29 April 2010

စစ်အစိုးရစစ်တပ်နောက်ခံ ပါတီတွေကြောင့် အရပ်ဘက် နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်မှု အားနည်းနိုင်

မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးရာထူး ယူထားတဲ့ စစ်ခေါင်းဆောင်ပိုင်းတွေ စစ်တပ်က ယူနီဖောင်း ချွတ်လိုက်တာကြောင့် သူတို့ဦးဆောင်တဲ့ နိုင်ငံရေးပါတီတခု ဖွဲ့လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ယူဆနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်ဟာ သူတို့ သတ်မှတ်ထားတဲ့အတိုင်း ၂၅% တင် မဟုတ်ဘဲ ပါလီမန်ထဲမှာ နေရာအပြည့် သူတို့လူတွေကို ထည့်ထားမယ့် အစီအမံ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။




အခု ဗုဒ္ဓဟူးနေ့ အစိုးရ သတင်းစာတွေမှာတော့ ၀န်ကြီးချုပ် ဦးသိန်းစိန်လို့ ဖော်ပြထားတာမို့ ၀န်ကြီးအဖွဲ့ အတွင်းက စစ်အရာရှိတွေ ယူနီဖောင်း ချွတ်ကုန်ပြီဆိုတဲ့ သတင်း အတည်ပြုပေးလိုက်သလို ရှိပါတယ်။ စောင့်ကြည့် အကဲခတ်တွေကတော့ စစ်အစိုးရဘက်က ကြံ့ခိုင်ရေးအဖွဲ့အပြင် နောက်ထပ် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ အရာရှိဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ အနည်းဆုံး ၃ ခုလောက် ဖွဲ့စည်းလာနိုင်တယ်လို့ တွက်ဆကြပါတယ်။




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ကတော့ အရင် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက် ကတည်းက အခုလို စစ်တပ်က ယူနီဖောင်းချွတ်ပြီး အရပ်ဘက် အစိုးရမှာ ပါဝင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ မြန်မာစစ်တပ်မှာ အလေ့အထလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။




“စစ်တပ်က သူတို့ အချိန်တန်လို့ အနားယူတာပဲလား၊ သို့မဟုတ်ရင်လည်း စစ်တပ်ကနေ ထွက်မယ်၊ ဒါပြီးရင် အချိန်တန်လို့ရှိရင် ၀န်ကြီးတွေ ခန့်ပြီးတော့ ပါတီတို့ ဘာတို့ သွားပြီးတော့ စည်းရုံးရေးတွေ လုပ်မလား။ ဒီလို တွက်စရာပါ။ ကျနော်တို့ အသက်နည်းနည်းကြီးတဲ့ လူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်တုန်းက ဆိုရင် မဆလခေတ်မှာ ဒီလိုဟာမျိုးတွေ လုပ်ခဲ့တာပါပဲဗျာ။ ဦးနေ၀င်း အပါအ၀င်ပေါ့။ ကျနော်ကတော့ အဲဒီခေတ်တုန်းက ဘာပြောလဲဆိုရင် ဘောင်းဘီချွတ်ပြီး တောင်ရှည်ဝတ်တယ် ဆိုတဲ့ဟာပေါ့။”




အခုလို အလားအလာကြောင့် ဘဏ္ဍာရေးအရရော၊ လူအင်အားအရပါ အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အရပ်ဘက် နိုင်ငံရေးပါတီတွေ အဖို့တော့ စစ်တပ်က နောက်ခံပေးတဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ အားနည်းသွားနိုင်တယ်လို့ ယူဆကြပါတယ်။ ဦးဝင်းတင်ကလည်း ဒီသဘောပါပဲ။ လာမယ့် ပါလီမန်ထဲကနေ အရပ်သားအစိုးရ ဖြစ်လာလိမ့်မယ်လို့ သူက မယူဆပါဘူး။




“အစိုးရဆိုလည်း တချို့ မှန်းတဲ့လူတွေ၊ ရွေးကောက်ပွဲဝင်တဲ့ လူတွေ ကြားထဲမှာ မှန်းထားတာတွေ ရှိတာပေါ့ဗျာ။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်၊ သူတို့ ပြောပြောနေတဲ့ Political Stage တို့ ဘာတို့က ကျယ်လာမယ်၊ ဘာညာပေါ့ဗျာ။ ပြောတဲ့သူတွေ အဖို့က ဘာပဲပြောပြော သူတို့အဖို့ နေရာကို မရှိဘူး။ သူတို့ ချောင်ကပ်နေရင်တောင်မှ ကပ်လို့ ရပါ့မလား မသိဘူး။ နံရံကပ်ပြီးပေါက်တဲ့ ညောင်ပင်လိုပဲ ဖြစ်နေမလား။ နေရာမှ ရှိပါ့မလားလို့ အဲဒီလိုပဲ တွက်ရမယ်ထင်တယ်။




“အဲတော့ အခု သူတို့လုပ်မယ့်ဟာ ဒီအတိုင်းဆိုရင် စစ်တပ်ဟာ သူတို့ဟာသူတို့ စစ်တပ်က ၂၅% ယူတာတင် မကတော့ဘဲ နောက်ထပ် အုပ်စုလိုက်၊ အုပ်စုလိုက် ထွက်ပြီးတော့ သူတို့တွေရဲ့ ပါတီတွေ၊ သူတို့တွေရဲ့ အစုအဖွဲ့တွေ ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ကြဦးမယ် ဆိုရင်တော့ မြန်မာပြည်ရဲ့ ရှေ့အနာဂတ် နိုင်ငံရေးဟာ သူတို့တွေ အခုပြောနေတဲ့ ဒီမိုကရေစီ ဘာညာ ဆိုတာတွေနဲ့၊ သို့မဟုတ်ရင်လည်း စည်းကမ်းရှိသော ဒီမိုကရေစီပေါ့ဗျာ၊ သို့မဟုတ်ရင်လည်း နဖားကြိုးတပ်သော ဒီမိုကရေစီပေါ့ဗျာ၊ အဲဒါတွေနဲ့ကတော့ အတော့်ကို ဝေးတယ်။ ဒီမိုကရေစီဆော် နံဖို့ ဆိုတာတော့ အတော်ဝေးတယ်။ စစ်ဆော်နံဖို့ပဲ ပိုပြီးတော့ များတယ်။ အရပ်သား အစိုးရလို့ ပြောနိုင်လောက်တဲ့ အနေအထားတောင်မှ မရှိဘူး။ စစ်ဗိုလ်တွေ ပါဝင်တာပဲ ရှိဖို့များတယ်။ အဲဒီလိုပဲ ပြောလို့ရမယ်လို့ ကျနော်တော့ ထင်တာပဲ။”




