Showing posts with label ကြေကွဲမှတ်တမ်း. Show all posts
Showing posts with label ကြေကွဲမှတ်တမ်း. Show all posts

19 September 2010

၁၉ရက် စက်တင်ဘာ ၁၉၈၈က စစ်အာဏာရှင်တွေ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ မဝင်းမော်ဦးရဲ့ (၂၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဓာတ်ပုံမှတ်တမ်း..

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
ပင်နီနှင့်အဘွားမှာ မ၀င်းမော်ဦး၏ အဘွားဒေါ်နီ အသက်၈၈နှစ်ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာသံဃာ့ အရေးအခင်းမှာ သံဃာတော်တွေနဲ့ အတူ ၃ ရက်တိုင်တိုင် လမ်းလျှောက်ခဲ့သူဖြစ်သည်။ ၂၆ရက်နေ့ အကြမ်းဖက်ဖြိုခွဲမှု အရှေ့ဘက်မုဒ်တွင် သံဃာတော်တပါးမှ တိုက်ပေါ်သို့ ပွေ့ချီ တက်ပြေးခဲ့ရသည်။ (ပုံမှာ ၀င်းမော်ဦး အဖေ ဦးဝင်းကြု၊ အဘွားဒေါ်နီနှင့် အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူ ကိုလူမော်လတ်)ပါ..။
မဝင်းမော်ဦး မိဘတွေ အိမ်မှာချိတ်ဆွဲထားတဲ့.. မဝင်းမော်ဦးရဲ့ သမိုင်းဝင်ဓာတ်ပုံပါ...
ပေးပို့ပေးလာတဲ့ ကိုလူမော်နဲ့ ရွှေကျောင်းသားတို့ အားကျေးဇူးတင်ပါသည်...။

15 July 2010

မြစ်ကြီးနားထောင်ထဲတွင်နအဖစစ်အစိုးရမှ မတရားဖမ်းဆီးအကျဉ်းချထားသောကိုဇာဂနာ၏ ဖခင်ဦးနန်းညွန့်ဆွေ၏နောက်ဆုံးခရီး ဓာတ်ပုံ မြင်ကွင်း




ဇာဂနာ ကိုယ်စား ပေးဆပ်မှုများ

နိုင်ငံကျော် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာ (ခ) ကိုသူရ၏ ဖခင် စာရေးဆရာမကြီး (ဒေါ်ကြည်ဦး)၏ ခင်ပွန်း ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ်သည် ၁၄.၇.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ကွယ်လွန်သွားပါ၍ ၁၅.၇.၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီတွင် ရန်ကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ တိုက် (၂၁၆)၊ အခန်း (၆) နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်သယ်ဆောင်၍ ရေဝေးသုဿန်တွင် သံဃာတော်များ၊ စာနယ်ဇင်း ဆရာများ၊ အနုပညာရှင်များ၊ ဧည့်ပရိသတ်များစွာနှင့် စည်ကားသိုက်မြိုက်စွာဖြင့် မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါသည်။

ကျန်ရစ်သူ သားဖြစ်သူ ဦးတေဇ၊ ဦးသူရ(ခ) ဇာဂနာ၊ ဒေါ်သွင်မာဦးနှင့် မြေးဖြစ်သူ မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့ ကိုယ်စား ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်များ၊ အသင်းသူ/သားများမှ လွမ်းသူပန်းခြင်းများ ပို့ဆောင်ခြင်းနှင့် ဈာပနကိစ္စ အ၀၀တို့အား လိုလေသေးမရှိ ပံ့ပိုးကူညီ ဖေးမဆောင်ရွက် ခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

14 July 2010

မြစ်ကြီးနားထောင်ထဲတွင်မတရားအကျဉ်းကျခံနေရသောကိုဇာဂနာရဲ့ ဖခင် ဦးနန်းညွန့်ဆွေ ယနေ့ညနေ(၅)နာရီတွင်ကွယ်လွန်

မိတ်ဆွေအပေါင်းတို့ ....ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ (၅း၀၀)နာရီမှာ..ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်)ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကွယ်လွန်သွားရှာပြီဗျာ...........။


လေးစားဦးညွတ်လျက်....ကျော်သူ

(မနက်ဖြန်...၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာရေဝေးသုသ၁န်မှာသဂြိုလ်ရန်စီစဉ်နေပါကြောင်း....။)

