11 October 2010

အကျဉ်းထောင်ထဲမှ အချုပ်သူ/သားများအား နအဖရဲ့ မတရားတဲ့ ရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးနိုင်ရေးအာဏာပိုင်များဆောင်ရွက်နေ

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အချုပ်သူ၊ အချုပ်သားများစာရင်းအား သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ခါ စာရင်းများ ပြုစုပေးပို့လျက်ရှိကြောင်း အကျဉ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစာရင်းများကို သက်ဆိုင်ရာအကျဉ်းထောင်များရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ကော်မရှင် အဖွဲ့များနှင့်ဆက်သွယ်ပြီး နေ့စဉ် စာရင်းပေးပို့လျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်နေ့အထိ မဲပေးနိုင်မည့် အချုပ်သူ/သား အရေ အတွက် ၆,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေအရ ၊အချုပ်သူ/သားများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး အကျဉ်းသူ/သားများအနေဖြင့်မူ မဲပေးပိုင်ခွင့်မရှိပေ။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင် ၄၃ ခု၊ အလုပ်စခန်းနှင့် ဒေသဖွံ့ဖြိုးရေးစခန်းများတွင် အကျဉ်းကျခံနေရ သူပေါင်း ၅၀,၀၀၀ ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန စာရင်းများအရ သိရသည်။

အချုပ်သူ အချုပ်သားစာရင်းများနှင့်ပတ်သက်၍ အတိုးအလျော့ရှိနိုင်ပြီး ၎င်းတို့ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် မဲပေးခွင့်နှင့်ပတ်သက်၍ မည်သည့်ပုံစံဖြင့်မဲပေးရမည်ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ဥပဒေအခန်း (၉) ရွေးကောက်ပွဲကျင်းပခြင်းပါ ပုဒ်မ ၄၅၊ ပုဒ်မခွဲ(ဂ) ပါ မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းခုနစ်ချက်အနက်တစ်ခုခုကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများသည် ဆန္ဒမဲပေး လိုလျှင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲကစီစဉ်ပေးရမည်ဟု ဖော်ပြပါရှိသည်။

၎င်းခုနစ်ချက်တွင်ပါဝင်သည့် အချက်တစ်ချက်မှာ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်းဟူ၍ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် အကျဉ်းထောင်စခန်းအားလုံးမှ လွတ်မြောက်မည့် အကျဉ်းသူ/သား စာရင်းများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေး၍ရသည့်အတွက် သက်ဆိုင်ရာ ထောင်အုပ်စု၊ အကျဉ်းထောင်၊ ညွှန်ချုပ်ရုံးများမှ ၎င်းတို့ခံစားခွင့်ရရှိနိုင်သော လျှော့ရက်များအားလုံးပေးပြီး အောက်တိုဘာလ ၈ ရက်နေ့မှ စတင်လွတ်မြောက်မည့်သူများ စာရင်းကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်ကော်မရှင်သို့ အမည်စာရင်းများ ဆက်လက်ပေးပို့သွားမည်ဟုမြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ဒါးပိန်ဘူတာ အကျော်တွင် ရထား၂ စင်းတိုက်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့မီးရထားဝန်ထမ်း ၃ ဦးဒဏ်ရာရရှိ


အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒါးပိန်ဘူတာအကျော် ပဲခူးတိုင်း အတွင်းတွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနှင့် အမှတ် ၁ အဆန်စာပို့ရထားတို့ နံနက် ၅ နာရီခွဲ ၀န်းကျင်းအချိန်၌ တိုက်မိခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ မီးရထားနှစ်စင်း တိုက်မိမှုကြောင့် မြန်မာ့မီးရထားမှ ၀န်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ နံနက် ၅ နာရီခွဲ အချိန်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနဲ့ အမှတ် ၁ အဆန်စာပို့ရ ထားနှစ်စင်း တိုက်မိပါတယ်။ လတ်တလောသတင်းတွေအရ ဆီတင်ကုန်တွဲရထားက လမ်းရှောင်ဖို့အတွက် လမ်း လွှဲဝင်တဲ့အချိန်မှာ နောက်ကလာတဲ့ အမှတ် ၁ ရထားက ၀င်ဆောင့်တယ်လို့အကြမ်းဖျင်း သိရပါတယ်။ဒီ မတော်တဆဖြစ်ပွားမှုကြောင့် မြန်မာ့မီးရထားဝန်ထမ်း ၃ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒါးပိန်ဘူတာအကျော် နယ်နမိတ်သည် ပဲခူးတိုင်းအတွင်း ရောက်ရှိနေကြောင်း၊ ကျန်ရထားခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း news-eleven ဂျာနယ်တွင်ဖော်ပါရှိသည်။

၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်လျူရှောင်ဘို(Liu Xiaobo)ရဲဇနီးဖြစ်သူလျူရှား(Liu Xia)ကို တရုတ်အာဏာပိုင်များနေအိမ်မှာအကျယ်ချုပ်နဲ့အကျဉ်းချထား


ဓာတ်ပုံ AP

အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံလိုက်ရသည့် မစ်စ် လျူရှား။ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀။

၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ရဲ့ ဇနီးဖြစ်သူ လျူရှား (Liu Xia) ကို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားလိုက်တယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Freedom Now အဖွဲ့ကြီးက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီနေ့မှာပဲ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ လျူရှောင်ဘိုကို ဇနီးဖြစ်သူ လျူရှားက သွားရောက် တွေ့ဆုံခဲ့ပြီး အိမ်ကိုအပြန်မှာ အခုလို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားကြောင်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လျူရှောင်ဘိုဟာ ၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်တဲ့အခါ မစ္စတာ လျူရှောင်ဘိုဟာ ထောင်ထဲမှာ ၀မ်းသာပြီး ၁၉၈၉ ခုနှစ်မှာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေအတွက် ၀မ်းနည်းပြီးလည်း ငိုကြွေးခဲ့တယ်လို့ မစ်စ် လျူရှားက ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မစ်စ် လျူရှားကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မရရှိခဲ့သလို ဘယ်ကိုမှလည်း သွားခွင့်မပြုတဲ့အပြင် သူ့ရဲ့ လက်ကိုင်ဖုန်းကိုလည်း သုံးခွင့် မပြုခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လျူရှောင်ဘိုဟာ ဂျင်ဇောင်းမြို့က အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပြီး လျူရှားဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူကို မကြာခဏ သွားရောက်တွေ့ဆုံခွင့် ရခဲ့ရာက ဒီနေ့ အခုလို အကျယ်ချုပ်နဲ့ အကျဉ်းကျခံလိုက်ရတာ ဖြစ်ပြီး ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သတင်း...VOA

မဟာတဘောင်တော်ကြီး

မဟာတဘောင်တော်ကြီး



ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ

နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့



ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ

ရှေ့လူ နောက်တတ် နင်းလတ္တံ့



သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်

ကောင်းအောင်ညီဖို့ လိုလတ္တံ့။



မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။


၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။


ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။


သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။


အရှင်သုမန

စင်ကာပူရောက် ရွှေမြန်မာများမှ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား ဂါရဝပြုပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...





စင်ကာပူမှ ဘဘကိုချစ်ခင်လေးစားတဲ့ မြန်မာနိုင်ငံသားများ



စင်ကာပူနိုင်ငံမှာ မျက်စိခွဲစိတ်ကုသဖို့ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား စင်ကာပူနိုင်ငံရောက် ရွှေမြန်မာများမှ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနဲ့ အညီ. ဂါရဝပြုနှုတ်ဆက်ပွဲ အခမ်းအနားအား ယနေ့နေ့လည် ၁နာရီက တိုပါယိုး မြန်မာ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အစီအစဉ်ကို နေ့လည်(၁)နာရီမှ (၂)နာရီထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ဘဘဦးတင်ဦးအား လာရောက် ဂါဝရပြုသူ များပြားသောကြောင့် နေလည် (၂)နာရီခွဲအထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေ ၂၀၀ ကျော်ခန့် ဘဘဦးတင်ဦးအား လေးစားချစ်ခင်သူများမှ လာရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက် ကြကြောင်းသိရှိရပါတယ်။

