12 April 2010

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်၏ ပထမအဆင့်ဆန်ကာတင်စာရင်း အမည် ၂၄ ခု ထုတ်ပြန်စာအမှတ် ၆/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၉၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)

www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A

Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles, Denver, Aurora,Greeley, Chapel Hill, Carrboro, High Point

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်၏ ပထမအဆင့်ဆန်ကာတင်စာရင်း အမည် ၂၄ ခု ထုတ်ပြန်

စာအမှတ် ၆/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၉၊ ၂၀၁၀




၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။



၂။ မတ်လ ၂၄ မှ ဧပြီလ ၉ ရက်အတွင်း ပြည်သူ့ဂုဏ်ရည် အမည်စာရင်းတင်သွင်းခြင်းကို လက်ခံခဲ့ရာ ယခု နောက်ဆုံးစာရင်းပိတ်ချိန်တွင် ပထမအဆင့် ဆန်ကာတင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းအမည်စာရင်းရှင်တို့၏ ထူးခြားမှုအကျဉ်းကိုလည်း ရရှိသော အချက်အလက်များပေါ်မူတည်၍ အောက်ပါအတိုင်း တွဲဖက် တင်ပြလိုက်ပါသည်။



၃။ ၎င်း တို့မှာ -


၁။ ကရုဏာလူမှုကူညီရေးအသင်း၊ မူဆယ်မြို့၊ ရှမ်းပြည်နယ် - ပညာရေး၊ ကျန်းမာရေး၊ နာရေးနှင့် လူနာစောင့်ရှောက်မှု စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသော အသင်း ဖြစ်သည်ဟု ဆိုပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။




၂။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ



၃။ ဒေါက်တာစောဝါးထူး၊ မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံ - အနာကြီးရောဂါသည်များအား ပြုစုစောင့်ရှောက်ဆေးကုသမှုပေးသည့် ဆေးရုံအုပ် ဆရာဝန်ကြီးကို ဆန္ဒပြုတင်ပြထားပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက်တင်ပြပါမည်။



၎။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။



၅။ ဦးဇေယျာပဏ္ဏိတ၊ မိုးညှင်းသိဂီကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)၊ တောင်ဒဂုံမြို့သစ် ၊ ရန်ကုန် - နာဂစ်မုန်တိုင်း အပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင် ကျေးရွာများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများ ဦးဆောင်ကူညီမှုများ ပေးအပ်ခဲ့သည်။ ရွာသားများနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှုများ ဆောင်ရွက်ပေးရုံသာမက ရွာသားများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ကြံဆ ဆောင်ရွက်လာနိုင်အောင် စည်းရုံးဦးဆောင်နိုင်ခဲ့သည်။



၆။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။



၇။ ဦးနာယက၊ မန္တလေး - ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်း - ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တခုကျော် ဦးဆောင် အကောင်အထည်ဖော်သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့က ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်မှု ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေးဆက်နိုင်အောင်လည်း အားပေး ဆောင်ရွက်နေသူဖြစ်သည်။



၈။ နာရေးကူညီမှုအသင်း၊ ရန်ကုန်မြို့ - နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့သည်။ ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေးဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည် ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေး ကော်မတီတွင် လူတန်းစားမျိုးစုံ ပါဝင်သည်။ နာရေးလုပ်ငန်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ကယ်တင်ရေးလုပ်ငန်း၊ အခြား ကျန်းမာရေးစောင့်ရှောက်မှု၊ စာကြည့်တိုက်နှင့် လူငယ်ဖြွုံဖိုးရေး စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။ အထူးသဖြင့် ၂၀၀၈ နာဂစ်တွင် အသင်းကြီး၏ စေတနာဝန်ထမ်းအားလုံး မြန်မာပြည်သူ ရဟန်းသံဃာတို့နှင့်အတူ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေး၊ နာရေး၊ ကျန်းမာရေးလုပ်ငန်းများ အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သည်။



၉။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း - ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ



၁၀။ ဗြဟ္မစိုရ်အသင်း၊ မန္တလေးမြို့၊ နာရေးနှင့် လူမှုရေးကူညီမှုအသင်း - ဗြဟ္မာစိုရ်အသင်းကြီးသည် မန္တလေးမြို့၏ နာရေးကူညီမှုအသင်းကြီး ဖြစ်သည်။ ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် အသင်း၏ နေရာဌာန ဖြစ်လာသည်။ ဆရာတော် ဦးတိက္ခသည် ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစ်စီး လှူဒါန်းပြီး၊ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစပြီး ကူညီပေးခဲ့သည်။



၁၁။ မလွန်ဈေးဆန်လှူအသင်းကြီး၊ မန္တလေး - မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသော ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်းလ၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို ပေးလှူသော အသင်းကြီး ဖြစ်သည်။ သီပေါမင်းတရား ပါတော်မူသည့်နှစ် (၁၈၈၅)ခုနှစ်အလွန် (၁၁)နှစ်အကြာမှာ စတင်တည်ထောင်ခဲ့သည်။ မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၁၀)ကျော်ရှိပြီ ဖြစ်၍ ရှားရှားပါးပါး ပရဟိတအသင်းကြီး ဖြစ်သည်။ တစ်ပြည်လုံးတွင် စေတနာ့ဝန်ထမ်း မလွန်ဆန်လှူ အသင်းထောက် (၇၀၀)ကျော်က ပရဟိတ စိတ်ရင်း အပြည့်နှင့် ပါဝင်လုပ်ဆောင်ပေးနေကြသည်။



၁၂။ မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်း။ Mary Chapman Teachers Training Callege & School for the Deaf။ ရန်ကုန် - မြန်မာနိုင်ငံရှိ နားမကြားသော ကလေးများအတွက် ပထမဆုံးကျောင်းပင် ဖြစ်သည်။ ၁၉၂၀-ခုနှစ်တွင် အင်္ဂလန်သူ မစ္စ မေရီချက်(ပ်)မင်း (Miss Mary Chapman) က မြန်မာပြည်ရှိ မွေးရာပါ နားမကြား၊ စကားမပြောတတ်သော ကလေးသူငယ်များအတွက် စတင်တည်ထောင်ခဲ့သည်။ နားမကြားသော ကလေးငယ်များကို ပညာသင်ကြားပေးနိုင်မည့် ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးခဲ့ပြီး နားမကြားသော ကလေးများကိုလည်း စာနှင့် သက်မွေးပညာရပ်များကို သင်ကြားပေးခဲ့သည်။


၁၃။ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ နာရေးကူညီမှုအသင်း - မိမိ၏ မိသားစု၊ ခင်ပွန်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်သူ။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကိစ္စများတွင် ငွေကြေး၊ လုပ်အား၊ စွမ်းအင်များကို ထိရောက် မြန်ဆန်မှု ရှိအောင် စီမံခန့်ခွဲနိုင်သူ။ စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်မှုပေးနိုင်သည့် အမျိုးသမီးတဦး



၁၄။ ဦးမြင့်အေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ကြည့်မြင်တိုင်၊ ရန်ကုန် - အဓမ္မလုပ်အားပေးများအား ကာကွယ်စောင့်ရှောက်ရေး၊ ကလေးစစ်သားများကို ကယ်တင်စောင့်ရှောက်ခြင်း၊ လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို နယ်များ၊ ကျေးလက်များအထိ ဆင်းပြီး ဆောင်ရွက်သူ။ ကော့မှူးမြို့နယ် အဓမ္မလုပ်အားပေးများဘက်က ရပ်တည် တရားစွဲဆိုအောင်နိုင်သူ စုစုနွေးအရေးတွင် အိုင်အယ်အိုထံ သတင်းပေးပို့ပြီး ၀ိုင်းဝန်း လက်တွဲ ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။



၁၅။ မြန်မာဘလော့ဂ်ဂါဆိုဇိုင်ယတီ၊ MBS (Myanmar Blogger Society) - အင်တာနက်နှင့် ကွန်ပျူတာအခြေစိုက် ပညာဒါနလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းနှင့် တကိုယ်ရည်တိုးတက်မှုများကို စေတနာ့ဝန်ထမ်းဆောင်ရွက်သော အဖွဲ့တခု ဖြစ်သည်။ ၂၀၀၇ တွင် ပထမဦးဆုံး မြန်မာဘလော့ဂ်ဂါများ ဆွေးနွေး ကျင်းပခဲ့သည်။ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူခံခြင်း၊ လုပ်အားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၀ အတွင်း ရန်ကုန် မြန်မာအိုင်စီတီပတ်ခ်က အခြေတည်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပခုက္ကူမြို့များတွင် အခမဲ့နည်းပညာသင်တန်းများ ပြုလုပ်ခဲ့သည်။ အွန်လိုင်းမှတဆင့် အီးဘွတ်များ၊ အခမဲ့ဝန်ဆောင်မှုများလည်း ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့တခု ဖြစ်သည်။



၁၆။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် - အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံကိုလည်း ဆန္ဒပြုထားကြပါသည်။ ရန်ကုန် မတ်ွဆလင် ကုသိုလ်ဖြစ်ဆေးရုံကို ဒေါက်တာ တင်မျိုးဝင်း တာဝန်ယူကြည့်ကြပ်လျက် ရှိပြီး နိုင်ငံရေးနယ်ပယ်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု ၊ဆေးဝါးကုသမှုတို့ကို တာဝန်ယူလုပ်ဆောင်ပေးလျက် ရှိသည်ဟု သိရသည်။



