11 October 2010

မြန်မာပြည်တွင်းက ဖြစ်ရပ်မှန် ကာတွန်းဟာသပဒေသာ














တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီဝင်သမဝါယမဝန်ကြီး ဦးတင်ထွဋ် ဇလွန်မြို့နယ်တွင် နည်းမျိုးစုံဖြင့် စည်းရုံးရေးလုပ်နေ


သမဝါယမဝန်ကြီး ဦးတင်ထွဋ်သည် ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ထောက်ခံမဲ ရရေးအတွက် ဇလွန်မြို့နယ်အတွင်း စည်းရုံးမှုမျိုးစုံ ပြုလုပ်နေလျှက်ရှိသည်။ဧရာဝတီတိုင်း၊ ဇလွန်မြို့ဈေးကြီးအတွင်းမှ ဆိုင်ခန်းများကို လျော့ဈေးနှုန်းဖြင့် ရောင်းချပေးနေပြီး ချေးငွေထုတ်ပေးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

“ဈေးထဲက ဆယ်သိန်း ဆယ့်ငါးသိန်းပေါက်တဲ့ ဆိုင်ခန်းတွေကို ကြံ့ဖွံ့က (၇) သိန်းနဲ့ ရောင်းပေးတယ်၊ အဲဒီဟာ ဝယ်မဲ့ငွေကိုလည်း အတိုး (၈) ကျပ်နဲ့ ထုတ်ချေးပေးပြီး စည်းရုံးမှုတွေ လုပ်နေတာ” ဟု ပြောသည်။အဆိုပါချေးငွေကို သုံးလလျှင် တကြိမ်အတိုးငွေနှင့် အရင်းငွေ ကျပ်တသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

ထို့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် လက်ခံသူများကို တယ်လီဖုန်းများ ချပေးသည့် အစီအစဉ်ကိုလည်း ဝန်ကြီးဦးတင်ထွဋ်က လုပ်ကိုင်နေကြောင်း မြို့ခံက ပြောသည်။“ဇလွန်မြို့နယ်အတွင်းမှာ ကျပ်ငါးသိန်းတန်ဖုန်း အလုံး (၁၅၀) ချပေးထားတယ်၊ ဖုန်းဝယ်တဲ့သူတွေက ငွေငါးသောင်း အပိုပေးရတယ်၊ ပြီးတော့ ကြံ့ဖွံ့ပါတီဝင်လုပ်ရတယ်” ဟု ပြောသည်။

လယ်သမားများကိုလည်း ငွေထုတ်ချေးခြင်းများ ပြုလုပ်ပြီး စုငွေအဖြစ် ငွေကြေးဖြတ်ယူ သိမ်းဆည်းထားမှုများလည်း ပြုလုပ်နေလျှက်ရှိသည်။“လယ်သမားတဦးကိုငွေ တသိန်းချေးတယ်၊ အဲဒီမှာ ဦးတင်ထွဋ်က (၈၅,၀၀၀)ရှစ်သောင်းခွဲဘဲ ပေးတယ်၊ ကျန်တဲ့ တသောာင်းခွဲကို စုငွေအတွက်ဆိုပြီး ပြန်သိမ်းထားတယ်၊ အတိုးကတော့ သုံးကျပ်နှုန်းနဲ့၊ စည်းရုံးမှုတွေကတော့ မျိုးစုံလုပ် နေတာဘဲ” ဟု မြို့ခံကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် ကြံ့ဖွံ့ပါတီမှ ဦးစန်းမောင်(ယခင်ညီလာခံ တက်ဖူးသူ)၊ တိုင်းဒေသကြီးအတွက် ဦးတင်ထွဋ် (သမ၀ါယမ ၀န်ကြီး)၊ ဦးလှခိုင် (မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး) တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး (တစည)ပါတီမှ တိုင်းဒေသကြီးအတွက် ဦးလှမြင့် (ကေသီပန်)၊ ဦးစန်းအေး (ယခင် မဆလပါတီမှ ပါတီဝင်ဟောင်း ကျောက်ဆေးထိုးဆရာ)၊ ဦးမြသောင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။


သတင်း..ရိုးမ(၃)

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်တွေ ပြည်သူတွေကိုအမျိုးမျိုး စည်းရုံးနေပြန်ပြီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ်မှ ရေလုပ်ငန်း၌ လာရောက် လုပ်ကိုင်နေသူများကို ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များမှ ဧည့်စာရင်း မတိုင်ကြားလိုပါက ကြံ့ဖွံ့ ပါတီထဲသို့ ၀င်ပါဟု ဆိုကာ စည်းရုံးနေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။

အမည် မဖေါ်လိုသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက “ကျောက်ဖြူမြို့ထဲမှာဆိုရင် အခုက အနယ်နယ် အရပ်ရပ်က လူတွေ အိမ်ငှားပြီးနေကြပါတယ်။ သူတို့က သက်ဆိုင်ရာ ရယကရုံးကို သွားပြီ ၁၅ ရက်တကြိမ်ကျစီ ဧည့်စာရင်း တိုင်ရပါတယ်။ ခုကျေးရွာ ရယကလူကြီးတွေက တဆင့် ကြံ့ဖွံ့ ခေါင်းဆောင်တွေ ပြောလာတာကတော့ မင်းတို့ ငါတို့ ကြံ့ ဖွံ့ ပါတီကို ၀င်ရင် ဧည့်စာရင်း တိုင်စရာ မလိုဘူး။ ဒါ့အပြင် ပင်လယ်ထဲမှာလည်း ကြိုက်သလို ငါးရှာခွင့် ရအောင် ငါတို့ လုပ်ပေးမယ်ဆိုပြီး ပြောဆို စည်းရုံး လာပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စည်းရုံးလာသဖြင့် ရေလုပ်သားများသာမက တခြား အိမ်ထောင်စု စာရင်းဖြင့် ဧည့်စာရင်း တိုင်ကာ နေထိုင်သူများမှာပါ ယခုအခါ ကြံ့ဖွံ့ ပါတီထဲကို ၀င်ရောက်နေကြသည်ဟု သူက ပြောသည်။

