06 April 2011

ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ၊ ဘဘဦးဝင်းတင်ရဲ့ ကဗျာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ပြည်သူများသို့ ပေးပို့တဲ့ ကဗျာစာအုပ်ပါ အမှာစာ...

ဂျပန်ပြည်သူများသို့..

၁၁.၃.၂၀၁၁ သောကြာနေ့က ဂျပန်နိုင်ငံတွင် ငလျင်နှင့် ဆူနာမီလှိုင်း လှုပ်ခတ်တိုက်ခိုက်မှုကြောင့် ဂျပန်ပြည်သူပြည်သားများ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးသွားသည်သာမက နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်ခဲ့ ကြရပါသည်...။

ဂျပန်ပြည်သူ ပြည်သားများ ခံစားရသော စိတ်ခံစားမှုနှင့်အတူ ကျွန်မတို့ NLD အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်သူ ပြည်သားများကလည်း ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်..။

သဘာဝဘေးအန္တရာယ်သည် ဂျပန်နိုင်ငံတွင်သာမက.. မြန်မာနိုင်ငံတွင်လည်း မတ်လ(၂၄)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်းရှိ လွယ်မွေ တာချီလိတ် ဒေသကို အခြေပြု၍ ငလျင်တစ်ခု လှုပ်ခတ်သွားသည့် အတွက် လူဦးရေ (၂၀၀)ခန့် သေကြေ ပျက်ဆီးခဲ့ပါသည်..။

ဤသို့သော အဖြစ်မျိုးကို မိမိတို့နိုင်ငံသားများ ကိုယ်တိုင် ခံစားရပါသဖြင့် ငလျင်နှင့် ဆူနာမီ ဘေးအန္တရာယ်များ၏ ဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူ ပြည်သားများအတွက် ပိုမို၍ ကိုယ်ချင်းစာခဲ့မိပါသည်..။

ဤဖြစ်ရပ်များ အပေါ်တွင်  စိတ်ဓာတ်၊ သတ္တိ၊ ဇွဲ၊ ဝိရီယများဖြင့် တွန်းလှန် အံတုနိုင်သော ဂျပန်နိုင်ငံသားတို့၏ အားမာန်များကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်..။

ဤသို့ ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြင့် သဘာဝဘေးအန္တရာယ် ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရသည့် ဂျပန်ပြည်သူ ပြည်သားများကို ရည်စူး၍ ဤကဗျာစာအုပ်ငယ်ကို ထုတ်ဝေအပ်ပါသည်...။


အောင်ဆန်းစုကြည်
၂၇.၃.၂၀၁၁
ဒီကဗျာလေးကတော့ ကမ္ဘာ့ကဗျာနေ့ မှာ ဟံသာဝတီ ဘဘဦးဝင်းတင်မှ မြန်မာနှင့် ဂျပန်ပြည်က ပြည်သူ/သားတွေအတွက် ရေးလိုက်တဲ့ ဂျပန် ဟိုက္ကူကဗျာလေးပါ။

လူ-စက်-မြို့-မြိုဝါး

ဟီရိုရှီးမား ဗုံးဝင်စား

ဆူနာမီ နဂါး

ငတ်-မွဲ-ကန်း ပိပြား

ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား

ဘိရုမာ ခြောက်ခြား

ဘ၀တူတွေပဲ

အာဏာငရဲ လှိုင်းငရဲ

ဒို့ စာနာ ကြေကွဲ။

ဒီကနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ သတင်းဓာတ်ပုံတွေပါ..။ အမေစုရဲ့ ဂျပန်ပြည်သူတွေအတွက် စာကိုတော့ ပြန်လည် ရေးသား တင်ပြလိုက်ပါတယ်..။ ဘဘဦးဝင်းတင် ကဗျာကို ပေးပို့လာသူ ညီငယ်နဲ့ ဓာတ်ပုံများအတွက် ညီမငယ်အား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

05 April 2011

နအဖ အာဏာရှင်လက်ထက် ဆင်းရဲချမ်းသာကွာဟ အခွင့်ထူးခံများ က လက်ဝါးကြီးအုပ် ခြယ်လှယ် ဆိုတာ ဒါမျိုးကိုခေါ်တာပါလားရှင်..။



ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို တွေ့ရစဉ်




ဆာဖာရီဥယျာဉ်(နေပြည်တော်) အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံရှိ ထင်ရှားသော အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ လှော်ကားဥယျာဉ်တို့ အပါအ၀င် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့အား သစ်တောရေးရာဝန်ကြီးဌာန ထံမှ ထူးကုမ္ပဏီက နှစ်ရှည်ငှားရမ်း လုပ်ပိုင်ခွင့် ရရှိထားကြောင်း သတင်း ရရှိသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)နှင့် လှော်ကား ဥယျာဉ်တို့အား ယခင်ကတည်းက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့ကိုမူ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီ ဥယျာဉ်(နေပြည်တော်)နဲ့ နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့ကို ၁၀ နှစ် အတိုင်းအတာနဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် သတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြထားသည်.။


03 April 2011

မတူညီသော ကမ္ဗည်းထိုး မှတ်တမ်းတင်ထားတဲ့ အလှူ နှစ်ခု.....

