09 February 2010

တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုး ယုံကြည်ကြတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစရွှေဂုံတိုင်ရပ်တည်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦးဟာ လာမယ့် ရှေ့လ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း(၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ နအဖက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ ပုဒ်မ(၁၀)(ခ)နဲ့မတရား အပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို (၆)နှစ်သာ သတ်မှတ်နိုင်တာ ဖြစ်တဲ့အတွက် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖစစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိ တာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ် မလွတ်မြောက်ဘူးဆိုတာ တပ် အပ်သေချာ ပြောလို့မရပါဘူး။



လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။ ယခုအခါ ၎င်းတို့ ၂ ဦးစလုံး ထိန်းသိမ်းခံနေရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမဲ့ ယက်တောအမှုဖြင့် အကွက် ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်သော အကြောင်းပြချက် ဖြစ်တဲ့အတွက် အခု တခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ လွှတ် မလွှတ်ဆိုတာဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ်မှာ မူတည်နေပါတယ်။ အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ သန်း(၅၈)သော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီးမလိုက် နာရင် အပြစ်ပေးအရေးယူခြင်းခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့သဘော ပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။

၂၀၀၃ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ်မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ အင်အား(၅၀၀၀)ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီ အချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်ကကြိုးကိုင်စီစဉ်တဲ့ဒီပဲယင်း လုပ်ကြံ မှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်း ထောင်ကို ပို့ဆောင် ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ (၉)လနေခဲ့ရပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါ တယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဌဦးတင်ဦး ဟာ အသက်(၈၃)နှစ် ရှိနေပြီဖြစ်ပါတယ်။ ဗမာ့တပ်မတော်မှာ ကာ ကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော် သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကိုရယူခံစားနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ ကျနော် ကြားဘူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ်ကာလတွေအတွင်းတာဝန်ကျရာ ဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာဒေသတွေမှာ ရှိတဲ့တပ် တွေကိုရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက် ထားတဲ့ဟင်းပုံစံက ရဲဘော်တွေအတွက် အဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြား ဘူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ်မှတ်သားကြားနာ ဘူးပါတယ်။ သူပြောတာက ရဲဘော်တွေက တကယ်တန်း အပင်ပမ်းခံ အဆင်းရဲခံ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော်လုံခြုံရေး အတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ် ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်း ကောင်းမွန်မွန်ချက်ကျွေး ကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဘူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီး တင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ဘ၀ကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်းပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။ ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို (၆)နှစ်တင်းတင်း ပြည့် သွားခဲ့ပါပြီ။စီရင်ချက် ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်း အရဆို လွှတ်ကိုလွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုး ဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။ ဒါပေမဲ့ လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင်နအဖဥက္ကဌ ကြီးက ဥပဒေရဲ့အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။သက်ဦး ဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။

ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ်လွတ်လပ်ရေးနေ့သ၀ဏ်လွှာ မှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကိုအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ထပ်လောင်းအတည်ပြုပြောကြား ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကိုစိုးရိမ် ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့အစဉ်အလာအတိုင်း ကိုယ့်ထက် ၀ါစဉ်အရ သမ္ဘာစဉ် အရမြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရ လည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေ ကြား လူမိုက်နေလို့မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ မေလရွေးကောက်ပွဲမှာကတည်းက ၈၂%မဲအပြတ် အသတ်နဲ့ အနိုင်ရထားခဲ့ပေမဲ့လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီ ပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေချိပ်ပိတ်ခံခဲ့ ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါ တယ်။ နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါတီ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ အယောက် (၂၀)တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် (၉) ဦးကို ထပ်တိုးချဲ့လိုက် တာပါ။ လတ်တလော အန်အယ်လ်ဒီပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါ တယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်-သင့်တဲ့ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓါတ် ပိုမိုအသက် ၀င် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေး ကြတာ၊ စီအီးစီတိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွား ခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ကော ပြည်သူလူထုတွေနဲ့ကော စကားပြောဆို မေးမြန်းတင်ပြ ပြန်လည် ဖြေကြားရှင်းလင်းနိုင်ခဲ့တာ တွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။လက်ရှိအနေအထားတွေ ကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါ တယ်။

တဖန် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား များအားလုံး ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကိုပြင်ဆင် ပေးဖို့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာစောင့်ကြပ် လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ရွှေဂုံတိုင်ကြေညာ စာတမ်းကို ပြီးခဲ့တဲ့ ၂၀၀၉ခု ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါ တယ်။ ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို ထားတဲ့စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု-မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။

လောလောဆယ်တော့ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမဲ့ အနေအထား ပါ။ နောက် ထူးခြားတယ်လို့ထင်စရာရှိ တာက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်န၀ါရီလ(၁၅)ရက်နေ့က ဒီနှစ်၂၀၁၀မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ ဒုတိယစာပေးပို့အပြီးနောက်ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာနေ နေကြရတဲ့အဖွဲ့ချုပ် ခေါင်းဆောင်သုံးဦးတို့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်န၀ါရီလ (၁၇)ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရ၀န်ကြီး ဦးဉာဏ် ၀င်းက ၂၀၁၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရနိုင်ငံခြား ရေးဌာနကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါ တယ်။ ဒီကာလအတွင်းမှာပဲ ဇန်န၀ါရီလ(၁၉)ရက် အင်္ဂါနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရအဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကို လည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လော လောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေး ကြီးတဲ့ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။




မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၂၀၀၈ ခုနှစ် ဇွန်လက နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခု၌ မိန့်ခွန်းပြောနေပုံ။


ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၁)ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာလွှတ်ပေးပါ မယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။

ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် ဒဏ်(၃)နှစ် ချလိုက်တုန်းက (၁၈)လ (၁)နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာ ရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ် အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆ တွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဘူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလိုလုပ်တာပါပဲ။ စစ်အာဏာရှင် စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။


ဒီလိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ် ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထုတရပ်လုံးအတွက်လည်း စိတ်ဓါတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။ တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည် အားကိုးရာ တိုင်တည်ရာဗိုလ်ချုပ်ကြီး တဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက် လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါ အ၀င် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရ အောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက်ထွက်ပြေးလာနေကြ တာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ၀င်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော် သားအခွင့်အရေးလုံးဝဆုံးရှုံး နေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ဘ၀ကို ကောင်းကောင်းနားလည် သဘောပေါက်ထားတဲ့ တပ်မတော်သား အများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဟောင်းဗိုလ်ချုပ်ကြီး ဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလား ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူး လည်းတင်စရာ မလိုပါဘူး။ လက်ရှိတပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာ ကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီးကြားနေရပ် တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၉၅)နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် (၈၃)နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း (၆) နှစ်ပြည့်မြောက် တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။ အဲဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို အားမာန်အပြည့်နဲ့ ၀န်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက် တရားကိုကိုင်စွဲ တိုက်ပွဲဝင် ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါ တယ်။

ခင်မောင်တင့် (မဒေါက်)

ရင်းမြစ်...သျှမ်းသံတော်ဆင့်

08 February 2010

အောင်ဆန်း ပေးတဲ့ မြန်မာပြည်




အောင်ဆန်း ပေးတဲ့ မြန်မာပြည်..


လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား...။

သူမသိနားမလည်တာတွေက အများသား
ရေမကူးတက်ဘူး...
စက်ဘီးမစီးတက်ဘူး...
စန္ဒရားမတီးတက်ဘူး...
သီချင်းကောင်းကောင်းနားမထောင်ခဲ့ရဘူး...
မိန်းမမပိုးတတ်ဘူး...။

ဘိလပ်ပြန်သန်းကို
မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
ချစ်ရတဲ့နာစ့်မလေးကြည်ကို
လူငှားနဲ့ပိုးခဲ့ရသူ..
VIP ဆိုတဲ့စာတန်းကို
အလွန်စက်ဆုပ်ရွံရှာသူ..
လမ်းဘေးမှာ..
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
မင်္ဂလာဆောင်မှာ..
ခဲဖိုးတောင်းတာနားမလည်တဲ့သူ...
လွတ်လပ်ရေးကိုစဉ်းစားရင်း..
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ..
လွတ်လပ်ရေးကိုစဉ်းစားရင်း..
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ...
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့
ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့
ဝန်ကြီးချုပ်....
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ဝန်ကြီးချုပ်....။

ပြည်သူတွေကြားမှာ
ဝင့်ဝင့်ထွားထွား
သူရဲကောင်းပေမဲ့
အိမ်ထောင်ရှင်ဖခင်
ဇနီးကို ချစ်တတ်တဲ့သူ......။

" ကြည်.....ပဲပြုပ်နဲ့နံပြားရရင်
စားချင်တယ် "
မိန်းမကို မနက်စာပြင်ခိုင်းတဲ့
သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
ကွဲကွဲပြားပြားသိသူ
လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
ခံစားဖို့အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှု့မှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
" အောင်ဆန်း(သို့) အရိုင်း" တဲ့...။

လုပ်သက်ကခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေကအဖုံဖုံ
အသက်က၃၀မရှိ့တရှိ့...။

စစ်ပြီးရင်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးရင်
သူလုပ်ချင်တာက
လူရယ်ချင်စရာဗျာ
စာရေးဆရာ...တဲ့......။

လွတ်လပ်ရေးရရင် အနားယူ
ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
အားရင်အားသလို
သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ...
ကြည်ညိုလို့ရော..
စာကောင်းလို့ရော..
ထိုခေတ်က ဆောင်းပါးကြေး
အမြင့်ဆုံးရတဲ့လူ.......။

ကြမ်းတမ်းရင့်ထော်
လူစိတ်မှ ရှိရဲ့လားလို့
အထင်မမှားပါနဲ့...
လွတ်လပ်ရေးအတွက်
သူ ရဲရင့်ရပေမဲ့..
စတုတ္ထမြောက်ရင်သွေး
သမီးကလေး
ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
မျက်ရည်တွေဝဲ
သူ စိတ်ဆင်းရဲခဲ့ဖူးတယ်....။

ဒီ အောင်ဆန်းလက်တောက်လေးကို
ဘာကြောင့်
နေမဝင်အင်ပါယာကြီး
ဒူးထောက်ခဲ့ရပါသလဲ........။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုက်
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့မြန်မာတွေထက်
ပိုသတ္တိရှိ့တဲ့အောင်ဆန်း
ဒီလိုအောင်ဆန်း
သူ့သွေးသားအရိုးအချည်တွေအားလုံ
လွတ်လပ်ရေးတခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
တကယ့်အရိုးခံအောင်ဆန်းပေါ့.....။

ရိုးတာမှအလွန်ရိုး
ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
မိန်းမခေါ်ဦးမလား ဆိုလို့
ရှက်သွေးဖြာခဲ့ဖူးတဲ့သူ.......

ပိုက်ဆံမရှိလို့
ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ..
ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
ကားပျက်နေတာတောင်
အခွင့်အရေးတောင်းသူတွေကိုမုန်းလို့
သူတို့ကားအကူအညီ မယူပဲ
ရုံးကို လမ်းလျှောက်သွားတဲ့သူ.........။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ
၊ ချို တို့ကအစ
"ငါတို့ အားကိုးပါရစေ" ဆိုလာကြ...
ရှေးဘိုးဘွားမိဘပြည်သူတွေက
"ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ"
"ပြုံးပျော်ကြ"
လူငယ်သွေးသောက်မြန်မာတွေက...
" ငါတို့စွန်ပါရစေ " ဆိုပြီးရှေ့ထွက်လာကြ
စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
တကယ့်ဗမာတွေ........
မဟာအောင်ဆန်းနောက်က
ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခတ်သံဟာ
အဲဒီအချိန်က
ဝိတိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေအေးခဲစေခဲ့သပေါ့....

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ...
ကချင်တွေကလည်း ကချင်စကားမဟကြ...
အောင်းဆန်းကိုယုံကြည်စွာနဲ့
သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
အားလုံးသောတိုင်းရင်းသားတွေ....။

ဒီပြည်လုံးကျွတ်
အားကိုးစုစည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်း
လက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မှီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ...
မျက်နှာမပျက်
အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ....
အောင်ဆန်းနဲ့အတွေ့မှာပေါ့......။

ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ......။

ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
အင်္ဂလိပ်ဆိုတာဝေလာဝေး
သူငယ်နှပ်စားမဟုက်ဘူး။
ဒင်းတို့တွေတောင်
ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် " ရရင်ရ မရရင်ချ "ဆိုတာ
အောင်ဆန်းဝါဒ....
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်သီးတည်းသောကိုယ်စားလှယ်
ငါတို့အောင်ဆန်းပေါ့.....။

ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
ဂရုမစိုက်ပဲ
မြန်မာနိုင်ငံသားတွေကို
အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
သူ ကိုယ်တိုင်..
အမျိုးသားကျောင်းထွက်
ဒါပေမဲ့ အင်္ဂလိပ်စာကို
ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ.....။

အင်္ဂလိပ်စာတတ်ရင်
ဘာထူးလဲလို့မေးတဲ့လူတွေကို
စေ့စေ့ကြည့်ရင်း
"အနည်းဆုံး အင်္ဂလိပ်တွေကို
အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ " လို့
ခပ်ရင့်ရင်ပြောခဲ့တဲ့သူ........။

မြန်မာမှာရော
ကမ္ဘာမှာပါ..
ရှာမှရှား အမျိုးသား
အင်္ဂလိပ်လိုရေးပြီး
ဒီမိန့်ခွန်းကို ကြည့်ပြီး
မြန်မာလို လက်တန်းပြောခဲ့တဲ့သူ......။

ဗိုလ်အောင်ဆန်း
ဒီအချိန်ဆို (၉၃)နှစ်ရှိ့ပြီ
(အောင်ဆန်းပြောမယ်)
အဘိုးရဲ့စကားနားထောင်......။

"မမေ့နဲ့......မင်းတို့ကနေ့ရှုနေတဲ့လေဟာ
ငါတို့....မနေ့က
ချွေးစက်တွေဆိုတာ...မမေ့နဲ့...
မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့
ငါတို့.... ဗုံးပေါလအော
ကျဆုံးပေးခဲ့ရတာ...မမေ့နဲ့....
မင်းတို့ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့.....အလောင်းကောင်တွေဆင့်ပြီး
ထမ်းတင်ပေးခဲ့တာ.... မမေ့နဲ့...........။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိ့တယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့.....။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းမြစ်ပေါ့
သူ့အဘိုးကို သူလွမ်းတက်နေပြီ...၊
သူ့သားကြရင်လည်း သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ်မှာထားရအုံးမယ်။ ။
---------------------------------------------------
နောက်ဆက်တွဲ ။ ။ ဤကဗျာနှင့်အတူပါသော သီချင်းလေးမှာ လေးဖြူ၏ အဖေ
သီချင်းလေးဖြစ်ပါတယ်။
မထူးခြားဘူးထင်ပေမဲ့ ဤသီချင်းလေးဟာ
ဗိုလ်ချုပ်ကိုရည်ရွယ်၍ ရေးစပ်ခဲ့သော
သီချင်းလေး ဖြစ်ပါတယ်...။ VCD ရိုက်ကူးရာမှာ
ဗိုက်ချုပ်နောက်ခံနဲ့ ဇာတ်ဝင်ခန်း
ထည့်ဖို့အငြင်း ခံခဲ့ရဖူး(ဆင်ဆာမရ)သော
သီချင်းလေးပါ...။ သေသေချာချာ
ပြန်နားထောင်ကြည့်ပါဦး။



