျမတို့နိုင်ငံမှာဘယ်မှာလဲလူအခွင့်အရေးဘယ်မှာလဲ
အမျိုးသမီးအခွင့်အရေးအမျိုးသမီးတွေဘယ်လောက်တောင်ပျက်စီးနေကြလဲတကယ်တော့ဘယ်သူမှာ
တာဝန်ရှိလဲကိုယ်နိုင်ငံကိုမင်းလုပ်အုပ်ချူပ်နေတဲ့လူတွေမှာတာဝန်တွေအမျာကြီးရှိပါတယ် ။
စားဝတ်နေရေးမပြေလည်ကြတော့လူတွေအကျင့်ပျက်ရတယ်ကျမလဲမကြာပါဘူး၁နှစ်ကျော်လောက်
နေပြီးပြောင်းခဲ့ပါတယ်ဝေဝေဆိုတဲ့ကောင်မလေးလဲကျမပြောင်းမယ်ဆိုတဲ့အချိန်မှာနေမကောင်းတော်
တော်ဖြစ်နေတယ်ဆေးခန်းပြနေရပါတယ်နောက်သူကျမကိုငိုပြီးအမကြီးညီမမှာHIVဖြစ်နေပြီးညီမတော့
စိတ်ညစ်တာဘဲညီမမရှိရင်အိမ်မှာဘာနဲ့စားကြမလဲညီမမိသားစုတွေဘာလုပ်ကြမလဲကျမစိတ်မကောင်း
လိုက်တာသူသောကတွေကိုကြည့်ပြီးတော့။
ကျမလဲမျက်ရည်ကြခဲ့ပါတယ်ခုဆိုကျမသားတောင်(ရ)နှစ်ရှိနေပါပြီးဝေဝေတယောက်တော့ဘယ်
ဘဝကိုယောက်နေမလဲမသိပါဘူးကိုယ်နဲ့ရင်းပြီးမိသားစုကိုရှာကျွှေးခဲ့ရတာပါသူတို့ကိုထိန်းတဲ့အမျိုးသမီး
ကခေါင်းပုံဖြတ်သေးတယ် တညကို၃သောင်းရရင်းသူကိုတသောင်းခွဲပေးခဲ့ရသေးတယ် လူအချင်းချင်း
စာနာမှုမရှိ ဘဝတွေမြန်မာနိုင်ငံကြီးမှာအများကြီးပါဘဲ။
လောဘတွေများသူများအပေါ်ခေါင်းပုံဖြတ်တဲ့ညငှက်မလေးတွေကိုထိန်းခဲ့တဲ့အမျိုးသမီးမအေးအေး
လဲHIVနဲ့ခုတော့ဆုံးသွားပါပြီး ညငှက်မလေးတွေ့ရဲ့ဘဝ လေးကိုစာနာရင်းနဲ့နားလိုက်ပါအုံးမည်.။
မျှဝေခံစားနိုင်ပါစေ
*မြတ်လေးငုံ*
11 August 2009
*သြဂုတ်လ(၁၂)ရက်နေ့ (၀မ်မဲ့)နေ့လေး*
ဲ
သြဂုတ်လ(၁၂)ရက်နေ့ကကျမတို့လက်ရှိနေထိုင်နေတဲ့ထိုင်းနိုင်ငံရဲ့အမေများနေ့ထိုင်းလိုခေါ်တဲ့
(၀မ်မဲ့)နေ့လေးပါ.ဲထိုင်းနိုင်ငံရဲ့ဘုရင်မကြီးမွေးနေ့ကို
သတ်မှတ်ထားတဲ့နေ့လေးတနေ့.ဒီနေ့မှာဆိုရင်
ကျောင်းတွေမှာ
အထိမ်းအမှတ်ခလေးလေးတွေကိုပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်
မီးရှူးမီးပန်းတွေလွှတ်ကြတယ်ဈေးပွဲတော်တွေလုပ်ကြတယ်.ပျော်ဘို့ကောင်းပါတယ်.သားသမီး
တွေကကိုယ်ရဲ့အမေတွေကို
စံပါယ်ပန်းဖူးလေးတွေပေးပြီးတော့ကန်တော့ကြတာပါ.ပြည်သူလူထု
တွေကငါးတွေလွှတ်.သွေးတွေလှူကြနဲ့အလှူအတန်းတွေလုပ်ကြပါ.
