Showing posts with label နှိုးဆော်စာ. Show all posts
Showing posts with label နှိုးဆော်စာ. Show all posts

02 March 2011

အာဏာရှင်ကိုဆန့်ကျင်ဘို့ ခုပဲစကြစို့ (Just Do it against Military Dictatorship)

ဓာတ်ပုံ (Just Do it against Military Dictatorship) Facebook မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်.. http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500
ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်..။

02 July 2010

ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဗိုလ်ကြီးသန့်ဇော်သန်းအကြောင်း တစေ့တစောင်း...

ယခုရက်ပိုင်းများအတွင်း မီဒီယာများမှာ အများဆုံးဖော်ပြနေတဲ့ " သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးမဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

(သတင်း ဧရာဝတီ)



Capt Thant Zaw Thant

ပန်းဘဲတန်းမြို့နယ် တရားသူကြီးဥက္ကဋ္ဌ ဗိုလ်ကြီးသန့်ဇော်သန်း

အထက်ပါသတင်းနဲ့ အတူဂျပန်နိုင်ငံရဲ့ တက္ကသိုလ် အသီးသီးမှာ ရိုးရိုးအရပ်သားပုံစံဖြင့် တက်ရောက်ပညာသင်ကြားနေတဲ့ စစ်တပ်အရာရှိ တစ်ဦး ဖြစ်တဲ့ နာဂိုယာတက္ကသိုလ်မှ ဗိုလ်ကြီးသန့်ဇော်သန်း အကြောင်းကိုလည်း (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) ကိုမင်းဇိနမှ အချက်အလက်များနဲ့ ဖော်ထုတ်ပေးပို့လာပါတယ်။

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်နဲ့ ပညာတော်သင် အဖြစ် စေလွှတ်ချင်းခံရပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။

Capt Thant Zaw Thant2

ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ပန်းပဲတန်းမြို့နယ်မှာ အာဏာအရှိဆုံး တရားသူကြီးတစ်ဦးဖြစ်ပါတယ်... လက်ရှိအိမ်ထောင်နဲ့ ကလေးနှစ်ဦးရှိပါတယ်။ ယခု၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နီးစပ်မှုရှိတဲ့ အတွက်ကြောင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်တပ်အရာရှိ အများအပြားရှိကြောင်း .. ဂျပန်အစိုးရမှ သိလျှက်နဲ့ခေါ်ယူတာလား.. စစ်အစိုးရမှ အရပ်သားပုံစံဖြင့် စေလွှတ်နေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး..လို့ GRW မှ ကိုမင်းဇိနမှဆိုပါတယ်...။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ တာဝန်ခံတစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီလိုစစ်တပ်ဝန်ထမ်းတွေကို ခေါ်ယူနေတဲ့ ကိစ္စတွေကို သေသေချာချာ ဖော်ထုတ်ဖို့လိုအပ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ ဂျပန်အစိုးရကို သိအောင်လုပ်ဖို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမှာ တာဝန်ရှိကြောင်း အနောက်နိုင်ငံ အစိုးရတွေ ပုံစံမျိုးစစ်အာဏာရှင် အသိုင်းအဝိုင်းမိသားစုတွေကို ပိတ်ပင်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားသလို... GRW မှ ကိုမင်းဇိနမှလည်း.. ဒီကိစ္စတွေကို စုံးစမ်းဖော်ထုတ်ဖို့ အတွက် အားလုံးပူပေါင်း ပါဝင်စေလိုကြောင်း ပြည်သူတွင်းမှာ ပြည်သူတွေ အဖိနှိပ်ခံနေရသလို တန်ပြန်လုပ်နိုင်တဲ့ ပြည်ပမှာရောက်ရှိနေတဲ့ စစ်အာဏာရှင်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ပြည်ပရောက်နေတဲ့ သူတွေက တတ်နိုင်သလောက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုသွားပါတယ်။ GRW ကိုဆက်သွယ်လိုလျှင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ် နေသူတွေဟာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လက်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့နဲ့ GRWမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ

01 March 2010

မြန်မာနိုင်ငံသူ နိုင်ငံသားများသို့......