၁၉၉၀ ရွေးကောက်ပွဲတုန်းက တကယ်တမ်းဆိုရင် စစ်တပ်က ကြားနေအနေနဲ့၊ ခုံသမာဓိ အနေနဲ့ နေခဲ့ပါတယ်။ ဘယ်သူမှ သူတို့ ၀င်ပြိုင်တာ မရှိဘူး။ ပြိုင်တယ်ဆိုတာ အရင် မဆလက အသွင်ပြောင်းလာတဲ့ တစညတို့ ဘာတို့ပဲ ရှိတယ်။ အခုအနေအထားက စစ်တပ်က ပုဂ္ဂိုလ်တွေကိုယ်တိုင် ၀င်ပြိုင်ဆိုင်မယ့် အနေအထားမှာ ဖြစ်နေတဲ့အတွက် တကယ်တမ်း စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ကြားနေဆိုတဲ့ အဆင့်အတန်း ရောက်ပါ့မလား။




“မရှိပါဘူးခင်ဗျာ။ ဒါ သိပ်ကိုထင်ရှားပါတယ်။ ထင်ရှားတယ်ဆိုတာ အခု ရွေးကောက်ပွဲ အစီအမံတွေ ကြည့်ပါ။ ရွေးကောက်ပွဲအတွက် ဥပဒေတွေ ထုတ်လာပုံတွေ ကြည့်ပါ။ ရွေးကောက်ပွဲ ဒိတ်တွေ ဘာတွေ မကြေညာဘဲနဲ့ သူတို့ ထင်သလို စီမံနေတာကြည့်ရင် စစ်တပ်က ကြားနေမဟုတ်ဘူး။ သူတို့ ဘယ်လိုပြိုင်မလဲ၊ ပြိုင်ရုံတင် မဟုတ်ဘူး၊ သူတို့ ဘယ်လိုနိုင်မလဲ ဆိုတာပါ တွက်နေကြတယ်။ ဘယ်လိုပြိုင်မလဲ အထိကတော့ ကျနော်က ပြိုင်ပါစေ၊ ပြိုင်ပေါ့။




“အခုတော့ သူတို့က ဘယ်လိုနိုင်မလဲပါ ကြည့်နေတယ်ဗျ။ ဟိုတုန်းကလို ကြားနေဆိုတဲ့ အစိုးရ သဘောမျိုး၊ ကြားနေပြီး တိုင်းပြည်ရဲ့ ရွေးကောက်ပွဲတွေ ဘာတွေ ကြီးကြပ်ပေးတယ်ဆိုတဲ့ အနေအထား လုံးဝ မရှိပါဘူး။ ဒါ တော်တော် ထင်ရှားပါတယ်။ ရှင်းပါတယ်။ အဲတော့ ဒီစစ်အစိုးရက စစ်ဗိုလ်တွေကပဲ ဒီအထဲမှာ ၀င်ပြီးတော့ ပြိုင်တာပါပဲ။ နိုင်ငံရေးပါတီတွေ ထောင်၊ ထောင်ဖို့လုပ်နေတာ၊ အခု သူတို့ပါတီတွေ ဘယ်တော့ဖွဲ့မလဲ မသိဘူး၊ ကြံ့ခိုင်ရေးပါတီလား၊ ဘာလား ဒီလိုဟာတွေက ထွက်လာဦးမယ်။”




၂၀၁၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီ အများစုကတော့ စစ်အုပ်ချုပ်ရေးကနေ တဆင့်ပြီးတဆင့် အသွင်ပြောင်းရမယ်လို့ ခံယူထားကြတာ တွေ့ရပါတယ်။ စစ်အစိုးရ နောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အဖို့တော့ ဘဏ္ဍာရေးအရပါ ပြည့်စုံဖွယ် ရှိတာမို့ လာမယ့် ၂၀၁၀ အကုန်မှာ ပါလီမန်ထဲ အရပ်သားစစ်စစ် နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ နေရာယူနိုင်မလဲဆိုတာ စောင့်ကြည့် အကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။




ရင်းမြစ်.....VOA

ရေးမြို့နှင့် သံဖြူဇရပ်ကြား(၁၂)ဘီးကုန်ကားတစ်စီး ယင်းတံတားပေါ်ဖြတ်မောင်းရာဝန်နှင့်အားမမျှလေတော့ တံတားကျိုးကျ



ရေးမြို့နှင့် သံဖြူဇရပ်ကြား အဝေးပြေးလမ်းပိုင်း၊ မိုင်တိုင်အမှတ် ၂၂/၂၃ကြား၊ တံတားအမှတ် ၂/၅၄အ ရောက်၌ ၁၂ဘီးကုန်ကားတစ်စီး ယင်းတံတားပေါ်ဖြတ်မောင်းရာ တံတားကျိုးကျပြီး ကုန်ကားမှာ ဘေးစောင်း မှောက်လျက်အနေအထားကို ဧပြီ ၂၀ရက် နံနက် ၁၀နာရီခွဲက တွေ့ရစဉ်။


ဖြစ်ပွားပုံမှာ ယင်းကုန်တင်ယာဉ်သည် ကုန်အပြည့်တင်လျက် ရေးမြို့သို့ဦးတည်သွားရာ၌ တံတားအ မှတ် ၂^၅၄အားဖြတ်သန်းရာ တံတားခံနိုင်ဝန်နှင့် ကုန်ကား၏အလေးချိန်မမျှသဖြင့် တံတားကျိုးကျကာ မှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ဒဏ်ရာမရရှိ ကြောင်းနှင့် ယင်းတံတားသည် ၁၉၇၇ခုနှစ်က တည်ဆောက်ထားခဲ့သည့်တံတားဖြစ်ကြောင်း သိရသည်။

သတင်း..YMG

ကမ္ဘောဇဘဏ် စီးပွားရေးအုပ်စုကရန်ကုန်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် နှစ်ဆိုင် စတင်ဖွင့်