12 July 2010

မင်းသားဒွေးကွယ်လွန်ခြင်း ဇွန်လိုင်(၁၁)ရက်နေ့တွင် သုံးနှစ်ပြည့်အဖြစ် တစ်နိုင်တစ်ပိုင် လှူဒါန်းခြင်းများပြုလုပ်



ဒွေးကွယ်လွန်ခြင်းသုံးနှစ်ပြည့် အဖြစ် မိသားစုများနှင့် နီးစပ်ရာ အနုပညာရှင်အချို့က တစ်နိုင်တစ်ပိုင် လှူဒါန်းမှုအချို့အား ပြုလုပ်ခဲ့ကြသည် ဟု သတင်းရရှိသည်။


ယင်းသို့ပြုလုပ်ခဲ့ကြရာ၌ ဇနီး ဖြစ်သူ မမိုးမိုးနှင့် ဒွေး၏မိသားစုဝင်များတို့က မှော်ဘီမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းတွင် ကျောင်းရှိ သံဃာတော်အပါးပေါင်း ၂၀၅ ပါးအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


'အစ်ကိုကွယ်လွန်တာ သုံးနှစ် ပြည့်သွားပါပြီ။ အခုချိန်ထိအောင် မမေ့ကြသေးဘဲ သတိတရအားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်ကျေးဇူး အများကြီးတင်ပါတယ်။

ကျွန်တော်တို့ရင်ထဲမှာတော့ အခုချိန်ထိအောင် အိပ်မက်တွေလိုပဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရဲ့ အနုပညာအပေါ်ထား တဲ့ ရူးသွပ်မှု၊ စေတနာ တွေကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ရှိနေဦးမှာပါပဲ'ဟု ညီဖြစ်သူသားညီက ပြော ပြခဲ့သည်။


ထို့အပြင် ဒွေးမကွယ်လွန်မီက မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဆာမိ(စတီးလ်)ကလည်း ရုပ်ရှင်ရိုက်ကွင်းအတွက် ရောက်ရှိနေသည့် ပုပ္ပားရှိ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်ငါးပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဒွေးနှင့် ရင်းနှီးလက်တွဲခဲ့သည့် သရုပ်ဆောင် ဖိုးကျော်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၌ လှူဒါန်းခြင်းများအား ရည်စူးပြုလုပ်ပေးခဲ့သည်ဟု သိရသည်ဟု eleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

18 June 2010

မော်ကွန်းဝင် ဗိုလ်မှူး မင်းလွင် ၏ ဈာပန ဓာတ်ပုံမှတ်တမ်း


မော်ကွန်းဝင်အတွက် ပေးဆပ်မှု

ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် သည် ၁၅.၆.၂၀၁၀ (အင်္ဂါ) နေ့တွင် ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ၁၆.၆.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၃း၀၀) နာရီတွင် ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။

မော်ကွန်းဝင် ဗိုလ်မှူး မင်းလွင် ၏ ဈာပန ဓာတ်ပုံမှတ်တမ်း




ကိုမော်ကြီး(ကိုမော်မင်းလွင်) နှင့် ကိုအောင်(ကိုအောင်ကြီးလွင်) တို့၏ ဖခင် ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ်
ကွယ်လွန်သွားခြင်းအား မြတ်လေးငုံ မှ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲ ရပါသည်.။

ဓာတ်ပုံ များပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးအထူးတင်ရှိပါသည်.။

20 May 2010

အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၏ ဈာပန ဓာတ်ပုံမှတ်တမ်း














ပန်းတွေနဲ့ ဝေပြီး..နှောင်းတစ်မြေ့ မြေ့ နဲ့ ကျန်ရစ်သူတို့ ရဲ့ အလွမ်း.....။

အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၂၀၁၀ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ည (၉း၀၀) နာရီအချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၁၀ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) အချိန် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်ပေါင်းများစွာနှင့် ကိုသုမောင်အား ချစ်ခင်လေးစားကြသော ပရိတ်သတ်အပေါင်းမှ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပါသည်။