ဆရာတော်၊ သံဃာတော်များသို့ 

ပြည်တွင်း၊ပြည်ပနိုင်ငံအသီးသီးတွင် သီးတင်းသုံးလျက်ရှိကျသော ဆရာတော်များအား တပည့်တော်တို့ ရိုသေစွာ ဦးတိုက်လျှောက်ထားအပ်ပါသည်။ တပည့်တော်တို့ မွေးဖွားရှင်သန်ခဲ့သော အမိမြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားသည် ကြီးမားသောအလှည့်အပြောင်းကို ရောက်ရှိနေပါသည်၊ စစ်အစိုးရသည် (2008) ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီး (2010) ၌ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည် ရွေးကောက်ပွဲမတိုင်ခင်၌ လက်နက်ကိုင် အပစ်ရပ် လူမျိုးစုများ၏ တပ်ကို တပ်မတော်လက်အောက် အတင်းပြောင်းထားရှိရန် ဆွေးနွေးစီစဉ်လျက်ရှိပါသည်။ ဤလုပ်ရပ်သည် အမျိုးသားအခွင့်အရေးပြဿနာကို ပြီိးပြတ်ပြေလည်အောင် မဖြေရှင်းခင် စပ်ကြား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အပစ်ရပ်အဖွဲ့အများစုမှာ လက်သင့်မခံနိုင် ဖြစ်လာခဲ့ကြသည်။ ဤအစီစဉ်အတိုင်း မဖြစ်မနေ အကောင်အထည် ဖေါ်မည်ဆိုပါက ယနေ့ရရှိထားသော ပြည်တွင်း ငြိမ်းချမ်းရေးသည် များစွာစိုးရိမ်သောက ရောက်စရာ အနေအထားသို့ ရောက်သွားမည် ဖြစ်ပါသည်။

အကောင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်ခွန်ထွန်းဦးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် နိုင်ငံရေးပြဿနာကို တွေ့စုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့ တွေလဲ လက်နက်ကိုလက်နက်နဲ့ တုံ့ပြန်ဖို့ တာစူနေကြပါသည်ဘုရား။ ပြည်တွင်းစစ်ဖြစ်ရင် ပြည်သူတွေပိုဒုက္ခရောက်မှာပါ။ လူမှူဘ၀ဖူလုံမှုမရှိခြင်း၊ လူ့ အခွင့်အရေး ချိုးဖောက်ခံရကာ ၄င်းတို၏လုပ်ခလစာများကို ထိုက်သင့်အားလျော်စွာ မရရှိခြင်းကြောင့် အလုပ်သမားများ လည်းဆန္ဒပြလျက်ရှိပါသည်။ အချိန်မနှောင်းခင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးသမားများ လွတ်မြောက်ရန် နှင့်စေ့စပ်ညှိုနှိုင်းရန် ပြည်သူအားလုံး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုဖို့လို ပါတယ်ဘုရား။ တိုင်းသူပြည်သား (တပ်မတော်သား၊ ကျောင်သား၊ အရပ်သား၊ ဘုရားသားတော်များ ၊မြန်မာနိုင်ငံသား) အားလုံးပါဝင်လာကြရန်မှာ ၄င်းတို့သီးသီး၌ အခြေခံနိုင်ငံရေး အသိအမြင်များရှိကြရန်၊ စစ်အစိုးရခေါင်းဆောင်များ ၏လက်တစ်လုံးခြား လိမ်ညာခဲ့မှုများကိုဆက်စပ်စဉ်းစားနားလည်သဘောပေါက်ကျရန် လိုပါတယ်ဘုရား။ သို့မှသာတပည့်တော်တို့ မျှော်လင့်ထားသော လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာမှာဖြစ်ပါသည်။ တပည့်တော်တို့ အနေဖြင့်လည်းကောင်း၊ နိုင်ငံရေးအဖွဲအစည်း ခေါင်းဆောင်များ အနေဖြင့်လည်းကောင်း၊ မျိုးချစ်နိုင်ငံရေးသမားများ အနေဖြင့်လည်းကောင်း နိုင်ငံရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကို အရှိန်အဟုန်မြင့်ပြုလုပ်ု့ ကြဖို့လိုပါတယ်ဘုရား။
တပည့်တော်တို့ ငယ်စဉ်ကတည်းက အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှ ပြည်ထောင်စုမပြိုကွဲ၊ တိုင်းရင်သား စည်းလုံးညီညွတ်မှုမပြိုကွဲ၊ တိုင်းပြည်အေးချမ်းသာယာမှာလို့ ထင်ခဲ့ကြပါတယ်ဘုရား တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားမှ ဒီမိုကရေစီရလိမ့်မယ်လို့  ထင်ခဲ့ကြပါတယ်ဘုရား။ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရန်မှာ တိုင်းသူပြည်သားများ၏ လူမှုဘ၀ဖူလုံရန်နှင့် အခြေ ခံနိုင်ငံရေး အသိအမြင်များ ရှိကြရန်လိုပါတယ်ဘုရား။ တပည့်တော်တို့မှာ စားဝတ်နေရေးအခက်အခဲ၊ ပညာရေး (ကျောင်းသွားလာရေးခက်ခဲမှု) အတွက်လုံးပန်းရင်း နိုင်ငံရေးအသိအမြင်ရှိဖို့ ဝေးစွအခြား ဗဟုသုတများ လေ့လာလိုက်စားရန်ပင် အချိန်မရခဲ့ကြပါဘုရား။