၁၇။ ရန်အောင်မြင် ဆွမ်းချက်နှင့် နာရေးကူညီမှု အသင်း၊ မိတ္ထိလာ - ၁၉၉၁ မိတ္ထိလာမီးကြီးအပြီး ၁၉၉၂ မှ စတင်ပြီး သံဃာတော်များကို ဆွမ်းချက်လောင်းလှူခြင်းနှင့် မြို့နယ်တွင်း မိသားစုများ၏ နာရေးကူညီမှုကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၁၉၉၃ တွင် အသင်းကို မှတ်ပုံတင်ဖွဲ့စည်းနိုင်ခဲ့သည်။ မိတ္ထိလာ လူအိုရုံအတွက်လည်း ဝေယျာဝစ္စများ ဆောင်ရွက်လျက်ရှိသည်။ သံဃာတော်အပါး ၁၂၀၀၏ နေ့စဉ် ဆွမ်း ကို လောင်းလှူလျက်ရှိုသည်။ မိတ္ထိလာမြို့ရှိ ပူအိုက်ခြောက်သွေ့သော သင်းချိုင်းမြေကို သစ်ပင်ဝါးပင်တို့ စိုက်ပျိုးပြီး သာယာစိမ်းစိုအောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ မိတ္ထိလာလူအိုရုံမှ လူကြီးသူမများကို နှစ်စဉ် မြန်မာပြည်ဘုရားဖူးခရီး စီစဉ်ပေးနိုင်သည်။ အသင်းဥက္ကဋ္ဌမှာ ဦးအုန်းကျော်၊ အတွင်းရေးမှူးမှာ ဦးမြင့်သိန်း ဖြစ်သည်။



၁၈။ သုခရိပ်မြုံ - HIV ကူးစက်ခံမိဘမဲ့ ကလေးများဂေဟာ (ဒဂုံမြို့သစ် အရှေ့ပိုင်း) - ၂၀၀၆ခုနှစ်မှာ အုတ်မြစ်ချအခြေတည်ခဲ့ပြီး HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်များကို လိုအပ်သည့် ဆေးဝါးများပုံမှန်တိုက်ကျွေးကာ အလှည့်ကျဆရာဝန်များ၊ သူနာပြုများနှင့် ပြုစုပေးနေသလို ဝိသာခါ သီလရှင်ပညာဒါနကျောင်းရဲ့ သင်ရိုးများအတိုင်း ပညာသင်ကြားပေးရာ နေရာ။



၁၉။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၊ မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက် - ၂၀၀၇ နောက်ပိုင်း တရားပွဲများတွင် ယနေ့မြန်မာလူမှုအဖွဲ့အစည်းကို ဝေဖန်ထောက်ပြမှုများဖြင့် ထင်ရှားသူ ဗုဒ္ဓဘာသာတရားပြ ဆရာတော်ဖြစ်သည်။ သုမင်္ဂလာအကျိုးတော်ဆောင်လုပ်ငန်းကို ထူထောင်ပြီး နာဂစ်ကူညီမှုလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အထွေထွေလူမှုရေးလုပ်ငန်းများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်သူ ဖြစ်သည်။


၂၀။ သန်းမြင့်အောင် (စာရေးဆရာမ)၊ နာရေးကူညီမှုအသင်း - စာရေးသားခြင်းအလုပ်ကို အချိန်ပြည့် မလုပ်ကိုင်နိုင်တော့ဘဲ နာရေးကူညီမှုလုပ်ငန်းနှင့်တကွ အခြား အားနည်းသူ ကလေးသူငယ်များ (HIV သင့်ကလေးသူငယ်များ) စောင့်ရှောက်ရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ စာပေလောက၊ အနုပညာလောက အသိုင်းအ၀ိုင်းများ၏ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်လာရေး စသည့်လုပ်ငန်းများကို စုစည်းဆောင်ရွက်နိုင်သူ။ ၎င်း၏ စာပေရေးသားမှုများတွင်လည်း မြန်မာပြည်၏ အထူးလိုအပ်မှုများ ကြီးမားကျယ်ပြန့်လှသည့် လူမှုရေးဒုက္ခဘေးကို စာဖတ်သူများ စာနာစိတ်၊ သဒ္ဓါစိတ်၊ စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေဖို့ အားထုတ်ရေးသားနိုင်သည့် စာရေးဆရာ



၂၁။ ဦးအာစိဏ္ဏ - တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း၊ ရွှေပြည်သာမြို့ နယ်၊ ရန်ကုန်တိုင်း - ယခင်က လှိုင်မြို့နယ်(၁၅)ရပ်ကွက် အနောက်အုတ်ကျင်းတွင် တည်ရှိခဲ့သော ဘုန်းကြီးကျောင်းပတ်ဝန်းကျင် သည်စက်ရုံပေါင်းများစွာတည်ရှိသော နေရာဒေသဖြစ်ပြီး ၄င်းစက်ရုံများတွင် အလုပ်လုပ်ကြသော အခြေခံအလုပ်သမားလူတန်းစား မိသားစုများမှာ စက်ရုံနှင့်နီးသောရပ်ကွက်များတွင် အလွန်ဆင်းရဲစွာ နေထိုင်ကြပြီး သူတို့သားသမီးအများစုမှာ မူလတန်းပညာကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်ကြဘဲ အရွယ်ရောက်သည်နှင့်မိဘများနည်းတူ စက်ရုံများတွင်အလုပ်ဝင်ကြခြင်းသံသရာကို မနှစ်မြို့သော ဆရာတော်က နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းကို ၁၉၆၄တွင်တည်ထောင်ပြီး ပိုမိုကောင်းမွန်သော ဘဝများသို့ရောက်ရှိစေရန်ကူညီပံ့ပိုးပေးခဲ့သူ။



၂၂။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။



၂၃။ လူမှုထူးချွန်ဆုရ ဦးအောင်မြင်စိုး - တသီးပုဂ္ဂလတဦးအဖြစ် သွေး နှင့်မျက်ကြည်လွှာလှူခြင်း၊ HIV,AIDS ဝေဒါနာရှင်များအား စောင့်ရှောက်ကူညီခြင်း၊ UNICEF နှင့်ပူးပေါင်းပြီး ကလေးသူငယ်များအား ကူညီပံပိုးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သူ တဦးဖြစ်သည်။ လက်ရှိအစိုးရထံမှ လူမှုထူးချွန်ဂုဏ်ထူးဆောင်အဆင့် ၁ ၊ ၂ ၊ ၃ အဆင့်များ ပေးအပ်ချီးမြင့်ခြင်းခံရသည်။



၂၄။ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးညီညီထွေး၊ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူနှင့် ဦးစောကျော်ကျော်မင်း - မြန်မာနိုင်ငံမှ နိုင်ငံရေးအမှုလိုက်ရှေ့ နေများ - တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် မိမိတို့တတ်ကျွမ်းသည့်အတတ်ပညာဖြင့် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ် ကူကွယ်ရာမဲ့အမှုသည်များအတွက် အမှုလိုက်ကာကွယ် အကျိုးဆောင်ပေးကြသော၊ တရားဥပဒေစိုးမိုးရေးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ကြသော မြန်မာ့ရှေ့နေများ။ (၄င်းတို့အားလုံးမှာ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားကြရသူများဖြစ်ပါသည်)



၎။ ဧပြီလ ၁၀ နှင့် ၁၁ ရက်တွင် မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့အသီးသီးက ၎င်းတို့၏ ဆန္ဒအရှိဆုံး ၅ ဦးကို “နောက်ဆုံးဆန်ကာတင်အဖြစ်” ရွေးချယ်ကြမည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ နောက်ဆုံးဆန်ကာတင် ၅ ဦးကို ပရိသတ်အားလုံးထံသို့ အသိပေးတင်ပြပြီး အင်တာနက်မဲပေးသည့် စနစ်ဖြင့် မဲဆန္ဒရယူပြီး ပြည်သူ့ဂုဏ်ရည် အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။



အားလုံးရဲ့ကိုယ်စား

ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485





ပေးပို့ ပေးသော ကိုဘိုဘို (Los Angeles) အားကျေးဇူးတင်ပါသည်.


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဆေးကုသမှုခံယူရခြင်း။




မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ ညတုန်းက ရန်ကုန်ဆေးရုံကြီးမှာ နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှု သွားရောက် ခံယူခဲ့ပါတယ်။



တနင်္ဂနွေနေ့ ညပိုင်း ၉ နာရီ ကျော်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကို သွားပြီးတော့ ၄၅ မိနစ်လောက်ကြာအောင် ဆေးစစ်မှု ခံယူခဲ့တယ်ဆိုတဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်ရဲ့ အပြောကို ရန်ကုန်ကလာတဲ့ AFP သတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။



ဆေးရုံကြီးမှာ ဆေးစစ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ နေအိမ်ဆီကို သက်ဆိုင်ရာက ပြန်ပို့ပေးခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သွေးပေါင်ချိန် ကျပြီးတော့ ခေါင်းမူးဝေဒနာ ခံစားနေရတယ်လို့ ပြောပါတယ်။



အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူ အကျယ်ချုပ် ချခံထားရတဲ့ နေအိမ်မှာပဲ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက လစဉ် သွားရောက် စစ်ဆေး ကုသပေးနေပါတယ်။




သတင်းရင်းမြစ် VOA

ဖေဖေကိုကျော်မင်းယု(ခ)ဂျင်မီမေမေမနီလာသိန်းတို့ရဲ့ တဦးတည်းသောချစ်သမီးလေးဖြူနေခြည်မင်းယု ရဲ့ (၃)နှစ်မြောက်ကျရောက်တဲ့မွေးနေ့ရက်မြတ်မင်္ဂလာ..




သမီးလေးဖြူနေခြည်မင်းယု၏(၃)နှစ်မြောက်မွေးနေ့


၁၂.၄.၂၀၁၀


ချစ်သမီး အတွက် မေမေ ရဲ့ လွမ်းချင်း...။


သမီးလေး ...သမီးလေး...