”ကျီးခေါင်းတောင်စေတီတော်” ထီးတော်တင်ပွဲမှာ 
ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့ 
အမျိုးသားခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်) တို့၏သမီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ပြည်သူလူထုမှ  ထီးတော်တင်လှူသည်...
ဓာတ်ပုံများ ပုံပေါ် Click နှိပ်ပြီး ထပ်မံပုံကြီးချဲ့ ကြည့်နိုင်ပါတယ်...
အိန္ဒိယနိုင်ငံ ဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်ကြီးအတွင်း အနောက်ဖက်တည့်တည့်မှာ လှူဒါန်းထားတဲ့ ဗုဒ္ဓဆင်းတုတော်မှာ 
ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့
နိုင်ငံတော် အေးချမ်းသာယာရေး ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် မိသားစုမှ လှူဒါန်းသည်တဲ့
နှိုင်းယှဉ်လို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနနှင့် ဓမ္မလမ်းကို လျှောက်ကြမယ် (နာရေးကူညီမှုအသင်း ရန်ကုန်)

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး

ပြည်တွင်း/ပ သာသနာပြု မွန်ဆရာတော်ကြီး ဘဒ္ဒန္တသီလ၀န္တသည် ၁၉၅၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ သွားရောက်ပြီး တရားပို့ချခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ စေတီများ တည်ထားခြင်းဖြင့် သာသနာပြုလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်ခဲ့ရာ ဆရာတော်ကြီး တည်ထားခဲ့သော ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ဘုရားစေတီများမှာ - World Peace Pagoda (Byailone Chanda Zedi) NW Corner, Shwedagon Yahu Corner, Yangon (November 2, 1941)၊ Aung Mingaung Pagoda Windermere, Yangon (January 13, 1949)၊ Benares Pagodas(4) Varanasi. India (1958)၊ American Shwedagon Allegany, New York State, USA May 30, 1958 – June 6, 1958 – August 27, 1982 – September 6, 1982 (reconstruction)၊ Cakkavala Universal Pagoda Boise, Idaho State, USA (May 22, 1982 – June 11, 1982)၊ Canada Shwedagon Kinmount, Ontario, Canada (August 4, 1982 – August 22, 1982)၊ Crystal Mountain Peace Pagoda Galiano Island, BC, Canada (September 9-18, 1982)၊ New Zealand Shwedagon Wangapeka Valley, Nelson, S.Island, New Zealand (January 2 – 9, 1983)၊ Australia Shwedagon Adelaide, Australia (January 28, 1983 – February 9, 1983)၊ England Shwedagon Warwickshire, England, UK (July 28 – August 14. 1988) စသည့် စေတီတော်မြတ်များ ဖြစ်ကြသည်။

ဆရာတော်ကြီးသည် ရန်ကုန်မြို့ အမှတ် (၁၀) ရပ်ကွက် ၀င်ဒါမီယာ၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်ရှိ “အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်” တွင် သာသနာပြုလုပ်ငန်း များ ဆောင်ရွက်တော်မှုစဉ် ၁၈.၃.၂၀၁၁ (သောကြာနေ့) နံနက် (၅း၅၀) နာရီ အချိန်တွင် တစ်ဘ၀ ဇာတ်သိမ်းခန္ဓာဝန်ငြိမ်းတော်မူခဲ့သည်။ သို့ဖြစ်ပါ၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စတီးရွှေကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အသုဘကမ္မဋ္ဌာန်း ရှုမှတ်ပွားခြင်း အခမ်းအနားကို (၁၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့သည်။ ၁.၄.၂၀၁၁ (သောကြာနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိဈာပနသဘင် ဆင်ယင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများသည် အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံ ကျောင်းတိုက်မှ ရုပ်ကလာပ်တော်အား ပြည်တွင်း/ပမှ တပည့်ဒါယကာ ဒါယကာမများ၊ ဆရာတော် သံဃာတော်များ နှင့်အတူ ရေဝေးသုဿန်သို့ ပင့်ဆောင်လောင်တိုက်သွင်း၍ မီးသင်္ဂြိုလ် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဓမ္မလမ်းကို လျှောက်ကြမယ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအတွက် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အကသင်တန်း စသည်တို့ ကို သင်ကြားပေးလျှက်ရှိသလို လူလတ်ပိုင်း၊ လူကြီးပိုင်းများအတွက် အင်္ဂလိပ်စာ အဆင့်မြင့် (4 Skill) သင်တန်းများ၊ ပင်အိုရွက်နု ပန်းချီသင်တန်း၊ နာရေးကူညီမှု လူမှုရေးသင်တန်းများအပြင် “ဓမ္မလမ်းကို လျှောက်ကြမယ်” ဟူသောခေါင်းစဉ်ဖြင့် ၀ိပဿနာသင်တန်းကိုလည်း စတင်မျိုးစေ့ချ သင်ကြားပေး နေပြီ ဖြစ်ပါသည်။ လူမှုရေးသမားများ လူမှုရေး ပရဟိတလုပ်ငန်းများကို မြတ်စွာဘုရား၏ ဒေသနာ အဆုံးအမနှင့်အညီ ပေးဆပ်နိုင်ကြစေရန် ရည်ရွယ်၍ ဆရာဒေါက်တာ-စိုးလွင်(မန္တလေး)မှ ဗြဟ္မစိုရ် တရားလေးပါး လက်ကိုင်ပြု၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအား ကုသိုလ်ဖြစ် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။

မြတ်စွာဘုရား၏ အဆုံးအမအနှစ်ချုပ်သည် “မကောင်းမှုရှောင် ကောင်းမှုဆောင် … ဖြူအောင် စိတ်ကိုထား” ဟူ၍ ဖြစ်သည့်အတိုင်း မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်၍ ကောင်းမှု ကုသိုလ်များ ကို အတတ်နိုင်ဆုံး ပေးဆပ်နေကြသော၊ လုပ်ဆောင်နေကြသော ပရဟိတသမားများ၏ စိတ်ဓါတ်များ ကို သတိပဋ္ဌာန်၊ ၀ိပဿနာပညာ၊ မဂ်ဉာဏ်တို့ဖြင့် မည်ကဲ့သို့အဖြူစင်ဆုံး ထားရှိကြရမည်ကို သင်ကြားပေးခြင်းဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

