31 January 2010

မြန်မာ့သယံဇာတတွေကိုတိုင်းပြည်နဲ့ပြည်သူလူထုကပိုင်ဆိုင်ရမှာလား၊ နအဖနဲ့သူနဲ့ပလဲပနံသင့်တဲ့ကုမ္ပဏီတွေက ပိုင်ဆိုင်ရမှာလား။

ကချင်ပြည်နယ် ဖားကန့် ဒေသမှာ တန်ချိန် ၁၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းရိုင်းတုံးတစ်ခုကို တွေ့ရှိရတယ်လို့ သိရှိရပါတယ်။ ဒီတွေ့ ရှိခဲ့တဲ့ ကျောက်စိမ်းရိုင်းတုံးကို ဇော်ဇော်ပိုင်တဲ့ Max Myanmar ကုမ္ပဏီကနေ တူးဖေါ်တွေ့ရှိခဲ့တယ်လို့  ပြောဆိုနေကြပါတယ်။ အခုတွေ့ တဲ့ ကျောက်စိမ်းရိုင်းတုံးကြီးဟာ အလျား (၂၁) မီတာ၊ အနံ (၄.၈) မီတာနှင့် အမြင့် (၁၀.၅) မီတာရှိကြောင်း သိရပါတယ်။

တန်သုံးထောင်ကျော်ရှိခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းရိုင်းတုံးကိုလည်း ဖားကန့်မှာဘဲ ၂၀၀၀ ခုနှစ်တုန်းက တူးဖေါ်ရရှိခဲ့တာပါ။ ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းနဲ့  အခြားသောကျောက်မျက်ရတနာတွေ ထွက်ရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသမှာ ကျောက်မျက်တွင်းတူးလုပ်ငန်းတွေလုပ်ဖို့ ဆိုပြီး နအဖ ခေါင်းဆောင်ကြီး သန်းရွှေက မက်မြန်မာကုမ္ပဏီပိုင်ရှင် ဇော်ဇော်ကို ခွင့်ပြုထားပါတယ်။ သန်းရွှေဟာ သူ့ အကျိုးစီးပွားအတွက် ဇော်ဇော်ကို အခွင့်ထူးကြီးပေးထားသလို ဒီအခွင့်ထူးကြီးရတဲ့အတွက် ဇော်ဇော်ကလည်း တေဇနည်းတူ သန်းရွှေအတွက် လိုလေသေးမရှိ ပြန်လည် အကျိုးပြုပေးနေပါတယ်။

ကချင်ပြည်နယ် ဖားကန့် ဒေသက မြန်မာပြည်ရဲ့  တန်ဖိုးရှိလှတဲ့ ကျောက်စိမ်းတွေနဲ့  တွင်းထွက်ရတနာပစ္စည်းတွေ တူးဖော်ရောင်းချလို့ ရလာတဲ့ သိန်းပေါင်းသန်းပေါင်းများစွာသော ငွေတွေဟာ တိုင်းသူပြည်သားတွေအတွက် ကျန်းမာရေး ပညာရေး လူမှုဖူလုံရေးအစရှိတဲ့ အကျိုးစီးပွားတွေမှာ အသုံးချဖို့  သုံးစွဲတာမျိုး မရှိဘဲ သန်းရွှေရဲ့ မိသားစု ချမ်းသာဖို့ ၊ နအဖဗိုလ်ချူပ်ကြီး ကြွယ်ဝဖို့ အတွက် မက်မြန်မာကုမ္ပဏီပိုင်ရှင် ဇော်ဇော်က လုပ်ပေးနေတဲ့အပြင် မက်ဇော်ဇော်ရဲ့  ကုမ္ပဏီတိုးတက်ကြီးပွားဖို့ အတွက်သာ အသုံးပြုနေတာ ဖြစ်ပါတယ်။ တိုင်းပြည်ပိုင် ပြည်သူလူထုပိုင် မြန်မာနိုင်ငံရဲ့  သဘာဝတွင်းထွက်ရတနာတွေဟာ ကိုယ်ကျိုးစီးပွားရှိနေသူ အာဏာရူးမက်မောနေသူတွေအတွက်သာ ဖြစ်နေပါတော့တယ်။


(မက်မြန်မာကုမ္ပဏီကနေ ကချင်ပြည်နယ် ဖားကန့် ဒေသကို သန်းရွှေရဲ့  ခွင့်ပြုချက်ဖြင့် နေရာအပိုင်စီးထားပြီး ကျောက်မျက်ရတနာ တူးဖေါ်ရေးလုပ်ငန်းတွေကနေ ရရှိလာတဲ့ မြန်မာနိုင်ငံရဲ့  ကျောက်စိမ်းတုံးများပုံ)။





နအဖသန်းရွှေကတောင် ဒီ မက်မြန်မာပိုင်ရှင် ဇော်ဇော်ကို သီရိပျံချီဘွဲ့ တံဆိပ်တွေ ချီူမြှင့်မြောက်စားတဲ့အထိ နေရာပေးတာကို ကြည့်ရင် မက်မြန်မာကုမ္ပဏီရဲ့  ကျောက်မျက်ရတနာတွေကနေ ငွေတွေအမြောက်အများဟာ သန်းရွှေအတွက် အတော့်ကို ရရှိအကျိုးဖြစ်ထွန်းနေလို့ ဆိုတာ သက်သေပါဘဲ။ ဒီ သီရိပျံချီဘွဲ့ နဲ့  လုံးလုံးလျားလျားမှ မထိုက်တန်တဲ့ ကိုယ်ကျိုးစီးပွားလောဘသမား ဇော်ဇော်လို လူမျိုးကိုမှ ပေးခြင်းဟာ အာဏာရူးနဲ့  စီးပွားရူး အရူးအချင်းချင်း တစ်ဦးကို တစ်ဦးဘုံမြှောက်ခြင်းသာ ဖြစ်ပါတယ်။

သန်းရွှေဟာ မက်ဇော်ဇော်ကို စီးပွားရေးပိုင်းဆိုင်ရာတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်းတွေ၊ စက်ပစ္စည်းတင်သွင်းခြင်းလုပ်ငန်းတွေ၊ ရော်ဘာလုပ်ငန်းတွေ၊ ဘိလပ်မြေလုပ်ငန်းတွေ၊ လမ်းအခွန်ကောက်ခံရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး (နေပြည်တော်က သန်းရွှေရဲ့ အဆောက်အဦးတွေ) နဲ့  ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ အခွင့်အရေးတွေ ပေးထားရုံမက အခြားသော အထူးအခွင့်အရေးများလည်း ပေးထားပါတယ်။ ဘောလုံးရူးရူးနေတဲ့ သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် စိတ်ကြိုက်လုပ်ပေးနိုင်ဖို့ အတွက်လည်း ဘောလုံးအသင်းတွေ တည်ထောင်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ် ဥက္ကဌတာဝန်ကိုလည်း မက်ဇော်ဇော်က ရရှိထားပါတယ်။