နွေးထွေးစွာနဲ့ ချော့သိပ်ချင်ပါတယ်.

ဒါပေမယ်.. မေမေက ဟိုးအဝေးတနေရာမှာလေ...။

သမီးလေး သမီးလေး...

ပျော်ရွှင်စွာနဲ့ ဆော့ကစားချင်ပါတယ်...
ဒါပေမယ့် ..မေမေ ရဲ့ အတွေးတွေပါလေ..။


သမီးလေး ..သမီးလေး..

တယုတယနဲ့သမီးလက်လေးကိုအတူတွဲပြီး ကျောင်းကိုလိုက်ပို့ချင်ပါတယ်..

ဒါပေမယ့် ...မေမေ က(၁၀)ပေပါတ်လည် အခန်းကျဉ်း လေးထဲမှာလေ..။


သမီးလေး..သမီးလေး..

ရယ်သံ လေးတွေ ငိုသံ လေးတွေ နဲ့အတူ သမီးကို မြင်ချင်မိပါတယ်...
ဒါပေမယ့်... မေမေ ဘေးမှာ ဘာမှမရှိဘဲ မေမေ တယောက်တည်းပါလေ..။

သမီးလေး ..သမီးလေး..

သိပ်နှစ်သက်မဲ့ အရုပ်လှလှ လေးတွေ ကို သမီးအတွက် မေမေ ဝယ်ပေးချင်ပါတယ်...

ဒါပေမယ့် ... မေမေ ကိုသိပ်ရက်စက်တဲ့ စစ်ဘီးလူး တွေက ချုပ်နှောင်ထားခဲ့တယ်လေ..။

သမီးလေး..သမီးလေး...

မေမေ ကိုယ်တိုင် နွေးထွေးယုယ စွာနဲ့ ပြုစု ချင်မိတယ်သမီးလေးရယ်...

ဒါပေမယ့် ... အခုတော့ မေမေ လုပ်ပေးချင်တာတွေကို အိပ်မက် လေးထဲကနေပြီးလုပ်ပေးနေလိုက်ပါတယ်..။

သမီးလေး သမီးလေး....
ဧပရယ် ရဲ့ နေ့လေးတနေ့ မှာ မေမေ တို့ မိသားစု လေးအပြုံးကိုယ်စီ နဲ့ ပြန်တွေ့ကြမယ်နော်...

ဒါပေမယ့် ...အဲဒီနေ့လေးကတော့ သမီးလေး ရဲ့ မွေးနေ့ လေးပေါ့ သမီးလေးရယ်..။


မှတ်မှတ်ရရ

မွေးနေ့လက်ဆောင်
မြတ်လေးငုံ

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်ယု (ခ) ကိုဂျင်မီနှင့် မနီလာသိန်း တို့၏ တဦးတည်း
သော သမီးလေး ဖြူနေခြည်မင်းယုရဲ့ (၃)နှစ်ပြည့် မွေးနေ့လေးမှ စပြီး မိသားစုတွေ
အမှန်ဆုံး ပြန်လည်
ဆုံတွေ့ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်.။


သမီးလေး ဖေဖေ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ ကတော့ ယခုအချိန် တွင်အာဏာပိုင် များ၏ မတရား
ဖမ်းဆီး
ထိမ်းသိမ်းခြင်းကိုခံခဲ့ရပါသည်.။မြန်မာနိုင်ငံ တောင်ကြီးမြို့၏ အကျဉ်းထောင်ထဲတွင်
ထောင်ဒဏ်(၆၅)နှစ် ဆိုပြီ
အာဏာပိုင် များကလူမဆန်စွာဖြင့် ပြစ်ဒဏ်ကိုချမှတ် ခဲ့ပါသည်.။

သမီးလေး မေမေ နီလာသိန်းခေါ် နီမာ ကတော့ ယခုအချိန်တွင်အာဏာပိုင်များ၏မတရားဖမ်းဆီး
ထိမ်းသိမ်းခြင်း ကိုခံခဲ့ရပါသည်.။ မြန်မာနိုင်ငံ သရက်မြို့၏ အကျဉ်းထောင်ထဲ တွင် ထောင်ဒဏ်
(၆၅)နှစ်ဆိုပြီ အာဏာပိုင် များက
လူမဆန်စွာဖြင့် ပြစ်ဒဏ်ကိုချမှတ် ခဲ့ပါသည်.။

သမီးလေးသည်.သူ၏ဖေဖေနှင့်မေမေ အား မတရားသော နည်းမျိုးစုံကိုသုံးပြီး အာဏာအားကိုး
လက်နက် အာကိုးဖြင့် ဖမ်းဆီးချုပ်နှောင် ခဲ့စဉ်တွင် လေးလသား အရွယ်သာရှိခဲ့ပါသေးသည်.။
ယခုအချိန်တွင် သမီးလေး
မှာ အဘိုး၊ အဘွား၊ ဦးလေး ၊ အဒေါ်၊များနှင့်သာ နေနေခဲ့ရပါသည်.။

သူ့၏ အသက်အရွယ်နှင့်မမျှ အောင်ကို စိတ်ဒုက္ခ ခံစားနေရပေမည်ဆိုတာ အမှန်သာဖြစ်နေပေမည်.။
KJM
သမီးလေး အတွက် သမီးလေး မွေးနေ့တွင် ဖေဖေ ကိုကျော်မင်းယုကိုယ်တိုင် ရေးသားခဲ့ သော လုံးချင်းဝတ္တုတပုဒ်ကို ဂျပန် နိုင်ငံ တိုကျိုမြို့ အခြေစိုက် အလင်းအိမ် စာပေမှ လုံးချင်းဝတ္တု အဖြစ် ထုတ်လုပ်ဖြန့်ချိ သွားမည် ဟုသိရပါသည်.။

ထိုဝတ္တုကိုသမီးလေးဖေဖေ ကိုကျော်မင်းယုက ဗဟုလွင်ြပင် ဆိုတဲ့ ကလောင်နံမည်နဲ့ ရေးသားထားခဲ့ ပါသည်.။ ဝတ္တု၏အမည်မှာ(ဝဲသြဃ မှာ တေးသံပြိုင် )ဆိုတာကိုသိရှိခဲ့ရပါသည်.။ ထိုဝတ္တုလေးအား စာဖတ်ပရိသတ်များ အားပေးမည်ဆိုပါက ဂျပန်နိုင်ငံ အလင်းအိမ်စာပေ သို့ တိုက်ရိုက် မှာယူနိုင်ပါကြောင်း ပြောကြား လိုက်ပါသည်.။

Tokyo Shinjuku_ku ,
Takanadobaba 3_7_10
Higari Bld 303
Post Code 169_0075

Tel_(81)3_6313_4178
Fax _(81)3_3915_6443
E mail aalinneain@yahoo.com


မြတ်လေးငုံ

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာရွက်စာတမ်းများ ပြန့် နှံ့ ။







မန်းရွှေစက်တော်ဘုရားပွဲတော်တွင် “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာရွက်စာတမ်းများ ပြန့် နှံ့ ခဲ့ကြောင်း သိရှိရပါတယ်။အဆိုပါ “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာရွက်စာတမ်းများအား စစ်အာဏာရူးများအား ဆန့် ကျင်တော်လှန်နေသည့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wavw) အဖွဲ့ ဝင်များမှ ပြန့် နှံ့ အောင် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

11 April 2010

ထိုင်းဆန္ဒပြပွဲ ရိုက်တာ သတင်းဌာန ၏ ဂျပန် သတင်းထောက် အပါအ၀င် ၁၅ ဦးသေ စစ်သားသုံးရာ နှင့် အရပ်သား သုံးရာ ကျော်ဒဏ်ရာရဓာတ်ပုံသတင်း

သေဆုံးသွားသည့် ရိုက်တာ ဗီဒီယို သတင်းထောက် ဟီရိုမူရာမိုတို




ထိုင်းကွမ် ဂြိုလ်တုရုပ်သံစခန်း ကို သိမ်းပိုက်ထားစဉ် အတွင်း မျက်ရည်ယိုဗုံးအသုံးပြုစဉ် ဓာတ်ပုံ -၀ီရာပေါင် ဘန်ကောက်ပို့ စ





စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များထံမှ လက်နက်များ ကို လုယူနေသည့် ဆန္ဒပြသူများ

(ဓာတ်ပုံAP)


ရဲတပ်ဖွဲ့ ဝင်များ ကို ပြန်လည် ခုခံနေသည့် အနီဝတ် တစ်ဦး


ယနေ့ ဘန်ကောက် တွင် ရိုက်တာ သတင်းဌာန ၏ ဂျပန် သတင်းထောက် အပါအ၀င် အနီဝတ် ကိုးဦးသေ ၄၀၀ ကျော် ဒဏ်ရာရ ၊စစ်သား ၆၄ ဦးဒဏ်ရာရရှိသည်




ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်းဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ reuter သတင်းထောက် ဂျပန်လူမျိုးတဦးဖြစ်သူ Muramoto hiroi နဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။ ဒါပေမဲ့ သူ နှုတ်ထွက်ပေးမည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကပြောခဲ့ပါတယ်။



နောက်ဆုံးသတင်းအရ သေဆုံးသူ (၁၈)ဦးရှိသွားသည်ဟုသိရပါသည်.။

ဒီနေ့ည ထိုင်းဆန္ဒပြပွဲ ရဲ့ မြင်ကွင်းပုံရိပ်များ...(ရုပ်သံဗွီဒီယို)

မြန်မာနှစ်သစ်ကူးမှာ မြန်မာပြည်သူတွေ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေရှင်.။

ဟံသာဝတီ ဂျာနယ် .........(နှစ်သစ်ဆုမွန်လွှာ)

Hanthawaddy Journal Volume - 106

ကျပျောက်သွားသော သင်္ကြန်များ ..


