04 May 2010
ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ ...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှ မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
နာဂစ်(၂)နှစ်ပြည့် အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ဆွမ်းကပ်အမျှဝေပွဲကျင်းပပြုလုပ်
နာဂစ်စ် လေမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဘိုကလေးမြို့တွင် ပုဂ္ဂလိက အလှူရှင်များကို စောင့်မျှော်နေကြသော လေဘေးဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့ အခမ်းအနားတရပ်ကို အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်၊၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ကမကထပြုပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် ကုသိုလ်ကောင်းမှု ပြုခဲ့တဲ့အကြောင်း နာဂစ်ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပြပါတယ်၊၊ အခမ်းအနားမှာ နာဂစ် ကူညီရေးကော်မတီရဲ့ မုန်တိုင်းသင့်ဒေသတွေမှာ အကူအညီပေး လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံတွေ ပြသထားတယ်လို့ ဆိုပါတယ်၊၊
ဒီကနေ့မှာပဲ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတဲ့ ရုံးခန်းမှာ သံဃာတော် ၅ ပါးနဲ့ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခဲ့တယ်လို့ အဖွဲ့ချုပ် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်၊၊
“ဒီဇင်ဘာလ ခရစ္စမတ်နေ့က စပြီးလုပ်တာပေါ့။ ပြီးသွားတော့ ဒီအခန်းလေးကို ဒေါ်စု ရုံးပြန်တက်ရင် ထိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ ကျမတို့ကတော့ ဆုံးဖြတ်ထားပြီးသားပဲ။ ဒေါ်စုအတွက် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဒီအခန်းကို သော့ပိတ်ပြီးတော့ ထားခဲ့မယ်၊ အထဲမှာ ဒေါ်စုအတွက် ရည်ရွယ်ထားတဲ့ ပစ္စည်းအားလုံးကိုလည်း ဘာမှမသယ်ဘဲ ဒီအတိုင်း ထားခဲ့မှာဖြစ်ပါတယ်။ ဖွင့်ပွဲတော့မဟုတ်ပေမယ့် လူကတော့ မရှိသေးဘူးပေါ့နော်၊ ဒါမျိုး ရည်ရွယ်ပြီးတော့ပေါ့။ အစတုန်းကတော့ ဒေါ်စုရဲ့ မွေးနေ့မှာမှ လုပ်ဖို့၊ မွေးနေ့မှာကျတော့ အဲန်အယ်လ်ဒီအနေနဲ့ တရားဝင်ရပ်တည်မှု မရှိတော့တဲ့အခါ ဒီနေ့ တခါတည်း ကြိုတင်ပြီးတော့ လုပ်လိုက်တာပါ”
ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ အမျိုးသမီးအဖွဲ့ဝင်တွေက စီစဉ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်၊၊
အလားတူပဲ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကွယ်လွန်သွားခဲ့သူတွေအတွက် ရည်စူးပြီး ဆွမ်း ဆက်ကပ်လှူဒါန်းပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဝပ်ဆိုင်းမွန်လို့ အမည်ရတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
မုန်တိုင်း တိုက်ခိုက်ခံရပြီး ၂ နှစ်ပြည့်ခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်း ဒေသတချို့မှာ အိုးအိမ် အတည်တကျ မရှိသေးသူတွေ အများအပြား ကျန်နေသေးပြီး သောက်သုံးရေ အခက်အခဲတွေလည်း ရှိနေသလို ကျန်းမာရေးလိုအပ်ချက်တွေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့ HRW က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုဖြစ်နေရတာဟာ မုန်တိုင်းသင့် ပြည်သူတွေဆီ ပြည်တွင်းပြည်ပက ထောက်ပံ့တဲ့အကူအညီတွေ အပြည့်အ၀ မရောက်ရှိလို့ ဖြစ်ပြီး လက်ရှိစစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ရာမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ နန်းယဉ်စမ်က ပြောပါတယ်။
“နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဒီ အသက် ဆက်ရှိနေတဲ့လူတွေ၊ ဒုက္ခရောက်နေတဲ့ လူတွေကို ချက်ချင်းအကူအညီ ပေးဖို့က အဓိကကတော့ အစိုးရက တာဝန်ယူရမှာပေါ့၊ ဒါပေမယ့် တကယ့်တကယ် ပြန်ကြည့်မယ်ဆိုရင် အစိုးရက ဘာမှ အကူအညီပေးတဲ့ လုပ်ငန်းတွေ လုပ်မနေဘူး။ လုပ်တဲ့လူတွေကိုတောင်မှ လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘူး။ ပြည်ပကနေပြီးတော့မှ ပေးသွားတဲ့ အကူအညီ ငွေတွေဆိုလည်း အစိုးရကနေတဆင့် ဖြတ်နေတော့ အကူအညီ ငွေတွေဆိုတာ တကယ် ဒုက္ခရောက်နေတဲ့ လူတွေဆီကို မရောက်လို့ ဒီပြဿနာတွေက အခုထိ ဖြစ်နေဆဲ ဖြစ်တယ်”
နာဂစ်မုန်တိုင်း နှစ်ပတ်လည်အလှူပွဲကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်တဲ့ Friends of Burma အဖွဲ့က ဦးဆောင် စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။
ရင်းမြစ်..RFA
ရန်ကုန်နှင့် မန္တလေးလမ်းတံတားဖြတ်သန်းခ ကောက်ခံရေး ကန်ထရိုက်များ၏ငွေကောက်ခံမှုကြမ်းတမ်း

တံတားဦးထဲအဝင် တွင် ဒုဋ္ဌဝတီချောင်းကူးတံတားကို ဖြတ်သန်းခအဖြစ် တဲငယ်ထိုး မောင်းတံတားဖြင့် ကောက်ခံနေပေသည်။ တံတားအသုံးပြုခ(တံတားဖြတ်သန်းခ)ကို ငွေကျပ်(၆ဝဝဝ)ပေးရ မည်။ မြို့ဝင်ကြေး (၅ဝဝ)ကျပ်ပေးရမည်ဟု ကောက်ခံလာခဲ့သည်။ စစ်ကိုင်းတံတားဖြတ်ခက (၄ဝဝ)ကျပ်ဖြစ်ပြီး ချောင်းကူးတံတားဖြတ်ခမှာ (၆ဝဝဝ)ကျပ်ဖြစ်နေပေသည်။ ဘယ်က ကောက်တာလဲ၊ ဘာလဲမေးတော့ လေလံဆွဲထားသည်ဟုသာ ဝန်ထမ်းများက ဆိုကြသည်။ ဘယ်ကုမ္ပဏီကမှန်းမသိ၊ ဘာမှန်းမသိဘဲ တံတားကို မောင်းတံတားရုံနှင့်မပေးနိုင် ဆိုကြ တော့ ဒါဆိုမောင်းတံမဖွင့်ပေးဘူးဟု ပြန်ပြောသည်။
တံတားကြေးကောက်ခံမှုသည် ဘာ ဆိုင်းဘုတ်မှမရှိဘဲ ကောက်နေမှုကလည်း တော် တော်ဆိုးသည်။ ဘယ်ကား ဘယ်လောက် ဆိုပြီး သတ်မှတ်နှုန်းထားမရှိဘဲ ကောက်ချင်သလို ကောက် နေကြသည်မှာ တော်တော်ကို လွန်လွန်းပေသည်။ အင်းဝနေပြည်တော်ကို သွားရန်သည်တစ်လမ်းပဲရှိသည်ကို လူပါးဝသည့် ပုံစံမျိုးနှင့် ဖြစ်နေချေတော့သည်။
သက်ဆိုင်ရာမှ တံတားလေလံဆွဲထားသူအား သေသေ ချာချာ ကြပ်မတ်ပေးစေချင်သည်။ သို့မဟုတ်ပါက အင်းဝသို့ မည်သူမျှမသွားဘဲ နေတော့မည် ဖြစ်နေပေသည်။ တံတားဦးမှအထွက် တစ်နေရာတွင် လမ်း အသုံးပြုခကောက်ခံပုံမှာ (၄ဝဝဝ)ကျပ် ဖြစ်နေသည်။ (၄ဝဝဝ)ကျပ်ကို လေလံဆွဲသူက ဘယ်လိုပုံစံနှင့် ကောက်ခံသလဲဆိုရင် သူတို့လမ်းခင်းတာက (၄)မိုင် နှင့်(၆)ဖာလုံရှိ၍ (၄ဝဝဝ)ကျပ်နှင့်ကောက်သည်ဟု ဆိုလာ လေသောအခါ....။
ရင်းမြစ်..လျှပ်တပြက်ဂျာနယ်
နေ့အပူချိန် ပိုမိုမြင့်မားလာမှုကြောင့် ပဲခူးခရိုင်အတွင်းရှိ သောက်သုံးရေကန်ခန်းခြောက်မှုများ ယမန်နှစ်များကထက် ပိုမိုမြန်ဆန်လာ