ကျမတို့နိုင်ငံနဲတော့တခြားစီး
ပါဘဲနော်ကျမတို့နိုင်ငံမှာလူစည်းမှာကို
ကြောက်နေတဲ့အစိုးရဘယ်မှမလုပ်ရဟိုဟာလုပ်မရ.
ဒီဟာလုပ်မရ.
ကျမတို့အစိုးရဖြစ်နေပြီးနော်.လူထုကိုကြောက်တာလဲမပြောနဲ့ကျမတို့နိုင်ငံမှာ
ဗိုလ်ချူပ်မှူးကြီးကိုဆိုမုန်းလိုက်ကြတာကျမတို့မိသားစုအပါအ၀င်.
ကျမလက်ရှိနေထိုင်နေ့တဲ့
ထိုင်းနိုင်ငံမှာသူတို့ဘုရင်နဲ့ဘုရင်မကိုများ
ချစ်လိုက်ကြတာမပြောပါနဲ့.။ပြည်သူလူထုတွေကဆိုရင်
နေထိုင်ကောင်းဘို့ကိုဆုတောင်းလိုက်ကြ
သူတို့ဘုရင်နဲ့ဘုရင်မအတွက်ကိုဒါတွေကိုကြည့်ရတာ
အရမ်းကိုကြည်နူးမိပါတယ်.
အမေများနေ့ကိုရောက်တော့လဲကိုယ်ကိုမွေးဖွားပေးခဲ့တဲ့*မေမေ*ဲ
ကို
သတိတရလေးနဲ့မေမေအတွက်စာလေးတခုရေးချင်လာပါတယ်.
မေမေနဲ့အရင်မိတ်ဆက်ပေးမယ်နော်.ကျမမေမေကတော့
့အရမ်းချစ်ဘို့ကောင်းပါတယ်သဘောလဲ
အ၇မ်းကောင်းတယ်
လူချစ်လူခင်လဲပေါ်ပါတယ်.ကျမမိတ်ဆွေတိုင်းကမေမေကိုချစ်ခင်ကြတယ်.
မေမေကချောလဲချောတယ်.မေမေကိုအားလုံးက
*အန်တီအုန်း*လိုခေါ်ကြတယ်.မေမေက
မျက်စိနားနှာချောင်း
ဆေးရုံးကြီးမှာအလုပ်လုပ်ပါတယ်(TheaterSister).။
မေမေကသူနာပြုဆရာမတဦးဖြစ်လိုလားမသိဘူးလူတိုင်းကို
ကြင်နာတတ်ပါတယ်.မေမေနဲ့ကျမ
အကြောင်းမှတ်မှတ်ရရတွေ
ကတော့အများကြီးပေါ့လေအကြောင်းအများကြီးထဲကတခုကို
ဘဲ
ရေးတော့မယ်.မေမေရဲ့စေတနာအရင်းခံရှိခဲ့တဲ့လူမှုရေးအလုပ်လေးတစ်ခုကိုေ၇းပြချင်ပါတယ်.
မိုးရာသီရဲ့နေ့လေးတနေ့မှာမေမေ
ဆေးရုံကအပြန်သွားကြိုရတယ်(ဆောက်လုပ်ရေး)ကားမှတ်တိုင်
မှာ
မေမေကိုစောင့်ရတယ်ကျမတို့က(ဆင်းဒ၀ဒ်လမ်း)မှာနေတာဆိုတော့(ဆောက်လုပ်ရေး)ကားမှတ်
တိုင်မှာစောင့်ပြီးတော့ကြိုရတာတောင်းစား
နေတဲ့အဘိုးအိုတယောက်ကိုတွေရတယ်.။
လူတွေကသူကိုသူရဲ့ခွက်လေးထဲ
ကိုပိုက်ဆံတွေဝိုင်းထည့်လိုက်ဘေးနားကခလေးတွေကသူခွက်ထဲ
ဝိုင်းနိုက်ကြတယ်.
သူကမျက်စေ့မမြင်ရှာဘူး.ကျမလဲသနားလိုက်တာသူကိုကြည့်ပြီးတော့မကြာပါဘူး
မေမေကားရောက်တော့မေမေကိုပြောပြတာ.
