27 January 2010
ပြည်သူလူထုတစ်ရပ်လုံးက ချစ်မြတ်နိုး လေးစားရတဲ့ ကိုဇာဂနာ (ခ) ကိုသူရ၏ မွေးနေ့  (ဇန်န၀ါရီလ - ၂၇ ရက်နေ့ ) အထိမ်းအမှတ် အထူးတင်ဆက်မှု။
ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
ဇန်န၀ါရီလ (၂၇) ရက်နေ့ မှာ ကျရောက်တဲ့ ကိုဇာဂနာ (ခ) ကိုသူရရဲ့  မွေးနေ့ မင်္ဂလာမှာ ကိုဇာဂနာတစ်ယောက် အနှောင်အဖွဲ့ ကင်းလွတ်စွာနဲ့  အမှန်တရားကို လွတ်လွတ်လပ်လပ် အနှောင့်အယှက်တားဆီးပိတ်ပင်ခံရခြင်းမရှိဘဲ ၀ါသနာပါသော ပြည်သူ့ အကျိုးပြု အနုပညာလုပ်ငန်းများ အပြည့်အ၀ လုပ်ကိုင်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကြောက်မွှေးပါ ဇာဂနာ နုတ်ဆိုတဲ့ ကိုသူရ ရဲ့ အမှတ်တရ

“တို့ ပြည်ထောင်စု အလံတော်သည်၊
ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊
ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။
ပြေးလု၊ (ေ -ွး) ဥ မှတ်ပါသည်။”

မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။ သိကြတဲ့အတိုင်း အဲဒီခေတ်က “ပြည်ထောင်စုနေ့” ဆိုတာကြီးက ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာန ပြခန်းတွေ၊ ပြည်နယ်နဲ့ ပြခန်းတွေနဲ့ အကြီးအကျယ် လုပ်ပြီး ဗိုလ်နေ၀င်းက နိုင်ငံရေး မျက်လှည့်ပြပွဲကြီး လုပ်တာကိုး။ ဇန်န၀ါရီလလောက်ကတည်းက စပြီး အဲဒီ ပြည်ထောင်စုအလံ ဆိုတဲ့ဟာက အိုလံပစ် မီးရှူးတိုင် လှည့်သလို ပြည်နယ်နဲ့တိုင်းတွေကို လှည့်တာကိုး။ အလံ ညအိပ်တဲ့ မြို့ကြီးတွေမှာလည်း ပွဲကြီးတွေခံပြီး နေ့စဉ် သတင်းစာ မျက်နှာဖုံးတွေမှာက ဒါပဲ ပုံကြီးတွေချဲ့ပြီး ဖေါ်ပြနေတာ။
အဲဒီလို အချိန်မျိုးမှာမှ ခုလိုလုပ်ချလိုက်တော့ ပွဲက မဆူခံနိုင်ရိုးလား။ ပြဿနာ မတက်ခံနိုင်ရိုးလား။
အချိန်က ၁၉၈၈ ဇန်န၀ါရီလ။ နေရာက ပုသိမ်မြို့။

အလံက အဲဒီနှစ်က ပထမဆုံး ရန်ကုန်ကလာပြီး ပုသိမ်မှာ ညအိပ်မှာ။ အဲဒီတော့ ဧရာဝတီတိုင်း တိုင်းကောင်စီက ဦးစီးပြီးလုပ်တဲ့ အလံတော် ကြိုဆိုပွဲကြီးမှာ အဲဒီအချိန်က နာမည်ကြီးနေတဲ့ NEW WAVE တေးဂီတအဖွဲ့နဲ့ ဇာဂနာရဲ့ မြပုဏ္ဏမာ အဖွဲ့ကို ပူးတွဲတင်ဆက်ဘို့ စီစဉ်ခဲ့သဗျ။ ပထမည မှာပဲ နာမည်ကျော် ကိုအရိုင်းက အဲလိုလုပ်ချလိုက်ပါသတဲ့။ သူ့မူရင်းသီချင်း စာသားက ...
“တို့ပြည်ထောင်စုအလံတော်သည်၊
တလူလူ လွင့်လို့ချီလာပြီ၊
ပြည်သူအပေါင်းတို့ပျော်ရွှင်သည်၊
မနှေးယခု အလေးပြုကြပါမည်” ….ပါ။