စင်ကာပူမှ ဘဘကိုလေးစားချစ်ခင်သူ တစ်ဦးမှ ပြောဆိုတာကတော့ " အရမ်းအားရဖို့ ကောင်းပါတယ်... လူတိုင်းရဲ့ရင်ထဲမှာ စိတ်ဓာတ်တွေ ကျန်နေသေးတယ် ဆိုတာသိရတော့ အရမ်းကြည်နှုးဖို့ ကောင်းပါတယ်.. လူဦးရေ ၂၅၀လောက် ရှိမယ်ထင်တယ်.. လူကြီးလူငယ် အရွယ်မျိုးစုံလေ.. ဘဘကို အနီးကပ်တွေ့ရပြီး ဘဘပေးတဲ့ ဆုတောင်း မေတ္တာသံတွေ ကြားရတာ အရမ်းကြည်နှုး ဝမ်းသာမိပါတယ်" ဟုပြောဆိုသွားပါတယ်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာ ပြီးခဲတဲ့ စက်တင်ဘာလ ၂၈ရက်နေ့က စင်ကာပူနိုင်ငံ သို့မျက်စိခွဲစိတ်ကုသရန် ရောက်ရှိခဲ့ပါတယ်။ မျက်စိတွင်း သွေးယိုစီးမှုကြောင့် မျက်စိအတွင်းလွှာကို သွေးခဲများက ဖုံးအုပ်ခဲ့တဲ့ အတွက် Tang Tock Seng ဆေးရုံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က မြန်မာဆရာဝန်များမှ အောင်မြင်စွာ ခွဲစိတ်ကုသခဲ့ပါတယ်..။ မနက်ဖြန် တနလာင်္နေ့မှာ ဆရာဝန်၏ ထပ်မံစမ်းသပ် စစ်ဆေးပြီး ဆရာဝန်၏ ခွင့်ပြုချက် ရရှိပါက ၁၄ရက်နေ့တွင် မြန်မာပြည်သို့ ပြန်ခွင့်ရရှိမှာ ဖြစ်ပါတယ်..။


ဓာတ်ပုံများအတွက် ကိုဝင်းမြင့်၊ မအေးမာနဲ့ ဗမာ့သွေးတို့အား ကျေးဇူးတင်ပါသည်..။

မြန်မာပြည်တွင်းက ဖြစ်ရပ်မှန် ကာတွန်းဟာသပဒေသာ














တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီဝင်သမဝါယမဝန်ကြီး ဦးတင်ထွဋ် ဇလွန်မြို့နယ်တွင် နည်းမျိုးစုံဖြင့် စည်းရုံးရေးလုပ်နေ


သမဝါယမဝန်ကြီး ဦးတင်ထွဋ်သည် ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ထောက်ခံမဲ ရရေးအတွက် ဇလွန်မြို့နယ်အတွင်း စည်းရုံးမှုမျိုးစုံ ပြုလုပ်နေလျှက်ရှိသည်။ဧရာဝတီတိုင်း၊ ဇလွန်မြို့ဈေးကြီးအတွင်းမှ ဆိုင်ခန်းများကို လျော့ဈေးနှုန်းဖြင့် ရောင်းချပေးနေပြီး ချေးငွေထုတ်ပေးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

“ဈေးထဲက ဆယ်သိန်း ဆယ့်ငါးသိန်းပေါက်တဲ့ ဆိုင်ခန်းတွေကို ကြံ့ဖွံ့က (၇) သိန်းနဲ့ ရောင်းပေးတယ်၊ အဲဒီဟာ ဝယ်မဲ့ငွေကိုလည်း အတိုး (၈) ကျပ်နဲ့ ထုတ်ချေးပေးပြီး စည်းရုံးမှုတွေ လုပ်နေတာ” ဟု ပြောသည်။အဆိုပါချေးငွေကို သုံးလလျှင် တကြိမ်အတိုးငွေနှင့် အရင်းငွေ ကျပ်တသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