မေမေကလဲလက်နှိပ်ဓာတ်မီးမပါလားတော့အဘိုးရဲ့
မျက်စေ့ကိုကြည့်လို့
မရဘူးကျမတို့သားအမိအိမ်ပြန်ပြီးဓာတ်မီးကိုယူရသေးတယ်ပြီးတော့မှာ
သူမျက်စေ့ကိုကြည့်ရတယ်.မေမေကပြောတယ်အဘကြီးမျက်စေ့မြင်ချင်လား
လို့မေးတော့
အဘကြီးကမြင်တာပေါ့သမီးရယ်ဆိုပြီးပြောကျမကလဲ
မေမေရယ်သမီးမှာစုထားတဲ့ပိုက်ဆံလေးနဲ့
လုပ်ပေးလိုက်မယ်ဆိုပြီးတော့
မေမေကိုပြောနဲ့မေမေလဲလုပ်ပေးလိုက်တာကောင်း
ပါတယ်သမီးရယ်
ကုသိုလ်ရတာပေါ့ဆိုပြီးအဘကြီးကိုဆိုက်ကားနဲ့အိမ်ကိုခေါ်ပြီးဆေးရုံကို
ုတင်ဘို့အတွက်ရေချိုးပေးသန့်ရှင်းရေးတွေလုပ်ပေးရတာကျမအဖေလဲသူရဲ့အ၀တ်တွေပေး
ဝတ်ပြီးတာနဲသန့်သန့်ရပ်ရပ်ဖြစ်အောင်လုပ်ပေးပြီ
ကားဌားပြီးဆေးရုံကိုတင်ပေးလိုက်တယ်.
မေမေဟာထုံးစမ်းအတိုင်း
ဆရာဝန်တွေကိုပြောတောတာပါဘဲ.ဆရာဝန်တွေကလဲဝိုင်းပြီး
လှူကြပါတယ်
၊မျက်စေ့ခွဲပြီးတော့သူမျက်စေ့ပြန်မြင်ခဲ့ပါတယ်.ကျမတိုမိသားစုလဲဝမ်းသား
ကြတာပေါ့.
ဆေးရုံကဆင်းတာနဲ့မေမေကအဘကြီးကိုလူအိုရုံကိုပို့ပေးခဲ့တယ်နောက်ကိုမတောင်းစား
ဘို့သေချာမှာပြီးတော့အေးအေးဆေးဆေးနေရမယ်နော်.
ကန်တော်ကလေးကလူအိုရုံကို.
မကြားပါဘူးအဘကြီးကခိုးပြီးထွက်သွားပါရော်
်နောက်မေမေကိုသွားပြန်ကြိုတော့သူကိုကားမှတ်
တိုင်မှာတွေ့တယ်အံ့သြမိတယ်
အဘဘာလာလုပ်တာလဲဟိုမှာမနေဘဲလိုမေမေကမေးတော့
အဘကြီးက
ဘာပြန်ဖြေလဲသိလားရှင်.သမီးရယ်ဒီမှာကပိုက်ဆံလွယ်လွယ်နဲ့ရလို့ပြန်လာတာဆိုပြီး
ပြောခဲ့တယ.်ကျမလဲစိတ်တွေဆိုးလိုက်တာကျမ
မေမေကတော့ဘာမှာပြန်မပြောပါဘူး.
သမီးစိတ်မဆိုးရဘူး
မေမေတို့နိုင်ငံမှာငတ်မွတ်နေကြတာ.သူပြောတာလဲမှန်တာဘဲဆိုပြီးတော့
ကျမကိုပြောခဲ့တယ်.လောကကြီးမှာဒီလိုလူတွေလဲရှိပါ
သေးလားဆိုပြီးတော့မှတ်ခဲ့ပါတယ်
နောက်မေမေကိုယ်တိုင်ဘဲ
အဘကြီးကိုကားဌားပြီးတော့ပြန်ပို့ပေးခဲပါတယ်.။
ခုတော့
အဘကြီးလဲဆုံးသွားပါပြီး.ကျမပြောချင်တာကကျမတို့တိုင်းပြည်မှာလူတွေဘယ်လောက်
တောင်မှစိတ်ဓာတ်တွေမကောင်းနေကြလဲ
ဆိုတာပါအုပ်ချူပ်နေတဲ့လူတွေကမကောင်းခဲ့တာကို
လူတွေက
ဘာဘဲဖြစ်ဖြစ်လွယ်လွယ်နဲ့လုပ်ချင်နေကြတယ်.ကျမမေမေပြောပြသလိုပေါ့လူတန်းစာ
တိုင်းကလွယ်လွယ်နဲ့ငွေကို
လိုချင်နေကြတဲ့ခေတ်ကြီးဖြစ်နေကြပြီးဆိုတဲ့စကားလေးကိုမှတ်မိခဲ့တယ်.