(တိုင်းပြည်ပိုင် သယံဇာတတွေကို ရောင်းစားပြီး ကြီးပွားချမ်းသာ စည်းစိမ်ကျနေတဲ့ မက်ကုမ္ပဏီ ဇော်ဇော်ရဲ့ကိုယ်ကျိုးအတ္တလုပ်ငန်းများ)။



မြန်မာပြည် ရေမြေတောတောင်သဘာဝက ထွက်တဲ့ သယံဇာတတွေကို နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေက လက်ဝါးကြီးအုပ်ထားကြ၊သူနဲ့  ကိုယ်ကျိုးရှာအတ္တာသမား စီးပွားရေးသမားကြီးတွေက လုပ်ငန်းတွေ နေရာဒေသတွေကို အပိုင်စီးထားကြနဲ့  ဒီကျောက်မျက်ရတနာတွေကို အပြောက်ရိုက်ပြီး ရောင်းစားချ ရလာတဲ့ငွေတွေနဲ့  စည်းစိမ်ခံစားကြ ကြွယ်ဝခမ်းသာအောင်လုပ်ကြ စီးပွားရေးတွေ တိုးချဲ့ ကြနဲ့  မြန်မာနိုင်ငံရဲ့  တိုင်းပြည်ပိုင် ပြည်သူပိုင် သယံဇာတတွေကတော့ နောက်ဆုံး သန်းရွှေ တေဇ ဇော်ဇော် အစရှိတဲ့ အာဏာရူးတွေ စီးပွားရေးအတ္တသမား ကိုယ်ကျိုးစီးပွားရှာသူတွေလက်ထဲမှာသာ ရောက်ရှိနေပါတော့တယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

ရခိုင်အမျိုးသား သတင်းစာ..

Arakan National Newspaper Jan 2010

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

၂၀၀၉ နိုင်ငံရေးအကျဉ်းသား အခြေအနေပိုဆိုး


ကုန်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပိုများလာပြီး သူတို့အပေါ်မှာ ညှင်းပမ်း နှိပ်စက်မှုတွေ ပိုပြီးဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အေအေပီပီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။ အကြောင်းစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။


၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၁၇၇ ဦး ရှိပြီး ဒါဟာ အရင်နှစ်ကထက် ၁၅ ယောက် ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။


"ဒီနှစ်ထဲမှာ ၂၆၄ ဦး ဖမ်းဆီးခံခဲ့ရတယ်။ ၁၂၉ ဦးဟာ ထောင်ချခြင်း ခံခဲ့ရတယ်။ ဒီနှစ်ထဲမှာ လွတ်တာက၂၆၁ ဦးဖြစ်ပြီးတော့ ၇၁ ယောက်က ထောင်ပြောင်းတယ်။ နောက်တခုက အခုဒီဘက် ဒီလပိုင်းတွေမှာ စစ်ကြောတဲ့ကိစ္စတွေက တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုတာကို ကျနော်တို့သိရတယ်။ အဲဒါကိုလည်း တင်ပြထားပါတယ်။ ဆိုတော့ ဒီနှစ်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ ဦး သေဆုံးခဲ့တယ်။ စစ်ကြောရေးစခန်းမှာဆိုလို့ရှိရင်လည်း တော်တော်ကို ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပမ်းတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်က ၂၀၀၈ ခုနှစ်ထက် ပိုပြီးဆိုးတယ်လို့ ပြောလို့ရပါတယ်။ နောက်တခါ သတင်းယူတဲ့အတွက်နဲ့ မလှဝင်း ဆိုရင် ထောင်ဒဏ် ၂၈ နှစ်အထိ ချခံရတာမျိုး ရှိပါတယ်။ အဲဒါက တော်တော်ကို တရားလက်လွတ် လုပ်တဲ့ကိစ္စလို့ ပြောလို့ရပါတယ်။"


ဒီနိုင်ငံရေးအကျဉ်းသားတွေထဲမှာ သံဃာတော်တွေ၊ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ ကျောင်းသား၊ အမျိုးသမီး၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားတွေ၊ နာဂစ်လေဘေး စေတနာ့ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ သတင်းသမား၊ ရှေ့နေ စသဖြင့် အလွှာစုံက ပါဝင်ကြပြီးတော့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူ ၁၂၉ ဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အားလုံး နိုင်ငံရေး သမားတွေချည်း မဟုတ်ဘဲနဲ့ တခြားကိစ္စ ဆောင်ရွက်နေသူတွေလည်း အများအပြား ပါဝင်ကြပါတယ်။


မြန်မာစစ်အစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစဉ်သဖြင့် ဘူးကွယ် ငြင်းဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ချေပချက်ကို နိုင်ငံတော် အသိုင်းအ၀ိုင်းက လက်မခံကြပါဘူး။ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ပြီး ဒီနိုင်ငံရေး အကျဉ်းသားတွေရဲ့ အရေးကိုပါ ထောက်ပြ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒီကြားထဲကမှ ၂၀၀၉ ခုနှစ်အတွင်း အခုလို အခြေအနေ ပိုဆိုးလာတာဖြစ်ပါတယ်။


စစ်အစိုးရဟာ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီးတော့ ဝေးလံခေါင်သီတဲ့ အရပ်က အကျဉ်းထောင်တွေဆီမှာ ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာ သွားတွေ့ရာမှာ အခက်အခဲ အမျိုးမျိုးနဲ့လည်း ကြုံနေကြရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါးကုသမှုတွေ မရရှိကြတဲ့ နာမကျန်းမှု၊ သေဆုံးမှုသတင်းတွေက မကြာခဏ ထွက်ပေးနေပါတယ်။


ရင်းမြစ်.VOA

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျဉ်းသားများကိုနယ်ဝေးထောင်များသို့ပို့ခံရခြင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်များကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၈ဦးကို နယ်ဝေးထောင်များသို့ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ပြောင်းရွေ့လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ၈ဦးထဲမှ မြင်းခြံမှ ကိုမျိုးဟန်ကို တောင်ကြီးထောင်၊ ကိုလင်းအောင်သန်းကို ပခုက္ကူထောင်၊ ကိုမျိုးမြင့်သန်းကို မြစ်ကြီးနားထောင်နှင့် မချိုချိုသန်းကို ရွှေဘိုထောင်သို့ အသီးသီး ပြောင်းရွေ့ လိုက်သည်။