“ ဧည့်စာရင်းတိုင်တဲ့ အလုပ်က ၁၅ ရက်တကြိမ် ရယက ရုံးကို သွားပြီး တိုင်နေရတော့ ကျောက်ဖြူမှာ လာနေတဲ့သူတွေက အလုပ်တစ်ခုလို ဖြစ်နေတာပေါ့။ ဒီလို အခွင့်အရေး ပေးလာတော့ အများစုက ဧည့်စာရင်း သွားမတိုင် ချင်ကြဘူးလေ။ ကြံ့ဖွံ့ပါတီက ကဒ်နဲ့ ဖြစ်စေ၊ ထောက်ခံစာ ဖြစ်စေ နေထိုင် လို့ ရတယ် ဆိုတော့ အဆင်ပြေအောင်နေထိုင်နိုင်ဖို့ ကြံ့ဖွံ့ ပါတီထဲ ကို လူတွေက ၀င်သွားကြတာ ဖြစ်ပါတယ်” သူက ပြောသည်။

ကျောက်ဖြူမြို့တွင် အလုပ် လာလုပ်ကြသော နေ့စား အလုပ်သမားများ၊ အလှပြင်ဆိုင်များနှင့် ရေလုပ်သမားများမှာ ရပ်ကွက်များတွင် အိမ်ဌား နေထိုင်ကြသော်လည်း ရေလုပ်သား အများစုမှာ သန်ပန်ချောင်းရပ်ကွက်တွင် နေထိုင်ကြသည်ဟု သိရသည်။

ကျောက်ဖြူမြို့တွင် ယခုအခါ တရုတ်မှ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း၊ ဂတ်စ်ပိုက်လိုင်းနှင့် လေယာဉ်ကွင်း တိုးချဲ့ရေး အပါအ၀င် အစိုးရ စီမံကိန်း အများအပြားကို တည်ဆောက်နေ သဖြင့် မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ်မှ လူပေါင်း ထောင်ချီ၍ လာရောက် အခြေချ နေထိုင်နေကြ သည်ဟု သိရသည်။

သတင်းရင်းမြစ်..နိရဉ္စရာ

10 October 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များ CRPP အတွင်းရေးမှူး ဦးအေးသာအောင် နေအိမ်သို့သွားရောက်ကန့်တော့သောဓာတ်ပုံမှတ်တမ်း







အမှတ်-(၃၇၃)အောက်ပုဇွန်တောင်လမ်း၊ ဗိုလ်တထောင် မြို့နယ်တွင် နေထိုင်သော ဦးအေးသာအောင်(CRPP)အတွင်းရေးမှူး အိမ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) များသွား ရောက်ကန်တော့ခဲခြင်းဓာတ်ပုံမှတ်တမ်း..။

ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူး တင်ရှိပါသည်။

Monthly Chronology of Burma's Political Prisoners for September 2010_Eng

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီရဲ့ သားသတ်ကောင်ပြန်ကြားရေးဝန်ကြီးလူပျက်ကျော်ဆန်း ပုလဲတွင် အရွေးခံ မည်ဖြစ်ကြောင်း သိရ


မုံရွာခရိုင်အတွင်း လွှတ်တော်အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် ၇၂ဦး ယှဉ်ပြိုင်မည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်အတွက် ပုလဲတွင် အရွေးခံ မည်ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ ၀င်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီတို့သည် မုံရွာခရိုင်အတွင်း မဲဆန္ဒနယ်အပြည့်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း..YGM

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ ရုတ်တရက် ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပွားမှုကြောင့် ပြည်သူတွေရဲ့ဒုက္ခပုံရိပ်..


မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ရေကြီးရေလျံမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ပုသိမ်ကြီးမြို့နယ် အတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ယခုကဲ့သို့ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့ အရုဏ်တက် ၁ နာရီဝန်းကျင်ခန့်တွင် တောင်ကျချောင်း ရေလျှံမှု စတင် ဖြစ်ပေါ်ခဲ့ပြီး နားဋောင်ကျချောင်းရေလည်း လျှံတက်ခဲ့ကာ ၄င်းချောင်းပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။နံနက် ၈ နာရီခန့်တွင် ရေလျှံမှု ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘေး ထုံးဘိုနှင့်ရွှေစာရံ အကြားရှိ ကျေးရွာများတွင် လူနေအိမ်ခြေများ အိမ်ခေါင်မိုးထိ ရေမြှပ်ခဲ့ပြီး ရေလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရှိ့သည်။