ထူးခြားချက် ၂ ခုမှာ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ကိုသုမောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မေလ၊ ၁၆ ရက်နေ့ သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် မိုးများရွာသွန်းပေးခြင်းနှင့် မေလ၊ ၂၀ ရက်နေ့ ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည့် အခမ်းအနားနေ့တွင် ပိတောက်ပန်းများ ပွင့်ခြင်းတို့ပင် ဖြစ်သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

19 May 2010

နိုင်ငံရေးအကျဉ်းသားတဦး မြင်းခြံထောင်တွင် ကွယ်လွန်

သတင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ၊ ၊ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့

နိုင်ငံရေးအကျဉ်းသားတဦး ထောင်တွင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော်စိုး ယနေ့နံက်တွင် မြင်းခြံထောင်တွင့်း ကွယ်လွန်သွားကြောင်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်၊ အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှစတင်ပြီထောင်တွင်းကွယ်လွန်သူများစာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်ပါသည်၊ အေအေပီပီမှ ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြောင်းကိုလည်း ဖေါ်ပြလိုပါသည်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် အဖွဲ့ဝင်တဦးလည်းဖြစ်သူကိုကျော်စိုး (ခ) ကိုကျော်ကျော်စိုး (ခ) ကိုဂျက်ဖရီသည် တောင်ကြီးမြို့၊သစ်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ပါသည်၊ ကိုကျော်စိုးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့၌အဖမ်းခံခဲ့ရပြီး ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားခဲ့ရပါသည်၊ ကိုကျော်စိုးသည် ပုဒ်မ ၁၇ (၁)။ ပုဒ်မ ၁၃ (၁)။ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲဆိုခြင်းခံရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါသည်၊ ထို့နောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်မှ မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်သို့ ထောင်ပြောင်းခံခဲ့ရပါသည်၊

ကိုကျော်စိုးသည်မြင်းခြံထောင့်အသက်ရှူရခက်သည့်ဝေဒနာနှင့်အစာအိမ်နှင့်ပတ်သက်သည့်ဝေဒနာများအား ခံစားခဲ့ရကြောင်းသိရှိရပါသည်၊ အေအေပီပီအတွင်းရေးမှူးဖြစ်သူကိုတိတ်နိုင်မှ “ကိုကျော်စိုးဆုံးသွားတာက ၁၉၈၈ ခုနှစ်ကနေ အခုအချိန်အထိ ၁၄၄ ယောက်မြောက်ဖြစ်ပါတယ်၊ သူကျန်းမာရေးမကောင်းတော့ သူ့မိသားစုက ဆေးဝယ်ပေးမယ်။ သေသေချာချာ ကုသပေးပါရစေဆိုပြီး မြင်းခြံထောင်က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်၊ အာဏာပိုင်တွေက ဆေးဝါးလုံလုံလောက်လောက်ရှိတယ်။ သူတို့လဲသေချာကုပေးနေတယ်ဆိုပြီးအကြောင်းပြန်ခဲ့တော့ သူ့မိသားစုက သူ့အတွက်ဆေးတွေလည်းပေးခွင့်မရဘူး။ သူ့ကိုလည်း သေချာကုပေးခွင့်မရခဲ့ဘူး၊ အခုတော့ ကိုကျော်စိုးအသက်ဆုံးတဲ့အထိ ဖြစ်သွားရတာပဲ၊” “မြန်မာနိုင်ငံထဲက ထောင်တွေရဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေ။ သင့်တော်လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာတွေ။ ဆေးကုသခွင့်ငြင်းပယ်ခံရတာတွေ။ နှိပ်စက်ညှဉ်းပမ်းခံရတာတွေက အကျဉ်းသားတွေ ကျန်းမာရေးထိခိုက်စေတဲ့ အခြေခံအကြောင်းရင်းတွေဖြစ်ပြီးတော့ အဲဒါတွေကြောင့် နိုင်ငံရေးအကျဉ်းသား မြောက်များစွာ ထောင်တွေထဲမှာ အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရတာပါ” ဟု ရှင်းပြပါသည်၊

ကွယ်လွန်သူ ကိုကျော်စိုးတွင် ဇနီးဖြစ်သူ မမေဟန်အိနှင့် ၇ နှစ်အရွယ် သမီးငယ်တဦး ကျန်ခဲ့ပါသည်၊

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်

ကိုတိတ်နိုင်၊ အတွင်းရေးမှူး ၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည်၊ တွဲဖက် အတွင်းရေးမှူး ၆၆ (၀) ၈၁ ၉၆၂ ၈၇၁