ဧပြီလကတော့ ထုံးစံအတိုင်း ပြင်းပြင်းပြပြပူလောင် နေပါ တယ်။ နေပူပူထဲမှာပဲ ငုဝါတွေက ထိန်လင်းစွာ ပွင့်နေပါပြီ်။ မဆီမဆိုင် ရင်ထဲမှာ ရန်ကုန်တက္ကသိုလ်ကိုလည်း လွမ်းမိသေး ၏။ အခုအချိန်ဆိုရင် စိန်ပန်းပွင့်တွေ ရဲရဲတောက်နေလောက် ပြီ။

ဧပြီလကို ကျမ ချစ်ပါတယ်၊ ရာသီဥတု သိပ်ပူတာကလွဲရင် လေ၊ အဲဒီလမှာ ပန်းတွေပွင့်ကြတယ်၊ ပိုပြီးထူးခြားတာက တ နှစ်မှာ တခါပဲပွင့်တဲ့ ပိတောက်ပန်းတွေလည်း ပွင့်တယ်၊ တနှစ် ကနေ နောက်တနှစ်ကို ကူးပြောင်းတဲ့ ရာသီလည်း ဖြစ်တယ်။

နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့တွေကို ကျမတို့ ဗမာတွေက သင်္ကြန်လို့ ခေါ်ကြပါတယ်၊ သင်္ကြန်မှာ နှစ်ဟောင်းက အညစ် အကြေးတွေကို ဆေးကြောတဲ့ သဘောနဲ့ တဦးကိုတဦး ရေပက်ကစားကြတယ်။ ထူးထူးခြားခြား ဖြစ်အောင် အယုတ်အလတ် အမြတ် မရွေးတဲ့ စတုဒီသာကျွေးကြတယ်။ ကျမတို့ငယ်ငယ်က ခုနောက်ပိုင်း ကလေးတွေ မသိမီတော့တဲ့ သံချပ်ကားတွေ ပြိုင်ပွဲဝင်ကြတဲ့ အ လေ့အထရှိ ကြတယ်။

သံချပ်ကားတွေပြိုင်တဲ့ ဓလေ့ကို ကိုယ်လိုနီခေတ်နှောင်းပိုင်းက စခဲ့တယ်လို့ မှတ်သားခဲ့ဘူးပါတယ်။ ဗိုလ်တထောင်မြို့နယ်ထဲက ဗမာ သူဋ္ဌေး တဦးက စတင်ခဲ့ပါတယ်၊ အဲဒီ အချိန်က အင်္ဂလိပ်အစိုးရရဲ့ အမြီးအမောက် မတဲ့မှုတွေကို သရော်လှောင်ပြောင်ခဲ့ ကြပါတယ်။

ဖ.ဆ.ပ.လ အစိုးရခေတ်မှာ ဆရာကြီး နေသွေးနီ၊ ဆရာဒေါင်းနွယ်ဆွေတို့ဟာ ထင်ရှားတဲ့ သံချပ်သမားတွေ ဖြစ်ကြပါတယ်၊ အဲဒီ ခေတ်က ကျော်ကြားခဲ့တဲ့ အလှကားအမည်က ဘုရားပေးတဲ့ ပုဒ်မ (၅) ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် အလှကားတွေ ပြိုင်ပွဲဝင်တဲ့ဓလေ့ကို ဆက်လက်ခွင့်ပြုပေမဲ့ မဟာသင်္ကြန် ကြီးကြပ် ရေးကော်မတီဖွဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အရမ်းတော့ မတင်းကျပ်ပါဘူး၊ အစိုးရကို အထိုက်အလျောက်တော့ ဝေဖန် ခွင့်ရကြပါတယ်။ ၁၉၇၄ ခုနှစ် နောက်ပိုင်း ပါတီ၊ ကောင်စီက လူကြီးတွေနဲ့ မဟာသင်္ကြန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့လို့ အမည် ပြောင်းလဲခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆုအဖြစ် ဂုဏ်ပြုတံဆိပ်တွေကိုပဲ ချီးမြှင့်လေ့ရှိပါတယ်၊ ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်ရောက်မှ ငွေသားကိုဆုအဖြစ် ချီးမြှင့်ပါတယ်။ အလှကား တစီးထွက်မယ်ဆိုရင် ဖြတ်ကျော်ရတဲ့ အဆင့်တွေ ရှိပါတယ်၊ ပထမ ဦးဆုံး အသင်းကိုခေါင်းဆောင်သူဟာ အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ရပါတယ်၊ ပြီးတာနဲ့ မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထံ ရေးထားတဲ့သံချပ်တွေကို တင်ပြရပါ တယ်။ အဲဒီ အဖွဲ့က ခွင့်ပြုမိန့်ကျလာမှ သံချပ် စတင်တိုက်ခွင့်ရပါတယ်။ သင်္ကြန်နားနီးလာပြီဆိုရင် ဝတ်စုံပြည့်နဲ့ ကြီးကြပ်ရေး ကော်မ တီမှာ အရင်ဆုံး ကပြရပါတယ်။

၁၉၇၀ ကျော် ခုနှစ်တွေတုန်းက နာမည်ကြီးတဲ့ သံချပ်ကားတွေက မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ပဒီးပဒါး၊ သင်္ကြန် မြင်ကွင်းကျယ် တို့ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်က စပြီး အစိုးရကို အကြည်ညိုပျက်စေတဲ့ သံချပ်တွေကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဘုန်းတော်ဘွဲ့များများပါတဲ့ သံချပ်ကားတွေ နာမည်ကြီးလာပါတယ်၊ အဲဒီ အချိန်က နာမည်ကြီးကားတွေက စမ်းချောင်း မြို့နယ်ကထွက်တဲ့ လောကနတ်၊ တခြားမြို့နယ်တွေက အနန္တစွမ်းအားရှင်၊ ပြည်သူ့တရားရှင်၊ ဆလိမ်ဆရာကြီး၊ ယဉ်ကျေးမောင်တို့ ဟာ စွယ်စုံဆုရှင်တွေ ဖြစ်လာကြပါတယ်။

အဲဒီ အချိန်တုန်းက တပ်မတော် (ရေ)၊ တပ်မတော် (လေ) ကနေ အလှကားထွက်ပါတယ်၊ တပ်မတော်က ထွက်တာမို့လို့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေမယ် မထင်ပါနဲ့၊ မ.ဆ.လ ပါတီအတွင်းက လောက်ကိုက်နေတာကို ဖော်ထုတ်ပြပါတယ်၊ ဧရာဝတီရေတပ်စခန်းဌာန ချုပ်က မဏ္ဍပ်မှာတော့ ဗိုလ်မှူး ဝင်းမောင်သိန်းက နိုင်ငံတော်ကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေက လိုကိုလိုအပ်တယ်တဲ့၊ ဒါကြောင့် သူဦးစီးတဲ့ မဏ္ဍပ်မှာတော့ သံချပ်ကားကောင်းကောင်းတွေကိုပဲ ဆုပေးလေ့ ရှိပါတယ်။

၁၉၈၀ ခုနှစ် ဝန်းကျင်မှာတော့ ဆုကိုငွေသားနဲ့ ပေးလာကြပါတယ်၊ ရပ်ကွက်တွေထဲမှာ အလှူငွေကောက်ခံပြီး ဆုပေး ကြပါတယ်၊ အ လှူငွေ များများရတဲ့ မဏ္ဍပ်တွေက ဆုအဖြစ်ပေးတဲ့ ငွေသားပမာဏ များကြပါတယ်။

ကျမ ကောင်းကောင်း မှတ်မိတဲ့ အချိန်က ၁၉၈၀ ခုနှစ် နောက်ပိုင်းတွေပါ၊ အဲဒီ အချိန်က ကျမတို့ နေထိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ကနေ အလှကားတွေ တော်တော်များများ ထွက်ကြပါတယ်၊ အကြောင်းရင်းကတော့ သင်္ဃန်းကျွန်းမြို့နယ် မဟာသင်္ကြန် ကြီးကြပ်ရေး ကော်မတီက သံချပ်တွေ စီစစ်ရာမှာ သဘောထား ပျော့ပြောင်းလို့ပါ။

၁၉၈၂ - ၈၃ လောက်မှာ မြန်မာပြည်ဟာ ဆိုရှယ်လစ် စနစ်အောက်မှ ပို၍ ပို၍ ဆုတ်ယုတ်လာပါတယ်၊ စိစစ်ရေးတွေ ကြားထဲက တ ချို့သံချပ်တွေဟာ ဖြတ်ကျော်လာပါတယ်။ မအောင်မြင်တဲ့ ဆိုရှယ်လစ်စနစ်ကို မသိမသာဝေဖန်လာကြပါတယ်၊ အဲဒီလို ဝေဖန်မှုတွေ ကို ပြည်သူတွေက တခဲနက် အားပေးကြပါတယ်။

အဲဒီတုန်းက အနုပညာအရရော နိုင်ငံရေး အရပါ အဆင့်မြင့်တဲ့ အလှကားတွေက မင်းကိုနိုင် (သို့) ပေါ်ဦးထွန်း ပါဝင်တဲ့ ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ၊ ကဗျာဆရာ မောင်စိမ်းနီ ဦးစီးတဲ့ အပြာရဲ့အနီ၊ ဆူးကြားက ဘူးခါး၊ ဂနိုင်မှ နှင်းဆီ တို့ကို ပြည်သူတွေ နှစ်ခြိုက်အားပေးပါ တယ်၊ ဒိုင်တွေ ဆုရွေးချယ်ဖို့ အတွက်တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။

