14 May 2010

သောက်ရေရဘို့ပြည်သူတွေကိုယ့်အားကိုယ်ကိုးပြီးလက်ရေတွင်းတွေ တူးဖော်နေတယ်ဆိုတော့နအဖစစ်အာဏာရှင်များ ဒီတိုင်းကြည့်နေတာနားတွေမျက်စေ့တွေကန်းကုန်ကြ လို့လားရှင်




မင်းတုန်းမြို့နယ် ပန်းတောကျေးရွာတွင် သောက်ရေသန့်ရရှိရန် တစ်ဖက်ပိတ်ကန်တူးဖော်ပြီး ကန်ဘောင်အောက်ဘက်မှ လက်တူးတွင်းတူး၍ အသုံးပြုနေရကြောင်းသိရသည်။



အဆိုပါ ပန်းတောကျေးရွာသည် ပုသိမ်-မုံရွာကားလမ်းပေါ်တွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတို့ ဖွံ့ဖြိုးတိုးတက်မှုရှိသော်လည်း တိုးတက်လာသောလူဦးရေ၊ တွဲဖက်အထက်တန်းကျောင်းတို့အတွက် သောက်သုံးရေ လိုအပ်လာသဖြင့်စာသင်ကျောင်းအနီးတွင် ကျေးရွာအုပ်စု ၄ အုပ်စု၏ ထည့်ဝင်ငွေများဖြင့် ၂၀၀၉ ခုနှစ် နှစ်ဦးပိုင်းတွင် မြေကျင်းပေါင်း ၄၆၉ ကျင်းကို ငွေကျပ် ၁၁ သိန်းကျော် အကုန်ကျခံ၍ သုံးရေကန်တူးဖော်ခဲ့ပြီး တာဘောင်အောက်မှ လက်တွင်း များဖြင့် သောက်ရေကို အသုံးပြုနေရကြောင်းသိရသည်။



နွေရာသီရေခန်းချိန်တွင် သောက်သုံးရေ အခက်အခဲရှိနိုင်သောကြောင့် မန္တလေးမြို့အလှူရှင်များ၏ လှူဒါန်းမှုဖြင့်သန့်ရှင်းသော မြေအောက်ရေရရှိနိုင်ရန် စက်ရေတွင်း နှစ်တွင်း ကို ပေ ၄၀၀ ကျော်အထိ တူးဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ပန်းတောကျေးရွာမှ ရေရှိရေးအကျိုးဆောင်ဦးတင်လှိုင်က ပြောသည်။



ပန်းတောကျေးရွာတွင် ရာသီမရွေး သောက်သုံးရေအလုံအလောက် ရရှိနိုင်ရန် အသုံးပြုနေသော ရေကန်အား ထပ်မံပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို ကျေးရွာပြည်သူတို့၏လုပ်အား ထည့်ဝင်ငွေတို့ဖြင့် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်မည်ဖြစ်ကြောင်း weeklyeleven မှဖော်ပြပေးထားပါသည်.။

အာဏာရှင်မိသားစုရဲ့စိတ်တိုင်းကျသုံးဖြုန်းနေပုံ ထင်တိုင်းကျဲနေသော” စိန်စီသောည ”နှင့် ပြည်သူတွေရဲ့ ဘဝ




စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင် မခြောက်ပါဘူးဆိုတဲ့ စစ်ဘီလူးကြီး ဦးနေဝင်းရဲ့စကား




နိုင်ငံရေးအကျဉ်းသားများ မရှိဘူးလို့ ပြောင်လိမ်နေပေမယ့် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ခေါင်းဆောင် အပါအဝင် နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းချခံထားရသူ တွေစုစုပေါင်း ၂၀၀၀ကျော်ဟာ ယနေ့ထိမြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှာရှိနေဆဲပါ




ပြည်သူ လူထု တွေကတော့ ယနေ့အချိန်မှာ ရေဘေး ဒုက္ခ၊ မီးဘေး ဒုက္ခ၊ မင်းဘေး ဒုက္ခ၊ လေဘေး ဒုက္ခ ၊တွေကတော့ အာဏာရှင်တွေနဲ့ မဆိုင်သလို အာဏာရှင် တွေကလုပ်နေတုံးပါဘဲ.။ အာဏာရှင်မိသားစု ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲမှာကုန်ကျနေသော ငွေကြေးများမှာ ပြည်သူပိုင်ငွေများ သာဖြစ်ပြီး ပြည်သူတွေရဲ့ဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ဘို့ ဆိုတာတော့အလွန်ဝေးလှပါသည်.။ ကိုယ်ချင်းစာစိတ်ကို အာဏာရှင် မိသားစု မွေးသင့်ပါသည်.။

13 May 2010

ကိုကျော်သူ ရဲ့ ခွေးသူခိုး နာဂစ်

Photobucket



ခွေးသူခိုး နာဂစ်




နည်းနည်းတော့ ရိုင်းသွားမည်။


နည်းနည်းတော့ ရင့်သည်းသွားမည်။

ကျွန်တော် ရှင်းပါမည်။



ဘ၀ ဘ၀တွေ ပျက်စီးသွား၊ ကလေးငယ်တွေ မိဘမဲ့ဖြစ်သွားကြ၊ အိုးမဲ့၊ အိမ်မဲ့၊ ဘ၀တွေ တစ်စစီ လွင့်မျောခဲ့ကြရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း။




ဒုက္ခသည်တွေကို ကယ်တင်ကြ၊ ဖေးမကြ၊ ကူညီကြ၊ ပံ့ပိုးကြ၊ လှူဒါန်းကြတာ လူပီသသူ တို့ရဲ့ ပင်ကိုယ်ဗီဇ၊ လူပီသသူတို့ရဲ့ ပင်ကိုယ်စိတ်ဓါတ်ပင် ဖြစ်သည်။



ဒါကြောင့် … ပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များတင်မက တိုင်းတစ်ပါး အလှူရှင်များပါ မြောက်များစွာ ပေါ်ထွက်လာတော့သည်။



ဝေးရပ်မြေမှ အလှူရှင်များက ငွေ၊ ပစ္စည်း၊ အသုံးအဆောင်၊ အ၀တ်အစား၊ အစားအသောက် စသဖြင့် လူမှုရေး အသင်းအဖွဲ့များသို့ လှူကြ တန်းကြနှင့် လူမှုရေး အသင်းအဖွဲ့များကလည်း စည်ကားသိုက်မြိုက်စွာဖြင့် စည်းကမ်းရှိစွာ၊ တက်ကြွစွာ၊ အနစ်နာခံကာ ပေးဆပ်ကြနှင့်။ ရရှိလာသော အလှူပစ္စည်း၊ အလှူငွေများကို လူမှုရေး အသင်းအဖွဲ့ (ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အပါအ၀င် စည်းကမ်း စနစ်ကြစွာနှင့် ဒုက္ခသည်များရှိရာ နေရာဒေသ အသီးသီးသို့ ခဲရာခဲဆစ် ပင်ပန်းကြီးစွာ သွားရောက်၍ ဒုက္ခသည်များ၏ လက်ထဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည်။



သို့သော် … ဒုက္ခသည် နေရာဒေသများက များပြားလွန်း၍ အချို့သော နေရာဒေသများသို့ ကျွန်တော်တို့ လူမှုရေးအဖွဲ့ ဦးဆောင်သူတို့ ကိုယ်တိုင် ကိုယ်ကျ မရောက်နိုင်ခဲ့ပေ။ ဤတွင် ပြဿနာ စလေပြီ ဖြစ်တော့သည်။




လူ . . . အမှောင်ထဲမှ အလင်းသို့သွားသောလူ

အမှောင်ထဲမှ အမှောင်ထဲသို့သွားသောလူ

အလင်းထဲမှ အမှောင်သို့သွားသောလူ

အလင်းထဲမှ အလင်းသို့သွားသောလူ




ဟူ၍ ကွဲပြားလာတော့သည်။




မမြင်ဘူုးသော ပိုက်ဆံ

မမြင်ဘူးသော အ၀တ်အစား

မမြင်ဘူးသော အသုံးအဆောင်

မမြင်ဘူးသော စားသောက်ဖွယ်ရာများကို မြင်တွေ့သောအခါ .. သီလများ ချိုးဖေါက်မှုများ ဖြစ်လာတော့သည်။ ကျွန်တော်တို့ လူမှုရေးအဖွဲ့ ခေါင်းဆောင်များ မည်မျှပင် စည်းကမ်းရှိ၊ တာဝန်သိ၊ သစ္စာရှိ၊ သီလလုံပါစေ။ အချို့သော လူမှုရေးသမား အမည်ခံတို့သည် ကွယ်ရာတွင် ဖေါက်လွဲ ဖေါက်ပြန် သီလများ ချိုးဖေါက် လာကြတော့သည်။





