09 November 2010

မြဝတီမြို့သို့ ယနေ့နေ့လည် တွင်မြန်မာပြည်သူတချို့ ပြန်လည်ဝင်ရောက်သောသတင်းဓာတ်ပုံ

ယနေ့ နေ့လည် (၂)နာရီခန့်တွင် မြဝတီသို့ ပြန်လည်ဝင်ရောက်ကြသော မြန်မာပြည်သူများအားတွေရစဉ်






မြဝတီမြို့ပြင် မှာနေထိုင်ကြသောမြန်မာပြည်သူများ ပြန်လည်လို့ရပါတယ်လို့ ပြောလိုက်သောကြောင့်ကိုယ့်အိမ်ကိုယ်ပြန်ဘို့တန်းစီနေသော မြန်မာပြည်သူများ

ထိုင်းအာဏာပိုင်များနေရာချထားရေးမှ မိမိတို့အိမ်များသို့ ပြန်လိုသော မြန်မာပြည်သူများ ပြန်လည်လို့ ရပါပြီးဆိုတာနဲ့ကိုယ့်အထုတ်ကိုယ်ပိုက်ပြီးပြန်ရန်ပြင်နေကြစဉ်

မြဝတီဘက်ကမ်းကူးရန်လှေဂိတ်တွင် လှေများမထွက်ရဲသေးလို့ စောင့်စားနေကြရသော မြန်မာပြည်သူများ


မဲဆောက်ဘက်ကမ်းမှထိုင်းအာဏာပိုင်များ က မြန်မာပြည်သူများ အား လှေဂိတ် တွင် ပို့ဆောင်ပေးနေစဉ်



မဲဆောက်ဘက်မှ မြဝတီဘက်ကမ်းသို့ သွားရောက်ရန်အတွက် ထိုင်းအာဏာပိုင်များ မှမြန်မာပြည်သူများအား
ကူညီပေးနေစဉ်


မြဝတီဘက်ကမ်း သို့ နေ့လည် (၃)နာရီတွင် မြန်မာပြည်သူ တချို့ ပြန်လည် ဝင်ရောက်နေကြစဉ်

ကိုယ့်တိုင်းပြည် ကိုယ်ပြန်တာ နအဖစစ်တပ်များက သေနတ်ဖြင့် ပစ်မည်ကိုကြောင်ရွံ့စွာဖြင့်ပြန်နေကြသောမြန်မာပြည်သူများ

မဲဆောက်ဘက်ကမ်းမှ ထိုင်းအာဏာပိုင်များမြန်မာပြည်သူများအား ကူညီပို့ ဆောင်ပေးစဉ်


ဓာတ်ပုံ...မြတ်လေးငုံ

မြဝတီမြို့ DKBA နှင့် မြန်မာစစ်တပ်ကြားတပ်ပွဲ နောင်ဆုံး အခြေအနေ

မြ၀တီမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ လက်နက်ကြီးသံတွေ စဲသွားခဲ့ပေမဲ့ လက်နက်ငယ်တွေ ကတော့ ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

တိုက်ပွဲသံ -

မီးလောင်တဲ့နေရာတွေ ရှိနေကြသလို လူတွေကလည်း ပုန်းအောင်နေဆဲပဲလို့ ပြောကြပါတယ်။ ဒီကေ ဘီအေ တပ်မှူးတဦး ပြောပြတာ ကတော့ - “အခုလေ ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာတော့ သူတို့ ထွက်ပြေးဖို့ မလွယ်တဲ့အတွက်ကြောင့် ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာ အကုန်လုံး ရှိတယ်နော်။ ကျနော်တို့နေတဲ့ အနီးတ၀ိုက်က ပစ်ကွင်းတွေဆိုတော့ အဲဒီအိမ်တွေမှာ ပြေးဖို့မလွယ်ဘူး။”