ထို့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် လက်ခံသူများကို တယ်လီဖုန်းများ ချပေးသည့် အစီအစဉ်ကိုလည်း ဝန်ကြီးဦးတင်ထွဋ်က လုပ်ကိုင်နေကြောင်း မြို့ခံက ပြောသည်။“ဇလွန်မြို့နယ်အတွင်းမှာ ကျပ်ငါးသိန်းတန်ဖုန်း အလုံး (၁၅၀) ချပေးထားတယ်၊ ဖုန်းဝယ်တဲ့သူတွေက ငွေငါးသောင်း အပိုပေးရတယ်၊ ပြီးတော့ ကြံ့ဖွံ့ပါတီဝင်လုပ်ရတယ်” ဟု ပြောသည်။

လယ်သမားများကိုလည်း ငွေထုတ်ချေးခြင်းများ ပြုလုပ်ပြီး စုငွေအဖြစ် ငွေကြေးဖြတ်ယူ သိမ်းဆည်းထားမှုများလည်း ပြုလုပ်နေလျှက်ရှိသည်။“လယ်သမားတဦးကိုငွေ တသိန်းချေးတယ်၊ အဲဒီမှာ ဦးတင်ထွဋ်က (၈၅,၀၀၀)ရှစ်သောင်းခွဲဘဲ ပေးတယ်၊ ကျန်တဲ့ တသောာင်းခွဲကို စုငွေအတွက်ဆိုပြီး ပြန်သိမ်းထားတယ်၊ အတိုးကတော့ သုံးကျပ်နှုန်းနဲ့၊ စည်းရုံးမှုတွေကတော့ မျိုးစုံလုပ် နေတာဘဲ” ဟု မြို့ခံကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် ကြံ့ဖွံ့ပါတီမှ ဦးစန်းမောင်(ယခင်ညီလာခံ တက်ဖူးသူ)၊ တိုင်းဒေသကြီးအတွက် ဦးတင်ထွဋ် (သမ၀ါယမ ၀န်ကြီး)၊ ဦးလှခိုင် (မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး) တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး (တစည)ပါတီမှ တိုင်းဒေသကြီးအတွက် ဦးလှမြင့် (ကေသီပန်)၊ ဦးစန်းအေး (ယခင် မဆလပါတီမှ ပါတီဝင်ဟောင်း ကျောက်ဆေးထိုးဆရာ)၊ ဦးမြသောင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။


သတင်း..ရိုးမ(၃)

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်တွေ ပြည်သူတွေကိုအမျိုးမျိုး စည်းရုံးနေပြန်ပြီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ်မှ ရေလုပ်ငန်း၌ လာရောက် လုပ်ကိုင်နေသူများကို ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များမှ ဧည့်စာရင်း မတိုင်ကြားလိုပါက ကြံ့ဖွံ့ ပါတီထဲသို့ ၀င်ပါဟု ဆိုကာ စည်းရုံးနေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။

အမည် မဖေါ်လိုသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက “ကျောက်ဖြူမြို့ထဲမှာဆိုရင် အခုက အနယ်နယ် အရပ်ရပ်က လူတွေ အိမ်ငှားပြီးနေကြပါတယ်။ သူတို့က သက်ဆိုင်ရာ ရယကရုံးကို သွားပြီ ၁၅ ရက်တကြိမ်ကျစီ ဧည့်စာရင်း တိုင်ရပါတယ်။ ခုကျေးရွာ ရယကလူကြီးတွေက တဆင့် ကြံ့ဖွံ့ ခေါင်းဆောင်တွေ ပြောလာတာကတော့ မင်းတို့ ငါတို့ ကြံ့ ဖွံ့ ပါတီကို ၀င်ရင် ဧည့်စာရင်း တိုင်စရာ မလိုဘူး။ ဒါ့အပြင် ပင်လယ်ထဲမှာလည်း ကြိုက်သလို ငါးရှာခွင့် ရအောင် ငါတို့ လုပ်ပေးမယ်ဆိုပြီး ပြောဆို စည်းရုံး လာပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စည်းရုံးလာသဖြင့် ရေလုပ်သားများသာမက တခြား အိမ်ထောင်စု စာရင်းဖြင့် ဧည့်စာရင်း တိုင်ကာ နေထိုင်သူများမှာပါ ယခုအခါ ကြံ့ဖွံ့ ပါတီထဲကို ၀င်ရောက်နေကြသည်ဟု သူက ပြောသည်။