တပည့်တော်တို့ တိုင်းရင်းသားလူမျိုး အချင်းချင်းမှာ သင့်မြတ်ပြီးသားပါဘုရား။ မြန်မာနိုင်ငံမှာကုလားမ၀င်ရ၊ ခရစ်ယာန်မ၀င်ရ၊ တိုင်းရင်သားလူမျိုးစုများ ၀င်ထွက်ခွင့်မရှိသောကန့် သတ်တားမြစ်ထားသည့် နေရာမရှိပါ။ သို့ သော်လည်း နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူမျိုးစုများ အပေါ်၌အတင်းအဓမ္မချွေးတပ်စွဲ၊ ရိက္ခာ ထောက်ပံ့ခိုင်းခြင်းများ၊ စစ်တပ်ကိုဆန့်ကျင်သည့် သူပုန်ရွာများအဖြစ် သတ်မှတ်ကာ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ တပ်မတော်သားအများစုမှာ ဗမာလူမျိုးများဖြစ်ကြပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲအောင် ဘယ်သူလုပ်တာလဲဘုရား။ ပြည်တွင်းစစ်ကြောင့် ပျက်ဆီးသွားရသော မိသားစုတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေ ဟိုဖက်ဒီဖက်မှာ အများကြီးပါဘုရား။


လူမှုဘ၀မဖူလုံလို့၊ စားဝတ်နေရေးကြပ်တည်းလို့ ဆွမ်းခံကြွကိုယ်တော်တွေကို ဆွမ်းနပ်မှန်အောင် မလှူနိုင်ကျတော့ဘူးဘုရား။ ရာသက်ပန်သာသနာ့ဘောင် ၀င်မည့်သူတွေမဆိုထားနှင့် တပတ်၊ (၁၀)ရက် ကိုရင်ဝတ်၊ ပဇ္ဇဉ်းတတ်မည့်သူတွေတောင် စစ်အစိုးရနှိပ်ကွပ်မှုကြောင့် စဉ်းစားနေရပါပြီဘုရား။ သာသနာ အဒွန့်  ရှည်ပြန့် ပွားရေးအတွက် တပည့်တော်တို့ မည်သို့ ဆက်လက်စဉ်းစား ဆောင်ရွက်နိုင်ပါမည်လဲဘုရား။