အရပ်သားအစိုးရ၊ အမျိုးသမီး(ဒု)ဝန်ကြီးများနဲ့ အခွင့်ထူးခံများ လက်ဝါးကြီးအုပ် ချယ်လှယ်မှု မဖြစ်စေရန် ထိန်းကျောင်းပေးမယ်ဆိုတဲ့ နေပြည်တော် ဆရာသိန်းရဲ့စကားနဲ့ ယခုအပတ်ထုတ် The Voice ဂျာနယ်..

အရပ်သားအစိုးရတဲ့ သေချာမှ ခေါ်မယ် နေပြည်တော် ဆရာသိန်းရေ.. (ခိုင်ထူးသီချင်းလိုပေါ့)
ပထမဦးဆုံး အမျိုးသမီး ဒုဝန်ကြီးတွေတဲ့...
ယုံလား...??? အနီးကပ်ဆုံးကတော့ တေဇတို့ ရွှေသွေးတို့ ကိုအရင် ထိန်းကျောင်းပြပါ...
The Voice April 1st Week

01 April 2011

ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အဖွဲ့ ဝင်များနှင့် အများပြည်သူများမှ လှူဒါန်းသော အလှူငွေများဖြင့် ထီးတော်တင်လှူပွဲ ကျင်ပပြီးစီး။

အမျိုးသားခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်း) နှင့် ဇနီး (ဒေါ်ခင်ကြည်) တို့ ၏ သမီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အဖွဲ့ ဝင်များနှင့် အများပြည်သူများမှ လှူဒါန်းသော အလှူငွေများဖြင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကျီးခေါင်းတောင်ရွာရှိ ”ကျီးခေါင်းတောင်စေတီတော်”ထီးတော်တင်လှူပွဲကို ခရစ်သက္ကရစ် ၂၀၁၁ ခုနှစ်၊ မတ်လ (၁၉) ရက်၊ မြန်မာသက္ကရစ် (၁၃၇၂) ခုနှစ်၊ တပေါင်းလ လပြည့်နေ့  နံနက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

























နတ်လူသာဓုခေါ်စေသောဝ် .....

(သတင်းမှတ်တမ်းပေးပို့ သော ဦးငယ်အား အထူးကျေးဇူးတင်ရှိပါသည်)။

31 March 2011

သမိုင်းဝင် တော်လှန်ရေးနေ့ (မတ်လ ၂၇ ရက်နေ့ ) ကို တပ်မတော်နေ့ (Armed Forces Day) ဆိုပြီး ပြောင်းလဲပြစ်ခဲ့တာ အာဏာရူးကြီး နေ၀င်းပါ။

မြန်မာပြည် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း ၁၉၅၈ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီအဖြစ် ၀န်ကြီးချူပ် ဦးနု အုပ်ချူပ်နေစဉ်မှာ အာဏာရူးကြီး နေ၀င်းက အိမ်စောင့်အစိုးရအဖြစ် အခွင့်အရေး အချောင်ဝင်ယူပြီး၊ တိုင်းပြည်ပြည်သားတွေရဲ့  အချူပ်အခြာ ပြည်သူ့ အာဏာကို ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ မှာ မတရားအဓမ္မ အာဏာသိမ်းယူခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ (Revolutionary Council in Burma) လို့  အမည်ခံပြီး အာဏာရူးကြီး နေ၀င်းက လက်နက်အားကိုးနဲ့  တိုင်းပြည်ကို ဖိနှပ်ချူပ်ချယ်ခဲ့တာကို မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေ၊ ကျောင်းသားတွေရဲ့  ဇူလိုင် (၇) ရက်နေ့  အရေးတော်ပုံကြီးတွေက သက်သေသာဓက ရှိပါတယ်။ အာဏာရူးကြီးနေ၀င်းဟာ ၁၉၇၂ ခုနှစ် ဧပြီလမှ တော်လှန်ကောင်စီဆိုတာကို ဖျက်သိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့  တိုင်းပြည်ကို ဆက်လက်အုပ်ချူပ်ခဲ့တယ်။

မတ်လ( ၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ အဖြစ် ဆက်လက်သတ်မှတ်ထားတယ်ဆိုတာ နေ၀င်း အုပ်ချူပ်နေတဲ့ လက်ထက်မှာဘဲ (၂၅) နှစ်မြောက် တော်လှန်ရေးနေ့  အထိမ်းအမှတ်အဖြစ် ၁၉၇၀ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အောက်ဖေါ်ပြပါ သမိုင်းဝင် တံဆိပ်ခေါင်းပါ စာတွေက သက်သေရှိပါတယ်။



