နေ့အပူချိန် ပိုမိုမြင့်မားလာမှုကြောင့် သောက်သုံးရေကန် ခန်းခြောက်မှုများ ယမန်နှစ်များကထက် ပိုမိုမြန်ဆန်လာခဲ့ကြောင်း သိရသည်။ အချို့ကျေးလက်ဒေသများတွင် ခန်းခြောက်သွားသောရေကန်များ အတွင်း၌ ရေတွင်းများထပ်မံတူးဖော်ကာ သောက်သုံးရေရရှိရေးအတွက် ဖန်တီးလာရကြောင်း သိရသည်။ ခမ်းခြောက်ခြင်းမရှိသေးသည့် ရေကန်များမှာလည်း ရေနည်းနေပြီဖြစ်၍ ရေ၏အရည်အသွေးစံနှုန်းမှာ လျော့ကျလာခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်သနပ္ပင်မြို့နယ်၊ က၀နှင့်ဝေါမြို့နယ်များရှိ ကျေးလက်များတွင် ပိုမိုကြုံလာရကြောင်း သိရသည်။အဆိုပါဒေသများတွင် သောက်သုံးရေအတွက် ရေကန်များမှ ရေကိုသာအဓိက မှီခိုနေရကြောင်း သိရသည်။ အဆိုပါဒေသများ၌ မေလလယ်ထိ မိုးတစ်ကြိမ်မှ ရွာသွန်းခြင်းမရှိပါက အရည်အသွေးကောင်းသည့် သောက်သုံးရေရနိုင်ရေး ခက်ခဲနိုင်ကြောင်း သိရသည်။
"ရွာမှာရှိတဲ့ အချို့ကန်တွေက ရေလုံးဝခန်းကုန်ပြီ၊ ရေလက်ကျန်ရှိသေးတဲ့ ကန်တွေကရေကိုပဲ တစ်ရွာလုံးသုံးရတယ်။ ရေလက်ကျန်က အတော်နည်းသွားပြီး ရေသိပ်မကောင်းတော့ဘူး။ ကန်တွေခန်းတာ အရင်နှစ်ထက်မြန်တယ်။ ရွာတွေ အ၀ီစိတွင်းတူးလည်း ရေငန်ပဲထွက်တယ်"ဟု က၀မြို့နယ်ဒေသခံက ဆိုသည်။ ဤသတင်းအားweeklyeleven.မှဖတ်ပြီး ပြန်လည်တင်ပြလိုက်ပါသည်။
အမေရိကန်နိုင်ငံသားခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ

အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။
သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ ထောက်လှမ်းရေးရဲနှင့်လူဝင်မှုကြီ
သူ့မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ သူသည် ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံ
သူ့ကို မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားများကိုနှိပ်စက်သလို
သူ့အနေဖြင့် မေ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆောင်ရွက်နေသူ အရှင် သောပါက နှင့်တွဲဘက်၍ “ Burma VJ ” မှတ်တမ်းရုပ်ရှင်ကို ရှင်းလင်းပြသမည်ဟုလည်း သိရသည်။
လာမယ့် ဇွန် ၁၉ ရက်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သူတည်ထောင်ထားသော ချင်းမိုင်မြို့ရှိ The Best Friend Library (မိတ်ဆွေကောင်းစာကြည့်တိုက်) တွင် သူနှင့် Andrea ဆိုသူတို့ ပူးတွဲပြီး “ Responsible Tourism in Burma ” အကြောင်းနှင့်ပတ်သတ်၍ နှီးနှော ဖလှယ်ပွဲကျင်းပသွားမည်ဟုလည်း သိရှိရပါသည်။
ပေးပို့ ပေးသော မောင်လေး အလင်းဆက် ကိုကျေးဇူးတင်ရှိပါသည်.။
နအဖထိပ်ပိုင်းခေါင်းဆောင်ကြီးတွေနဲ့ပေါင်းပြီးကိုယ်ကျိုးစီးပွားသောင်းကျန်းနေတဲ့ဧဒင်ချစ်ခိုင်အုပ်စုကဆောက်လုပ်ရေး အင်ဂျင်နီယာချူပ်ရဲ့မတရားအနိုင်ကျင့်မှု
ချစ်ခိုင်ရဲ့  အေဒင်အုပ်စုဟာ ရန်ကုန်ကမ္ဘာအေးဘုရားလမ်းက Sakura Resident၊ ကန်တော်ကြီးစောင်းက Signature စားသောက်ဆိုင်၊ နေပြည်တော်က သင်္ဂဟဟိုတယ်၊ တောင်ကြီးအေးသာယာ Resort တွေကို ပိုင်ဆိုင်ထားပြီး နအဖတွေရဲ့  နေပြည်တော်မှာလည်း ဥာဏသိဒ္ဓိရပ်ကွက်ကြီး တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်ပါတယ်။ ချစ်ခိုင်ရဲ့  ဧဒင်အုပ်စုဟာလည်း တိုင်းပြည်သယံဇာတတွေကို အလွဲသုံးစားလုပ်ပြီး နအဖရဲ့  အမာခံ စီးပွားရေးအုပ်စုကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။