တပည့်တော်တို့ နိုင်ငံအတွက် အလုပ်လုပ်ခဲ့ကြတယ်၊ အခွန်တွေဆောင်ခဲ့ကျတယ်။ တပည့်တော်တို့ အိုမင်းမစွမ်းဖြစ်လာခဲ့ကြရင်၊ လုပ်ငန်းခွင်မှာအသက်၊ ခြေလက်အင်္ဂါဆုံးရှုံးသွားခဲ့ရင် ထိုက်သင့်မျှတတဲ့လျှော် ကြေးတွေ၊ ကူညီထောက်ပံ့မှုတွေဘာလို့ မရခဲ့ကြတာလဲဘုရား။ ဆေးဝါးကုသဖို့ လုံလောက်တဲ့ငွေကြေး မတတ်နိုင်သူတွေ သက်တမ်းမစေ့ဘဲ ကြွေလွင့်သွားခဲ့ရသူတွေ မရေတွက်နိုင်တော့ပါဘူးဘုရား။ ဆင်းရဲနွမ်းပါး တဲ့သူတွေ အိုးပိုင်အိုင်ပိုင်နှင့် နေနိုင်ဖို့မဆိုထားနှင့် ဆန်ကောင်းကောင်းနှင့် ဟင်းကောင်းနှပ်မှန်ဖို့၊ သူသူကိုယ်ကိုယ် တန်းတူဝတ်နိုင်စားနိုင်ဖို့ ဆိုတာသူတို့  အတွက်အိပ်မက် တွေဖြစ်နေကြပါပြီဘုရား။ ၄င်းတို့  ၏လုပ်အားကိုထိုက်တန်သည် မထိုက်တန်သည် စဉ်းစားမနေနိုင်ဘဲ ရရာဈေးဖြင့် ရောင်းနေရပါတယ်ဘုရား။ မြန်မာနိုင်ငံ သယံဇာတပေါကြွယ်ဝတာ ၊ တောင်သူလယ်သမား တွေ စပါးစိုက်တာ တိုင်းသူပြည်သားတွေအတွက် မဟုတ်ဘူးလားဘုရား။


တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဟာစတင် ဖွဲ့ စည်းကတည်းက ဗမာ့တပ်မတော်၊ပြည်သူ့တပ်မတော်၊ ပြည်သူ့ ရဲတပ်ဖွဲ့  ဆိုပြီး ဖွဲ့စည်းခဲ့ကြပါတယ်။ တပ်မတော်ဟာတိုင်းပြည်ကိုကာကွယ်ဖို့၊ ရဲတပ်ဖွဲ့ ဟာပြည်သူတွေကို
စောင့်ရှောက်ဖို့ မဟုတ်ဘူးလား ဘုရား။ ယခုအခါစစ်အစိုးရခေါင်းဆောင်များ၏ပရိယာယ်နဲ့  စည်းလုံးသိမ်းသွင်း မှုကြောင့် ယခုအခါတပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ ဝင်များဟာရပိုင်ခွင့်နဲ့ အာဏာကိုသာ မက်မောနေကျပြီး ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီး ဒုက္ခပေးနေကျတယ်ဘုရား။ အာဏာပိုင်အဖွဲ့အစည်းတွေကလဲ ပြည်သူ့ ဘဏ္ဏာတွေကို အလွဲသုံးစား လုပ်နေကြပါတယ်ဘုရား။


ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အများစုဟာလည်း ကိုယ့်အရိုးကိုယ် မသယ်နိုင်တဲ့ အချိန်အထိပြည်ပမှာ အခြေချနေထိုင်ဖို့ စဉ်းစားပြီး ကိုယ့်နိုင်ငံကိုယ် မေ့နေကြပါပြီဘုရား။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကံ၏အကျိုးဆက်နဲ့ ငါးပါးသီလကို နားလည်ကျသလို နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံ၏ အခြေအနေနှင် နိုင်ငံရေးကို အခြေခံအားဖြင့် နားလည်လက်ခံပါဝင်ကြဖို့ လိုပါတယ်ဘုရား။


ပထမအဆင့်အနေနဲ့ လာမယ့်မတ်လ၂၇ရက်နေ့ တော်လှန်ရေးနေ့မှာ ပြည်ပမှာရောက်နေသော ကျောင်းသားများ၊ အလုပ်သမားများနှင့် နိုင်ငံသားခံ မြန်မာလူမျိုးများအားလုံး တစ်ခဲနက်ဆန္ဒပြတောင်းဆိုရန်အတွက်ရည်ရွယ်ထားရှိပါတယ်။ ပြည်တွင်းရှိမြန်မာပြည်သူလူထု တစ်ရပ်လုံးလဲပါဝင်ဆန္ဒပြကြဖို့ နှိုးဆော်အသိပေး အကြောင်းကြားအပ်ပါသည်။


