08 June 2010

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရေအောင်ပွဲ


ရေအောင်ပွဲ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေတိုစီမံကိန်းဖြစ်သော သောက်သုံးရေ လှူဒါန်းခြင်း အပြင် ရေရှည်စီမံကိန်းဖြစ်သော အ၀ီစိတွင်းရေ တူးဖော်ခြင်း လုပ်ငန်းများကို မြို့ခံ၊ နယ်ခံ၊ ရွာခံ ပြည်သူလူထုနှင့် ပူးပေါင်းပြီး ရေဒုက္ခသည်များထံသို့ ပံ့ပိုးမှုများ လုပ်ခဲ့ရာတွင် ယခု ပဲခူးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနှင့် ခနာကျေးရွာတို့တွင် အ၀ီစိတူးဖော်ခြင်းလုပ်ငန်းကို ပြုလုပ်ခဲ့ရာ ၆.၆.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် သုံးရေများ အောင်မြင်စွာဖြင့် အခက်အခဲများကြားမှ တူးဖော်ရရှိ ခဲ့ပါသည်။

ယင်း တူးဖော်ရရှိသော ရေများသည် သောက်သုံးရန် သင့်/မသင့်ကို ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပါသည်။

အများပြည်သူအတွက် … အများပြည်သူကောင်းမှုတော်အတွက် သာဓု ခေါ်ဆိုနိုင်ပါစေ သတည်း . . . . ။

ပေးပို့ ပေးသော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.။

မုံရွာဈေးကြီးမီးလောင်၊ ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံးရုပ်သံမြင်ကွင်း

စစ်အာဏာရှင်တွေပြောနေတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးပါဘဲလား...

မြန်မာနိုင်ငံစာနယ်ဇင်း ( ၀ါ ) သတင်းအမှောင်ချရေးကော်မတီဝင်များခင်ဗျာ

စာနယ်ဇင်းသမားဆိုသည်မှာတိုင်းသူပြည်သားများအလင်းပြသူများဖြစ်ပါတယ်။ယနေ့မြန်မာနိုင်ငံမှစာနယ်ဇင်း
သမားတို့သည် အဆိပ်နှင့်တူသော မဟုတ်မမှန်သတင်းများကိုဖြန့်ချီ ၍ ပြည်သူများ၏ မျက်လုံးကန်းအောင်
ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

စာပေသမားဟူသည်မိမိရေးသောစာပေါ်တွင်သစ္စာတရားရှိရသည်ဟုစာပေပညာရှင်များပြောကြားလေ့ရှိသည်
ကို ပညာရှင်များထံ ကြားနာခဲ့ဘူးပါသည်။

ယနေ့တွင် တိုင်းသူပြည်သူများအတွက် အရေးပါ၍စစ်မှန်သော သတင်းများကို သာ ဖော်ပြရမည့်အစား ပြည်သူများအား မဟုတ်မမှန်လုပ်ကြံသတင်းများသာ သင်တို့၏စာနယ်ဇင်း ဂျာနယ်များပေါ်တွင်
ဖော်ပြထားသည်မှာလည်း သင်တို့ အသိဆုံးပင်ဖြစ်ပါသည်။


သင်တို့၏ သတင်းစာ ၊ ဂျာနယ်များပေါ်တွင် တိုင်းပြည်တိုးတက်နေပါသော်လည်း လက်ရှိပြင်ပတွင် ၉၀% သော ပြည်သူများသည်စားဝတ်နေရေး အတွက် လွန်စွာ ရုန်းကန်နေရသည်ကို သင်တို့လည်းသိပါပေသည်။
သတင်းစာကိုင်လျှင်ဓါတ်လိုက်နိုင်သည်ဟု အများပြောဆိုသည်မှာ လည်း လွန်သည်ဟု မဆိုသာ။

တိုင်းပြည်အတွက် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများ အကြောင်းကို ဖော်ပြထားကြသည်မှာ အားတက်စရာကောင်းလှသော်လည်းအကယ်အဖြစ်အပျက်တွင်ကား ထိုစီမံကိန်းများမှ ၁၀%ခန့်ပင် လျှပ်စစ်ဓါတ်အားမထုတ်လုပ်နိုင်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။

လက်ရှိအစိုးရ၏အဓိကစီမံကိန်းမှာနူးကလီးယားထုတ်လုပ်ရေးမှန်း စာပေပညာရှင်များကိုအသာထား လမ်းဘေး
က ဆိုက်ကားသမား ပင်သိသာပါသည်။ထိုစီမံကိန်းကြောင့် တိုင်းပြည်၏ဘဏ္ဍာငွေများမှာ ပြည်သူများအတွက်
အသုံးမချနိုင်ဘဲ အကျိုးမရှိကုန်ဆုံးခဲ့ကြသည်။

ထိုသို့သော သတင်းများကိုဖုံးကွယ်၍အစိုးရအလိုကျမဟုတ်မမှန်လုပ်ကြံသတင်းများကိုသာဖော်ပြနေသည်မှာ
လည်းပြည်သူအားလုံးအသိပင်ဖြစ်သည်။မြန်မာပြည်တွင်လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သောအရင်းအမြစ်များ
စွာရှိပါသည်။လက်ရှိအစိုးသည် နူးကလီးယားစီမံကိန်းမှ၃၀%သောကုန်ကျစရိတ်များကိုအသုံးပြု၍လျှပ်စစ်ဓါတ်
အား ထုတ်လုပ်မည်ဆိုပါက တနိုင်ငံလုံး မှ ပြည်သူများစိတ်ချမ်းသာရမည်ဖြစ်သည်။ကျွန်ူပ်တို့တိုင်းပြည်၏အခြေခံလိုအပ်ချက်များ ကို အုပ်ချုပ်သူ အစိုးရများအား ကလောင်စွမ်းအားဖြင့်ဖော်ထုတ်ရန် ကြိုစားသင့်ပေသည်။