အဲဒီသီချင်းကလည်း နေ့စဉ် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြားချင်မှ အဆုံးဖြစ်နေတာ။ အဲဒီသီချင်းကို အဲလိုလုပ်ချလိုက်ပြီးတော့ ပဏာမ ပရိက စကား ပြောကြတော့လည်း ...
“ကဲ ... အလံတော်ကြိုတာ လွယ်လွယ်လေး၊ ဒယ်အိုးကြီးကြီးထဲ ရေထည့်ပြီး မီးနဲ့တိုက်ပြီး အလံကိုထည့် ကျိုလိုက်ယုံပဲ” ... ဆိုပြီး လုပ်သကိုး။
ဘယ်နေလိမ့်မလဲဗျာ။ တိုင်းထောက်လှမ်းရေးက ခေါ်ပြီး ကောင်းကောင်းသတိပေး ခြိမ်းခြောက်တော့တာပေါ့။ အဲဒါနဲ့ နောက်နေ့ညလည်း ရောက်ရော ပရိတ်သတ်ကလည်း မနေ့ကအရှိန်နဲ့ ပြသနာတက်ထားတာလည်း သိတော့ ဘာတွေထပ်ပြက်မလည်း စောင့်နေချိန်မှာ အငြိမ့်လည်း ထွက်ရော လူရွှင်တော်တွေ အကုန်လုံး ပါးစပ်တွေကို ပလပ်စတာတွေ ပိတ်ပြီး တက်လာကြသတဲ့။ ပွဲကို ဆူပွက်သွားတော့တာကိုး။
အဲဒီ ဂယက်က ဘယ်ထိ ရိုက်သလည်းဆိုတော့ တိုင်းထောက်လှမ်းရေးက ဇာဂနာနဲ့ အငြိမ့်တစ်ဖွဲ့လုံးကို တိုင်းတရားရုံးမှာ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါသတဲ့။ အံ့သြစရာ ကောင်းတာကတော့ တိုင်းတရားသူကြီး လုပ်တဲ့လူက ... “လူရွှင်တော်တွေပဲ ဒီလောက်တော့ ပြက်မှာပေါ့” .... ဆိုပြီး အမှုကို ပလပ်လိုက်ပါသတဲ့။
အဲဒီတော့ မဆလခေတ်ရဲ့ တရားစီရင်ရေးက အထိုက်အလျောက်တော့ လွတ်လပ်မှု ရှိသေးတယ်ပြောရပါမယ်။ အဲလို ထောက်လှမ်းရေးကို ပြန်လှန်ရဲတယ် ဆိုတဲ့ သတ္တိက နည်းမှတ်လို့ဗျာ။ လွန်ခဲ့တဲ့ တစ်လလောက်က ကိုဂေါ်ကြီး (ဂေါ်ဇီလာ)နဲ့ အွန်လိုင်းမှာ တွေ့ရင်း စပ်မိရာက အဲဒီတုန်းကအကြောင်း ပြန်မေးတော့ သူက တရားသူကြီး နာမည်ကိုပါ ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ ထောင်နန်းစံရမဲ့ဘေးက ဝေးပြီး ရန်ကုန်ကို ပြန်လာနိုင်ခဲ့ ပါသတဲ့။ အဲဒါကို ကိုရွှေထောက်လှမ်းရေးက မကျေနပ်နိုင်သေးပဲ ရန်ကုန်တရားရုံးချူပ်ထိ လိုက်လာပြီး အမှုတွဲတင် တရားစွဲပါတယ်။
အဲဒီအချိန်က ရန်ကုန်မှာ နိုင်ငံတော်ကောင်စီဝင် တွေကို ဖြေဖျော်ပွဲ တစ်ခု မြပုဏ္ဏမာအဖွဲ့ကို ကခိုင်းတော့ ကိုသူရက လောလောဆယ် တရားစွဲခံနေရတဲ့ အကြောင်းကို နိုင်ငံတော် ကောင်စီဝင်တွေထဲက တစ်ယောက်ကို ပြောပြရာက ဗိုလ်ချုပ်နေ၀င်းပါ သိသွားပါသတဲ့။ အဲဒီမှာတင် အဲဒီအချိန်က စေတလုံးပိုင်ရှင် သွားလေသူ ဗိုလ်နေ၀င်းက “လူရွှင်တော်တွေပဲကွာ၊ ဒီလောက်တော့ပြက်ပါစေ” ... လို့ စကားတစ်ခွန်းထွက်လာ ပြီးနောက်မှာ တရားစွဲတဲ့ ကိစ္စလည်း ရပ်တန်းက ရပ်သွားပါတော့သတဲ့။ ခုတော့ ဗိုလ်နေ၀င်းကိုတောင် ပြန် ချီးကျူးရတော့မလို ဖြစ်နေပါတယ်။
အဲဒီတုန်းက ကျွန်တော်က မိုးနတ်သူဇာ အငြိမ့်အဖွဲ့နဲ့ မကွေးတိုင်း ပေါက်မြို့ကို ရောက်နေပါတယ်။ ပုသိမ်မြို့ကနေ ဆက်ထွက်လာမဲ့ ပြည်ထောင်စုအလံက ပုသိမ်-မုံရွာ ကားလမ်းအတိုင်း တက်လာပြီး ပေါက်မှာ တစ်ညအိပ်မှာမို့ ပေါက်မြို့နယ် ကောင်စီက မိုးနတ်သူဇာအဖွဲ့နဲ့ အတူ နိုင်ငံကျော် အဆိုတော် မာမာအေးကို အလံတော် ကြိုဆိုရေးကွင်းထဲမှာ ငှါးထားပါတယ်။
အန်တီ မာမာအေးက သူ့ရဲ့ သားတပည့်လည်း ဖြစ်တဲ့ စန္ဒရားမျိုးခင် (မစ္ဇျိမလှိုင်း) နဲ့ အတူ အငြိမ့်မထွက်ခင် သီဆိုပါတယ်။ အဲဒီတော့ ပုသိမ်ကနေ အလံနဲ့ပါလာတဲ့ လုံခြုံရေးအဖွဲ့က ပေါက်မြို့ရောက်တဲ့အခါမှာတော့ မြို့နယ်ကောင်စီကို ခေါ်ကြပ်ပါတော့တယ်။ အင်မတန်မှ ကြောက်တတ်တဲ့ မိုးနတ်သူဇာ ခေါင်းဆောင် သီတာဝင်း၊ လူရွှင်တော် ကိုချစ်စရာ နဲ့တက်တူ တို့က ကျွန်တော်တို့ကို မျက်စိပျက် မျက်နှာပျက်နဲ့ ခေါ်ပြီး ဇာဂနာတို့ကို အရေးယူထားကြောင်း ခုသူတို့ကို နိုင်ငံရေးပြက်လုံးတွေ မပါစေရပါဘူးလို့ အာမခံ လက်မှတ်ထိုး ခဲ့ရကြောင်း။ အဖွဲ့သားတွေ ဒုက္ခ ရောက်စေမဲ့ ပြက်လုံးတွေ မလုပ်ဘို့ သတိပေးပါတယ်။
ကျွန်တော့် အမြင်အရ မိုးနတ်သူဇာ လူရွှင်တော်တွေက သတိမပေးလည်း အဲဒါမျိုးတွေပြောဘို့ ပြက်ဘို့ ဆန္ဒကို မရှိပါဘူး။ ကျွန်တော် အနေနဲ့တော့ ပြောင်မြောက်လှတဲ့ မြပုဏ္ဏမာအဖွဲ့ရဲ့ လုပ်ရပ်ကို ကြိတ်ပြီး သဘောကျ ထောက်ခံနေရပါတယ်။
ဒီလိုနဲ့ ကကြတဲ့အခါ နတ်ဝင်သည် လုပ်ကြတဲ့ ပြက်လုံးခွင်မှာ ...
“ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ခွန်နှစ်ဆယ်ငါးကျပ်တန်တွေ တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” ...
လို့ မေးတဲ့အခါမှာ တက်တူ နဲ့ကိုချစ်စရာတို့က ..
“အဲဒါ အမေလုပ်တာလား”
လို့မေးထောက်ပေးရမဲ့ နေရာမှာ ထောက်မပေးတော့ပဲ ပြက်လုံးအသွားကို ပိတ်ထားကြတာမို့ နောက်ဆုံး ကိုယ့်ဖါသာပဲ ....
“အဲဒါ .. ပုံ/စိန်လွင် လုပ်တာဟေ့”
ဆိုပြီး ဇွတ်ပြက်ချလိုက်ပါတော့တယ်။ ပွဲလည်းပြီးရော သီတာဝင်း နဲ့ ကိုချစ်စရာတို့က ခေါ်ယူကြိမ်းမောင်း ပါတော့တယ်။ ခေါ်ယူကြိမ်းမောင်းတယ် ဆိုတာထက် မြည်တွန် တောက်တီးတယ်ဆို ပိုမှန်ပါလိမ့်မယ်။
ဗိုလ်နေ၀င်းက လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်ကြမှာပေါ့လို့ ပြောကြားပြီး အမှုကိစ္စ ပြီးသွားတဲ့နောက် ကျိုက္ကဆံကွင်းထဲမှာ ပြည်ထောင်စုပွဲအတွက် မြပုဏ္ဏမာ အဖွဲ့တင်ဆက်တဲ့ အခါမှာတော့ ဇာဂနာက ပြည်ထောင်စုပြခန်းတွေ ၀န်ကြီးဌာနပြခန်း တွေအားလုံးကို အဲဒီနှစ်က ၀ါးတွေနဲ့ဆောက်ထားတာတွေကို လက်ညိုးထိုးပြီး၊
“သမ၀ါယမ ၀န်ကြီးဌာနလည်း ၀ါးပဲ၊”
“စက်မှူဝန်ကြီးလည်းဝါးပဲ၊”
“အားလုံးဝါးတွေချည်းပါလား” ဆိုပြီး
ပြက်ချတဲ့ အခါမှာတော့ ကျိုက္ကဆံကွင်းထဲမှာ ၀က်ဝက်ကွဲပါတော့တယ်။
အဲဒီနောက်တော့ သူ့ရဲ့နာမည်ကျော်
“ဟိုကောင်စီလည်း မကောင်းဘူး၊”
“ဒီကောင်စီလည်း မကောင်းဘူး”