ဝန်ခံချက်...။ ။ ဤကဗျာနှင့်ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်း၏
ဂုဏ်သိက္ခာသော်လည်းကောင်း ၊
သမိုင်းကြောင်းသော်လည်းကောင်း လွဲမှားနေမှု
တစ်စုံတစ်ရာရှိနေပါက ၊ ရှိခဲ့ပါက
တခြားသူတစ်ယောက်၏ အမှားမဟုတ်ပဲ...ကျွန်တော်
zaw357@gmail.com
ညံဖျင်းမှုအမှားသာဖြစ်ပါသည်..။
(တကယ်တော့ ဗိုလ်ချုပ်အကြောင်းကရေးလို့ မကုန်ပါဘူးဗျာ..။)

သျှမ်းပြည်နယ်နေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပ။


(၆၃) နှစ်မြောက် သျှမ်းပြည်နယ်နေ့  အခမ်းအနားကို တိုကျို Itabashi မြို့ နယ် OyamaGreen Hall မှာ ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့  မှ ဦးစီးကျင်းပ ပြုလုပ်ပြီး ဂျပန်နိုင်ငံရောက် ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအကိုများနှင့် ဂျပန်လူမျိုးများပါ တက်ရာက်ပါဝင်ဆင်နွဲခဲ့ကြပါသည်။

သျှမ်းပြည်နယ်နေ့  အခမ်းအနားကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဂျပန်)မှ ဦးစီးကျင်းပပြုလုပ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) နှစ်မြောက်ဖြစ်သည်ဟု သိရပါသည်။ သျှမ်းအမျိုးသား အလံတော် ကို အလေးပြုပြီး သျှမ်းအမျိုးသား သီချင်းကို စုပေါင်းသီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည် ။

ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ၏ နာယကကြီး စိုင်းဆမ်မုဒ် မှ ယနေ့ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နှုတ်ခွန်းဆက် အမှာစကားပြောကြားသွားပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် သျှမ်းရိုးရာအစားအစာများ နှင့် ယဉ်ကျေးမူ အနုပညာတို့ ကို ပြည်ထောင်စုဘွား တိုင်းရင်းသားညီအကိုများနှင့် ဂျပန်လူမျိုးများတို အား အဓိက ထားပြီး မိတ်ဆက်ပေးသည့် အစီအစဉ်ဖြစ်ပါသည်။

ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ်မှာ အိုးစည်ဗုံမောင်း နှင့် တိုးနယားအက၊ ကိန္နနရီ ကိန္နနယာ မောင်နှံအက ၊ သျှမ်းရိုးရာသီချင်းများ အကများ၊သျှမ်းပြည်နယ်ရှိ လူမျိုးပေါင်းစုံတို့ ၏ ဖက်ရှင်ဝတ်စုံ အလှများဖြင့် စုံလင်စွာဖျော်ဖြေသွားသည်ကိုတွေ့ ရပါသည်။ ဤ အခမ်းအနားကို တက်ရောက်ကြသည့် ဂျပန်လူမျိုးများတို့ သည် သျှမ်းရိုရာ အစားအစာများ၏ အရသာကို အထူး နှစ်သက် စားသုံး နေသည်ကိုလည်းတွေ့ ရပါသည်။

မြန်မာနိုင်ငံသားများနှင့် ဂျပန်လူမျိုးများအပါဝင် (၃၀၀)ဦးခန့် တက်ရောက် အားပေးခဲ့ကြပြီး အခမ်းအနားကို ညနေ ၆း၀၀ နာရီ မှ ၉း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


သတင်းမှတ်တမ်း။ PNS-Japan
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား (ကိုရီးယား)မှတ်တမ်းပုံများ


၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကိုရီးယားတွင် ကျင်းပ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုရီးယားနိုင်ငံ ပူချွန်း နိုင်ငံခြားသား အလုပ်သမားများ ရိပ်သာ၌ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)က ဦးစီး၍ ဖေဖော်ဝါရီလ ၇ ရက် တနင်္ဂနွေနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပကြပါသည်။ ပြည်ထောင်စု အလံတော်အား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့က လက်ဆင့်ကမ်း သယ်ဆောင်လာပြီးနောက် ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)၏ အလှည့်ကျ ဥက္ကဌ စိုင်းမောင်မောင်ဝိုင်းက စင်မြင့်ပေါ်သို့ သယ်ဆောင်၍ ငွေဖလား၌ စိုက်ထူပါသည်။ ၄င်းနောက် တက်ရောက်လာကြသော တိုင်းရင်းသားညီအကို မောင်နှမများနှင့်အတူ ပြည်ထောင်စု အလံတော်အား အလေးပြုကြပြီး ကျဆုံးသွားသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား အလေးပြုကြပါသည်။
အဖွင့်အမှာစကားကို စိုင်းမောင်မောင်ဝိုင်းက ပြောကြားပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေနှင့် မြန်မာအရေး လှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ (ကိုရီးယား) ဦးစီးအဖွဲ့ဝင် ဦးဘိုဘိုတို့က ဂုဏ်ပြုစကားများ ပြောကြား၍ မြန်မာအသင်း (ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင်၊ မြန်မာ့ရေး လှုပ်ရှားမှုအဖွဲ့ (ကိုရီးယား) ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်ဦး၊ ၊ မြန်မာ့ ကလေးသူငယ်များ၏ ပညာရေး ကူညီထောင်ပံ့ရေး ပရိုဂရမ် အကြံပေး ဦးဝင်းမြင့်ဦး၊ ဆောင်နာမ် မြန်မာ လူမှုရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း၊ အန်ဆန်း ရှီးဟွာ မြန်မာ လူငယ်အသင်း ဦးအောင်နိုင်ဝင်းတို့က သ၀ဏ်လွှာများ ဖတ်ကြားကြပါသည်။
ဆက်လက်၍ ရခိုင်ရိုးရာ ဆီမီးအက၊ ကရင် ဒုံးယိမ်းအက၊ သျှမ်းရိုးရာ တေးသီချင်းနှင့် အက၊ မွန်ရိုးရာ တေးဂီတ၊ ချင်းရိုးရာ တေးသီချင်း၊ ကချင်ရိုးရာ တေးသီချင်း၊ ရိမ်းဘိုးအဖွဲ့တို့က အဆိုအတီး အကများဖြင့် တင်ဆက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု စိတ်ဓါတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် စစ်မှန်သော ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေး တို့အရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားမှူးအဖြစ် ဦးကျော်မိုးလွင်က ဆောင်ရွက်၍ အခမ်းအနားအပြီးတွင် သျှမ်းရိုးရာ ခေါက်ဆွဲဖြင့် တည်ခင်း ဧည့်ခံပါသည်။