စေတနာရှင်များက မည်မျှပင် စေတနာအရင်းခံ၍ မိမိတို့၏ ချွေးနည်းစာ စုဆောင်းငွေ၊ စားသောက်ဖွယ်ရာ ပစ္စည်းများကို လှူဒါန်းပါစေ … ဒုက္ခသည်တို့၏ လက်တွင်းသို့ ဖေါက်ပြန်ရေး သမားများကြောင့် အပြည့်အ၀ မရောက်ရှိခဲ့ချေ။


ဖေါက်ပြန်ရေးသမားဟု ဆိုရာ၌ မင်းသားခေါင်းဆောင်းထားသော အဖွဲ့အစည်းများ။ လူမှုရေးသမား အမည်ခံ အတ္တကိုယ်ကျိုးသမားများ။ စာနာစိတ်မရှိသော သီလဖေါက်ပြန်သူများ။ ဒေါင်းယောင်ဆောင်သော ကျီးများပင် ဖြစ်သည်။



ဒုက္ခသည်တို့ လက်ထဲ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ၊ အလှူငွေများ အပြည့်အ၀ မရောက်ရှိသည့်အတွက် ဒုက္ခသည်တို့ အချင်းချင်း စိတ်ဝမ်းကွဲကြ၊ လုကြ၊ ယက်ကြ၊ သီလဖေါက်ပြန်ကြနှင့် စည်းလုံးမှုများ ပျက်ပြားစေတော့သည်။ ကုသိုလ်ယူရာမှ အကုသိုလ်များ ဖြစ်ခဲ့ရတော့သည်။


ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း စည်းကမ်းတိကျ ပြတ်သားစွာ စွမ်းဆောင်ပေးခဲ့သော်လည်း … ဤကဲ့သို့ ဖေါက်ပြန်ရေးသမားများနှင့် ကြုံခဲ့၊ ဆုံခဲ့ရသေးသည်။ အပြစ်ရှိသူကို တိကျစွာ အရေးယူ၊ အပြစ်ပေး၊ အသင်းမှ ထုတ်ပယ် စသဖြင့် လူမှုကယ်ဆယ်ရေးသမားတို့၏ ဒုက္ခသည်လည်း မသေးလှပေ။



နောက်ကျောမှ ဓါးနှင့်ထိုးသည့်လူ

နံဘေးမှ ဓါးနှင့်ထိုးသည့်လူ

ရှေ့တည့်တည့်မှ ဓါးပြပြီးထိုးမည့်လူ . . .




စသဖြင့် မြောက်များစွာ ကြုံတွေ့ခဲ့ရသည်။ ဒါကြောင့် … ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဦးခိုက်ဝန်ချ ကန်တော့ပန်းဆင်သည့် သြကာသ ဘုရားရှိခိုးတွင် ရန်သူမျိုး ငါးပါးမှ အခါခပ်သိမ်း လွတ်ကင်းရပါစေသား ဟူ၍ ပါခဲ့လေသလား မသိ။




အလှူရှင်၊ ဒါနရှင်တို့ကတော့ … “ နိဗ္ဗာန ပစ္စယော ဟောတု ” ဆိုပြီး လှူဒါန်းလိုက်ကြသော်လည်း ကျွန်တော်တို့ လူမှုရေးသမားများ လူမှုရေး အသင်းအဖွဲ့များတွင် လွန်စွာမှ တာဝန်ရှိသည်။ တာဝန်ကြီးသည်။ ပျော်ပျော်ကြီး ပေးဆပ်နေ၍ မရ။ ခပ်ပေါ့ပေါ့ လုပ်၍ မရ။ ထိရောက်မှု ရှိရမည်။ ပေးဆပ်မှုတို့ မျှတရမည်။ စည်းကမ်းရှိရမည်။ လိပ်ပြာသန့်စွာ ပေးဆပ်ရမည်။ စာရင်းအင်း မှန်ကန်တိကျရမည် ဖြစ်သည်။ ပရဟိတ စိတ်ဓါတ် ညီညွှတ်ရေးတရားတို့သည် အရေးကြီးပါသည်။




ကျွန်တော့်ကို လူ့ဘ၀ ကမ္ဘာမြေပြင်သို့ ပို့ဆောင်ခဲ့ခြင်းမှာ လူပီသစွာ လူလူချင်း ကူညီဖေးမ ပေးဖို့များလားဟု ထင်မိတော့သည်။ ကျွန်တော်သည် စိတ်သန့်စွာ သီလလုံစွာ ကူညီပေးဆပ်မှုများကို ကုသိုလ်စိတ်နှင့်သာ လုပ်လိုသူဖြစ်သည်။



သို့သော် … တစ်ခါတစ်ရံ တိုက်ရ၊ ခိုက်ရ၊ ရှေ့တိုးလိုက်၊ နောက်တွန့်လိုက် ရပ်တန့်လိုက်နှင့် စိတ်ပန်းလူပန်း အကုသိုလ်များသာ ရရှိနေသလို ထင်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အကြောင်းအမျိုးမျိုး တို့ကြောင့် ကျွန်တော်၏ ပေးဆပ်မှုများ၊ ပံ့ပိုးမှုများ၊ ဖေးမကူညီမှုများတို့သည် နှောင့်နှေးမှု ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့ပါက ဆက်လက်လှုပ်ရှား ချီတက်နေကြသော လူမှုရေးသမား စစ်စစ်များ၊ လူမှုရေးကို စိတ်ဝင်စားကြသူများကို ကျွန်တော် သတိပေးခဲ့ချင်ပါသည်။



၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ပြီးခါစအချိန် … ။

ဘ၀ ဘ၀တွေ တစ်စစီ ပျက်စီးနေကြတဲ့ အချိန်ကာလ … ။

ကျွန်တော်၏ နေအိမ်ခြံဝန်းသည်လည်း သစ်ပင်များကျိုး၊ ခေါင်မိုးများလှန်၊ ရှုပ်ယှက်ခတ်နေစဉ် အချိန်ကာလ … ။




နာရေးကူညီမှုအသင်း(ရန်ကုန်) သင်္ဃန်းကျွန်းမြို့နယ်သည်လည်း အဆောက်အဦးများ တစ်စစီ ပျက်စီး သစ်ပင်များ ထက်ပိုင်းကျိုးကျစဉ် အချိန်ကာလ၌ စည်ပင်သာယာရေး ဥပဒေအရ နာရေးအသင်းအား ဘုန်းကြီးကျောင်းဝင်းထဲ မထားရ၊ လူနေရပ်ကွက်ထဲ မနေရဟု အမိန့်ထုတ်ပြန်ခဲ့သည့်အတွက် ကျွန်တော်တို့ ရရှိထားသော ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ အသင်းပြောင်းရွှေ့ရန် အဆောက်အဦး ဆောက်လုပ်ရန် စတင်လှုပ်ရှားရတော့သည်။



ဦးစွာ အမှိုက်ပုံ (ကြွတ်ကြွတ်အိတ်အမှိုက်ပုံ) ရှိ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းရတော့သည်။ ဤတွင် မြွေဟောက်ကြီးများ၊ လင်းမြွေကြီးများ လူတစ်ရပ်ကျော်သည်အထိ ပါးပြင်းများထောင်၍ အလိုက်ခံရခြင်းများ ရှင်းလင်းရေးအဖွဲ့တို့ ကြုံတွေ့ရသည်။



တစ်နေ့ … ကျွန်တော်တို့ အဆောက်အဦး ပနက်ချရန် ကိစ္စအတွက် မြောက်ဒဂုံခြံထဲသို့ သွားစဉ် … လုပ်အားပေးအဖွဲ့ လူငယ်များကလည်း ဓါးစက်များဖြင့် ချုံများကို ရှင်းလင်းနေခိုက် … ချုံထဲမှ အသံတစ်သံ ထွက်လာတော့သည်။ ( ဂြီး … ဂြီး … ဂြီး )ဟူသော အသံတစ်သံ ထွက်လာသည်။ လုပ်အားပေး လူငယ်တို့သည် ဓါးစက်ကို ရပ်၍ မ၀ံ့မရဲနှင့် တုတ်ရှည်များ၊ ဓါးများ၊ တူရွှင်းများ ကိုင်၍ ချုံကို ရိုက်တော့သည်။ အသံ ပိုကျယ်လာသည်။ ချုံတစ်ခုလုံး လှုပ်ရှားသွားသည်။