ချစ်ခိုင်ရဲ့  ဧဒင်အုပ်စုအကြောင်း ဇစ်မြစ်ကို ဖေါ်ပြပြီးတဲ့နောက် ယခု ဧဒင်ဆောက်လုပ်ရေးရဲ့  အင်ဂျင်နီယာချူပ်ဖြစ်သူ မျိုးမင်းထွန်းရဲ့  အလုပ်သမားတွေအပေါ် မတရား အနိုင်ကျင့်မှုကို ဖေါ်ပြလိုပါတယ်။ ဒီ အင်ဂျင်နီယာချူပ် မျိုးမင်းထွန်းဟာ ဆရာချစ်ခိုင်ရဲ့  ပ စားထားမှုကြောင့် လက်အောက်ခံအလုပ်သမားတွေအပေါ် မောက်မာစွာ မတရားဆက်ဆံပါတယ်။
ဧဒင်ဆောက်လုပ်ရေးရဲ့  အင်ဂျင်နီယာချူပ် မျိုးမင်းထွန်းဟာ အရက်သေစာ သောက်စားမူးယစ်ပြီး အောက်ခြေအလုပ်သမားတွေကို မိုက်မိုက်ရိုင်းရိုင်း ဆဲရေးတိုင်းထွာလေ့ရှိပါတယ်။ သူ့ လက်အောက်မှာ ရှိတဲ့ SAE တင်အောင်ကို၊ GE မိုးဇာလီဗအာင်တို့ ကနေတစ်ဆင့် ပန်းရံအလုပ်သမားတွေရဲ့  လစာကို မရှင်းဘဲ နေတာတွေ ရှိပါတယ်။ အောက်ခြေလူတန်းစား အလုပ်သမားတွေကို ဧဒင် ဆောက်လုပ်ရေးရဲ့  အင်ဂျင်နီယာတွေက အခုလို မတရား အနိုင်ကျင့်နေတာဟာ သူတို့ ရဲ့  ကုမ္ပဏီပိုင်ရှင် ချစ်ခိုင်က မသိကျိုးကျင်ပြုပြီးနေကြောင်းလည်း သိရှိရပါတယ်။
(ဧဒင်ဆောက်လုပ်ရေးမှ အလုပ်သမားတစ်ဦး)။
03 May 2010
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်နေရာ အပြောင်းအလဲ ပြုလုပ်။

ဟိန်းလတ်မှာ နအဖ ပြန်ကြားရေးဝန်ကြီး ခန့်အပ်သော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး လာမည့် စာပေညီလာခံတွင်လည်း နောက်ထပ် သက်တမ်းဆက်လက် တာဝန်ပေးခံရမည့် တစ်ဦး ဖြစ်ကြောင်းလည်း စာပေနှင့်စာနယ်ဇင်း ဗဟိုအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။ ဆရာ ကိုမျိုး (မြန်မာစာ) မှာ ယမန်နှစ်က စတင်ထုတ်ဝေသော ပေါ်ပြူလာနယူးစ် ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သူ တစ်ဦးဖြစ်ပြီး ယခင်ကလည်း ပေါ်ပြူလာဂျာနယ်တွင် အယ်ဒီတာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။
နအဖ ရွေးကောက်ပွဲအကြိုကာလ ပြည်တွင်း ဂျာနယ်လောကတွင် အနုပညာဦးစားပေး ဂျာနယ်တစ်စောင် ဖြစ်သော ဆရာ ဦးဝင်းငြိမ်း၏ အလင်းတန်းဂျာနယ်တွင် နိုင်ငံရေးပါတီ အင်တာဗျူး ဖော်ပြလာခြင်း၊ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆို၍ ထွက်ပေါ်သည်ဆိုသော မြတ်ခိုင်တို့ သားအဖ၏ မော်နီတာ ဂျာနယ်အသစ် ထုတ်ဝေလာခြင်း တို့နှင့်အတူ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် အပြောင်းအလဲမှာ နိုင်ငံရေး စာမျက်နှာ ကဏ္ဍပါဝင်လာခြင်းတို့က ဆက်လက် စောင့်ကြည့်ရမည့် ထူးခြားပြောင်းလဲမှုများဟု စာပေလောက သားတစ်ဦးက ဆိုသည်။
(သတင်း - မာဃ၀ိဇ္ဇာ)။
ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား.....
မီးအခြေအနေ တော်တော်ဆိုးကြောင်း နေ့မှာ အရမ်းပူသလို ညမှာလည်း မီးမလာလို့ အိပ်မရကြောင်း စက်မှုဇုံတွေမှာ မီးပြတ်တာ ပိုဆိုးကြောင်း လာတဲ့အချိန်မှ လာတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ယခုအချိန်မှာ မီးပြတ်တယ်ဆိုတာ လူတွေမပြောကြတော့ပဲ ရိုးနေပြီဖြစ်လို့ မီးလာတယ်လို့ပဲ ပြောဆိုနေကြရပါပြီ။ စက်မှုနိုင်ငံကို ဖယောင်းတိုင်နဲ့ ထူထောင်ပါတော့မယ်။ အခြေခံအကျဆုံး ဖြစ်တဲ့ ရေမီးတောင် မှန်မှန်မပေးနိုင်ခဲ့ပါ။ အနှစ်(၂၀)ကျော်လုံးလုံး မီးမပြတ် ရနေတာကတော့ သတင်းစာထဲမှာပဲ။ နောက်အသူရကာယ်မြို့ ကြပ်ပြေးမှာပါ။ အသူရကာယ်ဘုံဆိုတာ နေ့စံညခံပါ နေ့မှာစံထားရတုန်း စံထားကြပါ။ ခံရမယ့် အလှည့်ရောက်ရင်တော့ ..