ပေးပို့ ပေးသော http://flyingpeacock.blogspot.com/ ကိုကျေးဇူးတင်ပါသည်.။

အမှန်တရားကို မြင်နိုင်ကြပါစေ.(ဦးသြဘာသ)

Let Dare to See the Truth

ABMA ဂျာနယ် (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး )

ABMA Journal 07-02-2010[1]

NDD မှတ်တမ်းသုတေသနဌာန

Weekly Political Events Regarding the SPDC's Election (002-2010)

မြန်မာပြည်မှသက်တမ်းလွန်နေသောလေယာဉ် fokker F27(XY-AEQ)



ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျနေဦးမှာမို့ သိပ်တော့မပြောချင်ပါ။ ဒါပေမဲ့လို့ လူ့အသက်တချောင်းရဖို အရေးနတ်ပြည်က အပ်တချောင်းနှင့် လူပြည်ကအပ် တချောင်းထိမှ ရခဲလှတဲ့ လူဘဝမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရပိုင် ပြည်တွင်းလေကြောင်းလိုင်း တခုဖြစ်တဲ့ မြန်မာလေကြောင်းမှ လေယာဉ်တစီးဖြစ်သော Fokker F27 အမျိုးအစား Aircraft Registration:XY-AEQ လေယာဉ်အကြောင်းပါ။

ကျွန်တော်သိပ်မကြာသေးသော ကာလတခုတွင် ကိစ္စတခုဖြင့် ပြည်တွင်း လေကြောင်းလိုင်းတခုကို အသုံးပြုပြီး မြို့ကြီးတမြို့က ပျံသန်းရသော လေယာဉ်ဖြင့် ထွက်ခွါမိပါတယ်။ လေယာဉ်ပေါ်ရောက်ရင်ဖြင့် ကြောက်လိုက်မိသည် ဖြစ်ခြင်းကိုခံစားရပါတယ်။




ဘာကြောင့်လည်းဆိုတော့ လေယာဉ်တစီးလုံးကို မြန်မာစက်မှုဇုံက ဂျစ်ကားဆင်သလို မျိုးဆင်ထားတာ ကိုကြောက်မက်ဘွယ် တွေ့ရပါတယ်..။ ပြီးတော့ ဆေးတွေသုတ်ထားတာကလည်း ကွက်တိကွက်ကျားနဲ့ လေယာဉ်ထဲက လေအေးပေးစနစ်ကလည်း လေပူတွေထွက်လို့ဗျာ ပြောလို့ မကောင်းအောင်ပါပဲ။ လေယာဉ်ပေါ် ခရီးသည်တွေရောက်ပြီး လေယာဉ်ကိုစက်နှိုးလိုက် တယ်ဆိုရင်ပဲ ဖွတ်ချက်ဖွတ်ချက်နဲ့ချောင်းဆိုးသလို ဆီပိတ်သလိုနဲ့ဗျာ။ ဒါနဲ့ပဲလေယာဉ်ကို လေယာဉ်ပြေးလမ်းထိပ်ကို မောင်းယူသွားခဲ့တယ်။ ပြေးလမ်းထိပ်ရောက်လို့ လေယာဉ်လေထဲပျံတက်ဖို့ အတွက်ပါဝါ အကုန်တင်လိုက်တဲ့အချိန်မှာတော့ လေယာဉ်တစင်းလုံး သံစုံတွေထွက်လာတယ်ဗျာ။ နားထောင်လို့တောင် မကောင်းဘူး။ အသံတွေကတော့ သတ္တုပြား အချင်းချင်း ပွတ်တိုက်သံ စတာတို့ပေါ့ စုံနေတာပဲဗျာ။


ကျွန်တော်လည်း ဘုရားကလွဲပြီး အားကိုးစရာမရှိပဲ လေယာဉ်ပျံသန်းချိန် တနာရီနဲ့ ငါးမိနစ်ကိုဘုရား စာတွေ ရွတ်လိုက်ရတာဗျာ။ ကံကောင်းတယ်လို့ ဆိုရမှာပဲ နောက်ဆုံးတော့ ကျွန်တော်ကွင်းကို ပြန်ဆင်းမှ စိတ်ချနိုင်တော့တယ်။ ဘာလည်းဗျာ ဒီလိုသက်တမ်းလွန်နေတဲ့ လေယာဉ်တွေကို လူ(ခရီးသည်) တွေတင်ပြီး ပြည်တွင်းလေကြောင်းလိုင်းမှာ အသုံးပြုနေသေးတာတော့ မကောင်းဘူးဗျာ။


ကျွန်တော်နဲ့အတူစီးလာတဲ့ နိုင်ငံခြားသားလင်မယားဆိုရင် အာမင်အာမင်နဲ့တချိန်လုံးပဲဗျာ။ ဆိုချင်တာကတော့ အသုံးမပြုပါနဲ့လို့ ပြောချင်တာမဟုတ်ပါဘူး သုံးပါ။ ဒါပေမယ့် လူမတင်ပါနဲ့တော့ ချာတာလေယာဉ် အဖြစ် အသုံးပြုလို့ ရတာပဲဗျာ။ ပြီးတော့ ပြောလိုက်သေးတယ်။ ခေတ်မှီလေယာဉ်ကွင်းကြီးတွေ ဆောက်ပေးထားတယ်။ ခေတ်မှီလေယာဉ်တွေ ဝယ်ပေးထားတယ်.. ။ လေယာဉ်ကို ပျက်ကျအောင်မောင်းတဲ့ ပိုင်းလော့တွေကို အရေးယူမယ် တို့ဘာတို့ ညာတို့နဲ့ပေါ့။





မြန်မာလေကြောင်းလိုင်းမှ အာဏာပိုင်များခင်ဗျား ပျက်ကျတဲ့ လေယာဉ်ပျံအဟောင်းတွေက ပစ္စည်းတွေ ဟိုဖြုတ် သည်ဖြုတ်ပြီးတော့ ဒီတ်လွန်နေပြီဖြစ်တဲ့ လေယာဉ်မှာ ဟိုဟာလာတပ် ဒီဟာလာတပ်နဲ့ လေယာဉ်ဟာ လေထဲမှာပျံနေရတာပါ။ ရပ်လို့မရပါဘူး ကားလိုစက်ပျက်လို့ ရပ်ချင်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့လေ။ ဒါကြောင့်မို့ ဒီလေယာဉ်တွေမျိုးကို လူမတင်ပဲ ပစ္စည်းတင်တဲ့ လေယာဉ်အဖြစ်သာ အသုံးပြုပါတော့လို့ တောင်းဆို လိုက်ပါရစေခင်ဗျား။


ကိုဟီးရိုးနိုင်အား ကျေးဇူးတင်ရှိပါသည်။

07 February 2010

သျှမ်းပြည်အမျိုးသားနေ့ အကြောင်းသိကောင်းစရာ

သျှမ်းပြည်လူထုခေါင်းဆောင်များနဲ့စော်ဘွားများ ဦးဆောင် ကမကထပြုမှု အရ သျှမ်းပြည်အလယ်ပိုင်းယခင်လိုင်းခါ့ (လဲချား) နယ် ပင်လုံမှာ ၁၉၄၇ ဖေဖေါ်ဝါရီ ၃ - ၁၂ ၊ ၁၀ ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဟာ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖေါ်ဝါရီ ၁၂ ပင်လုံစာချုပ်နေ့ (၀ါ) ပြည်ထောင်စုနေ့ တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော်သမိုင်းဝင်နေ့ရက်များ ဖြစ်ကြပါတယ်။