“ ဧည့်စာရင်းတိုင်တဲ့ အလုပ်က ၁၅ ရက်တကြိမ် ရယက ရုံးကို သွားပြီး တိုင်နေရတော့ ကျောက်ဖြူမှာ လာနေတဲ့သူတွေက အလုပ်တစ်ခုလို ဖြစ်နေတာပေါ့။ ဒီလို အခွင့်အရေး ပေးလာတော့ အများစုက ဧည့်စာရင်း သွားမတိုင် ချင်ကြဘူးလေ။ ကြံ့ဖွံ့ပါတီက ကဒ်နဲ့ ဖြစ်စေ၊ ထောက်ခံစာ ဖြစ်စေ နေထိုင် လို့ ရတယ် ဆိုတော့ အဆင်ပြေအောင်နေထိုင်နိုင်ဖို့ ကြံ့ဖွံ့ ပါတီထဲ ကို လူတွေက ၀င်သွားကြတာ ဖြစ်ပါတယ်” သူက ပြောသည်။

ကျောက်ဖြူမြို့တွင် အလုပ် လာလုပ်ကြသော နေ့စား အလုပ်သမားများ၊ အလှပြင်ဆိုင်များနှင့် ရေလုပ်သမားများမှာ ရပ်ကွက်များတွင် အိမ်ဌား နေထိုင်ကြသော်လည်း ရေလုပ်သား အများစုမှာ သန်ပန်ချောင်းရပ်ကွက်တွင် နေထိုင်ကြသည်ဟု သိရသည်။

ကျောက်ဖြူမြို့တွင် ယခုအခါ တရုတ်မှ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း၊ ဂတ်စ်ပိုက်လိုင်းနှင့် လေယာဉ်ကွင်း တိုးချဲ့ရေး အပါအ၀င် အစိုးရ စီမံကိန်း အများအပြားကို တည်ဆောက်နေ သဖြင့် မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ်မှ လူပေါင်း ထောင်ချီ၍ လာရောက် အခြေချ နေထိုင်နေကြ သည်ဟု သိရသည်။

သတင်းရင်းမြစ်..နိရဉ္စရာ

10 October 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များ CRPP အတွင်းရေးမှူး ဦးအေးသာအောင် နေအိမ်သို့သွားရောက်ကန့်တော့သောဓာတ်ပုံမှတ်တမ်း







အမှတ်-(၃၇၃)အောက်ပုဇွန်တောင်လမ်း၊ ဗိုလ်တထောင် မြို့နယ်တွင် နေထိုင်သော ဦးအေးသာအောင်(CRPP)အတွင်းရေးမှူး အိမ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) များသွား ရောက်ကန်တော့ခဲခြင်းဓာတ်ပုံမှတ်တမ်း..။

ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူး တင်ရှိပါသည်။

Monthly Chronology of Burma's Political Prisoners for September 2010_Eng

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီရဲ့ သားသတ်ကောင်ပြန်ကြားရေးဝန်ကြီးလူပျက်ကျော်ဆန်း ပုလဲတွင် အရွေးခံ မည်ဖြစ်ကြောင်း သိရ


မုံရွာခရိုင်အတွင်း လွှတ်တော်အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် ၇၂ဦး ယှဉ်ပြိုင်မည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်အတွက် ပုလဲတွင် အရွေးခံ မည်ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ ၀င်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီတို့သည် မုံရွာခရိုင်အတွင်း မဲဆန္ဒနယ်အပြည့်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း..YGM

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ ရုတ်တရက် ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပွားမှုကြောင့် ပြည်သူတွေရဲ့ဒုက္ခပုံရိပ်..


မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ရေကြီးရေလျံမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ပုသိမ်ကြီးမြို့နယ် အတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ယခုကဲ့သို့ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့ အရုဏ်တက် ၁ နာရီဝန်းကျင်ခန့်တွင် တောင်ကျချောင်း ရေလျှံမှု စတင် ဖြစ်ပေါ်ခဲ့ပြီး နားဋောင်ကျချောင်းရေလည်း လျှံတက်ခဲ့ကာ ၄င်းချောင်းပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။နံနက် ၈ နာရီခန့်တွင် ရေလျှံမှု ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘေး ထုံးဘိုနှင့်ရွှေစာရံ အကြားရှိ ကျေးရွာများတွင် လူနေအိမ်ခြေများ အိမ်ခေါင်မိုးထိ ရေမြှပ်ခဲ့ပြီး ရေလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရှိ့သည်။


ရေကြီးမှု ဖြစ်ပွားစဉ်နှင့် ပတ်သက်၍ ကယ်ဆယ်မှုများ ပြုလုပ် ဆောင်ရွက်နေသူ တစ်ဦးက ''ည ၁၁ နာရီခွဲလောက်က စပြီး ကျေးရွာတွေကို လိုက်လံသတိပေးမှုတွေ ပြုလုပ်ပြီး ပြောင်းရွေ့ပေးတာတွေ လုပ်ပေးခဲ့တယ်။ ၁၂ နာရီ ၅၀ မိနစ် လောက်မှာတော့ ရေစတင်တတ်လာပြီး အမြင့်ဆုံးအနေနဲ့ ကားလမ်းအထက် လေးပေလောက် ရောက်ပါတယ်။အခုတခါ ဖြစ်စဉ်မှာလည်း ရေလုံးကြီးပြီး ရေစီးသန်သလို ဖြစ်ပွားချိန် ကြာမြင့်တဲ့ အတွက် အပျက်အစီး ဆုံးရှုံးမှုကို မပြောနိုင်သေးပါဘူး။လူအသေအပျောက်တော့ လောလောဆယ် မရှိပါဘူး။မြေပြန့်နားမှာတော့ ဆိုင်ကယ်ဖြတ်မောင်းလို့ ရေစီးနဲ့မျောပါသွားတာ ကယ်နိုင်ခဲ့တယ်။ဆိုင်ကယ်ကတော့ ခုထိ ရှာမတွေ့သေးဘူး''ဟု ပြောကြားခဲ့သည်။


''အခု ဖြစ်စဉ်မှာ နားဋောင်းကျချောင်း ၀န်းကျင်နဲ့ အနိမ့်ကျတဲ့ အပိုင်းတွေမှာ အများဆုံး ဖြစ်တာ။အခုတကြိမ် ဖြစ်ပွားအချိန်က ၇ နာရီလောက် ကြာပေမယ့် ဆည်ရေ လျှံတတ်လာပြီ ဆိုကတည်းက ကျေးရွာတွေကို လိုက်လံ သတိပေးနိုင်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါဘူး''ဟု ဆက်လက် ပြောကြားခဲ့သည်။ ယင်းသို့ ရေဘေးသင့်သူများအား ကူညီ စောင့်ရှောက်နိုင်ရန် အတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့်အတူ မန္တလေးမြို့မှ လူမှုကူညီရေး အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများက ကူညီလုပ်ဆောင်ပေးလျက် ရှိသူကိုလည်း တွေ့ရသည်။''ပထမအကြိမ်တုန်းကတော့ ရေဆင်းတာ မြန်တယ်။ ၂ နာရီအတွင်းမှာ အိမ်ထဲတွေမှာ ရေမကျန်တာ့ဘူး။ ရေဆင်းသွားပြီ။ အခုအကြိမ်မှာတော့ ညကတည်းက ရေက နေ့လယ်ပိုင်းထိ ကျန်နေသေးတယ်။ နောက်ပြီး ခုအကြိမ် ရေက လမ်းဘေးသစ်ပင်ကြီးတွေ အမြစ်ကနေ ကျွတ်ပါသွားတယ်။ဘာပဲဖြစ်ဖြစ် လိုက်ပြီး သတိပေးခဲ့တာ တော်သေးတယ် ပြောရမှာပဲ''ဟု ထုံးဘိုကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါသည်။ယင်းသို့ ဖြစ်ပွားခဲ့သော မန္တလေး-ပြင်ဦးလွင် ကားလမ်းမပေါ်တွင် တင်ကျန်နေသော ရွံ့နွန်များ၊ သစ်ပင်ကြီးများကို ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် ဒေသခံများက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။