နိုင်ငံပိုင်စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသောဆိုင်များထဲမှ ရန်ကုန်တိုင်း၌ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်ကို ပထမဆုံး အကြိမ် ဧပြီလ ၁၀ ရက်မှ စတင်၍ နီလာရိုးမ အမည်ဖြင့် ထောက်ကြံ့မြို့နယ်၊ ရွှေညောင်ပင်နှင့် ပျဉ်းမပင်တို့၌ ဖွင့်လှစ် ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်များမှာ ကမ္ဘောဇဘဏ် စီးပွားရေးအုပ်စုက ၂၀၁၀ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး နိုင်ငံ တော်မှ လွှဲပြောင်း ရယူခဲ့သည့် ဆိုင်များဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်ကဖွင့်ကာစဆိုတော့ လူသိတော့ နည်းနေသေးတယ်။ အခုချိန်ထိတော့ ကားအစီးရေ တစ်နေ့ကို ၁၀၀ ကျော်လောက်ပဲ လာသေးတယ်။ ဒီဆိုင်းက ပိတ်ခဲ့ရတာ ၂ လကျော် ကြာသွားတဲ့အတွက် ကားသမားတွေနဲ့ အဆက်အသွယ် ပြတ်သွားတာလည်း ပါတယ်။ ဆိုင်ရှိတာကိုသိရင် နောက်ဆို ဒီထက်ပိုပြီး လာမှာပါ”ဟု အဆိုပါဆိုင်မှ တာဝန်ခံက ရှင်းပြသည်။ အဆိုပါ ဆိုင်များတွင် စက်သုံးဆီကို ရောင်းချရာ၌ ဒီဇယ်တစ်မျိုးတည်းကိုသာ ရောင်းချပြီးနောက်ပိုင်း၌ ဓာတ်ဆီကိုပါ ပူးတွဲ၍ ရောင်းချရန် စီစဉ်ထားသည်ကိုလည်း သိရသည်။ လက်ရှိ ဒီဇယ်ဈေးနှုန်းမှာ တစ်ဂါလန်လျှင် ယခုရက်ပိုင်း၌ ၃,၂၀၀ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိသည်။ အစိုးရ စက်သုံးဆီဆိုင်မှ ထုတ်ဈေးမှာ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃,၀၀၀ ဖြစ်သည်။

အဆိုပါ ဆိုင်နှစ်ဆိုင်တွင် ဒီဇယ်ကို အစိုးရ စက်သုံးဆီ ဆိုင်များကဲ့သို့ အက်ဖ်အီးစီဖြင့် ၀ယ်ယူနိုင်ပြီး ဈေးနှုန်းမှာလည်း MPPE ဆိုင်များ၏ ပေါက်ဈေးဖြင့်သာ ရောင်းချပေးကြောင်း ယခုရက်ပိုင်းအတွင်း ဒီဇယ်သည် အက်ဖ်အီးစီဖြင့် ၀ယ်ယူပါက MPPE ဆိုင်များတွင် ၃,၃ အက်ဖ်အီးစီ ဖြစ်ကြောင်း စုံစမ်း သိရသည်။ ထိုဆီဆိုင် ၂ ဆိုင်ကို စဖွင့်ချိန်က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ရောင်းချပေးခဲ့ သော်လည်း နောက်ပိုင်းတွင် ၂၄ နာရီ ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ရန်ကုန်မြို့တွင်း အပါ အ၀င် တခြားမြို့နယ်များ၌လည်း ယင်းကဲ့သို့ ဆီဆိုင်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

အစိုးရ စက်သုံးဆီဆိုင် အားလုံးကို မတ်လ ကုန်ပိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီ ၁၆ ခုသို့ လွှဲပြောင်း ရောင်းချပြီး ဖြစ်ရာ ကျန် ပုဂ္ဂလိက ဆီဆိုင်များမှာလည်း မကြာမီ ထပ်မံ ပေါ်ထွက် လာတော့မည် ဖြစ်ကြောင်း ကိုယ်တိုင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် စီစဉ်နေသော လုပ်ငန်းရှင်တချို့ ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ နောက်ဆုံးပါတ်ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


28 April 2010

သံဃာတော်တွေကိုသွေးမြေကျအောင်ခိုင်းစေခဲ့တရားခံ အကြင်လင်မယားကသာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် များကိုဆက်ကပ်လှူဒါန်းပွဲပြုလုပ်သေးတာဘဲ...























ဘုရားသားတော် သံဃာတော်များကိုယခု လိုသွေးစွန်းအောင် ကိုယ်ထိလက်ရောက်စော်ကားမှုတွေကို ပြုလုပ်ခိုင်းတဲ့တရားခံ အကြင်လင်မယားအမျိုးယုတ်ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကိုဆက်ကပ် လှူဒါန်းပွဲကို ပြုလုပ် သေးတာဘဲ တော်တော်ပြောင်တဲ့ မျက်နှာတွေပါဘဲ...။

ှ

မလေးရှားနိုင်ငံကလန်တန်းပြည်နယ်တန္တာမေရ လူဝင်မှုစခန်းထဲတွင်ဖမ်းဆီးထိမ်သိမ်းခံနေဆဲ မြန်မာကလေးငယ် ၆ ဦးတို့အားလူကုန်ကူးသူများက အမျိုးမျိုးပြောဆို



မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ် တန္တာမေရ လူဝင်မှုစခန်း ထဲတွင် ဖမ်းဆီး ထိမ်သိမ်း ခံနေဆဲ ဖြစ်သော မြန်မာ ကလေးငယ် ၆ ဦးတို့ အား လူကုန် ကူးသူများ က ခြိမ်ခြောက် ပြောဆို သလို ချော့မော့ ပြောဆိုခြင်း ရှိနေကြောင်း သိရှိ ရသည်။ ယမန်နေ့က ဖမ်းဆီး ထိမ်းသိမ်း ခံထားရသူများ အနက် အသက် အကြီးဆုံး ဖြစ်သည့် ၁၄ နှစ် အရွယ် မင်းယုစန်းအား မလေးရှားမှ လူကုန် ကူသူ များက ဖုန်းဆက် လာခဲ့သည်။ “ကျနော်ကို ကျော်သူလင်းရဲ့ သူဌေး မဲလုံး က ဖုန်းဆက် လာတယ်၊ နင်တို့ သတင်းတွေ ၊ ဗမာပြည်က တီဗွီထဲ မှာရော၊ သတင်းစာ တွေမှာပါ ထွက်နေ ပြီတဲ့၊ ကျနော်တို့ အတွင်းထဲ ကနေ အပြင်ကို ဆက်သွယ် နေတာကို သူတို့ သိရှိ ထားပြီး ဖြစ်တယ်ပေါ့။ ကျနော် တို့ကို လာကယ် ထုတ်တဲ့ အဖွဲ့ တွေနဲ့ လိုက် မသွားနဲ့ လိုက်သွားရင် သူတို့ ရောင်းစား လိမ့်မယ် ဆို ပြီးတော့ ပြောပါတယ် ၊ ကျနော်တို့ သွားမယ် ဆိုရင် မြန်မာသံရုံးကို သူတို့ လေယာဉ် စရိတ် ပေးပြီး ပြန်ပို့ ပေးမယ် ဆိုပြီးတော့လည်း ပြောပါတယ်” ဟု မင်းယုစန်း က ပြောသည်။

အဆိုပါ ကလေးငယ်များ သတင်း အချက် အလက်များအား ပေးပို့ ကူညီနေသူ တစ်ဦးက“ ဒီကလေး တွေကို မြန်မြန် လွတ်မြောက် သွားစေ ချင်ပါတယ် ။ အစောင့် တွေက တစ်ဆင့် ကြားရ တာက အမျိုးသမီးဆောင်မှာ နေတဲ့ အသက် ၁၀ နှစ်အရွယ် မအေးမြထွေးကို လာမယ့် မေလ ၅ ရက်နေ့ မှာ အမျိုးသမီး တစ်ယောက် လာထုတ် မယ်လို့ ကြားတယ်။ နောက်ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ် ပါတယ်”ဟု ပြောသည်။

မင်းယုစန်းမှာ မူဆလင် တစ်ဦး ဖြစ်ပြီး ကျန်ကလေး ၅ ဦးတို့ မှာ ဗမာ ကလေးငယ်များ ဖြစ်ကြသည်။ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ ကျနော်တို့ အပူ တပြင်း ဆောင်ရွက် နေပါတယ် ။ မလေးရှားက လူ့အခွင့်အရေး လှုပ်ရှား သူတွေက တဆင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနဲ့ တိုက်ရိုက် ဆက်စပ် ဆောင်ရွက် နေပါတယ်။ မက် ဖေါင်ဒေးရှင်း ဒါရိုက်တာ တို့နဲ့ ညှိနှိုင်းပြီးတော့ ပေါ့လေ။ ကလေး မိဘတွေ ဘက်က ဘာမှ ဆက်သွယ် လာတာ မရှိတော့ မလေးရှားက ရှေ့နေ တို့ကိုပဲ ပြန်ပြီးတော့ ဘယ်လို လုပ်ရင် အဆင်ပြေ မလဲလို့ ပြန်တိုင်ပင် နေကြပါတယ်။ ဘာပဲ ပြောပြော ကလေးတွေ မကြာခင် လွတ်လာ ပြီးတော့ မိဘတွေ ဆီကို ပြန်ရောက်မယ်လို့တော့ မျှော်လင့် ပါတယ်” ဟုပြောသည်။

ကလေး တစ်ဦးချင်း စီတို့၏ ပြောပြချက် အရ လူကုန်ကူသူ များမှာ မူဆလင် ဘာဝင်များ ဖြစ်ပြီး အချို့ကို လေယာဉ် အချို့ကို ရန်ကုန်မှ ရထားများဖြင့် ကော့သောင်း သို့ ရောက်ရှိအောင် ခေါ်ဆောင် လာခဲ့ပြီး ကော့သောင်းမှ တဆင့် လက်ဆင့်ကမ်း လူကုန်ကူကာ မလေးရှား နိုင်ငံသို့ ရောက်ရှိ လာခဲ့ကြောင်း သိရှိ ရသည်။

မလေးရှားနိုင်ငံ တန္တာမေရ စခန်းတွင် ဖမ်းဆီး ခံနေရသည့် မြန်မာကလေး ၆ ဦး၏ အချက် အလက် များမှာ


စဉ်အမည်အသက်ထောင်အမှတ်မိဘအမည်နေရပ်လိပ်စာ
၁မအေးမြထွေး၁၀ နှစ်၅၃၃၂၆ဦးဖိုးသိန်း ၊ ဒေါ်ကုလားမဘုရားလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ မတ္တရာမြို့ ၊ မန္တလေးတိုင်း။
၂ကျော်သူလင်း၁၂ နှစ်၅၃၅၄၆ဦးဇော်လင်း၊ဒေါ်အေးမြစိန်ဘုရားလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ မတ္တရာမြို့ ၊ မန္တလေးတိုင်း။
၃တင်မျိုးထက်၁၂ နှစ်၅၃၃၂၉
ဦးဖိုးညီ၊ဒေါ်ခင်လေးရည်ပျဉ်ပုံကြီးကျေးရွာ ၊ ကျောက်ကုန်းမြို့နယ် ၊ ဧရာဝတီတိုင်း။
၎နေလင်းဦး၁၂ နှစ်၅၃၅၄၄ဦးလွင်မြင့်၊ဒေါ်စန္ဒာဌေးန၀ဒေးပတ်လမ်း ၊ ၇/ရပ်ကွက် ၊ လှိုင်သာယာ ၊ ရန်ကုန်တိုင်း။
၅အောင်ကိုဝင်း၁၂ နှစ်၅၃၅၄၉ဦးသာလှိုင်၊ဒေါ်မျိုးမျိုးစိန်
န၀ဒေးပတ်လမ်း ၊ ၇/ရပ်ကွက် ၊ လှိုင်သာယာ ၊ ရန်ကုန်တိုင်း။
၆မင်းယုစန်း၁၄ နှစ်၅၃၅၄၅ဦးယုလွင်၊ဒေါ်နုနုခင်သက်ငြိမ်ရပ်ကွက် ၊ ဒလ ၊ အမက ၁၄ အနီး ၊ ရန်ကုန်တိုင်း။