ရေကြီးမှု ဖြစ်ပွားစဉ်နှင့် ပတ်သက်၍ ကယ်ဆယ်မှုများ ပြုလုပ် ဆောင်ရွက်နေသူ တစ်ဦးက ''ည ၁၁ နာရီခွဲလောက်က စပြီး ကျေးရွာတွေကို လိုက်လံသတိပေးမှုတွေ ပြုလုပ်ပြီး ပြောင်းရွေ့ပေးတာတွေ လုပ်ပေးခဲ့တယ်။ ၁၂ နာရီ ၅၀ မိနစ် လောက်မှာတော့ ရေစတင်တတ်လာပြီး အမြင့်ဆုံးအနေနဲ့ ကားလမ်းအထက် လေးပေလောက် ရောက်ပါတယ်။အခုတခါ ဖြစ်စဉ်မှာလည်း ရေလုံးကြီးပြီး ရေစီးသန်သလို ဖြစ်ပွားချိန် ကြာမြင့်တဲ့ အတွက် အပျက်အစီး ဆုံးရှုံးမှုကို မပြောနိုင်သေးပါဘူး။လူအသေအပျောက်တော့ လောလောဆယ် မရှိပါဘူး။မြေပြန့်နားမှာတော့ ဆိုင်ကယ်ဖြတ်မောင်းလို့ ရေစီးနဲ့မျောပါသွားတာ ကယ်နိုင်ခဲ့တယ်။ဆိုင်ကယ်ကတော့ ခုထိ ရှာမတွေ့သေးဘူး''ဟု ပြောကြားခဲ့သည်။


''အခု ဖြစ်စဉ်မှာ နားဋောင်းကျချောင်း ၀န်းကျင်နဲ့ အနိမ့်ကျတဲ့ အပိုင်းတွေမှာ အများဆုံး ဖြစ်တာ။အခုတကြိမ် ဖြစ်ပွားအချိန်က ၇ နာရီလောက် ကြာပေမယ့် ဆည်ရေ လျှံတတ်လာပြီ ဆိုကတည်းက ကျေးရွာတွေကို လိုက်လံ သတိပေးနိုင်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါဘူး''ဟု ဆက်လက် ပြောကြားခဲ့သည်။ ယင်းသို့ ရေဘေးသင့်သူများအား ကူညီ စောင့်ရှောက်နိုင်ရန် အတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့်အတူ မန္တလေးမြို့မှ လူမှုကူညီရေး အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများက ကူညီလုပ်ဆောင်ပေးလျက် ရှိသူကိုလည်း တွေ့ရသည်။''ပထမအကြိမ်တုန်းကတော့ ရေဆင်းတာ မြန်တယ်။ ၂ နာရီအတွင်းမှာ အိမ်ထဲတွေမှာ ရေမကျန်တာ့ဘူး။ ရေဆင်းသွားပြီ။ အခုအကြိမ်မှာတော့ ညကတည်းက ရေက နေ့လယ်ပိုင်းထိ ကျန်နေသေးတယ်။ နောက်ပြီး ခုအကြိမ် ရေက လမ်းဘေးသစ်ပင်ကြီးတွေ အမြစ်ကနေ ကျွတ်ပါသွားတယ်။ဘာပဲဖြစ်ဖြစ် လိုက်ပြီး သတိပေးခဲ့တာ တော်သေးတယ် ပြောရမှာပဲ''ဟု ထုံးဘိုကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါသည်။ယင်းသို့ ဖြစ်ပွားခဲ့သော မန္တလေး-ပြင်ဦးလွင် ကားလမ်းမပေါ်တွင် တင်ကျန်နေသော ရွံ့နွန်များ၊ သစ်ပင်ကြီးများကို ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် ဒေသခံများက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။


နအဖ ရဲ့ ရွေးကောက်ပွဲ ကြီးမှာအမတ်ကို ကန့်ကွက်ချင်ရင် ငွေ (၁၀) သိန်း တင်ရမည်ဟု သိရ

လာမယ့်ရွေးကောက်ပွဲမှာ အမတ်အဖြစ် အရွေးချယ် ခံရတဲ့သူတွေကို မဲလိမ်တယ် တရာမမျှတမှု မရှိဘူး ဆိုပြီး ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်သူနဲ့ ကန့်ကွက်ခံရတဲ့သူ နှစ်ဦးစလုံးက တစ်ဦးကို တရားရုံး စရိတ်အဖြစ် ကျပ်ငွေ ၁၀ သိန်းစီ တင်ရမယ်လို့ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် နည်းဥပဒေ ပုဒ်မ ၉၆ မှာ ဖေါ်ပြ ထားပါတယ်။ဒါဟာ ကိုယ်စားလှယ်တွေကို အလွယ်တကူ ကန့်ကွက်လို့ မရအောင် လုပ်ထားတဲ့ သဘော ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

တကယ်တော့ ကန့်ကွက်ခံရသူက ပြန်လည် ခုခံချေပဖို့ပဲ ရှိတယ်လို့ သူမြင်တဲ့အကြောင်း၊ အခုတော့ ကန့်ကွက်သူဘက်က ၁၀ သိန်း တင်ရမယ် ဆိုတော့ ဒါဟာ ဘယ်လိုမှ တရား မျှတတယ်လို့ ပြောလို့မရနိုင်တဲ့ အကြောင်း၊ ဒီလိုကိစ္စတွေဟာ နိုင်ငံတော်က တာဝန်ယူပြီး လုပ်ရမယ့်ကိစ္စလို့ သူမြင်တဲ့အကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကို ရှင်းပြ ပါတယ်။

အခုလို နှစ်ဦးနှစ်ဘက်စလုံးက ၁၀ သိန်းစီတင်ပြီး ကန့်ကွက်ကြ၊ ချေပကြရမယ်ဆိုရင်တော့ တော်ရုံတန်ရုံ လူအနေနဲ့ ကန့်ကွက်ဖို့ အချက်အလက်ရှိနေတဲ့ တိုင်အောင် ဘယ်သူမှ ကန့်ကွက်နိုင်ကြတော့မှာ မဟုတ်လို့ ဒီဥပဒေဟာ နည်းလမ်းမကျဘူးလို့လည်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလိုဥပဒေပြဌါန်းထားလို့ ကန့်ကွက်တဲ့သူ နည်းသွားမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေးသမားတွေက ပြောဆို နေကြပါတယ်။

