15 July 2010

အာဇာနည် နှစ်ဦးရေးသည့် ကဗျာ


အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က သူရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) စာအုပ်ကို စာရေးသူထံ လက်ဆောင် ပို့လိုက်ပါသည်။ ဆရာ့ စာအုပ်ထဲတွင် အာဇာနည်တစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ အကြောင်းလည်း ပါသည်။ ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ကိုလည်း ဖော်ပြထားသည်။ ထိုရတု ပိုဒ်စုံကို ဖတ်ရသော အခါ စာရေးသူထံတွင် ရှိသော ဒဂုံပ ဦးဘတင်၏ မှတ်စုမှ ဦးရာဇတ်၏ ရတုပိုဒ်စုံကို သွား၍ သတိရသည်။

ဦးလေးတင် (ဒဂုံပ ဦးဘတင်)၏ မှတ်စုတွင် ဆရာကြီး ဦးရာဇတ်၏ ရတုပိုဒ်စုံကို ဆရာကြီး၏ ငယ်ပေါင်းမိတ်ဆွေ တစ်ဦးဖြစ်သော ဦးခင်မောင်လတ် (နောင် ပြန်ကြားရေး အတွင်းဝန် ဖြစ်ခဲ့သူ) ထံသို့ ရေးပို့ခဲ့သဖြင့် ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ကြောင်း၊ ရေးသား ထားသည်ကို တွေ့ရပါသည်။


ဆရာဒေါက်တာ အောင်ဇော်၏ စာအုပ်တွင်လည်း-
“ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသားလည်း ၀ါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်း တွင်းစား သူဌေးသား၊ ကုန်စည် ဖြန့်ဖြူးရေး မင်းကြီး ဦးခင်မောင်လတ် အတွက် မင်္ဂလာရတု ပိုဒ်စုံ ရေးသား ပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီးက မင်္ဂလာ အခမ်းအနားသို့ မသွားနိုင်သည့် အတွက် မင်္ဂလာရတု ပိုဒ်စုံကို ဖွဲ့သီပို့လိုက်သည်။ ဤရတု ပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာ အခမ်းအနားတွင် ဖတ်ကြားပြသည့် အခါ ကြွရောက် လာကြသော မင်းပရိသတ် များက အထူး သဘောကျ ချီးကျူး သြဘာ ပေးကြသည်။ ကာယကံရှင်များ ကလည်း၊ ရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာ လက်ဖွဲ့ အဖြစ် တမြတ်တနိုး သိမ်းဆည်းခဲ့ကြသည်”
ဟု ရေးသား ဖော်ပြထား ပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဆရာ ဒေါက်တာအော်ဇော်ထံ ဖုန်းနှင့်ဆက်၍ ဤရတုပိုဒ်စုံကို ဆရာမည်သို့ ရကြောင်း မေးရ သည်။ ဆရာက မင်္ဂလာဆောင်များတွင် မင်္ဂလာ ရတုပိုဒ်စုံများ လိုက်၍ ရွတ်ဖတ်လေ့ ရှိသော သူတစ်ယောက်အား ဆရာကြီး ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင်က “မင်းတို့ ဆရာကြီးလည်း မင်္ဂလာ ရတုပိုဒ်စုံ ရေးစပ်ခဲ့ဖူးတယ်”ဟု ပြောပြီးပေးခဲ့သဖြင့်၊ ထိုသူထံမှ ဆရာဒေါက်တာ အောင်ဇော် ရရှိခဲ့ကြောင်း ပြောပြ ပါသည်။

ဆရာ ဒေါက်တာ အောင်ဇော်၏ စာတွင်၊ ဆရာကြီး သင်္ခါက ၁၉၆၉ ခု၊ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် လုပ်သား ပြည်သူနေ့စဉ်သတင်းစာတွင် ဤရတုပိုဒ်စုံ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးကြောင်း၊“ကာရန် အစပ်အဟပ်နှင့် လေယူလေသိမ်း အဖွဲ့အနွဲ့ တို့ကား၊ သာမည ပုဂ္ဂိုလ် တစ်ဦး၏ လက်ရာ မဟုတ်ဘဲ၊ အတော်အတန် ကဗျာဥာဏ် ရသဂုဏ်နှင့် ပြည့်စုံအောင် နိုင်နိုင်နင်းနင်း ဖွဲ့နိုင်သူတစ်ဦး ဖြစ်ကြောင်းကိုမူ သုတေသီများ ခန့်မှန်းနိုင်လောက်ပေသည်”ဟုဖော်ကျူးထားကြောင်း စသဖြင့် ဖော်ပြ ထားပါသည်။

၁၉၆၉ ခု ဇူလိုင်လ ၁၄ ရက်နေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို ရှာမရ၍ ဆရာကြီး သင်္ခါ၏ ဆောင်းပါး ကို စာရေးသူ မဖတ်ရပါ။ သို့သော် ဆရာကြီး၏ မြေးကလေး ဒေါက်တာမွန်မွန်အောင်သည် ထားဝယ် တက္ကသိုလ်မြန်မာစာ ဌာနသို့ ပြောင်းလာပါသည်။ “ဘမျိုးဘိုးတူ”ဆိုသကဲ့သို့ ဆရာမ မွန်မွန်အောင်ကလည်း “ပန်းနှင်း မွန်မွန်”ကလောင်အမည်ဖြင့် စာများရေးသည်။ (ယခု ရန်ကုန်သို့ ပြောင်းသွားပြီ) ဆရာမ ပေး၍ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ထုတ် မြ၀တီမဂ္ဂဇင်းမှ ဆရာကြီး သင်္ခါ၏ ဆောင်းပါးကို ဖတ်ရပါသည်။ ဆရာကြီး ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ၃ ပုဒ်အကြောင်းပင် ဖြစ်သည်။ ဆရာ ကြီးသင်္ခါ၏ ဆောင်းပါးတွင်“ဤရတုပိုဒ်စုံ ၃ ပုဒ်ကား၊ ဆရာကြီး ဦးရာဇတ်၏ လက်ရာ အစစ်များသာတည်း။ ထိုရတု ပိုဒ်စုံကို ဆရာကြီးသည် မကွယ်လွန်မီ လွန်ခဲ့သော ၁၀ နှစ်လောက်က ဆရာကြီး၏ ငယ်ပေါင်း မိတ်ဆွေ တစ်ဦးဖြစ်သူ ဦးခင်မောင်လတ် (ပြန်ကြားရေး အတွင်းဝန် ဦးခင် မောင်လတ်၊ ယခု ကွယ်လွန်ပြီ)ထံ သို့ ရေးပို့ခဲ့သော ရတုပိုဒ်စုံများ ဖြစ်သည်ဆို၏။

ယခုဆိုလျှင် နှစ်ပေါင်း များစွာ ကျော်မျှပင် ရှိခဲ့ရာ၊ စာဟောင်း တစ်ပုဒ် ပင်ဟူ၍ ဆိုရပေမည်။ ဆရာကြီး၏ ကဗျာအရ ဦးခင်မောင်လတ်မှာ ရေနံချောင်း ဇာတိ ဖြစ်ဟန်တူကာ၊ ရေနံမြေသူ တစ်ဦး နှင့် အိမ်ထောင်ကျရာမှ ထိုစဉ် အခါက မကွေးမြို့တွင် နေထိုင် ဟန်တူ၏။ ထိုရတုပိုဒ်စုံ ၃ ပုဒ်ကို ဤစာရေးသူသည် ဒီးဒုတ်ဂျာနယ် အယ်ဒီတာ ဦးစန်းမောင်(သန်လျင် ငဇင်ကာနှင့် ပေါ်တူဂီရာဇ၀င် ကျမ်းပြု၊ ရန်ကုန်တက္ကသိုလ်မှ င်္ျွဃှ ဘွဲ့ရ စာရေးဆရာ သီဟ၊ ယခုကွယ်လွန်)ထံမှ ကူးယူရရှိခဲ့ ခြင်းဖြစ်သည်။

ဦးစန်းမောင်မှာ ထိုစဉ်က ဒီးဒုတ် ဆရာချို မကွယ်လွန်မီ နိုင်ငံရေးများကြောင့် အလွန် အလုပ်များနေသော ဆရာ့အား တပည့်ရင်း တစ်ဦးအနေဖြင့် ကူညီ ကာ ဒီးဒုတ်ဂျာနယ်တွင် အယ်ဒီတာ အဖြစ် ၀င်ရောက် လုပ်ကိုင်နေစဉ် ဖြစ်၏။ စာရေးသူတို့ကလည်း သူ့ထံသို့ ရောင်းရင်း ရေးဖော်ရေးဖက် မိတ်ဆွေများဖြစ်၍ မကြာ မကြာ ရောက်ခဲ့၏။

သို့နှင့် ၁၉ ဇူလိုင်တွင် လူသတ်သမားများ လက်ချက်နှင့် ဗိုလ်ချုပ်နှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံး ကွယ်လွန်သည့် အခါ တွင်လည်း ဆရာချို့ အကြောင်း များနှင့် သူ့ထံသို့ ရောက်သွားရာမှ ကျဆုံးလေသော ခေါင်းဆောင်ကြီးများ၏ အကြောင်းများနှင့် စကားစပ်မိရာ၊ ယခုဦးရာဇတ် (ထိုစဉ်က ၀န်ကြီး) အကြောင်းသို့ ရောက်သွားခြင်းဖြစ်၏။

ဦးစန်းမောင်(သီဟ)က ဆရာကြီး ဆေးပေါ့လိပ် အလွန် ကြိုက်တတ်ပုံကလေးများနှင့် တကွ ယခုကဲ့သို့ မကွယ်လွန်မီ အချိန် ကလေးတွင် ဘုရင်ခံ၏အမှုဆောင် အစိုးရ၀န်ကြီး အဖွဲ့ဝင်များနှင့် သူသွားရောက် တွေ့ဆုံ သတင်းထောက် ခဲ့စဉ် ဆရာကြီး ဦးရာဇတ် ရေးခဲ့သည် ဆိုသည့် ရတုကဗျာ သုံးပုဒ် ကို ရရှိခဲ့ကြောင်း စကားစပ်မိ ပြောဆိုပါ၏။

ဤတွင် စာရေးသူမှာ စာသမား တစ်ယောက်ဖြစ်သည့် အတိုင်း ဦးစန်းမောင်ထံမှ ထို ကဗျာကို မရအရ တောင်းပန် တိုးလျှိုး ကြည့်ရှု ခွင့်တောင်းပြီးနောက်၊ ကူးယူခဲ့ခြင်းဖြစ်ပေသည်”
ဟု ရေးသားဖော်ပြထားပါသည်။

သို့ဖြစ်ရကား ဆရာကြီး သင်္ခါက ဆရာကြီး ဦးရာဇတ်က သူ၏ငယ်ပေါင်း မိတ်ဆွေ ဦးခင်မောင်လတ်ထံ ရေးပို့ခဲ့ သော ရတုပိုဒ်စုံ သုံးပုဒ်ကို ဦးစန်းမောင် (စာရေးဆရာ သီဟ)ထံမှ ရရှိကြောင်း ဖော်ပြခဲ့သည်။ ဦးလေးတင် (ဒဂုံပ ဦးဘတင်) မှတ်စုတွင် ထိုရတုပိုဒ်စုံ သုံးပုဒ်ကို ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ ကြောင်း ရေးထားသည်။ ဆရာဒေါက်တာ အောင်ဇော်ကမူ ဆရာကြီး ဦးရာဇတ်၏ ဇနီး ဒေါ်ခင်ခင်ကိုယ်တိုင်က သူ၏ ခင်ပွန်း ရေးသားခဲ့သည့် ရတုပိုဒ်စုံ သုံး ပုဒ်ကို ပေးခဲ့၍ ရရှိခဲ့သူထံမှ တစ်ဆင့် ရခဲ့ပါသည်ဟု ဆိုထားသည်။ သို့ဖြစ်၍ ဤရတုပိုဒ်စုံ သုံးပုဒ်ကား ဆရာကြီး ဦးရာဇတ် ရေးခဲ့သည်ဆိုသည်မှာ အငြင်း ပွားစရာ မရှိခဲ့ပေ။

ဆရာကြီး ဦးရာဇတ် လက်ရာ ရတုပိုဒ်စုံကို ဖော်ပြရလျှင်-
“၁။ ငယ်ပေါင်း မိတ်ဆွေ၊ မန်း ရပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဟု၊ ယခု ရေးစီ၊ စာပလီကို၊ နာရီဖင့်လျား၊ ခွင့်မအားလည်း၊ ရပ်ခြားဝေးကြူ၊ စာပေးသူအား၊ ရေးယူကြောင်း ဟိတ်၊ ချစ်ကြည်စိတ်ဖြင့်၊ တစ်ဆိတ်လောက်ပင်၊ ရှုစေချင်၏၊ ဟိုစဉ်ငယ်သော်၊ သက်ဆယ်ကျော် က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေသကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အတူ၊ ပူလျှင်မကွဲ၊ ရှိ စမြဲဟု၊ ၀မ်းထဲပိုက်ခါ၊ ဆင်မိပါ၏။ ယခုတစ်ကြောင်း၊ တစ်ဇာတ် ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင်လတ်၏ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ်သည် ပျက် ပြယ်ထင်ရပြန်တော့သည်။

၂။ သွယ်ပြောင်းလှစ်ခြွေ၊ မှာလိုက်ပေ၏၊ ရက်ရေမကွာ၊ ထိုစဉ်ခါ က၊ စာလာစာပြန်၊ စာတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါလျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင် မှား၊ ကြံစဉ်းစားသော်၊ ရပ်ခြား နယ်ဝေး၊ မြို့မကွေးက၊ စာပေး လေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ စာ သင်္ဘောသည်၊ ၀ဲသြဃစုတ်၊ နစ် ခါမြုပ်၍၊ ငုပ်လေသလော၊ ကြံ စိတ်စောလျက်၊ တွေးတောစဉ်တွင်၊ ယခင်မိတ်ဦး၊ သူတစ်ထူး၏၊ အိမ် မှူးထံမှောက်၊ ပို့ရောက်စေလာ၊ လတ်၏စာကို၊ သေချာသိမှ၊ သတိရ၍၊ ဖြစ်ရလေတယ်၊ ညှိုး စိတ်ငယ်သည်၊ ရှက်ဖွယ်မြင်ရ ပြန်တော့သည်။