ကျမရောက်နေတဲ့မဲ့ဆောက်မှာဆိုရင်ဈေးထဲမှာကြည့်မလား.လမ်းမှာကြည်မလားခလေးလူကြီး
ကျမတို့မြန်မာလူမျိုးတွေတော်တော်
များများပိုက်ဆံလိုက်တောင်းနေကြတယ်။
.
ဒီလိုတွေဖြစ်နေတာ
ကျမတို့ကိုအုပ်ချူပ်နေတဲ့အစိုးရမှာတာဝန်အရှိဆုံးဘဲလိုထင်တယ်သူတို့မကောင်းတော့လူတွေလဲစိတ်ဓာတ်တွေပျက်စီးကြ
တယ်.။
စနစ်ဆိုးခေတ်ဆိုးကြီးထဲမှာနေနေရတဲ့လူတွေဆိုတော့ဒီလိုတွေဖြစ်ကုန်တာမဆန်းတော့ပါဘူးလေ.အမှန်တရားတွေမြန်မြန်ပေါ်ပေါက်ပါစေ.
မတရားဖမ်းဆီးနှိပ်စက်မှုတွေကင်းဝေးပါစေ.မင်းဆိုးမင်းညစ်တွေလက်ထဲကအမြန်ဆုံးလွှတ်ကင်း
ကြပါစေ.
ထိုင်းနိုင်ငံရဲ့အမများနေ့မှာကျမမေမေရဲ့လူသားတွေအပေါ်မှာစာနာတတ်တဲ့စိတ်ဓာတ်ရှိခဲ့
တဲ့အကြောင်းလေးကိုနားလိုက်ပါအုံးမည်.
အမေများနေ့မှာမေမေအတွက်စာတမ်းလေးရေးပြခဲ့တာပါ.
မေမေကိုကန်တော့ရင်း.မေမေကျန်းမစေ.စိတ်ချမ်းသာပါစေ.
လူလောကမှာရှိကြတယ်အမေများအားလုံးကိုလဲလေးစားလျှက်.
အမေများနေ့မှာသားသမီးများနဲ့ဝေးကွားနေသောအမေများ
အမြန်းဆုံးပြန်လည်တွေဆုံကြပါစေရှင်.
မျှဝေခံစားနိုင်ကြပါစေ။
*မြတ်လေးငုံ*
10 August 2009
*ကိုအောင်သူအတွက်အမှတ်တရ*
  • ကျမဘ၀အတွက်မေ့လိုမရတဲ့အကြောင်းတွေထဲမှာကျမအကိုတယောက်လိုချစ်ခင်လေးစားခဲ့ရတဲ့အကိုကြီး
    တယောက်အကြောင်းကိုရေးထားခဲ့ရပါတယ်.သူကတော့အားလုံးသိကြမှာပါ၈၈မျိုးဆက်ကျောင်းသား
  • တဦးခုတော့(ပူတာအိုထောင်)ထဲမှာ(၆၅)နှစ်နိုင်ငံရေးအကျဉ်းကြခံနေရတဲ့*ကိုအောင်သူ*ပါ.