ဆိုပြီး အုတ်ခဲစီတဲ့ ကျန်တဲ့ လူရွှင်တော်တွေကို အပြစ်တင်တဲ့ပုံနဲ့ နိုင်ငံတော်ကောင်စီကိုပါ ပြက်လုံးနဲ့ ဆော်ပါတော့တယ်။ ဒါကြောင့် မဆလခေတ်က ကြပ်တယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုထိတော့ လွတ်လပ်မှု ရှိသေးတယ်လို့ ပြောကြတာဖြစ်သဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၉၀ နောက်ပိုင်းကစပြီး ဇာဂနာကို အငြိမ့်စင်ပေါ်မှာ လူထုနဲ့တိုက်ရိုက် ထိတွေ့ဖျော်ဖြေပွဲတွေကို ပိတ်ထားခဲ့တာဟာ ဒီနေ့အထိ ဖြစ်လို့ပါ ခင်ဗျ။
ဒီလိုနဲ့ ၁၉၈၈ မတ်လ ကိုဘုန်းမော်ကျဆုံးရာကနေ ပင်မတက္ကသိုလ်ထဲမှာ ချီတက်ဆန္ဒပြတဲ့ ကိစ္စနဲ့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားစာရင်းမှာ ကျွန်တော် နာမည် ပါလာပါတယ်။
မိုးနတ်သူဇာ သီတာဝင်းရဲ့ စေလွှတ်မှုနဲ့ ကိုချစ်စရာနဲ့ ကိုတက်တူတို့ ရောက်လာပါတယ်။ ပထမတော့ မန္တလေးက မြို့မအဖွဲ့ ရန်ကုန်ဆင်းလာတာကို ငှါးဘို့ ဆိုပြီး လူပြက်တောင်ရှည်တွေကို မလိမ့်တပတ်နဲ့ လာယူသွားပါတယ်။ နောက်သေသေချာချာမေးကြည့်တော့မှ၊ လောလောဆယ် အဖွဲ့ရဲ့ ရှေ့ရေးအတွက် ကျွန်တော့်ကို အဖွဲ့က ယာယီ ထုတ်ထားမယ်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ကျောင်းထုတ်ခံထားရလို့ ညစ်နေရတဲ့ အထဲမှာ လာ အရာပေါ်နေတာမို့ အော်ဖြစ်မှဖြစ်ရလေလို့ပဲ စိတ်ထဲကနေ ပြောမိပါတော့တယ်။
အမှန်တော့ အဲဒီအချိန်က ကျောင်းထဲမှာ ဇွန်လအရေးအခင်းက ကိုမိုးသီးဇွန်တို့ ဦးဆောင်မှုနဲ့ “စ”နေပြီမို့ အငြိမ့်ကိစ္စလည်း ခေါင်းထဲမရှိတော့ပါဘူး။
တစ်သက်မှာ တစ်ခါဆိုသလို ကြုံနေရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီးထဲ ဘယ်လို ဘယ်လောက် ပါဝင်သင့်သလဲ ဆိုတာပဲ ကိုယ့်ဖါသာကိုယ် ဇယားဆွဲနေခဲ့ရတာမို့ မအားလှပါဘူး။ ကြောက်ကလည်း ကြောက်သေးသကိုးဗျ။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ မိုးနတ်သူဇာကြားက ဆက်ဆံရေးဟာလည်း တသက်စာအတွက်၊ နိဂုံးချုပ်သွားပါတော့တယ်။
ဇွန်လအရေးအခင်းအပြီး ကျောင်းတွေ ပိတ်လိုက်တာမို့ ကျွန်တော်လည်း ဇာတိမြေကို ပြန်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ မဲဇလီကုန်း၊ အင်္ဂါပူမြို့နယ်နဲ့ ဟင်္သာတမြို့နယ်တို့မှာ ကျောင်းသားခေါင်းဆောင် တွေထဲက တစ်ဦးအဖြစ် ပါဝင် ကပြခဲ့ရပါတယ်။
အဲဒီကာလ ရန်ကုန်က ရောက်လာတဲ့ အရေးတော်ပုံကာလ သတင်းစာတွေထဲမှာတော့ ကိုသူရတစ်ယောက် စာပေ အနုပညာရှင်များ သမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတဲ့ ဓါတ်ပုံတွေကို တွေ့ရပါတော့တယ်။ နောက်ဆုံးတွေ့ရတဲ့ ဓါတ်ပုံ မှာတော့ မင်းသား ကိုဇင်ဝိုင်းနဲ့အတူ ဆေးရုံကြီးရှေ့မှာ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ တွေ့ခဲ့ရသဗျ။
စက်တင်ဘာ ၁၈ရက် နောက်မှာတော့ အားလုံးရဲ့ ဘ၀တွေဟာ ကြိုးပြတ်ပြီး ကြမ်းပြင်ပေါ်ကို ကျသွားတဲ့ ပုတီးစေ့တွေလို အရပ်မျက်နှာအသီးသီးမှာ ပုံစံမျိုးစုံ ပြန့်ကျဲလို့သွားပါတော့တယ်။ အဲဒီထဲက ပုတီးစေ့တစ်စေ့ ဖြစ်တဲ့ ကျွန်တော်ဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်အစိုးရကို ဖယ်ရှားပြီးမှ ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုက်ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက “လေခွန်းတောင်” စခန်းကို ရောက်သွားခဲ့ပါတော့တယ်။
တော်လှန်ရေးအတွက် အိန္ဒိယ အစိုးရကတော့ အပြည့်အ၀ အကူအညီတွေပေး လိမ့်မယ်ဆိုတဲ့ အိမ်မက်ကြီးနဲ့ သွားလိုက်တာ တကယ်တမ်းမှာတော့ ဒုက္ခသည် စခန်းထဲမှာ ဘယ်မှထွက်မရ အစားအသောက်က ဆင်းရဲ အဆိုးဆုံးကတော့ သတင်းတွေ ပြတ်လတ်တာပါပဲ။ လူနှစ်ရာ နီးနီးမှာမှ ရေဒီယိုလေး တစ်လုံးပဲ ရှိတာမို့ အဲဒါလေးကို စုပြီးဝိုင်းနားထောင်ရပါသဗျ။ ရွှေပေါ်မြတင် ထားရပါတယ်။