၃။ ဘယ်ကြောင်းဖြစ်ထွေ၊ မြင်မိချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံ ချောင်းဟု၊ မြစ်စောင်းမို့မို့၊ မှိုင်း ရည်ညို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေ တိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေးပိုက်ဖြာ၊ ပျိုနု ထွားနှင့်၊ စုလျားပတ်ရစ်၊ လွတ် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ကြောင့်၊ မေ့လေသလား၊ စဉ်းစားတတ်ပေါင်၊ တို့မောင် မောင်သည်၊ ယခေါင်ပြကတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့အမျိုးမျိုး၊ မေ့ ပင်ပျိုးလည်း၊ မညှိုးမေတ္တာ၊ ရှိ လျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ ထုတ်ဖော်ရှုဖွယ်၊ စီကုံးခြယ်သည်၊ ဆက်သွယ်ခင်ရ ပြန်တော့သည်။”
ဟူ၍ဖြစ်ပါသည်။

ဆရာကြီးဦးရာ ဇတ်၏ ရတုပိုဒ်စုံနှင့် ပတ်သက်၍ ဆရာ ဒေါက်တာအောင်ဇော်က သူ၏ စာအုပ် တွင် -

“အချီညီ အချညီ ရတုဖြစ်ပါသည်။ ချီးကျူးဖွယ် ဖြစ်ပါသည်။ “ဆရာ ကြီး၏ ရတုတတိယပိုဒ်လာလိပ် မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့ အမျိုးမျိုး၊ မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါ” ဟူသော ဆရာကြီး၏ ကဗျာဥာဏ် ကွန့်မြူး ချက်သည် မနောခွေ့၊ သဘော တွေ့ဖွယ် ကောင်းပါသည်။

“နာရီဖင့်လျား၊ ချစ်ကြိုးနွယ်၊ သွယ်ပြောင်းလှစ်ခြွေ၊ ကြံသစိတ်စော၊ အိမ်မှူးထံမှောက်၊ မှိုင်းရည် ညို့တဲ့၊ သပြေစန်းငွေ၊ သန်းကုဋေ ဖြိုး”စသည့် ကျစ်လျစ်သော အသုံး ကောင်းများသည် စာဆို၏ ဂန္ထ၀င် ထဲထဲဝင်ဝင် ရှိမှု ပေါ်လွင်ပါသည်”ဟုရေးသားထားပေရာ မြန်မာစာ ပါမောက္ခ တစ်ယောက်၏ ဝေဖန်ချီးကျူး ရေးသားထားချက် ရှိပြီး ဖြစ်သဖြင့် စာရေးသူတို့ အနေနှင့် မည်သို့မျှ အချို ပေါ်သကာ လောင်း၍ မရနိုင်တော့ချေ။





ဆရာကြီး ဦးရာဇတ် ကျဆုံးစဉ်က စာရေးသူမှာ ၆ နှစ်သား အရွယ်သာ ရှိသေးရာ၊ ဆရာကြီးအား မမြင်ဖူးလိုက် ပါ။ ဆရာကြီး၏ နာမည်နှင့် ရုပ် လက္ခဏာ၊ အ၀တ်အစား၊ အဆင်အပြင် တို့ကိုသာ ဓာတ်ပုံများတွင် သာမန်တွေ့ မြင်ရသူတစ်ဦးအနေဖြင့်ကား၊ ထိုကဗျာ သည် ဆရာကြီး၏ လက်ရာဖြစ်သည်ဟု ဆိုလျှင် အမှန်သံသယစိတ်ဓာတ်ဖြင့် အံ့သြသွားရပါသည်။

အခြားသူများ လည်း စာရေးသူကဲ့သို့ပင် မုချဖြစ်မည်။ ဆရာကြီးသည် တိုက်ပိုင် အင်စပက်တော် မစ္စတာရှိတ် (ခ) အဗ္ဗဒူလ်ရဟ်မန်နှင့် ဒေါ်ပလုတ်(ခ) ဒေါ်ငြိမ်းလှတို့မှ မွေးဖွား လာသော အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်သော်လည်း ဆရာကြီး၌ ငယ်မည် “မောင်မောင်ကြီး” ဟူသော မြန်မာ အမည်ရင်း ရှိခြင်း၊ ၁၀ တန်းက တည်းက ပါဠိဘာသာကို ယူခဲ့ခြင်း၊ အိုင်အေအထက်တန်း တက်ချိန် အင်္ဂလိပ် စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရာ ပထမဆု ရရှိခြင်း၊ အိန္ဒိယ နိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည်နယ်မှ ၃၆ ကောင်ထီ အကြောင်း ဆောင်းပါး ရေးသားပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆု ရရှိခြင်း၊ ၁၉၂၁ ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသား ကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာ သင်ကြားပို့ ချသော ဆရာတာဝန် ထမ်းဆောင်ခဲ့ခြင်း၊ မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမ ကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၏စာ ကြည့်တိုက်အသင်း ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့ခြင်း၊ ဆရာကြီးသည် ရဟန်းရှင်လူ များနှင့် ခင်မင်ရင်းနှီးပေါင်းသင်းဆက် ဆံလေ့ရှိခြင်း၊ ဗုဒ္ဓအယူဝါဒကို အထူး လေးစားသော မန္တလေးကဲ့သို့ မြို့ကြီး တစ်မြို့ရှိ အမျိုးသားအထက်တန်း ကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင် ရွက်ခဲ့ခြင်း၊ အစိုးရအဖွဲ့တွင် ပညာရေး နှင့် အမျိုးသား စီမံကိန်း ဌာန၀န်ကြီး ဖြစ် လာသောအခါ ၁၉၄၇ ခုနှစ်၊ ဧပြီလ တွင် မန္တလေး ဥပစာ ကောလိပ်ကို အမြန်ဆုံး ဖွင့်လှစ်စေခဲ့ခြင်း၊ မန္တလေးတက္ကသိုလ် ကြီးဖြစ်ပေါ်လာအောင် ဦးကိုလေးနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ မန္တလေး တက္ကသိုလ် တည်ထောင်ပြီးလျှင် ပါဠိ တက္ကသိုလ်ကြီး တစ်ခု တည်ထောင်ရန် ကြိုးပမ်းခဲ့ခြင်း (ယနေ့ မြင်တွေ့ကြရ သော နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး၏ ရှေ့ပြေးဟု ခေါ် ဆိုနိုင်သည်) ရဟန်း သံဃာ ဆရာတော် ကြီးများ၏ လေးစား ချစ်ခင်ခြင်းကို ခံယူခဲ့ရခြင်း၊ ရွှေနန်းတွင်း အတ္ထုပ္ပတ္တိခေါ် လက်ထက်တော်တွင်း အဖြစ်အပျက် စာတမ်း အမည်ဖြင့် မန္တလေး သူရိယတိုက်မှ ၁၉၃၆ ခုတွင် ရေးသားထုတ်ဝေခဲ့ခြင်း၊ မန္တလေး သူရိယ သတင်းစာ တတိယ အကြိမ် နှစ်လည် အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏ ၀ါဏိဇ္ဇ ခေါင်းစဉ် ဖြင့် ဆောင်းပါးရေးသားခဲ့ခြင်း စသည့် အချက်များကို ဆရာကြီး၏ အတ္ထုပ္ပတ္တိ တွင် ဖတ်ရသောအခါ အထက်ပါရတု ပိုဒ်စုံကို ဆရာကြီး ရေးသားခဲ့သည်ဟုဆို သည်ကို မအံ့သြတော့ပါ။ သို့ကြောင့် အာဇာနည် ဆရာကြီး ဦးရာဇတ်၏ လက်ရာရတု ပိုဒ်စုံကို စာဖတ် ပရိသတ်များ အံ့သြကြရလေအောင် မျှဝေခံစား လိုက်ရပါတယ်။

ဆရာကြီး သင်္ခါ၏ ဆောင်းပါးတွင် အာဇာနည် ဆရာကြီး ဒီးဒုတ် ဦးဘချို၏ လေးချိုးများကိုလည်း ဖော်ပြ ထားပါသည်။ မဟာဂီတ ပညာရှင်ဖြစ် သူ မြန်မာမှု အနုပညာရှင် ဆရာကြီးဒီး ဒုတ်ဦးဘချိုက ဤသို့သော လေးချိုးမျိုးကို ရေးသည် ဆိုသည်ကို အံ့သြစရာ မရှိလှပေ။ သို့သော် ဟာသမြောက်လှသ ဖြင့် ဖော်ပြလိုက်ပါသည်။ ဤကဗျာ ၂ ပုဒ်မှာ ဆရာကြီး ဒီးဒုတ်ဦးဘချို ငယ်စဉ်က “ဥက္ကလာ မခင်စိန်”ကလောင် အမည်ဖြင့် ရေးခဲ့သော လခထုတ်သည့် နေ့ စာရေးကြီးရူးရသည့် စိတ်ကူးယဉ် ညည်းချင်း လေးချိုးကလေးတစ်ပုဒ်နှင့် “စာရေးကြီးကတော်က အပြန်ညည်း ချင်း” လေးချိုးကလေး တစ်ပုဒ်တလို့ ဖြစ်ပါသည်။

စာရေးကြီး ညည်းလေးချိုးကလေး အလုပ်ခွင် ဟိုကို ရောက်ပြန်တော့၊ အဟုတ်ပင် ဘိုကို ကြောက်ရတာ (အမယ်မင်း) ငိုလောက်ပါတဲ့ မောင့်ဖြစ်အင်။ အလုပ်နားချိန် မတော့၊ နှုတ်ဖျားငယ် တလန် လန်နှင့်၊ ဒရ၀မ်ကြွေး ရှင်ပေါင်း ငယ်တို့၊ ညီလာခံ ခ၀ပ် ညောင်းသို့နှယ်၊ တောင်းတဲ့သဘင်။ အိမ် ဂေဟာ ပြန်မည်တွေး ပြန်တော့၊ လိမ်ပွေစွာ ဆန်ဆီကြွေးငယ်တို့၊ ပြေး၍မှ လွတ်မယ်မထင်၊ ဖွတ်ဘုရင်ထက် နှစ်ပြန်ကြော။အိမ်ကြီးသူ၊ ရှိန်မီးသူ တစာစာနှင့်၊ ငွေအသပြာ ခ၀ါခငဲ့ပြင်၊ ဇာဘော် လီဝယ်ချင် လှတယ်လို့၊ နားပူအောင် ခြားဆူလို့ ထလျှင်ဖြင့် (အမယ်မင်း) ဘုရားမတနိုင်ဘု၊ မှိုင်မှိုင်ကာ မောရပါလိမ့် (မောင် မောင့်မှာဗျာ) သိကြားမမလျှင်ဖြင့်၊ မယား မဒငယ်ကြောင့်၊ အစား မ၀တဲ့ပြင်၊ ခါးမလှပြီဟု၊ စတိုင် ပါဝါတွေလျှော။

စာရေးကြီး ကတော် အပြန်ညည်း လေးချိုးကလေး မနက်ခြေပျော်စွာ၊ မမှေးနိုင်ဘု၊ လက်ဖက်ရည် ဖျော်ကာ ပေးရန်ဖို့၊ အော်ဒါ အရေးငယ်ကြောင့် ရေနွေး တယ်။ မနက်လင်းပြန်တော့၊ ထမင်းကို အချိန်မှန်ဖို့၊ လိမ်တစ်တန် အညာ ဖက်ပါလို့၊ ဈေးလက်ကို ကြွေးဝယ်ထွက်ရတယ်ရှင်၊ ချက်ဖို့ သွယ်သွယ်။ရုံးတက်ကာ သခင်ကြွ ပြန်တော့၊ ခုံးမျက်နှာ မှင်မသနိုင်ဘု၊ မြင်သမျှဝတ် အထည်ထည်၊ ဖွယ်ဖွယ်ပ စုကာဆောင်း၊ ချိန်တန်မူ၊ အိမ်ပြန်သူ အလည်မထွက်ရ အောင်ပ၊ ပါးကွက်မှာ နံ့သာကျံ လို့၊ ခ၀ါပြန်ဝတ်ထည် လဲငယ်နှင့်၊ မြင်မတော် လင်တော် မျှော်ခဲ့ရ သော်လည်း၊ မပြန်လာ ဥာဏ်ရှာ လို့ လွဲတော့မယ်၊ (အမယ်မင်း) ဆဲရကောင်းလေမလားရယ်မို့ (ကျွန်တော်မမှာရှင်) မရပ်မနား မောတဲ့ပြင်၊ တစ်မတ်နှစ်ပြား ချော စေဖို့ သနပ်ခါးကောအောင်၊ မွဲလှ တဲ့ ကံအကြောင်း။

မှတ်ချက် ။ ။ တစ်မတ် ၂ ပြား ဆိုသည်မှာ ရှေးက နာမည်ကျော် အင်းစိန်ဖာရစီ မရွှေမမျက်နှာချေ မှာ တစ်ထုပ်တစ်မတ် နှစ်ပြားပေး ရသည်။
အာဇာနည် ဆရာကြီး ၂ ဦး ၏ ရှားရှားပါးပါးလက်ရာ ရတုပိုဒ်စုံ ၃ ပုဒ် နှင့် လေးချိုးသဖြန် ၂ ပုဒ်တို့ကို ၆၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။


မောင်သန်းဆွေ၊ထားဝယ်၊

14 July 2010

မြစ်ကြီးနားထောင်ထဲတွင်မတရားအကျဉ်းကျခံနေရသောကိုဇာဂနာရဲ့ ဖခင် ဦးနန်းညွန့်ဆွေ ယနေ့ညနေ(၅)နာရီတွင်ကွယ်လွန်

မိတ်ဆွေအပေါင်းတို့ ....ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ (၅း၀၀)နာရီမှာ..ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်)ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကွယ်လွန်သွားရှာပြီဗျာ...........။


လေးစားဦးညွတ်လျက်....ကျော်သူ

(မနက်ဖြန်...၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာရေဝေးသုသ၁န်မှာသဂြိုလ်ရန်စီစဉ်နေပါကြောင်း....။)

ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး သမိုင်းမှ သင်ခန်းစာ တစ်ပုဒ်(သို့)နိုင်ငံတော်လုပ်ကြံမှု




၁။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးကြီး၌ ဗိုလ်ချုပ် အောင်ဆန်း၊၀န်ကြီးများ ဖြစ်ကြသော ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်နှင့် မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ ရသည်။ ဗိုလ်ချုပ် အောင်ဆန်းမှာ ဗြိတိသျှ ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယဥက္ကဋ္ဌ (ဒုတိယ၀န်ကြီးချုပ်) တာဝန်ကို ထမ်းဆောင်နေချိန်ဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ ဘုရင်ခံက လုပ်ကြံ သတ်ဖြတ်မှုကို စစ်ဆေး စီရင်ရန် ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် အထူး ခုံရုံးဖွဲ့စည်းသည့် ဥပဒေ ထုတ်ပြန်ခြင်းနှင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အထူးခုံရုံး ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း တို့ကို စီစဉ် ဆောင်ရွက်ပေးခဲ့သည်။ အထူးခုံရုံး သည် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရုံး ထိုင်၍ ဦးစော၊ မောင်စိုး၊ သက်နှင်း၊ စိန်ကြီး(မောင်စိန်ခေါ် လှအောင်)၊ ရန်ကြီးအောင်(လှထွန်း)၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ(ဘိုနီ ခေါ် ဂနီ)၊ မှုံကြီး(မောင်မှုန်)နှင့် ဘညွန့်တို့ (၁၀)ဦး အား တရားစွဲဆိုခြင်းနှင့် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမှုစတင် စစ်ဆေးခြင်းတို့ စတင် ဆောင်ရွက်ခဲ့သည်။ တရား စွဲဆိုခြင်း ခံရသူ ၁၀ ဦးအနက် ဦးစောသည် ဂဠုန်ဦးစော အဖြစ်လည်းကောင်း၊ နန်းရင်းဝန် ဦးစောအဖြစ် လည်းကောင်း ထင်ရှားခဲ့ပြီး လုပ်ကြံ သတ်ဖြတ်မှုကို စီစဉ် လှုပ်ရှားခဲ့သူ အဖြစ်လည်း ကျော်ကြားခဲ့ပါသည်။

အထူးခုံရုံး ရှေ့မှောက်တွင် ရှေ့နေချုပ်၏ မေးမြန်းချက်အား ဦးစော၏ ပြောကြားချက်များ အနက်မှ ဦးစော၏ဘ၀ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အောက်ပါ အတိုင်း ကောက်နုတ် ဖော်ပြအပ်ပါ သည်။ကျွန်တော် ကျောင်းမှာ ၅ တန်း အောင်ပါတယ်။ ၁၉၂၇ ခုနှစ်မှာ အောက်တန်း ရှေ့နေ စာမေးပွဲ အောင်ပါတယ်။ အဲဒီနှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲ နောက်ဆုံးကျင်းပခြင်း ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံရေးထဲ ၀င်တော့ ဂျီစီဘီအေ ၀ံသာနု အဖွဲ့ကို ၀င်ပါတယ်။ အဲဒီအဖွဲ့ကြီး ကွဲသွားတော့ ၂၁ ဦးအဖွဲ့ မှာပါပါတယ်။ ၁၉၂၂ ခုနှစ်မှာပါ။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ မှာ ၂၁ ဦး အဖွဲ့နဲ့ အခြား နိုင်ငံရေး အဖွဲ့ အစည်းများ ပူးပေါင်းကြပြီး ငါးပွင့်ဆိုင် အဖွဲ့ဖွဲ့ကြပါတယ်။ မျိုးချစ် ပါတီကို ၁၉၃၈ ခုနှစ်မှာ တည်ထောင်ပါတယ်။ ကျွန်တော့်ကို မျိုးချစ်ပါတီက ပထမဆုံး ခေါင်းဆောင်တင်မြောက်ပါတယ်။ မျိုးချစ်ပါတီဟာ သီးခြား ပါတီပါ။ ငါး ပွင့်ဆိုင်နှင့်မဆိုင်ပါ။ အဲဒီ အချိန်လောက် ကျတော့ ငါးပွင့်ဆိုင် အဖွဲ့လည်း ကွဲပါပြီ။

၁၉၂၇ ခုနှစ်မှာ ကျွန်တော် ဥပဒေ ပြုလွှတ်တော်ကို ပထမဆုံးအကြိမ် ရွေးကောက် တင်မြောက်ခြင်း ခံရပါတယ်။ သာယာဝတီ တောင်ပိုင်း မဲဆန္ဒ နယ်က တက်ပါတယ်။ ဗမာပြည်နဲ့ အိန္ဒိယပြည် ခွဲရေးတွဲရေး ပြဿနာကို အခြေခံတဲ့ရွေးကောက်ပွဲကြီးမှာ ကျွန်တော် သာယာဝတီ တောင်ပိုင်းကပဲ ယှဉ်ပြိုင် အရွေးခံပါတယ်။ သို့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ နောက် ၁၀လလောက် ကြာတော့ ဟင်္သာတ မြောက်ပိုင်း မှာ အရွေးခံရပါတယ်။
နန်းရင်းဝန် ဖြစ်ပြီး ၁၉၄၁ခုနှစ်မှာ လန်ဒန် သွားခဲ့ပြီး အပြန် စစ်အတွင်းက ကျွန်တော့်ကို ယူဂန်ဒါ နိုင်ငံမှာ ဖမ်းဆီး ထားခဲ့ပါတယ်။ ဘာကြောင့် ဖမ်းဆီးကြတယ် ဆိုတာ မသိပါ။ ရန်ကုန်ပြန်ရောက် ပြီး ၁၉၄၆ ခုနှစ်၊ မေလလောက်မှာ မျိုးချစ် ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော် ကြိုးပမ်းပါတယ်။ အဲဒီလမှာ စည်းဝေးကြပြီး အမှုဆောင် ကော်မတီဖွဲ့ပါတယ်။ ကော်မတီမှာ ၁၉ ယောက် ပါဝင်ပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော် ဘုရင်ခံ အမှုဆောင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။

ကျွန်တော့်ကိုယ် ကျွန်တော် ဂဠုန် စစ်သူကြီးလို့ ဘွဲ့ခံတာ ၁၉၃၆ ခုနှစ်ထဲမှာ ဖြစ်ပါလိမ့်မယ်။ ဂဠုန် အပျော်တမ်း တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ယူဂန်ဒါက ပြန်လာတော့ ပါတီကိုသာ အဓိကထားပြီး စည်းရုံးနေရလို့ ဂဠုန် တပ်ဖွဲ့ကို ပြန်မဖွဲ့နိုင်ပါ။ သာယာဝတီနယ်သား ပြည့်စုံ ကြွယ်ဝလှသည် မဟုတ်သော ၅ တန်း သာ အောင်မြင်ကာ အောက်တန်းရှေ့နေ လက်မှတ်သာ ရသည့် ဦးစောသည် ဗြိတိသျှ အစိုးရခေတ် နိုင်ငံရပ်ခြားမှ ဘွဲ့ရများ၊ ၀တ်လုံများ၊ တက္ကသိုလ်မှ ဘွဲ့ရများနှင့် အင်္ဂလိပ်စာ ရေးနိုင်ပြော နိုင်သူများ ကြားတွင် နိုင်ငံရေး နယ်ပယ်သို့ ခက်ခက်ခဲခဲ ထိုးဖောက် ၀င်ရောက်ခဲ့သည်။

ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ်အဖြစ် အရွေးချယ် ခံရပြီးနောက် မြန်မာနိုင်ငံအား အိန္ဒိယ အင်ပါယာမှ ခွဲထုတ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်သစ် စမ်းသပ်ကျင့်သုံးချိန် ၁၉၃၇ ခုနှစ် ဧပြီလတွင် ဒေါက်တာဘမော် ဦးဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခဲ့ပြီး ဦးစောက လွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် အဖြစ် လှုပ်ရှားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားပြီး မြန်မာပြည်သူများ၏ နယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်မြင့်မားလာခဲ့ ၍ ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာ ဘမော်၏ ညွန့်ပေါင်းအစိုးရ အား လွှတ်တော်တွင် ဦးစောက အယုံ အကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချ နိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်ဆန်းတွင် နန်းရင်းဝန် အဖြစ် ဦးပုဖြစ်လာပြီး အစိုးရ အဖွဲ့ကို ခေါင်းဆောင်ကာ ဦးစောသည် လယ်ယာနှင့်သစ်တောဝန်ကြီး ဖြစ်လာ သည်။ ၀န်ကြီးဖြစ်လာပြီးနောက် ဦးစောသည် မျိုးချစ် ပါတီအား တောင့် တင်းအောင် ဖွဲ့စည်းပြီး အစိုးရအဖွဲ့တွင် မျိုးချစ်ပါတီဝင် များကို ရအောင်သွင်း၍ လွှတ်တော် အပါအ၀င် အဘက်ဘက်တွင် စည်းရုံးမှု၊ အင်အားစုစည်းမှုတို့ကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဦးပု၏ အစိုးရ အဖွဲ့အား တစ်ဖက်လှည့်ဖြင့် အယုံအကြည် မရှိကြောင်း အဆိုကို တင်သွင်းစေပြီး အစိုးရအဖွဲ့မှ နုတ် ထွက်ခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီး နာရီဝက် အတွင်း၌ပင် အယုံအကြည် မရှိ အဆိုကို ထောက်ခံမဲ ပေး၍ ဦးပု အစိုးရ ပြုတ်ကျကာ ဦးစော နန်းရင်းဝန် ဖြစ်လာသည်။နန်းရင်းဝန်အဖြစ် ဦးစောသည် ဗြိတိသျှ ဘုရင်ခံ အပါအ၀င် ဗြိတိသျှ အစိုးရ အရာရှိများဖြင့် သင့်တင့်အောင်ပေါင်း သင်းဆက်ဆံခြင်း၊ အတိုက်အခံများအား ဖြိုခွင်းခြင်း၊ တို့ဗမာ အစည်းအရုံးများမှ သခင် ခေါင်းဆောင်များအား နှိမ်နင်းခြင်း၊ ဗြိတိသျှ ဘုရင်ခံနှင့် အပေးအယူ လုပ်ဆက်ဆံပြီး နန်းရင်းဝန် သက်တမ်း ရှည်ရန် ရွေးကောက်ပွဲအား ရွှေ့ဆိုင်း ခြင်း၊ ရှေးမြန်မာ ဘုရင်များနှယ် လယ်ထွန် မင်္ဂလာပွဲ ခင်းကျင်းခြင်း၊ ဗြိတိသျှ ဘုရင်ခံနှင့် ညှိနှိုင်း၍ ဗြိတိသျှနန်းရင်း ၀န် မစ္စတာချာချီနှင့် သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံအား ကိုယ်ပိုင် အုပ်ချုပ်ရေး(Dominion) တောင်းဆိုရေး အတွက် ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ လန်ဒန်သို့ ဦးစော သွားရောက်စဉ်က အတွင်းဝန် ဦးတင်ထွဋ်လည်း လိုက်ပါခွင့်ရခဲ့သည်။

ဗြိတိန် နိုင်ငံတွင် ဗြိတိသျှ နန်းရင်းဝန် မစ္စာချာချီနှင့် မြန်မာ နန်းရင်းဝန် ဦးစောတို့ တွေ့ရာတွင် မစ္စတာချာချီက ဗြိတိန်အနေဖြင့် လောလောဆယ် ဒုတိယကမ္ဘာစစ် အောင်နိုင်ရေး လုံးပမ်းနေ၍ စစ်ပြီးမှ မြန်မာ့အရေး စဉ်းစား ပေးပါမည်” ဟုသာ အဖြေစကား ပေးလိုက်၍ ဦးစောလည်း ဗြိတိန်မှ အမေရိကန် သို့ ခရီးတစ်ထောက်နားပြီး မြန်မာ နိုင်ငံသို့ ပြန်ခဲ့သည်။ ပါလက်စတိုင်း နိုင်ငံ ဟိုင်ဖာမြို့အရောက်တွင် အပြန် လမ်းခရီး လစ်စ်ဘွန်းမြို့ရောက်ရှိစဉ်က ဂျပန်သံရုံးသို့ သွားရောက်ဆက်သွယ်မှု အတွက် ဗြိတိသျှတို့က ထိန်းသိမ်း လိုက်ပြီး ယူဂန်ဒါနိုင်ငံတွင် အကျယ် ချုပ်ဖြင့် လေးနှစ်ခန့်ကြာ ထိန်းသိမ်း ထားခဲ့သည်။ ဗြိတိသျှတို့သည် ဦးစော အား တစ်လကျော်ခန့် လျှို့ဝှက် ထိန်း သိမ်းထားပြီးမှ ၁၉၄၂ ခု နှစ် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ထိန်းသိမ်းထား ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်ခွင့် မပြုသေးကြောင်း ကြေညာခဲ့သည်။ နန်းရင်းဝန်ဘ၀မှ အကျယ်ချုပ်ခံ အကျဉ်းသား ဘ၀ ရောက်ခဲ့ရသော ဦးစောသည်လည်း မြန်မာ နိုင်ငံရေး လှုပ်ရှားမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု တို့ဖြင့် မျက်ခြည်ပြတ်ခဲ့ရသည်။