ယခုလက်တလောဖြစ်ပွားနေသာအခြေနေကိုကြည့်လျှင်လွန်စွာသိသာလှပါသည်။ကိုကျော်သူသည်အများ
ပြည်သူများ၏ဒုက္ခကိုသူတတ်နိုင်သည့်ဘက်မှကူညီဖြေရှင်းနေသောသူဖြစ်ပါသည်။မထက်ထက်မိုးဦးသည်လည်း နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဖြစ်ပါ၏။သို့သော မည်သူ၏ သတင်းကို ဖော်ပြလျှင် ပြည်သူများ အကျိုးရှိမည် ထင်ပါသနည်း။

စာပေပညာရှင်ဟု အမည်တတ်ကာ ကလောင်ကိုင်၍ အသက်မွေးနေသူများ အတွက် အထူးအထွေ စဉ်းစားစရာပင် မလိုပါ။

ကျွန်ူပ်သည် မည်သူ၏ဘက်မှ လိုက်ခြင်းမဟုတ် ။ မှန်ရာကိုဆိုရလျှင် မထက်ထက်မိုးဦး သတင်းသည် အထူးအထွေ ဖော်ပြရန်ပင် မလို။


လူတိုင်း၌အမှားရှိကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။မထက်ထက်မိုးဦးကိုသတင်းထောက်အမျိုးသမီးမေးသော
မေးခွန်းများသည်လွန်စွာရိုင်းလွန်းအားကြီးကြသည်သူကိုယ်တိုင်ပင်လျှင်အမျိုးသမီးတဦးဖြစ်ပြီမိခင်တဦးဖြစ်လာ
မည့်သူပင်ဖြစ်သည်.။မိခင်မေတ္တာသည်ဘယ်လိုအမျိုးသမီးတိုင်းပင်လျှင်မဆိုရှိကြတာလူတိုင်းအသိပင်ဖြစ်ပါ
သည်.။

ရင်သွေးလိုချင်၍ အသက်နှင့်ရင်းကာ ကိုယ်ဝန်ဆောင်ထား သော မိန်းမတယောက်၏ မိခင်မေတ္တာကို စော်ကား
ခြင်းပင်ဖြစ်သည်။ မိမိတို့၏ မိဘမတ္တာကို စော်ကား ခံရလျှင်လည်း လူတိုင်းဒေါသထွက်ကြမည်ဟု ကျွန်ူပ်ယုံကြည်မိပါသည်။

ထင်ပေါ်ကျော်ကြားသော အနုပညာရှင်ဖြစ်သော်လည်း လူသားမိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် စာနာစိတ်များဖြင့်မေးမြန်းကာရေးသားဖော်ပြသင့်သည်။

ကိုကျော်သူသည် နာရေးကူညီမှု အသင်းကိုဖွဲ့ကာ ဒုက္ခရောက်နေသော သူများကို ကူညီနေသော လူကောင်းတစ်ဦးပင်ဖြစ်သည်။

သူ၏စိတ်ဓါတ်နှင့်လုပ်ရပ်များသည် လူတိုင်းအားကျ အတုယူစရာကောင်းလှသည်။ ပြည်သူများ၏
အားကျကာ စံနမူနာ ယူသင့်သည့် လူတော် လူကောင်းတစ်ယောက်အကြောင်းကို ဝေေ၀ဆာဆာ ဖော်ပြသင့်သည်။

သို့မှသာ တကယ်ဒုက္ခရောက်နေသူများကို ကူညီရာတွင် လုပ်အား ငွေကြေးအစရှိသည်တို့ကို အများပြည်သူနှင့်
လက်တွဲကာ ပိုမိုထိရောက်သော နည်းလမ်းများနှင့် ကူညီဖြေရှင်းနိုင်မည်ဖြစ်သည်။


ပြည်သူများ၏ဒါနကို တကယ်လိုအပ်သော နေရာများတွင် ကိုယ်ကျိုးမဖက် တိုင်းပြည်အကျိုးအတွက် လုပ်ဆောင်နေသည်မှာ လည်း အားလုံးအသိပင်ဖြစ်သည်။


သို့သော မည်သည့်သတင်းစာ ၊ဂျာနယ် ၊မဂ္ဂဇင်းများပေါ်တွင်မှ မဖော်ပြကြသည်ကို ကြည့်ခြင်းဖြင့် စာပေပညာရှင်များ အဖွဲ့၏လုပ်ဆောင်ချက်ကား သိသာထင်ရှားလှသည်။

ဘာသာရေးဘက်ကကြည့်ပြန်လျှင်လည်းမြန်မာလူမျိုးတို့တကယ်တန်ဖိုးထားဗုဒ္ဓဘာသာကွယ်ပျောက်မည့်အရေး
ကို စိုးရိမ်သောကြောင့် တနိုင်ငံလုံးလှည့်လည်ကာ စစ်မှန်သောဗုဒ္ဓဘာသာဝင်များ ပေါ်ထွန်းရေးအတွက်
အားသွန်ခွန်စိုက်ကြိုးစားနေရှာသော သာသနာ့အာဇာနည် ဆရာတော် ဦးသုမင်္ဂလအကြောင်းကို
မည်သူတစ်ဦးတစ်ယောက် ရေးသားဖော်ပြခြင်းမရှိကြပေ။