မဏ္ဍပ်တွေမှာ ဒိုင်တွေက အများအားဖြင့် ပါတီနဲ့ ကောင်စီက လူတွေများတော့ သံချပ်တွေ ကောင်းနေရင်တောင် ပေါ်လစီအရ ဆုပေး ဖို့ ခက်ခဲနေတာပါ၊ အချို့လူကြီးတွေကတော့ ဝေဖန်တာလိုအပ်တယ်ဆိုပြီး ဆုပေးပေမယ့် စွယ်စုံဆုလို့ခေါ်တဲ့ ဆုကြေးအများဆုံးကို တော့ ပေးလို့မရပါဘူး။ တချို့ကလဲ ဆုမရရင်နေပါ အစိုးရကို ဝေဖန်ချင်လို့ အလှကား ထွက်ကြပါတယ်။

၁၉၈၈ခုနှစ် မတ်လ အရေးတော်ပုံအပြီး သင်္ကြန်မှာ ပြည်သူလူထုက ကျောင်းသားတွေရဲ့ အခြေအနေကိုဖော်ထုတ်မယ့် သံချပ်ကား တွေကို စောင့်မျော် နေခဲ့ပါတယ်၊ ကဗျာဆရာ မောင်စိမ်းနီ ဦးစီးတဲ့ သံချပ်ကားက …

“ရာဇဝင်ထဲမှာ ချစ်တတ်ဖို့ရာ
သစ္စာဖွဲ့ ချီလာခဲ့ပြီ
အပြာရဲ့ အနီ”


ဆိုတဲ့ အသံနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ သံချပ်တွေက တက္ကသိုလ်ထဲမှာ ကျောင်းသားတွေခံစားခဲ့ရတဲ့ အခြေအနေကို ထင်ဟပ်ပြသခဲ့ပါ တယ်၊ သူတို့က သံချပ်ကို စီစစ်ရေးတင်တော့ သူတို့ထွက်တဲ့ သာကေတမြို့နယ်က မတင်ဘဲ ဒေါပုံမြို့နယ်ကနေ တင်ခဲ့ပါတယ်၊ ဒေါပုံမြို့နယ်က ကြီးကြပ်ရေးက ဆင်ဆာမဖြတ်ပါဘူး၊ အဲဒီကားမှာ တက္ကသိုလ်ကျောင်းသား ထွန်းမြတ်သူက ဦးဆောင်ပြီး သံချပ် တိုင်ပါတယ်။

သင်္ကြန်ရက်တွေမှာ အပြာရဲ့အနီက မဏ္ဍပ်တိုင်းလိုလိုမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြည်သူတွေက တခဲနက် အားပေးကြပါတယ်။ ရဲထောက်လှမ်းရေးတွေက နောက်ကလိုက်တဲ့အခါမှာ ပြည်သူတွေက အကာအကွယ်ပေးခဲ့ကြလို့ မဏ္ဍပ်မှာ ဝင်ဖမ်းလို့မရခဲ့ပါဘူး။ သင်္ကြန်ပြီးတော့ သူတို့ကိုဖမ်းပြီး အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပေမဲ့ သံချပ်မှာ သူတို့ သုံးခဲ့တဲ့ကဗျာတွေက တရားဝင် ခွင့်ပြုခဲ့တဲ့ မြန်မာဖတ်စာထဲက ကဗျာတွေ ဖြစ်နေလို့ အမှုမမြောက်ပါဘူး။

အဲဒီခေတ်က သံချပ်ကားတွေကနေ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ ထွက်ပေါ်ခဲ့ပါတယ်၊ ဗေလုဝ ဆိုရင် သံချပ်ကားတွေမှာ သရုပ်ပြလုပ်ရင်း အနုပညာလောကမှာထဲမှာ ရပ်တည်နိုင်သွားခဲ့ပါတယ်၊

အဲဒီ အလေ့အထက ချစ်စရာကောင်းပါတယ်၊ အနုပညာ သမားကြီးတွေက အနုပညာသမားအငယ်တွေကို မွေးထုတ်ပေးကြရာမှာ စင်မြင့်တခု ဖြစ်ခဲ့ပါတယ်။ အပြင်းပြေရုံတွင်မကဘဲ ပြည်သူကို အတွေးတွေပေးနိုင်ခဲ့ပါတယ်။ ပြည်သူနဲ့ ဝေဖန်ထောက်ပြချင်သူတို့ တိုက်ရိုက်တွေ့ဆုံနိုင်တဲ့ နေရာတခုပါ။

၁၉၈၉ ခုနှစ်မှာတော့ စစ်တပ်အုပ်စိုးသူတွေက ဆုပေးမဏ္ဍပ် ဆောက်လုပ်ခွင့် မပေးတော့ပါဘူး၊ နိုးကြားနေတဲ့ ပြည်သူနဲ့ နိုးကြားနေတဲ့ ဝေဖန်ရေးသမားတွေကို တိုက်ရိုက်ဆက်ဆံခွင့် မပြုတော့ပါဘူး။

ဒါပေမဲ့ ဒီအလေ့အထကို ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီဌာနချုပ်မှာ ဆုပေးမဏ္ဍပ် ဆောက်လုပ်ခဲ့ပါတယ်၊ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့နဲ့ ဗေလုဝ ဦးဆောင်တဲ့ ဌာနချုပ်ရုံးအဖွဲ့က ဧည့်ခံဖျော်ဖြေ ခဲ့ပါတယ်။ အဲဒီ အချိန်က ဌာနချုပ်ဟာ အန်တီစုရဲ့ဘေးခြံမှာမို့လို့ တက္ကသိုလ်ရိပ်သာလမ်းမှာ ပြည်သူတွေနဲ့ ကြက်ပျံမကြ စည်ကားခဲ့ပါတယ်။

မြို့နယ်တွေက ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ပထမဆုကို ပုဇွန်တောင်မြို့နယ်က ရရှိခဲ့ပါတယ်။ ဒုတိယဆုကိုတော့ ကျမတို့ သင်္ဃန်း ကျွန်းမြို့နယ်က ရရှိခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းဆုကြည်ကိုယ်တိုင် ဆုပေးခဲ့ပါတယ်။

၁၉၉၀ ခုနှစ်ကစပြီး ဆုပေးမဏ္ဍပ်တွေကို ပြည်သူအများ မြင်ခွင့် မရတော့ပါဘူး။ ၁၉၉၃ ခုနှစ်လောက်မှာတော့ မြို့တော်ဝန် မဏ္ဍပ် ဆိုပြီး ပြန်လုပ်ခဲ့ပေမဲ့ အများပြည်သူ စိတ်မဝင်စားပါဘူး၊ ဘုန်တော်ဘွဲ့ ရွတ်ဆိုပွဲ တခုပါပဲ၊ အစိုးရကို အကြည်ညိုပျက်စေသော စကား လုံးများကို မသုံးနှုံးပါဘူးဆိုတဲ့ ကတိဝန်ခံချက် ပေးရပါတယ်။ ဘုန်းတော်ဘွဲ့မရွတ်ချင်တဲ့ ပညာရှင်တွေကတော့ ဝါသနာကို အပြီးအပိုင် စွန့်လွှတ် လိုက်ကြပါတယ်၊ ပြည်သူတွေလဲ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဘယ်သူမှ မကြည့်ကြတော့ပါဘူး၊ စီပွားရေး လုပ်လိုသူတွေက ဘုန်းတော်ဘွဲ့ကို နာနာရွတ်ပြီး လုပ်ပိုင်ခွင့် သေးသေးမွှားမွှားရဘို့ အသည်းအသန် ကြိုးစားကြပါတယ်။

ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ ဓလေ့တခုကတော့ ...
စစ်အာဏာရှင်တွေ လက်အောက် ကျပျောက်ခဲ့ပါတယ်။

ခင်ငြိမ်းသစ်

10 April 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ကျန်းမာရေး စစ်ဆေးမှုခံယူ



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ရကြောင်း သိရသည်။

ဤသည်မှာ စစ်အစိုးရက လတလ၏ ပထမဆုံး ကြာသပတေးနေ့တွင် ကျန်းမာရေးစစ်ဆေးခွင့် ပေးထားရာမှ လိုအပ်ချက်အရ ဒေါက်တာတင်မျိုးဝင်းကို ECG စက်များ သယ်ဆောင်ကာ ယခုလအတွင်း ဒုတိယအကြိမ် သွားရောက်စစ်ဆေးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့ (ကြာသပတေးနေ့) ကလည်း ပုံမှန်စစ်ဆေးခွင့် ရရှိခဲ့သဖြင့် ၈ ရက်အတွင်း ဒုတိယမြောက် ထပ်မံတွေ့ဆုံရခြင်းလည်း ဖြစ်သည်။

“ဆရာဝန် ခေါ်ပြတယ်ဆိုတာလောက် ကြားတယ်။ ECG စက် သွင်းတယ်လို့တော့ ကြားတယ်။ လောလောဆယ် ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ ဆရာဝန်တင်မျိုးဝင်း သွားတယ်။ ECG ရိုက်စက် သွင်းတယ်ဆိုတာပဲ သိရသေးပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကလည်း “ဒေါ်စုမှာ အစာအိမ်တို့ဘာတို့ ဝေဒနာဖြစ်နေလို့ ဆေးပေးနေရတယ်။ အဲဒီ အစာအိမ်ဆေးကလည်း ခေါင်းတွေဘာတွေ မူးတတ်တယ်။ ဒေါက်တာတင်မျိုးဝင်းတို့ အထဲကိုဝင်တဲ့အခါ ECG ရိုက်တဲ့ ကိရိယာတွေ ယူသွားတယ်လို့ ကြားတယ်။ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ အရေးတကြီး မဟုတ်ပါဘူး။ သာမန်ပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အမှုကိစ္စများအတွက် သူမ၏ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့သေးသည်။