အာဏာရူးကြီး နေ၀င်းက တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲပစ်ခဲ့တာ ၁၉၇၄ ခုနှစ်မှာပါ။ ၁၉၇၄ ခုနှစ်မှာ အာဏာရူးကြီး နေ၀င်းကနေ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲခေါ်ဆိုခဲ့တာပါ။ အဲ့ဒီအချိန် ပြောင်းလဲခေါ်ဆိုခဲ့တုန်းက နေ၀င်းက အကြောင်းပြခဲ့တာကတော့ မတ်လ (၂၇) ရက်နေ့ ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးလို့  ခေါ်နေတာမို့  ဖက်ဆစ်ဖြစ်ခဲ့တဲ့ ဂျပန်လူမျိုးတွေကို လူမျိုးရေးအရ စော်ကားပြောဆိုသလိုမျိုးဖြစ်နေတယ်၊ ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် ပြောင်းလဲခေါ်ဆိုမယ်ဆိုပြီး ပြောဆိုပြောင်းလဲပြစ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာရူးနေ၀င်းက တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ကို ပြောင်းလဲခေါ်ဆိုပြစ်ခဲ့တာ အကြောင်း (၃) ချက်ရှိပါတယ်။ ပထမအချက်က “တော်လှန်ရေး” ဆိုတဲ့ စကားလုံးကို လုံးဝ မကြားချင်တာ ဖြစ်တယ်၊ ဒုတိယအချက်က ၁၉၇၀ ခုနှစ်လွန် အချိန်ကာလ (အာဏာရူးနေ၀င်းက မြန်မာပြည်ကို တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ လို့ ခေါ်တဲ့ မဆလပါတီနဲ့  ၁၉၇၄ ခုနှစ် အခြေခံဖွဲ့ စည်းပုံဥပဒေပြဌန်းပြီး စတင်အုပ်ချူပ်တဲ့အချိန်) မှာ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးပြီးတဲ့နောက်မှာ မြန်မာပြည်ကို နယ်ချဲ့ စိုးမိုးအုပ်ချူပ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် စစ်လျော်ကြေးငွေလို့ ပြောရသလို မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကြေးငွေတွေ အများဆုံး ပို့ လှူနေတဲ့အချိန်ကာလ) ဖြစ်တာမို့ ၊ တတိယအချက်ကတော့ အာဏာရူးနေ၀င်းဟာ တပ်မတော်ကို လက်ကိုင်ဒုတ်တပ်အနေနဲ့  အသုံးချဖို့  စတင်လှည့်ဖြားစည်းရုံးဖို့  လုပ်တာမို့  မတ်လ (၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ ကနေ တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲပြစ်ခဲ့တာ ဖြစ်တယ်။

ဒါဆိုရင် မြန်မာပြည်သူပြည်သားတို့ ရဲ့  မြန်မာ့သမိုင်းဝင် တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲပြစ်ခဲ့တာ အာဏာရူးကြီး နေ၀င်းဆိုတာကို အတိအကျ မလွဲမှားဖူးဆိုတာပါ။ အာဏာရူးကြီး နေ၀င်း လုပ်သလို ဆက်လက်လုပ်ဆောက်နေတဲ့ အာဏာရူးသန်းရွှေတို့ ကလည်း အမည်တွေ ပြောင်းလိုက် သမိုင်းမှန်တွေကို ဖုံးကွယ်ဖြောက်ဖျက် လိမ်ညာပြောဆို လှည့်ဖြားအုပ်ချူပ်လိုက်နဲ့  အာဏာရူးတွေ အားလုံး တစ်ပုံစံထဲပါဘဲ။

အဲ့ဒီတော့ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် တိုင်းသူပြည်သားတွေရဲ့  ဆန္ဒမပါရှိဘဲ အတင်းအဓမ္မပြောင်းလဲပြစ်ခဲ့တဲ့ အဓိကတရားခံဟာ အာဏာရူးကြီး နေ၀င်းပါ။ ဒါကို အမြဲတမ်း လိမ်ညာဝါဒဖြန့် ပြောဆိုနေတဲ့ နအဖတွေက ယခုလည်း ပိတောက်မြေဘလော့ထဲမှာ အဏ္ဏ၀ါစစ်သည်အမည်ခံပြီး “တပ်မတော်နေ့ ကို ဘယ်သူက သတ်မှတ်ခဲ့သလည်း” ဆိုပြီး သမိုင်းမှန်ကို ဗြောင်လိမ်ပြီး ဦးနုက ပြောခဲ့သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ဒုတိယဥက္ကဌ ဦးတင်ဦးကဘဲ ပြောခဲ့သလိုနဲ့  မဟုတ်ဇာတ်တွေနဲ့  ပေါက်ကရအရေးအသားတွေနဲ့  လုပ်ကြံရေးသားထားပါတယ်။ လုပ်ကြံရေးသားပြီး သမိုင်းကို လိမ်ညာနေတဲ့ အရေးအသားကို ဖတ်ချင်ရင်တော့ http://padaukmyay.blogspot.com/2011/03/blog-post_29.html တွေ့ ပါလိမ့်မယ်။

အဏ္ဏ၀ါစစ်သည်အမည်ခံ နအဖ သန်းရွှေရဲ့  အကြီးစား လက်ပါးစေခင်ဗျာ - တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး အတင်းအဓမ္မ ပြောင်းလဲခေါ်ဆိုခဲ့သူဟာ ခင်ဗျားတို့ ရဲ့  အဖေကြီး အာဏာရူးကြီး နေ၀င်း ဖြစ်တယ်ဆိုတာကို ၁၉၄၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းခဲ့ကြတဲ့ မြန်မာပြည်သူပြည်သားတွေ သိကြပါတယ်။ သမိုင်းအထောက်အထားတွေ သက်သေမှတ်တမ်းတွေ ရှိကြပါတယ်။ ဒီလိုမျိုး သမိုင်းမှန်တွေကို ဖုံးကွယ်ဖြောက်ဖျက် လိမ်ညာပြောဆိုနေတာတွေ မြန်မာပြည်ပြည်သူပြည်သားတွေက သိနေကြပါပြီ။