ဆရာတော် သည် မြန်မာလူမျိုးတို့ အရိုးစွဲနေပြီဖြစ်သော မှားယွင်းသော အထုံဓလေ့များ ကို
အမှန်ပြင်နိုင်ရန်တနိုင်ငံလုံးလှည့်လည်၍ တရားပြနေရရှာသည်။ဆရာတော်၏ ဟောပြောချက်များသည် အလွန်ရိုးရှင်းကာပွင့်လင်းစွာ မှန်ရာကို ပြောဆိုခြင်းကြောင့် လူအများကလေးစားမြတ်နိုးကာစစ်မှန်သော
သာသနာတရပ် ပေါ်ထွန်းလာအောင် စွမ်းဆောင်မည့် သာသနာ့အာဇာနည် တပါးအနေနှင့် ရေးသားဖော်ပြသင့်ပေသည်။

သို့သော် လက်ရှိအစိုးရသည် ပြည်သူများ အမြင်မှန်ရမည်ကို လွန်စွာစိုးရိမ်လျှက် ဆရာတော်၏ တရားပွဲများကို လိုက်လံပိတ်ပင်နှောက်ယှက်လျှက်ရှိသည်။

မဟုတ်တာ၊မမှန်တာ များနှင့်ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ နိုင်ငံတော်ဘဏ္ဍာငွေများကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချကာ အာဏာယစ်မူးနေသောလက်ရှိစစ်အစိုးအတွက်တော့ အမှန်တရားကိုပြောကြားခြင်းသည် နိုင်ငံရေးဟုပင်ထင်မှတ်နေပေလိမ့်မည်။

ယခုလည်းစစ်ဝတ်နှင့်နှိပ်စက်ရတာအားမရသောကြောင့်အရပ်ဝတ်နှင့်ထပ်မံနှိပ်စက်ရန်အသွင်ကူးပြောင်းနိုင်ရေး
ကို ကြိုးစားလျှက်ရှိသည်။၎င်းတို့သည်တိုင်းပြည်ဘဏ္ဍာငွေများကိုအကျိုးမရှိသော ရင်းနှီးမြုပ်နှံမှုများတွင် အသုံးပြုနေသည်ကိုပြည်သူများသိအောင် ထုတ်ဖော်ရေးသားသင့်ပေသည်။

ပြည်သူများ၏ဒုက္ခကိုသုခနှင့်လိုအပ်ချက်ကိုသိပါလျှက်မဖော်ပြခြင်းသည်စာပေတာဝန်ကျွေပြွန်ပေ။ ထို့ကြောင့် စာပေသမားဟု မယူဆနိုင်။

တိုင်းသူပြည်သားများအားကလောင်စွမ်းဖြင့်ဒုက္ခပေးရက်ကြသောသင်တို့အားစာပေပညာရှင်များဟုကိုယ်ကို
ကိုယ်သမုတ်ထားကြသည်မှာလည်းရှက်ဖွယ်ကောင်းလှသည်။မိန်းမတစ်ယောက်၏အိမ်တွင်းရေးစော်ကားဝေဖန်

ကာ ၀ိုင်းဝန်းပုတ်ခတ်ကြသော စာပေပညာရှင်များ ကကော အဘယ်မျှလောက်ကိုယ်ကျင့်သိက္ခာတည်ကြည်
ကြပါသနည်း။

ထိုသို့အရှက်မရှိ ကိုယ်ကျင့်သိက္ခာမကောင်းသော အဖွဲ့အစည်းမှ မိမိကိုယ်မိမိစာပေပညာရှင်ထင်မှတ်ကာ
လက်ရှိအစိုးရ၏ ပါးစပ်တွင်း ဥပဒေများကို အဖိုးတန်သော စာရွက်များပေါ်တွင် ရေးသားရိုက်နှိပ်ထုတ်ဝေခြင်း
မှာ လွန်စွာ နှမြောစရာကောင်းလှပေသည်။


ပြည်သူများအတွက် အဆိပ်အတောက် အကျိုးမရှိအတင်းအဖျင်း စာပေများ ရေးသားထုတ်ဝေမည့်အစား ထိုစာရွက်များ၏အရင်းမူလ ၀ါးပင်လေးကို သဘာဝအတိုင်းထားသည်ကမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိနိုင်ပေသည်။


မည်သို့ပင်ဖြစ်စေ အမှားကို သိ၍အမှန်ကိုပြင်ကာ တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်နိုင်သော စာပေပညာရှင်များ အဖြစ် ပြည်လည်မြင်တွေ့နိုင်ပါစေလို့မျှော်လင့်လျှက်


ညဏ်လင်းထက်

ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက်ဖ ဟာမိုနီဆားဗစ်ဆက်ကုမ္ပဏီရဲ့Managing Director ဦးပီတာညွှန့်မောင်ထံသို့ ဂျပန်ကုမ္ပဏီမှ အကြွေးတောင်းစာ မြန်မာ၊ဂျပန်....

မြန်မာပြည်မှာ မတန်တဆဈေးနဲ့ ငွေတွေလက်ခံပြီး ယူပါတယ်။ ထွက်ပြေးရင် သိန်း၃၀ပေးရမယ် .. ဆိုပြီး စာချုပ်ချုပ်ပါတယ်။ အခု ဂျပန်ကုမ္ပဏီက ငွေတွေ ပြန်တောင်းနေပါပြီ။ သူတို့က အစစအရာရာ အကုန်ခံပြီးခေါ်ရတာလေ.. မြန်မာပြည်မှာလိုတော့ ဗိုလ်ချုပ်အာဏာပြလို့ မရပါ...။


peter nyunt mg

peter nyunt mg2

ဥပဒေရဲ့ အထက်မှာ ဗိုလ်ချုပ်တွေပဲရှိရမယ်...

ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့ သားတစ်ယောက်မှ လူတစ်ယောက်ကို ကားမတော်တဆဖြစ်ပြီး သေဆုံးစေခဲ့တာ သိကြမယ် ထင်ပါတယ်။ အဲဒီအချိန်တုန်းက သူတို့ မိသားစုတွေဟာ သူတို့ရဲ့ ဆွေမျိုး ဟာမိုနီ သိန်းထွန်း မှတဆင့် အနော်ရထာလမ်းက ရွှေဆိုင်မှာ အမေရိကန် ဒေါ်လာတွေ ရောင်းခဲ့ပါတယ်။ သူ့မိသားစုဟာ ကွယ်လွန်သူ မိသားစုတွေအတွက် အခန်းတစ်ခန်း နှင့် ငွေအချို့ပေးခဲပါ့တယ်။ ဒါကြောင့်ဘဲ ဒီကားတိုက်သေဆုံးမှု ဟာပျောက်ကွယ်ခဲ့ရပြီး ကားတိုက်မှုဖြစ်တဲ့ ဒီ Mark 2 ကားကိုလည်း လဲခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဆိုတဲ့ ပါဝါ နဲ့ ငွေ ကြောင့် ကားတိုက်မှု ဖြစ်တဲ့ လူသတ်တရားခံနဲ့ ဥပဒေ ပျောက်ကွယ်နေရပါပြီ။

ပေးပို့လာသူ အတွင်းသိ အားကျေးဇူးတင်ပါသည်။

၅ လွှာတိုက်ခန်းတစ်ခုတွင်နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေမရ၍ ရေဘားတက်ကြည့်စဉ် ပြုတ်ကျသေဆုံးမှု ကြည်မြင်တိုင်မြို့နယ်တွင်ဖြစ်ပွား

ကြည်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ကောင်းမြတ်သူအိမ်ရာတစ်ခု၏ ၅ လွှာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးမှာ ရေတင်ထားသော်လည်း ရေရရှိမှုမရှိခြင်းကြောင့် အဆိုပါရေဘားအား သွားရောက်ဖွင့်နေစဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ကို ဇွန်လ ၆ ရက် နေ့ ညနေ ၄ နာရီ ၂၀ ၀န်းကျင်အချိန်ခန့်တွင်ဖြစ်ပွားခဲ့ပြီး သေဆုံးသည့်အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း မိ သားစုအသိုင်းအ၀ိုင်း၏ ပြောကြားချက်အရ သိရှိရသည်။

"အဲဒီနေ့က မီးက ၁၂ နာရီမှာ လာတယ်။ ရေမရှိတော့ ရေတင်ထားတယ်။ ညနေ ၄ နာရီ ၂၀ လောက်တွင် တင်ထားတဲ့ရေက အပေါ်ကိုမရောက်လို့ အစ်မက နောက်ဖေးမှာရှိတဲ့ ရေဘားကို သွားကြည့်နေချိန်မှာ သူနင်းထားတဲ့ သစ်သားကျိုးကျပြီး ပြုတ်ကျသေဆုံးခဲ့တာပါ။ ၅ လွှာကနေ မြေညီထပ်မှာရှိတဲ့ ခေါင်မိုးပေါ်မှာတဆင့် အောက်ကိုပြုတ်ကျပြီးသေဆုံးခဲ့ပါတယ်"ဟု သေဆုံးခဲ့သူ၏ မိသားစုဝင်တစ်ဦးကပြောကြားခဲ့ပါသည်။

ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာမှ သေမှုသေခင်း ၃/၂၀၁၀ ဖြင့် အမှုဖွင့်လှစ်ထားပြီး ပီအာရ် ၀၀၅ ဖြစ်ကြောင်း news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။



ဒို့ နိုင်ငံတော်ကြီးခမျာ ဆေးရုံ ဆေးခန်း ဆေးသိုလှောင်ခန်း တွေမှာမီးအပြည့်အ၀မပေးနိုင်ရှာတော့ပါလား..

ရန်ကုန်တိုင်းအတွင်း နှစ်စဉ် ထိုးပေးနေသော ကာကွယ်ဆေးများ ကိုထားရှိထားသည့် အအေးခန်း၊ ဆေးသိုလှောင်ခန်းများလျပ်စစ်မီး ပုံမှန်ရရှိမှုမရှိခြင်းကြောင့် ဆေးအရည်အသွေးနှင့် အာနိသင်များလျော့ကျမှု မရှိစေရန်အတွက် ယင်းအခန်းများကို ရေခဲများဖြင့် အအေးအပြည့် အ၀ရရှိရန် ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်း၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါသည်။


တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကို နှစ်စဉ်ထိုးပေးနေသည့် ကာကွယ်ဆေးများမှာ ဦးနှောက်တီဘီ ကာကွယ်ဆေး၊ စိုစွတ်ကြက်ညှာချောင်းဆိုး မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ ကာကွယ်ဆေး၊၀က် သက်ရောဂါကာကွယ်ဆေး၊ ကိုယ် ၀န်ဆောင်မေးခိုင် ကာကွယ်ဆေးများကို ယခင်နှစ်များက တစ်နှစ်ပတ်လုံး သက်ဆိုင်ရာမြို့နယ်များရှိ ကျန်းမာရေး ဒေသန္တရများတွင် ကာကွယ်ဆေး ထိုးပေးနေရာမှ လျှပ်စစ်မီးအခက်အခဲများကြောင့် အအေးခန်းထိန်း ချုပ်မှုအခက်အခဲရှိနေသဖြင့် ယခု နှစ်မှစတင်၍ လတစ်လ၏ ပထမအပတ်အတွင်း၌ ကာကွယ်ဆေးများ ထိုးပေးနေရကြောင်း သိရှိရသည်။