သူတို့အား ၂၀၀၉ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းက နိုင်ငံရေး လူပ်ရှားမူကြောင့် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် ၂ နှစ်မှ ၇၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုကဲ့သို့ နယ်ဝေးထောင်များသို့ ပြောင်းရွှေ့လိုက်ခြင်းကို မိသားစု အဖွဲ့ဝင်များသို့လည်း တစုံတရာအကြောင်းကြားခြင်း မရှိကြောင်း သိရှိရသည်။

နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ နယ်ဝေးထောင်များသို့ ပြောင်းရွှေ့နေခြင်းကြောင်း နိုင်ငံရေး အကျဉ်းသားမိသားစုများ အနေဖြင့် အထူး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။

ရင်မြစ်.
နိရဉ္စရာ

ဟီးရိုး မှ ဇီးရိုး သို့

Hero to Zero-1

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်

30 January 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးကြေငြာချက်.။

Utf-8''Instruction of NLD to Form CC_Jan10

ထောင်ဒဏ်(၆၅)နှစ်ကျခံနေရသော၈၈မျိုးဆက်ကျောင်းသားကိုအောင်သူပူတာအိုထောင်ထဲတွင်ကျန်းမာရေးဆိုးဝါးနေ


ထောင်ဒဏ် ၆၅ နှစ်ဖြင့် ပူတာအိုထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသဖြင့် မကြာသေးခင်က ECG (နှလုံးခုန်နှုန်းကို စမ်းသပ်သည့်ကိရိယာ) စစ်ဆေးကြည့်ရာအစက်အပြောက်၃ခုထက်မနည်းတွေ့ရှိခဲ့ပြီး၊ ကျန်းမာရေးတော်တော် ဆိုးရွားစွာ ခံစားနေရသဖြင့် ဇနီးသည်ဖြစ်သူ မမြတ်မြတ်ထွန်းက အလွန်စိတ်ပူကြောင်းကို ပြောပြခဲ့ပါသည်။ ပူတာအိုထောင်ထဲတွင်ရှိနေသော နိုင်င်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးကိုလည်း သေသေချာဂရုတစိုက်
ကြည်ရှု့ စောင့်ရှောက်ခြင်း မရှိကြောင်းကိုလည်း ပူတာအိုထောင်တွင် ထောင်ဝင်စာ သွားတွေ့နေရသောမိသားစုဝင်များက ထပ်မံပြောကြားပါသည်.။

၈၈မျိုးဆက်ကျောင်းသာတဦးဖြစ်သော ကိုအောင်သူသည် ၂၀၀၉ခုနှစ်ကလည်း အလွန်ရာသီဥတုဆိုးဝါးသော ပူတာအိုထောင်တွင် အေးလွန်းသည့် ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် ခြေထောက်တဘက်မှာ အကြောအားနည်းလျှက် တဖြေးဖြေး သေးငယ်လာပြီး လမ်းမလျှောက်နိုင်ဘဲ ဖြစ်ခဲ့ဘူးပါသည်.။

၈၈မျိုးဆက်ကျောင်းသားတဦးဖြစ်သော ကိုအောင်သူနှင့်တကွ ပူတာအိုထောင်တွင် နိုင်ငံရေးအကျဉ်းသား(၁၅)ဦးခန့်ရှိရာ တချို့မှာ အလွန်ကျန်းမာရေး ဆိုးရွားနေကြောင်းလည်း သိရှိရပါသည်. နယ်စွန် နယ်ဖျားထောင်များသို့ ပို့ဆောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း လုံးဝမရှိကြောင်းနှင့် ထောင်ဝင်စာသွားတွေ့လျှင် လိုအပ်သောဆေးဝါးများအား ကိုယ့်မိသားစုမှလုံလောက်စွာ ဝယ်ယူသွားရ ကြောင်းလည်း သိရပါသည်.။

၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင်သည် လည်းပြီးခဲ့သည့်လအတွင်းက လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါကဆေးရုံတင်ရမည်ဆို၍ ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရမှီဖြစ် ကြောင်းကိုလည်း ကိုအောင်သူ၏ဇနီးဖြစ်သူ မမြတ်မြတ်ထွန်းအား ထောင်ဝင်စာသွားတွေ့ပြီး ပြန်လာသော ကိုဘိုဘိုဝင်းလှိုင်၏ မိခင်ကပြောပြပါသည်.။

သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကိုစာတင်ပြီးမှ အချိန်ယူရမယ်လို့ပြောတယ်။ နောက်တော့ ဆရာဝန်ကသက်သာတဲ့ အချိန်မှဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ရက်သတ္တပါတ် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်”ဟုပြောပါသည်။ ကိုဘိုဘိုဝင်းလှိုင် လတ်တလော ခံစားနေရသည့်ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်ဖြစ်သူက ဆေးဝယ်ပေးခဲ့ရသည်ဟုလည်း သိခဲ့ရပါသည်။

မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ မိမိ၏ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ဆောင်သူများအား ဝေးလံခေါင်သီသော ဒေသများသို့ ပို့ဆောင်ပြီးစိတ်ဓာတ်ရေးရာ၊ ခန္ဓာကိုယ်ရေးရာပါ ကျဆင်းအောင် ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေပါတယ်။ အထူးသဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် များဟာနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရပြီး ရာသီဥတုဆိုးရွားတဲ့ ဝေးလံခေါင်သီသော ဒေသများမှ အကျဉ်းထောင်များမှာ အကျဉ်းချထားခြင်းခံ နေရပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ခြင်း ခံနေရပါတယ်။


နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ၂၀၀၉ အစီရင်ခံစာ..