လုပ်အားပေး လူငယ်တို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်၍ ဓါး၊ တုတ်၊ တူရွှင်းတို့နှင့် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်။ ချုံထဲမှ မဲမဲ သဏ္ဍန် လှုပ်ရှားလာသည်။ ၀ါ ကြင်ကြင် မျက်လုံးပြူးကြီး ထွက်ပေါ်လာသည်။ တစ်ယောက်သော လူငယ်မှ ချုံထဲသို့ အတင်းဝင်၍ ထိုသတ္တ၀ါအား ၀င်ရောက်လုံးတော့သည်။ ထိုလူငယ်လည်း ခေတ္တ ငြိမ်သွားသည်။ နောက်မှ တဖြည်းဖြည်းနှင့် ချုံထဲမှ ထွက်လာသော် … သူ၏ လက်ထဲတွင် ခွေးငယ်လေး တစ်ကောင် ပါလာတော့သည်။ နာဂစ်မုန်တိုင်းသင့် ခွေးငယ်လေးပင် ဖြစ်သည်။ မည်သည့်အရပ် မည်သည့်ဒေသ မည်သည့်ခြံမှ မသိ။ လသားအရွယ် ခွေးပေါက်ကလေးပင် ဖြစ်တော့သည်။ ထိုစဉ် မြောက်ဒဂုံခြံစောင့် စံအောင်မှ “ ဟာ .. ဒီခွေးစုတ် အမြီးလည်း မပါ .. ဟိုချုံထဲဝင် သည်ချုံထဲဝင် လုပ်လုပ်နေလို့ ကျွန်တော် ဂွနဲ့ ပစ်ပစ်ပြီး မောင်းထုတ်နေတဲ့ အကောင်၊ နာဂစ်မုန်တိုင်းနဲ့ အတူ ဒီကို ရောက်လာတာ ” ဟု ပြောတော့သည်။ ခွေးစုတ်ဟု ပြောလိုက်သောကြောင့် အားလုံး တွန့်သွားကြသည်။ အမှန်မှာ ယင်းခွေးငယ်လေးသည် ကာလတန်ဖိုးအားဖြင့် ငါးသောင်းမှ တစ်သိန်း ပေါက်ဈေး ရှိသည်။ ( ဒိုဘာမင် ) ခွေးမျိုးပင် ဖြစ်တော့သည်။ မည်သူမှ မကိုင်ချင် မယူချင်၍ အကြောက်လွန်၍ တုန်နေသော ခွေးငယ်လေးကို ကျွန်တော်ကိုယ်တိုင် ချီပိုး၍ ကားပေါ်တင်ကာ အိမ်သို့ ခေါ်လာခဲ့တော့သည်။ ပိန်လှီနေသော ခွေးလေးမှာ ကာကွယ်ဆေးထိုးပေးခြင်း၊ အားတိုးဆေးများ ထိုးပေး၍ ၀၀ လင်လင် ကျွေးမွေးမှုကြောင့် ယခုဆိုလျှင် သန်မာထွားကျိုင်း၍ သူစိမ်းများပင် ကြောက်လန့်၍ အိမ်နားသို့ မကပ်ရဲကြပေ။



“ လူသားစား ခွေးရှိသည်။ ” ဟူ၍ပင် ခြံဂိတ်တွင် ဆိုင်းဘုတ်တင်ခဲ့ရသည်။




ယင်းခွေးငယ်လေးသည် နာဂစ်မုန်တိုင်းနှင့်အတူ ရောက်ရှိလာ၍ အမည်ကို “ နာဂစ် ” ဟု ငယ်စဉ်ကတည်းက ခေါ်ခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်ပင် ရှိပြီဖြစ်သည်။ သို့သော် … ဗီဇ ပါလာသည်။ ခိုးစားသည်၊ ခိုးကိုက်သည်၊ ခိုးကြောင်ခိုးဝှက် အလွန်လုပ်သည်။ မီးဖိုခန်းမှ အိုးသံ ခွက်သံ ဇလုံသံ ကြားရလျှင် ဒီကောင် နာဂစ် လက်ချက်ပင် ဖြစ်တော့သည်။ နံနက်လင်း၍ ကျွန်တော်တို့ ရုံးသွားမည် အလုပ် ကျွန်တော်တို့၏ ဖိနပ်များ ပျောက်နေလျှင် သေချာပြီ … ဒီကောင် နာဂစ် ကိုက်၍ တစ်စစီ ပြတ်သွားပြီ ဖြစ်တော့သည်။ အစားအစာ မည်မျှပင် ၀၀ လင်လင် ကျွေးကာမူ သူ၏ ဗီဇကို မဖျောက်နိုင်။



ထို့ကြောင့် … ကျွန်တော် အဆုံးသတ်ပါတော့မည်။




ဆုတ်ကပ်ကြီးတွင် မြန်မာပြည်တွင်မက ကမ္ဘာနိုင်ငံ အသီးသီးတို့၌ သဘာဝဘေးဒဏ်များ၊ ရန်သူမျိုး ငါးပါးဒဏ်များ … များစွာ ကြုံတွေ့ရဦးမည်။ ဆုံတွေ့ရဦးမည်။ ခံစားရဦးမည်။ သေကြ ကျေကြ ပျက်ကြ ဖျက်ကြဦးမည်သာ ဖြစ်တော့သည်။




ထိုသို့သော အချိန်အခါတွင် ရှေ့သို့ ဆက်လက်ချီတက် ပေးဆပ်၊ ဖေးမကြမည့် လူမှုရေးသမား စစ်စစ်တို့သည် . . . လူမှုရေး လုပ်စားကြသူ၊ သီလမလုံသူ၊ လိပ်ပြာမသန့်သူ၊ ဗီဇ မကောင်းသူ၊ နောက်ကျောမှ ဓါးနှင့် ထိုးမည့်သူ၊ နံဘေးမှ ဓါးနှင့် ထိုးမည့်သူ၊ ရှေ့တည့်တည့်မှ ဓါးပြပြီး ထိုးမည့်သူ … နာဂစ်လို ခွေးသူခိုးများကို အထူးသတိ ပြုကြပါရန် စေတနာ ရှေ့ထား၍ သတိပေးလိုက်ရပါတော့သည်။




လိပ်ပြာသန့်စွာနှင့် သီလ လုံနိုင်ကြပါစေ။


ကျော်သူ




ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူး တင်ရှိပါသည်.။

ပြည်သူတွေ ရေငတ် ရေပြတ်နေချိန်မှာနအဖအာဏာရှင်တွေကတော့ရေသန့် ဗူးလေးတွေကိုမာန်အပြည့်ဟန်အပြည့်နဲ့သောက်နိုင် လို့နေပါရဲ့လားရှင်။




ရေအသက် တစ်မနက်တဲ့။ ပြည်သူများ ရေငတ်ခြင်း ရေပြတ်ခြင်းဘေးမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းလိုက်ရပါတယ်။ ဒီဆုတောင်းပြည့်ဖို့ ကတော့ တိုင်းပြည်မှာ အရည်အချင်းရှိရှိ ဥာဏ်ပညာအမြော်အမြင်ရှိရှိ တရားမျှတမှုရှိရှိ တိုင်းသူပြည်သားများအကျိုးကို ဆောင်ရွက်ပေးလိုသောစိတ်ရှိရှိနဲ့  ပြည်သူ့ အစိုးရမျိုး ပေါ်ပေါက်မှသာလျှင် ဆုတောင်းပြည့်မှာပါ။




နအဖအာဏာရူးတွေဟာ ပြည်သူတွေအတွက် သောက်သုံးရေကန်တွေကြတော့ မတည်ဆောက်၊ နိုင်ငံခြားကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ ကြတော့ ရေလှောင်ကန်တွေ အတင်းဆောက်။
ပြည်သူတွေအတွက် ရေပေးဝေရေး အဆင်ပြေဖို့  ရေပိုက်လိုင်းတွေကြတော့ မတည်ဆောက်၊ နိုင်ငံခြားကို ဓါတ်ငွေ့ ရောင်းစားဖို့  ကြတော့ ဓါတ်ငွေ့ ပိုက်တွေ မဟားဒယားဆောက်။ ပြည်သူတွေအတွက် မြစ်ချောင်းအင်းအိုင်ကရေတွေ သန့် စင်ပေးပြီး သောက်သုံးရေစီမံကိန်းတွေကြတော့ မဆောင်ရွက်၊ မြေအောက်လိုဏ်ခေါင်းတွေကြတော့ တူးပြီး ညူကလီးယား စီမံကိန်းတွေကြတော့ ဆောင်ရွက်။ ပြည်သူတွေ ရာသီဥတု မျှမျှတတနေထိုင်နိုင်အောင် သဘာဝတောတောင်ရေမြေတွေကို ထိန်းသိမ်းတာမျိုးကြတော့ မလုပ်၊ နိုင်ငံခြားငွေရဖို့ အတွက် ရောင်းစားဖို့ ကြတော့ သစ်တောတွေ စိတ်ကြိုက် ခုတ် ဆိုတော့ အခုနွေရာသီအချိန် အပူပြင်းတာနဲ့  ရင်ဆိုင်ရချိန်မှာတော့ တွင်းရေတွေ ခန်းခြောက်တာကအစ မြစ်ချောင်းအင်းအိုင်တွေကအထိ ရေတွေ တိမ်ကောကုန်တာ ပိုဖြစ်တော့တာပါဘဲ။ ဒီအတွက် မြန်မာပြည်မှာ သောက်ဖို့  ရေ မရှိ၊ သုံးစွဲဖို့  ရေ မရှိ၊ စိုက်ပျိုးရေးဆောင်ရွက်ဖို့  ရေ မရှိ၊ မီးလောင်ရင် ဖြန်းဖို့  ရေ မရှိ။ ပြည်သူတွေရဲ့  အခြေခံ စားဝတ်နေရေးအတွက် ပြည့်စုံအောင် မလုပ်ပေးတဲ့ မလုပ်နိုင်ဘဲ တိုင်းပြည်ကို အုပ်ချူပ်နေရင်တော့ ပြည်သူတွေအတွက် တစ်နေ့ စားဖို့  ထမင်း၊ တစ်မနက်သောက်ဖို့  ရေ ဘယ်တော့မှ ပြည့်စုံမယ်ဆိုတာ ရှိမှာမဟုတ်ပါဖူး။



