Showing posts with label သရော် သတင်း. Show all posts
Showing posts with label သရော် သတင်း. Show all posts
08 May 2010
နအဖ စစ်အစိုးရ ဒီလိုဘဲပြောဆိုပြောနေရတဲ့သနားစရာ သိန်းစိုးဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  အစည်းအဝေးကြီးပါရှင်။
နအဖ စစ်အစိုးရ ဒီလိုဘဲပြောဆိုပြောနေရတဲ့သနားစရာ သိန်းစိုးဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  အစည်းအဝေးကိုလာတက်တဲ့လူတွေကလဲ ကွန်ပြူတာကြီးတွေ
ရှေ့ချပြီး စာအုပ်တွေမှာလိုက်မှတ်သားနေကြပုံကလဲ ဟားသတခုပါဘဲ။
နအဖ စစ်အာဏာရှင် ခေတ်မှာ မတတ်လဲ တတ်သယောင်တွေလုပ်နေရတဲ့လူတွေကိုကြီးပြီး
သနားမိပါတယ်။ကွန်ပြူတာတွေကိုမထိနဲ့ မကိုင်နဲ့ ကြည့်ဘဲကြည့်နော်ဆိုပြီး ပြောထားပုံဘဲ၊
ရွေးကောက်ပွဲ ကော်မရှင်သာ ပြောနေတာပါ .ရွေးပြီးသာဆိုတာလဲသိနေကြပါတယ်.။
၂၀၁၀ ရဲ့ ရွေးကောက်ပွဲကြီးကို မတရားသဖြင့် ကျင်းပဘို့အတွက် မတရားသောနည်းလမ်းတွေကို
အစွမ်းကုန် စပြီးပြုလုပ်နေပါပြီး.။စာရွက် ထဲမှာအဆင့်သင် ပါတဲ့ စာကို ဖတ်ပြီးအစည်းအဝေးကို
ပြီးဆုံးသွားပါပြီးလို့ကြေညာလိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြီးအား
MRTV ကနေ လိမ်ညာပြီးပြောဆိုသွားသေားစကားများကို ပြန်လည် တင်ပြပေးလိုက်ပါတယ်ရှင်.။
MRTV သတင်းအား ဟံသာဝတီ သတင်းဌာန မှပြန်လည်ဖော်ပြ ပေးထားပါသည်.။
03 May 2010
ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား.....
ယုံလား ???
ခေတ်မှီစက်မှုနိုင်ငံဖြစ်မှ ဖွံဖြိုးဆဲနိုင်ငံအဆင့်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်နိုင်မှာဖြစ်သည်တဲ့ မှတ်သားလောက်တဲ့ စကားတွေကို နိုင်ငံတော် အကြီးအကဲဆိုသူက လမ်းညွှန်မိန့်ကြားသွားပါတယ်။ ယခုလောလောဆယ်မှာတော့ ရန်ကုန်မြို့မှာ မီးလုံးဝနီးပါး ပြတ်တောက်နေပြီး လာချင်တဲ့ အချိန်မှလာကြောင်း သိရှိ ကြားသိရပါတယ်။ နွေမှာပူတဲ့ ဒုက္ခနဲ့ ညမှာမီးမလာလို့ အိပ်မရတဲ့ ဒုက္ခ မီးမလာလို့ ရေမရတဲ့ ဒုက္ခတွေ ခါးဆီးခံနေရတာကတော့ ပြည်သူတွေပါ။မီးအခြေအနေ တော်တော်ဆိုးကြောင်း နေ့မှာ အရမ်းပူသလို ညမှာလည်း မီးမလာလို့ အိပ်မရကြောင်း စက်မှုဇုံတွေမှာ မီးပြတ်တာ ပိုဆိုးကြောင်း လာတဲ့အချိန်မှ လာတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ယခုအချိန်မှာ မီးပြတ်တယ်ဆိုတာ လူတွေမပြောကြတော့ပဲ ရိုးနေပြီဖြစ်လို့ မီးလာတယ်လို့ပဲ ပြောဆိုနေကြရပါပြီ။ စက်မှုနိုင်ငံကို ဖယောင်းတိုင်နဲ့ ထူထောင်ပါတော့မယ်။ အခြေခံအကျဆုံး ဖြစ်တဲ့ ရေမီးတောင် မှန်မှန်မပေးနိုင်ခဲ့ပါ။ အနှစ်(၂၀)ကျော်လုံးလုံး မီးမပြတ် ရနေတာကတော့ သတင်းစာထဲမှာပဲ။ နောက်အသူရကာယ်မြို့ ကြပ်ပြေးမှာပါ။ အသူရကာယ်ဘုံဆိုတာ နေ့စံညခံပါ နေ့မှာစံထားရတုန်း စံထားကြပါ။ ခံရမယ့် အလှည့်ရောက်ရင်တော့ ..