၂။
၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သာယာဝတီ နယ်မှ စတင်၍ ဂဠုန်ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ တောင်သူလယ်သမား တို့၏ လက်နက်ကိုင် ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်မှာ သာယာဝတီနယ်မှ မြန်မာနိုင်ငံ အနှံ့ အပြားသို့ ကူးစက်ခဲ့သည်။ ဗြိတိသျှ အစိုးရသည် တောင်သူလယ်သမားတို့ ၏ လက်နက်ကိုင်ဆန့်ကျင်မှုအား စစ်သည်နှင့်လက်နက်အင်အား ကြီးမား စွာသုံးစွဲ၍ ခြေမှုန်းခဲ့ရသည်။ ဦးစောသည် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ရပ်စုံအား ဓာတ်ပုံ မှတ်တမ်းများ နှင့် ဗြိတိသျှတို့၏ ရက်စက်စွာ နှိမ်နင်းမှု တို့နှင့်အတူ ဂဠုန်အရေးတော်ပုံအမည် ဖြင့် စာအုပ်ပြုစုဖြန့်ဝေခဲ့သည်။ ဦးစော သည် ဂဠုန်အရေးတော်ပုံ စာအုပ်အား မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ သို့ပါအစီအစဉ်တကျဖြန့်ဝေခဲ့ရာ ဗြိတိ သျှအစိုးရ၏ လိုက်လံသိမ်းဆည်း ပိတ် ပင်မှုခံရပြီး ဦးစောလည်း ဂဠုန်ဦးစော အဖြစ် နာမည်တွင် ကျော်ကြားခဲ့သည်။

ထို့ပြင် ဦးစောသည် နိုင်ငံရေး နယ်ပယ်တွင် ကျင်လည်လျှင် စာနယ် ဇင်းလောကနှင့် ကင်းကွာ၍ မရသည် ကိုလည်းကောင်း ၊ ဦးစော၏ မျိုးချစ် ပါတီ၏လှုပ်ရှားမှုအား ၀ါဒ ဖြန့်ချိမှုနှင့် စည်းရုံးမှု အတွက် ကိုယ်ပိုင်သတင်းစာ တစ်စောင် လိုအပ်သည်ကို လည်းကောင်း၊ ကောင်းစွာ သိမြင် ခံယူသည့် အားလျော်စွာ သတင်းစာ လုပ်ငန်းကို တစ်ဖက် တစ်လမ်းမှ ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၀ိုင်အမ်ဘီအေ အသင်းမှ ဂျီစီ ဘီအေ အသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ သည့် အသင်းကြီး၏ စည်းရုံး လှုပ်ရှားမှုကို အားပေး ထောက်ခံသည့် ထိုစဉ်က အရှိန်အ၀ါကြီးလှသော သူရိယသတင်း စာတွင် ဦးစွာအစုရှယ်ယာများစွာ ထည့်ဝင်ပြီး စာနယ်ဇင်းလောကတွင် ကျင်လည်လှုပ်ရှားခဲ့သည်။ ၁၉၃၅ ခုနှစ် တွင် သတင်းစာဆရာအဖြစ် ဂျပန်နိုင်ငံ သို့ လှည့်လည်လေ့လာပြီး မြန်မာနိုင်ငံ ပြန်ရောက်ချိန်တွင် ဂျပန်နိုင်ငံနှင့် ဂျပန် လူမျိုးတို့အား ချီးမွမ်းခန်းဖွင့် ရေးသား ဟောပြောခဲ့သည်။

ထို့ပြင် ရဲဘော် သုံးကျိပ်နှင့် အတူ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် သတင်းစာ ဆရာ တစ်ဦးအသွင် မြန်မာနိုင်ငံတွင်း ၀င်ရောက်၍ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ထောက်လှမ်းခဲ့စဉ်က တွေ့ဆုံသူ များတွင် ဦးစောလည်း ပါဝင်ခဲ့သည်။ ဦးစောက ဆူဇူကီးအား ဗြိတိသျှတို့အား တော်လှန် ဆန့်ကျင်ရေး အတွက် လက်နက် ခဲယမ်းနှင့် ငွေကြေးတို့ ကမ်းလှမ်းခဲ့ရာ ဆူဇူကီးက ကောင်စစ်ဝန်နှင့် ဆွေးနွေး ရန်တုံ့ပြန်ပြီး နောက်ဆုတ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ စတင်၍ သူရိယ သတင်း စာမှာ မျိုးချစ်ပါတီ၏ ၀ါဒ ဖြန့်ချိရေး သတင်းစာ ဖြစ်လာပြီး ၁၉၃၈ ခုနှစ် တွင် ဦးစောသည် သူရိယ သတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်လာခဲ့သည်။

ဦးစောသည် နိုင်ငံရေး လှုပ်ရှားမှု အဖြစ် အခါ အားလျော်စွာ မျက်မှောက် ကာလ နိုင်ငံရေးကို အခြေခံဟောပြောလေ့ ရှိရာ ဦးစော၏ အာဝဇ္ဇန်းကောင်းမှု ကြောင့် လူငယ်များ၏ နှစ်သက်အား ပေးမှုကိုလည်း ရယူနိုင်ခဲ့သည်။ ဦးနု နှင့် ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂတာဝန် ထမ်းဆောင်စဉ်က ရန်ကုန် တက္ကသိုလ်တွင် လာရောက်၍ ဦးစောဟောပြောခဲ့ ရာ ကျောင်းသားထုက အားပေးသဘော ကျခဲ့သည်။ မောင်သုမန (ညိုမြ)က ဗမာ့ ၀ဋ်ကြွေးဆောင်းပါး(အိုးဝေ သတင်းစာ ၁.၅.၄၈)တွင် “၁၉၃၈ ခုနှစ်လောက် က ဦးစောက သူရိယသတင်းစာ အယ်ဒီတာ၊ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ တက္ကသိုလ် သမဂ္ဂမှာ ရှိနေစဉ်ပဲ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ဦးစောကို အတော် ကြည်ညိုတယ်။ “ဦးစောဟာ ဘယ်လောက်ချီးမွမ်းစရာကောင်းလဲ။ သူများလို ဘီအေ၊ အမ်အေမအောင် ပေမယ့် ကိုယ်ထူး ကိုယ်ချွန်ကြိုးစားပြီး ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ် အောင်လုပ်နိုင်တဲ့ လူပဲလို့ ဗိုလ်ချုပ် ကိုယ်တိုင် မောင်သုမနကို ပြောတာ မှတ်မိသေးတယ်”ဟု ပြန်ပြောင်း အောက်မေ့ ရေးသားခဲ့သည်။

တောင်သူ လယ်သမား အရေးတော်ပုံကို အကြောင်းပြု၍ ဂဠုန်အရေး တော်ပုံ စာအုပ် ရေးသား ဖြန့်ချိမှုနှင့် ဂဠုန် ဆရာစံအား ဗြိတိသျှ အစိုးရမှ ဖမ်းဆီး တရားစွဲဆို သေဒဏ်ချမှတ်ရာတွင် အောက်တန်းရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်မှုတို့ဖြင့် မြန်မာနိုင်ငံရေး နယ်ပယ်တွင် ဦးစော စတင် ထင်ရှားချိန်တွင် တို့ဗမာ အစည်းအရုံးကြီးမှာ စတင်ဖွဲ့စည်း လှုပ်ရှားနေပြီ ဖြစ်ပါသည်။ ၁၉၃၇ ခုနှစ် တွင် ဗြိတိသျှ အစိုးရမှ မြန်မာနိုင်ငံအား အိန္ဒိယ၏ ပြည်နယ်တစ်ခု အဖြစ်မှ ခွဲထုတ်၍ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်ကို ရပ်စဲ၍ ၉၁-ဌာန အုပ်ချုပ်ရေး စနစ်သစ်ကို စတင် ဖော်ဆောင်ပြီး ဦးစောကလည်း မျိုးချစ် ပါတီကို ဖွဲ့စည်းဦးဆောင် လှုပ်ရှားခဲ့သည်။ ထို့နောက် ဦးစောသည် ၉၁-ဌာနအုပ်ချုပ်ရေးစနစ်၏ လွှတ်တော် နှင့် မြန်မာနိုင်ငံရေးနယ်တွင် ဆက်လက် လှုပ်ရှားခဲ့ရာ ၁၉၄၀ ပြည့်နှစ်၊ စက်တင် ဘာလ ၉ ရက်နေ့တွင် နန်းရင်းဝန် ဘ၀ကို ပိုင်ဆိုင်လာခဲ့သည်။

ထိုကာလ အတွင်း တို့ဗမာ အစည်းအရုံးမှ တောင်သူ လယ်သမား၊ အလုပ်သမား၊ လူငယ် စသည့် ပြည်သူများနှင့် အသင်းအဖွဲ့ များကို စည်းရုံးပြီး ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ၌ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ ထင်ရှားသည့် ၁၃၀၀ ပြည့်အရေးတော် ပုံနှင့် လွတ်လပ်ရေးအား လက်နက်စွဲကိုင် တိုက်ခိုက် ရယူရေး အစီအစဉ်ကို ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ နန်းရင်းဝန် အဖြစ် မြန်မာနိုင်ငံမှ ဗြိတိန် နိုင်ငံသို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေး ကိစ္စ အရေးဆိုရန် သွားချိန်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ မြန်မာနိုင်ငံ လွတ်လပ် ရေးစီမံကိန်းအား ဂျပန် တပ်မတော်မှ လက်ခံ အတည်ပြုပြီး၍ ဂျပန်နိုင်ငံတွင် ရဲဘော်သုံးကျိပ်သည် စစ်ပညာ သင်ယူ နေကြပြီ ဖြစ်ပါသည်။ ဗြိတိသျှအစိုးရမှ ဦးစောအား ပြည်ပတွင် အကျယ်ချုပ်ဖြင့် စတင် ထိန်းသိမ်းစဉ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရဲဘော် သုံးကျိပ်က ဗမာ့လွတ်လပ်ရေး တပ် မတော်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပထမအကြိမ် စစ်ရေး ပြအခမ်းအနားကို ကျင်းပ၍ မြန်မာနိုင်ငံ တွင်းသို့ ၀င်ရောက်ကာ ဗြိတိသျှတို့အား စတင် တိုက်ခိုက်နေကြပြီ ဖြစ်ပါသည်။


ဦးစော နန်းရင်းဝန်ဘ၀မှ ဗြိတိသျှ အစိုးရ၏ အကျယ်ချုပ်အကျဉ်းသားဘ၀ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ ပြည်သူများနှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်မတော်နှင့် လက်တွဲ၍ ဗြိတိသျှတို့အား တိုက်ခိုက် အောင်မြင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအား ဖက်ဆစ်ဂျပန် စိုးမိုးသောကာလ (၁၉၄၂ -၁၉၄၅)တွင် ခါးသီးသောအတွေ့အကြုံ များ ရရှိခဲ့ခြင်း၊ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် နိုင်ငံရေး အင်အားစုအချို့ပူး ပေါင်း၍ နောင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည့်သူ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖ.ဆ. ပ.လ) ဖြစ်လာမည့် ဖက်ဆစ် တိုက်ဖျက် ရေး ပြည်သူ့အဖွဲ့ချုပ် (ဖ.တ.ဖ)ကို စတင်ဖွဲ့စည်း၍ ဖက်ဆစ်ဂျပန် တော်လှန်ရေး အစီအစဉ်များ ချမှတ် အကောင်အထည် ဖော်ခြင်း၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် မြန်မာပြည်သူများနှင့် ပြည်သူ့ လွတ်လပ်ရေးတပ်မတော်သည် ဗြိတိသျှ နှင့် မဟာမိတ် တပ်များနှင့် လက်တွဲ၍ ဖက်ဆစ် ဂျပန်တို့အား တိုက်ခိုက်အောင် မြင်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြသည်။

၃။
မြန်မာနိုင်ငံမှ ဖက်ဆစ်ဂျပန်များ ဆုတ်ခွာပြီး ဗြိတိသျှတို့ ပြန်လည်ဝင် ရောက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်သည် ဗြိတိသျှတို့ထံမှ လုံးဝ လွတ်လပ်ရေး ရရှိ ရန် ဗြိတိသျှ အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်း ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ဖဆပလတွင် ပါတီစုံ အဖွဲ့စုံမှ လူကြီးလူရွယ်လူငယ်များ၊ တိုင်း ရင်းသားများနှင့် တပ်မတော်ကိုယ်စား လှယ်များဖြင့် တောင့်တင်းခိုင်မာသည့် အမျိုးသားရေးအင်အားစုကြီးဖြစ်အောင် လည်း ကြိုးပမ်း ဖွဲ့စည်းထားသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ပြီး နေသားတကျ ဖြစ်သည်နှင့် ဂျပန်နိုင်ငံတွင် အကျဉ်းချ ထားသူ ဒေါက်တာ ဘမော်နှင့် ယူဂန်ဒါ နိုင်ငံတွင် အကျဉ်းချထားသူ ဦးစောတို့အား ပြန်လွှတ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ပေးခဲ့သည်။ နန်းရင်းဝန်ဟောင်း ၂ ဦး အား မြန်မာနိုင်ငံရေး နယ်ပယ်တွင် ပြန်လည် လှုပ်ရှားခွင့် ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စ မစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာ လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးလျှင် ဖဆပလ ခေါင်းဆောင်များ ပါဝင်မှု မရှိသည့် ဘုရင်ခံ၏ အမှုဆောင် ကော်မတီ (အစိုးရအဖွဲ့)အား ဗြိတိသျှ ၄ ဦးနှင့် မြန်မာ ၈ ဦးဖြင့် လည်းကောင်း၊ ဘုရင်ခံ ၏ ဥပဒေပြုလွှတ်တော်အား အဖွဲ့ဝင် ၃၄ ဦး ဖြင့်လည်းကောင်း၊ ၁၉၄၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်း၌ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို စီမံဆောင်ရွက်ခဲ့သည်။ ဖဆပလအဖွဲ့ ချုပ်နှင့် မြန်မာပြည်သူတို့သည် ဗြိတိသျှ အစိုးရ၏ စက္ကူဖြူ စီမံကိန်း အုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ကန့်ကွက်မှု၊ အမျိုး သား စည်းလုံး ညီညွတ်ရေးကို တည် ဆောက်မှု၊ လွတ်လပ်ရေး အမြန်ဆုံးပေး ရေး တောင်းဆိုမှု၊ လွတ်လပ်ရေး မပေးမီ ယာယီ အစိုးရဖွဲ့စည်းရေးနှင့် ပြည်သူ များ ရွေးချယ် တင်မြှောက်သည့် တိုင်းပြု ပြည်ပြုလွှတ်တော် ထားရှိရေးတို့ကို အစဉ်တစိုက် အရေးဆိုခဲ့ပြီး ထန်းတပင် လယ်သမားများ၏ ကန့်ကွက် ဆန္ဒပြ မှုနှင့် အမှုထမ်းသပိတ်များ ဆက်တိုက် ပေါ်ထွန်းခဲ့သည်။