'' ကာကွယ်ဆေးအားလုံးက အအေးအပြည့်အ၀ရရှိဖို့ လိုအပ်တယ်။ တချို့မြို့ပေါ်တွေကတစ်နေ့ ကိုရှစ်နာရီမီးရရှိမယ်ဆိုရင် အအေးအပြည့်အ၀ ရနိုင်တယ်။ တချို့နေရာတွေ မှာဆိုရင်တော့ လျှပ်စစ်မီးအခက်အခဲရှိလို့ ဆေးတွေထားတဲ့ အခန်းတွေမှာ ဆိုရင်ရေခဲတွေဝယ်ပြီးတော့ အအေး အပြည့်အ၀ရအောင်လုပ်ထားတယ်။ အရင်နှစ်တွေကဆိုရင်ကာကွယ်ဆေး ကိုတစ်နှစ်လုံးအလှည့်နဲ့ ထိုးပေးတယ်။ အခုဆိုရင် ကာကွယ်ဆေးတွေက အအေးလမ်းကြောင်း ထိန်းချုပ်မှုအရေးကြီးလို့ လတစ်လရဲ့ပထမအပတ်မှာ ဆေးထိုးပေးပါတယ်။ မိခင်နဲ့ကလေးတွေကလည်း ဆေးထိုးပေးတဲ့ ရက်ကာလအတွင်းမှာ လာပြီးကာကွယ် ဆေးထိုးဖို့ အရေးတကြီးလိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်း ကူးစက်ရောဂါနှိမ်နင်းရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။


ယခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း၌ မွေးကင်းစမှ တစ်နှစ်အောက် ကလေးငယ် တစ်သိန်းလေးသောင်း ၀န်းကျင်နှင့် ကိုယ်ဝန်ဆောင်မိခင် တစ်သိန်းငါးသောင်း ၀န်းကျင်ကို ကာကွယ်ဆေးများ ထိုးပေးသွားမည် ဖြစ်ကြောင်း news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

07 June 2010

မြ၀တီနယ်စပ် ဂိတ်တွင် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်မည့် သံဃာတော်တပါး ဖမ်းဆီးခံရ။

မေလ ၂၆ ရက်နေ့နံနက် အစောပိုင်းက ရဟန်းဘွဲ့အမည် ဦးတိလောက (ခ) နိုင်လင်းဦးသည်မြ၀တီ ကုန်သွယ်ရေးဇုံရှိစစ်ဆေးရေးဂိတ်တွင်အဖမ်းခံရကြောင်းကြားသိရသည်။သက်ဆိုင်ရာနယ်မြေခံထောက်လှမ်းရေးများနှင့်ရဲ များမှ မြ၀တီရဲစခန်းသို့ ခေါ်ဆောင်သွားပြီးစစ်ဆေးရာတွင် နိုင်ငံရေးဆိုင်ရာစာရွက်စာတမ်းများ၊” မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ“ စတစ်ကာများ၊ နှင့် ကွန်ပြူတာလက်တော့တလုံး ဖမ်းဆီးမိကြောင်းကြားသိရသည်။

ဦးတိလောက ( ခ ) နိုင်လင်းဦးမှာ ရဟန်းဝါ ( ၇ )၀ါ၊ အသက် ( ၂၇ )နှစ်ရှိပြီး အဖဦးစောဝင်းအမိ ဒေါ်ရင်ဌေး တို့မှ ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဿလင်ကျေးရွာအုပ်စု တွင်နေထိုင် ကြောင်း သိရသည်။

ဦးတိလောက သည် မြန်မာ ပြည်ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ရန် မဲဆောက်မြို့ မှ ထိုနေ့ မနက်ပိုင်း တွင် မြ၀တီ မြို့ သို့ ထွက်ခွာသွား ကြောင်း နီးစပ်သူ များ က ပြောပြသည်။

၎ ရက်နေ့တွင် ပုဒ်မ ၁၃/ ၁ လ၀က မှုဖြင့် ဘားအံ့မြို့ ရဲစခန်းတွင်အမှုဖွင့်ခဲ့ကြောင်းကို မြ၀တီအာဏာ ပိုင်များနှင့် နီးစပ်သော စီးပွားရေးသမားတဦးမှ ပြောသည်။

မေလ ( ၃၀ ) ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် နိုင်ငံ( ၇ )နိုင်ငံမှ ဗုဒ္ဒဘာသာ ရဟန်းသံဃာတော် များနှင့် ထိုင်းဗုဒ္ဒဘာသာအဖွဲ့ အစည်းတခုမှ ဦးပြီး အင်အား ၃၀၀ ခန့် UNHCR ရုံးရှေ့မှ မဲဆောက် ပန်းခြံသို့ ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်လမ်းလျောက် ရာတလျောက်တွင်“ မြန်မာပြည်ငြိမ်းချမ်းပါစေ “ စတစ်ကာများ ဝေငှသွားကြောင်းလည်း ကြားသိရသည်။

ရင်းမြစ်..Freedom News Group

ရခိုင်ပြည်နယ်မောင်တောမြိုအတွင်း မကောင်းမှုလုပ်ငန်းစည်းမဲ့ကမ်းမဲ့အတားအဆီးမရှိလုပ်ကိုင်နေသော နေရာအားနေပြည်တော်လမ်းဆုံဟုအမည်ပေးကြောင်း