တပည့်တော်တို့၏ ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးစွန့် လုပ်ရပ်များအား နိုင်ငံအတွက် အသက်ပေးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ နိုင်ငံရေးခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များအားလုံး တမလွန်မှ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ၊ ရည်ရွယ်ချက်..... အရေးတော်ပုံအောင်မြင်သည်အထိ ၀န်းရံ စောင့်ရှောက်နိုင်ကြစေသောဝ်………. မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ....။


မြန်မာနိုင်ငံသူ၊သားများသို့ 


မြန်မာနိုင်ငံသားများဟာ ဘောလုံးပွဲမှာမြန်မာရှုံးရင် ပျော်နေတဲ့လူမရှိ။ ရင်ထဲမှာကျိတ်ငိုနေကျတဲ့ လူတွေကြီးပါဘဲ။ မြန်မာအစားအစာဟာ ငါတို့အစားအစာ၊ မြန်မာပွဲဟာငါတို့ ပွဲဆိုပြီးခံယူကြသလို မြန်မာအရေးဟာငါတို့  အရေးလို့ မြန်မာနိုင်ငံသူ၊ န်ုင်ငံသားအားလုံး ခံယူကြဖို့  လိုပါတယ်။ မြန်မာပြည်မှာမွေး၊ မြန်မာစာစားခဲ့၊ မြန်မာရေသောက်ခဲ့ကျတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြည့် ပေးကြပါဗျာ။


ငါတို့ရှာနေတဲ့ပိုက်ဆံတွေ၊ ငါတို့ ရင်းနှီးပေးဆပ်ခဲ့မှုတွေက ငါတို့ရဲ့ မျိုးဆက်တဆက်လောက် ကိုပဲ ကောင်းစားစေနိုင်တယ်ဆိုတာ ငါတို့တွေအားလုံးသိကြဖို့လိုပါတယ်။ ငါတို့ဘ၀တွေရဲ့ သက်တမ်း သုံးပုံနှစ်ပုံလောက်ကို ရင်းနှီးပေးဆပ်ပြီး ရလာတဲ့ပညာ၊ ငွေကြေးတွေနဲ့ စစ်ခေါင်းဆောင်များ အလိုရှိ သလောက် ထုတ်ဝေထားတဲ့ တန်ကြေးမဲ့ ငွေစက္ကူတွေလဲလှယ်ရယူဖို့ ဖြစ်နေပြီ။ အာမခံချက်မရှိတဲ့ ပိုက်ဆံတွေနဲ့ ကုန်ဈေးနှုန်းတွေရဲ့ ကြားမှာနစ်မြုပ်ပြီးရင်း နစ်မြုပ်နေကြပြီ.....

ငါတို့ရဲ့ ငွေစက္ကူတွေ တရားမ၀င် ကြေညာသိမ်းဆည်းခံခဲ့ရတယ်။ ငါတို့အမေတွေ လက်ထက်ကပြည့်သူ့  ဆိုင်မှာ ဆန်ကွဲတွေဝေသေးတယ်။ အခုကျတော့ ပြည်ပကထောက်ပံ့တာတောင် ဒုက္ခသည်တွေ လက်ထဲက ပြန်ယူနေကြပြီ။ ဖုန်းဈေး၊ ကားဈေးတွေ မတန်တဆဖြစ်ခဲ့ကြတယ်။ ငါတို့တွေဝယ်ခဲ့ကြတယ်။

တေဇကကဒ်ဖုန်း တွေထုတ်တယ်။ ဦးပိုင်ကကားတွေသွင်းတယ်။ မတည်ငြိမ်တဲ့စီးပွားရေး လှည့်ကွက်ကြားမှာ ငါတို့တွေ ဆုံးရှုံးခဲ့ကြတာ အများကြီးဘဲ။ ဘာတတ်နိုင်မှာလဲ။ လူငယ်တွေဘွဲ့ရကြတယ်။ ဘွဲ့ရဖို့ငါတို့ သက်တမ်း သုံးပုံတစ်ပုံလောက် ပေးဆပ်ခဲ့တယ်။ ထိုက်သင့်တဲ့လစာ အကျိုးအမြတ်တွေငါတို့ရကြရဲ့လား? ပိုက်ဆံရှိရင် နိုင်ငံခြားသွားပြီး ကျောင်းတတ်မယ်……။ မရှိရင်တော့ နိုင်ငံခြားသွားပြီး ကျွန်ခံရပြီပေါ့။ လူငယ်တွေ ….ပိုက်ဆံရှိတဲ့သူရဲ့ သမီးကိုယူမှ နိုင်ငံခြားသွားမှ ကိုယ့်ဘ၀အတွက် ဘ၀အာမခံချက်ရမှာလား ?