မီးသတ်ယာဉ် မရောက်ခင် ရရာပစ္စည်းတဲ့
မြန်မာပြည်သူ ပြည်သားတွေ ကတော့ကမ္ဘာ့ အံ့ဖွယ်စာရင်းဝင်တွေ ဖြစ်ပါတော့မယ်။ ကိုယ့်လမ်းကိုယ်ခင်း၊ ကိုယ့်မီးကိုယ်သွယ်၊ ကိုယ့်လုံခြုံရေး ကိုယ့်ဘာသူယူနေရတဲ့ ပြည်သူအစိုးရ တစ်ပိုင်းဖြစ်နေပါပြီ။ စားဝတ်နေရေးအပြင် နိုင်ငံအရေးတွေပါ လုပ်ဆောင်နေရတာပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ အစိုးရဆိုတာ မရှိတော့ပါဘူး .. လက်နက်ကိုင်အုပ်စုသာ ရှိပါတော့တယ်။ လမ်းပျက်ရင်လည်း ကိုယ်ထူကိုယ်ထ၊ မှုခင်းမှုတွေ များလာရင်လည်း ကိုယ်တိုင်ကာကွယ်ဖို့ အခုလည်း မီးမလောင်ခင်မှာလည်း ပြည်သူ့တို့၏တာဝန်၊ မီးလောင်နေစဉ်မှာလည်း ပြည်သူတို့၏ တာဝန်တဲ့ဗျာ... မီးလောင်ပြီးရင် ဘယ်သူ့တာဝန်ဆိုတာ မဆိုတာထက် သိမ်းမယ့် အလုပ်ကတော့ အာဏာရှင်တွေနဲ့ လက်ဝေခံ တေဇတို့ရဲ့ တာဝန်ပါ။ တာဝန်မဲ့ပြီးဘာမှ မလုပ်ပေးနိုင်ပဲ အစိုးရလို့ နာမည်ခံထားပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေ ဘဏ္ဍာငွေတွေကျတော့ ပြည်သူတို့၏ တာဝန်မဟုတ်ပါ..။ ခိုးဘို့ ဝှက်ဘို့ သူတို့တာဝန်ပါတဲ့... ပြည်သူတွေလည်း သူတို့တာဝန်မယူခိုင်းခင် တာဝန်ယူပြီး ပြည်သူ့အစိုးရဖွဲ့ဘို့ အချိန်ရောက်ရှိလာပါတော့မယ်။21 April 2010
ကန်တော်ကြီး ဗုံးခွဲတရားခံအား(နအဖ) စစ်အစိုးရထံသို့ တာဝန်သိပြည်သူတဦးမှသက်သေအထောက်အထား ဓါတ်ပုံဖြင့် ဖေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်။
မြန်မာ့ရိုးရာ အတာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ကျင်းပရာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးခွဲခဲ့သည့် လက်သည်တရားခံအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) မှ ညွှန်ကြားချက် ထုတ်ပြန်အပ်ပါသည်။
မြန်မာပြည်သူပြည်သားများ စိတ်ရွှင်လန်းချမ်းမြေ့စွာနဲ့  ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြချိန်တွင် တိုင်းပြည်နှင့် လူမျိုးအား အမြဲထာဝစဉ် ဒုက္ခပေးနေသော အကြမ်းဖျက်သမားသည် ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနောက်ကွယ်မှ လက်မည်းကြီးဖြင့် ကြိုးကိုင်ချယ်လှယ် အမိန့် ပေးကာ စီစဉ်စေခိုင်းခဲ့ရုံသာမက ကိုယ်တိုင်ကိုယ်ကျ ဗုံးဖေါက်ခွဲခဲ့ကြောင်း သိရှိရပါသည်။