နအဖတွေကို ထပ်ပြောပါဦးမယ် - တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး အတင်းအဓမ္မ ပြောင်းလဲခေါ်ဆိုခဲ့သူဟာ ခင်ဗျားတို့ ရဲ့  အဖေကြီး အာဏာရူးကြီး နေ၀င်းပါ။

(နစ်နေမန်း)။

Samsung ကျွန်ပျူတာများတွင် သုံးစွဲသူ မသိစေဘဲ လျှို့ ဝှက်ထည့်သွင်းထားသည့် spyware ခေါ် သုံးစွဲမှုမှန်သမျှ မှတ်သားသည့် ဆော့ဖ်ဝဲ ပါရှိနေကြာင်း သိရှိရ။



























Samsung ကွန်ပျူတာများထဲတွင် spyware ဟုခေါ်သည့် ကွန်ပျူတာသုံးစွဲသူ၏ သုံးစွဲမှုမှန်သမျှကို သုံးစွဲနေသူ မသိစေဘဲ အလိုအလျောက် လျှို့ ဝှက်မှတ်သားသည့် ဆော့ဖ်ဝဲ software program အား ထည့်သွင်းထားကြောင်း စစ်ဆေးတွေရှိရကြောင်း သိရှိရပါသည်။

အဆိုပါ လျှို့ ဝှက်မှတ်သားသည့် ဆော့ဖ်ဝ်အား ထည့်သွင်းထားမှုကို NetSec Consulting Corp အင်တာနက်လုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့ အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mohamed Hassan မှ ထောက်လှမ်းသိရှိရခြင်း ဖြစ်ပါသည်။ မိုဟာမက်အနေဖြင့် လွန်ခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း Samsung laptop တစ်လုံးဝယ်ယူခဲ့ပြီး သုံးစွဲနေရာမှ တွေ့ ရှိရခြင်း ဖြစ်ပါသည်။

အဆိုပါ ဆော့ဖ်ဝဲမှာ Starlogger ဖြစ်ပြီး၊ de Willebois Consulting မှ ထုတ်သည့် spyware ဖြစ်ကြောင်း သိရှိရသည်။ Starlogger ဆော့ဖ်ဝဲဟာ ကွန်ပျူတာသုံးစွဲနေသူ၏ အသုံးပြုမှုမှန်သမျှကို သုံးစွဲနေသူ မသိစေဘဲ လျှို့ ဝှက်ခိုးယူမှတ်သားထားပြီး၊ ကွန်ပျုတာ keyboard မှ နှိပ်ရိုက်သည့် စာလုံးမှန်သမျှကိုလည်း မှတ်သားထားကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို ကွန်ပျူတာဝယ်ယူစဉ်ကတည်းက ပါရှိထည့်သွင်းထားခြင်း ခံနေရတာ ဖြစ်ကြောင်း မိုဟာမက်မှ ပြောကြားပါသည်။

အဆိုပါ ဆော့ဖ်ဝဲမှာ Starlogger ဟာ ကျွန်ပျူတာ စာရိုက်သည့် စာလုံးမှန်သမျှ၊ အီးမေးလ်မှန်သမျှ၊ မက်ဆေ့ခ်ျမှန်သမျှ၊ မှတ်တမ်းမှန်သမျှ၊ သွားရောက်ခဲ့သည့် အင်တာနက် စာမျက်နှာမှန်သမျှ၊ ကျွန်ပျူတာသုံးစွဲသူနှင့် အခြားသူများ usernames (Log-in names) အမည်နှင့် ပတ်စ်ဝေါ့ (passwords) မှန်သမျှ အစရှိသည်တို့ ကို ခိုးဝှက်မှတ်သားကြောင်း သိရှိရပါသည်။

ထိုကဲ့သို့  Samsung ကျွန်ပျူတာ၏ လျှို့ ဝှက် ဆော့ဖ်ဝဲ spyware ထည့်သွင်းခံထားရမှုကို ထပ်မံသိရှိစေရန်အတွက် မိုဟာမက်မှ အမျိုးအစား model မတူသည့် Samsung ကွန်ပျူတာတစ်လုံး ထပ်မံဝယ်ယူပြီး စမ်းသပ်ကြည့်ရာတွင် အဆိုပါ ဆော့ဖ်ဝဲ ပါရှိထည့်သွင်းထားသည်ကို တွေ့ ရှိရကြောင်း သိရှိရပါသည်။

မြန်မာအစိုးရသစ်ဆိုပါလား.. (ရုပ်သံ)

ကျမ်းသစ္စာ ကျိန်ဆိုနေတဲ့ သမ္မတ ဆိုလားပဲ...

သမ္မတနှင့် ၀န်ကြီးများစာရင်း
AFP ရုပ်သံ..