14 May 2010

ပန်းချီ သန်းမြင့်အောင် ဈာပန ဓါတ်ပုံများ

ပန်းချီ သန်းမြင့်အောင် ဈာပန အခမ်းအနား



ပန်းချီ အနုပညာရှင် ကိုသန်းမြင့်အောင်သည် မေလ ၁၁ ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ပါသည်။ မေလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန် ဆေးရုံကြီး အအေးခန်းမှ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းပြီး ရေဝေး သုဿန်သို့ သယ်ဆောင် သဂြိုင်္ဟ်ခဲ့ပါသည်။


၎င်း ဈာပန အခမ်းအနားသို့ အနုပညာရှင် အသိုင်းအ၀ိုင်းမှ စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကဗျာဆရာများနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေး အသင်းသူ အသင်းသားများ တတ်ရောက်ခဲ့ကြပါသည်။ (ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ။)


















ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

12 May 2010

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ ဇနီးဒေါ်ခင်တင့်(၈၅)နှစ် ကွယ်လွန် (ဟေမာနေဝင်း၊ ရာဇာနေဝင်း နှင့် အိန္ဒြာကျော်ဇင် တို့၏အဘွား )

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျဇနီး ဒေါ်ခင်တင့် (၈၅) နှစ် ကွယ်လွန်
စစ်အစိုးရသတင်းစာတို့က “ရဲဘော်သုံးကျိပ်ဝင်” စာသားကို ဆင်ဆာဖြတ်






ယမန်နေ့ နံနက် အစောပိုင်း ၂ နာရီ ၀န်းကျင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ ဇနီး ဒေါ်ခင်တင့် ၈၅ နှစ်ဟာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်း အမှတ် ၁၁ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။



ဒေါ်ခင်တင့်ရဲ့ ဈာပနကို ညနေ ၄ နာရီခွဲ အချိန်က ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးသားချင်းများ၊ အနုပညာနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။




ကွယ်လွန်သူကို ရည်စူးပြီး မေလ ၁၆၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ ဖြစ်တဲ့အတွက် အမှတ် ၁၁၊ ကုက္ကိုင်းရိပ်သာလမ်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်သို့ ကြွရောက်နိုင်ရန် ဆွေမျိုးမိသင်္ဂဟများကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။



ဒေါ်ခင်တင့်ရဲ့ ဈာပနကို မီးသဂြိုဟ် ပြီးစီးကြောင်းနဲ့ ရည်လည်ဆွမ်းသွပ်တရားနာ ကြွရောက်နိုင်ရန် နိုင်ငံပိုင်သတင်းစာများမှာ နာရေးကြော်ငြာထည့်တဲ့အခါ ကြေးမုံသတင်းစာက ဗိုလ်ဇေယျရဲ့ အမည်ရှေ့မှာ ရဲဘော်သုံးကျိပ်ဝင် ဆိုတဲ့စာသားကို ဖြုတ်ခိုင်းပြီး၊ မြန်မာ့အလင်းသတင်းစာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျလို့ ဖော်ပြချင်ရင် အထက်သို့ဆက်လက် တင်ပြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဒေါ်ခင်တင့်ရဲ့ ဆွေမျိုးနီးစပ်တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။



ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ဇနီးဒေါ်ခင်တင့်တို့ဟာ ဒေါ်ခင်မာလာ၊ ဒေါ်နီနီ၊ ဒေါ်မြသီတာ၊ ဒေါ်အင်ကြင်းဇေယျ၊ ဒေါ်ဧကရီဇေယျ စတဲ့ သမီး ၅ ဦးထွန်းကားခဲ့ပါတယ်။ မြေး ၁၅ ဦး၊ မြစ် ၁၅ ဦး ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဆိုတော် ဟေမာနေ၀င်း၊ နာမည်ကြီး သရုပ်ဆောင် ရာဇာနေ၀င်း၊ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် တို့ဟာ ဗိုလ်ဇေယျ၊ ဒေါ်ခင်တင့်တို့ရဲ့ မြေး တော်စပ်ကြောင်း သိရပါတယ်။



























ရင်းမြစ်..မိုးမခ

01 May 2010

ကိုငြိမ်း ဆိုတဲ့ ကဗျာဆရာကိုငြိမ်းလူရဲ့ နောက်ဆုံးခရီး ဈာပန ပုံရိပ် မှတ်တမ်း



ကိုငြိမ်း ဆိုတဲ့ ကဗျာဆရာကိုငြိမ်းလူ ရဲ့ နောက်ဆုံး ကဗျာလေး တပုဒ်ပါ.....