ထိုသို့ ဆွေးနွေးစဉ်က တွေ့ရှိခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို ရှေ့နေ ဦးကြည်ဝင်းက ယခုလို ပြောပြသည်။

“ကျနော်တို့နဲ့ ဆွေးနွေးတာက တက်တက်ကြွကြွ လုပ်သွားတာပါပဲ။ သူ့ကိုကြည့်ရတာ နေမကောင်းဘူးဆိုတာ မယုံနိုင်စရာပါပဲ။ သူကိုယ်တိုင် ပြောတာက ခေါင်းမူးတယ်၊ သွေးပေါင်ချိန် ကျနေတယ်လို့ ဒီလိုလေးပဲ ပြောတယ်။ ပြန်ထွက်လာတော့ ကျနော်တို့က SP ကို ပြောတော့၊ သူတို့က ချက်ချင်း လုပ်ပေးပါတယ်။ ဆရာတင်မျိုးဝင်းကို ချက်ချင်း အကြောင်းကြားတယ်။ ဆရာတင်မျိုးဝင်းတော့ ၀င်ပြီးပြီလို့တော့ ကြားတယ်” ဟု ပြောသည်။

အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ဒေါက်တာတင်မျိုးဝင်းထံသို့ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် မဖိတ်ခေါ်ဘဲ သူမ၏ နေအိမ်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသဖြင့် နေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက သြဂုတ်လထဲတွင် ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ် ၁၈ လအထိ လျော့ပေါ့ကာ နေအိမ်တွင် အထိန်းသိမ်းခံရန် ညွှန်ကြားခဲ့သည်။

သတင်းရင်းမြစ် (မဇ္ဈိမ)။


ဝ တောင်းဆိုချက်အသစ် နအဖ လက်ခံမည်ကို ၀ အရာရှိအချို့ ရင်တမမဖြစ်..

စစ်အစိုးရထံလိပ်မူ ရေးသားပေးပို့ထားသည့် တောင်းဆိုချက် ၈ ချက်အပေါ် နအဖ အမှန်တကယ်လက်ခံ အတည် ပြုမည်ကို ၀ အရာရှိအချို့ ပြန်လည်စိုးရိမ်နေကြောင်း စုံစမ်းသိရှိရပါသည်။

“နအဖ ထံပေးပို့တဲ့စာက ၁ ရက်နေ့ တန့်ယန်းတွေ့ဆုံပွဲကနေတဆင့် ပေးပို့တာမဟုတ်ဘူး၊ စာကို မတ် ၃၁ ရက်နေ့ ကတည်းက ရေးပြီးနေတာ၊ တရုတ်ဘာသာကနေ ဗမာလိုပြန်နေရလို့ ဧပြီ ၃ ရက်နေ့မှ ပို့ရတာ။ အဲဒီ စာကသဘောထား အရမ်းပျော့ပြောင်းပြီး နအဖတောင်းဆိုချက်ကို အများကြီးလိုက်လျောထားလို့သူတို့လက်ခံ လိုက်မှာကို ကျနော်တို့စိုးရိမ် နေတယ်”- ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကပြောပါသည်။

ဧပြီ ၃ ရက်နေ့ နအဖ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ် ကြီးရဲမြင့်၊ လားရှိုး ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ် ထံလိပ်မူပြီးပေးပို့သည့်စာတွင် သဘောထားပျော့ ပြောင်း အလျှော့ပေးလွန်း သည်ဟု ၀ အရာရှိများရှုမြင်သောကြောင့် ဤကဲ့သို့စိုးရိမ်လာခြင်း ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်နေ ဗမာပြည်အရေးလေ့လာသူတဦးက- “ကျနော်သာ နအဖ ဆိုရင် အခု ၀ တောင်းဆိုချက်တွေကို လိုက် လျော လိုက်ပြီ၊ ဒါပေမယ့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖိအားပေးလာကတည်းက နအဖ စိတ် ထားကို သုံးသပ်ကြည့်ရင် နည်းနည်းလေး(သို့)တ၀က်တပြက်လက်ခံ ရင်မရဘူး၊ မူအားဖြင့်လက်ခံတယ်လို့ ပြောရင်တောင်မှရာနှုန်းပြည့် လက်ခံ တယ်လို့ သူတို့အတင်းမှတ်ယူတာ။ နအဖက လောဘအရမ်းကြီးတယ်၊ အားလုံး အပိုင်ရချင် လိုချင်တယ်၊ ဆိုတော့ အခု ၀ တောင်းဆိုချက်ကို သူတို့လက်ခံချင်မှ လက်ခံမယ်”- ဟု သျှမ်းသံတော်ဆင့်သို့သုံးသပ်ပြ၏။

၂၀၀၉ နိုဝင်ဘာ တောင်းဆိုချက် ၉ ချက် နှင့် ၂၀၁၀ ဧပြီတောင်းဆိုချက် ၈ ချက်ကို ယှဉ်ကြည့်ပါက -တူညီသော အချက်များ မှာ -

၁။ လက်ရှိ ၀ ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းပေါက် မိုင်းဖျန်ဒေသအား မိုင်းယန်းမြို့နယ်(နအဖ) လက်အောက်ခံ မထားဘဲ နယ်မြေအားလုံးစုစည်းပြီး ၀ လက်အောက်ခံ မိုင်းပေါက်မြို့နယ်အဖြစ်သတ်မှတ်ပေးရ မည်။

၂။ စစ်ဒေသမှူးအား ၀ ကနေရာယူမည်ဖြစ်ပြီး ဒု စစ်ဒေသမှူးအား နအဖ အရာရှိနေရာယူမည်ကို လက္ခံ မည် - ဟုဆို၏။

ကွာခြားချက်/လိုက်လျောချက်များမှာမူ -

၁။ တောင်ပိုင်း ၀ ဒေသရှိ ဟွေ့အော့ နယ်မြေအား မိုင်းတုံမြို့နယ်၊ မိုင်းယွန်းအား မိုင်းဆတ်မြို့နယ်အတွင်းဆက်လက် ထားရှိမည်ကို ၀ ဘက်မှ သဘောတူလက်ခံလိုက်ခြင်း၊

၂။ မြောက် ပိုင်းနှင့် တောင်ပိုင်း စစ်ဒေသ နှစ်ခုစလုံး စစ်ဦးစီးအရာရှိနေရာအား နအဖ တာဝန်ယူရမည်ဖြစ်ပြီး ဒု-စစ်ဦးစီးအရာရှိကိုမူ ၀ က ထမ်းဆောင်မည်။

၃။ မြောက်ပိုင်းနှင့် တောင်ပိုင်းစစ်ဒေသ နှစ်ခုစလုံးနယ်ခြားစောင့် တပ် တပ်ရင်းတိုင်းတွင် နအဖ အရာရှိ ၃၀ ပါဝင်ခွင့်မပြု ထားသော်လည်း ဒုတပ်ရင်းမှူး နှင့် ရုံးထိုင် ၅ ယောက် ပါဝင်ရန် သဘောတူလက်ခံထားသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းရပ်ကွက် ၀ တင်ပြချက်များအားလုံး နအဖ နေပြည်တော် လက္ခံခြင်းမရှိအကြွင်းမဲ့ ပယ်ချပြီးဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုဆေ နအဖ လက်ခံမည် မခံမည် တရားဝင်အကြောင်းပြန်ခြင်းမရှိသေးသော်လည်း ဧပြီ ၁ ရက်နေ့ ၀ တပ်ဖွဲ့၊ မတ် ၂၈ ရက်နေ့ မိုင်းလားတပ်ဖွဲ့၊ ဧပြီ ၂ ရက်နေ့ သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့၊ ၄ ရက်နေ့ ကချင်လွတ်မြောက် ရေးတပ်မတော် KIA တို့ နှင့်တွေ့ဆုံစဉ် စရဖအရာရှိက ယခုလ ၂၂ ရက်နောက်ဆုံး နယ်ခြား စောင့်တပ်အသွင်ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ခြင်းမရှိက ဧပြီ ၂၈ ရက်နေ့ (နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးအစီအစဉ် စတင်ခြင်း တနှစ်ပြည့်) နောက်ပိုင်းတွင် တရားမ၀င်သည့်အသင်းအဖွဲ့ (၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ ဥပဒေပြင်ပ အဖွဲ့အစည်းများ) အဖြစ် ကြေငြာခြင်းခံရမည်ဟု နောက်ဆုံးအနေ ဖြင့် ခြိမ်းခြောက်ထားခဲ့ပါသည်။

သတင်းရင်းမြစ် သျှမ်းသံတော်ဆင့်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ..