ကိုသူရကိုတော့ ၁၉၈၈ အောက်တိုဘာ ၂ရက်၊ ဘားလမ်းထဲက စပယ်ဦးပုံနှိပ်တိုက်မှာ သရုပ်ဆောင် ဇင်ဝိုင်း၊ ဇာတ်မင်းသား မိုးဝင်း၊ ညီဝင်းစိန်၊ ဒါရိုက်တာအောင်မြင့်မြတ်၊ ဦးတင်စိုးတို့နဲ့ အတူ ဖမ်းသွားတာသိခဲ့ရသဗျ။ အဲဒီ အချိန်က သူတို့ကို ဘယ်လိုနှိပ်စက်ခဲ့တယ် ဆိုတာတွေရယ် ထောင်ထဲမှာ ၁၉၈၉ မတ်လ ကုန် အထိ ကာလ ဘယ်လိုကြုံတွေ့ရတယ်ဆိုတာတွေကို နောက်ပိုင်းမှာ ကျွန်တော်လည်း တောထဲက ပြန်ရောက်ပြီး သူနဲ့အတူ တော်တော်လေးနေဖြစ်တဲ့ အချိန်တွေမှာ ကြုံရင် ကြုံသလို သူပြန်ပြောလေ့ ရှိပါတယ်။
၂၀၀၅ ကျွန်တော် ထောင်ပြန်လွတ်ပြီး နောက်မှာ ကျွန်တော့် ပထမအိမ်ထောင် ပျက်သွားတာမို့ နေစရာပျောက်နေချိန်မှာ သူ့အိမ်မှာပဲ နေဖြစ်ခဲ့ပါတယ်။ တစ်ညမှာတော့ သူက ဗလာစာအုပ် လေး (၃)အုပ်ထုတ်ပြပါတယ်။ အဲဒါကတော့ သူပထမဆုံးအကြိမ် ထောင်က လွတ်လွတ်ချင်း ထောင်ထဲမှာနေ့စဉ် ကြုံတွေ့ခဲ့ရပုံတွေကို အသေးစိတ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
“ဇာဂနာ ဒိုင်ယာရီ”
သူ့ရဲ့ဒိုင်ယာရီထဲက ရှေ့ပိုင်းစာမျက်နှာ အနည်းငယ်ကို ၂၀၀၇ နောက်ပိုင်း အင်တာနက် စာမျက်နှာတစ်ချို့မှာ ဖေါ်ပြလာတာ တွေ့ရပါတယ်။ အထူးသဖြင့် မိုးမခစာမျက်နှာနဲ့ ကိုသူရရဲ့ ကိုယ်ပိုင်ဘလော့ခ် မှာပါ။ ဒါပေမဲ့ တခန်းနှစ်ခန်းပဲ ဖေါ်ပြပြီး ရပ်ထားတာ တွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့ ဒီဒိုင်ယာရီမှာ သူကြုံခဲ့သမျှကို သူ့ဟာသဓါတ်ခံ နိုင်ငံရေးခံယူချက်အခံနဲ့ အားမနာတမ်းရေးထားတာမို့ ဒီထဲမှာပါနေတဲ့ သူတစ်ချို့ကို ဒုက္ခပေးမှာစိုးတာရယ်၊ သူပွင့်ပွင့် လင်းလင်း ရေးလွန်းလို့ တခြားလူတွေကို အားနာပြီး ဆက်မဖေါ်ပြပဲ ထားခဲ့တယ်လို့ပဲ နားလည်မိပါတယ်။
ဒါကြောင့် ဒီဒိုင်ယာရီဟာ မြန်မာစာဖတ်ပရိတ်သတ်အကြားမှာ သိပ်မသိကြတာပါ။ ဒါပေမဲ့ နိုင်ငံတကာမှာ လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့်အတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အကြားမှာတော့ ဒီဒိုင်ယာရီဟာ တော်တော်ကို လူပြောသူပြော များလှပါတယ်။ အဲဒီအဖွဲ့တွေက ထုတ်တဲ့ စာစောင်တွေမှာ ဘာသာပြန်ပြီး အထူးဂုဏ်ပြု ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ခုတော့ သူအထဲရောက်နေတာကို အခွင့်ကောင်းယူပြီး တစ်ချို့ကို မနေနိုင် မထိုင်နိုင် နည်းနည်းဖေါက်သည်ချရ ကောင်းမလား စဉ်းစားမိသဗျ။
အဲဒီ ဒိုင်ယာရီမှာ ထူးထူး ခြားခြား ပေါ်လွင်ထင်ရှားတာကတော့ ဇာဂနာရဲ့ ထီမထင်တဲ့ စိတ်ဓါတ်နဲ့ ဟာသ ဥာဏ်ပါ။ ပြောရရင် အဲဒီအချိန်က အာဏာ သိမ်းခါစ ဖြစ်တာမို့ စစ်ဦးဘီလူး ဆိုသလို တော်တော်ပဲ ကြမ်းကြမ်း တမ်းတမ်း စစ်ဆေးပါတယ်။ ဒီတော့ ကိုရွှေဇာဂနာ အပါအ၀င် ရဲဘော်အနုပညာသည်တွေမှာ တော်တော်လေး နှိပ်စက်ခံရပါတယ်။
မော်တော်ဆိုင်ကယ်စီးခိုင်းတဲ့ အတွေ့အကြုံတွေကို ရေးတော့မယ်ဆိုတော့ အဲဒီအခန်းကို “မော်တော်ဆိုင်ကယ် လှလှလေးတွေ” လို့ ခေါင်းစဉ်တပ်ပါတယ်။ ပြီးတော့မှ ဘယ်လို မသက်မသာ ခံခဲ့ရတယ်ဆိုတာ ရေးပြပါတယ်။ ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြတော့လည်း ၀ိုင်းဆော်နေတဲ့ကြားက တခြားလူတွေကို ဘယ်လို ဆော်တယ် ဆိုတာကိုပါ စပ်စုထားပါသေးတယ်။ လူတွေမှာ စရိုက် အမျိုးမျိုး ရှိကြပါတယ်။
ဒီထဲမှာ ဇာတ်မင်းသားကြီး ဦးညီဝင်းစိန် ခမျာလည်း ဆော်ခံထိတဲ့ ဘေးက ပြေးမလွတ်ခဲ့ပါဘူး။ ဒီလို ဆော်တဲ့အခါ နာလွန်းတော့ ညည်းညူမိတာ လူတိုင်းရဲ့သဘာဝပါ။ ဒါပေမဲ့ နောက်ပိုင်း ဇာတ်တော်တွေမှာ နှိပ်စက်ခံရတဲ့အခန်း (အပူတိုက်)ကတဲ့ အခါ ငိုချင်းတွေနဲ့ နာမည်ကြီးလှတဲ့ မင်းသားကြီးဆိုတော့ လေသံက နောက်ပိုင်းကဇာတ်ဆန်ဆန် ညည်းမိပါလိမ့်မယ်။ အဲဒါကို ဒီလောက်အထုအထောင်း ခံနေရတဲ့ ကြားက သတိထားမိအောင်ထားမိပြီး ထည့်ရေးထားတာ ဖတ်ရတိုင်း စိတ်မကောင်းတဲ့ ကြားက မပြုံးပဲ မနေနိုင် ဖြစ်ရပါတယ်။
ကိုရွှေထောက်လှမ်းရေးတို့ ထုံးစံအတိုင်း စိတ်ကြိုက်ထုနှက်လို့ ပြီးပြီလား ဆိုမှဖြင့် သိချင်သမျှကို အပျော့ဆွဲလေးနဲ့ မှတ်တမ်းယူမဲ့ ပုဂ္ဂိုလ်က စီးကရက်ဗူးလေးနဲ့ မျက်နှာပိုးလေးသပ် ရောက်လာ တတ်တာ သဘာဝပါ။ ကိုသူရတို့ အမှုမှာ တာဝန်ယူပြီး မေးမြန်းခဲ့သူကတော့ ဗိုလ်မှူးစန်းပွင့်ပါတဲ့ခင်ဗျ။ အနှီပုဂ္ဂိုလ်က အဲဒီအချိန်က ဗိုလ်မှူးအဆင့်ပဲ ရှိပါသေးတယ်။ ပြီးတော့မှ အရှင်မွေးနေ့ချင်းကြီးဆိုသလို ဗိုလ်ခင်ညွန့်ရဲ့ လက်ရုန်းကြီးတစ်ဆူဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဗိုလ်ခင်ညွန့်ကို နှိပ်ကွပ်ခန်းမှာ ထောင်နန်းစံသွားရ ရှာပါတယ်။
ဒီနေရာမှာ ဖေါက်သည်ချချင်တာက သူ့ကို ဦးဆောင်ပြီး နှိပ်စက်မေးမြန်းခဲ့ ဗိုလ်စန်းပွင့် တစ်ယောက် ထောင်နန်းစံ ရပြီဆိုတဲ့ အခါမှာတော့ ထုံးစံအတိုင်း သတင်းမေးရဲတဲ့ လူတောင် မရှိချိန်မှာ သူ့အကျဉ်းသားဖြစ်ခဲ့ဘူးခဲ့တဲ့ ဇာဂနာက မိသားစုကိုသွား ရဲရဲတွေ့ပြီး အားပေးကူညီပေးခဲ့ ဘူးတယ် ဆိုတဲ့ သမိုင်းတစ်ကွေ့ ပါပဲခင်ဗျား။
တလောက လန်ဒန်မှာ မှတ်တမ်းရုပ်ရှင် သမားတစ်ယောက်က စက်တင်ဘာ အရေးတော်ပုံ မတိုင်ခင်လေးမှာ ရန်ကုန်သွားပြီး ကိုသူရကို မှတ်တမ်းတင်ရိုက်လာတဲ့ ဗီဒီယိုရုပ်ရှင်ကားတိုလေးပြလို့ ကြည့်ခဲ့ရသဗျ။ အဲဒီရုပ်ရှင်ထဲမှာ ..
“ကျွန်တော်မူကတော့ ရန်သူဟာ ကျွန်တော့် မိတ်ဆွေ ဖြစ်လာရမယ်” လို့ ပြောခဲ့ပါတယ်။
အဲဒါလေးကို ကြည့်နေရင်းကနေ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်မယ်ဆိုတာ အပြောမဟုတ် လက်တွေ့လည်း လုပ်ခဲ့တဲ့လူပဲ။ ခုလည်း ကြိုးစားနေဆဲပဲလို့ တွေးနေမိပါကြောင်း။
ပန်းချီထိန်လင်း
26 January 2010
UNHCR နှင့် အမေရိကန်တို့ လက်အောက်က နို့ ဘိုး ဒုက္ခသည်များ၏ အခက်အခဲ အခြေအနေများ။
ထိုင်းနိုင်ငံရှိ နို့ ဘိုးဒုက္ခစခန်းအပါအ၀င် မြန်မာဒုက္ခသည်များစခန်းအတွင်းမှာ UNHCR နဲ့  အမေရိကန်နိုင်ငံအပါအ၀င် တတိယနိုင်ငံများရဲ့  ဒုက္ခသည်များခေါ်ဆောင်မှုစီစဉ်မှုတွေဟာ တစ်လွှဲဖြစ်နေပြီး ဒုက္ခအမှန်တကယ်ရောက်နေသူများကို ကူညီရာမရောက်ဘဲ ပိုလို့ ဒုက္ခရောက်စေသလို ပစ်ပယ်ထားသလို ဖြစ်နေပါတယ်။
ယခုရေးသားချက်အား သေချာစွာ ဖတ်ရှူပြီး မြန်မာပြည်သားချင်း ကိုယ်ချင်းစာသောအားဖြင့် ၀ိုင်းဝန်းကူညီသောအားဖြင့် သက်ဆိုင်ရာများသို့  ဆက်လက်ဖြန့် ဖြူး အသိပေးပေးကြဖို့  မေတ္တာရပ်ခံလိုပါတယ်။
UNHCR နှင့် U.S
ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