ပြောင်းခင်းထဲက နေ(သို့) ရင့်မှည့်စေသောစာမျက်နှာ

ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာတူတာပဲလား

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား

ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား

ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား

ညကိုလမ်းလျှောက်
တောင်မြောက်ကို ကြည်ခွင့်မရတာ
အပြစ်လား

ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့

တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်

အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲ့စက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်...
တိုက်လိုက်ပါ

ဒါပြီးရင်လေ
သူတို့က
ပါရီကနံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျာကို ကောင်းကောင်း ပြောပြလိမ့်မယ်

ဆေးရေးနှုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ပင်းနစ်ရဲ့ ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့

မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့ ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်

ပြီးတော့ စစ်တွေနဲ့ ညှပ်ထားတဲ့
ပါမုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်

အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြေရေသုတ် ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီးထွက်ခွာသွားမြဲ........။

ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့ အိုကိုးရဲ့ ဘဝထဲမှာ......
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်......။


ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်
ငြိမ်းလူ

Australian Burmese Community Journal အတွဲ(၁) အမှတ်(၁၀)မေလထုတ်အတွက်
ကိုငြိမ်း(ကဗျာဆရာ ငြိမ်းလူ) ရေးပေးခဲ့တဲ့ ကဗျာပါ။ ဒါဟာကဗျာဆရာ ငြိမ်းလူ ရဲ့ နောက်ဆုံး
ကဗျာဆိုလဲ မမှားပါဘူးရှင်....။

30 April 2010

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှရဲဘော်မောင်မောင်ငြိမ်း (ကိုငြိမ်း) အတွက် ဝမ်းနည်းကြေကွဲခြင်းမှတ်တမ်း

ဝမ်းနည်းကြေကွဲခြင်း




ပည်သူ့ကာကွယ်ရေးတပ်- အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု- မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်၊ ရိုးမ(၃)သတင်းဌာန- အယ်ဒီတာချုပ် ရဲဘော်မောင်မောင်ငြိမ်း (ကိုငြိမ်း) ပီလ(၂၉)ရက်နေ့ နံနက်(၃)နာရီ ခန့်တွင် ကွယ်လွန်သွားကြောင်းသိရှိပါသည်။




စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် မဆုတ်မနစ် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သော ရဲဘော်မောင်မောင်ငိမ်းကွယ်လွန်ဆုံးပါးသွားခြင်းအပေါ် ကျွန်ပ်တို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ မိသားစုနှင့်ထပ်တူ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။




ရဲဘော် ကောင်းရာသုဂတိလားပါစေ။



နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)



၃၀၊ ဧပြီ၊ ၂၀၁၀

29 April 2010

ဝမ်းနည်း ကြေကွဲခြင်း




  • အမည် - ကိုမောင်မောင်ငြိမ်း
  • အသက် - (၄၃) နှစ်
  • ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
  • ဇနီးအမည် - မချမ်းလွန် (Internews)
  • အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
  • မွေးရာဇာတိ - ရန်ကုန်
  • လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။


၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။



ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။



သင်္ဂြီုဟ်မည့်အစီအစဉ်

  • အချိန် - နေ့လည် (၁) နာရီ။
  • နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
  • နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း၊(မဲဆောက်)။
သိပ်ကိုချစ်ခင်ဘို့ကောင်းသော ကိုငြိမ်း တယောက်ကောင်းရာမွန်ရာဘဝကိုရောက်ရပါစေလို့...။

မြတ်လေးငုံ...