သတင်းရင်းမြစ်...ဘီဘီစီ

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီရဲ့သားသတ်ကောင် များမင်္ဂလာတောင်ညွန့်မြို့နယ်မှဘာသာရေးခုတုံးလုပ်၍ နိုင်ငံရေးအမြတ်ထုတ်မှုပြုလုပ်

ဖြစ်ပုံမှာ_ မင်္ဂလာတောင်ညွန့် မြို့နယ် ရောင်နသ်ဗလီ၏ရှေ့ဆောင်ဆရာ(မွတ်ဖသီ)ဦးအလီက(၈.၁၀.၂၀၁၀) သောကြာနေ့တွင် ၀တ်ပြု ဆုတောင်းရန်လာကြသော အစ္စလာမ် ဘာသာဝင် (၁၅၀၀) ကျော်တို့အား ၀တ်ပြု ဆုတောင်းမှု မပြုမှီ အချိန်တွင် ဘာသာရေး တရားများ မဟောကြားပဲ ဘာသာရေးနှင့် မသက်ဆိုင် သည့် နိုင်ငံရေး တရားများ ဟောပြော စည်းရုံးခဲ့မှုကြောင့် ၀တ်ပြု ဆုတောင်းရန် ရောက်ရှိ လာသော့ သူများက ယခုကဲ့သို ဘာသာရေးကို ခုတုံး လုပ်၍ နိုင်ငံရေးအရ စည်းရုံးခြင်းကို ကျေနပ်မှုမရှိသဖြင့် ရောင်နသ်ဗလီ ဂေါပကအဖွဲ့သို့ ဤကိစ္စအား ဖြေရှင်းပေးပါရန် သွားရောက် တိုင်ကြား ခဲ့ကြရာ ဂေါပကအဖွဲ့ မှ၎င်း ကိစ္စ အားပြေ လည်အောင် ဖြေရှင်းပေးခြင်းမရှိသဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တိုင်ကြား ခဲ့ကြသည်။

ဗလီဆရာ ဦးအလီ မှ ပြောကြားရာတွင်”မိမိတို့ အစ္စလာမ်ဘာသာဝင်များသည် လူနည်းစု ဖြစ်ကြောင်း၊ထို့ ကြောင့် အုတ်နံရံကို ခေါင်းနဲ့ တိုက်လို့ မရကြောင်း၊ယခု အခါ မင်္ဂလာတောင်ညွန့် မြို့ နယ်မှ မွတ်ဆလင် လုပ်ငန်းရှင် အချို့ ဖြစ်သော ဦးဇော်ဝင်း၊ ဦးလှသိန်း၊ ဦးကျော်သင်း သူတို့ က အမျိုးသား ဖွံဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ(N.D.P.D) ပါတီကို တည်ထောင်ထားပြီး အစ္စလာမ် ဘာသာဝင်များ၏ အကျိုးကို ဆောင်ရွက်မည် ဖြစ်ပြီး ၄င်း(N.D.P.D)ပါတီသည်ကြံ့ဖွတ်ပါတီနှင့် မဟာမိတ်ဖွဲထားကြောင်း၊ ထိုကြောင့် မိမိကိုယ်တိုင်သည်လည်းကြံ့ဖွတ်ပါတီ ကို မဲထည့်မှာ ဖြစ်ကြောင်းနှင့် မင်္ဂလာတောင်ညွန့် မြို့ နယ် မွတ်ဆလင် လူထုအနေဖြင့် လည်းကြံ့ဖွတ်ပါတီ ကိုပင်မဲပေးကြစေဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ၊ ဖြစ်ကြောင်း” ပြောဆိုသွားပါသည် ဟုဝတ်ပြု ဆုတောင်းသူများက ပြန်လည်ပြောကြားခဲ့ကြသည်။

ကျွန်တော် ဒီဗလီမှာ ပုံမှန် ၀တ်ပြု လာတာ အနှစ်နှစ်ဆယ်ရှိပါပြီး။ဒါပေမယ့်ဒီနေ့ လို ဘာသာရေးကို ခုတုံး လုပ်ပြီးနိုင်ငံရေး တရား ဟောတာ တခါမှ မရှိခဲ့ဘူးပါဘူး။ ဒီဗလီရဲ့ ကြော်ငြာသင်ပုန်းမှာလဲ ဗလီကို ၀တ်ပြုဆုတောင်းရန် လာသူများ နိုင်ငံရေး အကြောင်း မဆွေးနွေး၊ မဟောပြောဖို့ သတိ ပေးတားမြစ် ထားတာရှိပါတယ်။ ယခုလို ကြံ့ဖွတ်ပါတီ က လိုက်လံစည်းရုံးနေခြင်း များအား ရွေးကောက်ပွဲ ကော်မရှင် မှ မည်သို့ တားမြစ် ခြင်းမျိုးမပြုလုပ်သည်မှာ တရားဥပဒေ ကိုချိုးဖောက်ခြင်းသာဖြစ်ပါသည်.။ရွေးကောက်ပွဲ ကော်မရှင် မှ ထုတ်ပြန်ထားသော ဥပဒေ များသည် အလကားသာ ဖြစ်နေပေတော့သည်.။

မင်္ဂလာတောင်ညွန့် မြို့နယ်မှ ပြည်သူတစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်


DASSK

ပေးပို့ ပေးသော ကိုမောင်မောင်ဝမ်း အားကျေးဇူးတင်ရှိပါသည်.။

09 October 2010

မင်္ဂလာရှိသောသတင်းတပုဒ်မှာကဖြင့် စစ်အစိုးရ၀ါဒဖြန့် အနုပညာရှင်များအားလုံးကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီးတဲ့ရှင်.