ပြောရဦးမယ့် အခြားအချက်တစ်ခုကတော့ နအဖသန်းရွှေတို့ ကတော့ နာဂစ်ဘေးကြုံတုန်းကလည်း နိုင်ငံတကာက အလှူငွေတွေ ရက်ရက်ရောရောရလိုက်လို့  နာဂစ်ကို ကျေးဇူးတင်နေသလို အခုလည်း ရေပြဿနာကြုံနေတာကို ဘန်းပြပြီး နိုင်ငံတကာက အလှူငွေတွေ တောင်းဖို့  ကြံစီနေပြီထင်ပါရဲ့ ။ မြစ်ချောင်းအင်းအိုင်ပေါများလှတဲ့ မြန်မာပြည်မှာ ပြည်သူတွေ ရေငတ်ဘေး ကြုံနေရတာ ပူပြင်းတဲ့ ရာသီဥတုကြောင့်ဆိုတာထက် သောက်ရေသုံးရေ စီမံကိန်းတွေ၊ ရေလှောင်တာတမံ စီမံကိန်းတွေ၊ ရေပေးဝေရေး စီမံကိန်းတွေကို ကြိုတင်စီမံဆောင်ရွက်မှုမရှိဘဲ လစ်လျူရှူပစ်ပယ်ထားတဲ့ နအဖအာဏာရူးတွေ တိုင်းပြည်ကို အုပ်ချူပ်နေတဲ့ နှစ်ပေါင်းကြာ ဖြစ်နေတာရဲ့  ဆိုးကျိုးတွေကို ပြည်သူတွေ လက်တွေ့ ကြုံရတာပါဘဲ။ ပြည်သူတွေ နှစ်ကြာရှည်စွာ သောက်ရေသုံးရေ ပြတ်လတ်နေချိန်မှာ နအဖ သန်းရွှေတို့  အာဏာရူး ဗိုလ်ချူပ်ကြီးများတော့ စည်းစိမ်ခံပြီး ရေမီးအပြည့်အစုံနဲ့  နန်းတော်ဆံဆံ တိုက်အိမ်ယာတွေမှာ နေကြ၊ စားသောက်ကြတော့လည်း ရေသန့် ဗူးက ရေကိုမှ သောက်သုံးကြဆိုတော့ နှိုင်းယှဉ်ကြည့်နိုင်ဖို့  ဖေါ်ပြလိုက်ရပါတယ်။



ရေအသက် တစ်မနက်တဲ့။ ပြည်သူများ ရေငတ်ခြင်း ရေပြတ်ခြင်းဘေးမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းလိုက်ရပါတယ်။ ဒီဆုတောင်းပြည့်ဖို့ ကတော့ တိုင်းပြည်မှာ အရည်အချင်းရှိရှိ ဥာဏ်ပညာအမြော်အမြင်ရှိရှိ တရားမျှတမှုရှိရှိ တိုင်းသူပြည်သားများအကျိုးကို ဆောင်ရွက်ပေးလိုသောစိတ်ရှိရှိနဲ့  ပြည်သူ့ အစိုးရမျိုး ပေါ်ပေါက်မှသာလျှင် ဆုတောင်းပြည့်မှာပါ။





ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင် ရှိပါသည်.။

နအဖပိုင်မြန်မာ့အလင်းသတင်းစာ၌၂၀၁၀ရွေးကောက်ပွဲဟာ ဘယ်တော့မျှတရားမျှတမည်မဟုတ်ကြောင်းဤသတင်းကသက်သေအထောက်အထားတခုအနေနဲ့ပြသလိုက်ပါပြီးရှင်

ဝန်ကြီးများအနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မေးမြန်းမှုကို တရားဝင်ဖြေကြား လိုက်ပါသည်။

အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Larry M. Dinger က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ ၀န်ကြီးများ အနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မြေမြန်းရာ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပါတီတည်ထောင်လိုသူများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေပြဋ္ဌာန်းချက် ရှိပါကြောင်း၊ ၀န်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post သာဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၈ ၌ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ စတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော် အပါအ၀င် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အခြားပြဋ္ဌာန်းခြင်း မပြုသမျှ ဆက်လက်အမှုထမ်းရမည်ဟု လည်းကောင်း၊ အခြေခံဥပေဒပုဒ်မ ၄၄၄(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့ မပေါ်ပေါက်မီ မိမိတို့ သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိသည်ဖြစ်ရာ လက်ရှိဝန်ကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ်ပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း သမ္မတ၊ ၀န်ကြီးများက ပါတီလုပ်ငန်းများတွင် ဆောင်ရွက်နေမှုများ ရှိပါကြောင်း၊ နောင်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူများသာ ပါတီလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုမပြုရန် လိုအပ်ကြောင်း ၂၀၁၀ခုနှစ် မေလ ၁၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

နိုင်ငံရေးအကျဉ်းသားတွေကျတော့ မတရားဖမ်းဆီးးထိမ်းသိမ်းအကျဉ်းချထားပြီး စစ်အာဏာရူးများ
ကျတော့၂၀၁၀ရွေးကောက်ပွဲကြီးကို ကြိုက်သည့်ပုံစံ နှင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိကြောင်းကိုဖော်ပြ
လိုက်သလိုကြေငြာထားခြင်းမှာတရားတဲ့၂၀၁၀ရွေးကောက်ပွဲကြီးဆိုတာသက်သေအထောက်
အထားတစ်ခုဖြစ်နေပါသည်.။

အကျဉ်းထောင်ထဲမှာကျောင်းသားများ၊တိုင်းရင်းသားခေါင်းဆောင်များ၊၁၉၉၀ရွေးကောက်ပွဲမှလူထုက
တင်မြှောက်ထားသောလွှတ်တော်ကိုယ်စားလှယ်များ၊အတိုက်အခံပါတီဖြစ်သောအမျိုးသားဒီမိုကေရစီ
အဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊မတရားခြင်းကိုပြသဖော်ဆောင်ပေးကြသောပြည်သူများကိုအကျဉ်းထောင်ထဲ
တွင်ထားရှိပြီးတိုင်းပြည်ကိုမတရားအာဏာယူပြီးလက်နက်အားကိုးနဲ့အုပ်ချုပ်နေသော စစ်အုပ်စုကျ
တော့ အရပ်ဝတ် တွေလုပ်လိုက် တိုင်းပြည်ကိုဆက်လက် အုပ်ချုပ်ဘို့ နည်းလမ်းပေါင်းစုံ ကိုသုံးပြီးပြု
လုပ်နေတာဟာ လုံးဝလုံးဝ မတရား ခြင်းတခုသာ ဖြစ်နေပါသည်.။

နအဖစစ်အုပ်စု ၏လက်ထဲတွင် လက်နက်၊အာဏာ၊ဥပဒေ ၊ကိုကြိုက်သလိုသုံး၊လိုသလိုသုံးနေကြ
တာကတော့ ဒီသတင်းတခု နဲ့သက်သေ ဖော်ဆောင်လိုက်ခြင်းသာဖြစ်ပါသည်.။



မြန်မာပြည်သူအပေါင်းတို့ နအဖစစ်အစိုးရကတော့ ပြည်တွင်းသုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ၂၄ လက်မပိုက်လိုင်း ရန်ကုန်မြို့သို့ သွယ်တန်းမှုပြီးစီးတဲ့ မီးတော့လာမယ်မထင်



မုတ္တမကမ်းလွန်မှ ပြည်တွင်းလိုအပ်ချက်အရ သွယ်တန်းလျက်ရှိသော အရှည် ၁၇၉ မိုင်ရှိ ပြည်တွင်းသုံး ၂၄ လက်မ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားလုံးပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များဖြင့် ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ ပိုမိုသုံးစွဲနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ရန်ကုန်မြို့၌ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နိုင်သည့် လျပ်စစ်တာဘိုင်ငါးလုံး ၀န်းကျင်အထိရှိကြောင်း၊ ယင်းဓာတ်အားပေး တာဘိုင်များကို သဘာဝဓာတ်ငွေ့များ အသုံးပြု၍ပြန်လည် လည်ပတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်များ လုပ်ငန်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


''ပြည်တွင်းလိုအပ်ချက်အရ သွယ်တန်းတဲ့ ၂၄ လက်မ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မုတ္တမကမ်းလွန်ကနေ ရန်ကုန်မြို့အထိ သွယ်တန်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ ပိုက်လိုင်းသွယ်တန်းမှုမှာ ကမ်းလွန်ပိုင်း ၉၃ မိုင်အရှည်ရှိပြီး ကုန်းတွင်းပိုင်းကတော့ ၈၆ မိုင် အရှည်ရှိပါတယ်။ ခုဆိုရင်ပိုက်လိုင်းအားလုံး သွယ်တန်းပြီးစီးနေပြီဖြစ်ပါတယ်''ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။