ဤရက်စက်ကြမ်းကြုတ်မှုကြီးကို ဘယ်သူကျူးလွန်ခဲ့သလည်းဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းနေပါပြီ။ ပြည်သူလူထုမှ အကြမ်းဘက်သမားကို အမြန်ဖေါ်ထုတ်ရန်နှင့် နောက်ကွယ်မှ အမိန့် ပေးစေခိုင်းနေသူကို ဖေါ်ထုတ်ပေးနိုင်သူအား ဆုငွေ (၁၀) သိန်း ချှီးမြှင့်မည် ဖြစ်ပါသည်။
သတင်းမှန်အား အထောက်အထားများနှင့်တစ်ကွ ဖေါ်ထုတ်နိုင်မည်ဆိုပါက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချူပ် ကျော်ဆန်းထံ တိုက်ရိုက် လိပ်မူတပ်၍ လျှို့ ဝှက်စာအဖြစ် အလျင်အမြန် ပေးပို့ အကြောင်းကြားပါရန် အသိပေးအပ်ပါသည်။
နောက်ဆက်တွဲ အထူးသတင်း (အချပ်ပို) –
နေ့ စွဲ - ဧပြီလ (၁၉) ရက်နေ့ စွဲပါ နေပြည်တော် အထူးကြေညာချက် အမှတ် (၀၀၀/၀၄/၂၀၁၀) ပါ အများပြည်သူသိစေရန်အလို့ ငှာ ထုတ်ပြန်ကြေညာချက်အရ ရန်ကုန် ကန်တော်ကြီး X20 ရေကစားမဏ္ဍပ် ဗုံးခွဲခဲ့သည့် လက်သည်တရားခံအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ညွှန်ကြားချက်အရ တာဝန်သိ လုပ်သားပြည်သူတစ်ဦးမှ အထောက်အထား သက်သေမှတ်တမ်း ဓါတ်ပုံများဖြင့် ပေးပို့ လာပါသဖြင့် ဗုံးဖောက်ခွဲသည့် တရားခံအား ဖေါ်ထုတ်ရရှိပြီ ဖြစ်ပါကြောင်း အများပြည်သူ သိစေရန်နှင့် တည်ဆဲဥပဒေ စည်းမျည်းစည်းကမ်းများဖြင့် အရေးယူသွားမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
(ရန်ကုန် ကန်တော်ကြီး ဗုံးခွဲတရားခံ၏ သက်သေအထောက်အထား ဓါတ်ပုံအား ကြေညာချက်အောက်တွင် ဖေါ်ပြထားပါသည်)။
ပုံ -
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)။
မိတ္တူသို့  -
(၁) ကမ္ဘာ့ကုလသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချူပ်။
(၂) အပြည်ပြည်ဆိုင်ရာ တရားရုံး၊ တရားသူကြီးချူပ်။
(၃) အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာမှု အဖွဲ့ အစည်း။
(၄) ကမ္ဘာ့ကြက်ခြေနီအသင်းကြီး။
(၅) နိုင်ငံတကာ အလုပ်သမားအဖွဲ့ ချူပ်။
(၆) နစ်နေမန်း၊ နစ်နေမန်းဘလော့။
ရန်ကုန် ကန်တော်ကြီး X20 ရေကစားမဏ္ဍပ် ဗုံးခွဲခဲ့သည့် လက်သည်တရားခံပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရန်ကုန် ကန်တော်ကြီး ဗုံးခွဲတရားခံအား သက်သေအထောက်အထား ဓါတ်ပုံအား ပေးပို့ ဖေါ်ထုတ်ပေးသူ နစ်နေမန်းအား အများပြည်သူတို့  ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ပြန်လည်ပေး ပို့လာသော ကိုနစ်နေမန်း အားကျေးဇူးအထူးတင်ရှိပါသည်.။

Subscribe to:
Posts (Atom)