ယမန်နေ့ညနေခင်း ရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှု ပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့်အတွက် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံး အောက်တိုဘာ ၇ ရက်တွင် ၎င်းအဖွဲ့ကို ဗီဇာအာမခံပေးခဲ့သူ ဘုန်းတော်ကြီးကိုယ်တော်တိုင်က မေတ္တာရပ်ခံ၍ မရသည့်အဆုံး ရှေ့နေများနှင့်တိုင်ပင်ပြီး အာမခံမှုကို တရားဝင် ရုတ်သိမ်းကြောင်း အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့ရသည်။

“ဒီနေ့မနက်ကတည်းက မေရီလင်းပြည်နယ်က အောက်လွှတ်တော်အမတ် Chris Van Holler ၊ အထက်လွှတ်တော်အမတ် Charles Schumer တို့ကိုယ်တိုင်က ကျနော်တို့ကို ခေါ်ယူပြီး မေးမြန်းစုံစမ်းတယ်။ ကျနော်တို့ကလည်း ဒီဂီတဖျော်ဖြေပွဲနဲ့ အမေရိကန်မြန်မာကွန်မြူနီတီရဲ့ ပဋိပက္ခတွေ၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်ရတာကို ပြောပြတာပေါ့နော်။ နောက်ဆုံး ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာတွေရဲ့ သဘောထား၊ ဗီဇာကို စပွန်ဆာပေးခဲ့တဲ့ ဆရာတော်ရဲ့ သဘောထားတွေကိုပါ ရှင်းပြတယ်။ အဲဒီနောက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပြောဆိုကြတာတွေ အပြီးမှာ သူတို့အားလုံးကို အမေရိကန်အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ P1 visa ပေါ့နော်၊ ဖျော်ဖြေရေးပြည်ဝင်ခွင့်ကို ဒီကနေ့မှာပဲ ရုတ်သိမ်းလိုက်ပြီဆိုပြီး အရေးယူလိုက်တယ် လို့ ကျနော့်ကို အကြောင်းကြားလိုက်ပါတယ်”

ဟု ယခုအရေးအခင်းတွင် မြန်မာမိသားစု အသိုင်းအ၀န်းများနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် ကိုညီညီအောင်က မိုးမခကို ပြောပြသည်။

ထိုသို့ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့်ကို ရုတ်သိမ်းလိုက်သည့်အတွက် ၎င်းတို့အားလုံးသည် တရားမ၀င်ဧည့်သည်များဖြစ် အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျင် ၎င်းတို့သည် တိုင်းပြည်မှ ချက်ခြင်း ထွက်ခွာကြရမည် ဖြစ်သည်။ မထွက်ခွာမီ ၎င်းတို့ရောက်ရှိရာတွင် ဒေသခံပြည်သူတို့က လက်မခံကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ဆိုင်ရာတို့က ထိန်းသိမ်းပြီး မူလနိုင်ငံသို့ ထွက်ခွာစေရန် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် ထိုကဲ့သို့ အရေးယူခံရသူများကို နောင်တွင် အမေရိကန်ပြည်ဝင်ခွင့်ကိုလည်း အချိန်အကန့်အသတ်ဖြင့် ပိတ်လိုက်ပြီဖြစ်သည်ဟု သိရသည်။



“ကျနော်တို့ လက်ခံရရှိတဲ့ စာတွေအရ သူတို့အနေနဲ့ ဇူလိုင် ၁၂ ရက်စွဲနဲ့ ခွင့်ပြုထားတဲ့ ဧည့်ဗီဇာကို အာမခံလျောက်ပေးခဲ့တဲ့ အဖွဲ့က အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ရုတ်သိမ်းကြောင်း တောင်းဆိုလာတဲ့အတွက် ဥပဒေနဲ့အညီ ထိုဧည့်ဗီဇာတွေကို ရုတ်သိမ်းလိုက်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ နံမည်စာရင်းတွေအရ - စိုးမိုး၊ မင်းမော်ကွန်း၊ ရဲလေး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းစုခိုင်သိန်း၊ အယ်လ်ဆိုင်းဇီ၊ ရေဘက္က၀င်း - အားလုံးပေါင်း ၁၀ ဦးစလုံးကို ဗီဇာရုတ်သိမ်းတယ်လို့ ရေးထားတယ်။ နံမည်ရင်းတွေနဲ့ ရေးထားတာကို ဖတ်ပြရရင် - Wyaw Min, Ye Tuk Min, D Myaing, May H Mu, Wyine Thein စတာတွေ ဖြစ်ပါတယ်။ ပြန်သွားပြီးသား လူတွေကိုကောပါ ဗီဇာရုတ်သိမ်းပြီး အရေးယူတဲ့ သဘောပေါ့နော်။ အမေရိကန်အစိုးရအနေနဲ့ အခုလိုမျိုး မြန်မာအမေရိကန်ပြည်သူတွေ ကိုယ်တိုင် အများစုက လက်မခံတဲ့ကိစ္စကို အစိုးရကိုယ်တိုင်လည်း လက်မခံဘူး ဆိုတာကို ပြသတဲ့ သဘောပါပဲ။”ဟု ကိုညီညီအောင်က ဖြစ်စဉ်ကို ပြောပြသည်။