သင်တို့  ၂၀၁၀၊ အားလုံးဝိုင်းတိုက်ကြ။
(prmg61 မှ ပြန်လည်ဖေါ်ပြပါသည်။ တေးရေး တေးဆိုများအားလုံးအား ကျေးဇူးတင်ရှိပါသည်။
ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုလွတ်မည်ဆိုခြင်းမှာတရားမဝင်ဟုအန်အယ်ဒီပြောကြား
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။
အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။
“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။
ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။
လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။
အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။
ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)
ရင်းမြစ်..မဇ္ဈိမ
25 January 2010
နအဖ စစ်အာဏာပိုင်များမှ ရခိုင်စီးပွားရေး သမားများအပေါ် အနိုင်ကျင့် စော်ကားမူနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် တဦး၏ ဖွင့်ဟ ပြောကြားချက်
ရခိုင်ပြည်နယ်က ရခိုင်စီးပွားရေးသမားတွေအပေါ် နအဖ စစ်အာဏာပိုင်တွေ အနေနဲ့ နည်းမျိုးစုံနဲ့ အနိုင်ကျင့်စော်ကားနေတာတွေ ရှိပါတယ်။ ဒီအထဲက လတ်တလော ဖြစ်စဉ် တခုကို အများပြည်သူတွေ သိရှိနိုင်အောင် ပြောပြချင်ပါတယ်။ ကျနော်နာမည်ကို မဖေါ်ပြနိုင်တဲ့အတွက် အားလုံး နားလည် ခွင့်လွှတ်ပေးကြပါ။ နာမည် မဖေါ်ပြနိုင်ပေမယ့် ဒီဖြစ်စဉ်တခုလုံးမှာ ကျွန်တော်ကိုယ်တိုင်ပါဝင်နေတဲ့အတွက် ခုပြောပြမယ့် အကြောင်းအရာ အချက်အလက်တွေ အားလုံးကို ကျွန်တော်တာဝန်ယူပါတယ်။
ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ၁၉၅၆ ခုနှစ် ဖဆပလ အစိုးရ ခေတ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ ကုန်သိုလှောင်ရုံ ၁၄ လုံးကို နိုင်ငံတော် နအဖ စစ်အစိုးရက နိုဝင်္ဘာလက လေလံပေးခဲ့ပါတယ်။ အဲဒီကုန်လှောင်ရုံတွေကို အမာစား ပျဉ်းကတိုး သစ်တွေနဲ့ တည်ဆောက်ထားပြီး ကုန်လှောင်ရုံတလုံးမှာ သစ်မာ ပျဉ်းကတိုး တန်ချိန် ၁၂၀ စီ ပါဝင်ပါတယ်။ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်း အများကြီး ပါဝင်ပါတယ်။ လေလံကိုတော့ ကုန်သွယ်လယ်ယာက ခေါ်ယူတာ ဖြစ်ပြီး လျှောက်လွှာ တစောင်ကို ကျပ် ၁၀၀၀၀ နဲ့ ၀ယ်ယူရပြီး လေလံဆွဲလိုသူတွေကို Deposit အဖြစ် ကျပ်ငွေ သိန်း (၅၀) ကို သွင်းခိုင်းပါတယ်။ ကျွန်တော်တို့ စစ်တွေမြို့က စုစုပေါင်း ၂၄၈ ဦးက လေလံဆွဲဖို့ လျှောက်လွှာ တင်ခဲ့ကြပါတယ်။
နိုဝင်္ဘာလ ၁၁ ရက်နေ့မှာတော့ လေလံ ဆွဲလိုသူတွေ အနေနဲ့ နေပြည်တော်ကို လာရမယ်လို့ ဆင့်ခေါ်တဲ့ အတွက် လေလံလျှောက်လွှာတင်ထားတဲ့ ရခိုင်စီးပွားရေး သမားတွေဟာ နှစ်ယောက် တအုပ်စု သုံးယောက် တအုပ်စီ စစ်တွေက လေယာဉ်နဲ့ နေပြည်တော်ကို ထွက်ခွာခဲ့ကြပါတယ်။
နေပြည်တော်ကို သွားရတဲ့အတွက် ကျွန်တော်တို့လို အဖွဲ့ တဖွဲ့စီမှာ လေယာဉ်ခ၊ တည်ခိုခန်းခနဲ့ စားစရိတ်တွေ အပါအ၀င် ကျပ်ငွေ (၁၀) သိန်းပါးခန့်ကုန်ကျပါတယ်။
နေပြည်တော်ကို ရောက်တဲ့အခါ ဂိုဒေါင်တွေ အတွက် လေလံတွေကို အများမြင်ကွင်းမှာ ဆွဲတာမဟုတ်ဘဲ ဂိုဒေါင် ၁၄ လုံး အတွက် ကိုယ်ပေးနိုင်မယ့် ငွေကြေး Amount ကိုရေးပြီး မဲဗုံးလို လုပ်ထားတဲ့ သေတ္တာတလုံးထဲမှာ ထည့်ခိုင်းပါတယ်။ အများစု ရခိုင်ကလာတဲ့ စီးပွားရေး သမားတွေက သိန်း (၃၂၀) ပတ်ဝန်းကျင်ခန့် ကို ရေးပြီး ထည့်ကြပါတယ်။ ကျွန်တော်တို့က သိန်း (၃၅၀) ပေးမယ်ဆိုပြီး စာရွက်မှာ နေရပ်လိပ်စာ အစုံရေးပြီး ထည့်ထားခဲ့ပါတယ်။ အဲသလို ထည့်ပီးတဲ့နောက်မှာ ကျွန်တော်တို့ ရခိုင်က စီးပွားရေး သမားတွေကို ပြန်သွားနိုင်ပါပြီ နောက်မှ လေလံရတဲ့ သူတွေကို အကြောင်ကြားပေးမယ် လို့ သက်ဆိုင်ရာက ပြောဆိုတဲ့ အတွက် အားလုံး နေပြည်တော်ကနေ စစ်တွေကို ပြန်လာ ခဲ့ကြရပါတယ်။