၁။ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ
၂။ သီဟသူရတင်အောင်မြင့်ဦး ဒုသမ္မတ
၃။ ဦးစိုင်းမောဝ်ခမ်း ဒုသမ္မတ
၎။ ဗိုလ်ချုပ်လှမင်း (၀န်ကြီး) ကာကွယ်ရေးဝန်ကြီးဌာန
၅။ ဒု-ဗိုလ်ချုပ်ကြီးကိုကို (။) ပြည်ထဲရေးဝန်ကြီးဌာန
၆။ ဗိုလ်ချုပ်သိန်းဌေး (။) နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၇။ ဦးဝဏ္ဏမောင်လွင် (။) နိုင်ငံခြားရေးဝန်ကြီးဌာန
၈။ ဦးကျော်ဆန်း (။) ပြန်ကြားရေးဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
၉။ ဦးမြင့်လှိုင် (။) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၁၀။ ဦးဝင်းထွန်း (။) သစ်တောရေးရာဝန်ကြီးဌာန
၁၁။ ဦးလှထွန်း (။) ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာန
၁၂။ ဦးခင်မောင်မြင့် (။) ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။ ဦးတင်နိုင်သိန်း (။) အမျိုးသားစီမံကိန်းနှင့်စီးပွါးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
၁၄။ ဦးဝင်းမြင့် (။) စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၅။ ဦးသိန်းထွန်း (။) ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
၁၆။ ဦးအောင်ကြည် (။) အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၇။ ဦးသိန်းထိုက် (။) သတ္ထုတွင်းဝန်ကြီးဌာန
၁၈။ ဦးအုန်းမြင့် (။) သမ၀ါယမ၀န်ကြီးဌာန
၁၉။ ဦးဥာဏ်ထွန်းအောင် (။) ပို့ဆောင်ရေးဝန်ကြီးဌာန
၂၀။ ဦးတင့်ဆန်း (။) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အားကစားဝန်ကြီးဌာန
၂၁။ ဦးကျော်စွာခိုင် (။) အမှတ်(၁)စက်မှုဝန်ကြီးဌာန
၂၂။ ဦးစိုးသိန်း (။) အမှတ်(၂)စက်မှုဝန်ကြီးဌာန
၂၃။ ဦးအောင်မင်း (။) ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၄။ ဦးသန်းဌေး (။) စွမ်းအင်ဝန်ကြီးဌာန
၂၅။ ဦးဇော်မင်း (။) အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၆။ ဦးခင်မောင်စိုး (။) အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၇။ ဒေါက်တာမြအေး (။) ပညာရေးဝန်ကြီးဌာန
၂၈။ ဒေါက်တာဖေသက်ခင် (။) ကျန်းမာရေးဝန်ကြီးဌာန
၂၉။ သူရဦးမြင့်မောင် (။) သာသနာရေးဝန်ကြီးဌာန
၃၀။ ဦးအေးမြင့် (။) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
၃၁။ ဦးခင်ရီ (။) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၃၂။ ဦးသိန်းညွန့် (။) သမ္မတရုံးဝန်ကြီးဌာန
၃၃။ ဦးစိုးမောင် (။) သမ္မတရုံးဝန်ကြီးဌာန
၃၄။ ဒေါက်တာထွန်းရှင် (ပြည်ထောင်စုရှေ့နေချုပ်) ပြည်ထောင်စုရှေ့နေချုပ်ရုံး
ညွှန်ကြားရေးမှုးချုပ် (အစိုးရရှေ့နေချုပ်ရုံး)

အစိုးရသစ်အမည်အား လာမည့် ဧပြီလ ၂ ရက်နေ့၌ ရုံးဖွင့်ပွဲနဲ့ အတူ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါတယ်...။
ယခင် ရ.ယ.ကမှ ယခု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဆိုပြီး ဂွင်အသစ်အတွက် ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်လိုက်ပါပြီ.. မြန်မာပြည်မှာ ဆိုင်းဘုတ်ပြောင်းတာနဲ့ အားလုံးဖြစ်ပါတယ်..။
အားလုံးသိပြီးတဲ့ အတိုင်းပါပဲ ဒီပုတ်ထဲက ဒီပဲတွေပါပဲ.. ကုလားကြီးကနေ အရာကြီးပေါ့ဗျာ..
ချိတ်ထမီဝတ်တဲ့ တပ်ချုပ်ကြီးနဲ့အဖွဲ့မှ ချိတ်ထမီဝတ်တဲ့ ဖြတ်ချုပ်ကြီးနဲ့ အဖွဲ့ပေါ့ဗျာ.. ပါးပါးလေးပါ..။ ဒါပါပဲ....

ဒီမိုဝေယံ

29 March 2011

ယခုလ (၂၈)ရက်နေ့စ၍ ရန်ကုန်မြို့ရှိ အော်တိုတယ်လီဖုန်း နံပါတ်များကို ဂဏန်းခြောက်လုံးမှ ခုနစ်လုံးသို့ ပြောင်းလဲမည်

ယခုလ ၂၈ ရက်မှစတင်၍ ရန်ကုန်မြို့တွင်း သုံးစွဲလျက်ရှိသည့် အော်တိုတယ်လီဖုန်း နံပါတ်များကို မူလက ပါဝင်သည့် ဂဏန်းခြောက်လုံးအစား ရှေ့တွင်ဂဏန်းတစ်လုံးတိုး၍ ဂဏန်းခုနစ်လုံးအဖြစ် ပြောင်းလဲ သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မရမ်းကုန်း အော်တိုအိတ်ချိန်းရုံးက ထုတ်ပြန် ကြေညာသည်။