နအဖ ရဲ့ ရွေးကောက်ပွဲ ကြီးမှာအမတ်ကို ကန့်ကွက်ချင်ရင် ငွေ (၁၀) သိန်း တင်ရမည်ဟု သိရ

လာမယ့်ရွေးကောက်ပွဲမှာ အမတ်အဖြစ် အရွေးချယ် ခံရတဲ့သူတွေကို မဲလိမ်တယ် တရာမမျှတမှု မရှိဘူး ဆိုပြီး ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်သူနဲ့ ကန့်ကွက်ခံရတဲ့သူ နှစ်ဦးစလုံးက တစ်ဦးကို တရားရုံး စရိတ်အဖြစ် ကျပ်ငွေ ၁၀ သိန်းစီ တင်ရမယ်လို့ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် နည်းဥပဒေ ပုဒ်မ ၉၆ မှာ ဖေါ်ပြ ထားပါတယ်။ဒါဟာ ကိုယ်စားလှယ်တွေကို အလွယ်တကူ ကန့်ကွက်လို့ မရအောင် လုပ်ထားတဲ့ သဘော ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

တကယ်တော့ ကန့်ကွက်ခံရသူက ပြန်လည် ခုခံချေပဖို့ပဲ ရှိတယ်လို့ သူမြင်တဲ့အကြောင်း၊ အခုတော့ ကန့်ကွက်သူဘက်က ၁၀ သိန်း တင်ရမယ် ဆိုတော့ ဒါဟာ ဘယ်လိုမှ တရား မျှတတယ်လို့ ပြောလို့မရနိုင်တဲ့ အကြောင်း၊ ဒီလိုကိစ္စတွေဟာ နိုင်ငံတော်က တာဝန်ယူပြီး လုပ်ရမယ့်ကိစ္စလို့ သူမြင်တဲ့အကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကို ရှင်းပြ ပါတယ်။

အခုလို နှစ်ဦးနှစ်ဘက်စလုံးက ၁၀ သိန်းစီတင်ပြီး ကန့်ကွက်ကြ၊ ချေပကြရမယ်ဆိုရင်တော့ တော်ရုံတန်ရုံ လူအနေနဲ့ ကန့်ကွက်ဖို့ အချက်အလက်ရှိနေတဲ့ တိုင်အောင် ဘယ်သူမှ ကန့်ကွက်နိုင်ကြတော့မှာ မဟုတ်လို့ ဒီဥပဒေဟာ နည်းလမ်းမကျဘူးလို့လည်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလိုဥပဒေပြဌါန်းထားလို့ ကန့်ကွက်တဲ့သူ နည်းသွားမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေးသမားတွေက ပြောဆို နေကြပါတယ်။

သတင်းရင်းမြစ်...ဘီဘီစီ

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီရဲ့သားသတ်ကောင် များမင်္ဂလာတောင်ညွန့်မြို့နယ်မှဘာသာရေးခုတုံးလုပ်၍ နိုင်ငံရေးအမြတ်ထုတ်မှုပြုလုပ်

ဖြစ်ပုံမှာ_ မင်္ဂလာတောင်ညွန့် မြို့နယ် ရောင်နသ်ဗလီ၏ရှေ့ဆောင်ဆရာ(မွတ်ဖသီ)ဦးအလီက(၈.၁၀.၂၀၁၀) သောကြာနေ့တွင် ၀တ်ပြု ဆုတောင်းရန်လာကြသော အစ္စလာမ် ဘာသာဝင် (၁၅၀၀) ကျော်တို့အား ၀တ်ပြု ဆုတောင်းမှု မပြုမှီ အချိန်တွင် ဘာသာရေး တရားများ မဟောကြားပဲ ဘာသာရေးနှင့် မသက်ဆိုင် သည့် နိုင်ငံရေး တရားများ ဟောပြော စည်းရုံးခဲ့မှုကြောင့် ၀တ်ပြု ဆုတောင်းရန် ရောက်ရှိ လာသော့ သူများက ယခုကဲ့သို ဘာသာရေးကို ခုတုံး လုပ်၍ နိုင်ငံရေးအရ စည်းရုံးခြင်းကို ကျေနပ်မှုမရှိသဖြင့် ရောင်နသ်ဗလီ ဂေါပကအဖွဲ့သို့ ဤကိစ္စအား ဖြေရှင်းပေးပါရန် သွားရောက် တိုင်ကြား ခဲ့ကြရာ ဂေါပကအဖွဲ့ မှ၎င်း ကိစ္စ အားပြေ လည်အောင် ဖြေရှင်းပေးခြင်းမရှိသဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တိုင်ကြား ခဲ့ကြသည်။