ထိုသတင်းကို ကြားသိရသည့် ဆန်ဖရန်ဘေးဧရိယာနေ၊ အင်န်အယ်ဒီ (အဝေးရောက်နယ်မြေ) ၏ တာဝန်ခံတဦး ဖြစ်သူ ကိုတိုးလွင်က ၎င်း၏ သဘောထားကို ပြောကြားရာတွင် -“ဒီခရီးစဉ် စတင်ကတည်းက ကျနော်တို့မြန်မာကွန်မြူနီတီအတွင်းမှာ အချင်းချင်း ပြောဆို ဆွေးနွေးကြတာတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရ ကန့်ကွက်ဆန္ဒပြရတာတွေကို လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ မည်သူကိုမှ နစ်နာအောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မရှိပါဘူး။ အမေရိကန်မြန်မာတွေရဲ့ သဘောထား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ဒါတွေကို ဥပဒေနဲ့ အညီ စနစ်တကျ ရင်ဆိုင် တင်ပြနိုင်ခဲ့လို့ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့လို့ ပြီးတော့ စစ်အစိုးရကို နိုင်ငံရေးအရ ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒ ရပ်တည်ချက်တွေကြောင့် အခုလိုမျိုး အဖြေထွက်ပေါ်လာရတယ်လို့ ပြောချင်ပါတယ်”
ဟု ပြောဆိုလိုက်သည်။


မြန်မာစစ်အစိုးရသည် ၁၉၈၈ တွင် တိုင်းပြည်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပြီင်္းသည့် အချိန်မှ စတင်ပြီး မြန်မာပြည်တွင်းတွင် စာပေ စာနယ်ဇင်း ရုပ်ရှင် သဘင် ဂီတ မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့်အပြင် ၎င်းတို့၏ စစ်အာဏာရှင်ဝါဒဖြန့်ချိရေးအတွက် မီဒီယာကို ဘက်ပေါင်းစုံတွင် အသုံးချခဲ့သည်။ စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့် အနုပညာရှင်များကို မြန်မာပြည်တွင်းရှိ ပြည်သူများက အတိအလင်း ကန့်ကွက်ခြင်း မပြုနိုင်ခဲ့သော်လည်း ကျောင်းသားအရေးအခင်းများ ဖြစ်ပွားတိုင်း ကျောင်းသားများက ၎င်းအနုပညာရှင်များကို ထုတ်ဖော်ဝေဖန်ခဲ့ကြသည်များ ဖြစ်ပွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီး ပြည်ပတွင် မြန်မာပြည်သူအများအပြား ရွှေ့ပြောင်းနေထိုင်လာကြရာ ယခုအချိန်တွင် စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို ကန့်ကွက်ရှုတ်ချကြောင်း လှုပ်ရှားမှုများ မြန်မာပြည်ပတွင် ပထမဦးဆုံးအကြိမ် အတိအလင်း ဖြစ်ပွားခြင်းဖြစ်သည်။

ယခု ၂၀၁၀ နိုဝင်ဘာလတွင် စစ်အစိုးရ၏ တဖက်သတ် စိတ်တိုင်းကျ ချယ်လှယ်ထားသည့်အတွက် အတိုက်အခံနိုင်ငံရေး အင်အားစုများက ဆန့်ကျင်သပိတ်မှောက်ထားသော ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေချိန်တွင် အမေရိကန်ရှိ ပြည်ပရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်မှုများကို လက်မခံကြောင်း၊ ထိုအပြုအမူများကို အားပေးကူညီဆောင်ရွက်သည့် အနုပညာရှင်များကိုလည်း ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုတခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အခုလိုမျိုး အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ သဘောထားကို တယောက်တလက်၊ ကိုယ်ထူကိုယ်ထ ပြသနိုင်တဲ့အတွက်ကော၊ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ ကိုယ်တိုင်ကလည်း တရားသဖြင့် ရပ်တည်ပေးကြတဲ့အတွက်ကော၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကိုယ်တိုင်က ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။”ဟု သတင်းကြားသိရသည့် အယ်လ်အေမြန်မာကွန်မြူနီတီက ကိုကျော်က မိုးမခသို့ ပြောကြားသည်။

ပေးပို့ ပေးသော ကိုမောင်ရစ်အားအထူးကျေးဇူးတင်ရှိပါသည်.။

မဟာရန်ကုန် ရဲ့ မြို့တော်ဝန်ကနေ တိရစ္ဆာန်စိတ်နဲ့ လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ ပြည်သူအများရွံ့ရှာမှုရှိနေဆဲကြံ့ဖွတ်ပါတီရဲ့သားသတ်ကောင်အဖြစ်ခံယူလိုက်ခြင်း



နအဖ လက်ကိုင်ဒုတ် အောင်သိန်းလင်းဟာ မြို့ တော်ဝန်ဘ၀နဲ့  ပြည်သူပိုင်ဘဏ္ဍာငွေတွေကို ထင်တိုင်းကြဲ၊ ဘုံးရုံတင်မက ပြည်သူတွေကို အမျိုးမျိုးသောအကြောင်းတွေနဲ့  အေးဓါးမြတိုက်ကာ ကိုယ်ကျိုးစီးပွားချမ်းသာကြွယ်ဝနေတဲ့အပြင် ၊ငွေကိုရေလိုသုံးပြီးယခုလည်းနအဖရဲ့ရွေးကောက်ပွဲမှာ ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့ဘဲ၊ပြည်သူတွေကိုစည်းရုံးနေပါအုန်းမယ်။ထို့ကြောင့် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ် ကြံဖွတ်ရုံးအနီးမှာ ကြီးမားတဲ့ နေအိမ်တိုက်ကို ဆောက်လုပ်ခဲ့ကာ မကြာခင်က ပြောင်းရွှေ့ နေထိုင်ကြောင်း သိရှိရပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ်က တိုက်သစ်၊နေအိမ်အသစ်ကို ပြောင်းရွှေ့ ရတဲ့ သူရဲ့ ရည်ရွယ်ချက်ကတော့ လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ မှာ ကျင်းပမယ့် နအဖရွေးကောက်ပွဲအတွက် တောင်ဥက္ကလာပမြို့ နယ်တွင်း မဲအများအပြား ရရှိဖို့ အတွက် တောင်ဥက္ကလာပမြို့ နယ်ကြံ့ ဖွတ်ရုံးအနီးကနေ မဲဆွယ်ဆောင်ရွက်မှုတွေ အလေးပေးလုပ်ဖို့  ဖြစ်ကြောင်း သိရှိရပါတယ်။

