01 April 2012

ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်အတွင်းမှာ ပါဝင်တဲ့ ရွာတချို့မှာ ကြံ့ခိုင်ရေးပါတီက မဲတမဲကို ဆန်တအိတ်၊ ငွေ ၂ သောင်းနဲ့မဲဝယ်



ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်အတွင်းမှာ ပါဝင်တဲ့ ရွာတချို့မှာ ကြံ့ခိုင်ရေးပါတီက မဲတမဲကို ဆန်တအိတ်၊ ငွေ ၂ သောင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ လိုက်ဝယ်ခဲ့တာကို သက်သေအထောက်အထားတွေနဲ့ တကွ ကော်မရှင်ကို တင်ပြထားတယ်လို့ အန်အယ်ဒီအမတ်လောင်း ဦးစိန်ထွန်းက ပြောပါတယ်၊ အဲဒီမဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

သတင်း ....DVB