အခုဆိုရင် ကလိုထူးဖောဗျူဟာက ၀လေစခန်းကို လာတဲ့ စစ်အစိုးရဘက်က စကခ (၈) ဗျူဟာ (၃) က ဗိုလ်ကြီးသက်နိုင်ကို ဒီကေဘီအေ ဘက်က စစ်ဆေးဖို့ရှိတာကြောင့် ဖမ်းဆီးထားပြီး ဒီကေဘီအေ တပ်ထဲမှာပဲ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် တပ်ခွဲမှူးအဆင့် ရှိသူတွေ အပါအ၀င် မြန်မာစစ်တပ်ရဲ့ ရဲဘော်တချို့ကိုလည်း ထိန်းသိမ်းထားမှုတွေ ရှိနေပါ တယ်။ ခ.လ.ရ (၃၅၆) စစ်တပ်အတွက် ရိက္ခာ လာပို့တဲ့ ကားတစီးကိုလည်း ဒီကေဘီအေဘက်က ဖမ်းဆီးထားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“ရိက္ခာပို့တဲ့ကားလေ တံတားကို ဒီနေ့ဖြတ်လို့ ကျနော်တို့ ဖမ်းထားတယ်။ သူတို့က ရန်သူကို ထောက်ပံ့ တာဆိုတော့ ကျနော်တို့ရဲ့ ရန်သူလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကို ရန်သူလို့ မသတ်မှတ်ပါ ဘူးနော်။ ကျနော်တို့ အေးအေးဆေးဆေး ခေါ်သွားပါတယ်။ သူတို့က ရန်သူကို ရိက္ခာသွားပို့တော့ သူတို့က ရန်သူကို သတင်းပေးမှာစိုးလို့ ကျနော်တို့ ဖမ်းထားတယ်နော်”

ဒီနေ့မနက် ၃ နာရီအချိန်လောက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမဲရုံး၊ မွန်ကျောင်းမဲရုံး၊ ရပ်ကွက် ၄ မဲရုံးတွေ နေရာမှာ မဲရုံစောင့်တဲ့ ဆရာ၊ ဆရာမတွေကို မြန်မာစစ်တပ်ဘက်ကနေ လာရောက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒီနေ့နေ့ခင်းမှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေအနေနဲ့ တကွဲတပြားစီ ဖြစ်နေကြပြီး တဦးနဲ့တဦး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်အခြမ်းက နယ်ခြားစောင့်တပ်ဘက်ကို လာတဲ့ ဒုက္ခသည်တွေကတော့ ည မိုးချုပ်တဲ့ အထိကို လာနေဆဲပဲဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ အခုဆိုရင် ၄ သောင်းကျော်သွားပြီလို့ သိရပါတယ်။

သတင်း....VOA








မိခင်ဒေါ်အောင်ဆန်းစုကြည်အားတွေ့နိုင်ရန်သားငယ်ဖြစ်သူ ကိုထိန်လင်းခေါ်ကင်မ်အဲရစ်ပြည်ဝင်ခွင့်ဗီဇာသွားရောက်လျှောက်ထားခြင်းကို ထိုင်းသတင်းဌာနရုပ်သံထုတ်လွှင့်

ထိုင်းသတင်းဌာန မှ ယနေ့ ညပိုင်း မြဝတီ မြို့ တိုက်ပွဲသတင်းထုတ်လွှင့် မှု အစီစဉ်

08 November 2010

ထိုင်းနိုင်ငံသတင်းဌာန channel 7 မှ မြဝတီ တိုက်ပွဲ သတင်းကို ညနေခင်းသတင်းမှာထုတ်လွှင့်ပြသနေခြင်း



ဟံသာဝတီမှ ကူးယူဖော်ပြပါသည်.။

ယနေ့ နံနက်တွင် မြဝတီဘက်မှ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ဘက်သို့လက်နက်ကြီးကျရောက်ခဲ့သောသတင်းအား ရိုက်တာသတင်းဌာနကနေ ထုတ်လွှင့်တဲ့ သတင်းမြင်ကွင်းရုပ်သံ

ထိုင်းနိုင်ငံ ASTV သတင်းဌာန မှ ထုတ်လွှင့်ပြသနေသော မြဝတီ ပြည်သူများထွက်ပြေးခိုလှုံမှုသတင်းနှင့်နအဖရွေးကောက်ပွဲသတင်း