'အခု ရန်ကုန်မြို့တော်အတွင်း မှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်ရုံတွေဖြစ်တဲ့ အင်းစိန်၊ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတွေအတွက် ဧရာဝတီတိုင်း ရေနံတွင်းတစ်ခုကနေ သဘာဝ ဓာတ်ငွေ့ကို ၂၄ လက်မပိုက်လိုင်းနဲ့ မကြာမီမှာ စတင်လွှတ်တော့မှာပါ။ အဲဒါကြောင့်မို့လို့ ရန်ကုန်မြို့တော်အတွက် မဂ္ဂါဝပ် ၆၀၀ ကျော်ကို ပေးနိုင်တော့မှာပါ။ အခုလက်ရှိအချိန်မှာတော့ မဂ္ဂါဝပ် ၃၀၀ ကျော်ကိုပဲ ပေးနိုင်သေးပါတယ်''ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။



ရန်ကုန်တိုင်း စက်မှုဇုန်တာဝန်ရှိသူ တစ်ဦးကလည်း ''အခုဓာတ် ငွေ့ပိုက်လိုင်းတွေ အားလုံးပြီးစီးပါပြီ။ အဲဒါကြောင့် ရန်ကုန်မြို့တော် အတွင်းမှာရှိတဲ့ စက်မှုဇုန်လေးဇုန်ကို အခုလက်ရှိ မီးရရှိတဲ့ပုံစံထက်ပိုပြီး ရရှိမယ်လို့ သိရပါတယ်'' ဟုလည်း ပြောကြားခဲ့သည်။




ကုန်းတွင်းပိုင်းပိုက်လိုင်းများ အပြီးသတ်လုပ်ငန်းများကို ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ဒေါ်ညိမ်းကျေးရွာအနီးတွင် Pipe Line Centre ထားရှိကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။




ရန်ကုန်တိုင်းအတွင်းတွင် ယခင်က လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၄၀၀ သုံးစွဲရာမှ ယခုအခါတွင် စက်ရုံများတိုးချဲ့တည်ဆောက်ခြင်း နှင့် အိမ်သုံးလျပ်စစ်ပစ္စည်းများပိုမို သုံးစွဲခြင်းတို့ကြောင့် လျပ်စစ်မဂ္ဂါဝပ် ၅၅၀ ကျော်မှ ၆၀၀ အထိ တိုးချဲ့ သုံးစွဲလာကြောင်းလည်း သိရှိရ ပါသည်။




ဤသတင်းကိုweeklyeleven.မှဖတ်ပြီးနအဖစစ်အစိုးရကသိပ်ပြီတိုင်းပြည်ကြီးကိုခေတ်မှီစေချင်တာလား

၂၀၁၀ရဲ့သူတို့ရွေးကောက်ပွဲမှာကြံ့ဖွတ်ပါတီအတွက်ပြည်သူတွေကိုခနတာမီးအားလျှပ်စစ်လေးလုပ်ပြပြီး

စည်းရုံးတော့မှာလား၊ရွေးကောက်ပွဲလည်းပြီးရောထုံးစံအတိုင်းမီးတွေဆယ်မီနစ်လောက်သာပြန်ပေး

တော့မယ်ထင်ပါရဲ့ဆိုတာစဉ်းစားစရာတခုဖြစ်နေလို့ဤသတင်းလေးအားပြန်လည်တင်ပြပေး

လိုက်ပါသည်။

ရန်ကုန်ုမြို့ လှိုင်မြို့နယ် EPC မှ မတရား လျှပ်စစ်မီးဖြတ်တောက်ခံနေရသောရပ်ကွက်ကလေးမှပြည်သူအော်သံ

မြန်မာနိုင်ငံတွင် စွမ်းအင်လိုအပ်ချက် အရ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ အချိန်အလိုက် လျှပ်စစ်မီး ပေးနေရတာ အားလုံးအသိပါ၊ အဲဒီလို အချိန်ပိုင်း လျှပ်စစ်မီးပေးရာမှာ သက်ဆိုင်ရာ နယ်မြေအလိုက် အနည်းဆုံး (၆) နာရီတော့ ပေးပါတယ်။

ဟုတ်ကဲ့ပါ အဲဒီတစ်ရက် ခြောက်နာရီတောင် မရတဲ့ နေရာတစ်နေရာ ကတော့ ရန်ကုန်မြို့ ၊ လှိုင်မြို့ နယ်၊ ၃-ရပ်ကွက်က တိုင်းရင်းသား လုပ်သားပြည်သူ အများစုပါပဲခင်ဗျာ။ ညနေ ငါးနာရီဆို မီးလွတ်ပေးတယ်၊ ငါးနာရီ ၅ မိနစ်ဆို မီးပြန်ဖျက်လိုက်တယ်၊ အဲ ခုနှစ်နာရီလောက် မီးပြန်လွတ်ပေးတယ် ၊ ရှစ်နာရီ လောက် ဆိုပြန်ဖျက်လိုက်တယ်။ ညဆယ့်တစ်နှာရီ နောက်ပိုင်းဆို ပြန်လွတ်ပေးတယ်၊နာရီဝက်လောက်နေရင် ပြန်ဖျက်ပြန်ရော၊ အဲဒါညပိုင်းလာရက် ပြောတာနော်၊ နေ့ခင်းပိုင်းလာရက်ဆိုရင်တော့ ဘယ်တော့မှ မပေးသလောက်နီးပါးပါပဲ။ ရာသီဥတုကပူ၊ မီးကပျက်၊ ရေကမလာနဲ့ အကုန်လုံး ငါးပျံကို လူးနေတော့တာပဲ၊ တစ်ကယ်ပါ ခင်ဗျာ မီးကို တစ်ရက်နေမှာ နှစ်နာရီ၊ သုံးနာရီလောက်ပဲ လောက်ပဲရပါတယ်၊တစ်ခါတလေဆို တစ်နာရီလောက်တောင် မရချင်ဘူး။


လျှပ်စစ်မီးကို အဲဒီလောက် ဖြတ်နေရအောင် ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတဲ့ အသံလည်း မကြားရပါဘူး။ လှိုင်မြို့ နယ် EPC က ၃-ရပ်ကွက်ကို မီးဖျက်နေတာ တရားလွန်လွန်းပါတယ်၊ ဘေးက (၂) ရပ်ကွက်ရယ်၊ (၅) ရပ်ကွက် ရယ်ဆို (၃) ရပ်ကွက် မီးပြတ်နေပြီဆို ကြည့်လိုက် လင်းနေတာပဲ၊ အဲဒါနဲ့ အကုန်လုံးပျက်နေတာလား ဆိုပြီး ဘေးပတ်ဝန်းကျင် ရပ်ကွက်တွင် လိုက်မေးကြည့်ပါတယ်၊ လာချိန်တန်လာတယ်၊ ပျက်ချိန်တန် ပျက်ပါတယ်တဲ့။ အေး မင်းတို့ ရပ်ကွက်လောက်တော့ မပြတ်ဘူးတဲ့ဗျာ။


မျှမျှတတ ပေါ့ဗျာ၊ သူ့ကို ခြောက်နာရီ ပေးရင် ကျွန်တော်တို့ (၃) ရပ်ကွက်လည်း ခြောက်နာရီ လိုချင်တာပေါ့၊ အခုတော့ လှိုင်မြို့ နယ် EPC ရဲ့  မတရား လျှပ်စစ်မီး ဖြတ်တောက်ခံ နေရတဲ့ ရပ်ကွက်ကလေးကို တာဝန်ရှိ သူတွေ လာရောက်ကြည့်ရှု စစ်ဆေးပြီး တရားမျှတစွာ လျှပ်စစ်မီး ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါတယ်။

မေလ်းထဲသို့ ပေးပို့ပေးသည့် အတိုင်း ပြန်လည် မျှဝေ လိုက်ပါသည်.။

နအဖကရေအားလျှပ်စစ်တွေလုပ်နေတော့ ရေတွေခမ်းကုန်းပြီပေါ့ (ကာတွန်းသရော်ပုံ)









ပေးပို့ ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွန်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ-နာဂိုယာ အားကျေးဇူးတင်ပါသည်.။

12 May 2010

မန္တလေးမြို့တွင်မိုးခေါင်လွန်းသဖြင့်ရပ်ကွက်အသီးသီးမှပြည်သူများ မိုးခေါ်လွန်ဆွဲပွဲများပြုလုပ်နေရခြင်း...