Annual Report 2009_final

နှစ်သစ်မှာ စိတ်ဝင်စားစရာက ဘာလဲ

လူထုစိန်ဝင်း


(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၆ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လူထု စိန်ဝင်း ရဲ့အမြင်ဖြစ်ပါတယ်။ )

နှစ်ဟောင်း ကုန်ဆုံးလို့ နှစ်သစ် တစ်ခု ရောက်ပြန်ပြီ။ နှစ်ဟောင်း ကုန်ရက်တွေ နီးကပ်လာတာနဲ့ အမျှ ဂျာနယ်တိုက်တွေက တစ်တိုက်ပြီး တစ်တိုက် လာပြီး မှတ်ချက် စကား ပြောပေးပါ။ ထင်မြင်ချက် ကလေး ရေးပေးပါနဲ့ ပူဆာကြတယ်။ အရင် နှစ်တွေကထက် ပိုပြီးများတယ်။ ရောက်လာမယ့် နှစ်က ၂၀၁၀ ပြည့်နှစ် ဖြစ်နေတာကိုး။


ရွေးကောက်ပွဲကြောင့် စိတ်ထက်သန်ကြ


၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ကြေညာထားတာ ဖြစ်လေတော့ လူငယ်လေးတွေ သိပ်ပြီး စိတ်အား ထက်သန် နေကြတယ်။ သူတို့လေးတွေ အတော် များများက ရွေးကောက်ပွဲဆိုတာ အခုမှ ပထမဆုံးအကြိမ် အဖြစ် ကြုံတွေ့ရမှာ ဖြစ်လေတော့ စိတ်အား ထက်သန် နေကြတာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာပါပဲ။ သူတို့ရဲ့ စိတ်အားထက်သန်မှု လေးတွေ အချည်းအနှီး ဖြစ်မသွား စေချင်တာကြောင့် အားလုံးကို လိုတိုရှင်း ပြောပေး၊ ရေးပေး လိုက်ပါတယ်။ စကားလုံး ကွဲပေမယ့် အကြောင်းအရာကတော့ တစ်ခုတည်းပါ။ အခုလာမယ့် ရွေးကောက်ပွဲဟာ အစိုးရရဲ့ လမ်းပြမြေပုံပါ အချက် ခုနှစ်ချက်မှာ နောက်ဆုံး အချက် ဖြစ်တာ မှန်ပေမယ့် တိုင်းသူ ပြည်သားများ အတွက်ကတော့ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်သေးတဲ့ အကြောင်း ထောက်ပြလိုက်တာ ဖြစ်ပါတယ်။


မစားရဝခမန်းအပြောတွေ


ဘာကြောင့် ဒီအချက်ကို ထောက်ပြရတာလဲဆိုတော့ တချို့ ပုဂ္ဂိုလ်တွေက ရွေးကောက်ပွဲ ကျင်းပပေးလိုက်တာနဲ့ ချက်ချင်း လက်ငင်း ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဘွားခနဲ ပေါ်ထွက်လာတော့ ပုံစံနဲ့ မစားဝခမန်း ရေးသားပြောဆို နေကြတာ တွေကို ၂၀၀၉ ခုနှစ် တစ်နှစ်လုံး တွေ့မြင်နေရလို့ ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်ရဲ့ ကျင့်စဉ်တစ်ခုသာ ဖြစ်တယ်။ ရွေးကောက်ပွဲ လုပ်လိုက်တာနဲ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး ဘွားခနဲ ပေါ်ထွက် မလာပါဘူး။ ဖဆပလ ခေတ်ကလည်း ရွေးကောက်ပွဲတွေ လုပ်ခဲ့ပါတယ်။ လမ်းစဉ်ပါတီခေတ် ကလည်း ရွေးကောက်ပွဲတွေ လုပ်ခဲ့ပါတယ်။ ဘယ် ရွေးကောက်ပွဲကိုမှ ပြည်သူ လူထု အများစုကြီးက ကျေနပ်အားရ မရှိ ခဲ့ကြပါဘူး။ နောက်ဆုံးကျ အာဏာ သိမ်းယူတဲ့ အဖြစ်မျိုး သုံးကြိမ်သုံးခါ ပေါ်ပေါက်တဲ့ အထိ ဖြစ်လာခဲ့ရတာပါပဲ။


နားခါးသွားကြလိမ့်မယ်


လူငယ်တွေကို မျှော်လင့်ချက်မှာ false hope တွေ မပေးသင့်ကြဘူး။ မစားရဝခမန်း ပြောကြတဲ့ မျှော်လင့်ချက်မှားတွေကို အဟုတ်ကြီး ထင်နေကြပြီး တကယ် လက်တွေ့ ထင်သလို ဖြစ်မလာခဲ့ရင် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကိုတောင် နားခါး သွားမှာ စိုးရပါတယ်။ လမ်းစဉ်ပါတီ ခေတ်က မစားရဝခမန်း စကားတွေ အဟုတ်ကြီး ထင်ခဲ့ကြရာက နောက်ဆုံးကျ "ဆိုရှယ်လစ်" ဆိုတဲ့ စကား နားဝမှာ ယောင်လို့တောင် မကြားချင် တော့ပါဘူး ဆိုတဲ့ အဖြစ်မျိုး ရောက်သွားတာ ထင်ရှားတဲ့ သာဓက ဖြစ်တယ် မဟုတ်ပါလား။ ဒီခေတ် လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုက အင်မတန် မြင့်ပါတယ်။ ဘယ် နိုင်ငံက ဘယ်လူမျိုးထက်မှ နောက်မကျပါဘူး။ ကြွားတယ်လို့ ထင်ချင်ထင်ပါ။ ဒီမိုကရေစီတို့၊ လွတ်လပ်ခွင့်တို့ သံကုန်ဟစ် နေတဲ့ ဒီမိုကရေစီ ထိပ်သီးဆိုတဲ့ နိုင်ငံကြီးက လူတွေထက် အများကြီး သာတယ်လို့တောင် ပြောဝံ့ပါတယ်။ မြန်မာနိုင်ငံမှာ သာဆိုရင် ရော်နယ်ရေဂန်လို ကောင်းဘွိုင် မင်းသားနဲ့ အာနိုးလို အပေါစားအက်ရှင် မင်းသားမျိုးကို သမ္မတရာထူး၊ ဘုရင်ခံ ရာထူးမျိုးအတွက် ဘယ်တော့မှ ရွေးချယ် တင်မြှောက်ကြမှာ မဟုတ်တာ သေချာပါတယ်။