မိန်းကလေးတွေကော….စပွန်ဆာရှာဖို့  ကြီးဘဲစဉ်းစားနေကြပြီ။ စားဝတ်နေရေးကြောင့် ဘ၀ပျက်နေကျရတဲ့ မြန်မာမိန်းကလေးတွေ ဘယ်လောက်တောင် များနေကျပြီလဲ? သူ့အိုးသူ့ ဆန်တန်ရုံ ထက်တောင်ကျော်နေကြပြီ။


ဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေးက ငါတို့တကယ်ခံစားနေကျရလား? နိုင်ငံရေးအကြောင်း လွတ်လပ်စွာပြောဆိုနိုင်ခွင်၊့ လေ့လာပိုင်ခွင့်ရှိလား? ငါတို့ရဲ့ လူနေမှုအဆင့်အတန်းတွေ၊စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တတွေမြင့်မားခဲ့ကျလား ? မြင့်မားဖို့ အတွက်စဉ်းစားဖို့  အချိန်နဲ့ လူမှူဘ၀တွေ ဖူလုံခဲ့ကြရဲ့လား။ စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေရတာမဟုတ်လား?ု့တိုင်းပြည်သယံဇာတတွေ ပေါကြွယ်ဝတာ၊ တောင်သူလယ်သမားတွေ စပါးစိုက်ကြတာ၊ ငါတို့နိုင်ငံရဲ့ စက်ရုံတွေက ကုန်ပစ္စည်းတွေ ထုတ်လုပ်ကြတာ ငါတို့ အကျိုးမခံစားရဘူးလား ?


ဦးပဉ္ဖင်းတွေကော ကောင်းမွန်စွာတရားအားထုတ်နိုင်ကြလား? လမ်းမှာဆွမ်းခံကြွလာရင်တချို့  တွေက ဘယ်လိုမြင်နေကြပြီလဲ။ ကျောင်းသားတွေ ပညာရေးကိုကောတကယ်လိုက်စားနေကြလား ? အင်္ဂလိပ်လက်ထက်က ဆယ်တန်းအောင်ရင် ဘီအေတန်းဖြေပြီး မြို့ပိုင်၊ နယ်ပိုင်လုပ်လို့ ရသေးတယ်။ အခုဆယ်တန်းအောင်တဲ့လူငယ်တွေ DSA သွားတဲ့လူငယ်တွေ အခွင့်အရေးနှင့်အာဏာ စစ်ခေါင်းဆောင်တချို့ရဲ့ လှည့်ကွက်ကြားမှာ ဘုန်းကြီးနဲ့ ပြည်သူတွေကို သတ်နေကြပြီ။ ဗိုလ်မှူးကိုအဘ၊ ဗိုလ်ချုပ်ကို အဖေခေါ်မင်းတို့ ဇနီးမယားတွေကော အဆင့်ဆင့်ဒူးတုပ်နေကြရတယ်မဟုတ်လား ?
ဘ၀တက်လမ်းအတွက် လူငယ်တွေ အကုန်လုံးစစ်ထဲဝင်ကြဖို့လား၊ ရဲတပ်ဖွဲ့နဲ့တပ်မတော်ဟာ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်နဲ့ ၊ ခံယူချက်တွေ မမှားကျဖို့ ပြင်ဆင်ကျဖို့ လိုပါတယ်။


စီးပွားရေးသမားတွေ…..မိတ်ဆွေတို့ ရှာနေတဲ့ငွေကြေးနဲ့ ပိုင်ဆိုင်မှူတွေက စစ်ခေါင်းဆောင်များရဲ့ စီးပွားရေး လှည့်ကွက်အောက်မှာ အာမခံချက်မရှိဘူးနော်။ ပိုင်ဆိုင်မှုတွေနဲ့ ရှာဖွေဝယ်ယူခဲ့ရတဲ့ ငွေကြေးမျှတရဲ့ လား။ ၀ါဇီက ထုတ်ချင်တိုင်း ထုတ်လိုက်တဲ့ ဖောင်းပွနေတဲ့ ပိုက်ဆံတွေကို မျက်ကန်းတစ္ဆေမကြောက် အသဲအမဲ လိုက်ရှာနေကြတယ် မဟုတ်လား။