၁၉၄၆ မတ်ခ်ျ ၂၆-၂၈ ရက် ပထမပင်လုံညီလာခံကျင်းပစဉ် သျှမ်းစော်ဘွားများကောင်စီ (Shan State Saophas Council) ပြန်လည်ဖွဲ့စည်းခဲ့ တုန်းက စော်ဘွားများရဲ့ကိုယ်စားလှယ်တွေပါဝင် ဦးဆောင်တက်ရောက်ခဲ့ကြသလို ခွန်ကြာပု၊ ခွန်ဘဉာဏ်၊ ဒေါက်တာ စိုင်းနော်ခမ်း စတဲ့ လူထု ခေါင်းဆောင်တွေလဲ တက်ရောက်ကြပါတယ်။


ဖေဖ်ါဝါရီ ၁၂ ရက် ၁၉၄၇ ပင်လုံညီလာခံ

၁၉၄၆ ဂျူလိုင် ၂၁-၂၇ ရက်မှာ သျှမ်းစော်ဘွားများကောင်စီ SSSC ဥက္ကဌ နမ့်ဆန် ပလောင်စော်ဘွား ခွန်ပန်းစိန် ဦးဆောင်ပြီး (၁၉၂၂ အောက်တိုဘာ ၁ ရက်ကဖွဲ့စည်းခဲ့တဲ့၊ လူထုကိုယ်စားလှယ် တွေမပါဝင်ဘဲအင်္ဂလိပ်ကော်မရှင် နာကိုယ်တိုင် ဥက္ကဌရာထူးယူထား တဲ့) ယခင် ဖက်ဒရယ်ပြည်ထောင်စုသျှမ်းပြည် ( FSSC - Federal Shan State Council) ကို အာခံအံတုဖို့ အစည်းအဝေးတရပ်ကျင်းပခဲ့ကြ ပါတယ်။

အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ သျှမ်းပြည်လူထု ကိုယ်စားလှယ်တွေနဲ့ စော်ဘွားကိုယ်စားလှယ်တွေအတူ တကွပါဝင်မဲ့ သျှမ်းပြည် ကောင်စီ (SSC) ဖွဲ့စည်းခဲ့ရင် အဲဒီကောင်စီအသစ်ကို လက်ခံအသိအမှတ်ပြုပြီးအာဏာအပ် နှင်းဖို့၊ လက်ရှိ (FSSC) အဟောင်းကို ဖျက် သိမ်းပေးဖို့- ဗမာပြည်ဘုရင်ခံ Governor ထံ ၃၊၂၊၁၉၄၇ နေ့ မှာ ကြေးနန်းစာ ပို့လိုက်ပါတယ်။

၇၊၂၊၁၉၄၇ မှာ အင်္ဂလိပ်ဘုရင်ခံက " FSCC ဥက္ကဌ အင်္ဂလိပ် ကော်မရှင်နာမင်းကြီးသဘာပတိလုပ်တဲ့ နှစ်လည်ကောင်စီ ညီလာခံ ဆုံးဖြတ် ချက်ကလွှဲလို့ ဘယ်ဆုံးဖြတ်ချက်မှ အဓိပ္ပါယ်မရှိကြောင်း၊ အဲဒီ တောင်းဆိုချက်တွေကို စွန့်လွတ် ရုပ်သိမ်းရမှာဖြစ်ကြောင်း” ကြေးနန်းစာ အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်ဘုရင်ခံရဲ့ ညွှန်ကြားချက်ကို စော်ဘွားတွေ နဲ့ သျှမ်းပြည်လူထုခေါင်းဆောင်တွေလက်ခံနာယူခြင်း မရှိကြပါဘူး။ စော်ဘွား ကိုယ်စားလှယ် ၇ ဦး နဲ့ လူထုခေါင်းဆောင် ၇ ဦး စီပါဝင်တဲ့ သျှမ်းပြည်ကောင်စီအသစ် ဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်။ ကောင်စီ ဥက္ကဌ စ၀်ခွန်ပန်းစိန်ကဘဲ မူလဘူတရှေ့ပြေးပင်လုံစိတ်ဓါတ်အဖြစ် အောက်ပါ ဦးတည်ချက် ၃ ရပ်ကို လူထုအကြား ရှင်းလင်းချပြခဲ့ပါ တယ်။
(၁) အင်္ဂလိပ်အရာရှိတွေမပါဝင်တဲ့ သီးခြားသျှမ်းပြည်ကောင်စီထူထောင်ရေး
(၂) သျှမ်းပြည်လူထုကိုယ်စားလှယ်များကိုယ်တိုင် ကောင်စီထဲပါဝင်ရေး
(၃) သျှမ်းပြည်လွတ်မြောက်ရေး
အဲဒါနဲ့ပတ်သက်တဲ့ ကြေငြာချက်ကို ရန်ကုန်အသံလွှင့်ရုံဆီပေးပို့လိုက်ပြီး အဲဒီ ၇၊၂၊၁၉၄၇ ညနေမှာ အသံလွှင့်တော့ တပြည်လုံး ဗွက်လောရိုက်သွားတယ်။

ပင်လုံသဘောတူညီချက် လက်မှတ်ထိုးပြီး ၃ ရက်အကြာ ၁၅၊၂၊၁၉၄၇ နေ့မှာ မူလ သျှမ်းပြည်စော်ဘွားများကောင်စီ (SSSC) ကနေ သျှမ်းပြည်ကောင်စီ (SSC) အဖြစ်တရားဝင်ပြောင်းလဲသတ်မှတ်လိုက်တယ်။

ပင်လုံစာချုပ်လက်မှတ်မထိုးခင် တစ်ရက်အလို ၁၁၊၂၊၁၉၄၇ နေ့မှာ (SSC) ဥက္ကဌ စ၀်ခွန်ပန်းစိန်က သျှမ်းပြည်လူမျိုးပေါင်းစုံနဲ့ ပတ်သက် အကြံးဝင်တဲ့ အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ဖြစ်တဲ့-
(၁) ဖေဖေါ်ဝါရီ ၇ ရက်ကို အမျိုးသားနေ့အဖြစ်-
(၂) ၀ါစိမ်းနီနဲ့ အဖြူရောင်လ၀န်းအလံကို သျှမ်းပြည်အလံတော် အဖြစ်-
(၃) ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်း အဖြစ် - သတ်မှတ်ကြောင်းထုတ်ပြန်ကြေငြာလိုက်တယ်။

လွန်ခဲ့တဲ့ ၆၂ နှစ်ကစပြီး ဖေဖေါ်ဝါရီ ၇ ရက်နေ့ကို သျှမ်းအမျိုးသားနေ့လို့ အစွဲပြုခေါ်ဝေါ်ခဲ့ပေမဲ့ အဲဒီခေတ်ကာလ သမယ အခြေအနေ အရ အနှစ်သာရနဲ့ ဦးတည်ချက်ကတော့ လူမျိုးပေါင်းစုံ သျှမ်းပြည်သူတရပ်လုံးကို ကိုယ်စားပြုဖို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

၁၉၆၂ ဗိုလ်နေ၀င်းဦးဆောင်တဲ့ ဗမာစစ်တပ် အာဏာသိမ်း ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ထက် ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်မှု ပိုကျင့်သုံးလာလို့ သျှမ်းပြည်လူမျိုးစုများအကြား သပ်လျှိုသွေးထိုး ဖဲ့ထုတ်စည်းရုံး မှုတွေတိုးပွါးလာတယ်။ အဲဒါကြောင့် သျှမ်းလူမျိုးစုတွေလောက်ဘဲအမျိုး သား နေ့ကျင်းပပြီး တခြား သျှမ်းပြည်လူမျိုးစုတွေပါဝင်တာ သိပ်မတွေ့ရတာ ယနေ့တိုင် ဖြစ်ပါတယ်။