စီအန်ဂျီယာဉ်မောင်းများနှင့် ကားပိုင်ရှင်များအကြား ဓာတ်ငွေ့ဆိုင်မီးပျက်နေသည့် အချိန်အခါမျိုးတွင် နားလည်မှုဖြင့် ယာဉ်မောင်းချိန် တိုးမြှင့်ပေးမှုများရှိလာ

မြန်မာပြည်မှာ ဂက်စ်ထည့်ဘို့ ကိုကားတန်းကြီးစောင့် နေရပုံပါ
ယင်းကဲ့သို့ ယာဉ်ပိုင်ရှင်များမှာ မိမိ၏ CNG အငှားယာဉ်မောင်းကို နားလည်မှုဖြင့်အချိန်တိုးမြှင့်၍ ပြေးဆွဲခွင့်ပေးရခြင်းအကြောင်းရင်းမှာ ယခု လပိုင်းအတွင်း CNG ဓာတ်ငွေ့ဆိုင်အများစုမှာ မီးပျက်နေ၍ ဓာတ်ငွေ့ထည့်ရာတွင် အချိန်အားဖြင့်အနည်းဆုံး ၃ နာရီမှ ၆ နာရီဝန်းကျင်အထိ စောင့်စားနေရသည့်အတွက်ကြောင့် ဖြစ်ကြောင်းသိရှိရသည်။
"CNG ဓာတ်ငွေ့ဆိုင်တွေက ပုံမှန်မရှိဘူး။ တစ်ခါတစ်လေကျရင် မီးလာတယ်။ တစ်ခါတစ်လေကျရင် မီးပျက်တယ်။ မီးလာတဲ့အခါမှာတော့ တော်တော်လေးအဆင်ပြေတယ်။ မီးပျက်တဲ့အခါမှာတော့ ဂက်စ်ထည့်ရာ မှာတော်တော်လေးကြာတယ်။ အနည်းဆုံး သုံးနာရီလောက်ကြာတယ်။ ကိုယ့်ကားက ခရီးသည်ကိုလိုက်ပို့ရင်း နဲ့ဂက်စ်ကုန်သွားတော့ နီးစပ်ရာဂက်စ်ဆိုင်မှာဝင်တန်းစီတယ်။ အဲဒီဆိုင်က မီးပျက်နေတော့ အကြာကြီးစောင့်ရမှာစိုးလို့ တခြားဆိုင်ကိုသွားပြီးဂက်စ်ထည့်တော့လည်း မထူးခြားပါဘူး။ ပိုတောင်အချိန်ကုန်သွားပါသေးတယ်။
အဲလိုအကြာကြီးစောင့်ရတဲ့အခါမှာ အုံနာကြေးမပြည့်တော့ ပိုင်ရှင်ဆီကို အကြောင်းကြားပြီး နောက်ထက်အချိန်ပိုဆွဲခွင့်ရအောင် ခွင့်တောင်းရပါတယ်"ဟု CNG အငှားယာဉ်မောင်းတစ်ဦးက ဆိုပါသည်။
CNG အငှားယာဉ်ပိုင်ရှင်တစ်ဦးကလည်း "ယာဉ်မောင်းတွေဘက်က အခက်အခဲတွေကို ပြောပြတော့လည်း ကျွန်တော်တို့ဘက်က ဖြစ်နိုင်တာကို လိုက်လျောပေးပါတယ်။ ဥပမာ - ဂက်စ်ထည့်တာ သုံးနာရီ ကြာတယ်ဆိုရင် ကားပြေးဆွဲခွင့်ကို နောက်ထက်သုံးနာရီတိုးပြီး ပြေးဆွဲခွင့်ပေးပါတယ်။ အဲလိုပေးနိုင်တာကလည်း ယာဉ်မောင်းတစ်ယောက်တည်းကိုပဲ နားလည်မှုပေးလို့ရတယ်။ တချို့ယာဉ်တွေဆိုရင်တော့ ယာဉ်မောင်းချိန်နှစ်ချိန်ရှိတော့ နားလည်မှုလုံးဝပေးလို့မရဘူး။ အဲဒီအခါမှာတော့ မနက်ယာဉ်မောင်းက ညဘက်ယာဉ် မောင်းအတွက် ဂက်စ်ဖြည့်ပေးရမယ်။ ညယာဉ်မောင်းက မနက်ယာဉ်မောင်းအတွက် ဂက်စ်ဖြည့်ပေးရမယ်"ဟုပြောကြားခဲ့သည်။
CNG ယာဉ်အုံနာကြေးမှာ ကျပ် ၁၄၀၀၀ ၀န်းကျင်၊ ဒီဇယ်နှင့် ဓာတ်ဆီယာဉ်အုံနာကြေးမှာ ကျပ် ၁၀၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။ weeklyeleven တွင်၎င်းသတင်းအား ဖော်ပြထားပါသည်.။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မည်သည့် နိုင်ငံသားတိုင်းမဆို ဆိုက်ရောက်ဗီဇာ စတင်လျှောက်ထားနိုင်ပြီ
ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ယခင်ကမြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာရရှိခဲ့မှု မရှိခြင်းကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ဗီဇာရရှိရန်ကြိုးပမ်းရ၍ အချိန်နှောင့်နှေးခြင်းကြုံတွေ့ရသည့်အတွက် ယခုကဲ့သို့ စီစဉ်ခဲ့ရပြီး မြန်မာနိုင်ငံခရီးသွားကဏ္ဍတွင်လည်း ပိုမိုအဆင်ပြေစေရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။