ပေါ်ပြူလာသမား


လက်ရှိ သမ္မတ အိုဘားမား အရည်အချင်း ဘယ်လောက်ရှိသလဲ ဆိုတာလည်း အခုဆို သက်တမ်းတစ်နှစ် ရှိသွားပြီ ဆိုတော့ မှန်းဆပုံဖော် ကြည့်လို့ ရနေပါပြီ။ အခုထိတော့ ပြည်တွင်းရေး ကိစ္စတွေမှာ ဖြစ်ဖြစ်၊ ပြည်ပရေးရာ ပါလက်စတိုင်း ကိစ္စ၊ အီရတ်ကိစ္စ၊ အာဖဂန်နစ္စတန်ကိစ္စ၊ အီရန်နဲ့ မြောက်ကိုရီးယားကိစ္စ စတဲ့ ကိစ္စတွေမှာ ဖြစ်ဖြစ်၊ အိုဘားမားဝါဒ၊ အိုဘားမား ဗစ်ရှင် ဆိုတာမျိုး တစ်ခုမှ မတွေ့ရပါဘူး။ လူတကာလိုက်ပြီး မျက်နှာချိုသွေး နေတဲ့ ပေါ်ပြူလာ နိုင်ငံရေးသမား (populist) လုပ်ရပ်မျိုးတွေချည်း တွေ့နေရပါတယ်။ ဖျော်ဖြေရေး သမားတွေလို တွေ့သမျှ လူကို မျက်နှာချိုသွေး၊ ပုံရိပ် ကောင်းကောင်း ကြော်ငြာ (publicity) များများ လုပ်နိုင်လို့သာ သမ္မတ ဖြစ်လာခဲ့တာပါ။ မြန်မာလူမျိုးတွေသာ ဆိုရင် ဘယ်နည်းနဲ့မှ ရွေးမှာ မဟုတ်ပါဘူး။


ပထမဆုံးခြေလှမ်း


မျှော်လင့်ချက်မှားတွေ ပေးပြီး ကျုံးအော်နေကြ သူတွေဟာ မြန်မာလူမျိုးတွေကို အထင်သေး နေကြတာ ဖြစ်တယ်။ မြန်မာ လူမျိုးတွေအကြောင်း သေသေချာချာ နားလည်ရင် မြန်မာ့ နိုင်ငံရေးကို နားမလည်နိုင်ဘူး။ မြန်မာ လူမျိုးတွေအကြောင်း နားလည်ဖို့ ဆိုရင်လည်း မြန်မာလူမျိုးတွေနဲ့ အေးအတူပူအမျှ အတူတကွ နေထိုင်ခံစား နေမှ ဖြစ်ပါတယ်။ နိုင်ငံခြားသား မျက်နှာဖြူ နိုင်ငံရေး ဂုရုဆိုသူတွေ ရေးတဲ့ မြန်မာပြည်အကြောင်း စာအုပ်တွေ ဖတ်ပြီး မြန်မာလူမျိုး အကြောင်း လေ့လာလို့ မရပါဘူး။ မြန်မာတွေကို ဆရာလုပ်ချင်ရင် ကိုယ်တိုင် မြန်မာတွေ ကြားမှာနေပြီး မြန်မာတွေရဲ့ စကားသံတွေကို နားထောင်ဖို့ လိုပါတယ်။ အခုမှ ရွေးကောက်ပွဲ ဆိုတာ ကြားဖူးတဲ့ လူငယ်လေးတွေကို အမှန်အတိုင်း အသိပေးသင့် ပါတယ်။ ရွေးကောက်ပွဲဆိုတာ နောက်ဆုံးပန်းတိုင် မဟုတ်တဲ့ အကြောင်း၊ ဒီမိုကရေစီ ခရီးစဉ်ကြီးရဲ့ ပထမဆုံး ခြေလှမ်း တစ်လှမ်းသာ ဖြစ်တဲ့အကြောင်း သိစေသင့်ပါတယ်။


ရွေးကောက်ပွဲလွန်နိုင်ငံရေး


ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးထက် တကယ်တော့ ရွေးကောက်ပွဲလွန် နိုင်ငံရေးက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာ ဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ဆိုတာကတော့ ထုံးစံအတိုင်း ပါတီတွေ အချင်းချင်း အပြိုင်အဆိုင် ဟောပြောကြ၊ ကြော်ငြာကြ၊ ဝါဒဖြန့်ကြ လုပ်မှာပါပဲ။ ဘာမှ မဆန်းပါဘူး။ ရွေးကောက်ပွဲလွန် ကာလမှာ ဖွဲ့စည်းမယ့် အစိုးရက ဘယ်လို အစိုးရ ဖြစ်မလဲ၊ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိမလဲ ရွေးကောက်ပွဲလွန်ကာလ တပ်ရဲ့ အနေအထားက ဘယ်လို နေမှာလဲ တိုင်းရင်းသား ဒေသ အသီးသီးမှာ ဖွဲ့စည်းမယ့် လွှတ်တော်တွေမှာ ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိမှာလဲ စတဲ့ အချက်တွေက ပိုအရေးကြီးပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာ ဖြစ်တယ်။ နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးမှာက ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် အဆောက်အအုံတွေသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


လူထုစိန်ဝင်း

(၆၃) နှစ်မြောက် မွန်အမျိုးသားနေ့ ကြေငြာချက်

MND63Burmese F

MND63 ENG

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်။

ကိုမေတ္တာတို့ အငြိမ့်အဖွဲ့ လာရောက်ဖျော်ဖြေခွင့်ရမည်ဟု သတင်းရရှိ.....



လူရွှင်တော် ကိုမေတ္တာဦးဆောင်သော


တိုကျိုဆာကူရာပျော်စရာအငြိမ့်


(မော့စ်၊မိုးဒီ၊ခင်လှိုင်၊မင်းသမီး-လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်)



မကြာမီရက်ပိုင်းအတွင်းဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်ရှိလာပါမည်။တိုကျိုဆာကူရာပျော်စရာအငြိမ့်

အဖွဲ့ဂျပန်နိုင်ငံတိုကျိုမြို့တွင်အစီအစဉ်၂ပိုင်းခွဲပြီး တင်ဆက် ကပြမည်ဖြစ်ပါသည်။ အထူးစောင့်စား

မျှော်လင့်နေကြသော ပရိတ်သတ်များအား သတင်းကောင်းပါးအပ်ပါသည်။


ကျင်းပမည့်အချိန်နှင့်နေရာမကြာမီထပ်မံကြေငြာပါမည်။မျှော်လင့်စောင့်စားနေကြသောပရိတ်သတ်များ