နောက်ထပ်ချို့ယွင်းအားနည်းချက်တခုကတော့ နောက်ခံသမိုင်းဖြစ်ရပ်ကိုမလေ့လာတဲ့သျှမ်းတွေ အဲဒီအမျိုးသားနေ့ နဲ့ ၀ါ၊ စိမ်း၊ နီ အ လယ်လ၀န်း ရှိတဲ့ ရှည်းပြည်သူသားကိုယ်စားပြုအလံဟာ မိမိတို့သျှမ်းနဲ့ဘဲသက်ဆိုင်တယ်လို့ယူဆပြီး သျှမ်းနေ့/သျှမ်းအလံအဖြစ် ထင်မှတ်လာကြတယ်။

ဥပမာ - လူမျိုးအလိုက် ယုံကြည်ရာ ဓလေ့ထုံးတမ်းဖြစ်တဲ့ သျှမ်းနှစ်သစ်ကူးပွဲပါမကျန် (လူမျိုးအားလုံးနဲ့သက်ဆိုင်တဲ့) သျှမ်းပြည်အလံ ကို လွှင့်ထူချိတ်ဆွဲတွဲကပ် အသုံးချတာတွေ အပါအ၀င်ဖြစ်တယ်။ သျှမ်းမဟုတ်တဲ့တခြားသျှမ်းပြည် လူမျိုးစုတွေကလည်း အဲဒီအမျိုး သားနေ့နဲ့အလံဟာ မိမိတို့နဲ့ဘာမှမပတ်သက်သလိုနေလာကြတော့အာဏာရှင် ဗမာစစ်အုပ်စု အကွက်ထဲဝင်ပြီးသားဖြစ်သွားတယ်။

သမိုင်းအစစ်အမှန်လှစ်လှန်လိုက်ရင် သျှမ်းပြည်အမျိုးသားနေ့ ဖြစ်တဲ့ ၇၊၂၊၄၇ မရှိရင်ပြည်ထောင်စုနေ့လို့အများ သိကြတဲ့ ၁၂၊၂၊၁၉၄၇ ပင်လုံစာချုပ်နေ့ လဲရှိမှာမဟုတ်သလို ၄၊၁၊၄၈ လွတ်လပ်ရေးနေ့လဲ ရှိမှာမဟုတ်ပါဘူး။ ပင်လုံညီလာခံသာ မဖြစ်ခဲ့ဘူးဆိုရင် ပြည်ထောင်စု အမည်ခံ ကနေ့တိုင်းပြည်ရဲ့အနေအထားလဲတမျိုးတဖုံပြောင်း လဲခဲ့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဖြစ်တယ် - လို့ သျှမ်းပြည်အရေး လေ့လာသူများက သုံးသပ်ပါတယ်။

ရင်းမြစ် .. သျှမ်းသံတော်ဆင့်

သမိုင်းဝင် သျှမ်းတော်လှန်ရေးခေါင်းဆောင် ကွယ်လွန်

၁၉၅၉ တန့်ယန်းတိုက်ပွဲနှင့် နာမည်ကြီးတဲ့ သျှမ်းတော်လှန်ရေးခေါင်းဆောင် ဗိုလ်ဒေ၀ိန် အသက် ၈၉ နှစ်သည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နောင်ကော်ရွာနေအိမ်မှာ ဇန္န၀ါရီ ၂၉ ရက်က ကွယ်လွန်ခဲ့သည်။

ဗိုလ်ဒေ၀ိန် ကို လုံးကြာဆိုင် ပါ့နန်းကူ တို့က ၁၉၂၁ မေလ ၂၈ ရက်၌ မိုင်းရယ်မြို့နယ် မိုင်းမားအုပ်စု ၀မ့်နမ့်ဖတ်လိန်း ရွာတွင်မွေးဖွားခဲ့၏။ ၃ ၀ါကြာ ကိုရင်ဝတ်နှင့် ဘုန်းတော်ကြီးပညာ လေ့လာဆည်းပူးခဲ့၏။ အိမ်ထောင်ဆက် ၃ ဆက်၊ သားသမီး ၇ ယောက် မြေးမြစ်များစွာထွန်ကားသည်ဟုလည်း မိသား စုဝင်တဦးက ပြောပါသည်။


သျှမ်းတော်လှန်ရေးခေါင်းဆောင် ဗိုလ်ဒေ၀ိန်

၁၉၄၅- ၁၉၅၃ နယ်ကျွံလာတဲ့ တရုပ်ဖြူတပ်များကို မိုင်းတွမ်းမြို့စားနှင့် အတူ ရွတ်ရွတ်ချွန်ချွန် တွန်းလှန် တိုက်ထုတ် ခဲ့၏။ ၁၉၅၉ သျှမ်းပြည်တော်လှန်ရေးစတင်ချိန်ကစပြီး တော်လှန်ရေးခရီးထဲပါဝင်လာသည်။

၁၉၅၉ နိုဝင်ဘာ ၁၅-၃၀ ရက်နေ့အထိ တန့်ယန်းမြို့ကို နွံစစ်ဟန်သျှမ်းတော် လှန်ရေးတပ်ဖွဲ့ ၀င်ရောက်သိမ်းစဉ် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ လားရှိုး - တန့်ယန်း လမ်းမပေါ်ရှိ ဗမာ့တပ် မတော် လွယ်ပန်ဖရားတပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ပြီး ဗမာ့တပ်မတော် စစ်ကူမဖြည့်နိုင်ရန် ဖြတ် တောက်ထားသောကြောင့် ဗိုလ်မောင်ဦးဆောင် သည့် နွံစစ်ဟန် တပ်ဖွဲ့တို့ တန့်ယန်းမြို့အား သိမ်းပိုက် နိုင်ခဲ့သည်။ ဗမာ့တပ်မတော်က အင်အားသုံးပြီးတိုက်လေယာဉ်များ နှင့် အဆက်မပျက်ဗုံးကျဲတိုက်ခိုက် သောကြောင့် ၁၉၅၉ နိုဝင်ဘာ လကုန်မှာ ဗိုလ်ဒေ၀ိန်တို့အဖွဲ့ တပ်ဆုတ်ခဲ့ရပါသည်။

တန့်ယန်းမြို့အား ၁၀ ရက်ကျော်ကြာ သိမ်းပိုက်နိုင်သည့်သတင်းများ နိုင်ငံခြားအသံလွှင့်ရုံ မှ လွှင့်ထုတ်ခဲ့သော ကြောင့် သျှမ်းတော်လှန်ရေးခရီး ပထမခြေလှမ်း ကမ္ဘာကိုသိစေခဲ့ပါသည်၊ အဆိုပါတိုက်ပွဲ ကြောင့်လည်းမျိုးချစ်ပုဂ္ဂိုလ်အများ အပြား တော်လှန်ရေးတပ်ဖွဲ့သို့ဝင်ရောက်လာခဲ့သည်ဟု ချင်းမိုင်ရှိ သျှမ်းခေါင်းဆောင်တဦးက ပြောပြပါသည်။

ရင်းမြစ်...သျှမ်းသံတော်ဆင့်.