  • သူ့အဖေနဲကျမမေမေကတော့ငယ်စဉ်ကထဲကခင်ကြတဲ့မိတ်ဆွေတွေပါသူအဖေနံမည်ကဦးဘိုးအောင်.၊
    သူအဖေကလဲ(၈၈)တုံးကနိုင်ငံရေးအကျဉ်းသားတဦးပါ.ကျမနဲ့သူနဲ့ကြတော့ကျမခင်ပွန်း
    ခုကြတော့ကျမအမျိုးသားကမိတ်ဆက်ပေးလို့သိခဲ့ရပါတယ်.၊
    စတွေ့တွေချင်းစတတ်နောက်တတ်တဲ့အကိုကြီးလိုဘဲခင်ကြတာပါ.ရင်းနှီးတော့မှာကျမတို့အိမ်ကို
    နောက်တော့*ကိုအောင်သူ*အဖေက*ဦးဘိုးအောင်*ဆိုတာကိုသိတော့ကျမတို့အိမ်နဲ့
    စားအိမ်သောက်အိမ်ဖြစ်ခဲ့ပါတယ်ပိုပြီးရင်းနှီးခဲ့ကြတာပေါ့.။
    ကျမအမျိုးသားနဲ့သူနဲ့ကတော်တော်လေးချစ်ကြတဲ့သူငယ်ချင်းလို့လဲပြောလို့ရပါတယ်ညီအကိုတွေ
    လိုချစ်ခဲ့ကြတာပါ.နေ့တနေ့ရဲ့ရက်တရက်မှာကျမကိုစနောက်နေတဲ့*ကိုအောင်သူ*စသမျှခံနေရတဲ့
    ကျမပြန်စမယ်ဆိုပြီးစိတ်ထဲမှာတေးထားတုံးပေါ့ညနေဆည်းဆာဖရေဇာမှာသူနဲ့ကျမတို့စုံတွဲတွေ
    ဖြစ်ခဲ့တယ်၊သူကကွန်ပျူတာသင်တန်းအပြန်လက်ဘက်ရည်ဆိုင်ထိုင်ကြမယ်လို့ခေါ်တာသူကမထိုင်
    ဘူး၊သူ့ကောင်မလေးနဲ့ချိန်းထားတယ်ဆိုပြီးထွက်သွားလိုက်တာမေးကြည့်တော့ဘယ်မှာချိန်ထား
    တာလဲအကိုဆိုတော့ဆူးလေပန်းခြံကိုသွားမယ်ဆိုပြီးထွက်သွားလိုက်တယ်.။
    ကျမတိုစုံတွဲလဲသူကိုနောက်ချင်နေတာနဲ့အတော်ဘဲလိုက်သွားကြရမယ်ဆိုပြီးတော့သူနောက်ကိုရှာ
    လိုက်ရတာသူတို့စုံတွဲကို တွေ့တွေ့ချင်းကျမကသူကိုပညာပြတော့တာပေါ့လမ်းမှာကျမတို့စုံတွဲကတိုင်
    ပင်ထားတာသူကိုတွေ့တာနဲကိုကိုမကောင်းဘူးညီမကိုထားပြီးတော့ဒီမှာအသစ်တွေ့နေတယ်ဟုတ်လား
    ဆိုပြီးသူရဲ့လက်မောင်းတွေကိုရိုက်တာသူလဲအရမ်အံ့သြနေတယ်ဘာလုပ်တာလဲ. သူလက်ကြီးကိုဆွဲပြီးပြန်မယ်လိုက်ပို့ပေးအိမ်ကစိတ်ပူနေမယ၊်
  • မိုးလဲချုပ်နေပြီး.ကျမအမျိုးသားကလည်းကလဲ ကျွန်တော်သွားတော့မယ်လိုက်ပို့ပေးဆိုလို့ပို့ပေးရတာ
  • *ကိုအောင်သူ*စိတ်မဆိုးပါနဲဗျာ၊.ဆိုပြီးပြောကျမကိုလဲအမရင်ထဲရှိတာတွေပြောလိုက်ငိုမနေနဲ့ပေါ့ဆိုပြီး
  • လုပ်သေးတယ်.၊ပျော်လိုက်ရတာမပြောပါနဲ့သူခံရတာကိုကြည်ပြီးတော့ဝမ်းလဲဝမ်းသာ.ပျော်လဲပျော်သူ
  • ကောငိးမလေးလဲစိတ်တွေဆိုးပြီးပြန်သွားတော့တာဘဲ.။
    သူတိုစုံတွဲလဲ၃ပါတ်လောက်ပြတ်သွားပါတယ်.သူလဲကျမတို့ကိုတော်တော်လေးစိတ်ဆိုးသွားတာ.