"အရင်ကဆိုရင် မြန်မာနိုင်ငံမှာ သံရုံးမရှိတဲ့နိုင်ငံတွေအနေနဲ့ သံရုံးရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူနိုင်ငံတွေမှာTransit ခံပြီး ဗီဇာဝင်လုပ်ရတယ်။ အခု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆိုက်ရောက်ဗီဇာ စထုတ်ပေးနေတော့ ပိုလွယ်ကူသွား ပါတယ်"ဟု ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ယခုအခါ ဆိုက်ရောက်ဗီဇာများကို မေလ၁ ရက် နေ့တွင် စတင်ထုတ်ပေးခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသားလေးဦး စတင်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
မည်သည့်နိုင်ငံသားမဆို ၄င်းတို့ သက်ဆိုင်ရာနိုင်ငံမှ လာရောက်သူတိုင်းအား ဆိုက်ရောက်ဗီဇာစည်းမျဉ်းဘောင်ဝင်လျှင် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း၊လျောက်ထားသူ၏ ပတ်စ်ပို့သက်တမ်းသည် ရန်ကုန်သို့ရောက်ရှိချိန်တွင် သက်တမ်းအနည်းဆုံး ခြောက်လ ရှိရမည်ဟု သိရသည်။
ဆိုက်ရောက်ကမ္ဘာလှည့်ဗီဇာအတွက် ဗီဇာကြေးအမေရိကန်ဒေါ် လာ ၃၀ ကောက်ခံပြီးနေထိုင်ခွင့် ၂၈ ရက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုးခွင့် ပြန်လည်လျှောက်ထားခြင်း ခွင့်မပြုကြောင်း၊ဆိုက်ရောက်လုပ်ငန်းဗီဇာ အတွက် အမေရိကန်ဒေါ်လာ ၄၀ ကောက်ခံပြီး နေထိုင်ခွင့် ရက် ၇၀နှင့် နေထိုင်ခွင့်သက်တမ်း ပြန်လည်တိုးနိုင်ကြောင်း၊ဆိုက်ရောက်ပြည်ဝင်ဗီဇာ (လူမှုရေးအလည်အပတ်)အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၀နှင့်နေထိုင် ခွင့် ၂၈ ရက်ခွင့်ပြုပြီး နေထိုင်ခွင့်သက်တမ်း ထပ်မံတိုးမြှင့်နိုင်ကြောင်းနှင့် ဆိုက်ရောက်ဖြတ်သန်းခွင့် ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၁၈ဒေါ်လာ ကောက်ခံကာ ၂၄နာရီ နေခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆိုက်ရောက်ဗီဇာလျောက်လွှာ ပုံစံအား လေကြောင်းလိုင်းများတွင် အွန်လိုင်းမှ ကြိုတင်ရယူလျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာရန် လေယာဉ်လက်မှတ်ပါရှိရမည်ဖြစ်ကြောင်း သိရှိရပါသည်။ယခုအချိန်ထိ မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များတွင် လုပ်ငန်းဗီဇာနှင့် အလည်အပတ်ဗီဇာအမျိုးအစားသာ အများဆုံးလာရောက်ကြသည်ဟု စုံစမ်းသိရှိရသည်။
ဆိုက်ရောက်ဗီဇာလျောက်ထားသူများအတွက် ထုတ်ပြန်ထားရှိချက်အချို့
- မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊တည်းခိုခန်းများတွင် နေထိုင်လည်ပတ်မည့်သူဖြစ်ရမည်။ တည်းခိုမည့်လိပ်စာကို အတိအကျဖော်ပြရမည်။
- ဆွေမျိုးများ၊ မိတ်ဆွေများ၏နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံအပါအ၀င် တည်းခိုရန်နေရာရှိသူများအနေဖြင့် လက်ခံမည့်သူ၏ လိပ်စာကို အတိအကျဖော်ပြရမည်။
- မိဘ၏နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် ၇ နှစ်အောက်ကလေးများကိုမိဘနှင့်အတူ အခမဲ့ခွင့်ပြုသည်။
- သီးခြားပတ်စ်ပို့ကိုင်ဆောင်သူ အသက် ၇ နှစ်အောက် ကလေးများကို ဗီဇာကြေး အခမဲ့ခွင့်ပြုမည်။
- တစ်ဦးချင်းလာရောက်လည်ပတ်သူဖြစ်ပါက ကိုယ်ပိုင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည်။ မိသားစုအလည် အပတ်လာရောက်ခြင်းဖြစ်ပါက အနည်းဆုံးအမေရိကန် ဒေါ်လာ ၆၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည် (သို့မဟုတ်)အမေရိကန်ဒေါ်လာနှင့်တန်ဖိုးညီမျှသော နိုင်ငံခြားသုံးငွေကို တင်ပြနိုင်ရမည်။
- ခွင့်ပြုချက်မရှိသော ကန့်သတ်နယ်မြေများကို သွားရောက်ခြင်း မပြုရ။
ရင်းမြစ်...weeklyeleven.