အမှန်အားဖြင့် လေလံပစ်တဲ့ လုပ်နည်း အစဉ်အရ ဆိုရင် လေလံကို အများရဲ့ မြင်ကွင်းမှာ ပစ်ရပါတယ်။ ဘယ်သူက ဘယ်လောက်ပေးတယ်။ ဘယ်သူက ဘယ်လို ပိုပေးတယ် စသဖြင့် နောက်ဆုံး အများဆုံး ပေးနိုင်တဲ့သူကို လေလံကို ပေးလိုက်ရပါတယ်။ ဘယ်သူကတော့ လေလံကို ရသွားပါတယ် ဆိုပြီး ကျေညာကာ လေလံဆွဲတဲ့သူတွေ အားလုံး မျက်မြင် ရှေ့မှာ တရား သဖြင့် ဖြစ်အောင် ပြုလုပ်ရပါတယ်။ ခုတော့ ဒီလို မဟုတ်ဘဲ ပေးနိုင်တဲ့ ငွေကြေးတန်ဖိုးကို ရေးခိုင်းပြီး သေတ္တတလုံးထဲမှာ ထည့်ခိုင်းပါတယ်။ ပီးရင် ကိုယ်ပြည်နယ်ကို ကိုယ်ပြန်နိုင်ပြီလို့ ပြောပါတယ်။ ခုလို လုပ်တာဟာ လုံးဝ နည်းလမ်း မကျဘူးဆိုတာကို ကျွန်တော် သိပေမယ့် သက်ဆိုင်ရာ နိုင်ငံတော် အစိုးရက လုပ်တဲ့ လုပ်ရပ်မို့ ကျွန်တော်တို့လည်း ဘာမှ စောဒက မတက်တော့ဘဲ စစ်တွေကို ပြန်လာခဲ့ကြပါတယ်။
စစ်တွေကနေပြီး လေလံကို ဘယ်သူ ရသွားသလဲဆိုတာကို အကြောင်းကြားမယ့် ရက်ကို ကျွန်တော်တို့ စောင့်မျှော် နေခဲ့ကြပါတယ်။ နိုင်ငံတော် အစိုးရဆီက နှစ်လကျော် လာသည့်တိုင်အောင် ဘာအကြောင်း ပြန်ကြားချက်ကိုမှ ကျွန်တော်တို့ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ခုကျွန်တော်တို့ သတင်း ကြားရတာက အဲဒီလေလံပစ်တဲ့ ဂိုဒေါင်တွေကို စတင်ဖြိုနေပြီလို့ သိရပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့လည်း စတင်ဖြိုနေတာကို တွေ့ရပါတယ်။ လေလံပစ်တဲ့ ဂိုဒေါင်တွေကို ဘယ်သူတွေက ရသွားပြီ ဘယ်သူတွေက ဖြိုနေတယ်ဆိုတာကိုလည်း တရားဝင် ဒီကနေ့ထိ အစိုးရက ကျေညာတာ မရှိပါဘူး။ နောက်ဆုံး ကျွန်တော်တို့ စုံစမ်းကြည်တဲ့အခါ စစ်တွေက ဆန်ကုန်သည် အသင်းက တလုံးရရှိပြီး ကျန်တာတွေကိုတော့ နအဖ စစ်အာဏာပိုင်တွေနဲ့ ပူပေါင်းပြီး စီးပွားရေး လုပ်နေတဲ့ မူဆလင်ကုလား စီးပွားရေး သမားတွေက ရရှိသွားတယ်လို့ သိရပါတယ်။ ခုလို မူဆလင်ကုလား စီးပွားရေး သမားတွေကို ပေးလိုက်တာဟာ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အတွက် ရခိုင်ပြည်နယ်က မူဆလင်တွေကို စည်းရုံးလိုတဲ့ အတွက် ဖြစ်တယ်လို့ စစ်တွေမှာ ပြောဆိုနေပေမယ့် ဒီကိစ္စဟာ နိုင်ငံရေးနဲ့ သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပေမယ့် ရွှေးကောက်ပွဲနဲ့ မသက်ဆိုင်ဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နအဖ စစ်အာဏာပိုင်တွေဟာ ခုလို မူဆလင် စီးပွားရေး သမားတွေကို အဲဒီဂိုဒေါင်တွေကို လေလံ ပေးလိုက်တာဟာ သူတို့ဆီက လာဒ်ငွေတွေ အများကြီး ရရှိခဲ့တဲ့အတွက် ဖြစ်တယ်လို့ဘဲ ကျွန်တော်ကတော့ ထင်မြင်ယူဆပါတယ်။ ခုလို မရဘူးဆိုရင် သူတို့အနေနဲ့ ခုလို ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်မိတာက သူတို့ချမှတ်ထားတဲ့ ပေါ်လစီကို သူတို့ကိုယ်တိုင်ချိုးဖေါက်တာပါဘဲ။ ခုလုပ်ရပ်ဟာ သူတို့ ချမှတ်ထားတဲ့ စီးပွားရေး ဦးတည်ချက် ၄ ရပ်မှာ ပါဝင်တဲ့ “ နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိင်မူ စွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင် ရှိရေး” ဆိုတဲ့ ဦးတည်ချက်ကို အကြီးအကျယ် ချိုးဖေါက်တာဘဲ ဖြစ်ပါတယ်။
စစ်တွေမြို့ အပါအ၀င် ရခိုင်ပြည်နယ်က ဘယ်မြို့တွေက လေလံကို ကြည့်ကြည့် တန်ဖိုး ရှိတယ်။ အသုံးဝင်တယ်။ လေလံဆွဲသူတွေ အမြတ်များများ ရမယ်ဆိုရင် ဘယ်ရခိုင် စီးပွားရေး သမားမှ မရရှိခဲ့ကြပါဘူး။ စစ်တွေက တန် ၁၀၀ ကျတဲ့ ဆန်စက်ကြီးတွေ ကို လေလံပစ်တဲ့ အခါမှာ ဆိုရင်လည်း ဗမာပြည်က စီးပွားရေးသမားတွေကသာ ရရှိကြပြီး ဗွိုင်လာ အိုးကြီးတွေက အစ မိုးထားတဲ့ သံဖြူ အဆုံးခွာပြီး ရန်ကုန်ဘက်ကို ယူသွားကြပါတယ်။ စစ်တွေက ရေခဲစက်တွေ အပါအ၀င် တခြား စီးပွားရေးအရ တွက်ခြေကိုက်မယ့် လေလံတွေ ဆိုရင်လည်း စစ်အရာရှိတွေ အစုစပ်ပိုင်တဲ့ ကုမ္ပဏီတွေနဲ့ ဦးတေဇပိုင်တဲ့ ကုမ္ပဏီတွေကသာ ရရှိကြတာ များပါတယ်။
ကျွန်တော်တို့ ရခိုင်စီးပွားရေးသမားတွေဟာ နအဖ စစ်အစိုးရ အာဏာပိုင်တွေဆီမှာ နည်းအမျိုးစုံနဲ့ ခုလို ဖိနှိပ်ခံနေကြရပါတယ်။ အခုလည်း လေလံအတွက်ပိုက်ဆံ တသောင်းအပါအ၀င် ခရီးစရိတ်က အစ ငွေအမြောက်အမြားကုန်ကျခဲ့တဲ့ အပြင် Deposit အဖြစ်သွင်းထားတဲ့ ကျပ် သိန်း (၅၀) ကိုလည်း အခုအချိန်ထိ အစိုးရဆီက ပြန်လည် မရရှိသေးပါဘူး။
ကျွန်တော်တို့ နအဖ စစ်အာဏာရှင်တွေဆီမှာ မတရားသဖြင့် ဖိနှိပ်ခံနေရတာတွေကို ဖေါ်ပြပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
ရင်းမြစ် နိရဉ္စရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုပြည်ထဲရေးဝန်ကြီးနိုဝင်ဘာလမှာလွှတ်ပေးမည်ဟုပြော

ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊
ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'။
ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊
ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ' ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။
ရင်းမြစ်. RFA

ပြင်သစ်ယဉ်ကျေးမှု ဌာန (ရန်ကုန်) က ရုပ်သေးပြဇာတ် ကပြ

(ပြဇာတ်အကြောင်း အဖွင့်မိတ်ဆက်စကားပြောကြားနေစဉ်)
ပြင်သစ် သံရုံး ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပတဲ့ ရုပ်သေး ပြဇာတ်ပွဲကို ဇန်န၀ါရီလ ၂၃ ရက်
နေ့ ညနေခင်းမှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာန မြက်ခင်းပြင်မှာ ကျင်းပ
ခဲ့ပါတယ်။
ပြဇာတ်ရဲ့ ဇတ်လမ်းက အိန္ဒိယနိုင်ငံမှ ရှေးဟောင်းဇာတ် မဟာဘာရတထဲ ကို ကျောရိုးပြုထားသည့် ဇာတ်လမ်းဖြစ်ပြီး ရုပ်သေးပြဇာတ် စီစဉ်ညွှန်ကြားသူ Bruno Thircuir နဲ့ မြန်မာပညာရှင် ဦးရဲဒွေး တို့ဖြစ်ပါတယ်။ မြန်မာဘာသာသို့ ဦးစိုးမြတ်သူ က ပြန်ဆိုရှင်းပြပြီး ပြဇတ်သရုပ်ဆောင်များအဖြစ် ပြင်သစ်ဘာသာသင်တန်းမှ သင်တန်းသားများက ပါဝင် သရုပ်ဆောင် ထားကြတာဖြစ်ပါတယ်။

(စင်္ကြာဝတေးမင်းအဖြစ် သရုပ်ဆောင်ကပြနေစဉ် )

( ပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရှင်းပြပေးနေသူ ဦးစိုးမြတ်သူ )

(ပြဇတ်ထဲမှ ဇာတ်ဝင်ခန်းတခန်း)

(လာရောက်ကြည့်ရှုကြသည့် ပရိသတ်များ)
ရင်းမြစ်. မိုးမခ
ဇန်န၀ါရီလ စတုတ္ထပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်
စစ်အစိုးရအနေဖြင့်၂၀၀၈ ဖွဲစည်းပုံအတည်ပြုခဲ့သည့်အတိုင်း ဆက်လုပ်မည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့
စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွားခဲ့သည်။
ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက “အဓိက ပြောသွားတာက နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေးခဲ့တာ သဘောပေါက်ဖို့လိုကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရအလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့၊ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်သွားမယ်ဆိုတာ ပြောသွားတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်သွားကာ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဝန်ထမ်းက ဆက်ပြောသည်။
“အဲဒီအခမ်းအနားမှာ ဝန်ကြီးပြောသွားတာတွေကို မေးမြန်းတာရှိတယ်၊ ဝန်ထမ်းတယောက်က ဈေးကွက်စီးပွားရေးစနစ်လုပ်နေတာ နှစ် ၄၀ ရှိနေပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့အကြောင်းကို မေးတယ်၊ ညပိုင်းရောက်တော့ အဲဒီဝန်ထမ်းကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်” ဟု ပြောသည်။
ဝန်ကြီးလာရောက်သည့် ခရီးစဉ်အတွင်း တက်ရောက်ခဲ့သူများကို ကြံ့ဖွံ့ဝတ်စုံများကို ဝတ်ဆင်ခိုင်းပြီး ဝန်ထမ်းများအနေဖြင့် အထွေအထူး စဉ်းစားရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်သွားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။
စစ်အစိုးရအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်အတွင်း တဖက်သက်အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးခင်က ပြောခဲ့သည်။
ရင်းမြစ်. ရိုးမ(၃)