ဖုန်းနံပါတ်များကို ထိုကဲ့သို့ ဂဏန်းခုနစ်လုံးအဖြစ် ပြောင်းလဲမည် ဖြစ်သော်လည်း ရန်ကုန်မြို့၏ ဧရိယာကုဒ်ဖြစ်သည့် ၀၁ မှာမူ ပြောင်းလဲမည် မဟုတ်ကြောင်း မရမ်းကုန်း အိတ်ချိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖုန်းနံပါတ်များကို ဂဏန်းခုနစ်လုံးသို့ ပြောင်းလဲပြီးပါက မိမိဖုန်းနံပါတ်များ၏ အထွက်ခေါ်ဆိုမှုကို စိတ်ကြိုက် ကန့်သတ်နိုင်မည့် ၀န်ဆောင်မှုကိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဖုန်းအထွက်ခေါ်ဆိုမှု ကန့်သတ်ခြင်းကို Security Code Numbering စနစ်ဖြင့် ပေးအပ်မည်ဖြစ်ပြီး နိုင်ငံခြားသို့ ခေါ်ဆိုမှု၊ နယ်မြို့များသို့ ခေါ်ဆိုမှုနှင့် အထွက်ဖုန်းအားလုံး ခေါ်ဆိုမှုများကို ပိတ်ပင်နိုင်မည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသူများ အနေဖြင့် မိမိပေးလိုသော လျှို့ဝှက်ကုဒ် နံပါတ်၊ ဖုန်းစာအုပ် မိတ္တူနှင့် မှတ်ပုံတင် မိတ္တူတို့ကို သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေးရုံးများသို့ တင်ပြရန် လိုအပ်မည် ဖြစ်ကြောင်း Intetnet ဂျာနယ် အတွဲ- ၁၂၊ အမှတ်-၁၃တွင် ဖော်ပြထားပါသည်။

28 March 2011

(၆၆) နှစ်မြောက် တော်လှန်ရေးနေ့  အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ထုတ်ပြန်ကြေညာချက်နှင့် အခမ်းအနား သဘာပတိ မိန့် ခွန်း။





ယနေ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား (ကြေငြာချက်၊ ဓာတ်ပုံ၊ သတင်း)

ယနေ့နံနက်(၁၁)နာရီ အချိန်၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ (၆၆)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်မှCEC အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်များနှင့် သံတမန်ရေးရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ ကြပါသည်။ အခမ်းအနားကျင်းပရာ၌ သာဘာပတိအဖြစ် (ဒု)ဥက္ကဌဦးတင်ဦးမှ ဆောင်ရွက်ပြီး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်
ခဲ့သော တပ်မတော်အပေါ်၌ ယနေ့အချိန်အထိ ချစ်ခင်မြတ်နိုးဆဲပင်ဖြစ်ကြောင်း၊ ယခုတက်ရောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့်လည်း အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ပြောဆိုလိုပါကြောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်သောဥက္ကဌဦးတင်ဦးမှ တချိန်တခါက မိမိသည်လည်း တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ကြောင်း၊ တပ်မတော်ကို ယနေ့ထက်တိုင် သံယောဇဉ် ရှိနေသေးကြောင်း၊ မိမိတို့နှင့် လက်ရှိစစ်အစိုးရ တို့တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးကို နွေေးထွးစွာ ဖိတ်ခေါ်ကြိုဆိုပါကြောင်း အသီးသီးပြောဆိုသွားခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂း၁၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အဖွဲ့ချုပ်ပါတီဝင်များအား အဖွဲ့ချုပ်လူငယ်များမှ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပြီး၊ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ထောင်းကြော် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ ... ဒီမိုဝေယံ
(၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့

27 March 2011

မတ်လ (၂၇) ရက်နေ့  - တော်လှန်ရေးနေ့  ဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့ - “တော်လှန်ရေးနေ့ ” ဟာ လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သား တိုင်းရင်းသားပေါင်းစုံ စုပေါင်းတော်လှန်ရေးဆင်နွဲခဲ့တဲ့ သမိုင်းဝင်နေ့ ရက်တစ်ရက်အဖြစ် “တော်လှန်ရေးနေ့ ” ဆိုပြီး မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာပါ။




















မတ်လ (၂၇) ရက်နေ့ ဟာ မြန်မာပြည်သူပြည်သား တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတစ်ကွ ဆင်နွဲခဲ့တဲ့ “တော်လှန်ရေးနေ့ ” ဖြစ်ပါတယ်။ “တပ်မတော်နေ့ ” မဟုတ်ပါ။ မြန်မာပြည် သူများကျွန်ဘ၀လက်အောက်ကနေ လွတ်မြောက်မှု ရရှိရေးအတွက် ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ဖွဲ့ စည်းခဲ့တဲ့ မြန်မာ့တပ်မတော်အပါအ၀င် ရဟန်းရှင်လူကျောင်းသားပြည်သူတစ်ရပ်လုံးက စုစည်းလက်တွဲကြပြီး အတူတစ်ကွ တော်လှန်ရေးကြီးဆင်နွဲခဲ့တဲ့ တော်လှန်ရေးကြီးကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့  မတ်လ (၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ ရယ်လို့  သမိုင်းတွင်စေခဲ့တာပါ။

ဒါပေမယ့် အာဏာရူးအုပ်စုဟာ တပ်မတော်နဲ့  ပြည်သူကို ခွဲခြားပြီး သမိုင်းဝင် တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲခေါ်ဆိုနေတာ ဖြစ်ပါတယ်။ အာဏာရူးတွေက တပ်မတော်နေ့ ဆိုပြီး အမည်ပြောင်းလိုက်ပြီး မြန်မာ့တော်လှန်ရေးသမိုင်းအစစ်အမှန်ကို ကွယ်ပျောက်စေဖို့  လုပ်ဆောင်ခဲ့ရုံသာမက၊ မြန်မာ့တပ်မတော်ကိုလည်း ဂုဏ်သရေညှိုးနွမ်းအောင် ပြည်သူတွေ မုန်းတီးခံရအောင် ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ မြန်မာပြည်သူပြည်သားများဟာ သူများကျွန်ဘ၀လက်အောက်က လွတ်မြောက်ခဲ့ကြပေမယ့် ယခုအခါမှာ ကိုယ့်ကျွန်ဘ၀လက်အောက်ဖြစ်တဲ့ - အာဏာရူးအုပ်စုရဲ့  လက်အောက်မှာ လွတ်လပ်မှု ပျောက်သုန်းနေပါတယ်။