17 April 2010

ယနေ့ ရန်ကုန်ရေဝေးသုသာန် ၌(၁၉) လောင်းပြိုင်အသုဘကိုမီးသဂြိုလ်ပြီးစီးပါကြောင်း

ရန်ကုန်ုမြို့တော်တွင် ယခုနှစ်လို အကျည်းတန် အရုပ်ဆိုးစေသော သင်္ကြန်ကို ယခုနှစ်၌ သာတွေ့မြင်ခဲ့
ရပါသည်.။
ဗုံးပေါက်ကွဲမှု ကြောင့် အသက်သေးဆုံးခဲ့ကြသော ယောင်္ကျားမိန်းမ လူကြီးလူငယ် များ
အတွက်ကျမမြတ်လေးငုံမှအလွန်ကြေကွဲမိပါသည်။ထို့ကြောင့်မိသားစုနှင့်ထပ်တူထပ်မျှကြေကွဲ
ဝမ်းနည်းမိပါကြောင်းလဲပြောကြားပါသည်.။


ယနေ့တွင် မြန်မာနှစ်သစ်ကူးအတာ သင်္ကြန်သည်လည်းပြီးဆုံးခဲ့ပါသည်.။မြန်မာနှစ်သစ်တွင်
မကောင်းဆိုးဝါးများဖြစ်ကြသောအာဏာရူးတသိုက်၏မြန်မာပြည်သူများအားမတရားအနိုင်ကျင့်
ဖမ်းဆီးနှိပ်စက်ခြင်းများကင်း
ဝေးကြပါစေရှင်.။

မကောင်းဆိုးဝါး အာဏာရူး များ၏ရက်စက်တဲ့ လုပ်ရပ် များကတော့ အန်မခန်းအောင်ပါဘဲ.။
ယခုလဲ ပြည်သူ
လူထုများအား မတရားတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပါအုံးမည်.။

မြန်မာနှစ်သစ်ကူးအတွက် မြန်မာပြည်သူတွေ အတွက် အလွန်ကြေကွဲမှုများနဲ့ဖြတ်သန်းခဲ့ပါမည်.။
ကွန်လွန်သွား
ကြသောသားသမီးများ၊ဇနီး၊ယောင်္ကျားများ.၊ဆေးရုံတွင်လည်းအရေးပေါ်ဆေးကုသမှု ခံယူနေကြသောလူနာများအားလုံးအတွက်အထူးဝမ်းနည်းစိတ်မကောင်းဖြစ်မိပါကြောင်းပြောကြား
လိုက်ပါသည်။



နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော
ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ်
ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေလို့

မြတ်လေးငုံ မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

24 December 2009

ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် လူငယ် နိုင်ငံရေးအကျဉ်သား မတင်တင်ထွေး နာရေးသတင်း..။

အဖွဲ့ချုပ်လူငယ် အမျိုးသမီးတယောက် မနေ့ကဘဲ ဆုံးသွားတယ်လို့
သတင်းရပါတယ်။


နာမည်ကမတင်တင်ထွေးပါ။၂ဝဝ၇ရွေဝါရောင်လှုပ်ရှားမှုမှာထောင်၃ နှစ်ကျပြီး မကြာခင်အင်းစိန်
အကျဉ်းထောင်မှလွတ်ရက်စေ့ပြီးပြန်လွတ်တော့မဲ့နိုင်ငံရေးအကျဉ်းသားတယောက်ပါ။

သူ့၏ကျန်းမာရေးကတော့အစာအိမ်ရောဂါကိုခံစားနေရပါတယ်လို့သိရပါတယ်.။
အစာအိမ်အချဉ်ပေါက်တယ်လို့သတင်း ကြားပါတယ်။ဒါေ
ကြာင့်အင်းစိန်ထောင်ထဲကနေအပြင်
ဆေးရုံကိုထုတ်ပြီးဆေးကုသမှုကိုခံယူပါတယ်။အပြင်ဆေးရုံတွင်တက်ရောက်ဆေးကုသခံယူနေစဉ် အတွင်းနိုင်ငံရေးအကျဉ်းသားမတင်တင်ထွေးသည် ၂၃ရက်နေ့တွင် ကွယ်လွန်သွားပါတယ်။


နိုင်ငံရေးအကျဉ်းသားမတင်တင်ထွေး၏အလောင်းကိုသူ့၏နေအိမ်သို့ပြန်ပြီးသယ်ယူလို့ရပါကြောင်း
ကိုအာဏာပိုင်များကပြောကြားပါတယ်။၂၃ရက်နေ့မှာဆုံးပြီး ၂၅ ရက်နေ့မှာ အသုဘ ချပါမယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်အဖွဲ့ဝင်တဦးလဲဖြစ်နိုင်ငံရေးအကျေဉ်းသားတဦးလဲဖြစ်တဲ့
မတင်တင်ထွေး မှာ ဗဟန်းမြို့နယ်မှာနေပါ
တယ်၊