    *ကိုအောင်သူ*ကပြန်ရှင်းပေးရမယ်.နင်လုပ်တာငါကိုပြန်ကူပြီးရှင်ပေးဆိုပြီးပြောလို့ကျမလဲပြန်ရှင်းပြ
    လိုက်ပါတယ်၊ကျမရည်းစားကဘယ်သူပါအမရယ်စိတ်မဆိုးပါနဲ့လိုဖောဖောလေးတွေလေပွားပေးလိုက်
    တော့သူလဲတကယ်ပျော်သွားပုံရတယ်၊
  • ပျော်ရွှင်တတ်တဲ့*ကိုအောင်သူ*တယောက်ခုတော့ဘယ်လိုတွေနေနေရလဲဆိုတာသိချင်ပါတယ်.၊
  • ဒီလိုပျော်၇ွှင်ချိန်လေးတွေကတော့ဘယ်တော့မှာပြန်မရတော့ပါဘူးရှင်.
    သူကခုတော့(ပူတာအို)ထောင်ထဲမှာကျမတို့ကနယ်စပ်မှာဖြစ်နေပါပြီး.ကျမဘ၀အတွက်ကံဆိုးမိုးမှောင်
    ကြခဲ့ရတနေ့လို့ပြောလို့လဲရပါတယ်.အဲဒီနေ့ကတော့ကျမတို့နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း(ဦးနု)ရဲ့ဈာပနကို
    ကျမရဲ့အမျိုးသားကသွားပို့လိုက်မိတယ်.၊ဒီလိုနဲ့ဘဲစစ်အာဏာရှင်တွေကကျမတိုနှစ်ယောက်ကို
  • ခွဲခဲ့ကြတာပေါ့၊၊
    ကျမအမျိုးသားလဲထောင်ကိုနောက်တခေါက်ကျခဲ့ရပါတယ်.၊ပထမတကြိမ်ကတော့သူနဲ့*ကိုအောင်သူ*နဲ့
    ကတခန်းထဲနေခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေပေါ့.၊ဒီလိုနဲ့ဘဲကျမလဲအင်းစိန်ထောင်ကိုကျမခင်ပွန်းရောက်
    နေပြီးလားဆိုပြီးသတင်းတွေမေးခဲ့ရတယ်.၊တခါမှာအတွေအကြုံမရှိတဲ့ကျမကိုကူညီပြီးတော့လိုက်
    မေးပေးခဲ့တဲ့ ကိုသားကြီး တို့ စုံတွဲကူညီမှုတွေလုပ်ပေးခဲ့ကြတယ်.၊ကျမကအဲဒီအချိန်မှာပူထူနေတာပါ
    ဘာမှလဲမသိသလိုမျိုးခံစားခဲ့ရပါတယ်.။
    ထောင်ကျမယ်လိုလဲမထင်ခဲ့ဘူး၊အဲဒီတုံးကဧပြီလ(၁၉၉၅)ခုနှစ်.အမိန့်ချတော့(ရ)နှစ်ဆိုပြီး
    (၂၈.၄.၁၉၉၅)မှာချခဲ့တယ်.၊စစ်အစိုးရလုပ်ပုံများ.ဈာပနာလိုက်ပို့လိုဆိုပြီးတော့ထောင်ချ
    လိုက်တာ(ရ)နှစ်ချခဲ့တယ်ထောင်ဝင်စာကို၂ပါတ်တခါပို့ရတယ်တွေ့ခဲ့ရပါတယ်.၊တွေရတဲ့အချိန်က
    ၁၅မိနစ်ဘဲရပါတယ်၊
  • အဲဒီအချိန်တုံးကအင်းစိန်ထောင်ကိုထောင်ဝင်စာတွေ့ရတယ်ဆိုတော့တော်သေးတယ် ခုလိုထောင်ဝင်စာကိုအဝေးတွေပို့ခဲ့မယ်ဆိုရင်တော့မလွယ်ပါဘူး.။
    ကျမဘ၀မှာဘယ်တော့မှာမေ့လိုမရခဲတဲ့*ကိုအောင်သူ*ရဲ့ကျေးဇူးကိုမေ့မရခဲ့ပါဘူး.၊တနေ့ထောင်
