27 April 2010

ဘုရားသားတော်သံဃာတော်များကိုရက်စက်စွာသတ်ဖြတ် ထားသောသွေးစွန်းသောလက်များဖြင့်မသူတော်မင်းရုပ်များ မဟာဓောဓိပင် အားမစိုက်သင့်ပါဘူး.....။

ကဆုန်လပြည့် (၅) နေ့

(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)

(ကဆုန်လပြည့်၊ကဆုန်ညောင်ရေသွန်းပွဲကျင်းပရခြင်းအထိမ်းအမှတ်သည်ဘုရား၏ပရိဘောဂစေတီကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည်စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊
ပွားများ
နိုင်ရန်)

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။


(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော
ဂေါတမအမည်ဖြင့်ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟုဒီပင်္ကရာမြတ်စွာဘုရားထံမှနိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။


(၂)မဟာသက္ကရာဇ်၆၈-ခုကဆုန်လပြည့်နေ့တွင်ဂေါတမဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃)မဟာသက္ကရာဇ်၁၀၃-ခုကဆုန်လပြည့်နေ့အရုဏ်တက်ချိန်တွင်ဂေါတမဘုရားအလောင်းတော်
သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ဘုရားဖြစ်တော်မူခဲ့သည်။


(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌
ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကကဆုန်လပြည့်နေ့အား
ဘုရားနေ့ဟုသတ်မှတ်ခဲ့ကြသည်။ဘုရားရှင်သည်ဤနေ့ဤအခါ၌သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက်ဗောဓိပင်အားအမှီပြု၍တရားအားထုတ်တော်မူခဲ့သည်။ထို့ကြောင့်ဗုဒ္ဓဘာသာ
ဝင်တို့သည်ဗောဓိပင်အားရေသွန်းလောင်းခြင်းစသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြသည်။
ရေသွန်းလောင်းကြသည်မှာကဆုန်လတွင်ရေရှားပြတ်လပ်၍ညှိုးလျော်အံ့ဆဲဖြစ်သောဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ဤသို့မဟာဗောဓိပင်စိုက်ပျိုးသောသူများသည်အလွန်ပင်သန့်ရှင်းစင်ကြယ်သောစိတ်နှလုံးဖြူစင်
သန့်ရှင်း
သောသူများသာလျှင်စိုက်သင့်ပါသည်.။ဘုရားရှင်တော်၏သားတော်သံဃာတော်များအား
ရက်စက်စွာသတ်
ဖြတ်ခဲ့၊မတရားသဖြင့်သံဃာတော်များအားထောင်သွင်းအကျဉ်းချပြီနှိပ်စက်ညှင်းပန်း
ခဲ့သောသွေးစွန်းသည်
လက်များဖြင့်မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းခြင်း၊စိုက်ပျိုးခြင်းမှာ
စက်ဆုတ်စရာအင်မတန်ကောင်းပါသည်.။အပြစ်မဲ့ပြည်သူလူထုနှင့်ကျောင်းသားများကိုလဲမတရား
သတ်ဖြတ်၊ညှင်းပန်းနှိပ်စက် မှုတွေကျူးလွန်ခဲ့တဲ့လူတွေ ဟာဤသို့ပြုလုပ်ဘို့လုံးဝမသင့် ပါဘူး။

မင်းကျင့်တရားနှင်မညီဘဲ တိုင်းသူပြည်သားများအား မတရားသော နည်းမျိုးစုံကိုသုံးပြီးညှင်းပန်းနှိပ်
စက်ခဲ့သောမသူတော်မင်းရုပ်များအနေဖြင့်ဤနေ့ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့သည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်နေ့တနေ့ဖြစ်သောနေ့တွင်သွေးစွန်းနေသောလက်များဖြင့်မဟာဗောဓိပင်အားညောင်
ရေသွန်းလောင်းနေပုံမှာမင်းဆိုးမင်းညစ်များအနေဖြင့်ဤကဆုန်လပြည့်နေ့ဗုဒ္ဓနေ့သည်ဗုဒ္ဓဘာသာဝင်
တို့၏ နေ့ထူးနေ့မြတ်
ကိုညိုးနွမ်းစေမည့်မည်သည့်ကိစ္စကိုမျှ မလုပ်သင့်မလုပ်အပ်ပါဘူးလို့.....။



ခုလိုလုပ်ပုံလဲကြည့်ပါအုံး ဒေါ်ကြိုင်ကြိုင်က အပေါ်က ဘွဲ့ခံသီလရှင်ဆရာကြီးကအောက်က လှူဖွယ်အစုံစုံတွေနဲ့ဖြူစင်စွာ လှူတန်းနေတယ်ပေါ့