Voice Of Burmar စာစောင်

VOB748KK

The Voice 6 -14 စာစောင်

The Voice 6-14

မြန်မာ တို့ ရဲ့ အကယ်ဒမီပေးပွဲမှာသံဃာတော်များသတ်သူများ ဇာတ်ကားမှသန်းရွှေ(နေပြည်တော်)အားလူကြမ်းဆုပေး လိုက်ကြောင်းကြေငြာခြင်း.။



ပရိတ်သတ်အများ ကြိုတင် ခန့်မှန်းထားသလိုပဲ ၂၀၀၉ ၂၀၁၀ မြန်မာ့အကယ်ဒမီပေးပွဲကြီးမှာ အကောင်းဆုံး အပြောင်မြောက်ဆုံး ဟာသသရုပ်ဆောင်ဆုနဲ့ လူကြမ်းဆုကို စာပေးတာတောင် မူနေဦးမည်နှင့် သံဃာသတ်သူများ ဇာတ်ကားဖြင့် သန်းရွှေ(နေပြည်တော်)မှ တစ်ဦးတည်း အပြတ်အသတ် ဆွတ်ခူး ရရှိသွားပါတယ်။ စာပေးတာတောင် မူနေဦးမည်နှင့် သံဃာသတ်သူများ ဇာတ်ကားဖြင့် ပင် အကောင်းဆုံး ဒါရိုက်တာဆုနဲ့ ခေါင်းဆောင် မင်းသမီးဆု ကို ဒီပဲရင်းနယ်မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ လူကိုခွေးကိုက်ခြင်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရခဲ့ဖူးတဲ့ ကြိုင်ကြိုင် (နေပြည်တော်)မှလည်း ပူးတွဲ ဆွတ်ခူးသွားတာဖြစ်ပါတယ်။

ခေါင်းဆောင် မင်းသားဆုကို ချစ်လွန်းလို့ ဖိနပ်စာကျွေးလိုက်သည် နိုင်ငံတကာတန်းဝင် ဇာတ်ကားဖြင့် သိန်းစိန် (နေပြည်တော်)၊ ဇာတ်ပို့မင်းသားဆုကို မုသာဝါဒ အတင်းစာရှင်းလင်းပွဲဇာတ်ကားဖြင့် ကျော်ဆန်း (နေပြည်တော်) ဇာတ်ပို့မင်းသမီး ဆုကို ဓာတ်ကြိုးကို မောင်ကိုင်ပါ့မယ် ဇာတ်ကားဖြင့် ၀တ်မူန်ရွှေရည် (နေပြည်တော်)နဲ...့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆုကတော့ 2010 election အကြောင်းကို အခြေခံရိုက်ကူးတဲ့ end of the SPDC military rule in Burma ဖြစ်ရပ်မှန် သတင်းဇာတ်ကားပဲဖြစ်ပါတယ်။

အကောင်းဆုံး စက်ပိုင်း ဆိုင်ရာဆုကိုတော့ မြန်မာအင်တာနက်နှင့် ဘက်ဘုန်းပြသနာ ဇာတ်ကားမှ ကျွမ်းကျင်ပညာရှင် မြန်မာအင်ဖိုတက်ခ်က ဆွတ်ခူးရရှိပါတယ်ရှင်။

အကယ်ဒမီပေးပွဲကို ဒဗလျူ ဒဗလျူဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကနေ မဆုမွန်တစ်ယောက် အင်တိုက် အားတိုက် တိုက်ရိုက်ကြည့်ရူ့အားပေးခဲ့ပြီး ဖေ့စ်ဘွတ်ခ်နဲ့ ဂျီတော့ခ်မှ တိုက်ရိုက်လေလိုင်း အစီအစဉ်နဲ့ တင်ပို့ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ ဒဗလျူ ဒဗလျူဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကနေ တဆင့် အဆင့်ဆင့် ဖြတ်ကျော်ပြီး ၀င်ရောက်အားပေးခဲ့ရာ ရုတ်တရက် ညာဘက်ထောင့်စွန်းမှာ ရှိနေတဲ့ ဆီဘောက်စ်ဆဲပွဲသဘင်ကြီးကိုပါ တစ်ပါတည်း ကြည့်ရူ့အားပေးခွင့်ထူးကြီးကိုလည်း ရရှိခဲ့ပါတယ်။

အကယ်ဒမီပေးပွဲကြိးထက် ဘေးပွဲက ပိုအင်အားကောင်းလာတဲ့နောက် မနေမနား ရေတောင်မသောက်အားပဲ တပျော်တပါး အကြိတ်အနယ် ဆဲပွဲသဘင်ကြီးကို ကျင်းပနေသည် ကိုလည်း မျက်စိမူးလောက်အောင် တပြိုင်နက် အချိန်နဲ့တပြေးညီ ကြည့်ရူအားပေးခွင့်ရခဲ့ပါတယ်။ နာရီနဲ့ချီပြီး တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းစနစ်နဲ့ ပ၀ါမကူ ရေမရူစတမ်း အကြိတ်အနယ် ဆဲဆိုကြိမ်းမောင်းနေမူ တောင်းပန်တိုးလျိုးနေမူ မြန်မာ့ဂုဏ်ရည်ပြပုဒ်များကို လက်သီး လက်မောင်းတန်းပြီး အာပေါင်အာရင်းသန်သန် ကြွေးကြော်သံများ ကို အက်ဒမင်များမှာ အတန်ကြာ ကြည့်ကောင်း ကောင်းနဲ့ ကြည့်ရူ့ပြီးကာမှ နောက်ဆုံး ပရိတ်သတ်ရဲ့ အော်ဟစ်တားမြစ်သံများ အားပေးသံများ ကြောင့် ဒိုင်ပွဲရပ်နဲ့ ဆီဘောက်စ် ပိတ်လိုက်ပါတယ်။

အကယ်ဒမီသုံးသပ်ချက်များကတော့ လူးလိမ့်သတ်ပုတ်ပြီး ပုဆိုးမနိုင် ပ၀ါမနိုင် ရင်ဘတ်စည်တီး အော်ဟစ် ငိုကြွေးခြင်း၊ တုတ်ဓား လက်နတ် ကိုင်ဆောင်ပြီး ရန်အဖြစ်ကြမ်းခြင်း၊ အ၀ီစိပွက်သကဲ့သို့ ၀ိုင်းဝန်း အော်ဟစ်ကြခြင်း၊ အချင်းချင်း အအော်အငေါက်ကြမ်းခြင်း၊ လိုချင်လောဘ များခြင်ြး့ဖင့် ယောကျာ်းကို မသင်္ကာခြင်း၊ အလွန်အမင်း နိုင်ခြင်း မိန်းမကို အသေအကြေကြောက်ရခြင်း၊ ဖရုသ၀ါစာများကို အာပေါင်အာရင်း သန်သန်ဖြင့် ဆဲဆိုခြင်း ဥပမာ ဒီ ဟာမ အဲ့အကောင်မ စသည် ချစ်ကြည်ရင်းနီးမူကို ပြသော ချစ်စဖွယ် ပီယ၀ါစာလေးများကို ရေလဲသုံးနူန်းခြင်း၊ ကိုယ်မွေးထားသော သားကို အသေသတ်ရန် ကြံစည်ခြင်း၊ အစ်မက ညီမကို ကြောက်မက်ဖွယ်မျက်နှာထားဖြင့် ညီမက အစ်မကို ကြုံးဝါးခြင်း၊ မျက်စိက လင်းကွင်းလောက် ပါးစပ်က မိုးပြဲဒယ်လောက် အရူးလို ပြူးပြဲပြနေခြင်း လူအများ စီတန်းရပ်ပြီး တစ်ယောက်ပြီးမှတစ်ယောက် စောင့်စားပြီး ပြောဆို ရယ်မောရခြင်း အပြိုင်အဆိုင် ငယ်သံပါအောင် အော်ဟစ်ရခြင်း များသည် မြန်မာတို့အကယ်ဒမီရ နိုင်သော အကွက်ကောင်းများ ဖြစ်လာလေသည်။