နအဖသတင်းစာထဲက လျှပ်စစ်စီမံကိန်းကြီးတွေရဲ့  လျှပ်စစ်တွေ ကျွန်တော်တို့ ရန်ကုန်မြို့ ရဲ့သာကေတမြို့ နယ်ကို မရောက်လို့ ပါ။

ကျွန်တော်က သာကေတမြို့နယ် ၂ မြောက် ရပ်ကွက်မှာ နေသူဖြစ်ပါတယ်။ ကျွန်တော်တို့ သာကေတမြို့နယ်မှာ လျှပ်စစ်မီးပေးတာ စည်းကမ်းမဲ့ ဖြစ်နေပါတယ်။
အမှန်တကယ် နအဖက ဥပဒေထုတ်ထားတာက နေ့စဉ် (၅) နာရီ မီးလာ၊ (၅) နာရီ မီးပျက် အချိန်ဇယားပါ။

အခု ကျွန်တော်တို့ ဆီမှာ နေ့စဉ် ပျက်ချိန်သာ မှန် ပြီး၊ လာချိန်ကျရင် (၁၅) မိနစ်လောက်ပဲ လာပါတယ်။ ပြီးတော့ ပျက်သွားပါတယ်။ ပြန်ပျက်မယ့် ညနေအချိန် (၅) နာရီ မထိုးခင်လောက် ခဏ ပြန်လာပါတယ်။ နေ့စဉ်နဲ့ အမျှပါ။
၂ လပိုင်းလောက်က စပြီး အခု ၄ လပိုင်းကုန် ၅ လပိုင်းဆန်းအထိ ဒီလို နေ့စဉ်ဖြစ်နေပါတယ်။ ကျွန်တော်ဟာ စီးပွားရေးလုပ်နေသူ တစ်ဦးပါ။ လျှပ်စစ်မီးနဲ့ လုပ်ရတဲ့ ကျွန်တော်တို့ အလုပ်တွေ မီးမလာတော့ မီးစက်နဲ့ လုပ်ရပါတယ်။ မီးစက်နဲ့ လုပ်ရတော့ ဆီဈေးက အဆမတန် ပေးဝယ်ရပါတယ်။ ဓာတ်ဆီ ၁ဂါလံကို (၃၆၀၀) ကျပ် ပေးဝယ်ရပါတယ်။ နေ့ စဉ် ဓာတ်ဆီ ၄ ဂါလံ နီးပါးလောက် ကုန်တော့ စီးပွားရေးက နေ့စဉ် အလှူလုပ်နေရသလို ဖြစ်နေပါတယ်။ အကျိုးအမြတ်ဆိုတာ ဝေးလာဝေးပါ။ စိတ်မော လူမောပါပဲ။
ကျွန်တော် သည်းခံပြီး စောင့်ပါတယ်။ သူတို့ ဘယ်လိုတွေ လုပ်နေလည်းဆိုတာကိုပေါ့။ ဒါပေမယ့် ဒီပုံစံပဲ နေ့စဉ် ဖြစ်နေတော့ စိတ်ညစ်ရတယ်။ ကျွန်တော်တို့  လျှပ်စစ် ဗဟိုချုပ်ရုံး ဖုန်းနံပတ်တွေကိုလည်း ဆက်ပြီး တိုင်ပါတယ်။ လျှပ်စစ် complain ဌာနချုပ်ရုံးကိုလည်း ဖုန်းဆက်ပြီး တိုင်ပါတယ်။ မြို့နယ်မှူးရုံးကိုလည်း ဖုန်းဆက်ပြီး တိုင်ပါတယ်။ ခွဲရုံကိုလည်း ဖုန်းဆက်ပြီးတိုင်ပါတယ်။
ဒါပေမယ့် အခုချိန်ထိ မပြောင်းလဲသေးပါဘူး။ အထက်ကပြောတော့ အောက်ကို မီးလိုင်းက ချပေးပါတယ်တဲ့။ အောက်က မြို့နယ်က ကောင်တွေက သူတို့ မိသားစု စားဖို့ သောက်ဖို့ပဲ . လုပ်စားနေတယ်။ အခုလည်း မနက် ၁၁နာရီ လာရမယ့်မီးက ခဏပဲ လာပြီး ပျက်တုန်းပါပဲ။
တိုင်ကြားတဲ့ လျှပ်စစ်မီး ဖုန်းနံပတ်တွေက ခွဲရုံ ဖုန်းနံပတ်များ၊ အလုံ မြို့နယ် Station Supdt: ဦးထွန်းအောင် - ဖုန်း 223110၊ ရွာမ Station Supdt: ဦးအေးလွင် - ဖုန်း 645814၊ သာကေတ Station Supdt: ဦးစိုးလွင် - ဖုန်း 547085၊ လှော်ကား Station Supdt: ဦးသိန်းဇော် - ဖုန်း-247395 နဲ့  Yangon Division Electrical Engineer၊ Head Of Division (Admin) ဦးခင်မောင်ကြည် - ဖုန်း 214651၊ Public Lighting Department ဦးသော်တရှိန်း - ဖုန်း 221837၊ သာကေတမြို့နယ်မှူး ရုံး ဖုန်း 547034၊ တိုင်း လျှပ်စစ် complain ဌာန ရုံးဖုန်းနံပတ်များဖြစ်တဲ့ 215146-147-148-149 215666 တို့ ကို တိုင်ကြားခဲ့ပါတယ်။
၎င်း ဖုန်းနံပတ်များသို့ တိုင်ကြားသော်လည်း အကြောင်းမထူးပါ။ အသုံးမကျတဲ့ သူတွေ အုပ်ချူပ်တဲ့ တိုင်းပြည်၊ ရာထူးရာခံလေး နဲနဲရလာရင် သူတို့ မိသားစု ကောင်းစားဖို့ပဲ ရှာဖွေနေတဲ့ သူတောင်းစားအကြီးစားတွေကို မကျေနပ်လို့ပါ။
မျှဝေပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။
မြန်မာဘလော့ဂါ ကိုနေဘုန်းလတ်ကို လွတ်လပ်မှု ကလောင်ရှင်ဆု အပ်နှင်းခြင်း အခမ်းအနား... (ဗီဒီယိုမှတ်တမ်း)
Source.....(RFA)
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြည်သူ့ဂုဏ်ရည်ဆုရရှိခြင်း အထိမ်းအမှတ်ဖြင့် အများပြည်သူအား မနောမယ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းခြင်း