ထို့နောက် ဗြိတိသျှ အစိုးရသည် ဘုရင်ခံ ဆာဒေါ်မန်စမစ်အား ပြန်လည်ခေါ်ယူ၍ ဘုရင်ခံအဖြစ် ဆာဟူးဘတ်ရန့်စ်ကို အစားထိုးခန့်အပ် ခဲ့သည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် သည် ဆာဒေါ်မန်စမစ် ဖွဲ့စည်းခဲ့သော ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တာဝန် ထမ်းဆောင်ပြီး နှစ်ပတ်အကြာ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နုတ်ထွက် စေခဲ့သည်။ ဘုရင်ခံသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီ ပြန်လည် ဖွဲ့စည်းရေးအတွက် စက်တင်ဘာလ အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် သုံးကြိမ်တိုင် တွေ့ဆုံ ညှိနှိုင်းခဲ့သည့်ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂဠုန် ဦးစောနှင့်လည်း တွေ့ဆုံခဲ့သည်။ ဘုရင်ခံနှင့် တွေ့ဆုံပြီး အပြန်တွင် ဂဠုန် ဦးစောအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး ဒဏ်ရာရခဲ့သည်။ ဖဆပလ အမှုဆောင် လူကြီးများက “နိုင်ငံရေးနယ် နိမိတ် အတွင်းသို့ အကြမ်းဖက်သည့် စနစ်များ သွတ်သွင်းလာခြင်းကို များစွာ ပြစ်တင် ရှုတ်ချကြလျက် ယခုကဲ့သို့ ဦးစော ဒဏ်ရာအနာတရဖြစ်သွားသည့် အတွက် ၀မ်းနည်းကြောင်း” ထုတ်ဖော်ခဲ့ သည့်ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ရန်ကုန် ဆေးရုံတွင် ဆေးဝါးကု နေသည့် ဦးစောအား ဗိုလ်ချုပ်အောင် ဆန်းနှင့် သခင်နုတို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဗြိတိသျှအစိုးရမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်ကို အမျိုးသားယာယီ အစိုးရ အဖြစ် ပြင်ဆင် ဖွဲ့စည်းရာတွင် ဖဆပလမှ ၆ ဦးနှင့် ကျန်ပါတီများ၊ တိုင်းရင်းသားများနှင့် တစ်သီးပုဂ္ဂလမှ ၅ ဦး ပါဝင်ခွင့်ရခဲ့ သည်။ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အဖြစ် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင် ဆန်းတို့ ဆောင်ရွက်ခဲ့ကြပြီး မျိုးချစ် ပါတီမှ ဦးစောကိုလည်း ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၀န်ကြီး အဖြစ် ပါဝင်စေခဲ့သည်။ ထို့ နောက်ဗြိတိသျှ ၀န်ကြီးချုပ် မစ္စတာအက်တလီက မြန်မာ ပြည်အရေး တွေ့ဆုံ ဆွေးနွေးရန် ဘုရင်ခံ ၏ အမှုဆောင် ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့အား ဖိတ်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ ၀န်ကြီး နှင့် တာဝန်ရှိသူ ၁၆ ဦးတို့သည် လန်ဒန် မြို့သို့ စတင်ထွက်ခဲ့ကြရာ၌ အဖွဲ့ဝင် အဖြစ် ဦးစောလည်းလိုက်ပါခွင့်ရခဲ့သည်။

ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်သည့် နှစ်ဖက်ကိုယ်စား လှယ်များ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ တွင် ဗြိတိသျှနှင့် မြန်မာတို့သည် အောင်ဆန်း-အက်တလီ စာချုပ်ဟုခေါ် တွင်မည့် စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဘုရင်ခံ၏ အလုပ် အမှုဆောင်ကောင်စီအား ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြု၍ နိုင်ငံခြား ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး စသည့် ကိစ္စရပ်များ ဆောင်ရွက်ခွင့်၊ ပြည်သူ့ ဆန္ဒဖြင့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေး ကောက်ပြီး ထားရှိရေး၊ တောင်တန်း ဒေသများမှ ပြည်သူများ၏ ဆန္ဒအရသာ ဗမာပြည်မနှင့် တောင်တန်းဒေသအတူ လွတ်လပ်ရေး ရယူရန် ဟူသည့် အချက် များပါဝင်သည်။ အောင်ဆန်း-အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရ အား မြန်မာပြည်သူများနှင့် ဖဆပလ တို့၏ တောင်းဆိုချက်များ ဖြစ်ကြပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးရတော့ မည့် အာမခံချက်လည်း ဖြစ်သည်။ အောင်ဆန်း-အက်တလီ စာချုပ်အား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦး ဖြစ် သည့် ပညာရေးနှင့် အမျိုးသားရေး စီမံကိန်းဌာန ၀န်ကြီးဦးစောနှင့် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးဌာန၀န်ကြီး သခင်ဗစိန်တို့က ကန့် ကွက်စကားဆို၍ လက်မှတ်ရေးထိုးမှု မပြုခဲ့ကြသော်လည်း ဗြိတိသျှအစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျန်ကိုယ်စား လှယ်များ၏ သဘောတူညီချက်ဖြင့် ချုပ်ဆိုခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီမှ ဦးစောနှင့်သခင်ဗစိန်တို့ နုတ် ထွက်ခဲ့ကြသည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဥက္ကဋ္ဌဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဆောင်ဆန်းတို့ ဦးဆောင်သည့်အဖွဲ့ဝင် ၁၃ ဦးပါဝင် သည့် ကြားဖြတ် ယာယီ အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ ကြားဖြတ် ယာယီ အစိုးရအဖွဲ့ဝင် ၁၃ ဦးတွင် လည်း ဦးစော ပါဝင်မှုမရှိတော့ချေ။

၎။
အောင်ဆန်း-အက်တလီ စာချုပ် အရ ဖဆပလ အဖွဲ့ချုပ်သည် ဗမာနှင့် တောင်တန်းဒေသများမှ တိုင်းရင်းသား များက လွတ်လပ်ရေးရယူပြီး အေးအတူ ပူအမျှနေထိုင်သွားကြရန် သန္နိဋ္ဌာန်ချ မှတ်သည့် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု၏ ပြယုဂ်ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ချုပ်ဆိုခြင်း၊ ပြည်သူတို့၏ ဆန္ဒဖြင့် ဖွဲ့ စည်းသော တိုင်းပြုပြည်ပြု လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပ ခြင်း၊ တိုင်းပြုပြည်ပြု လွှတ်တော် ပထမ အကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင် ၅၅ ဦးပါဝင်သည့် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်သည် တစ်နှစ်အတွင်း လွတ်လပ် ရေးရရှိရေး အတွက် လိုအပ်သမျှ အင်တိုက်အားတိုက် ဆောင်ရွက်နေကြ စဉ် ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဗိုလ်တထောင် လက်နက်တိုက်မှ ဘရင်းသေနတ် အလက် ၂၀၀၊ ပြောင်း ပို ၂၀၀ နှင့် ကျည်ကပ် ၈၀၀ ကို စာ ရွက်စာတမ်း အတုဖြင့် ထုတ်ယူသွားမှု နှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ တွင် မင်္ဂလာဒုံ အခြေစိုက် လက်နက်တိုက် မှ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန် ၁ သိန်း၊ စတင်းကျည်ဆံ ၂၅၆၀၀၀ နှင့် လက်ပစ် ဗုံးအလုံး ၂၀၀ ကို ထုတ်ယူသွားမှုတို့ ဖြစ်ပွားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လအတွင်း ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပျော်ဘွယ်ဦးမြ တို့သည်လည်းကောင်း၊ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့ သည်လည်းကောင်း၊ ၁၈ ရက်နေ့တွင် သခင်နုသည်လည်းကောင်း ဘုရင်ခံ ဆာဟူးဘတ်ရန့်နှင့် တွေ့ဆုံကြ၍ လက်နက် ခဲယမ်းများ ပျောက်ဆုံးမှုကို ဆွေး နွေးကြသည်။

ထို့ပြင် ထိုစဉ်က ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဒီးဒုတ် ဦးဘချိုသည် သတင်းစာဆရာများနှင့် တွေ့ဆုံ အသိပေးခဲ့ရပုံကို သတင်းစာဆရာ ဦးမောင်မောင်ခင်က နိုင်ငံရေး မှတ်တမ်းများ ဆောင်းပါး (မြန်မာ့အလင်းသတင်း စာ ၁၄.၅.၆၇)တွင် “ဦးဘချိုက ဂဠုန် ဦးစောသည် လက်နက်များကို စုဆောင်းနေသည်ဟု ပြောသော အခါ ဘာလုပ်ဖို့လဲဟု ကျွန်တော်တို့က သံပြိုင် မေးမိပါသည်။ ကျုပ်တို့ကို သတ်ဖို့ပေါ့ ဟု ဦးဘချိုက စိုးရိမ်မှု လုံးဝမပြဘဲ ဖွင့်ဟပြောပြလိုက်ပါသည်။ ဒါဖြင့် ဒီလူကို အရေးမယူကြဘူးလား။ ဗိုလ်ချုပ် ကကော ဘာမှအကာအကွယ် မလုပ်ဘူး လားလို့ မေးကြသောအခါ ဒါကတော့ ဗျာ ကျုပ်တို့က ဗမာပြည်ကြီးကောင်း စားအောင် ဒီလောက်ကြိုးစားနေတာပဲ။ သူတို့က မကျေနပ်လို့ သတ်ချင်လည်း သတ်ပေါ့ဟု ဦးဘချိုက ကျွန်တော်တို့ အား တစ်ဆင့် ပြောပြပါသည်” ဟု ဖော်ပြ ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဦးဘချိုနှင့် တွေ့ဆုံကြောင်း မှန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဗြိတိသျှအာဏာ ပိုင်များသည် လက်နက်ခဲယမ်းများအား လုံခြုံစွာ ထိန်းသိမ်းရန် ပျက်ကွက်မှု၊ မသမာ သူတို့၏ အကြမ်းဖက် ရန်ပြုမှုအား မကာ ကွယ်နိုင်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ခေါင်းဆောင်များ၏ လုံခြုံ ရေးကို တာဝန် မယူနိုင်မှုတို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များမှာ မသမာသူတို့၏ သတ်ဖြတ်မှု ခံရပြီး နိုင်ငံတော် လုပ်ကြံမှု ဖြစ်ပွားခဲ့ရသည်။

နိုင်ငံတော် လုပ်ကြံမှု အတွက် အထူး ခုံရုံးက ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဂဠုန်ဦးစောနှင့် အပေါင်း ပါတို့အား သေဒဏ် စီရင်ချက် ချမှတ် ခဲ့သည်။ စီရင်ချက် ဖတ်ကြားပြီးချိန်တွင် ဂဠုန်ဦးစောက စီရင်ချက် သုံးသပ်ချက် အချို့ကို ပြန်လှန်ချေပ ကန့်ကွက်ခဲ့သည့် ပြင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ တွင် တရားလွှတ်တော်တွင် အယူခံလွှာ တင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ သည်။
၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ တွင် တရား လွှတ်တော်ချုပ်က ဦးစော၏ အယူခံလျှောက်လွှာကို ပယ်ခဲ့သည်။ ဦးစောသည် ၁၉၄၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်၌ ဇနီး၊ သမီးတို့နှင့်အတူ မိုးညှင်းသိင်္ဂီ ကျောင်းတိုက် ရေလဲ ဦးပဏ္ဍိစ္စ ဆရာတော် ထံမှ လက္ခဏာရေးသုံးပါး တရားနာပြီး လျှင် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက် အရုဏ်တက်တွင် အင်းစိန်အကျဉ်း ထောင်အတွင်း၌ ကြိုးပေးခံခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်ရှင် ရိုက်ကူး၍ အင်းစိန် အကျဉ်းထောင်တွင် ဦးစောအား ကြိုးပေးပုံအား မှတ်တမ်း တင်ထားခဲ့သည်။ ထိုမှတ်တမ်းတင် သတင်းကားအား ကြည့်ရှုခွင့် ရခဲ့သော တရားသူကြီးချုပ် ဒေါက်တာမောင်မောင် က နိုင်ငံတော် လုပ်ကြံမှု စာအုပ်တွင် ခံစား ရေးသားဖော်ပြခဲ့ရာ ဦးစော၏ နောက်ဆုံးအချိန် လှုပ်ရှားမှုဟု ဆိုနိုင်ပါသည်။

ဦးစောသည် သူ့အားသောက်ရန် ပေးထားသော နံနက် လက်ဖက်ရည်ကို အခန်း၌ ဆွမ်းကပ်ခဲ့သည်။ ဖယောင်းတိုင် သုံးတိုင် ထွန်းညှိ၍လည်း ပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာနမင်းကြီး ဦးဘမောင်၊ ဦးသန်းနွဲ့(ယခုအကျဉ်းဌာနမင်းကြီး)၊ ဆရာဝန်၊ တရားသူကြီး စသူတို့ကိုပြုံး ရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ မီးခိုးရောင်ကို သပ်သပ် ရပ်ရပ် ၀တ်စားထားသည်။ ကြိုးစင်ရှိရာသို့ ထွက်ခွာလာကြရာ ဘုရားရုပ်ပွား တော် တစ်ဆူတည်ထား ကိုးကွယ်ရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ် ချသည်။ ကြိုးစင်ဘက်သို့ ဆက်လက် ထွက်ခွာကြရာတွင် မြင်ရာလူကို လှမ်း ၍နှုတ်ဆက်သည်။ မမြင်ရသူကို မေး၍ နှုတ်ဆက်လိုက်ကြောင်း မှာကြားသည်။ အထူး ခုံရုံးနာယက ဦးကျော်မြင့်နှင့် တကွ သူ့အပေါ်တာဝန်အရ ဆောင်ရွက်ရ သည့်သူများအား မုန်းတီးမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်ကို တက် သွားလေသည်။

၅။
ဗြိတိသျှကိုလိုနီခေတ် မြန်မာ့နိုင်ငံ ရေးသမိုင်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(၀ိုင်အမ်ဘီအေ)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီ အေ)၊ တို့ဗမာအစည်းအရုံး၊ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေးအဖွဲ့ (ဖဆပလ) တို့မှာ ထင်ရှားသည့် အဖွဲ့ များဖြစ်သည်။ ထိုအဖွဲ့များနှင့် အခြား ပါတီအဖွဲ့များတွင် ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်စွမ်းဆောင်လှုပ်ရှားကြ သည့် ပုဂ္ဂိုလ်များစွာလည်း ပေါ်ထွန်းခဲ့ ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ သည်မှာ ယခုအခါနှစ်ပေါင်း ၆၀ ကျော် ခဲ့ပြီးဖြစ်၍ ထိုအဖွဲ့အစည်းများနှင့် ထိုပုဂ္ဂိုလ်များ၏ စွမ်းဆောင်လှုပ်ရှားမှု များသည်သမိုင်းအဖြစ်မော်ကွန်းဝင်လျက် ရှိပါသည်။


မျက်မှောက်ကာလ မျိုးဆက်များ အနေဖြင့် သမိုင်းကို ရှုမြင်ဆင်ခြင်၍ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား ပိုင်းခြားပြီး သင်ခန်းစာ ယူသွားကြရန်သာ ဖြစ်သည်။






ကေမြူး

သီးညီနောင် ၏ သန့် ရှင်းစင်ကြည်မြစ်နဒီ -အပိုင်း( ၄ ) အပိုင်း ( ၅) အပိုင်း( ၆ ) အပိုင်း( ၇ )ရုပ်သံမြင်ကွင်း







13 July 2010

၂၀၁၀ကမ္ဘ့ာဖလားမှာ မှန်ကန်တဲ့ရွေးချယ်မှုတွေပြသခဲ့တဲ့ ရေဘဝဲလေး(ပေါလ်)ကမြန်မာပြည်ကိုလဲယခုအတိတ်နမိတ်ပြလိုက်ပါတယ်..

မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း

မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော ၀တ်စားဆင်ယင်မှုနှင့် ကိုယ်ဟန်အနေအထား ပါရှိသည့် သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း အရေးယူထားကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရသည့် ဂျာနယ်များမှာ ပေါ်ပြူလာ အနုပညာဂျာနယ်နှင့် Envoy သတင်းဂျာနယ်တို့ ဖြစ်ကြောင်း သိရပါသည်။

"တစ်ခုခုဆိုရင် ကျွန်တော်တို့က တားဆီးတယ်၊ ပိတ်ပင်တယ်ဆိုပြီးတော့ပဲ အမြဲဝေဖန်ခံရပါတယ်။ တကယ်တော့ လွတ်လပ်တယ်ဆိုတဲ့ နေရာမှာ အကန့်အသတ်ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနဲ့ ပတ်သက်တဲ့ စာပေလွတ်လပ်မှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ နှိုင်းယှဉ်ရင် ကွာခြားမှု အများကြီးရှိတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အလားတူပဲ ခေတ်ပြောင်း၊ စနစ်ပြောင်းနဲ့အတူ တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့သွားဖို့ ကြိုးစားလုပ်ဆောင်နေကြချိန်မှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိရှိ၊ ဆောင်ရွက်သွားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ သတိပြုသင့်ကြတာက ကျွန်တော်တို့လူမျိုးရဲ့ အမျိုးသားရေး စရိုက်လက္ခဏာနဲ့ ဘာသာ၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေကို မမေ့ပျောက်မိစေကြဖို့ပါပဲ။ အနောက်မှာ အနောက်စံ၊ အာရှမှာ အာရှစံ ရှိရမှာဖြစ်သလို မြန်မာမှာ လည်း မြန်မာ့တန်ဖိုးဆိုတာရှိရမှာ ဖြစ်ပါတယ်။ ဒီအတွက် လွတ်လပ်မှု ဆိုတိုင်းအကန့်အသတ်မရှိ၊ အတိုင်း အဆမရှိလုပ်လာကြမှာမျိုးကိုတော့ လက်ပိုက်ကြည့်နေလို့ မရနိုင်ပါဘူး။ရှေ့လျောက် ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

ယခုအခါတွင် သရုပ်ဆောင်၊ မော်ဒယ်လ်အချို့သည် အဖော်အချွတ်ဘက်သို့ ဦးတည်ဝတ်ဆင်လာကြပြီး ယင်းကဲ့သို့ ၀တ်ဆင်မှုများကို ဂျာနယ်အချို့က ဖော်ပြခဲ့သည့်အတွက် ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

"ခေတ်ရေစီးကြောင်းကို မတားလိုသလို၊ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်တာကို လက်ခံပေမယ့် အဖော်အချွတ်ကိုတော့ လက်မခံပါဘူး။ အခုလိုမျိုး စာနယ်ဇင်းတွေ (Printed Media) မှာ အဖော်အချွတ်တွေ ဖော်ပြခွင့်မပြုတာ၊ အရေးယူတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် စာနယ်ဇင်းတွေမှာ ဖော်ပြခွင့်မပြုဘဲ အရေးယူသလို အခြားတစ်ဖက်မှာလည်း မော်ဒယ်လ်တွေနဲ့ ဖက်ရှင်ရှိုးတွေ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲတွေ အပါအ၀င် ရုပ်ရှင်ဂီတ အစရှိတာတွေမှာပါ ထိရောက်တဲ့ ဟန့်တားမှုတွေ လုပ် ဆောင်စေချင်ပါတယ်။ တချို့ဆိုရင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံတာတွေတောင် ရှိတဲ့အတွက် မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေအနေနဲ့လည်း ၀တ်စားဆင်ယင်မှုကို ဂရုပြု ဆင်ခြင်သင့်ပါတယ်။ စာပေနဲ့စာနယ်ဇင်းတွေမှာတင် မကဘဲ ရုပ်ရှင်၊ ဂီတဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း အခုလိုပဲ ထိန်းသိမ်းပေးသင့်တယ်လို့ ထင်ပါတယ်"ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ခဲ့ပါသည်ဟု eleven ဂျာနယ်တွင် ဖော်ပြရှိပါသည်.။


ထိုသတင်းနှင့် ပါတ်သက်ဆက်နွယ်မှု များကိုဤသို့ပြန်လည်ဝေဖန်သုံးသပ်လိုက်ပါသည်.


ထိုသို့အမိန့် တွေကိုထုတ်ပြန်ထားပြီး.ထိုသူများသာ မြန်မာအမျိုးသမီးတော်တော်များကို အဖော်အချွတ်
လုပ်ငန်းတွေကိုလက်ခံခဲ့ပြီးပြုံးပြုံးရွှင်ရွှင်ကြိုဆိုခဲ့ကြတာပါ.။သားသမီးချင်းမစာနာ၊မောင်နှမချင်းမစာတာကြဘဲ၊
ထိုသို့အမိန့်တွေကို ထပ်ကာတလဲလဲထုတ်ပြန်ထားကြပြီး ထိုသူများ၏ သားသမီးများနှင့် ထိုသူတွေ၏ မိသားစုအသိုင်း အဝိုင်းကိုသာ အရင်အမိန့်ထုတ်သင့်ပါကြောင်း ဂျာနယ်များတွင် အရင်းတုံးကထုတ်ဖော် ပြသခဲ့ခြင်းအား ကြေနပ်ပိတိ ဖြစ်ခဲ့ပြီး ယခုအချိန်မှ ထိုသို့အမိန့်ထုတ်ပြန်ခဲ့သော အာဏာပိုင်များနှင့် အလျင်မသင့် သောဂျာနယ်များအား ပိတ်ပင်ခြင်းများ တားဆီး ကန့်သတ်ခြင်းများ ပြုလုပ်မှုများသည်. အာဏာရှင်များသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်.။အာဏာရှင်များ၏ လက်ကိုင်တုတ် ဂျာနယ်များဆိုလျှင် ထိုသို့တားမြစ်ထားမည်မဟုတ်ပါ။

အာဏာရှင်များနှင့် ပဏာသင့်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ အတွက် ထိုအမိန့်သည် အလကားသာဖြစ်
နေပေလိမ့်မည်.။အထူးသဖြင့် ပြန်ကြားရေးဝန်ကြီး ဆိုသောအရှက်မရှိ ဦးကျော်ဆန်း ကိုယ်တိုင်အင်တာနက်
စာမျက်နှာတွင် ကောင်မလေးများနှင့် ပျော်ပါး စားသောက် နေသောပုံများမှာပြန်နှံနေတာလူ့အသိုင်းအဝိုင်းတွင်
အားလုံး မျက်မြင်တွေ့ရှိနေကြပါ.။

တပ်မတော်ပြခန်းတွင်ဇွန်လ(၂၆)ရက်က ပြုလုပ်ခဲ့သော ကားပြပွဲတစ်ခုမှာ မြန်မာမလေးများ၏ ဝတ်စားထားပုံ
များသည်. အလွန်တရာပင် ကြည့်မကောင်းသည်မှာ အင်တာနက်စာမျက်နှာများတွင် တော်တော်များများဖော်ပြ သခဲ့ပါသည်.။ကားပြပွဲလား လူပြပွဲလား လို့တောင်မေးလိုက်ချင်ပါသည်.ထိုသို့ဖော်ပြခွင့်အားပါမစ်ထုတ် ပေးခဲ့ သောသူများမှာ မည်သူတွေများ ဖြစ်မည်နည်း.။စဉ်းစားသာ ကြည့်ကြပါ.။ထိုသို့သော လူကြီးများသာ ထို့အမိန့်ကို
အရင်ဆုံး စောင့်ထိန်း သင့်ပါကြောင်း ပြောကြားလိုက်ပါသည်.။


မြတ်လေးငုံ

ကျပ်ငါးသိန်းတန်ဖုန်းမန္တလေးတိုင်း တွင် သုံးရက်အတွင်း လျှောက်ထားရယူနိုင်

ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို မန္တလေးမြို့တွင် ယခုလ ၅ ရက်နေ့မှ စတင်ကာ သုံးရက်အတွင်း အပြီးသတ်လျှောက်ထား ရယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်သည်။ အဆိုပါ ဖုန်းများကို မန္တလေးမြို့ရှိ သတ်မှတ်နေရာ သုံးခုဖြစ်သည့် လမ်း ၈၀ နှင့် ၂၅ လမ်းထောင့်ရှိ တိုင်းကြေးနန်းရုံး ပီအေစီ၊ ပြည်ကြီးတံခွန် စာတိုက်နှင့် အမရပူရ အိတ်ချိန်းရုံးများတွင် လျှောက်ထား ရယူနိုင်မည် ဖြစ်ပြီး လျှောက်ထား လိုသူများအနေဖြင့် ဖုန်းလျှောက်လွှာ၊ မှတ်ပုံတင် မိတ္တူ၊ ပုံစံ ၁၀ မိတ္တူတို့ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားပြီး နောက်နေ့တွင် လမ်း ၈၀ နှင့် ၂၅ လမ်း ထောင့်ရှိ မန္တလေးတိုင်း ဆက်သွယ်ရေးရုံးတွင် မှတ်ပုံတင် မူရင်းပြသ၍ ငွေသွင်းချလံ ထုတ်ယူခြင်းနှင့် ဘဏ်(၁)တွင် ဖုန်းတပ်ဆင်ခ ပေးသွင်းခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး ထို့နောက်တွင်မှ အီလိုက်တက် အရောင်းစင်တာတွင် ဖုန်း RUIM ကတ်ကို ထုတ်ယူနိုင်မည် ဖြစ်ကာ လျှောက်ထားပြီး သုံးရက်အတွင်း ဖုန်းတပ်ဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုဖုန်းများကို ယခင်က မန္တလေးတိုင်း ဆက်သွယ်ရေးရုံးများတွင် ဆက်သွယ် လျှောက်ထားခဲ့ရပြီး ဖုန်းသုံးစွဲခွင့် ရရှိရန် အနည်းဆုံး နှစ်ပတ်ခန့် ကြာမြင့်လေ့ရှိသည်။ အဆိုပါဖုန်းများကို သုံးရက်အတွင်း အပြီးသတ်လျှောက်ထား ရယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မန္တလေးမြို့နေ ကိုသူရက “အခု အစီအစဉ်က ဖုန်းလျှောက်တဲ့သူတွေအတွက် အချိန်ကုန်သက်သာပြီး အဆင်ပြေပါတယ်။ အရင်ကဆို ဖုန်းအမြန် လိုချင်သူတွေအတွက် အပြင်မှာ ငါးသောင်းကနေ တစ်သိန်းလောက်အထိ အပိုပေး နေရတာမျိုးလည်း သက်သာသွားတာပေါ့ ” ဟု သုံးသပ် ပြောကြားခဲ့ကြောင်း Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များ....


မြန်မာဆန်တဲ့ တို့ ခေါင်းဆောင်




ဒေါ်အောင်ဆန်းစုကြည် နေခဲ့တဲ့အဆောင်





လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်





ဒေါ်အောင်ဆန်းစုကြည် နေခဲ့တဲ့ အခန်းအဝင်ဝ





၁၉၈၆ခုနှစ် ကျိုတိုဘူတာရုံမှ ဒေါ်အောင်ဆန်းစုကြည်ပုံ



ဒီနေ့ အလုပ်အားလပ်ရက် ရတဲ့နေ့မှာ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုမြို့ကို မိတ်ဆွေ (၃)ဦးနဲ့ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ကျိုတိုတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တုန်းက နေထိုင်ခဲ့တဲ့ အမေစုအတွက် အမှတ်တရ ပြုလုပ်ထားတဲ့ အခန်းကိုပါ။ ကျိုတိုရောက်တော့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကျိုတိုဘူတာကနေ မိနစ်(၂၀)လောက် ဘတ်(စ်)ကား စီးပြီးသွားခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်ကို ရောက်ပြီး မေးမြန်း စုံစမ်းကြည့်တော့ ဒေါ်အောင်ဆန်းစုကြည် အခန်းကို ကြည့်ရှူခွင့် ရဖို့အတွက် ကြိုတင်အကြောင်းကြားပြီး ရက်ချိန်းယူရပါတယ်တဲ့.. ။ ဒါပေမယ့် ကျွန်တော်တို့ ဝေးလံတဲ့ တိုကျိုမြို့က တကူးတက လာကြည့်တယ် ဆိုတာသိတော့ သူတို့စီစဉ်ပေးပါတယ်။ ကျိုတိုတက္ကသိုလ်ကနေ နောက်ထပ် တက္ကစီစီးပြီး အမေစုနေခဲ့တဲ့ အဆောင်ကို ရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ အမေစုပုံရိပ်တွေပါ..