သတင်း..ဟံသာဝတီ

လှိုင်မြို့နယ်ရှိ ငါးလုပ်ငန်း ကုမ္ပဏီတစ်ခု ကျပ် ၃၃၅သိန်း အခိုးခံရမှု သင်္ကြန်အကြတ်နေ့ကဖြစ်ပွား

လှိုင်မြို့နယ်ရှိ ငါးလုပ်ငန်း ကုမ္ပဏီတစ်ခုတွင် ဧပြီ ၁၆ရက် သင်္ကြန် အကြတ်နေ့က ငွေကျပ် ၃၃၅သိန်း အခိုးခံရ သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။


ဖြစ်စဉ်မှာ အဆိုပါငါးလုပ်ငန်းကုမ္ပ ဏီမှ အိမ်ရှင်သည် ယင်းနေ့နံနက် ၇နာရီ တွင် အိပ်ရာမှနိုးစဉ် နေအိမ်အတွင်း၌ မြွေ ရေခွံအိတ်ဖြင့်ထည့်ထားသည့် ကျပ် ၁၂၅ သိန်း အိတ်တစ်အိတ်၊ ကျပ်၂၄၅သိန်းအိတ် တစ်အိတ်နှင့် ကျပ်သိန်း၂၀၀အိတ်တစ်အိတ် တို့ကို ကြည့်ရှုရာ ကျပ် ၁၂၅သိန်းထည့်ထား သည့် အိတ်တစ်အိတ်နှင့် ကျပ်၂၄၅သိန်းထည့် ထားသောအိတ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် နေအိမ်ဝန်းကျင် လိုက်လံရှာ ဖွေရာ အိမ်ရှေ့ခြံစည်းရိုးအနီး၌ ကျပ်၂၄၅ သိန်းထည့်ထားသည့်အိတ်တွင် ကျပ် ၃၅သိန်း သာကျန်ခဲ့ပြီး ကျပ် ၃၃၅သိန်းမှာ ပျောက်ဆုံး နေကြောင်းတွေ့ရှိရသဖြင့် ဘုရင့်နောင် ပိတောက်ချောင်းရဲစခန်းသို့ တိုင်ကြားထား သည်ဟု သိရသည်။


အဆိုပါအမှုကို ပိတောက်ချောင်း ရဲစခန်းမှ ပ^၁၀၁^၁၀ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

သတင်း...YMG

လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး ရဲစခန်းအားယာယီပိတ်ထား

ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။

တောင်ဈေးထဲ၌ ဗုံးထောင်ရန် ကြိုးစားနေသူ လူ ၂ ဦးကို ရဲများက ရိပ်မိသွား၍ ဖမ်းဆီးရမိကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဖမ်းမိသော ထိုလူနှစ်ဦးအနက် တဦးမှာ ၎င်းနှင့်အတူ ဗုံးတလုံး ပါလာသေးသောကြောင့် ရဲစခန်း၌ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“လွိုင်ကော်မှာ တခါမှ မဖြစ်ဖူးဘူး။ စောစောက နေ့လည် ၁၀း၃၀ လောက်မှာ လူနှစ်ယောက်ကို တောင်ဈေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေ တော့ ရဲတွေက မိသွားတယ်။ အဲဒါ အဲဒီလူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတလုံး ပါသေးတော့ ရဲစခန်းမှာ ကွဲသွားတယ်တဲ့။ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်အတူ ပါလာသော ဗုံးပိုင်ရှင်တဦးမှာ သေဆုံးသွားသော်လည်း သူ့အဖော်တဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ကြောင်း၊ အခြားသူများ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။

လွိုင်ကော်မြို့ခံတဦးက “တစ်ယောက်က သေသွားတယ်။ တစ်ယောက်က လွတ်သွားတယ်လို့ ပြောတယ်။ အခုထိ သွားတာက ရဲတွေပဲ။ ရဲစခန်းမှာဆိုတော့ ဘယ်နှစ်ယောက်လဲ မသိသေးဘူး” ဟု ပြောပါသည်။

ဗုံးပေါက်ကွဲပြီးနောက် အခင်း ဖြစ်ပွားသည့် လွိုင်ကော်မြို့ ရဲစခန်းသည် ယခုလောလောဆယ်တွင် ယာယီပိတ်ထားကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

သတင်းရင်းမြစ်.....ကန္တာရဝတီတိုင်း(မ်)

ရန်ကုန်-နေပြည်တော် လေကြောင်းခရီးစဉ် ပုဂ္ဂလိကလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခြင်း မပြုတော့

ရန်ကုန်-နေပြည်တော် လေကြောင်းခရီးစဉ်ကို ပုဂ္ဂလိကလေကြောင်း လိုင်းများ ပျံသန်းပြေးဆွဲခြင်းမပြုတော့ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံ စမ်းသိရသည်။

အဆိုပါခရီးစဉ်ကို လေကြောင်း လိုင်းများ ပျံသန်းခြင်းမပြုတော့သည်မှာ ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ် ထွန်းလာခြင်းကြောင့် ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းအစီးနည်းပါးသွားပြီး ယင်း ခရီးစဉ်ကို Express ကားများဖြင့်သာ သွား ရောက်မှုများပြားလာသည်ဟု သိရသည်။

"နေပြည်တော်ခရီးစဉ်ကို ပုဂ္ဂလိက လေကြောင်းတွေကမပျံသန်းတာ သုံး၊ လေး လရှိပါပြီ။ ကားလမ်းပေါက်ပြီးကတည်းက သွားချင်တဲ့ခရီးသည်တွေ ခရီးသည်တင်ကား တွေနဲ့ပဲ သွားကြတာများတယ်။ ဒီနှစ်သင်္ကြန် မှာလဲ ခရီးသည်မရှိသလောက်ပါဘဲ။ လေ ယာဉ်နဲ့ဆိုရင်ဈေးကြီးပြီး အခုကားနဲ့က လွယ် ကူနေတော့ Express ကားကြီးတွေပဲ အလုပ် ဖြစ်နေတယ်လေ"ဟု Seven Diamond ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်း ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းရန်ကုန်-နေပြည်တော်ခရီး စဉ်ကို အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး အစ ရှိသည့် ပုဂ္ဂလိကလေကြောင်းလိုင်းများက ယခင်ကပျံသန်းမှုပြုခဲ့ပြီး ယခုအခါ မြန်မာ့ လေကြောင်းလိုင်းတစ်လိုင်းတည်းသာ နေ့စဉ် ပုံမှန်ပျံသန်းပေးလျက်ရှိသည်ဟုသိရသည်။