ပြည်သူ့ဝန်ထမ်းတွေကော နိုင်ငံတော်ကပေးတဲ့ လစာနဲ့လောက်ငကြရဲ့လား? လာဘ်ပေးလာဘ်ယူ ကင်းချင်ပေမယ့်လုပ်နေကျရတယ်၊ များများစားရမဲ့ နေရာကိုရောက်ရဖို့  ဘဲကြိုးစားနေရတယ် မဟုတ်လား?

ငါတို့ တွေအားလုံးအခြေခံနိုင်ငံရေး အသိအမြင်ရှိဖို့ လွတ်လပ်စွာလေ့လာပြောဆိုနိုင်ဖို့  မှန်ကန်တဲ့ တွေးခေါ်မှုနဲ့ တိကျတဲ့ ဆုံးဖြတ်ချက်တွေချဖို့လိုပါတယ်။ တိုင်းပြည်ကိုလက်ရှိအုပ်ချုပ်နေကျတဲ့ စစ်ခေါင်းဆောင်များဟာ ပုထုဇဉ်တွေဖြစ်ပြီး ၎င်းတို့ အာဏာ၊ ရပိုင်ခွင့်၊ တည်မြဲရေးကို ရှေးရှုနေကျတာ....




ကျွန်ုပ်တို့ ဆက်လက်ပြီး လစ်လျူရှူပြီး မနေသင့်တော့ပါဘူး။ မိမိလူမျိုး၊ နိုင်ငံ၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှ၊ု သဘာဝပတ်ဝန်းကျင၊် သယံဇာတ တို့  ကိုကိုယ့်ဘာသာမထိန်းသိမ်းလျင် ဘယ်သူထိန်းသိမ်းမှာလဲ? လူ့ အခွင့်အရေးဟာလူသားတွေအားလုံးနဲ့  ပတ်သတ်သက်ဆိုင်နားလည်သင့်ပါတယ်။ ကျွန်ုပ်တို့ အားလုံစည်းလုံးညီညွတ်စွာဖြင့် မသမာသူသိသမလောဘစီးပွားရေးသမားများနှင့် စစ်ခေါင်းဆောင်များကို ဖယ်ရှားပြီးလွတ်လပ်ပြီးတရားမျှတသည့်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရန်ကျွန်ုပ်တို့  အားလုံးမှာတာဝန်ရှိပါသည်။


ပထမအဆင့်အနေနဲ့ လာမယ့်မတ်လ၂၇ရက်နေ့ တော်လှန်ရေးနေ့ မှာပြည်ပမှာ ရောက်နေသော ကျောင်းသားများ၊ အလုပ်သမားများနှင့် နိုင်ငံသားခံ မြန်မာလူမျိုးများအားလုံး တစ်ခဲနက်ဆန္ဒပြတောင်းဆိုရန် အတွက်ရည်ရွယ်ထားရှိပါတယ်။ ပြည်တွင်းရှိ မြန်မာပြည်သူလူထု တစ်ရပ်လုံးလဲပါဝင်ဆန္ဒပြကျဖို့ နှိုးဆော်အသိပေး အကြောင်းကြားအပ်ပါသည်။


ကျွန်ုပ်တို့၏ ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးစွန့်လုပ်ရပ်များအား နိုင်ငံအတွက် အသက်ပေးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ တကွနိုင်ငံရေးခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များအားလုံး တမလွန်မှ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ၊ ရည်ရွယ်ချက် အရေးတော်ပုံ အောင်မြင်သည်အထိ ၀န်းရံ စောင့်ရှောက်နိုင်ကြစေသောဝ်……….


မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ

ပေးပို့လာသူရွှေကျောင်းသား...