24 January 2010
ရခိုင်ပြည်နယ် မဟာမုနိ ဘုရားကြီး သန့်ရှင်းရေးခေါ်ပြီး စစ်တပ်မှ ရွေးကောက်ပွဲ ထောက်ခံဖို့ စည်းရုံးရေး တွေကိုစတင်ပြုလုပ်နေကြောင်း။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိ ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဒေသခံများနှင့် ကျောင်းသား ကျောင်းသူများကို စစ်တပ်မှ ခေါ်ယူပြီး ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် စည်းရုံးခဲ့ကြောင်း ညောင်ပင်လှကျေးရွာမှ ရွာသား တဦးက ပြောသည်။
အဆိုပါ စည်းရုံးမှုကို ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်တော် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှူး သန်းဇော်မှ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော်က ကြီးမှူးပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ၀ိုင်းဝန်းပံ့ပို့ကြဖို့နဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ အစီအစဉ်တွေကို ပါဝင်အကောင်အထည်ဖော်ကြဖို့နဲ့ တစည ပါတီကို အား လုံး အားပေးကြဖို့ဆိုတာတွေကို ပြောတယ်။” ဟု သူကပြော သည်။
အဆိုပါ တပ်ရင်းမှူး သန်းဇော်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ယူနီဖောင်းချွတ်ပြီး ကျောက် တော်မြို့နယ်မှ အရွေးခံရန် အစီစဉ်ရှိသည်ဟု ဒေသခံများက ခန့်မှန်းပြော ဆိုနေကြသည်။
အဆိုပါ ဘုရား ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် သွားရောက်ခဲ့ရသူများမှာ အဆိုပါ တပ်ရင်း အနီးတွင် တည်ရှိသော စပါးဆိပ်၊ သရက်တပင်၊ ညောင်ပင်လှ ကျေးရွာများမှ ကျေးရွာ သားများအပြင် ကျောင်းသူ ကျောင်းသားများ ဖြစ်ကြသည်။
ထိုသို့ စည်းရုံးရာတွင် “ကျောင်းသားတွေကိုတော့ တယောက်ကို ကျောင်းဝတ်စုံ တစုံ ဗလာစာအုပ် တဒါဇင် ဘောလ် ပန် ၁၀ ချောင်းပေးတယ်။ ရွာသားတွေကိုတော့ ထမင်းကျွေးတယ်။”ဟု သရက် တပင်ကျေးရွာ သားတဦးကပြောသည်။
ရင်းမြစ်.(နိရဉ္စရာ)

မလွတ်လပ်ကြသေးသော မြန်မာနိုင်ငံတိုင်းရင်သားများ..
နအဖ ကြောက်လိုက် ပုံများကတော့ ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးလိုက်ခြင်း.၊

ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်လာရောက်ဖျော်ဖြေတင်ဆက်မည့်လူရွင်တော်မေတ္တာဦးဆောင်သော
အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ကိုမေတ္တာ
နှင့်အတူ မိုးဒီ၊ မော့်စ်၊ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်း
လည်းဖြစ်သည်။
ဇန်န၀ါရီလ၂၂ရက်(သောကြာ)နေ့ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကိုမေတ္တာနှင့်အတူမိုးဒီ၊မော့်စ်၊
ခင်လှိုင်နှင့်လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်တို့ပါရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်တားဆီးခံရခြင်း
လည်းဖြစ်သည်။လေဆိပ်တွင်Dဖောင်ထုတ်ပေးပြီးခါမှပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ
ဂျပန်သို့လာမည့်အနုပညာသည်များ၏ပစ်စပို့စာအုပ်တွေအသိမ်းခံလိုက်ရကြောင်း၊ပြည်တွင်းရှိ
သတင်းသမားများလည်းလေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေလုပ်နေကြောင်းလည်း
သိရှိရသည်။
ကိုမေတ္တာတို့အဖွဲ့ကိုဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းကရုပ်ရှင်နှင့်သဘင်ကောင်စီတို့မှ
ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ဂျပန်ဗီဇာကိုထုတ်ပေးပြီးကာမှဆိုင်းငံ့အဖြစ်ပြန်လည်ရွေ့
ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်
ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာနေသောကြောင့်ပျက်ပြားဖွယ်ရှိကြောင်းအစဦးကတည်းက ကြားသိနေရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ကိုမေတ္တာကိုဖုန်းဆက်မေးမြန်းကြည့်ရာ"ကျနော်တို့ကိုရုပ်ရှင်အစည်းအရုံးက
ခေါ်ပြီး မသွားသင့်ဘူးလို့ယူဆပြီးတားထားတယ်ခင်ဗျ။ဘာ့ကြောင့်လဲတော့မသိဘူးခင်ဗျ။ရုပ်ရှင်အစည်း
အရုံးကို ကျနော်တို့ကစာတင်ရတယ်လေ။ရုပ်ရှင်အစည်းအရုံးမှာပြဇတ်တို့၊ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့
အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"
ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေ
ပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်
သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စအတွက်တာဝန်ခံခေါ်ယူပေးသူဂျပန်လူမျိုးမစ္စတာခိမိဟိကိုဟိဂုရရှီ(kimihikohigurashi)ပွဲ
မဖြစ်မြောက်သည့်အတွက်တောင်းပန်ကြောင်းနှင့်ဂျပန်တွင်လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။
ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊
ဇန်န၀ါရီလ၂၄ရက်(တနင်္ဂနွေနေ့)တွင်တိုကျိုမြို့၊Ikebukuroအရပ်ရှိမြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်
ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။
ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ပါသည်.။
အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ကိုမေတ္တာ
နှင့်အတူ မိုးဒီ၊ မော့်စ်၊ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်း
လည်းဖြစ်သည်။
ဇန်န၀ါရီလ၂၂ရက်(သောကြာ)နေ့ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကိုမေတ္တာနှင့်အတူမိုးဒီ၊မော့်စ်၊
ခင်လှိုင်နှင့်လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်တို့ပါရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်တားဆီးခံရခြင်း
လည်းဖြစ်သည်။လေဆိပ်တွင်Dဖောင်ထုတ်ပေးပြီးခါမှပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ
ဂျပန်သို့လာမည့်အနုပညာသည်များ၏ပစ်စပို့စာအုပ်တွေအသိမ်းခံလိုက်ရကြောင်း၊ပြည်တွင်းရှိ
သတင်းသမားများလည်းလေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေလုပ်နေကြောင်းလည်
သိရှိရသည်။
ကိုမေတ္တာတို့အဖွဲ့ကိုဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းကရုပ်ရှင်နှင့်သဘင်ကောင်စီတို့မှ
ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရြေ
ပြောင်းမှုတွေပြုလုပ်
ပြည်ဝင်ခွင့်ဗီဇာနှောင့်နေ
၎င်းကိစ္စနှင့်ပတ်သက်၍ကိုမေတ္တာကိုဖုန်းဆက်မေးမြန်းကြည့်ရာ"ကျနော်တို့ကိုရုပ်ရှင်အစည်းအရုံးက
ခေါ်ပြီး မသွားသင့်ဘူးလို့ယူဆပြီးတားထားတယ်ခင်ဗျ။ဘာ့ကြောင့်လဲတော့မသိဘူးခင်ဗျ။ရုပ်ရှင်အစည်း
အရုံးကို ကျနော်တို့ကစာတင်ရတယ်လေ။ရုပ်ရှင်အစည်းအရုံးမှာပြဇတ်တို့၊ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့
အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"
ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေ
ပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်
သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စအတွက်တာဝန်ခံခေါ်ယူပေးသူဂျပန်လူမျိုးမစ္စတာခိမိဟိကိုဟိဂုရရှီ(kimihikohigurashi)ပွဲ
မဖြစ်မြောက်သည့်အတွက်တောင်းပန်ကြောင်းနှင့်ဂျပန်တွင်လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။
ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊
ဇန်န၀ါရီလ၂၄ရက်(တနင်္ဂနွေနေ့)တွင်တိုကျိုမြို့၊Ikebukuroအရပ်ရှိမြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်
ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။
ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊
အနုပညာရှင်များမကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီးယခုလိုဗီဇာအခက်ခဲနှင့်အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။
သန့်မျိုးထွေး (moethaukkye)
အနုပညာရှင်များမကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီ
သန့်မျိုးထွေး (moethaukkye)
ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ပါသည်.။
Subscribe to:
Posts (Atom)