ဗလီဆရာ ဦးအလီ မှ ပြောကြားရာတွင်”မိမိတို့ အစ္စလာမ်ဘာသာဝင်များသည် လူနည်းစု ဖြစ်ကြောင်း၊ထို့ ကြောင့် အုတ်နံရံကို ခေါင်းနဲ့ တိုက်လို့ မရကြောင်း၊ယခု အခါ မင်္ဂလာတောင်ညွန့် မြို့ နယ်မှ မွတ်ဆလင် လုပ်ငန်းရှင် အချို့ ဖြစ်သော ဦးဇော်ဝင်း၊ ဦးလှသိန်း၊ ဦးကျော်သင်း သူတို့ က အမျိုးသား ဖွံဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ(N.D.P.D) ပါတီကို တည်ထောင်ထားပြီး အစ္စလာမ် ဘာသာဝင်များ၏ အကျိုးကို ဆောင်ရွက်မည် ဖြစ်ပြီး ၄င်း(N.D.P.D)ပါတီသည်ကြံ့ဖွတ်ပါတီနှင့် မဟာမိတ်ဖွဲထားကြောင်း၊ ထိုကြောင့် မိမိကိုယ်တိုင်သည်လည်းကြံ့ဖွတ်ပါတီ ကို မဲထည့်မှာ ဖြစ်ကြောင်းနှင့် မင်္ဂလာတောင်ညွန့် မြို့ နယ် မွတ်ဆလင် လူထုအနေဖြင့် လည်းကြံ့ဖွတ်ပါတီ ကိုပင်မဲပေးကြစေဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ၊ ဖြစ်ကြောင်း” ပြောဆိုသွားပါသည် ဟုဝတ်ပြု ဆုတောင်းသူများက ပြန်လည်ပြောကြားခဲ့ကြသည်။

ကျွန်တော် ဒီဗလီမှာ ပုံမှန် ၀တ်ပြု လာတာ အနှစ်နှစ်ဆယ်ရှိပါပြီး။ဒါပေမယ့်ဒီနေ့ လို ဘာသာရေးကို ခုတုံး လုပ်ပြီးနိုင်ငံရေး တရား ဟောတာ တခါမှ မရှိခဲ့ဘူးပါဘူး။ ဒီဗလီရဲ့ ကြော်ငြာသင်ပုန်းမှာလဲ ဗလီကို ၀တ်ပြုဆုတောင်းရန် လာသူများ နိုင်ငံရေး အကြောင်း မဆွေးနွေး၊ မဟောပြောဖို့ သတိ ပေးတားမြစ် ထားတာရှိပါတယ်။ ယခုလို ကြံ့ဖွတ်ပါတီ က လိုက်လံစည်းရုံးနေခြင်း များအား ရွေးကောက်ပွဲ ကော်မရှင် မှ မည်သို့ တားမြစ် ခြင်းမျိုးမပြုလုပ်သည်မှာ တရားဥပဒေ ကိုချိုးဖောက်ခြင်းသာဖြစ်ပါသည်.။ရွေးကောက်ပွဲ ကော်မရှင် မှ ထုတ်ပြန်ထားသော ဥပဒေ များသည် အလကားသာ ဖြစ်နေပေတော့သည်.။

မင်္ဂလာတောင်ညွန့် မြို့နယ်မှ ပြည်သူတစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်


DASSK

ပေးပို့ ပေးသော ကိုမောင်မောင်ဝမ်း အားကျေးဇူးတင်ရှိပါသည်.။