အားအထူးကျေးဇူးတင်လျှက်


တိုကျိုဆာကူရာဝိုင်းတော်သားများ

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

29 January 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ရွေးကောက်ပွဲနှင့်ဆိုင်သောမိန့်ခွန်း။




“ကျမတို့နိုင်ငံရဲ့အတွေအကြုံအရဖြည့်စွက်ပြောဆိုလိုတာကတော့ရွေးကောက်ပွဲကျင်းပပြီးရင်
ရွေးကောက်ပွဲ
ရလဒ်ကို အကောင်းအထည်မဖော်တာဟာ ထမင်းစားဖိတ်ပြီး၊ထမင်းပွဲပြင်၊
စားပွဲမှာထိုင်ခိုင်ပြီးမှမစားရဘူးဆိုပြီးထမင်းဟင်းတွေပြန်ပြီးသိမ်းသွားသလိုပါပဲ။ဧည့်သည်တွေ
ကိုစော်ကားတဲ့လုပ်ရပ်ပါ။၁၉၉၀ခုနှစ်၊ရွေးကောက်ပွဲ
ရလဒ်ကိုအကောင်အထည်မဖော်ပေးတာဟာ
ပြည်သူတရပ်လုံးကိုလိမ်လှည်လှည့်ဖြားစော်ကားရာရောက်တယ်”။

“အာဏာပိုင်တွေဟာမိမိတို့သဘောမကျတဲ့ရွေးကောက်ပွဲရလဒ်ဆိုရင်လျစ်လျှူရှုလိုက်၊လိုချင်တဲ့
ရလဒ်ဖြစ်လာ
နိုးနိုးရွေးကောက်ပွဲအသစ်တွေကျင်းပလိုက်နဲ့လုပ်နေမယ်ဆိုရင်တော့တိုင်းပြည်ရဲ့
အနာဂတ်နဲ့ကစားရာရောက်
ပါလိမ့်မယ်၊တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာကစားရမယ့်အရာ
မဟုတ်ပါဘူး။တလေးတစားနဲ့စောင့်ရှောက်သွား
ရမယ့်အရာသာဖြစ်ပါတယ်။

ဒါကြောင့်၁၉၉၀ပြည့်နှစ်၊ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်မဖော်ဘဲနောက်
ရွေးကောက်ပွဲ
အသစ် ကျင်းပရေးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်
ထားတာဖြစ်ပါတယ်”
“၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုအမြန်ဆုံးအကောင်အထည်ဖော်
ပေးဖို့လိုပါတယ်။ ပထမခြေလှမ်းအနေ
နဲ့ပြည်သူ့လွှတ်တော်ခေါ်ပေးရလိမ့်မယ်”

ဒေါ်အောင်ဆန်းစုကြည်

၁၉၉၈ခုနှစ်၊မေလ(၂၈)ရက်။
-------------------------------------------------------------------------------------။ “၁၉၉၀ခုနှစ်တုန်းကပြည်သူလူထုကနေပြီးတော့တာဝန်ကျေခဲ့တယ်ဆိုတာ၊ကျမတို့အရင်ကလည်း
ပြောဘူးပါ
တယ်။ဘာဖြစ်လို့လည်းဆိုတော့ကျမတို့နိုင်ငံနဲ့နိုင်ငံကပြည်သူလူထုနဲ့တခြားဒီမိုကရေစီ
အတွက်လှုပ်ရှားရုန်းကန်
နေရတဲ့နိုင်ငံကပြည်သူလူထုနဲ့စာလို့ရှိရင်ကျမတို့ရဲ့လူထုဟာနိုင်ငံရေးအရ
အင်မတန်ရင်ကျက်တယ်လို့သတ်မှတ်ရမှာပါ။

ဘာဖြစ်လို့ကျမတို့ဒီလိုပြောလဲဆိုတော့ကျမတို့ရဲ့နိုင်ငံဒီမိုကရေစီလိုချင်တဲ့ပြည်သူလူထုဟာဒီမိုကရေစီ
ကို
ရယူပေးနိုင်တဲ့အဖွဲ့တစ်ခုကိုထောက်ခံမယ်၊ပံ့ပိုးမယ်၊ဒီလိုလုပ်မှကျမတို့ရဲ့ဒီမိုကရေစီဟာတိုးတက်နိုင်
မယ်ဆိုတာကိုမြင်တယ်။ဟိုအဖွဲ့ကိုပေး၊ဒီအဖွဲ့ကိုပေး၊ကျမတို့ရဲ့ကျမတို့ရဲ့နိုင်ငံရေးပါတီအများကြီးရှိ
ပါတယ်။

အဲဒီတော့နိုင်ငံရေးပါတီတွေအများကြီးရှိတဲ့အထဲမှာအဲဒီနိုင်ငံရေးပါတီတွေမှာလည်းမိမိတို့ရဲ့တန်းဘိုးနဲ့
မိမိတို့ရှိပြီးသားပါ။

သို့သော်
လည်းပြည်သူလူထုဟာဒီလိုမဲတွေသာပြန့်သွားရင်ဒီမိုကရေစီအတွက်နစ်နာနိုင်တယ်ဆိုတာ
နားလည်လို့မဲတွေကိုမပြန့်စေဘဲနဲ့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်မဲပေးခဲ့တယ်ဆိုတာ၊
ဒါပြည်သူလူထုအနေ
နဲ့ထိုက်ထိုက်တန်တန်လုပ်ခဲ့တယ်လိုကျမဒီလိုပြောရမှာဘဲ။ဒါနိုင်ငံရေးရင့်ကျက်မှု
ကိုပြတယ်လို့ကျမကတော့
ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ(၈၂)ရာခိုင်းနှုန်းရတာကို
တောင်မှအာဏာမလွှဲပေးတာ၊ကျမတို့
များသာ(၅၀)ရာခိုင်းနှုန်းတည်းတည်းလေးရတယ်ဆိုလို့ရှိရင်
ဘယ်လောက်ပိုပြီးတော့အခက်အခဲဖြစ်ရမယ်ဆိုတာ
စဉ်းစားကြည့်၊ကျမတို့ရဲ့အဖွဲ့ဟာဒီလိုတခါတည်း
(၈၀)ရာခိုင်နှုန်းကျော်နဲ့နိုင်ခဲ့လိုလည်းတကမ္ဘာလုံးကအသိအမှတ်
ပြုတယ်။ဘယ်လိုမှကမ္ဘာကိုမျက်
လှည့်ပြပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပြည်သူလူထုကရွေးကောက်ပွဲ
တုန်းကအားပေးတာ
မဟုတ်ပါဘူး။တည်းတည်းကလေးနိုင်တာပါလို့မပြောနိုင်ဘူး။ဒါကိုတောင်မှမဲက(၆၀)ရာခိုင်
နှုန်းပဲရှိ
ပါတယ်။ဘာတယ်၊ညာတယ်၊ဆိုပြီးတော့အမျိုးမျိုးကြိုးစားတာတွေအခုရှိနေတာသိကြတာပဲ။