ထို့နောက်တွင် ကြေငြာအစီအစဉ်တွင်း ကြားညှပ်ထုတ်လွှင့်နေသော အကယ်ဒမီပေးပွဲကို ရပ်နားပြီး ပရိတ်သတ်ပြည်သူ အများ မျှော်လင့် စောင့်စားနေသော သတင်းအစီအစဉ်ကို ဆက်လက် ထုတ်လွှင့်ရာ "ပြည်တွင်းပြည်ပ ပကတိအခြေအနေများကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ရူ့မြင်ရန် ပုံ သန်းရွှေ" ဆိုသော ကျောင်းသူကျောင်း သားများကို နှိပ်ကွပ်ဆုံးမနည်းအဆင့်ဆင့်ကို သိရှိစေရန်အလို့ဌာ ဆရာမများကို စစ်သင်တန်း ပေးသော သင်တန်းဆင်းပွဲတွင် အကြီးအကဲကြိးရဲ့ မွတ်ကြားချက်ကို လပ်တော့ပ်ကိုဖွင့်ပြီး မျက်နှာခပ်တည်တည်ကြီးများဖြင့် အသံနေအသံထား အဖြတ်အတောက် ခိုင်မာတည်ကြည်စွာ ဖတ်ကြားကြပါသည်။

ထို့နောက် ၀န်ကြီးများရဲ့ လိုအပ်သည်များကို လှည့်လည်မှာကြား စားသုံးမူများကို တင်ဆက်ပြီးနောက် လေလိုင်းပေါ်မှာ လူသတ်သမားများဖြစ်သော ပြည်ပနိုင်ငံများမှ ခလောက်ဆံအကောက်ကြံနေသူများ ဝေသာလီပုဏားများဟု အသံတည်ကြီးများဖြင့် စွတ်စွဲ ကြိမ်းမောင်း ခြိမ်းခြောက်ပါသည်။ ထို့နောက်တွင်းကား ရုရှနှင့် တရုတ် ကို အခြေခံသော နိုင်ငံတကာသတင်းများကို အံ့သြကုန်နိုင်ဖွယ် ယုံကြည်စိတ်ချဖွယ် ကမ္ဘာကျော် သတင်းဌာနစီစီတီဗီမှတဆင့် ကိုးကားကူးယူပုံတူချပြီး ကြေငြာသွားခဲ့ပါသည်။

ပြီတီတီ စူတူမူတူမျက်နှာပေးလေးများကို အစွမ်းကုန် အပြုံးပန်းလေးများ ပန်ဆင်ရင်း ဗန်းကိုင် ကတ်ကြေးကိုင်ပေးခဲ့ကြပါသော အကယ်ဒမီ ဗန်းကိုင်မမလေးများအာ့ မြန်မာဆန်ဆန်လေး ၀တ်ထားရင်း ဆုကြေညာမဲ့သူကို စာအိတ်လေတွေကို ဒူးလေးညွှတ်ပြီးပေးလိုက် ဒူးလေးတွေကို ပြန်ဆန့်လိုက်နှင့် ကော့ကော့ ကန်ကန် အချိုးကျကျ ယိမ်းကကြခဲ့ကြပါသည်။ ထိုသို့ ပရိတ်သတ်ဘက်ကို လှည့်ပြီး ပြုလုပ်နေသည်များကို အဲဒါကလေ အကော့မတတ်ရင် ဆဲသလို ဖြစ်သွားသလားလို့။ ဘယ်လို သဘောရလဲဟင် ဟု စိုးရိမ်မကင်းစွာဖြင့် အင်တာနက်မှာ မျက်တောင်မခတ်အား အနီးကပ်ကြည့်ရူ့ အားပေးခဲ့သော ဘိလပ်ပြည်မှ အစ်ကိုတော် တစ်ယောက်က သုံးသပ်သွားခဲ့ကြောင်း အမေရိကန်ရောက် မမကြိးမှလည်း သတင်းပေးပို့ခဲ့ပါသည်။

အကယ်ဒမီဆုများကို ပြန်ကြားရေးဝန်ကြီး ယမမင်းက ဆီပူအိုးသင်္ကေတ ရွှေစင်ရုပ်တုလေးများကို ပေးခြင်းဖြင့် လည်းကောင်း။ ခွေးသားရေပိုက်နဲ့ သတင်းစုဆောင်းရေးဝန်ကြိး သိကြားမင်းမှာ မိုးကြိုးတံဆိပ် ၀ရဇိန်ရွှေစင် ရုပ်တုလေးများကို အသီးသီး ပေးအပ်ပြီးသည်နောက် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်သဲသဲဖြင့် အရသာပေါင်းစုံကို ပေးစွမ်းနိုင်သော လူမျိုးဘာသာမရွေး ကြည့်ရူနိုင်သော အကယ်ဒမီပေးပွဲကြီး အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာအပ်ပါသည်။

ဤပို့စ် အား ညီမလေး ဆုမွန် ရေးသားထားခြင်း ဖြစ်ပါသည်.။အင်မတန် သဘောကျ လို့ပြန်လည် မျှဝေလိုက်ပါသည်.။

၂၀၁၀ ခုနှစ် မြန်မာ့ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲ။



၂၀၁၀ ခုနှစ် မြန်မာ့ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲ။

နေပူတော် နိုင်ငံတော်အေးချမ်းသာယာမှုဖျက်ဆီးရေးကောင်စီ (နအဖ) မှ ကျင်းပသည်။

အကောင်းဆုံး အမျိုးသား ဇတ်ဆောင်ဆု --- သန်းရွှေ (ရုပ်ရှင်အမည် - အများမှ သတ်ချင်သောသူ)။

အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆု --- ကြိုင်ကြိုင် (ရုပ်ရှင်အမည် - အကုသိုလ်ထက်က မွှေသူ)။

အကောင်းဆုံး အမျိုးသား ဇတ်ပို့ဆု -- အောင်ဆန်းဦး (ရုပ်ရှင်အမည် - အကယ်ဒမီရှော့)။

အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆု --- လဲ့လဲ့နွယ်သိန်း (ရုပ်ရှင်အမည် - ပြည်သူများမှ မနှစ်သက်သောသူ)။

အကောင်းဆုံး ဓာတ် (ချီး) ပုံဆု --- ကျော်ဆန်း (ရုပ်ရှင်အမည် - ဂျပိုးတန်း)။

အကောင်းဆုံး ဒုတ်ရိုက်တာဆု --- မောင်ဦး-ခင်ရီ (ရုပ်ရှင်အမည် - အများ အရိုက်ပြိုင်သောသူ) တို့ အား မြန်မာပြည်သူများမှ ၂၀၁၀ ခုနှစ် ယုတ်ချဉ်အကယ်ဒမီဆုပေးပွဲတွင် လက်အသီးသီးထောင်၍ ချီးမြှင့်ပေးအပ်လိုက်ပါကြောင်း။






ဤ အကယ်ဒမီ ကိုတော့ ကိုနစ်နေမန်း ကပေးထားတဲ့ ဆုတွေ ပါရှင်.။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

ကိုကျော်သူ ရဲ့ သတ်ကွင်း

(ပုံပေါ်တွင် mouse click နှိပ်၍ အကျယ်ချဲ့ ဖတ်ရှူနိုင်ပါသည်)။




ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။