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရားစွဲဆိုခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲန်အယ်လ်ဒီက ဆိုပြီး တရားရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီလို ပယ်ချမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။



မတ်လ ၂၃ ရက်နေ့က အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေနဲ့ ၁၈၈၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅)၊ (၅၄) တွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရန်ကုန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပေမဲ့ တာဝန်ရှိသူတွေက အမှုကို လက်မခံတဲ့အတွက် ဒါဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။



"လက်မခံလို့ရှိရင် လက်မခံတဲ့အကြောင်းကို အကြောင်းပြရမယ်လေ။ အဲဒီအကြောင်းပြချက်မပါဘဲနဲ့ လက်မခံဘူးဆိုတာ မမှန်ကန်ဘူး။ ဘာကြောင့် လက်မခံဘူးဆိုတာ အကြောင်းပြချက် ပါရမယ်။ ဒီလို ပါးစပ်နဲ့ လက်မခံဘူးဆိုပြီး ပြန်ပေးလို့ မရဘူး။ သူတို့က အခု စာရွက်ကိုယူတယ်။



သက်ဆိုင်ရာ အကြီးအကဲတွေဆီ ပို့တယ်။ အပေါ်ကနေ လက်မခံတဲ့အပေါ် စာရွက်ကို ဒီအတိုင်း ပြန်ပေးလိုက်တာပေါ့။ ဆိုတော့ ကျနော်တို့က မေးတယ်။ ကောင်းပြီ၊ လက်မခံရင် လက်ခံတဲ့ရုံးကို ဘယ်လိုပြောပြီး သွားပေးရမလဲဆိုတော့လည်း ကျမတို့မှာ ကျနော်တို့မှာ ပြောခွင့်မရှိဘူးတဲ့။ ဆိုတော့ ကျနော်တို့ ဆက်ပြီးတော့ လုပ်စရာရှိတာကတော့ လက်မခံတဲ့အကြောင်း ပြရမယ်လေ။ ကျနော်တို့ပြောတာက high court ကို၊ တရားရုံးချုပ်ကို ပြောတာကိုး။ အဲတော့ အဲဒါ မပြဘူးဆိုရင် ဒါ မဟုတ်ဘူးပေါ့။ ဒါကို ကျနော်တို့က စောဒကတက်ပြီးတော့ ကန့်ကွက်တာပေါ့ဗျာ။ အရေးယူတာပါပဲ။"



ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘာများ ထပ်ပြီးပြောတာမျိုးရှိပါသေးလဲ။ -


အခုလောလောဆယ်တော့ အချက်အလက်တွေတော့ ဥပဒေကြောင်းခြင်းရာအရ ဘယ်လို အချက်အလက်တွေ အရေးယူရင်ကောင်းမလဲ၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အရွေးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒီအပေါ်မှာလည်း အသိအမှတ်ပြုခြင်း မရှိတဲ့အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတာကို သင်္ကြန်ရက်အတောအတွင်းမှာ ကျနော်တို့ ညှိနှိုင်းပြီး လုပ်ကြမှာပဲလေ။"



အမှုကို လက်မခံတဲ့အတွက် အဲန်အယ်လ်ဒီအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ မကျေနပ်ကြောင်း တရားသူကြီးချုပ်ဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုလို ဥပဒေပြဌာန်းချက်နဲ့ မညီဘဲ လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်နေတာမို့ အနာဂတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်နေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ (AHRC) က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။



"တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ တရားမမှုတွေကို စတင်လက်ခံရတဲ့ တရားရုံးဝန်ထမ်းတွေ အနေနဲ့ ဒီအမှုက အမှုဖြစ်အကြောင်းအရာ ပေါ်ပေါက်ခြင်း ရှိမရှိ၊ ကာလအကန့်အသတ် ကျော်လွန်ခြင်း ရှိမရှိ၊ အမှုတန်ဖိုးနဲ့အညီ တံဆိပ်ခေါင်းအခွံ ကပ်ထားခြင်း ရှိမရှိ စတဲ့အချက်အလက်တွေကို စစ်ဆေးပြီးတော့ အမှုကို လက်ခံရမှာဖြစ်တယ်။ တကယ်လို့ ငြင်းပယ်မယ်ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့ကနေပြီးတော့ ဘာကြောင့် ငြင်းပယ်တယ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ ငြင်းပယ်ရမှာဖြစ်တယ်။ လက်ခံရင်လည်း ဘာအချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ လက်ခံတယ်ဆိုတာကို အမှုတင်တဲ့ တရားလိုကို အသိပေး အကြောင်းကြားရမှာဖြစ်တယ်။



သို့သော်လည်း ယခု အဲန်အယ်လ်ဒီကနေပြီးတော့ တင်သွင်းတဲ့လျှောက်လွှာအပေါ်မှာ လက်ခံခြင်းမရှိဘဲနဲ့ စီရင်ပိုင်ခွင့် မရှိဘူး။ မရှိတဲ့အတွက် ပြန်ပေးလိုက်တဲ့ကိစ္စက ကျနော်တို့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ တရားရုံးများ လက်စွဲပါ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အလွယ်တကူ စီမံဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် လွန်စွာမှပင် ရင်လေးစရာ ကောင်းတဲ့အချက်တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယနေ့ ထုတ်ဖော်ပြီးတော့ ပြောကြားရခြင်းဖြစ်ပါတယ်။"



ရွေးကောက်ပွဲ မကျင်းပမီမှာပဲ ဒီလို တရားရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ကြုံနေရတဲ့အပြင် အခု ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေတွေထဲမှာလည်း တရားရေးမူအရ မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ကိုသာ စစ်ဆေးစီမံခွင့် အပြည့်အ၀ ပေးထားတာမို့ ဒီကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။



"အခုကျင်းပမယ့်ရွေးကောက်ပွဲက တရားစီရင်ရေးစနစ်တွေ၊ တရားဥပဒေ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ စစ်ဆေးစီမံဆောင်ရွက်နိုင်တဲ့ ကော်မရှင်ရဲ့ လက်အောက်ကသာ နိုင်ငံရေးပါတီတွေအနေနဲ့ ဆက်လက်ပြီးတော့ သွားရမယ်ဆိုလို့ရှိရင် ဒါက မျှတတဲ့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုတာကို ကျနော်တို့ အတိအလင်း ပြောနိုင်တယ်။



ဒီကော်မရှင်က ကန့်သတ်တဲ့နည်းဥပဒတွေအောက်မှာ နိုင်ငံရေးပါတီတွေက အသင်းအပင်းဖွဲ့စည်းတာတွေ၊ အသင်းဝင် လက်ခံတာတွေ လုပ်ရမယ်ဆိုတဲ့ကိစ္စကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ခွင့်တွေ၊ ကော်မရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကြောင့် အကန့်အသတ် အတားအဆီးတွေ အများကြီး ရှိနေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ ပြောရခြင်းဖြစ်တယ်။"



အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။




သတင်းရင်းမြစ် VOA

နအဖစစ်အစိုးရက ပြည်သူပိုင်ပစ္စည်းမှန်သမျှ ထူးထရေးဒင်းကို လွှဲပြောင်းပေးနေပုံဆိုရင် ၂၀၁၀ရွေးကောက်ပွဲကြီးကိုလဲ ထူးထရေးဒင်းကိုလွှဲပြောင်းပေးတော့မယ်ထင်ပါရဲ့

မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားဥယျာဉ်အား ဆက်လက်လုပ်ပိုင်ခွင့်နှင့် ထိန်းသိမ်းရေးအတွက် ထူးထရေးဒင်း ကုမ္ပဏီသို့ မကြာမီ လွှဲပြောင်းပေးတော့မည်ဖြစ်သည်။

သစ်တောရေးရာ ဝန်ကြီးဌာနပိုင် ဥယာဉ်ကို နှစ်ရှည် ဝန်ဆောင်မှုနှင့် ထိန်းသိမ်းရန် လွှဲပြောင်းငှားရမ်းလိုက်သော်လည်း ဝန်ထမ်းများကိုမူ ဆက်လက်ခန့်သွားမည်ဟု သိရသည်။

'' ပုဂ္ဂလိကလုပ်ရင် ဒီတောကို ပြုပြင်ဖို့နဲ့ စနစ်တကျ ထိန်းသိမ်းဖို့ဆိုတာ ပိုပြီးလုပ်နိုင်တယ်။ ငှားရမ်းမယ့် နှစ်ရှည် အသေးစိတ် ကာလကိုတော့ မသိရသေးဘူး။ အပြန်အလှန် စာချုပ်ကိုတော့ ဧပြီလကုန်လောက်မှာ လုပ်မှာပါ '' ဟု လှော်ကားဥယျဉ်ရှိ အရာရှိတဦးက ပြောသည်။

''လာတဲ့သူတွေဆီက ရနိုင်မယ့် အခကြေးငွေတွေက ဆင်စီးနိုင်တာနဲ့ တခြားဖျော်ဖြေရေးတွေကတဆင့် ရနိုင်မယ်။ ပြီးတော့ အဲဒီတောမှာ ရုပ်ရှင်ရိုက်ကူးတာတွေကိုလည်း စီးပွားရေးလုပ်ငန်းသုံးအနေနဲ့ ကောက်ခံမှာ ဖြစ်တယ်'' ဟု သူက ဆက်ပြောသည်။

ဧကပေါင်း ၁၅ဝဝ ကျော် ကျယ်ဝန်းသော လှော်ကားဥယျာဉ်အား ၁၉၈ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ပြည်သူ့အပန်းဖြေဥယျာဉ်အဖြစ် သစ်တောရေးရာ ဝန်ကြီးဌာနက စီမံအုပ်ချုပ်လာခဲ့သည်။

ဥယာဉ်ဧရိယာအတွင်း ငှက်မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ရှိလည်းရှိနေပြီး အရေးပါသော ရေဝေရေလဲ ဒေသတခုဖြစ်သည်။

ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဥယျာဉ်အတွင်း သစ်ပင်ပေါင်း ရာနှင့်ချီ၍ ကျိုးကြေသွားခဲ့သည်။

သတင်းရင်းမြစ်..(မဇ္ဈိမ)



နအဖ လက်ကိုင်တုတ် လျှပ်တစ်ပြက်ဂျာနယ်က ရွေးကောက်ပွဲ ဥပဒေကို ကြိုဆို

monaitar
နာမည်ကျော် လျှပ်တစ်ပြက် ဂျာနယ်က “၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ကြိုဆို သောအားဖြင့်” လအတန်ကြာ စီစဉ်နေသည့် သတင်းဂျာနယ်အသစ်တစောင်ကို မေလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေတော့မည် ဖြစ်သည်။

ဂျာနယ်ကို စောင့်ကြည့်သူဟု အဓိပ္ပာယ်ရသည့် “MONITOR” ဟု အမည်ပေးထားသည်။ ထိုဂျာနယ်သစ် ထုတ်ဝေတော့မည့် အကြောင်းကို လျှပ်တစ်ပြက်ဂျာနယ်တွင် အပတ်စဉ် ကြေညာလျက် ရှိသည်။

လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် ဂျာနယ်တစ်စောင် လာမည် မကြာပြီ” ဟု ကြေငြာထားကြောင်း တွေ့ရသည်။


မတ်လ ၈ ရက်နေ့ရက်စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတခြင်း မရှိကြောင်း နိုင်ငံရေးသမား အများအပြားက ပြောနေချိန်တွင် ဂျာနယ် တစောင်က ရုတ်တရက် ထောက်ခံလိုက်ခြင်း ဖြစ်သည်။

တပတ် တကြိမ်ထုတ် လျှပ်တစ်ပြက်ဂျာနယ်ကို http://www.snapshot-news.com/ တွင် ဖတ်ရှုနိုင်သည်။



ရင်းမြစ် မိုးမခ

ကို စံဇာဏီဘို ၏ ၂၀၁၀ သင်္ကြန် ဟောကိန်း..