တောင်ဥက္ကာပမြို့ နယ်နေ ပြည်သူအပေါင်းတို့ အနေနဲ့  ကြံ့ ဖွတ်အရေခြုံ ခွေးခြင်္သေ့ သားသတ်ကောင် တိရစ္ဆာန်စိတ်နဲ့ လူမျက်နှာတွေ အုပ်ချုပ်နေကြတဲ့ အောင်သိန်းလင်းကတော့ စားကျက်ပြောင်းလာပြီမို့  ရတဲ့နည်းနဲ့  ရှောင်ကြ၊ ရှာကြပါတော့ရှင်..။အထူးသဖြင့် အမျိုးကောင်းသမီးများ ပိုလိုတောင်ရှောင်သင့်ပါကြောင်း သတင်းပေးလိုက်ပါတယ်ရှင်..။

(သတင်းပေးပို့ လာသော မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

သံလျင်မြို့နယ်ရှိ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင် နေအိမ် အားအကြမ်းဖက်အနုကြမ်းစီးခံရ

သံလျင်မြို့နယ် ၊ ဓမ္မရောင်ခြည်လမ်းထဲမှာ ရှိတဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇနီးအိမ်ကို မနေ့ည(၁၀)နာရီကျော်ကျော်လောက်တွင်ထိုအိမ်အား စာရေးဆရာကြီး၏ အမျိုးသမီး ဒေါ်နီနီခင်အသက် (၇၅) နှစ်အရွယ် တယောက်တည်းရှိနေစဉ် အမျိုးသား ဟာ အိမ်အတွင်းသို့ဝင်ရောက်လာပြီ အဘွားအိမ်အား မီးပြုပြင် ပေးမည်ဆိုပြီး အနုကြမ်းစီးသွားတာလို့ သတင်းရရှိပါသည်.။

အနုကြမ်းစီးတဲ့ သူက အိမ်အတွင်းမွှေနှောက်ပြီး ငွေသားများကိုရှာဖွေကာမတွေ့သဖြင့် အဘွားအိုဆီမှ တောင်းရမ်းခဲ့သည်လိုလည်းသိရှိခဲ့ပါသည်။စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်၏အမျိုးသမီးအားထိုသူမှာ“ခေါင်းကို အုတ်ခဲကျိုးနဲ့ထု၊ လည်ပင်းလဲ ညှစ်၊ ပါးစပ်လဲပိတ်၊ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ် ခဲ့ပါသည်.။ကိုယ်ထိလက်ရောက်ပြုလုပ်ခံထားရသော အဘွားအိုမှာ ဘာမှပြန်မလုပ်နိုင်ဘဲ ရရှိထားသောဒဏ်ရာကြောင့်သတိမေ့သွားစဉ် ထိုသူလဲ ထွက်ပြေးသွားဟုသိရပါသည်။ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၏အမျိုးသမီး မှာသတိရရချင်း အိမ်းဘေးနားမှလူများအား အကူအညီ
လှမ်းတောင်းပြီး သူ၏ ဒဏ်ရာများကြောင့် အိမ်နီးနားခြင်းများက နီးစပ်ရာ သံလျင်ဆေးရုံသို့ ပို့ပေးခဲ့ပါသည်။ အဘွားအိုမှာအသက်အရွယ်ကလည်းကြီးနေသောကြောင့် စိုးရိမ်ရသည်ဟုလည်းသိရှိရပါသည်။ ယခုတွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောတွင် တက်ရောက် ကုသနေရသည်။ိုထိုသတင်းအား ထပ်မံဖော်ပြပေးပါအုန်းမည်။

အေးချမ်းသာယာ ပြည်မြန်မာဆိုသော နအဖ ရွှေစစ်သားအာဏာပိုင်တွေရဲ့လက်သုံးစကားကတော့ အပြောနဲ့
လက်တွေ့မှာတော့ တခြားစီဆိုသလိုပါဘဲရှင်.။ပြည်သူတွေရဲ့ အသက်အိုးအိမ်ဆိုတာ ကျီးလန့်စာစာ နေနေရတဲ့
မြန်မာပြည်ကြီးပါဘဲလား.။ပြည်သူရဲ တွေလဲ ဘယ်တွေရောက်နေပါသလဲ။ ညကင်းစောင့်တဲ့ လုံခြုံရေးသမားကြီး တွေလည်း ဘယ်ပွဲတွေကိုက်နေကြသလဲဆိုတာတော့ မသိရပါလားရှင်.။ကိုယ်အိမ်တည်းမှာနေရတာတောင် လုံခြုံမှု မရှိတဲ့ တိုင်းပြည်ကြီးပါလားလို့တောင် ပြန်မေးရတော့မည်လား။