သွားရောက်ခွင့် မှတ်တမ်းတင်ခွင့် ရရှိခဲ့တဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ ကြည်နှူးခဲ့ကြရပါတယ်။ အဆောင်ရှေ့ မြင်ကွင်းကို ကြည့်ပြီး ငါတို့ခေါင်းဆောင် ဒီနေရာမှာ နေထိုင်ခဲ့တာ ပါလားလို့ .. တွေးတော နေမိလိုက်တယ်။ အဆောင်ရဲ့ (၃)ထပ်ကို ဓာတ်လှေကားနဲ့ တက်သွားတဲ့ အခါမှာတော့ Aung San Suu Kyi Room ဆိုတာကို ကြေးနီပြားပေါ်မှာ ရေးထိုးထားတာကို တွေ့လိုက်ရတယ်။ နောက်အခန်းက ကျွန်တော်တို့ ကြိုတင် အကြောင်းကြားပြီး လာရောက်တာ မဟုတ်တဲ့အတွက် နေထိုင်ခဲ့တဲ့ ပုံစံတူတွေ ပြုလုပ်ပေးဖို့ အချိန်မရှိပေမယ့်… ဒေါ်အောင်ဆန်းစုကြည် ကျောင်းမှာ နေထိုင်စဉ် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ကိုယ်ရေးရာဇဝင် ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ထိုစဉ်က ဂျပန်သတင်းစာပါပုံတွေကို မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်…။ ကျွန်တော်တို့ ခေါင်းဆောင်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ကနေ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဒီအခန်းမှာ နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစုခဲ့တဲ့ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ကို (၉)လကြာ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..။

ကျိုတိုတက္ကသိုလ်မှာ နေထိုင်ပြီး စာတမ်းပြုစုနေထိုင်ခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်ဆန် မြန်မာရိုးရာ အမျိုးသားဝတ်စုံ ကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်…။ အခန်းအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေနဲ့ Biography တွေရှိနေပါတယ်….။




လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းစာအုပ်အတွင်းမှာတော့ နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား..မြတ်နိုးသူတွေရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်အတွက် အမှတ်တရတွေ ရေးထားတာကို ဖတ်ကြည့်ပြီး အထူးပီတိဖြစ်ခဲ့ရပါတယ်.။ အခုအချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားတဲ့ ခေတ်စံနစ်ကြီးထဲမှာ အဖိအနှိပ်ခံပြည်သူတွေ အတွက် မတရားတဲ့ ဥပဒေတွေ ကိုအံ့တုရင်း ရင်ဆိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲ ဝင်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၀ရွေးကောက်ပွဲအပြီးမှာ ပြည့်သူ့အစိုးရသာ ပေါ်ထွန်းလာခဲ့မယ်.. ဆိုရင် အခုချိန်မှာ ဆိုရင် ရင့်ကျက်တဲ့ ဒီမိုကရေစီအစိုးရ အနေနဲ့ အနှစ် (၂၀)ခရီးကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ် ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ်အနေနဲ့ အနှစ်(၂၀) အတွင်းမှာ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့ တိုင်းပြည်ထူထောင်ဖို့ အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာပါ..။ နုပျိုငယ်ရွယ်တဲ့ အချိန်မှာ ကျွန်တော်တို့ လူထုခေါင်းဆောင်သာ ဦးဆောင်ခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်ကူးတွေနဲ့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ၊ချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..အမေ..။

လိုက်လံပို့ဆောင် ပေးသူအား အထူးကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ


12 July 2010

မင်းသားဒွေးကွယ်လွန်ခြင်း ဇွန်လိုင်(၁၁)ရက်နေ့တွင် သုံးနှစ်ပြည့်အဖြစ် တစ်နိုင်တစ်ပိုင် လှူဒါန်းခြင်းများပြုလုပ်



ဒွေးကွယ်လွန်ခြင်းသုံးနှစ်ပြည့် အဖြစ် မိသားစုများနှင့် နီးစပ်ရာ အနုပညာရှင်အချို့က တစ်နိုင်တစ်ပိုင် လှူဒါန်းမှုအချို့အား ပြုလုပ်ခဲ့ကြသည် ဟု သတင်းရရှိသည်။


ယင်းသို့ပြုလုပ်ခဲ့ကြရာ၌ ဇနီး ဖြစ်သူ မမိုးမိုးနှင့် ဒွေး၏မိသားစုဝင်များတို့က မှော်ဘီမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းတွင် ကျောင်းရှိ သံဃာတော်အပါးပေါင်း ၂၀၅ ပါးအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


'အစ်ကိုကွယ်လွန်တာ သုံးနှစ် ပြည့်သွားပါပြီ။ အခုချိန်ထိအောင် မမေ့ကြသေးဘဲ သတိတရအားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်ကျေးဇူး အများကြီးတင်ပါတယ်။

ကျွန်တော်တို့ရင်ထဲမှာတော့ အခုချိန်ထိအောင် အိပ်မက်တွေလိုပဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရဲ့ အနုပညာအပေါ်ထား တဲ့ ရူးသွပ်မှု၊ စေတနာ တွေကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ရှိနေဦးမှာပါပဲ'ဟု ညီဖြစ်သူသားညီက ပြော ပြခဲ့သည်။


ထို့အပြင် ဒွေးမကွယ်လွန်မီက မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဆာမိ(စတီးလ်)ကလည်း ရုပ်ရှင်ရိုက်ကွင်းအတွက် ရောက်ရှိနေသည့် ပုပ္ပားရှိ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်ငါးပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဒွေးနှင့် ရင်းနှီးလက်တွဲခဲ့သည့် သရုပ်ဆောင် ဖိုးကျော်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၌ လှူဒါန်းခြင်းများအား ရည်စူးပြုလုပ်ပေးခဲ့သည်ဟု သိရသည်ဟု eleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

ဆေးတက္ကသိုလ်(၁)ရန်ကုန် ပြောင်းရွှေ့ဖွင့်လှစ်ရန် တရားဝင် ညွှန်ကြားထားခြင်း မရှိသေးကြောင်း ပါမောက္ခချုပ် ပြောကြား


ရန်ကုန်တိုင်း လမ်းမတော်နှင့် ပြည်လမ်းရှိ ဖွင့်လှစ်သင်ကြားလျက်ရှိသော ဆေးတက္ကသိုလ်(၁) ရန်ကုန် အား ပြောင်းရွှေ့ဖွင့်လှစ်သွားမည် ဆိုသည်မှာမဟုတ်ကြောင်း အဆိုပါ ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်သူ ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။


ပြင်ပတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်အားပြောင်းရွှေ့မည်ဆိုသည့် သတင်းမှာ ကောလာဟလသတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှာလည်း ပြောင်း ရွှေ့မှုနှင့်ပတ်သက်၍ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိသေးကြောင်း ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြောကြားခဲ့သည်။


'အခု တော်တော်များများ ပြောနေကြပါတယ်။ ကျွန်တော့်ရဲ့ ဆေးတက္ကသိုလ်(၁) ရန်ကုန် ပြောင်းရွှေ့မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုချိန်ထိ ကျွန်တော့်ဆီကို သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ တရားဝင် ညွှန်ကြားချက် ဘာမှမပေးသေးဘူး။ ပညာရေးအဖွဲ့အနေနဲ့လည်း ဘာမှ မသိရသေးပါဘူး'ဟု ဆေးတက္ကသိုလ်(၁) ရန်ကုန်မှပါမောက္ခချုပ် ဒေါက်တာ ဖေသက်ခင်က ပြောကြားခဲ့သည်။


ဆက်လက်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးကလည်း 'ပြောင်းရွှေ့မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုအချိန်မှာလည်း ဆေးတက္ကသိုလ်ဝင်းထဲမှာ ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချဖို့ ချိပ်ပိတ်တင်ဒါ တွေခေါ်ယူနေပါတယ်။ ယိုမျိုးစုံဆိုင်၊ စာရေးကိရိယာ၊ ကွန်ပျူတာ နှင့်မိတ္တူဆိုင်၊ မြန်မာမုန့်မျိုးစုံဆိုင် တွေဖြစ်ပါတယ်။ ဖွင့်လှစ်ရောင်းချမယ့် ဆိုင်ပိုင်ရှင်တွေအနေနဲ့ကလည်း မူးယစ်စေတတ်တဲ့ ဘီယာ၊ ခေါင်ရည်၊ ဆေးလိပ်နဲ့ ကွမ်းယာတွေ မရောင်းရဘူး။ နောက်ပြီးအဖွဲ့က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချရမယ်။ ပြင်ပပေါက်ဈေး ထက်လည်း ပိုပြီးရောင်းချခွင့်မပြုပါဘူး'ဟု ပြောကြားခဲ့သည်။


ယခုလက်ရှိကာလ၌ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ဘွဲ့လွန် ကျောင်းသားကျောင်းသူဦးရေ ၄၀၀ ကျော်နှင့် ဘွဲ့ကြို ကျောင်းသား ကျောင်းသူဦးရေ ၃၀၀၀ ကျော် တက်ရောက် ပညာသင်ကြားနေကြောင်း သိရှိရသည်။


ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ ၁၉၂၃-၁၉၂၄ ခုနှစ်က ရန်ကုန်ဆေး ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်စက ကျောင်းသား ၄၀ ကျော် ရွေးချယ်ခံရသော်လည်း မြန်မာ ကျောင်းသား ၁၀ ဦးသာ ပါဝင်ခဲ့ ကြောင်းသိရသည်။ ကျန်ကျောင်းသားများမှာ ပန်ချာပီ၊ ဘင်္ဂါလီနှင့် အခြားသော ကပြားများဖြစ်သည်။ ဆေးကျောင်းသားများမှာ ဆေးဝိဇ္ဇာ ဘွဲ့(M.B.,B.S)ရရှိရေးအတွက် ဥပစာ သိပ္ပံအောင်မြင်ပြီး ခြောက်နှစ်ဆက် တိုက်ပညာသင်ကြားရသည်။ ယင်း သို့ပညာသင်ကြားဆဲကာလအတွင်း ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် ဆေးကောလိပ်အဆောက် အအုံသစ်ကို မြန်မာပြည်ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာက ပန္နက် ရိုက်ပေးခဲ့သည်။ ၁၉၂၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆောက်အအုံသစ် ပြီးစီးခဲ့ရာ ဆေးကောလိပ်ပထမအသုတ် ကျောင်းသားများအဖို့ နောက်ဆုံးနှစ် မီရုံမျှသာရှိခဲ့သည်။ ဆေးကောလိပ် ကျောင်းသား ၄၀ ကျော်မှာ ၁၉၂၉ ခုနှစ် နောက်ဆုံးနှစ်၌ ၁၂ ဦးသာ ကျန်ရှိပြီး ကိုးဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရှိရသည်။ အောင်မြင်ခဲ့သူများတွင် မြန်မာလူမျိုး ငါးဦး ပါဝင်ခဲ့ကြောင်း ကို eleven ဂျာနယ်တွင် ဖော်ပြထားပါသည်.။

ဇူလိုင်လ ဂ ၇က်နေ့တွင် ၁၅ မိနစ်ကြာတိုက်ခေတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ကွမ်းခြံကုန်းနှင့်ကော့မှုးမြို့နယ် များရှိ အိမ်ခြေ ၆၀ ကျော်ပျက်စီးခဲ့ပြီး လူ၁ဦး



သမင်ခြံကျေးရွာအတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်တစ်လုံးပျက်ဆီးသွားသည်ကို တွေ့ရစဉ်

ဇူလိုင်လ ၈ ၇က်နေ့တွင် ၁၅ မိနစ်ကြာတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်နှင့် ကော့မှုးမြို့နယ်များရှိ ကျေးရွာများအတွင်းမှ အိမ်ခြေ ၆၀ ကျော်ပျက်စီးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေအများစုမှာ ပျဉ်ထောင်အိမ်နှင့် ၀ါး၊ဓနိအိမ်များဖြစ်ပြီး လူတစ်ဦးသေဆုံးရခြင်း၏ အကြောင်းအရင်းမှာလည်း တိုက်ခတ်ခံရမှုကြောင့် မဟုတ်ဘဲ ယင်းအချိန်အတွင်း လျှပ်စီးများလက်ကာ မိုးကြိုးထိမှန်ခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ရန်ကုန်တိုင်း၊ကော့မှုးမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးညီညီဝင်းက "ဇူလိုင်လ ၈ရက်နေ့ ည ၆ နာရီ မိနစ် ၃၀ အချိန်မှာ ကော့မှုးမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ သမင်ခြံကျေးရွာနဲ့ ထန်းတပင်ကျေးရွာကို လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။ အလှုရှင်တွေကို ဖိတ်ကြားပြီး ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာ ပံ့ပိုးမှုတွေ ပြုလုပ်ထားပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဆန်တွေနဲ့သွပ်ချပ်တွေကိုလည်း ထိခိုက်ပျက်စီးသွားခဲ့တဲ့ အိမ်ခြေအလိုက် ပေးသွားပါမယ်။ လုံးလုံးကြီးပျက်စီးသွားတဲ့ အိမ်တွေရှိသလို အမိုးလန်၊ အိမ်စောင်းဖြစ်သွားတဲ့ အိမ်ခြေစုစုပေါင်း ၆၀ လောက်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။