မန္တလေးမြို့တွင် ရာသီဥတုပူပြင်းလျက်ရှိပြီး မိုးရွာသွန်းမှု မရှိသလောက်နည်းပါးသည့်အတွက် ရပ်ကွက်အသီးသီးမှ မြန်မာ့ရိုးရာအစဉ်အလာအတိုင်း ရန်ကင်းတောင် ငါးရံ့မင်းလိုဏ်ဂူအတွင်းရှိ ဘုရားအလောင်းငရံ့ မင်းရုပ်ထုကိုပင့်ဆောင် ကာ ငါးရံ့မင်းပရိတ်များရွတ်ဖတ်သည့် ဓလေ့ထုံးတမ်းများပြုလုပ်၍ မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပကြလျက်ရှိကြောင်း သိရှိရသည်။

"ပုံမှန်ဆိုရင် သင်္ကြန်မတိုင်မီမှာ သင်္ကြန်လက်ဆေးမိုး ရွာလေ့ရှိတယ်။ ပြီးတော့ ကဆုန်လပြည့်နေ့ဝန်းကျင်မှာ မိုးသည်းကြီးမည်းကြီး ရွာလေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မိုးက တော်တော်ခေါင်လေတော့ မီးရေးထင်းရေးသာမက သောက်ရေသုံးရေ ပါ ရှားပါးလာတယ်။ ဒါ့ကြောင့် မြန်မာ့ရိုးရာအစဉ်အလာအတိုင်း မန္တလေးမြို့ပေါ်က မြန်မာအများစုနေတဲ့ ရပ်ကွက်တိုင်းမှာ မိုးခေါ်လွန်ဆွဲပွဲတွေကျင်းပကြတယ်။ မိုးခေါ်လွန်ဆွဲတယ်ဆိုတာ ရှေးကတည်းကကျင်းပလေ့ရှိတဲ့ ပွဲတစ်ပွဲပေါ့။ လွန်မဆွဲမီ မိုး ခေါင်ကျော်စွာနတ်ကိုပင့်ပြီး မိန်းကလေး၊ ယောက်ျားလေးတစ်ဖက်စီ လွန်ဆွဲကြလေ့ရှိပါတယ်"ဟု လူကြီးသူမတစ်ဦးက ရှင်းပြသည်။


ယင်းရိုးရာလွန်ဆွဲပွဲများကို ဆိုင်းသံဗုံသံများဖြင့်ကျင်းပခြင်းဖြစ်ပြီး မိုးခေါင်ကျော်စွာနတ်ကို ပင့်ဖိတ်ပူဇော်ကာ ရပ်ကွက်များအတွင်းရှိ အမျိုးသားများနှင့် အမျိုးသမီးများနှစ်ဖက်အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်နှင့် ယှဉ်ပြိုင် ကြခြင်းဖြစ်သည်။ ဤသတင်းအား weeklyeleven တွင်ပါဝင်သောကြောင့်ပြန်လည်တင်ပြပေးလိုက်ပါသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ ဇနီးဒေါ်ခင်တင့်(၈၅)နှစ် ကွယ်လွန် (ဟေမာနေဝင်း၊ ရာဇာနေဝင်း နှင့် အိန္ဒြာကျော်ဇင် တို့၏အဘွား )

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျဇနီး ဒေါ်ခင်တင့် (၈၅) နှစ် ကွယ်လွန်
စစ်အစိုးရသတင်းစာတို့က “ရဲဘော်သုံးကျိပ်ဝင်” စာသားကို ဆင်ဆာဖြတ်






ယမန်နေ့ နံနက် အစောပိုင်း ၂ နာရီ ၀န်းကျင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ ဇနီး ဒေါ်ခင်တင့် ၈၅ နှစ်ဟာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်း အမှတ် ၁၁ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။



ဒေါ်ခင်တင့်ရဲ့ ဈာပနကို ညနေ ၄ နာရီခွဲ အချိန်က ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးသားချင်းများ၊ အနုပညာနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။




ကွယ်လွန်သူကို ရည်စူးပြီး မေလ ၁၆၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ ဖြစ်တဲ့အတွက် အမှတ် ၁၁၊ ကုက္ကိုင်းရိပ်သာလမ်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်သို့ ကြွရောက်နိုင်ရန် ဆွေမျိုးမိသင်္ဂဟများကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။



ဒေါ်ခင်တင့်ရဲ့ ဈာပနကို မီးသဂြိုဟ် ပြီးစီးကြောင်းနဲ့ ရည်လည်ဆွမ်းသွပ်တရားနာ ကြွရောက်နိုင်ရန် နိုင်ငံပိုင်သတင်းစာများမှာ နာရေးကြော်ငြာထည့်တဲ့အခါ ကြေးမုံသတင်းစာက ဗိုလ်ဇေယျရဲ့ အမည်ရှေ့မှာ ရဲဘော်သုံးကျိပ်ဝင် ဆိုတဲ့စာသားကို ဖြုတ်ခိုင်းပြီး၊ မြန်မာ့အလင်းသတင်းစာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျလို့ ဖော်ပြချင်ရင် အထက်သို့ဆက်လက် တင်ပြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဒေါ်ခင်တင့်ရဲ့ ဆွေမျိုးနီးစပ်တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။



ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ဇနီးဒေါ်ခင်တင့်တို့ဟာ ဒေါ်ခင်မာလာ၊ ဒေါ်နီနီ၊ ဒေါ်မြသီတာ၊ ဒေါ်အင်ကြင်းဇေယျ၊ ဒေါ်ဧကရီဇေယျ စတဲ့ သမီး ၅ ဦးထွန်းကားခဲ့ပါတယ်။ မြေး ၁၅ ဦး၊ မြစ် ၁၅ ဦး ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဆိုတော် ဟေမာနေ၀င်း၊ နာမည်ကြီး သရုပ်ဆောင် ရာဇာနေ၀င်း၊ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် တို့ဟာ ဗိုလ်ဇေယျ၊ ဒေါ်ခင်တင့်တို့ရဲ့ မြေး တော်စပ်ကြောင်း သိရပါတယ်။



























ရင်းမြစ်..မိုးမခ

Kurt Campbell ရဲ့ မြန်မာပြည် ဒုတိယ ခရီးစဉ် ရုပ်သံမှတ်တမ်း

အမေရိကန်ပြည်ထောင်စုအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်လုပ်ကိုင်နေသူတွေနဲ့အတူ လက်တွဲ ရပ်တည်သွားမယ့်အကြောင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell က ပြောဆိုပါတယ်။





မန်မာနိုင်ငံ ခရီးစဉ်အတွင်း လက်ရှိ စစ်အစိုးရ တာဝန်ရှိသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအပြင် ရွေးကောက်ပွဲဝင်ကြဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတချို့ကို Mr. Kurt Campbell တွေ့ဆုံခဲ့ပါတယ်။မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို ရည်ညွှန်းပြီး မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပေးထားတဲ့ ကတိတွေနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့လည်း Mr. Kurt Campbell က သတိပေး ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကတော့ မြန်မာစစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်မှုဟာ ပျော့ပြောင်းနေတယ်လို့ မြင်တဲ့အကြောင်းနဲ့ ပိုပြီးထိရောက်တဲ့ အရေးယူပိတ်စို့မှုတွေ ပြဌာန်းဖို့ တိုက်တွန်းပြောဆိုပါတယ်။ အကြောင်းစုံကို ကိုရန်နိုင် က တင်ပြပေးထားပါတယ်။

ရင်းမြစ်...VOA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် ဘဘဦးဝင်းတင်နှင့် မေးခွန်းများ..

Sayargyi u Win Tin and Questions

11 May 2010

ရန်ကုန်မြို့ တွင် အမျိုးသမီးတဦးအားသူ၏နေအိမ်သို့တက်ရောက်ပြီသတ်ဖြတ်ကာရွှေထည်များဖြုတ်ယူမှုဖြစ်ပွားခြင်း(နအဖလက်ထက်လုယက်မှုများဖြစ်သထက်ဖြစ်နေပုံပါ)


ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၁ တိုးချဲ့ရပ်ကွက်၊ စီးပွားကူးသန်းအိမ်ရာ တွင် မေ ၄ရက်က အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သတ်ပြီး ရွှေထည် ပစ္စည်းများ ခိုးယူထွက်ပြေးသွားခဲ့သည့်ဖြစ် ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။



ဖြစ်ပွားပုံမှာ ယင်းနေ့နံနက် ၆နာရီ တွင် စီးပွားကူးသန်းအိမ်ရာ တိုက်(၂)၊ အခန်း (၂၀)တွင်နေသူ ကိုကိုမောင်သည် နေအိမ်မှ ကျောက်တံတားမြို့နယ်ရှိ KMDရုံးချုပ်သို့ အလုပ်သွားရာ နေအိမ်တွင် ဇနီးဖြစ်သူ မ၀င့် ၀ါစိုး ကျန်ခဲ့သည်။ ခင်ပွန်းဖြစ်သူ ကိုကိုမောင် ည ၇နာရီတွင် ပြန်လည်ရောက်ရှိလာရာ မ၀င့်ဝါစိုးမှာ နေအိမ်ဘုရားစင်ရှေ့တွင်လဲကျ နေကြောင်းတွေ့ရ၍ သွားရောက်ကြည့်ရှုရာ မ၀င့်ဝါစိုးမှာ လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်၊ ၀ဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာငါးချက်၊ ၀ဲလက်ဖျံပြတ်ရှဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးနေပြီး ဇနီးဖြစ်သူဝတ်ဆင်ထားသော ရွှေလက်ကောက်နှစ်ကွင်း၊ ရွှေဆွဲကြိုးတစ်ကုံး၊ နားကွင်းတစ်ရန်နှင့် ဗီရိုထဲမှ ငွေကျပ်တစ် သိန်း စုစုပေါင်း ၂၈သိန်းခွဲတန်ဖိုးရှိပစ္စည်းများ ပါ ပျောက်ဆုံးနေကြောင်း သိရသည်။