    ငွေလဲထုတ်လိုမရဘူး.၊ကိုယ်ပိုင်အလုပ်ဆိုတော့အထင်တော့မကြီးလိုက်ပါန့၊ဲမနက်ဆိုရင်မုန့်ဆိုင်တွေကို
    ကိုယ်တိုင်လုပ်တဲ့မုန့်တွေပို့ပေးရတာပါ.၊ကျမအဖေနဲ့အမေကိုလဲအားနားလာပြီး.၊သူတို့ကကျမကို
    အမြဲထောင်ဝင်စာအတွက်လုပ်ပေးနေကြပါ.၊ကျမနဲ့ကျမအမျိုးသားနဲ့လက်ထက်ပြီးတော့(၆)လကြာ
    မှာသူထောင်ကျခဲ့ရပါတယ်၊ကျမတို့၂ယောက်ဝင်ငွေကလဲဘာမှမရှိပိုက်ဆံလဲကျမမှာတပြားမှမရှိဘူး။
    ဒီလိုအတွေ့အကြုံတွေတွေ့ခဲ့ရတာ.၂နှစ်လောက်ဆိုနည်းနည်းအီလာပြီး.အီတယ်ဆိုတာပိုက်ဆံကို
    ပြောတာပါ.၊ကျမအသက်က၂၄နှစ်ကျော်ကျော်ရှိသေးတာအဲဒီတုံးက(၁၉၉၇)မေလဒုတိယအပါတ်မှာ
    ထောင်ဝင်စာကိုမသွားဘူးလိုဖြစ်နေတဲအချိန်မှာ*ကိုအောင်သူ*အကြောင်းဆက်ပြောတာပေါ့၊ကျမ
    အိမ်ရှေ့မှာကားသံကြားတော့ကြည့်လိုက်တာသူကားဖြစ်နေတယ်.၊ကျမပျော်လိုက်တာအရမ်းဘဲထ
    ကုန်ပြီ့တော့*က*လိုက်ချင်တာနင်ဘာလုပ်နေတာလဲ၁၀နာရီရှိနေပြီးထောင်ဝင်စာမသွားဘူးလားလို့
    သူကမေးတောကျမမှာပိုက်ဆံမရှိလိုအကိုရယ်လိုပြောပြလိုက်တာ.။
    သူလဲစိတ်မကောင်းဖြစ်ပြီးငါကိုဘာလိုဖုန်းမဆက်တာလဲလာသွားမယ်ဈေးကိုဆိုပြီးတော့ကျမကိုခေါ်ပြီး
    (၂၆)လမ်းဈေးထဲမှာဈေးဝယ်ပြန်လာအိမ်လည်ရောက်သူလဲအိမ်မှာဟင်းတွေဝိုင်းချက်ပေးရတာ
    ထောင်ဝင်စာသွားရင်ချက်ဘို့ဆိုပြီးမီးဖိုး၂လုံးလုပ်ထားတော့အတော်ဖြစ်သွားတယ်။
  • ချက်ပြုတ်ပြီးတာနဲ့အိတ်တွေထဲဟင်းတွေထည့်အားလုံးပြီးတာနဲ့အင်းစိန်ထောင်ကိုပြေးရပြန်တာပါ၊
  • ထောင်မှာဧည့်တွေ့ကိုလုပ်တာတော်သေးတယ်၂နာရီအတိဘဲ.ထောင်ဧည့်တွေက၂နာရီဆိုပိတ်တာ
  • ကွက်တိဘဲ.၊ဟိုရောက်မှာကျမကြိုက်တတ်တဲ့ကော်ဖီလေးသောက်ရတယ်၊မနက်စာကတော့ဘေးချိတ်
  • ပေါ့.*ကိုအောင်သူ*ကတော့မ၀င်ရပါဘူးအပြင်မှာစောင့်နေပေါ့.။
    ကျမအမျိုးသားကိုတွေတော့လဲနေကောင်းကြောင်းအဆင်ပြေကြောင်းပြောရတာပေါ့ခုတောင်
    *ကိုအောင်သူ*၀ိုင်းကူပေးတယ်သူအပြင်မှာရှိတယ်လိုဘဲပြောခဲ့ရပါတယ်.သူလဲနေကောင်းကြောင်း
    သတိယကြောင်းအကြောင်းပေါင်းစုံသောအကြောင်းတွေကိုထပ်နေတာပါ။