ထိုင်းနိုင်ငံ မဲဆောက်နှင့် မြဝတီ ချစ်ကြည်ရေး တံတားထိပ် တွင် ထိုင်းအာဏာပိုင် များအား တွေ့မြင်ရသည့်
သတင်းဓာတ်ပုံ နှင့် မြဝတီမြို့ မှ ခေတ္တတိမ်းရှောင်ရောက်ရှိလာကြသောမြန်မာပြည်သူများအား ထိုင်းအာဏာပိုင်များ နေထိုင်ဘို့ နေရာများချနေစဉ်






















မြဝတီ မြို့ မှ ပြည်သူများ ထိုင်းနိုင်ငံမဲဆောက်သို့ ခေတ္တ ပြောင်းရွေ့ ခိုလှုံ နေရဆဲမြင်ကွင်းသတင်း (ရုပ်သံ)



ရွေးကောက်ပွဲ မဲအနိုင်အရှုံး စာရင်း (၂)

မဲစာရင်းတွေ ရင်းမြစ်က http://www.news-eleven.com ကပါလို့ ပေးပို့လာသူက ဆိုပါတယ်...

၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ရှိသူ သန်း ၂၀ လောက်မှာ ၁၅ သန်းကျော်လောက်မဲပေးပြီး ဆန္ဒမဲပေးမှု၇၂ ရာခိုင်နှုန်းရှိခဲ့ပါ တယ်။ အခု၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၉သန်းကျော်ရှိပါတယ်။ ဆန္ဒမဲပေးသူ ရာခိုင်နှုန်းတော့ မသိရသေးပါဘူး....။

Election ElectionElection
ElectionElectionElection

ရွေးကောက်ပွဲ မဲအနိုင်အရှုံး စာရင်း (၁)..

ElectionElectionElection
အောက်မှာ ဆက်လက်ဖော်ပြ ပါရှိပါသည်..
ElectionElectionElection

နအဖ ရဲ့ မသမာတဲ့ ရွေးကောက်ပွဲ ကို မသမာတဲ့မဲများနဲ့ ဘဲပြီးဆုံးသွားပါကြောင်း


ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
မြန်မာနိုင်ငံ တနိုင်ငံလုံးက မဲရုံပေါင်း ၃၀,၀၀၀ ကျော်မှာ ဒီနေ့မနက် ၆ နာရီက စပြီး မဲပေးခဲ့ကြပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူ ၂၉ သန်းထဲက အနည်းစုကသာ မဲရုံတွေမှာ မဲပေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

မဲပေးသူတွေ နည်းပြီး ခြောက်ကပ်နေတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသူတွေက ရန်ကုန်မြို့မှာ စားသောက်ကုန်တွေ ၀ယ်ယူ စုဆောင်းကြတာကြောင့် အခြေခံစားကုန် ဈေးတွေ တက်သွားခဲ့ပါတယ်။ ဓာတ်ဆီတွေကိုလည်း ၀ယ်ယူ သိုလှောင်နေကြတာကြောင့် ဓာတ်ဆီဈေးက တဂါလံကို ၂,၅၀၀ ကျပ်နဲ့ ၃,၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နေပြည်တော်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲသွားပေးခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက လက်ရှိ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင် သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးချစ်စိန်တို့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့ မဲပေးနိုင်သူ လူဦးရေရဲ့ ၆၂% က လာပြီး မဲပေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ နေပြည်တော်ရဲ့ ခရိုင်မြို့နယ် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆၀၀,၀၀၀ ကျော်ရဲ့ ၅၀% သာ တကယ်တမ်း မဲလာပေးခဲ့ကြတာလို့ သတင်းထောက်တွေက ဆိုပါတယ်။