ယနေ့ ခေတ် မြန်မာ့တပ်မတော်ဟာ အာဏာရှင် လက်တစ်စုစာရဲ့  အသုံးချခံ ကိုယ်ပိုင်တပ် အဖြစ်ခံနေကြရတဲ့အတွက် တိုင်းပြည်အတွက် အတော့်ကို နစ်နာဆုံးရှုံးနေရုံမက ပြည်သူ့ အမုန်းခံနေရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

အာဏာရှင်လက်ကိုင်တပ်အဖြစ်ကနေ ပြည်သူ့ တပ်မတော်ပြန်ဖြစ်အောင် တပ်မတော်သားတွေဘဲ ပြုပြင်ပြောင်းလဲလို့  ရမှာပါ။ မြန်မာ့တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းညှိုးနွမ်းနေတာကို ပြန်လည်အဖတ်ဆည်ဖို့ က တပ်မတော်သားတွေအနေနဲ့  မိမိတို့ ကိုင်ဆောင်ထားတဲ့ သေနတ်ပြောင်းဝတွေကို အာဏာရှင်တွေဘက်ကို လှည့်ဖို့ သာ ဖြစ်ပါတယ်။

လွတ်လပ်ရေးအတွက် အသက်စွန့် ကြိုးပမ်းပြီး ပြည်သူပြည်သားတွေဘ၀ အေးချမ်းသာယာဖို့ အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားကြီးတွေရဲ့  ဂုဏ်ကျေးဇူးတရားကို လေးစားသမှုပြုတဲ့အနေနဲ့ ရော၊ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အစဉ်အလာကြီးမားပြီး ဂုဏ်ရောင်တောက်ပြောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်အပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ ရော မြန်မာ့တပ်မတော်ကို အာဏာရှင်တွေလက်ထဲကနေ ပြန်လည်ကယ်တင် ရယူဖို့ ပါ။

“အောင်ဆန်းပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဖူး” ဆိုတဲ့ စကားကို လေးစားလိုက်နာခြင်းဟာ တပ်မတော်ရဲ့  ဖခင်ဗိုလ်ချူပ်အောင်ဆန်းအပေါ် သစ္စာစောင့်ထိန်းရာရောက်သလို၊ တိုင်းပြည်နဲ့  ပြည်သူအပေါ်မှာ သစ္စာစောင့်သိတာလည်း ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့  တော်လှန်ရေးအစဉ်အလာနဲ့  ပြည်သူအပေါ်သစ္စာစောင့်သိမှုကို ဖျက်ဆီးပစ်သူ တရားခံများဟာ သန်းရွှေဦးဆောင်နေတဲ့ အာဏာရှင်လက်တစ်ဆုပ်ဖြစ်ပါတယ်။

ဒီ့အတွက် လက်ရှိ မြန်မာ့တပ်မတော်က အရာရှိအရာခံအကြပ်တပ်သားများအနေနဲ့  အာဏာရှင်သန်းရွှေနဲ့ ထိပ်ပိုင်းက ဗိုလ်ချူပ်ကြီးတွေကို စတင်တော်လှန်ကြပြီး ပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ကြမယ့် ပြည်သူ့ တပ်မတော်သားဘ၀ကို ရောက်ရှိစေလိုပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်အတွင်းက ပြည်သူ့ တပ်မတော်သားပီသလိုသူတွေက လွတ်လပ်မှု ပျောက်ကွယ်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကို အာဏာရူးသန်းရွှေတို့ လက်အောက်ကနေ ပြန်လည်ကယ်တင်ပေးနိုင်မယ့်နေ့ တစ်နေ့  ရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေအားလုံးက “တပ်မတော်နေ့ ” ဆိုပြီး နေ့ ရက်သစ်တစ်ရက်အနေနဲ့  ဂုဏ်ပြုလေးစားပြီး တရားဝင် “တပ်မတော်နေ့ ” အဖြစ် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာစွာနဲ့  သမိုင်းတင်ပေးကြမှာ ဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့  - တော်လှန်ရေးနေ့  ဖြစ်ပါတယ်။

ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ တာလေမြို့မှ မြင်ကွင်းများ (ဓာတ်ပုံ)

ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ၊ ခေတ်မှီတဲ့ ယန္တရားတွေ၊ လုံလောက်တဲ့ ဆေးရုံသုံး ပစ္စည်းတွေ၊ လိုအပ်တဲ့ အထောက်အပံ့တွေ မရရှိနိုင်တဲ့ အခြေအနေနဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ အတွက် ရင်လေးမိပါတယ်...။
ကယ်ဆယ်ရေး လုပ်ဆောင်ရမယ့် နေရာတွေမှာ လိုအပ်တဲ့ Equipment တွေနဲ့ လုပ်ဆောင်ဖို့ အခြေအနေ မပေးနိုင်တော့ဘူးလား
သေဆုံးသွားသူ တစ်ဦး
လူမမယ် ကလေးငယ်နှစ်ဦးနဲ့ ဖခင်တစ်ဦးရဲ့အပူ
ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေရတဲ့ အခြေအနေတွေ
ကွဲအက်သွားတဲ့ အက်ကွဲကြောင်းတွေကို တာချီလိတ်မြို့မှာ ပြန်လည် ပြုပြင်နေစဉ်
ဒဏ်ရာရရှိသွားတဲ့ ကလေးငယ် တစ်ဦး...
ဓာတ်ပုံ Getty Images, Reuters