"နံနက် ၁၁နာရီလောက်မှာ ကယ် ကြပါဦးလို့ မ၀င့်ဝါစိုးရဲ့အော်သံကြားရတယ်။ ဒါပေမဲ့ အရင်ကလဲ မွေးထားတဲ့ခွေးနဲ့ကစား ရင် ဒါမှမဟုတ် သူ့ယောင်္ကျားနဲ့ရန်ဖြစ်ရင် မ၀င့်ဝါစိုးက နောက်ပြောင်ပြီး ကယ်ကြပါဦး လို့ အော်လေ့ရှိတယ်။ ဒါကြောင့် သူတို့အိမ် ကို သွားမကြည့်ဖြစ်တာပါ"ဟု ဘေးတစ်ဖက် အိမ်ရှိ နေအိမ်မှ ကိုယ်တွေ့ကြားသိခဲ့ရသူ တစ်ဦးက ပြောသည်။



"ဒီအိမ်မှာ မ၀င့်ဝါစိုးနဲ့သူ့ယောင်္ကျား နှစ်ယောက်ပဲနေတယ်။ မ၀င့်ဝါစိုးရဲ့အမေ ကတော့ အမျိုးတွေရှိရာနယ်ကို အရေးတကြီး ကိစ္စရှိလို့ ခရီးထွက်သွားတယ်။ မ၀င့်ဝါစိုးက ဒီအိမ်မှာနေတာ ကြာပြီ။ သူတို့နှစ်ယောက် အိမ်ထောင်ကျတာကနှစ်နှစ်ဝန်းကျင်လောက် ပဲရှိသေးတယ်။ မ၀င့်ဝါစိုးရဲ့ယောင်္ကျားက ကျောက်တံတားက KMDရုံးချုပ်မှာအလုပ် လုပ်တယ်။ မ၀င့်ဝါစိုးကတော့ မှီခိုပါ။ သူ့ ယောင်္ကျားအလုပ်သွားရင် နေ့တိုင်း သူတစ် ယောက်တည်း အိမ်မှာကျန်ခဲ့တာ။ ဒီအချက် ကို သေချာသိထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးက အကွက်ချောင်းပြီးလုပ်တာဖြစ်နိုင်တယ်။ သူ တို့အိမ်က တံခါးနှစ်ထပ် သစ်သားတံခါးတစ် ထပ်၊ သံတံခါးတစ်ထပ် အခင်းဖြစ်ပြီးတဲ့အချိန် မှာလဲ အိမ်မှာရှိတဲ့ဘာပစ္စည်းမှ ခြေရာလက် ရာ ပျက်မနေဘူး။ ဒါပေမဲ့ ဘုရားခန်းရဲ့ရှေ့ ဘက်မှာရှိတဲ့ ကော်ဇောတွေမှာတော့ ဓားရာ တွေ တွေ့တယ်။ တရားခံက မ၀င့်ဝါစိုးရဲ့ လက်ကောက်၊ နားကပ်၊ ဆွဲကြိုးတွေအပါ အ၀င် အခြားအဖိုးတန်ပစ္စည်းတွေကိုလဲယူ သွားတယ်"ဟု မ၀င့်ဝါစိုး၏ဆွေမျိုးတစ်ဦးက ပြောသည်။



"မ၀င့်ဝါစိုးက ဘာသာရေးကို အင် မတန် လိုက်စားတယ်။ ကိုးဘွဲ့ရဆရာတော် ဆီမှာလဲ မကြာခဏ တရားစခန်းဝင်တယ်။ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာ အရမ်းအံ့သြ ပြီး စိတ်မကောင်းဖြစ်မိတယ်။ အဲဒီညကပေါ့ သူ့ယောက်ျားအလုပ်ကပြန်လာတော့ နေအိမ် တံခါးလဲပွင့်နေတာမြင်ရော အထဲမှာ သူ့မိန်းမ ဘုရားစင်ရှေ့မှာလဲကျနေတာတွေ့ရတယ်လို့ သူ့ယောက်ျားကပြောတယ်။ သူ့ယောက်ျား က အိပ်ပျော်နေတယ်ထင်လို့ သွားခေါ်ကြည့် တော့မှ သေနေတာကိုသိရတယ်။ ဘေးမှာ လဲ သွေးတွေအများကြီးပဲ။ သိသိချင်း ကိုကို မောင်က နီးရာရယကရုံးကို အကြောင်းကြား တယ်။ ည ၈နာရီလောက်မှ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာစစ်ဆေးကြတာ"ဟု ယင်းကဆက်လက်ပြောသည်။


ယခုအခါ အဆိုပါအမှုကို မြောက် ဒဂုံရဲစခန်းမှ (ပ)၂၇၉^၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂^၃၉၂တို့ဖြင့် တရားခံဖမ်း ဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။



သတင်း..YMG

နအဖစစ်အစိုးကတော့ပြည်သူတွေကို ရေအားလျှပ်စစ်ထက်လေအားလျှပ်စက်ကိုပို၍လုပ်ပေးနေပါပြီ ခေတ်မှီမဖွံ့ဖြိုးမတိုးတက်သောနိုင်ငံတော်သစ်ဆီသို့လျှောက်လှမ်းကြပါစို့


ယခင်နှစ် မှတ်တမ်းများအရ လျှပ်စစ်မီးအချိန်ပိုင်းဖြင့် သုံးစွဲရမည့် ကာလမှာ နှစ်လနီးပါးကျန်ရှိနေသေးကြောင်း၊ မကြာခဏပြတ်တောက်သည့် ပုံစံဖြင့်ဖြန့်ဖြူးပေးခြင်းအစား အများပြည်သူသုံးစွဲရာတွင် တိကျစွာ သတ်မှတ်သုံးစွဲနိုင်ရန်အတွက် ပေးနိုင်သည့် မီးပမာဏ၊ ပေးနိုင်သည့် အချိန်အတိအကျဖြင့်သာ ဖြန့်ဖြူးပေးခြင်းအပေါ် ပိုမိုလိုလားကြောင်း ရန်ကုန်မြို့နေပြည်သူများထံမှ သတင်းရရှိပါသည်။



နှစ်စဉ် ဇူလိုင်လလယ်၊ လကုန် ပိုင်းရောက်ရှိမှသာ လျှပ်စစ်မီး အပြည့်အ၀ရလေ့ရှိကြောင်း မှတ်တမ်း များရှိနေသည့်အတွက် ယခုနှစ်တွင်လည်း လာမည့် ဇူလိုင်လလယ်၊ လကုန်ပိုင်းမှသာ လျှပ်စစ်မီးအပြည့်အ၀ ရရှိမည့်ကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း ယခင်နှစ်အခြေအနေ ပေါ်မူတည်၍ ခန့်မှန်းသုံးသပ်မှုများ အရ သိရသည်။



''နှစ်တိုင်း လျှပ်စစ်မီးက မိုးတွင်းလေးလလောက်ပဲ အပြည့်ရတယ်။ ဇူလိုင်လလယ် ဒါမှမဟုတ် လကုန်ပိုင်းရောက်မှ အပြည့်အ၀ စပြီးသုံးရတယ်။ အဲဒီကနေ နိုဝင်ဘာလအထိပေါ့။ နိုဝင်ဘာလကုန်ပိုင်း ကစပြီး နောက်တစ်နှစ် ဇူလိုင်လ ကုန်ပိုင်းအထိကို အချိန်ပိုင်းနဲ့ တစ်ခါပြန်ရပြန်တယ်။ ဒီလိုလည်ပတ် နေတာလေ။ အဲဒီမှတ်တမ်းအရဆိုရင်တော့ မီးအချိန်ပြည့်သုံးရမယ့် ကာလရောက်ဖို့ နှစ်လလောက် လိုသေးတယ်။ အခုပုံစံအတိုင်းကို ပြောတာနော်၊ တစ်ကယ်လို့ ကြားထဲမှာ မီးရနိုင်တဲ့ အနေအထားတစ်ခုပေါ် လာရင်တော့ စောမှာပေါ့ဗျာ''ဟု ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှ စက်မှုလုပ်ငန်းရှင်တစ်ဦးက ၄င်းမှတ်သားထားခြင်း အပေါ် ပြန်လည်သုံးသပ်ပြောကြားခဲ့ ပါသည်။