ရခိုင်ပြည်နယ် မောင်တောမြို့မှ မကောင်းမူ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေသည့် လမ်းဆုံ တခုကို ဒေသခံ ပြည်သူများက “ နေပြည်တော် လမ်းဆုံ” ဟု အမည်ပေးထားကြောင်း ဒေသခံ ပြည်သူ တဦးက ပြောသည်။

“ဘယ်သူက စပေးလိုက်သလဲဆိုတာတော့ ပြောရခက်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းဆုံကို လူတိုင်းက နေပြည်တော် လမ်းဆုံ ဆိုပြီး ခေါ်နေကြပါတယ်။ အဲဒီလမ်းဆုံမှာ ဘီယာဆိုင်၊ အရက်ဆိုင်၊ ဗွီဒီယိုရုံတွေနဲ့ ဖါခန်းတွေပါ ရှိနေပီး ညနေပိုင်းကျရင် အထူးစည်ကားပါတယ်။ လူတွေက အဲဒီနေရာကို နေပြည်တော် လမ်းဆုံဆိုပြီး ခေါ်ကြပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ မကောင်းမူ ဒုစရိုက် လုပ်ကိုင်နေသော ပြည့်တံဆာတန်း တခုကို မြန်မာ နိုင်ငံ၏ အစိုးရ ရုံးစိုက်ရာ မြို့တော် တခုဖြစ်သော “ နေပြည်တော်” နာမည်အား လူထုများက ပေးထားခြင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်မူ ရှိနေပြီး တချို့ ရဲအရာရှိများမှာ အဆိုပါ လုပ်ငန်းမှ လာဒ်ငွေများ ယူနေကြသည့် အပေါ် မကျေနပ်ရာမှ ဒေသခံများက နေပြည်တော် လမ်းဆုံဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခု ပြည်သူများ အမည်ပေးထားသော နေပြည်တော် လမ်းဆုံမှာ မောင်တောမြို့ ညောင်ချောင်း ကျေးရွာ လမ်းဆုံ ဖြစ်ပြီး ရွှေရင်အေး နတလ စံပြကျေးရွာနှင့် ကပ်ရပ် ဖြစ်သည်။

“အဲဒီနေရာမှာ မကောင်းမူလုပ်ငန်းတွေက စည်းမဲ့ ကမ်းမဲ့ ဖြစ်နေပါတယ်။ အတားအဆီး မရှိ ဖြစ်နေပါတယ်။ ညဆိုရင် ကာရာအိုကေတွေနဲ့ ပိုပီး အခြေအနေ ဆိုးပါတယ်။ သက်ဆိုင်ရာ ခယကနဲ့ မယက တာဝန်ရှိသူတွေကလည်း ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိပါဘူး။ အားတော့နာပါတယ်။ ကြိုက်တဲ့ အချိန်မှာ ပြည့်တံဆာမတွေနဲ့ ခေါ်အိပ်လို့ ရပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ အနီးအနားက ပြည်သူတွေအတွက် အထူး ထိခိုက်နေပါတယ်” ဟု သူက ဆက်ပြောသည်။

တခြားမြို့ခံ တဦးကလည်း နေပြည်တော် လမ်းဆုံ ဆိုရင် လူတိုင်း သိကြောင်းနှင့် နေ့စဉ် စစ်တွေမှ တဆင့် မကောင်းမူလုပ်ငန်းများ လုပ်ကိုင်သူ အမျိုးသမီးများ သင်္ဘောဖြင့် ရောက်ရှိနေကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“မိန်းခလေးတွေက အသက် ၁၄ နှစ် အရွယ်၊ ၁၅ နှစ် အရွယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဆင်းရဲ ကြပ်တည်းတဲ့ အတွက် ရခိုင်ပြည်နယ် အနှံ့ကလာပြီး လာရောက် လုပ်ကိုင် ကြတာပါ။ ခေါင်းတွေက သူတို့ကို ရခိုင်ပြည်အနှံ့ နေရာတွေက လိုက်ရှာပြီး သင်္ဘောနဲ့ စစ်တွေက ဘူးသီးတောင်ကို ယူလာပါတယ်။ ဘူးသီးတောင်က တဆင့် မောင်တောကို ပို့ပြီး ခုလို လုပ်ကိုင် စားသောက်နေကြတာ ဖြစ်ပါတယ်။ တနေ့ကလည်း ကောင်မလေး ၄ ဦး သင်္ဘောနဲ့ အသစ် ရောက်လာတယ်ဆိုပီး ကြားရပါတယ်” ဟု ပြောသည်။

ယခုအခါ ကမ္ဘာ့ဖလားပွဲ အတွက် ဘော်လုံး လောင်းမည့် လောင်းကစားဒိုင် အများအပြားကို ရဲတပ်ဖွဲ့က မောင်တောတွင် ဖွင့်လှစ်ခွင့် ပြုထားရာ ဘော်လုံးလောင်းသူများ ပျော်ပါးရန်အတွက် ဘော်လုံး ဒိုင်များ၊ ကရာအိုကေ ဆိုင်များနှင့် ဖါခန်းများမှ ပြည့်တံဆာ အသစ်များကို အနယ်နယ် အရပ်ရပ်မှ ခေါ်ယူ စုဆောင်းထားကြောင်း သတင်း ရရှိသည်။

ရင်းမြစ်...နိရဉ္စရာ

အရေးပေါ်အခြေအနေကြေညာထားမှု ရုတ်သိမ်းဦးမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား


ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက နိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သော်လည်း အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာထားသည့် အမိန့်ကို ရုတ်သိမ်းဦးမည် မဟုတ်ဟု အတည်ပြု ပြောကြားလိုက်သည်။ သွေးမြေကျ ဖြစ်ရပ်များ ပြီးဆုံးသွားသည်မှာ (၂)ပါတ်မျှ ကြာမြင့်နေပြီ ဖြစ်သော်လည်း အစိုးရသည် အရေးပေါ် အခြေအနေကို ဆက်လက်ကြေညာထားဆဲဖြစ်သည်။ အရှေ့အာရှ၏ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတွင် ထိုင်း၏ အနေအထားနှင့် ပတ်သက်ပြီး အဘီဆစ်က “ကျွန်တော်တို့ဟာ တည်ငြိမ်မှု၊ လုံခြုံမှုအတွက် ပြန်လည်တည်ဆောက်နေပါပြီ”ဟု ထုတ်ဖော်ပြောကြားသွားသည်။ ထိုင်းစစ်တပ်သည် မေလ(၁၉)ရက်နေ့ကမှ စတင်ကာ အစိုးရဆန့်ကျင်ရေး ရှပ်နီအင်အားစုများကို အင်အားသုံး ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက္ခများ အပြီးသတ်သွားသော်လည်း နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတိုင်းအတွက် သတိထားကာ အရေးပေါ် အခြေအနေကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း အဘီဆစ်ကဆိုသည်။ အထူးသဖြင့် ရှပ်နီများအပေါ် ထောက်ခံမှု မြင့်မားသည့် နိုင်ငံအရှေ့မြောက်ပိုင်း ဒေသများတွင် အစိုးရအနေနှင့် လုံခြုံရေး ဆက်လက်တင်းကြပ်ထားကြောင်း သိရသည်။ “ခုလိုမျိုး အရေးပေါ် အခြေအနေ သတ်မှတ်ထားရတာကိုတော့ လက်ခံရမှာပါ။ အစိုးရအနေနဲ့ မြန်နိုင်သမျှမြန်မြန် ပုံမှန်ပြန်ဖြစ်လာဖို့ ကြိုးစားနေပါတယ်”ဟု အဘီဆစ်ကဆိုသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက အစိုးရသည် အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကို အခွင့်ကောင်းယူကာ ဆန့်ကျင်ဖက် အတိုက်အခံများအား အင်အားသုံး ဖြိုခွဲမည်ကို စိုးရိမ်လျက် ရှိကြသည်။ အဘီဆစ်ကမူ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စများအတွက် အစိုးရက စွက်ဖက်ခြင်းမပြုသည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုထံ လွှဲအပ်သွားမည်ဟု ကတိပြုထားသလို ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် ထိုင်း၏ စီးပွားရေးမှာ တောင့်တင်းခိုင်မာနေဆဲဟုလည်း ပြောဆိုသွားသည်။

ရင်းမြစ် .. AFP on GoogleNews

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စမ်းချောင်းမြို့နယ်ဥက္ကဋ္ဌ ဦးသက်ဝေဟာ ဇွန်လ ၄ ရက်နေ့ကတောင်သူတွေနဲ့သွားရောက်တွေ့ဆုံတဲ့အချိန်မှာ နတ်မောက်ရဲကဖမ်းဆီးဘို့ကြိုစား

၂၀၀၆ ခုနှစ်က နတ်မောက်မြို့နယ် ရွာမွန်အုပ်စု မျက်ရဲကန်၊ ကျောင်းရွာလေးနဲ့ တောင်ဇောက်ရွာက တောင်သူတွေပိုင်တဲ့ လယ်မြေတွေကို ပင်မ စစ်လက်နက်တပ်က အဓမ္မသိမ်းပြီး ကြက်ဆူပင်တွေ စိုက်ခဲ့တာနဲ့ပတ်သက်လို့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်သူများ ကွန်ယက်အဖွဲ့က စမ်းချောင်း မြို့နယ် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေဟာ ဇွန်လ ၄ ရက်နေ့က တောင်သူတွေနဲ့ သွားရောက် တွေ့ဆုံတဲ့အချိန်မှာ နတ်မောက်ရဲက နှောက်ယှက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ဦးသက်ဝေ၊၊ ။“သူတို့ရဲ့ ကြုံတွေ့နေတဲ့ အခက်အခဲ အခြေအနေတွေ အားလုံးကို အိုင်အယ်လ်အိုကို တင်ပြနိုင်ဖို့အတွက် သွားပြီးတော့ ဆောင်ရွက်တဲ့ကိစ္စမှာ နတ်မောက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကပေါ့ဗျာ။ ညဘက် ၁၀ နာရီလောက်မှာ ရယက ကလည်း ဧည့်စာရင်း မပေးဘူးပေါ့ဗျာ။ ရယကရဲ့ သတင်းပေးမှုကြောင့် မသင်္ကာဘူး ဆိုပြီးတော့ ကျနော်တို့ကို ဟန့်တားနှောင့်ယှက်မှုတွေ လုပ်တယ်ပေါ့ဗျာ။ ရဲစခန်းကို ခေါ်ပြီး စစ်ဆေးမယ်ဆိုပြီး ဖမ်းဆီးတယ်ပေါ့။ ဖမ်းဆီးတဲ့ ကိစ္စကလည်း ဥပဒေနဲ့အညီ ဖမ်းဆီးတာ မဟုတ်ဘူး။ ဖမ်းဝရမ်းလည်း မပါဘူးဗျာ။ မပါတဲ့အတွက် ကျနော်တို့ လိုက်မသွားဘူး။ အဲ့ဒီတော့ ကျနော်တို့ကို မနက်ကို လာခဲ့ပါဆိုပြီး ချိန်းဆိုတယ်။ ဥပဒေနဲ့အညီ ခေါ်ဆောင်တာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ မသွားဘူး၊ တွေ့လည်း မတွေ့ခဲ့ဘူးပေါ့ဗျာ။ မတွေ့ပဲနဲ့ ကျနော်တို့ ရန်ကုန်ကို ပြန်လာခဲ့တာပါ”