ဒီလောက်
တောင်မှပြတ်ပြတ်သားသားနိုင်ထားလို့ဒီလောက်သူတို့ပြောနိုင်တာ။အဲလိုသာကျမတို့
ပြတ်ပြတ်သတ်သတ်မနိုင်
ခဲ့လို့ရှိရင်အမျိုးမျိုးတခါတည်းမျက်လှည့်ကွက်တွေနဲ့လုပ်အုံးမယ်။ကမ္ဘာကို
လည်းလှည့်စားဖို့၊ကျမတို့ပြည်သူလူထု
ကိုလည်းလှည့်စားဖို့လုပ်မှာဖြစ်တယ်။အဲဒီတော့လူထုအနေနဲ့
၁၉၉၀ခုနှစ်တုန်းကဒီမိုကရေစီကိုရယူပေးနိုင်တယ်
လို့ပြည်သူလူထုကယုံကြည်တဲ့အဖွဲ့အစည်းကို နိုင်ငံရေးရင်ကျက်တဲ့အမြင်နဲ့မဲ့ပေးခဲ့တာဟာတော့တာဝန်ကျေပါတယ်။ထိုက်ထိုက်တန်တန်နဲ့လုပ်ခဲ့
တာပဲလို့ကျမ ပြောချင်ပါတယ်”


ဒေါ်အောင်ဆန်းစုကြည်

၁၉၉၉ခုနှစ်၊ဇူလိုင်လ(၂)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရန်ကုန်တိုင်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့များ တွေ့ဆုံ



ဇန်န၀ါရီ ၂၆ က ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသာီးမိုကရေစီပါတီ ဌာနချုပ်မှာ ပါတီ၏ တိုင်းစည်းရုံးရေးအဖွဲ့နှင့် မြို့နယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါတီတွင်း စည်းရုံးရေးလုပ်ငန်းများအတွက် ဆွေးနွေးကြသည်ဟု ဆိုသည်။

လက်ရှိတရားဝင်ပါတီတခု အဖြစ်သာမက၊ အဓိက အတိုက်အခံ နိုင်ငံရေးအင်အားစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယခုကဲ့သို့ ပါတီတွင်း တွေ့ဆုံစည်းဝေးနေကြသည်ကို ပုံမှန်ဆောင်ရွက်မှုအဖြစ် ရှုမြင်ကြောင်း၊ အခုတလောမှ ပေါ်ပေါက်လာသော အဖွဲ့များ၊ လူပုဂ္ဂိုလ်များက စစ်အစိုးရနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူလူထုထံသို့ တိုက်ရိုက် စည်းရုံးရေးဆင်းခြင်း၊ သဘောထားအာဘော်များ ထုတ်ပြန်နေခြင်းတွေကသာ ထူးဆန်းသည်ဟု ဆိုချင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံရေးပွင့်လင်းမှုများ ဖြစ်ထွန်းလာမည်လား၊ နိုင်ငံရေးဖိနှိပ်မှုများ ချမှတ်လာမည်လားကို စောင့်ကြည့်ရန်သာ ရှိကြောင်း ပြည်တွင်းရှိ ဂျာနယ်အယ်ဒီတာတဦးက မှတ်ချက်ပေးသည်။



၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ နိုင်ငံရေးပါတီဝင်ဟောင်းတဦးက
“ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတယ်။ ပါတီတွေက တလအတွင်း စတင် ဖွဲ့ကြတယ်။ ၁၉၈၉ တနှစ်လုံးမှာ စစ်တပ်က အတိုက်အခံတွေကို နှိမ်နင်းတယ်။ ၁၉၉၀ နှစ်ဆန်းနောက်ပိုင်းမှာမှ ကျန်ရစ်တဲ့ ပါတီကြီးတွေနဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲဝင်ရေး စည်းရုံးရေးတွေ လုပ်ကြရတယ်။ အဲသည်တုန်းက အချိန်ကို အခုနဲ့ နှိုင်းကြည့်လို့ ရတာပေါ့နော်။ အခုအချိန်မှာက ၂၀၁၀ တနှစ်တွင်းမှာ ရွေးကောက်ပွဲကိစ္စက ဘာမှန်းတောင် မသိရသေးဘူး။ ၂၀၀၈ အခြေခံဥပဒေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ ကိစ္စ၊ နယ်စပ်ဒေသ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံတကာက တောင်းဆိုထားတာ … အဲဒါတွေကို ဒီရှေ့ပိုင်း ၆ လ အတွင်း ဖြေရှင်းနိုင်မှာလား။” ဟု မေးခွန်းထုတ်လိုက်သည်။




ရင်းမြစ် မိုးမခ.။

နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိကြောင်း ပြောဆိုတယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ နေ့လည်(၁)နာရီ မှ(၃)နာရီခွဲ အထိ (၂)နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရတဲ့ ကိစ္စ၊ နောက်ပြည်ထဲရေးဝန်ကြီး ပြောတဲ့ကိစ္စနဲ့ အဖွဲ့ချုပ်ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်.....။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်နေတာ တဝက်တပျက်မှာ စည်ပင်က တဝက်တပျက်မှာ ရပ်ဆိုင်းခိုင်းပါတယ်......။ ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်တယ်....။ အဲ့ဒီကိစ္စအတွက် လာမယ့် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ တရားရုံးမှာပြန်ပြီး သဘောထားတင်ပြရမှာပါ....။ အဲ့ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ .....ဒီနေအိမ်ပြင်ဆင်ခွင့်ရဖို့ အတွက်စည်ပင်မှာ ပြင်ဆင်ခွင့်တောင်းပြီးမှ ပြင်ဆင်ခဲ့တာပါ။ နောက်အကျိုးအကြောင်း ဘာမှမသိရပဲ ပြင်ဆင်ခွင့်တားမြစ်ခဲ့တယ်...။ နောက်အခု ဦးအောင်ဆန်းဦးက တရားရုံးမှာ တားဝရမ်းလျှောက်ထားတယ်.... ဒါတွေကို ခြုံငုံစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်လို့ ပြောပါတယ်...။
လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ယခုတဖန် ဦးအောင်ဆန်းဦးမှ နေအိမ်ပြင်ဆင်မှုရပ်ဆိုင်းပေးဖို့ တရားရုံးမှာ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ အတွက် တရားရုံးမှ တားဝရမ်းထုတ်ခြင်းဖြစ်ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည် နေအိမ်အခြေအနေနဲ့ ပတ်သတ်ပြီး ဆက်လက်ပြောဆိုရာမှာ " အိမ်ကတဝက်တပျက် တို့လို့တန်းလန်းဆိုတော့ ပစ္စည်းတွေက ဟိုနားပုံ ဒီနားပုံပေါ့ ..... အပေါ်ထပ်မှာ မျက်နှာကျက်ကျောက်ပြားတွေ ခွာထားတယ် အိမ်ခေါင်မိုးတွေက ဟောင်းနွမ်းနေတော့ အောက်ကနေကြည့်ရင် အလင်းရောင်တွေ မြင်နေရတာပေါ့.... အိမ်ကဟောင်းနွမ်းနေတော့ နေရာတိုင်းမှာပြင်ဆင်ဖို့ လုပ်ထားရတာလေ ... တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်ရတော့ နေရထိုင်ရတာ အဆင်မပြေဘူးလို့ အန်ကယ်မြင်တယ်... ဒေါ်အောင်ဆန်းစုကြည်ကတော့ နေထိုင်ရတာနဲ့ပတ်သတ်ပြီး ဘာမှမပြောပါဘူး"

ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ နိုဝင်ဘာလမှာ လွှတ်ပေးမယ် ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ....
........ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားချက် တကယ်မှန်ခဲ့မယ်ဆိုရင် ဒါဟာမတရားတဲ့ ပြောကြားချက်ဖြစ်တယ်.. နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်ဖို့တင်ထားချိန်မှာ ဒီလိုပြောကြားချက်က တရားဥပဒေကို လွှမ်းမိုးတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောဆိုပါတယ်....

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့မှာ မြို့တော်ခန်းမမှာကျင်းပတဲ့ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနှစ်နိုဝင်ဘာလမှာ လွတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ပါတီအရေးကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်......။

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

28 January 2010

ရခိုင်လူငယ် ကိုငွေစိုးလင်း အား အာဏပိုင်များက ထောင်ဒဏ် ၁၃နှစ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း

အင်တာနက်အသုံးပြုမှုနဲ့ မနှစ် နှစ်လည်ပိုင်းက ဖမ်းထားတဲ့ ကိုငွေစိုးလင်းကို ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အင်းစိန်ထောင်ဝင်းအတွင်းရှိ အထူးတရားရုံးကနေ အီလက်ထရောနစ်ပုဒ်မ ၃၃-က နဲ့ ၁ဝနှစ်၊ လူဝင်မှု ကြီးကြပ်ရေးအက် ဥပဒေ ပုဒ်မ ၁၃-၁ နဲ့ ၃နှစ် ပေါင်း ၁၃ နှစ် ချလိုက်တာ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် ဇွန်လ ၂၆ ရက် နေ့က ကိုငွေစိုးလင်းကို အာဏာပိုင်တွေ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ထောင်နဲ့နီးစပ်သူတဦးက အခုလို ပြောပြပါတယ်။

“သူက ဖမ်းဆီးတဲ့ရက်က ၂၆-၆-၂ဝဝ၉ မှာဖမ်းတယ်။ သူတို့ အင်တာနက် ဆိုင်က အထွက်မှာ နှစ်ယောက်ဖမ်းပြီးတော့ အောင်သပြေစစ်ရေးမှာ စစ်ဆေးတယ်၊ စစ်ဆေးပြီးတော့ ကိုနိုင်ငံလင်းကို ပြန်လွှတ်လိုက်တယ်။ ကိုငွေစိုးလင်းကိုတော့ အင်း စိန်ထောင်ပို့ပြီးတော့ အင်းစိန်ထောင်အတွင်း အထူးတရားရုံးကနေ အခု အမိန့်ချ တာပေါ့” ကိုငွေစိုးလင်းရဲ့အစ်ကို ကိုအောင်ထွန်းမြင့်ကိုလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ ဆန္ဒခံ ယူပွဲ လုပ်စဉ်က မဲရုံတွေကို ရဆကသအါးတ်ပုံရိုက်ယူလို့ဆိုပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ထား တယ်လို့ သိရပါတယ်။


ရုံးထုတ်စစ်နေတဲ့ အမှုတွဲတွေကို ပြောရရင်တော့ ဖောက်ခွဲ ပုဒ်နဲ့ တရားစွဲထားတဲ့ ရခိုင်ကျောင်းသားလူငယ် ၁၁ ဦးကို ဒီကနေ့ အင်းစိန်ထောင်း တွင်း တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုတွေက ထောင်ဝင်စာ လာတွေ့စဉ်မှာ ထောင်ဝန် ထမ်းတွေက နည်းမျိုးစုံ ကန့်သတ်ချုပ်ခြယ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကိုလည်း ထောင်နဲ့နီးစပ်သူတဦးကဘဲ အခုလို ပြောပြပါ တယ်။ “သူတို့မိသားစုတွေ ဒီတပတ် ထောင်ဝင်စာလာတွေ့တဲ့အချိန်မှာ သူတို့ ရခိုင်တွေဆို တော့လည်း ရခိုင်ဘာသာစကားနဲ့ ပြောတာပေါ့။ ဒါကို လိုက်မှတ်တဲ့ အက်စ်ဘီ ဝန်ထမ်းတွေကနေ သူတို့ ဗမာလိုမပြောတဲ့အတွက် လူတွေ့ချိန်စကား ပြောနေတဲ့အချိန်မှာ ဖုန်းကို ပိတ်ပစ်လိုက်တာပေါ့၊ တွေ့ချိန်အပြည့်အဝလည်း မရ လိုက်ဘူး။ တွေ့ချိန်ကလည်း ဘာမှ မရှိဘူး၊ မိနစ်၂ဝ လောက်ဘဲ တွေ့ခွင့်ရတယ်၊ နောက်တခေါက် တွေ့တဲ့အချိန်မှာလည်း ဗမာလိုပြောမှ တွေ့ခွင့်ပေးနိုင်မယ်၊ ဖုန်း ပြောခွင့်ပေးနိုင်မယ်၊ အဲဒီ တိုင်းရင်းသား ဘာသာစကားဘဲ ပြောချင်တာပေါ့၊ ဒါပေမဲ့ လို့ အခုလို အကျပ်ကိုင်လိုက်တဲ့အတွက် သူတို့ ဗမာလိုဘဲ ပြောရတာပေါ့..” ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းသားလူငယ် ၁၁ ဦးကို ၂ဝဝ၉ ခုနှစ်အ တွင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ်.DVB