ကျန်ရှိသည့် နှစ်လတာကာလ အတွင်း အများပြည်သူအနေဖြင့် လျှပ်စစ်မီးသုံးစွဲရာ၌ ယခုကဲ့သို့ နာရီဝက်တစ်ခါ၊ မိနစ်ပိုင်းအတွင်း ပြတ်တောက်ခြင်းမျိုးဖြင့် သုံးစွဲရမှု အဆင်မပြေသည့် ပုံစံအစား ရနိုင်သည့်ပမာဏ၊ ပေးနိုင်သည့်အချိန် အတိုင်းအတာကိုသာ တိတိကျကျ ပေးသည့်ပုံစံမျိုး အသုံးပြုဖြန့်ဖြူးပေးခြင်းကို လိုလားသည်ဟု ရန်ကုန်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။



အချိန်အတိအကျ မှန်းထားလို့မရတဲ့အတွက် မီးနဲ့အလုပ်လုပ်ဖို့တော့ အဆင်မပြေဘူး။ တစ်ကယ်တော့ သုံးနာရီဆို သုံးနာရီပဲ တောက်လျှောက်ပေးစေချင်တယ်။ အဲဒီလိုဆိုရင် မီးနဲ့အလုပ်လုပ်ရတာ အဆင်ပြေမှာပါ


၂၀၀၉ ခုနှစ် နိုဝင်ဘာလလယ် မှ ၂၀၁၀ ပြည့်နှစ် မေလဆန်းပိုင်း အချိန်အထိ ရေမီးပြဿနာကို အကြိမ်ကြိမ်ကြုံခဲ့ရာ၌ တစ်ကြိမ်ကြုံ ပြီဆိုလျင် ၅ ရက်အထက် အထိပင် ဆက်တိုက် မီးမကြာခဏ ပြတ်ခြင်း၊ ရေတင်ရခက်ခဲခြင်းမျိုး ကြုံခဲ့ရသည် ဟုလည်း သိရသည်။



''မီးလာတဲ့အချိန်ကို အရင်နှစ်ကထက် ပိုပေးထားတာမှန်ပါတယ်။ ဒါပေမယ့် တစ်ကယ်လာတော့ မိနစ်ပိုင်း တစ်ခါပျက်လိုက်၊ ပြန်လာလိုက်၊ နာရီဝက်ပျက်လိုက် ပြန်လာလိုက်က ပိုများလာတယ်။ ဒီတော့ ရေတင်လို့လည်း မရ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေလည်း ပျက်စီးတာ ခဏခဏပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ တစ်ရက်ကို တစ်နာရီရမယ်ဆိုလည်း အဲဒီတစ်နာရီကို ဆက်တိုက်သာ ပေးစေချင်ပြီး အဲဒီအချိန် အတွင်းမှာ ပျက်မသွားစေချင်ဘူး။ အဲဒီလိုပဲ နာရီဝက်ရမယ်ဆိုလည်း နာရီဝက်ပေါ့။ အဲဒီလိုတိကျရင် ကိုယ်လုပ်ရမှာတွေကို မီးရမယ့်အချိန်နဲ့ တွက်ချက်ပြီး အလုပ်လုပ်ရတာရော၊ သုံးစွဲရတာရော အဆင်ပြေမှာပါ''ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ရှင်းပြခဲ့သည်။



''ရေတင်မရတာ လေးရက်ဆက်တိုက်ပဲ။ ပထမတစ်ကြိမ်တုန်း ကလည်း ငါးရက်ဆက်တိုက်ကို ရေတင်မရတာ ရှိသေးတယ်။ မီးကလာ ပြီးတာနဲ့ ချက်ချင်းကို ပြန်ပျက်တာ ဘယ်လိုလုပ်မလဲဗျာ။ မီးလာချိန် ညနေ ၅ နာရီဆိုပါတော့။ ည ၁၁ နာရီထိ အေးဆေးပဲ ထမင်းချက်လိုက်ဦးမယ်ဆိုပြီး ထချက်တယ်။ ၁၀ မိနစ်ပဲကြာတယ် ပြန်ပျက်တော့ ထမင်းလည်းဆုံးရောဗျာ။ ဘရိတ်ကာ၊ ဖုန်းအားသွင်းတဲ့စက်၊ လေအေးပေးစက် လိုဟာမျိုးကတော့ ပျက်တာမှ ခဏခဏပဲ။ ဒီတော့ လာမယ်ဆိုရင် ပေးနိုင်သလောက်ကို အချိန်အတိအကျပေးပါ။ ဒါမှလည်း ကျွန်တော်တို့ အကျိုးရှိရှိသုံးရမှာပါ''ဟု သာကေတ မြို့နယ်နေ ပြည်သူတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။



''ကျွန်တော်တို့ ရပ်ကွက်ကတော့ မီးပြန်ရနေပြီ အခုရက်ပိုင်းမှာ။ ဒါပေမယ့် မီးအားထိုးကျ ထိုးတက်၊ ခဏခဏ ပြန်ပျက်တာတော့ ရှိနေတယ်။ အရှင်း မီးမမြင်ရတာတော့ မဟုတ်တော့ဘူး။ အချိန်အတိအကျ မှန်းထားလို့မရတဲ့အတွက် မီးနဲ့အလုပ်လုပ်ဖို့တော့ အဆင်မပြေဘူး။ တစ်ကယ်တော့ သုံးနာရီဆို သုံးနာရီပဲ တောက်လျှောက်ပေးစေချင်တယ်။ အဲဒီလိုဆိုရင် မီးနဲ့အလုပ်လုပ်ရတာ အဆင်ပြေမှာပါ''ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးကလည်းဆိုသည်။



လျှပ်စစ်ပစ္စည်းများ ပျက်စီးမှု များပြားခြင်း၊ စိတ်ချလက်ချသုံးစွဲမှု မပြုနိုင်ခြင်းများကြောင့် အချိန်တိတိကျကျဖြင့် မီးပေးရန် လိုလားနေကြခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောကြားခဲ့သည်။



ရင်းမြစ်...weeklyeleven

မဲဆောက်တွင် တရားမဝင်အလုပ်သမား(၃၀၀)ခန့် အားထိုင်းအစိုးရမှထောင်ဒဏ်ချမှတ်လိုက်ခြင်း

တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါးကို မဲဆောက်တရားရုံးက ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်များချမှတ်လိုက်သည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ အိုမီဂါစက်ရုံ၊ နွားရုံနှင့် အခြားကျဘန်းအလုပ်သမားများဖြစ်ကြောင်း တရားရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

“သူတို့ကို ဒီမနက်ဘဲ ရုံးတင်တယ်၊ အဓိက ကတော့ မြန်မာနိုင်ငံကူးမှတ်ပုံတင်မရှိတာရယ်၊ အလုပ်လုပ်ခွင့်လက်မှတ် မရှိတာကြောင့် အခုလိုထောင် (၄၅) ရက် ချလိုက်တာ” ဟု ၎င်းကပြောသည်။


အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများကို ထောင်ဒဏ်ကျခံပြီးပါက မြန်မာနိုင်ငံဘက်ကမ်းသို့ ပြန်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ အလုပ်သမားကို ပြီးခဲ့သည့် စနေနေ့ကတည်းက စတင်ဖမ်းဆီးခြင်းဖြစ်ပြီး အလုပ်ရှင်အနေဖြင့် တဦးလျှင် ဘတ် (၂၀၀၀) ဖြင့် ပြန်လည်ခေါ်ထုတ်သွား၍ ရသော်လည်း အလုပ်သမားအားလုံးအတွက် သူဌေးက ငွေကြေးတက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

“အိုမီဂါစက်ရုံက ဖမ်းတုန်းက အယောက် ၁၂၀ ကျော်တယ်၊ သူဌေးက အယောက် ၁၀၀ ကို လာရွေးသွားတော့ လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့ ၂၃ ယောက်လောက်ကတော့ ဒီနေ့ထောင်ချတဲ့ အထဲပါသွားတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ကြခြင်းမှာလည်း ငွေကြေးမတက်နိုင်ခြင်းများရှိသည့်အပြင် လက်မှတ်လုပ်ပြီးပါက မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့် မိသားစုများထံ စစ်အစိုးရအာဏာပိုင်များက ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်ဟုလအလုပ်သမားတဦးက ပြောသည်။

ယခုအလုပ်သမားများအား လာရောက်ဖမ်းဆီးသူများမှာ တက်ခ်ခရိုင်မှ အာဏာပိုင်များဖြစ်ပြီး အိုမီဂါစက်ရုံ၊ နွားရုံ၊ စတီးရုံ၊ အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ (ST-၁ )၊ (ST- ၂) စက်ရုံများအပြင် ကျဘန်း ပန်းရံလုပ်ကိုင်သူများပါဝင်သည်။

မဲဆောက်ဒေသတွင်း ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေသည့်အတွက် အချို့စက်ရုံမှ အလုပ်သမားများမှာ ထွက်ပြေးတိမ်းရှောင် နေရလျှက်ရှိသည်။




ရင်းမြစ်..ရိုးမ(၃)