၂၀၁၀ မေလ၊ ၂ ရက်နေ့ မင်္ဂလာရှိသော နံနက်ခင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ ရုံးချုပ်တွင် အသင်း၏ ဥက္ကဌ ဦးကျော်သူမှ မနောမယ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းရခြင်း အကြောင်းကို သွားရောက် မေးမြန်းသတင်း ယူခဲ့ပါသည်။အလှူပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးကျော်သူမှ အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။
“ ကျွန်တော် ပြည်သူ့ဂုဏ်ရည်ဆုကို ပထမဆုံး အကြိမ်ရခဲ့လို့ရယ်။ နောက်ပြီး ဒီနေ့ကလည်း ထူးထူးခြားခြား နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာလည်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ပါ ကျွန်တော် အများပြည်သူကို မနောမယ မုန့်ဟင်းခါး ကျွေးမွေးပြီး ကုသိုလ်ကောင်းမှု ပြုတာပါ။ မနက်အာရုံတတ်မှာ ၀ဋ်ကြွေးတော်ပြေ ဆရာတော်နဲ့ မဟာဂန္ဓာရုံဆရာတော်တို့ကို ကျောင်းအရောက်သွားပြီး မုန့်ဟင်းခါး အာရုံဆွမ်း ကပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက ကူညီပြီး အသုဘ ချပေးခဲ့တာ ၂၀၀၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၈၅၀၀၀ (ရှစ်သောင်းခွဲ) ကျော်ရှိပြီ။ အဲဒီ သေဆုံးသွားတဲ့ လူတွေအတွက်ရယ် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ကို ရည်စူးပြီး အခုလုပ်တဲ့ အလှူဒါနကို ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ အခု လုပ်တဲ့အလှူက ကျွန်တော် ကိုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုကရတဲ့ ဆုငွေနဲ့ ကျွေးမွေးတာ မဟုတ်ပါဘူး။ ကျွန်တော် စုဆောင်းထားခဲ့တဲ့ အနုပညာချွေးနည်းစာလေးနဲ့ ပြည်သူတွေအားလုံး အားလုံးကို ကျေးဇူးပြန်ဆပ်တာပါ။ ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်က ခုထိ ကျွန်တော်ဆီ မရောက်သေးပါဘူး။ မရောက်သေးဘူးဆိုတာက အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာ နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုကျွေးမွေးတဲ့ မုန့်ဟင်းခါးကို မနောမယ မုန့်ဟင်းခါးဆိုပြီး နာမည်တပ်ရတာလည်း ကျွန်တော်ရဲ့ ကျေးဇူးရှင် ဆရာသခင် အဘ ဆရာကြီး မင်းသိင်္ခကို အမှတ်ရ ကျေးဇူးဆပ်တဲ့အနေနဲ့ အဘရဲ့ မနောမယဆိုတဲ့ နာမည်ကို ပေးလိုက်တာပါ ” ဟု ဥက္ကဌ ဦးကျော်သူမှ ပြောကြားသွားပါတယ်။
ဦးကျော်သူသည် အခုမှအလှူဒါနပြုလုပ်ခဲ့ခြင်း မဟုတ်ပါ ၁၉၉၆ (တစ်ပြည်သူမရွှေထား) ဇာတ်ကားတွင် အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့စဉ်ကလည်း ကမ္ဘာအေးမိုးကုတ်ဆွမ်းစားကျောင်းတွင် သံဃာတော်အပါး ၄၅၀ ကျော်ကို ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၀၈ ခု မေလ(၂)ရက်နေ့တွင် တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသော ပြည်သူများကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည့် စားသောက်ဖွယ်ရာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် အင်္ဂလန်ရောက် မြန်မာပြည်သူပြည်သားများမှ စုစည်း၍ ချီးမြှင့်သော ပြည်သူဘက်သား အနုပညာသမား ဆုရစဉ်အခါကလည်း ဘုန်းတော်ကြီးကျောင်းများသို့ ပစ္စည်းလေးပါး လှူဒါန်းခဲ့ကြောင်း သိရပါသည်။
ယနေ့တွင် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် အနုပညာမောင်နှံဖြစ်သော ကိုရန်ကျော်နှင့်မမေခလာတို့ ဇနီးမောင်နှံမှ မမေခလာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၁၀)သိန်း ကျပ်ကို ကုသိုလ်ပြုလာရောက် လှူဒါန်းသွားကြောင်း သိရပါသည်။
Burma Paparazi
ပေးပို့လာသူကတော့ ညီငယ်ရဲရဲတောက် ဘားမားပါပါရာဇီပါ...
အောက်မှာပုံများဆက်လက်ကြည့်ရှုနိုင်ပါသည်။