ထန်းတပင်ကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခေတ်ပြီးနောက် မိမိ၏ပစ္စည်းများအားပြန်လည်သယ်သူနေစဉ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကော့မှုးမြို့နယ်)မှ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအရာရှိ ဦးကျော်နိုင်ကလည်း "လေဆင်နှာမောင်း တိုက်ခတ်သွားတယ်ဆိုတာကို ကျွန်တော်တို့က ည ဂ နာရီလောက်မှ သတင်းရပါတယ်။ အဲဒါနဲ့ ညတွင်းချင်းသွားရောက် ကြည့်ရှုပြီးတော့ တစ်ကိုယ်ရေသုံးပစ္စည်း၊ ဓာတ်ဆားထုတ်၊ ရေသန့်ဆေးပြားတွေကို ဖြန့်ဝေခဲ့တယ်။ အနံ ၁၃ ပေ၊ အလျား ၂၄ ပေ အမိုးအကာတွေကိုလည်း အိမ်ထောင်စုတစ်စုအလိုက် ပေးခဲ့ပါတယ်။ အိမ်တွေပျက်စီးသွားပေမယ့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးဖို့ မလိုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပါသွားတဲ့သူတွေ၊ ပျက်စီးခဲ့တဲ့သူတွေက အိမ်ပျက်စီးမှုမရှိဘဲ ကျန်ခဲ့တဲ့အိမ်တွေမှာ သွားရောက်ပူးပေါင်း နေထိုင်ပါတယ်။ ဖြစ်ဖြစ်ချင်း ယာယီဆေးကုခန်းမှာ သံစူး၊ သစ်သားရှ စတဲ့ ထိခိုက်ဒဏ်ရာရတဲ့လူ ၄ ဦးလောက်ပဲ ကုသပေးခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။

ထန်းတပင်မြို့နယ်တွင် အဆိုပါ လေဆင်နှာမောင်းနှင့် အမြင့်ပေအတော်တော်များများခန့် ပါသွားခဲ့သူ ကိုကျော်လွင်ဦးက "ကျွန်တော်ညနေ ၆ နာရီလောက်က လယ်ထဲမှာ နွားစာကျွေးနေတာပါ၊ လေဆင်နှာမောင်း မလာခင်မှာ လေတိုက်နှုန်းက တော်တော်လေးပြင်းထန်လာတယ်။ မိုးတဖွဲဖွဲကျလာတယ်။ အဲဒီအခါမှာ ကျွန်တော်အနေနဲ့ အခြေအနေမဟန်မှန်းသိတော့ တဲပေါ်ကို ပိုက်ဆံအိတ်တက်ယူဖို့ ခြေလှမ်းပြင်နေတုန်းအခါမှာပဲ လေသံက လေယာဉ်ပျံကြီးမောင်းလာတဲ့ အသံထက် ပိုကျယ်တဲ့ အသံနဲ့အတူ ကျွန်တော်ကလည်း ဖွေးကနည်းမြင်လိုက်ရတဲ့ မီးခိုးရောင် လေဆင်နှာမောင်းကြီးနဲ့ အတူတူမြောက်ပြီး ပါသွားပါတယ်။ အပေါ်ကို မြောက်သွားတဲ့အခါမှာ ကျွန်တော်က တဲတိုင်ကိုဖက်ပြီး ပါသွားတာပါ။ ကျွန်တော်ကိုယ်ကျွန်တော် သေပြီတောင် အောက်မေ့တာပါ။ ပြန်အကျမှာ ကံကောင်းလို့ မြေသားအပျော့ပေါ် ပြန်ကျခဲ့တာပါ။ ခြေထောက်ရယ်၊ ဦးခေါင်းရယ်၊ မျက်နှာတွေရယ် ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော်တဲကတော့ ကောက်စရာအစအနတောင် မကျန်ပါဘူး"ဟု ၎င်း၏အတွေ့အကြုံကို ရှင်းပြခဲ့ပါသည်။


သမင်ခြံကျေးရွာအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသော အိမ်တစ်လုံးကို တွေ့ရစဉ်

သမင်ခြံကျေးရွာတွင် နေထိုင်သူအသက် ၆၆ နှစ်အရွယ်ရှိ ဒေါ်စန်းတင့်ကလည်း "ဖြစ်တဲ့အချိန်မှာ အဒေါ်ကအိမ်မှာ တစ်ယောက်ထဲရှိနေတာပါ။ လေတွေကလည်း အပြင်းအထန်တိုက်ခတ်လာတော့ အဒေါ်က အိမ်ရှေ့ကအိမ်ကို သွားဖို့အထွက်မှာ လေတိုက်လို့ အိမ်တံခါးမကြီးနဲ့ မျက်နှာကိုရိုက်မိတော့ ဖင်ထိုင်ကျခဲ့ပါတယ်။ အဲဒီအခါမှာ အဒေါ်က ရွာအ၀င်ဝထိပ်ကို လှမ်းကြည့်လိုက်တော့ အချင်းတော်တော်ကြီးပြီး အမြင့်ထန်းပင်လောက်ရှိတဲ့ လေဆင်နှာမောင်းကြီးက မျက်စိတစ်မှိတ် ခဏလေးအတွင်းမှာပဲ မြင်လိုက်ရပြီးအိမ်ကို ၀င်ဆောင့်သွားတော့တာပဲ။ အိမ်ကတော့ အမိုးလန်ပြီး တစ်ခြမ်းပြိုသွားတယ်။ နာဂစ်လေမုန်တိုင်းတိုကိတုန်းကဆိုရင် တစ်ညလုံးဒုက္ခခံပြီးမှ အိမ်ပျက်စီးခဲ့တာ၊ အခုဟာက မျက်စိတစ်မှိတ်၊ စက္ကန့်ပိုင်းအတွင်းမှာ အားလုံးပျက်စီးသွားခဲ့တာပါ။ ရွာလမ်းရဲ့ ဘယ်ခြမ်း၊ ညာခြမ်းမှာ အိမ်တွေရှိပေမယ့် လေဆင်နှာမောင်းက ညာဘက်တစ်ခြမ်းထဲကိုပဲ ၀င်တိုက်သွားတာပါ"ဟု ပြောပြခဲ့သည်။

အဆိုပါ လေတိုက်ခတ်မှုကြောင့် ကော့မှုးမြို့နယ်အတွင်းရှိ အိမ်ခြေ ၆၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်ရှိ အိမ်ခြေ ၄ အိမ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကို eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနအဖစစ်သံရုံးရှေ့ဆန္ဒပြသပွဲ အခမ်းအနား (ကိုရီးယား )



ပေးပို့ ပေးသော flyingpeacock အားကျေးဇူးတင်ရှိပါသည်.။

11 July 2010

၂၀၁၀ ကမ္ဘာ့ဖလား အကောင်းဆုံး ဘောလုံးသမား(ရွှေဘောလုံး)ဆုအတွက် ဖီဖာနည်းစနစ်ကော်မတီမှ ပဏာမကစားသမား (၁၀)စာရင်းထုတ်ပြန်

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံးသမား(ရွှေဘောလုံး) ဆုအတွက် ဖီဖာနည်းစနစ်ကော်မတီမှ ပဏာမကစားသမား (၁၀)ဦး စာရင်းကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်လိုက်သည်။ဖီဖာက ထုတ်ပြန်ခဲ့သော (၁၀) ဦးတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသော စပိန်အသင်းမှ (၃)ဦး၊ ဟော်လန်အသင်းမှ (၂)ဦး၊ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကြသော ဂျာမနီအသင်းမှ (၂)ဦး၊ ဥရုဂွေးအသင်းမှ (၁)ဦး၊ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကြသော ဂါနာအသင်းမှ (၁)ဦး၊ အာဂျင်တီးနားအသင်းမှ (၁)ဦးစီ ပါဝင်ခဲ့ကြသည်။

ဖီဖာနည်းစနစ်ကော်မတီသည် ယင်းပဏာမ (၁၀) ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ လာရောက်သတင်းယူနေကြသော ဖီဖာအသိအမှတ်ပြု (Media Accreditation ရရှိထားသည့်) မီဒီယာသမားများထံမှ ဆန္ဒမဲကိုကောက်ခံပြီး ယင်းမဲပေးမှုဖြင့် အကောင်းဆုံး ဘောလုံးသမားအား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ မီဒီယာသမားများအနေဖြင့် ဖီဖာ၏ Media Channel တွင် ၀င်ရောက်မဲပေးရမည်ဖြစ်ပြီး ပထမနေရာ (1 Plast) အတွက် (၅)မှတ်၊ ဒုတိယနေရာ (2 Place) အတွက် (၃)မှတ်၊ တတိယ နေရာ (3 Place) အတွက် (၁)မှတ် စနစ်ဖြင့် ရမှတ်များ ပေးသွားမည်ဖြစ်ကာ အမှတ်အများဆုံးရရှိသည့် ဘောလုံးသမားကို ရွှေဘောလုံးဆု၊ ဒုတိယအမှတ် အများဆုံးရရှိသည့် ဘောလုံးသမားကို ငွေဘောလုံးဆု၊ တတိယ အမှတ်အများဆုံးရရှိသည့် ဘောလုံးသမားကို ကြေးဘောလုံး ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။ ယင်းကဲ့သို့ မဲပေးခြင်းအား FIFA Media Channel တွင်းရှိ သတ်မှတ်ထားသော နေရာတွင် ပြုလုပ်မည်ဖြစ်ပြီး လာမည့် တန င်္ဂနွေနေ့တွင် ကျင်းပမည့် ဟော်လန်- စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲပြီးချိန် (Final Whistle မတိုင်မီ) မဲပေးရမည် ဟု worldcup.news-eleven တွင်ဖော်ပြပါရှိပါသည်.။


...............................................................................................................................................................

ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ချင်သည့် အဘိုးအို မိသားစုနှင့် ရန်ဖြစ်ရာမှ ရိုက်နှက်ခံရပြီးသေဆုံး

အသက် (၆၁)နှစ် အရွယ်ရှိသူ တောင်အာဖရိက နိုင်ငံသား အဘိုးအိုတစ်ဦးသည် ကမ္ဘာ့ဖလားဘောလုံးပွဲကို ရုပ်သံတွင် ကြည့်ရှုလိုရာမှ မိသားစုနှင့်အချင်းများပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။တောင်အာဖရိကနိုင်ငံမြောက်ပိုင်း Limpopo ပြည်နယ်မှ ရွာတစ်ရွာတွင် မာကိုယာဟု အမည်ရသည့် ၎င်းအဘိုးအိုသည် ဘောလုံးပွဲကို TV ၌ကြည့်ရန် လိုင်းပြောင်းရာမှ မိသားစုနှင့်အချင်းများခဲ့ခြင်း ဖြစ်သည်။ သူ၏ဇနီးဖြစ်သူ၊ သားနှင့် သမီးတို့မှာ TV ၌ ဘာသာရေးဆိုင်ရာ အစီအစဉ်တစ်ခုကို ကြည့်ရှုနေစဉ်တွင် မာကိုယာမှာ ဘောလုံးပွဲလိုင်းပြောင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သူ့အား သူ၏ဇနီးဖြစ်သူ (အသက် ၆၈နှစ်အရွယ်)၊ သားနှင့်သမီး (၃၆ နှစ်နှင့် ၂၃ နှစ်အရွယ်)တို့က ၀ိုင်းဝန်းရိုက်နှက်ခြင်းကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မာကိုယာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိချိန်မှ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် မာကိုယာမှာ အသက်ဆုံးရှုံးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်ရပ်အတွက် သူ၏မိသားစု (၃) ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သမီးဖြစ်သူကိုမူ ရန် (၁၅၀၀)တန် အာမခံနှင့် ပြန်လွှတ်ပေးခဲ့ကြောင်းကို worldcup.news-eleven
တွင်ဖော်ပြပါရှိသည်.။

............................................................................................................................................................

စပိန်-ဂျာမနီ ဆီမီးဖိုင်နယ်ပွဲတွင် ကွင်းအတွင်း ပြေးဝင်လာသည့် ပရိသတ် ရန် (၃၀၀၀) ဒဏ်ရိုက်ခံရ



ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒါဘန်မြို့၌ ကျင်းပခဲ့သော စပိန်-ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကွင်းအတွင်း ပြေးဝင်လာသော ပရိသတ်အား ကမ္ဘာ့ဖလားအထူးတရားရုံး (SWC) က ဒဏ်ငွေ (၃၀၀၀) တပ်ရိုက်လိုက်ကြောင်း သိရသည်။သူ့အနေဖြင့် ဒဏ်ငွေမပေးဆောင်လိုပါက ထောင်ဒဏ် (၃) လကျခံရမည်ဖြစ်ကြောင်း သိရသည်။ အသက် (၂၃) နှစ်အရွယ်ရှိပြီဖြစ်သူ ၎င်းအီတလီလူမျိုး ပရိသတ်သည် ပွဲပထမပိုင်းတွင် ဗူဗူဇီလာကို ကိုင်ဆောင်ကာ ကွင်းအတွင်း ပြေးဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် ခြေမသန်စွမ်းသူ ပုံစံဟန်ဆောင်ကာ ဘီးတပ်ကုလားထိုင်ဖြင့် ပွဲကြည့်စင်သို့ ၀င်ရောက်လာပြီး ကွင်းနှင့်အနီးဆုံးနေရာတွင် မသန်စွမ်းသူများကို နေရာပေးခြင်းကြောင့် ကွင်းအတွင်း လွယ်လွယ်ကူကူ ၀င်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ သူ့အား ပိုင်နက်ကျူးလွန်မှုဖြင့် တာဝန်ရှိသူများက ပြစ်ဒဏ်ကြီးကြီးမားမား ချလိုသော်လည်း သူ့တွင် ဘောလုံးပွဲလက်မှတ် ပိုင်ဆိုင်ထားခြင်းကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် ပြစ်ဒဏ်မချနိုင်ကြောင်း အများပြည်သူအား တားမြစ်ထား သောနေရာသို့ ၀င်ရောက်ခြင်းပြစ်မှုဖြင့်သာ ယခုပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်း တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ကိုworldcup.news-eleven.တွင်ဖော်ပါရှိပါသည်.။


The Voice ( 6 _ 34 )ဂျာနယ်

The Voice 6-34 (E-book)

စစ်အာဏာရှင်တွေရဲ့ လုံးဝတရားမျှတမှုမရှိတဲ့၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၀ကမ္ဘာ့ဖလားမှာမှန်ကန်မှုတွေပေးနေတဲ့ရေဘဝဲလေး(ရုပ်သံ)