သတင်း...YMG

အံ့ဖွယ်လူသားဟုဆိုနိုင်လောက်သော လူခြောက်ကလေး၏ ရှင်ပြုအလှူပွဲတစ်ခု ကချင်ပြည်နယ် မိုးညှင်းတွင် ပြုလုပ်




လူခြောက်ဟုဆိုသည်နှင့် မြန်မာတို့၏လူမှုရေးနယ်ပယ်တွင် စိတ်ဝင်စားဖွယ်ဖြစ်ကြရသည်။ လူ ခြောက်ကလေးမွေးတယ်ဟုဆိုသည်နှင့် လူခြောက်မွေးဖွားသောအိမ်မှာ စီးပွားရေးအလားအလာ ရွှေတောင် တက်ခဲ့ရသည်ဟု ကြားဖူးနားဝရှိကြသည်။

လူခြောက်၏ဖြစ်စဉ်မှာ ၀ိညာဉ်ပိုင်းဆိုင်ရာသုံးနှုန်းမှုများတွင် 'အ၀ိ ညာဏက'ဟု ခွဲခြားသတ်မှတ်ရမည့်ဟန်ရှိသည်။ ယခုတွေ့ရှိရသော လူခြောက်ကလေးမှာ လူ့သက်တမ်း ဆယ်နှစ်အရွယ်ရှိနေပြီဖြစ်သော မောင်ငြိမ်းချမ်းဝင်းအမည်ရသူဖြစ်သည်။

ယခုနှစ်မတ်၏ လကုန်ရက်ပိုင်း၌ ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်၌ရှိသော ပညာရောင်ခြည်ပျော်ဖွယ်စာသင်တိုက်၌ သားရှင်ပြုအလှူပွဲတစ်ခုနှင့် ကြုံကြိုက်ခဲ့ရသည်။ မိုးညှင်းမြို့ ပျော်ဖွယ်ရပ်ကွက်နေ ဦးမင်းနိုင်၊ ဒေါ်မမကြီးတို့၏ ရင်သွေးအငယ်ဖြစ်သူ မောင်ငြိမ်း ချမ်းဝင်းမှာ သာမန်မနုဿလူဟုပြော၍မရသော လူခြောက်ဟုအခေါ်ခံရသူဖြစ်သည်။


ထိုလူခြောက်ကလေး မောင်ငြိမ်းချမ်းဝင်းအား မိဘနှစ်ပါးတို့က သင်္ကန်းပရိက္ခရာ စုံလင်စွာဖြင့် သားရှင်ပြုအလှူပွဲကြီးပြုလုပ်ခဲ့သည်။ ပညာရောင်ခြည်စာသင်တိုက်တွင်ရှိနေသော စာသင်စာချသံဃာအပါး ၁၀၀ကျော်တို့အား ဆွမ်းကပ်၍ အလှူ ကြီးပေးခဲ့သော ပဗ္ဗဇ္ဇမင်္ဂလာပွဲဖြစ်သည်။ မောင်ငြိမ်းချမ်းဝင်းအား ရှင်သာမဏေပြုပေးရာ၌ သံဃာတော် ကိုးပါးတို့ကိုပင့်၍ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။


လူခြောက်ကလေးမောင်ငြိမ်းချမ်းဝင်း၏ ရှင်သာမဏေဘွဲ့တော်မှာ ရှင်ရာဏိန္ဒဟု ကျောင်းထိုင်ဆရာတော် ဦးပညောဘာသက အမိန့်ရှိ၏။ အရပ် ကိုးလက်မ၊ ရင်အကျယ်သုံးလက်မအရွယ်ရှိသော မောင်ငြိမ်းချမ်းဝင်း၏ ထူးကဲသော ရှင်ပြုပွဲကို ကြားသိရသူ အပေါင်းက စိတ်ဝင်တစားဖြစ်နေခဲ့ကြသည်။ ၂၀၀၁ခုနှစ် ဇန်န၀ါရီ ၁ရက်က မွေးဖွားလာခဲ့သော မောင်ငြိမ်း ချမ်းဝင်းမှာ သားသမီးကိုယ်၌ အငယ်ဆုံးဟုသိရသည်။


သတင်း....YMG

27 April 2010

ဘုရားသားတော်သံဃာတော်များကိုရက်စက်စွာသတ်ဖြတ် ထားသောသွေးစွန်းသောလက်များဖြင့်မသူတော်မင်းရုပ်များ မဟာဓောဓိပင် အားမစိုက်သင့်ပါဘူး.....။

ကဆုန်လပြည့် (၅) နေ့

(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)

(ကဆုန်လပြည့်၊ကဆုန်ညောင်ရေသွန်းပွဲကျင်းပရခြင်းအထိမ်းအမှတ်သည်ဘုရား၏ပရိဘောဂစေတီကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည်စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊
ပွားများ
နိုင်ရန်)

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။


(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော
ဂေါတမအမည်ဖြင့်ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟုဒီပင်္ကရာမြတ်စွာဘုရားထံမှနိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။


(၂)မဟာသက္ကရာဇ်၆၈-ခုကဆုန်လပြည့်နေ့တွင်ဂေါတမဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃)မဟာသက္ကရာဇ်၁၀၃-ခုကဆုန်လပြည့်နေ့အရုဏ်တက်ချိန်တွင်ဂေါတမဘုရားအလောင်းတော်
သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ဘုရားဖြစ်တော်မူခဲ့သည်။