တိုင်းပြည်ကြီး သာယာဝ ပြောသည်ဟု ဆိုတဲ့ စကားကြီးကတော့ စာတမ်းတွေ မှာဘဲရှိပါတော့ တယ်ရှင်.။တိုင်းပြည်မသာယာလို့ မဝပြောလို့ ယခုလို ကိုယ့် မိဘအရွယ် တွေကိုယ်လည်း စော်ကားပြီး လုယက်မှုတွေ၊ပေါသထက် ပေါနေခြင်းပါလားရှင်.။တခါမှလည်းယခုလိုလုယက်မှု၊လူသတ်မှုများအား အာဏာပိုင်တွေရဲ့ သတင်းဌာနများတွင် တရားဝင်ဖော်ပြခြင်းမရှိခဲ့ပါဘူး။မရှောင်ယာတွေဆီလူးနေမည့် အစား ပြည်သူတွေအတွက် တကယ်လိုအပ်ချက်တွေသာ ဖြည့်စည်းလို့နေပါတော့လားရှင်..။

သတင်း ပေးပို့ ပေးသော မိတ်ဆွေအား ကျေးဇူးတင်ရှိပါသည်။

08 October 2010

၂၀၁၀ ခုနှစ် - နိုဘယ်ငြိမ်းချမ်းရေးဆုကိုတရုပ်လူမျိုးLiu Xiaobo ရရှိသွားပါသည်.။





၂၀၁၀ ခုနှစ် - နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိသူ တရုတ်အမျိုးသား Liu Xiaobo ဖြစ်ပါတယ်။ Liu Xiaobo ဟာ လူ့ အခွင့်အရေးနဲ့  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။

Liu Xiaobo ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထဲမှာ တရုတ်အစိုးရက ထောင်ဒဏ် ( ၁၁ )နှစ် ချမှတ်ခံခဲ့ရပါသည်။Liu Xiaobo ဟာ ၂၀၀၄ ခုနှစ်မှာ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆုကိုလည်း ရရှိခဲ့ပါသေးတယ်။




ဓာတ်ပုံ..AFP

န အ ဖ ရွေးကောက်ပွဲ ကော်မရှင်အား ရုပ်သံမှ ဟောပြောခွင့် တစ်သီးပုဂ္ဂလအမတ်လောင်းများ တောင်းဆို

နိုင်ငံရေး ပါတီများနှင့် တန်းတူအခွင့်အရေးအဖြစ် ရုပ်သံမီဒီယာများမှ ဟောပြောစည်းရုံးခွင့် ရရန်ရွေးကောက်ပွဲကော်မရှင်ထံ တစ်သီး ပုဂ္ဂလအမတ်လောင်းများက တောင်းဆို မည်ဖြစ်ကြောင်း သိရသည်။

တစ်သီးပုဂ္ဂလအမတ်လောင်း များမှာ လွှတ်တော်သုံးရပ်လုံးတွင် ၀င်ရောက် အရွေးခံမည်ဖြစ်ပြီး အမတ်လောင်း ၁၀၀ခန့် ရှိကာ စတုတ္ထအများဆုံးဖြစ်၍ ယင်းသို့ တောင်းဆိုခြင်းဖြစ်ပြီး ရုပ်သံမီဒီယာများမှ စည်းရုံးခွင့်မရပါက များစွာနစ်နာမှုရှိ ကြောင်း သိရသည်။

''တစ်သီးပုဂ္ဂလကလဲ အင်အား များပါတယ်။ ကိုယ်စားလှယ်ရာခိုင်နှုန်းနဲ့ တွက်ရင် စတုတ္ထအများဆုံးပါ။ လွှတ်တော် သုံးရပ်လုံးမှာ ၀င်ပြိုင်မှာဖြစ်လို့ ကျွန်တော် တို့ကို လျစ်လျူမရှုသင့်ဘူး။ တန်းတူအခွင့် အရေးတော့ ပေးသင့်တယ်။ ရုပ်သံက စည်း ရုံးမှုက ပိုပြီးထိရောက်မှုရှိလို့ ကျွန်တော်တို့ အတွက် အများကြီးနစ်နာပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့အချင်းချင်းတိုင်ပင် ပြီး လုပ်ဆောင်တာပါ''ဟု တစ်သီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာစိုးနိုင်ကပြော သည်။

ရုပ်သံမီဒီယာများမှ ဟောပြော ခွင့်ရရန် တစ်သီးပုဂ္ဂလအမတ်လောင်း ၁၅ ဦးက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ တောင်းခံခြင်းဖြစ်ပြီး တစ်သီးပုဂ္ဂလများ အားလုံးကိုယ်စား ကိုယ်စားလှယ်တစ်ဦးကို ဟောပြောခွင့်ပြုပါက မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးပါတီများအား ၁၅မိနစ်ဟောပြော ခွင့်ပြုထားရာ ယင်းတို့အား ၁၀မိနစ်ခန့် စည်းရုံးဟောပြောခွင့်ပြုက လက်ခံမည်ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၃၇ပါတီအား စက်တင်ဘာ ၁၄ရက်တွင် ရုပ်သံမီဒီယာများမှ စည်းရုံး ဟောပြောခွင့်ပြုကြောင်း သတင်းထုတ် ပြန်ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ စက်တင်ဘာ ၂၄ရက်တွင် စတင် စည်းရုံးဟောပြောခဲ့ကာ ယင်းနေ့မှစ၍ နိုင်ငံရေးပါတီများအလှည့်ကျဟောပြော စည်းရုံးလျက်ရှိကြောင်း သိရသည်။


သတင်း...YGM