ဤသို့ နိုင်ငံရေး အကျဉ်းသားများ မသေဆုံးသင့်ဘဲသေဆုံး ရသည့်မှာ မြန်မာနိုင်ငံတွင်းရှိ
အကျဉ်းထောင်များ၌လုံလောက်
သောဆေးဝါး များမရှိခြင်း။ ထိထိရောက်ရောက် ဆေးဝါးကုသမှု
မပေးခြင်း။ဆေးဝန်ထမ်းများအားလဲ
တတ်ကျွမ်းနားလည်သော ဝန်ထမ်းများကို ထားရှိမှုမရှိခြင်း။
အဟာရရှိသောအစားအစာများက
ိုလဲလုံလောက်စွာမကျွေုးခြင်း။လူတွေကိုလူလိုမဆက်ခြင်း.။
တကိုယ်ရည်သန့်ရှင်းမှုများကိုလဲသေချာ
မပြုလုပ်ရခြင်း.။အာဏာပိုင်များဟာနိုင်ငံရေးအကျဉ်းသား
များအပေါ်လူ့အခွင့်ရေးချိုးဖောက်မှုများ
ကိုပြုလုပ်နေသည်ကိုပေါ်လွင်အောင်ပြသထားပါသည်.။
မတင်တင်ထွေးလို နိုင်ငံရေးအကျဉ်းသား များဟာမသေသင့်ဘဲ
အသက်ဆုံးရှုံးမှု မျိုးတွေကို
များစွာတွေ့မြင် နေရပါသည်.။အာဏာပိုင်များ၏ လူသားခြင်းစာနာထောက်ထား
မှု မရှိခြင်းများဟာ
တနေ့တခြား ပိုမိုဆိုးးရွာမှု တွေကို လုပ်ဆောင်နေကြောင်းကို ထင်ဟပ်ပေါ်လွင်စေပါသည်.။


မတင်တင်ထွေး၏နာရေးသတင်းအား ပြည်ပတွင် ရောက်ရှိ နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်
အဖွဲ့ဝင် များအား အကြောင်းကြားအပ်ပါတယ်.။

16 December 2009

နိုင်ငံရေးအကျဉ်းသားဟောင်း,NLDလူငယ်ဟောင်း, ABSDFသေဘော်ဘိုးစခန်းရဲဘော်ဟောင်းကိုမျိုးခင် ကွယ်လွန် ခြင်း..။

နိုင်ငံရေးအကျဉ်းသားဟောင်း, NLDလူငယ်ဟောင်း, ABSDFသေဘော်ဘိုးစခန်း ရဲဘော်ဟောင်း
ကိုမျိုးခင် သည် (၉၆)ပါးရောဂါဖြင့် ထိုင်းနိုင်ငံ တပ်ခရိုင် နို့ဘို့ဒုက္ခသည် စခန်းတွင် ကွယ်လွန် သွားခြင်းဖြစ်ပါသဖြင့်ကိုမျိုးခင်ရဲ့ ရဲဘော် ရဲဘက်အပေါင်းအား လေးစားစွာဖြင့်အသိပေး အကြောင်းကြားခြင်းဖြစ်ပါသည်.။

ကိုမျိုးခင်သည် စက်တာဘာတော်လှန်ရေး ကာလ ပြီးနောက်လွတ်မြောက်နယ်မြေသို့
ဒုတိယအကြိမ်ပြန်လည်ရောက်ရှိခဲ့ပါသည်.။ပထမအကြိမ် ၈၈အရေးအခင်းဖြစ်ပြီးနောက်
တောခိုလာပြီးပြည်တွင်းသို့ပြန်လည်ဝင် ရောက်ခဲ့ပြီး အာဏာပိုင်များက ဖမ်းဆီးမှုပြုသဖြင့်
တောာတွင်းဆက်သွယ်မှုဖြင့် ထောင်ထဲသို့ ရောက်ခဲ့ပြီးနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါသည်.။





ဖိတ်စာအားနှိပ်ပြီးဖတ်နိုင်ပါသည်.။