(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌
ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကကဆုန်လပြည့်နေ့အား
ဘုရားနေ့ဟုသတ်မှတ်ခဲ့ကြသည်။ဘုရားရှင်သည်ဤနေ့ဤအခါ၌သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက်ဗောဓိပင်အားအမှီပြု၍တရားအားထုတ်တော်မူခဲ့သည်။ထို့ကြောင့်ဗုဒ္ဓဘာသာ
ဝင်တို့သည်ဗောဓိပင်အားရေသွန်းလောင်းခြင်းစသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြသည်။
ရေသွန်းလောင်းကြသည်မှာကဆုန်လတွင်ရေရှားပြတ်လပ်၍ညှိုးလျော်အံ့ဆဲဖြစ်သောဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ဤသို့မဟာဗောဓိပင်စိုက်ပျိုးသောသူများသည်အလွန်ပင်သန့်ရှင်းစင်ကြယ်သောစိတ်နှလုံးဖြူစင်
သန့်ရှင်း
သောသူများသာလျှင်စိုက်သင့်ပါသည်.။ဘုရားရှင်တော်၏သားတော်သံဃာတော်များအား
ရက်စက်စွာသတ်
ဖြတ်ခဲ့၊မတရားသဖြင့်သံဃာတော်များအားထောင်သွင်းအကျဉ်းချပြီနှိပ်စက်ညှင်းပန်း
ခဲ့သောသွေးစွန်းသည်
လက်များဖြင့်မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းခြင်း၊စိုက်ပျိုးခြင်းမှာ
စက်ဆုတ်စရာအင်မတန်ကောင်းပါသည်.။အပြစ်မဲ့ပြည်သူလူထုနှင့်ကျောင်းသားများကိုလဲမတရား
သတ်ဖြတ်၊ညှင်းပန်းနှိပ်စက် မှုတွေကျူးလွန်ခဲ့တဲ့လူတွေ ဟာဤသို့ပြုလုပ်ဘို့လုံးဝမသင့် ပါဘူး။

မင်းကျင့်တရားနှင်မညီဘဲ တိုင်းသူပြည်သားများအား မတရားသော နည်းမျိုးစုံကိုသုံးပြီးညှင်းပန်းနှိပ်
စက်ခဲ့သောမသူတော်မင်းရုပ်များအနေဖြင့်ဤနေ့ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့သည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်နေ့တနေ့ဖြစ်သောနေ့တွင်သွေးစွန်းနေသောလက်များဖြင့်မဟာဗောဓိပင်အားညောင်
ရေသွန်းလောင်းနေပုံမှာမင်းဆိုးမင်းညစ်များအနေဖြင့်ဤကဆုန်လပြည့်နေ့ဗုဒ္ဓနေ့သည်ဗုဒ္ဓဘာသာဝင်
တို့၏ နေ့ထူးနေ့မြတ်
ကိုညိုးနွမ်းစေမည့်မည်သည့်ကိစ္စကိုမျှ မလုပ်သင့်မလုပ်အပ်ပါဘူးလို့.....။



ခုလိုလုပ်ပုံလဲကြည့်ပါအုံး ဒေါ်ကြိုင်ကြိုင်က အပေါ်က ဘွဲ့ခံသီလရှင်ဆရာကြီးကအောက်က လှူဖွယ်အစုံစုံတွေနဲ့ဖြူစင်စွာ လှူတန်းနေတယ်ပေါ့

ဤဓါတ်ပုံ နှစ်ပုံ ကို ယှဉ်ကြည့်ပါ ပညာရှိတို့များ စကားပြန်မလို။

ပြည်သူလူထုကချစ်ခင်လေးစားအားကိုးတဲ့မြန်မာနိုင်ငံကပြည်သူတွေချစ်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်


ပြည်သူလူထုကိုမတရားလက်နက်အားကိုးနဲ့ဖိနှိပ်ချုပ်ချယ်နေတဲ့ပြည်သူချဉ်ပတ်စစ်အစိုးရရဲ့
ခေါင်းဆောင်ဦးသန်းရွှေ

ကွာခြားပုံများကတော့

ပညာရှိတို့များ စကားပြန်မလိုပါ။ တိုက်ရိုက် ကိုစကားပြောနိုင်တယ်။ အရည်အချင်း တွေ ကဒီလို ကွာတာ။

(သန်းရွှေ)တို့က အင်္ဂလိပ်လို မှမတတ်တာ... တိုင်းပြည်အတွက်.. ၁၀ တန်းတောင် မအောင်ဘဲ.. စစ်ထဲဝင်လိုက်ရတာကို...

သူ ကမတတ်တော့ အင်္ဂလိပ်လို ကြေညာချက်တွေထုတ်တော့ သူမသိဘူးပေါ့.. အဲ့ဒါကြောင် နိုင်ငံတကာ ကဘာပြောပြော သူ ဂရုမစိုက်နိုင်တာပါ.....

နအဖစစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ.


ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။




စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။




စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။




ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။




တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။




ရင်းမြစ်..VOA

စတေကာကပ်မော်တော်ကားများကို တွေ့ရှိသည့်နေရာတွင် စတေကာခွာ၍ ချလန်ဖြတ်အရေးယူ စစ်အာဏာပိုင်များ၏သားသမီးမော်တော်ကားများမပါ.

ရန်ကုန်မြို့တော်တွင် မောင်းနှင်သွားလာလျှက်ရှိသော မော်တော်ယာဉ်များ စတေကာကပ်ထားသည် ကိုတွေ့ရှိရပါက နေရာမှာတင်ခွာယူ၍ ချလန်ဖြတ်အရေးယူလျှက်ရှိသည် ဟု သတင်းရရှိသည်။


ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များတွင် စတေကာများ ကပ်ထားခြင်း၊ လေစုပ်ခွက်များ တပ်ဆင်ထားခြင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့ပြီး အရေးယူမှုများ ယခင်ကတည်း ကပြုလုပ်ခဲ့သော်လည်း လိုက်နာမှု အားနည်းကြသည်ဟု သိရသည်။ စတေကာကပ်ထားသောယာဉ်များကို အသုံးပြုကာ ဒုစရိုက်မှုကျူးလွန်နိုင်သည့်အပြင် ယခင်ကလည်းကျူးလွန်ခဲ့သည့် ဖြစ်ရပ်များရှိခြင်းကြောင့် ပြီးခဲ့သည့်နှစ်ကစ၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လာခြင်းဖြစ်ပြီး အဆိုပါယာဉ်များကို စီမံခန့်ခွဲမှုနည်းလမ်းအရ ဒဏ်ငွေကျပ် (၅၁၅၀၀ )တပ်ရိုက် အရေးယူလျက်ရှိသည်။