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်အိုနဲ့ မြန်မာစစ်အစိုးရ ချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ အပိုဒ် (၃) မှာ အိုင်အယ်အိုကို တိုင်ကြားထားတဲ့ အဓမ္မလုပ်အားပေးမှု၊ လယ်မြေသိမ်းမှု စတဲ့ကိစ္စတွေမှာ သတင်း အချက်အလက် အပြည့်အစုံ ရနိုင်ဖို့ အိုင်အယ်လ်အိုရဲ့ ကိုယ်စားလှယ်က အချက်အလက် ရယူ စုဆောင်းတဲ့အခါ နှောက်ယှက် ဟန့်တားခြင်းမပြုပဲ အကူအညီပေးဘို့ ဆိုတဲ့အချက် ပါတယ်လို့ ဆိုပါတယ်။ အခုလို ဟန့်တားနှောက်ယှက်တာဟာ ဒီအချက်တွေကို စစ်အစိုးရ ကိုယ်တိုင် အခွင့်အရေး ချိုးဖေါက်တာဖြစ်ကြောင်းလည်း ဦးသက်ဝေက ဆက်ပြောပါတယ်။

အဲ့ဒီ အပိုဒ် (၃) အရ ကျနော်တို့ လျှို့ဝှက်စွာနဲ့ သတင်း အချက်အလက်တွေကို ရယူပြီးတော့ အိုင်အယ်လ်အို အရာရှိထံကို တင်ပြဖို့ ကျနော်တို့မှာ ရှိတယ်။ ဒီကိစ္စမှာ နတ်မောက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က နေပြီးတော့ အနှောင့်အယှက် ပေးတယ်။ ကျနော်တို့ရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်တဲ့ အခြေအနေမျိုး ရှိတယ်။ ဒါက ဘာကိုပြလည်းဆိုတော့ အပိုဒ် (၉) ကို ချိုးဖောက်ရာကျတယ်လို့ ကျနော် ပြောချင်တယ်ပေါ့ဗျာ။ (အိမ်ရှင်) မသီသီဝင်းနဲ့ တောင်သူလယ်သမားတွေကို ခြိမ်းခြောက်နေမှာ၊ နှောင့်ယှက်ဟန့်တားနေမှာကို ကျနော် စိုးရိမ်နေတယ်

မနေ့ကတော့ လယ်သိမ်းခံထားရတဲ့ နတ်မောက်မြို့နယ် ကျေးရွာသုံးရွာက တောင်သူတွေရဲ့ လယ်မြေတွေကို ပင်မ စစ်လက်နက်တပ်က တဧက ၁၂ ကျပ်နှုန်းနဲ့ အလျော်ပေးမှာ ဖြစ်တဲ့အကြောင်း လက်မှတ်ထိုးဖို့ တာဝန်ရှိသူတွေက တောင်သူတွေကို ခေါ်တွေ့တယ်လို့ ဦးသက်ဝေက ဆက်ပြောပါတယ်။

“ကျေးရွာ သုံးရွာက တောင်သူလယ်သမားတွေကို ဒီပင်မ စစ်လက်နက် ပစ္စည်းတပ်ကနေပြီးတော့ လျော်ကြေး ပေးပါ့မယ်ဆိုပြီးတော့ တဧကကို ၁၂ ကျပ်နှုန်းနဲ့ ပေးပါမယ်လို့ ခြိမ်းဆိုထားတာကို သိရတယ်။ တဧက ၁၂ ကျပ် ဆိုတာက အခုကာလ ပေါက်ဈေးနဲ့ဆိုရင်တော့ အင်မတန်မှ ကွာခြားလွန်းတဲ့အတွက် ဒီ တောင်သူလယ်သမားတွေအတွက် နစ်နာပါတယ်။ ၂၀၀၅၊ ၂၀၀၆ က သိမ်းခဲ့သည့်တိုင်အောင်မှဗျာ၊ သူတို့ အခြားသူတွေကို တဧက သုံးသောင်းခွဲနဲ့ လယ်ငှားချထားခဲ့တယ်ဗျာ။ အခု လာသိမ်းသွားရင် တသက်လုံး သိမ်းယူသွားမှာက တဧက ၁၂ ကျပ်ပဲ ဆိုတာက တရားမျှတမှု မရှိဘူးလို့ တောင်သူလယ်သမားတွေက ကျနော့်ကို တင်ပြကြတယ်ပေါ့ဗျာ။ အဲ့ဒီက အချက်အလက်တွေကို ဒီနေ့ အိုင်အယ်လ်အို အစည်းအဝေးမှာ တက်ရောက်နေတဲ့ မစ္စတာ စတိဗ်မာရှယ်လ်ဆီကို ကျနော်တို့ ဒီအခြေအနေတွေ အားလုံးကို ကျနော်တို့ တင်ပြသွားမှာပါ”။

ရင်းမြစ်..RFA

" ဗိုလ်ချုပ်အောင်ဆန်း၏ စီးပွားရေးအမြင် " စာအုပ်ထွက်ရှိ

Monthly Chronology of Burma's Political Prisoners for May, 2010(Eng)

ဘယ်သူ့တာဝန်လဲ (အာဏာရှင်နအဖစစ်ဗိုလ်ချုပ်တွေဖြေပါအုံး)

'Who is Responsible' by Khin Ma Ma Myo

Myanmar's military ambitions (မြန်မာနျူကလီးယား စီမံကိန်း ...) (အယ်လ်ဂျာဇီးယား ရုပ်သံစဆုံး)