၂၀၁၀ သင်္ကြန်က ကဆုန်လမှာ ကျရောက်မယ့် သင်္ကြန် ဖြစ်ပါတယ်။ အဲဒီလို ကျတဲ့ သင်္ကြန် နှစ်တွေမှာ ထူးထူး ခြားခြား ဖြစ်ရပ် ဆန်းတွေ ရှိခဲ့တယ်။ လူတွေ မသိနိုင်တဲ့ ကာလတွေ ကတည်းက ရှိခဲ့သလို၊ ဒီဘက်ခေတ် လူတွေ မှတ်မိနိုင်လောက်တဲ့ ကာလတွေမှာလည်း ဖြစ်ခဲ့တယ်။ ၁၉၆၁ ခုနှစ် ဧပြီ ၁၄ ရက်နေ့က ကဆုန်လဆန်း ဖြစ်တဲ့အတွက် ကဆုန်လမှာ သင်္ကြန်ကျတယ်လို့ ဆိုရမယ်။ အဲဒီလိုနှစ်တွေကနေ စပြီး "တပေါင်းတန်ခူး အကြောင်းထူးမယ်" ဆိုတဲ့ စကားတရပ် ပေါ်ထွန်း ခဲ့ပါတယ်။ အဲဒီနှစ်နဲ့ မြန်မာနှစ် တနှစ်တည်းကျတဲ့ ၁၉၆၂ ခုနှစ် မတ်လမှာ မြန်မာပြည်ရဲ့ မူလ ပါလီမန်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရ တက်ခဲ့တယ်။ ၁၉၈၈ ဧပြီ ၁၆ ရက်နေ့ဟာလည်း ကဆုန်လဆန်း ဖြစ်ခဲ့တယ်။ အဲဒီနှစ်လည်း ထူးခြားမှုတွေ ရှိခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် ဧပြီ ၁၃ ရက်နေ့ဟာလည်း ကဆုန်လဆန်း သင်္ကြန် ဖြစ်တဲ့အတွက် အဲဒီနှစ်မှာလည်း ထူးထူးခြားခြား အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီ ၁၆ ရက်နေ့ဟာလည်း ကဆုန်လဆန်းပါပဲ။

အဲဒီလို ကဆုန်သင်္ကြန်တွေနဲ့ တိုက်ဆိုင်ပြီး မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို တိုက်ဆိုင်ကြည့်ရင် သိမှာပါ။ သမိုင်းကြောင်းဖြစ်စဉ်နဲ့ အခုနှစ် ၂၀၁၀ ကဆုန်သင်္ကြန်ဖြစ်စဉ်တွေက နီးစပ်ဆင်တူနိုင်ပါတယ်။ အခုနှစ်သင်္ကြန်စာမှာ သိကြားမင်းက ကျွဲစီးပြီး ဆင်းလာမယ်၊ လက်တဘက်က ရေအိုးနဲ့ နောက်လက်တဘက်က ပန်းကိုင်ပြီး ဆင်းလာမယ်လို့ ဆိုပါတယ်။

သိကြားမင်း ဆင်းလာတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သင်္ကြန်စာထဲမှာ ဗြဟ္မာဦးခေါင်းကို လက်ခံရမယ့် နတ်သမီးတပါးက ငိုနေတာပါ။ သူက ငိုကြွေးပြီးမှ ဗြဟ္မာဦးခေါင်းကို လက်ခံရတာဆိုတော့ တစုံတရာ အပြောင်းအလဲ ရှိလာခဲ့ရင် လက်ခံရမယ့်သူက ငိုကြွေးစရာ၊ စိတ်ရှုပ်စရာ ရှိမယ့်သဘောမျိုး ထပ်တူညီနိုင်တယ်။ အပြောင်းအလဲ တခုခုရှိမယ်ဆိုရင်လည်း အဲဒီ အပြောင်းအလဲက ငိုကြွေးခြင်းနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ၊ မျက်ရည်စက်တွေ စွန်းထင်းရတဲ့ အပြောင်းအလဲဖြစ်လိမ့်မယ်။

သိကြားမင်းရဲ့ လက်တဘက်မှာ ရေအိုးကိုင်ထားတယ်ဆိုတာကတော့ အဓိပ္ပာယ် နှစ်မျိုးရှိတယ်။ ရေများတာ၊ ရေကြီးတာနဲ့ မီးအန္တရာယ် သတိထားသင့်တယ်။ ကျန်တဲ့ လက်တဘက်တွင် ပန်းကိုင်ထားတာကတော့ ဒီနှစ် စီးပွားရေး ပြန်လည် နာလန်ထူနိုင်မယ်၊ ပိုကောင်းလာမယ်၊ အဆင်ပြေလာမယ်။ ကျွဲစီးလာတယ် ဆိုတာက ဆန်ရေစပါး အထွက်နှုန်း ကောင်းလာမယ့် အနေအထားကို ပြောချင်တာ။

သင်္ကြန်နဲ့ ပတ်သက်တဲ့ အယူအဆတွေထဲမှာ ဘယ်နေ့သားသမီးတွေ ဘယ်လိုဖြစ်မယ် ဆိုတာကတော့ သင်္ကြန်တိုင်းမှာ အတာစားတဲ့သူ တယောက်တည်းနဲ့ပဲ ဆိုင်တယ်။ အဲဒါက သင်္ကြန်အတက်နေ့နဲ့ ကိုယ့်မွေးနေ့ တိုက်ဆိုင်တဲ့ သူတွေပေါ့။ အဲဒီလို လူတွေကို အတာသင့်တယ်လို့လည်း ခေါ်တယ်။ ဒီနှစ် အတာစားမယ့် သူတွေကတော့ သောကြာနေ့ မွေးဖွားတဲ့ သူတွေတင်မကဘူး နာမည်မှာ သ၊ ဟ နဲ့ စသူတွေလည်း အကြုံးဝင်မယ်။

၂၀၁၀ သင်္ကြန်အတက်နေ့က သောကြာနေ့ကျတယ်။ သောကြာနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၁ နာရီ ၃၂ မိနစ် ၅၂ စက္ကန့်မှာ သင်္ကြန်တက်မယ်။ အတာသင့်တဲ့ သူတွေ၊ သောကြာ နေ့နံ သားသမီးတွေက အတာတက်မယ့် အချိန်အတိအကျမှာ အတာစား ရမယ်။ အတာစားတယ် ဆိုတာကတော့ အတာတက်မယ့်အချိန်မှာ ကောင်းကောင်းမွန်မွန် ၀တ်စားဆင်ယင်၊ သန့်စင်စွာနေ၊ အဲဒီနာရီ၊ မိနစ် အချိန်တွေမှာ အရှေ့တောင်အရပ်ကို မျက်နှာမူပြီး ကျကျနန သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို အခြံအရံထားပြီး ဗုဒ္ဓမြတ်စွာဘုရားကို လှူဖွယ် ၀တ္ထုတွေ ဆပ်ကပ် ပူဇော်ခြင်းပြုတာကို အတာစားတယ်လို့ ခေါ်တယ်။

အဲဒီလို အတာစားတဲ့အတွက် သောကြာနေ့မွေးဖွားသူတွေ၊ သ၊ ဟ အက္ခရာနဲ့ နာမည် စသူတွေဟာ တောင်းတဲ့ဆု၊ ဖြစ်ချင်တဲ့ အရာတွေ အားလုံး တနှစ်လုံးကောင်းစွာ ဖြစ်လာမယ်။ သောကြာ သားသမီးတွေ အနေနဲ့ အဲဒီလို ကောင်းမှုကုသိုလ် မပြုသူတွေ ကတော့ အန္တရာယ်မျိုးစုံနဲ့ ကံဆိုးခြင်းတွေ ကြုံရမယ်။

ကုသိုလ်ကောင်းမှုကိုယူပြီး လိုချင်တဲ့ ဆန္ဒပြုမလား၊ ကုသိုလ်ကောင်းမှုမလုပ်ဘဲ သူများတွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေ ဖြစ်အောင် လုပ်မလားဆိုတဲ့ ယူပိုင်ခွင့် နှစ်ခုကိုတော့ တခြားလူမဟုတ်ဘူး သောကြာနေ့ မွေးတဲ့သူတွေ စဉ်းစားပိုင်ခွင့် ရှိတယ်။

ဧရာဝတီ