04 May 2010

နအဖထိပ်ပိုင်းခေါင်းဆောင်ကြီးတွေနဲ့ပေါင်းပြီးကိုယ်ကျိုးစီးပွားသောင်းကျန်းနေတဲ့ဧဒင်ချစ်ခိုင်အုပ်စုကဆောက်လုပ်ရေး အင်ဂျင်နီယာချူပ်ရဲ့မတရားအနိုင်ကျင့်မှု


ဧဒင်အုပ်စုဆိုတာ နအဖထိပ်ပိုင်းခေါင်းဆောင်ကြီးတွေနဲ့  ပေါင်းပြီး ကိုယ်ကျိုးစီးပွား သောင်းကျန်းနေတဲ့ ချစ်ခိုင်က ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နအဖထိပ်ပိုင်းခေါင်းဆောင်တွေနဲ့  အပေးအယူတွေလုပ်ပြီး ကြီးပွားချမ်းသာနေတဲ့ ချစ်ခိုင်ဟာ အရင် ခင်ညွှန့် လက်ထက်က ထောက်လှမ်းရေး ဗိုလ်ချူပ် ကျော်ဝင်းနဲ့  ရင်းနှီးသူ ဖြစ်ပါတယ်။ ခင်ညွှန့်  ပြုတ်ပြီးနောက်မှာ ကျော်ဝင်းဟာ နအဖ သန်းရွှေဘက်ကို ပြန်ပြီး ဖားယားပေါင်းနေတာကြောင့် ချစ်ခိုင်ဟာလည်း စီးပွားရေးဆက်လက်သောင်းကျန်းနေလို့  ရနေပါတယ်။

ချစ်ခိုင်ရဲ့  အေဒင်အုပ်စုဟာ ရန်ကုန်ကမ္ဘာအေးဘုရားလမ်းက Sakura Resident၊ ကန်တော်ကြီးစောင်းက Signature စားသောက်ဆိုင်၊ နေပြည်တော်က သင်္ဂဟဟိုတယ်၊ တောင်ကြီးအေးသာယာ Resort တွေကို ပိုင်ဆိုင်ထားပြီး နအဖတွေရဲ့  နေပြည်တော်မှာလည်း ဥာဏသိဒ္ဓိရပ်ကွက်ကြီး တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်ပါတယ်။ ချစ်ခိုင်ရဲ့  ဧဒင်အုပ်စုဟာလည်း တိုင်းပြည်သယံဇာတတွေကို အလွဲသုံးစားလုပ်ပြီး နအဖရဲ့  အမာခံ စီးပွားရေးအုပ်စုကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။

ချစ်ခိုင်ရဲ့  ဧဒင်အုပ်စုအကြောင်း ဇစ်မြစ်ကို ဖေါ်ပြပြီးတဲ့နောက် ယခု ဧဒင်ဆောက်လုပ်ရေးရဲ့  အင်ဂျင်နီယာချူပ်ဖြစ်သူ မျိုးမင်းထွန်းရဲ့  အလုပ်သမားတွေအပေါ် မတရား အနိုင်ကျင့်မှုကို ဖေါ်ပြလိုပါတယ်။ ဒီ အင်ဂျင်နီယာချူပ် မျိုးမင်းထွန်းဟာ ဆရာချစ်ခိုင်ရဲ့  ပ စားထားမှုကြောင့် လက်အောက်ခံအလုပ်သမားတွေအပေါ် မောက်မာစွာ မတရားဆက်ဆံပါတယ်။

ဧဒင်ဆောက်လုပ်ရေးရဲ့  အင်ဂျင်နီယာချူပ် မျိုးမင်းထွန်းဟာ အရက်သေစာ သောက်စားမူးယစ်ပြီး အောက်ခြေအလုပ်သမားတွေကို မိုက်မိုက်ရိုင်းရိုင်း ဆဲရေးတိုင်းထွာလေ့ရှိပါတယ်။ သူ့ လက်အောက်မှာ ရှိတဲ့ SAE တင်အောင်ကို၊ GE မိုးဇာလီဗအာင်တို့ ကနေတစ်ဆင့် ပန်းရံအလုပ်သမားတွေရဲ့  လစာကို မရှင်းဘဲ နေတာတွေ ရှိပါတယ်။ အောက်ခြေလူတန်းစား အလုပ်သမားတွေကို ဧဒင် ဆောက်လုပ်ရေးရဲ့  အင်ဂျင်နီယာတွေက အခုလို မတရား အနိုင်ကျင့်နေတာဟာ သူတို့ ရဲ့  ကုမ္ပဏီပိုင်ရှင် ချစ်ခိုင်က မသိကျိုးကျင်ပြုပြီးနေကြောင်းလည်း သိရှိရပါတယ်။

(ဧဒင်ဆောက်လုပ်ရေးမှ အလုပ်သမားတစ်ဦး)။