တခြားသော နေပြည်တော်ခရိုင် မဲဆန္ဒနယ်မြေတွေမှာတော့ ဇမ္ဗူသီရိမြို့နယ်မှာ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ပုဗ္ဗသီရိမြို့နယ်မှာ လက်ရှိ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့က ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်းတွေအဖြစ် ၀င်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ အများက စိတ်ဝင်စားနေကြတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်တို့ရဲ့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲမှာတော့ အခု တောင်ဥက္ကလာပ ၅ ရပ်ကွက်က မဲရုံတွေမှာ ရေတွက်ပြီးစီးသွားခဲ့တာမှာ ကြိုတင်မဲတွေနဲ့ ပေါင်းပြီး ဦးအောင်သိန်းလင်းက အနိုင်ရသွားခဲ့တယ်လို့ ဦးကောင်းမြင့်ထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ မဲရုံပေါင်း ၂၀၃ ရုံရှိပြီး ကျန်တဲ့ရပ်ကွက်တွေက မဲရုံတွေမှာလည်း မဲတွေ ရေတွက်နေဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဒေသခံတွေ အားလုံးက မဲပေးခဲ့ကြတယ်လို့ ယုံကြည်တဲ့အကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဧရာဝတီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာတော့ ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့ (DKBA) က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသူတွေက မဲရုံတွေရှေ့မှာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေ မရှိသေးဘဲ ဒီသတင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

သတင်း...(VOA)

07 November 2010

မြ၀တီမြို့အစိုးရရုံးကို ဒီကေဘီအေက သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအားDKBAခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်ကိုအားမေးမြန်းချက်




မြ၀တီမြို့အစိုးရရုံးကို ဒီကေဘီအေက သိမ်းလိုက်တယ်

နော်နိုရင်း၊ ၀၇ နိုဝင်ဘာ ၂၀၁၀

သောတရှင်များရှင်။ ကရင်ပြည်နယ် မြ၀တီမြို့တွင်းက အစိုးရရုံးတချို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ဝင်တွေ သိမ်းလိုက်တယ်လို့ ကြားသိရပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့လည်း ဒီကေဘီအေနဲ့ပြန်လည်ပူးပေါင်းတာတွေရှိတယ်လို့ ကြားသိရပါတယ်။ ဒီအကြောင်းကို သိရဖို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း က ဆက် သွယ်မေးမြန်းထားပါတယ်။

ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း မေးမြန်းခဲ့တာပါရှင်။

နအဖ ရဲ့ အတုအယောင်ရွေးကောက်ပွဲ ရန်ကုန်မြို့ ၏ မဲရုံ သတင်းကို CRPP အဖွဲ့ဝင် နိုင်ငံရေးခေါင်းဆောင်တဦးမှ ယခုလိုပြောကြား

ရန်ကုန်မြို့ ၊ မြို့နယ်(၃၀)ကျော်မှာ မဲရုံ(၅၀)ကျော်ခန့်ကို သွားရောက်စောင့်ကြည့်နေခဲ့ရာ မနက်(၆)နာရီမှ နေ့လည် (၁၂)နာရီအထိ မဲရုံ အသီးအသီးတွင် မဲလာရောက်ပေးသူ လူ(၁၀၀)မကျော်ခဲ့ပေ။ သင်္ကန်ကျွန်းမြို့နယ် မဲရုံများတွင် မဲလာရောက်ပေးမှု အလွန်နည်းပါသည်။ မဲရုံများကို စောင့်ကြည့်နေသော ပြည်တွင်းမှ နိုင်ငံရေးခေါင်းဆောင် စီအာပီပီ အဖွဲ့ဝင်တစ်ဦးမှ ယခုဘဲ ပြောကြားသွားပါသည်။

ယနေ့ *ဂျပန်TBS သတင်းဋ္ဌာနက ထိုင်းနိုင်ငံမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ သွားရောက်ရိုက်ကူးထားတဲ့ သတင်းရုပ်သံ...

နအဖ ရဲ့ အတုအယောင်ရွေးကောက်ပွဲ အား ဂျပန်သတင်းဌာန APF မှသတင်းသွားယူခဲ့သော ဂျပန် သတင်းထောက် အားဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခံနေရဆဲ

နိုဝင်ဘာလ (၇) ရက် မှာ ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ ဂျပန်ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား နှင့် passport တို့ နှင့်အတူ ဖမ်းစီးခံရပြီး အခု မြ၀တီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် စစ်ကြောရေးစခန်းသို့ ပို့ ဆောင်လိုက်ကြောင်းအခု သတင်းရရှိပါတယ်။သတင်းအသေးစိတ် အားထပ်မံဖော်ပြပေးသွားပါမည်

မြတ်လေးငုံ