  • သတိယကြောင်းကျမအဆင်ပြေလားလို့မေးတော့လဲပြေပါတယ်ဒီလိုဘဲပြောရမှာဘဲလေ.သူကို
  • အားလုံးပြောပြလို့သူစိတ်မကောင်းတာဘဲရှိမှာဆိုတော့မပြောဖြစ်တော့ပါဘူး။.ဒီလိုနဲ့အချိန်ပြည့်သွား
  • တော့ပြန်ရတာပါ။
  • အပြင်ပြန်ရောက်တော့မှဲကိုအောင်သူကိုကျေးဇူးတင်ကြောင်းပြောရတော့တယ်ဘယ်တော့မှာ
  • ဒီကျေးဇူးကိုမမေ့ပါဘူးအကိုရယ်.ဆိုပြီးတော့ပြောရတာ.ခုကျမရေးနေတဲ့အချိန်မှာတော်တော်စိတ်မ
  • ကောင်းပါဘူး။
    ကျမခင်ပွန်းထောင်ကျတဲ့အချိန်ကသူကျမကိုငွေကြေးထောက်ပံ့ပေးခဲ့တယ်၊လူကိုယ်တိုင်ကူညီတယ်.၊
    သူထောင်ကျတဲ့အချိန်မှာသူမိန်းမဖြစ်တဲ့မမြတ်မြတ်ထွန်းကိုကျမတို့မကူညီနိုင်သေးလို.၊
    *ကိုအောင်သူ*တယောက်ကျန်းမာရေးမကောင်းဘူးဆိုတဲ့သတင်းတွေကြားတိုင်းငိုချင်လာတယ်.၊
    ကျမအကိုကြီး*ကိုအောင်သူ*တယောက်ကျန်းမာပါစေ.လို့သာဆုတောင်းနိုင်ပါတယ.်။
    ကျန်တာမကူညီနိုင်သေးဘူးလေခုချိန်မှာ.စိတ်မဆိုးပါနဲ့အကိုရယ.်......ကျမရဲ့ဘ၀မှာမေ့လိုမရတဲ့
    လူတွေထဲမှာကျမကျေးဇူးရှင်အကိုကြီး*ကိုအောင်သူ*တယောက်အပါအ၀င်ပါ.စိတ်ရင်းကောင်းပြီး
    ကူညီတတ်တဲ့ကျမအကိုကြီးအတွက်အမှတ်တရ.၊အနေနဲ့ကျမဘလော့လေးစလုပ်လုပ်ချင်းရေးထားခဲ့
    တာပါ.၊ကျမလိုဘဲထောင်ဝင်စာတွေနေရသေးတဲမိသားစုတွေခုထိသောကတွေနဲ့နေကြမှာပါကိုယ်ချင်း
    စာနာပါတယ်၊၊
    ခုဆိုရင်ဝေးလံခေါင်းဖျားတဲ့နယ်ထောင်တွေကိုသွားရတဲ့မိသားစုတွေထောင်ထဲမှာ
    သောကတွေနဲ့ နေနေရတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွှတ်မြောက်ကြပါစေရှင်.၊
    ဝေးကွာနေကြတဲ့မိသားစုလေးတွေအမြန်ဆုံးပြန်လည်ဆုံတွေ့ကြပါစေ.ခုချိန်ထိထောင်ဝင်စာ
    တွေနေကြတဲ့မိသားစုတွေကိုစာနာရင်းနဲ့ကျမရေးတဲ့အချိန်လေးက၁နာရီဘဲကြာမှာပါဒါပေမဲ့
    ဘ၀တွေကသိပ်ကြာခဲ့ပါတယ်ရှင်.၊ကျမ(ကိုအောင်သူအတွက်အမှတ်တရလေး)
    ကိုနားလိုက်ပါအုံးမယ်.ကျမအနေနဲ့စာရေးတာတွေမသေသပ်မှုလေးတွေရှိခဲ့ရင်ခွင့်လွှတ်ပေး
    ကြပါရှင်.၊ပထမဆုံးစရေးခဲ့သောစာတမ်းလေးပါ.။
    *မြတ်လေးငုံ*
ိ့