စစ်ဆေးအရေးယူမှုမျာ ပြုလုပ်ရာတွင်ယာဉ်ထိန်းတပ်ဖွဲ့အပြင်တပ်မတော်တပ်ထိန်းတပ်ဖွဲ့များပါဝင်
သည့်အဖွဲ့ များဖြင့် ဆောင်ရွက်ခဲ့သည်ဟုသိရသည်။စစ်အာဏာပိုင်များ၏သားသမီးများမော်တော်ကား
များကိုကျတော့ ယခုထုတ်ထားတဲ့ အမိန့်မပါခဲ့ပါဘူးကြွင်းချက်တခုအနေနဲ့ထားထားခဲ့ပါသည်.။

စတေကာကပ်ထားသောမော်တော်ကားများကိုမောင်းနှင်းသောသူများမှာစစ်အစိုးရအသိုင်းအဝိုင်းနှင့်
စစ်အာဏာပိုင်ကြီးများ၏သား သမီးများသာ ဖြစ်ပါသည်.။ယာဉ်ထိန်းတပ်ဖွဲ့ များသည် ထိုကားများကို
ယနေ့ထိ ဖမ်းဆီးတားမြစ်ခြင်း မပြုလုပ်ခဲ့ သေးပါ.။

စစ်အာဏာပိုင်များ၏သားသမီးများသည်လမ်းပြောင်ပြန်မောင်းနှင်းလာသည်ကိုတွေ့လျှင်ယာဉ်ထိန်းရဲ
များ ဖမ်းဘို့မေ့နေတာလားတော့မသိ.။ မော်တော်ကားတိုက်မိလို့ သေဆုံးသွားလျှင် အတိုက်ခံရသူများ
ကိုလျှော်ကြေးပေးပြီယာဉ်ထိန်းရဲများကအမှုပိတ်ခိုင်း လိုက်ပါသေးသည်.။

စစ်အာဏာပိုင်များ၏သားသမီးများသည်မီးနီမသိ၊မီးဝါမသိ၊မီးစိမ်းမသိ၊သူတို့လိုသလိုမောင်းနှင်းနေသည်
ကိုယာဉ်ထိန်းရဲများတွေ့မြင်နေပေမဲ့တားမြစ်ချင်းအလျှင်မရှိပါ.။စစ်အာဏာပိုင်များ၏သားသမီးများသည်
မော်တော်ကားများကိုထင်ထိုင်ကျဲပြီမောင်းနှင်းနေသည်ကိုလဲလက်ပိုက်ကြည့်နေခဲ့သည်မှာယာဉ်ထိန်း
တပ်ဖွဲ့ဝင်များနှင့်တပ်မတော်တပ်ထိန်းတပ်ဖွဲ့ဝင်များအသိပင်ဖြစ်ပါသည်.။ထိုသို့စည်းကမ်းများကိုထုတ်ပြီ ထိုသူများကိုပါ အရေးယူသွားသင့်ပါသည်.။

ပြည်သူများ၏မော်တော်ကားများကိုယာဉ်ထိန်းတပ်ဖွဲ့များသည်မတရားအနိုင်ကျင့်ငွေတောင်းနေပါ
သည်.။အမြဲတမ်းဘီယာဘိုး၊ထမင်းဘိုး၊ဟိုဘိုးဒီဘိုးဆိုပြီတောင်းလို့မကုန်နိုင်သောအဘိုးတွေကို
ယာဉ်ထိန်းရဲများတောင်းရမ်းနေခြင်းမှာရန်ကုန်မြို့တော်၏အကျည်းတန်အရုပ်ဆိုးသည်အဖြစ်အပျက်
တခုဖြစ်နေပါသည်.။နအဖစစ်အစိုးရထုတ်တဲ့ အမိန့်တိုင်းကိုအရင်ဆုံး နအဖစစ်အာဏာပိုင်တို့ရဲ့
သားသမီးများနှင့်နအဖစစ်အစိုးရအသိုင်းအဝိုင်း ကိုသာလိုက်နာမှု ပြုခိုင်းသင့်ပါသည်.။

အလင်းအိမ် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၄)

26 April 2010

KNU / KNLA ငြိမ်း/ကောင်စီ ဗိုလ်ချူပ်စောထိန်မောင်မှနအဖဗိုလ်ချူပ်ရဲမြင့်ထံပေးပို့သော စာတွင်နယ်ခြားစောင့်တပ်အဖြစ်သဘောမတူကြောင်း ပြတ်သားစွာပြောဆိုထား

နအဖဗိုလ်ချူပ်ကြီးတွေရဲ့  ကန့် သတ်မှုတွေ၊ မတရားမှုတွေ၊ အကြပ်ကိုင်တောင်းဆိုမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ အတူ လက်တွေ့  ဆက်ဆံရေးမှာလည်း ရိုးသားဖြူစင်မှု မရှိတာတွေကြောင့် - KNU/KNLA ငြိမ်း/ကောင်စီရဲ့  ဗိုလ်ချူပ်စောထိန်မောင်ကနေ နအဖ ဗိုလ်ချူပ်ရဲမြင့်ထံ စာရေးပြီး ပြတ်ပြတ်သားသား ပြောသားလိုက်ပါပြီ။

နအဖ စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီမှ ဗိုလ်ချုပ်စောထိန်မောင် ပေးပို့သော စာမိတ္တူကို အများပြည်သူ သိရှိစေရန် တင်ပြပေးလိုက်ပါတယ်။

အဆိုပါ ဗိုလ်ချုပ်ရဲမြင့် ထံသို့ ပေးပို့သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့တွင် Border Guard Force နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့အဖြစ်သတ်မှတ်ထားသော နအဖ၏ ရာဇသံပေးမှုကို တုံ့ပြန်လိုက်သော ပြတ်သားသည့် ပေးစာတစောင်ဖြစ်ပါတယ်။

KNU တပ်မဟာ (၇) မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချုပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ၏ လည့်ဖျားမှုများကို တဖြည်းဖြည်း သဘောပေါက်လာပုံရနေပါတယ်။ ဗိုလ်ချုပ်ရဲမြင့်ကိုလည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားတာတွေ့ ရပါတယ်။

စာပါအကြောင်းအရာများကတော့ နအဖမှ ၎င်းတို့အပေါ် တောင်းဆိုထားသော အချက်များကို ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ် စောထိန်မောင်နှင့် ၎င်းတို့အဖွဲ့ကနေ ပြန်လည်တုံ့ပြန် ရေးသားထားချက်များ ဖြစ်ပါတယ်။။

Letter to SPDC Lt Gen Ye Myit