09 February 2010

တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုး ယုံကြည်ကြတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစရွှေဂုံတိုင်ရပ်တည်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦးဟာ လာမယ့် ရှေ့လ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း(၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ နအဖက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ ပုဒ်မ(၁၀)(ခ)နဲ့မတရား အပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို (၆)နှစ်သာ သတ်မှတ်နိုင်တာ ဖြစ်တဲ့အတွက် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖစစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိ တာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ် မလွတ်မြောက်ဘူးဆိုတာ တပ် အပ်သေချာ ပြောလို့မရပါဘူး။



လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။ ယခုအခါ ၎င်းတို့ ၂ ဦးစလုံး ထိန်းသိမ်းခံနေရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမဲ့ ယက်တောအမှုဖြင့် အကွက် ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်သော အကြောင်းပြချက် ဖြစ်တဲ့အတွက် အခု တခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ လွှတ် မလွှတ်ဆိုတာဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ်မှာ မူတည်နေပါတယ်။ အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ သန်း(၅၈)သော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီးမလိုက် နာရင် အပြစ်ပေးအရေးယူခြင်းခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့သဘော ပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။

၂၀၀၃ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ်မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ အင်အား(၅၀၀၀)ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီ အချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်ကကြိုးကိုင်စီစဉ်တဲ့ဒီပဲယင်း လုပ်ကြံ မှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်း ထောင်ကို ပို့ဆောင် ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ (၉)လနေခဲ့ရပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါ တယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဌဦးတင်ဦး ဟာ အသက်(၈၃)နှစ် ရှိနေပြီဖြစ်ပါတယ်။ ဗမာ့တပ်မတော်မှာ ကာ ကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော် သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကိုရယူခံစားနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ ကျနော် ကြားဘူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ်ကာလတွေအတွင်းတာဝန်ကျရာ ဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာဒေသတွေမှာ ရှိတဲ့တပ် တွေကိုရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက် ထားတဲ့ဟင်းပုံစံက ရဲဘော်တွေအတွက် အဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြား ဘူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ်မှတ်သားကြားနာ ဘူးပါတယ်။ သူပြောတာက ရဲဘော်တွေက တကယ်တန်း အပင်ပမ်းခံ အဆင်းရဲခံ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော်လုံခြုံရေး အတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ် ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်း ကောင်းမွန်မွန်ချက်ကျွေး ကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဘူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီး တင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ဘ၀ကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်းပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။ ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို (၆)နှစ်တင်းတင်း ပြည့် သွားခဲ့ပါပြီ။စီရင်ချက် ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်း အရဆို လွှတ်ကိုလွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုး ဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။ ဒါပေမဲ့ လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင်နအဖဥက္ကဌ ကြီးက ဥပဒေရဲ့အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။သက်ဦး ဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။

ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ်လွတ်လပ်ရေးနေ့သ၀ဏ်လွှာ မှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကိုအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ထပ်လောင်းအတည်ပြုပြောကြား ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကိုစိုးရိမ် ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့အစဉ်အလာအတိုင်း ကိုယ့်ထက် ၀ါစဉ်အရ သမ္ဘာစဉ် အရမြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရ လည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေ ကြား လူမိုက်နေလို့မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ မေလရွေးကောက်ပွဲမှာကတည်းက ၈၂%မဲအပြတ် အသတ်နဲ့ အနိုင်ရထားခဲ့ပေမဲ့လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီ ပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေချိပ်ပိတ်ခံခဲ့ ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါ တယ်။ နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါတီ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ အယောက် (၂၀)တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် (၉) ဦးကို ထပ်တိုးချဲ့လိုက် တာပါ။ လတ်တလော အန်အယ်လ်ဒီပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါ တယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်-သင့်တဲ့ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓါတ် ပိုမိုအသက် ၀င် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေး ကြတာ၊ စီအီးစီတိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွား ခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ကော ပြည်သူလူထုတွေနဲ့ကော စကားပြောဆို မေးမြန်းတင်ပြ ပြန်လည် ဖြေကြားရှင်းလင်းနိုင်ခဲ့တာ တွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။လက်ရှိအနေအထားတွေ ကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါ တယ်။

တဖန် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား များအားလုံး ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကိုပြင်ဆင် ပေးဖို့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာစောင့်ကြပ် လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ရွှေဂုံတိုင်ကြေညာ စာတမ်းကို ပြီးခဲ့တဲ့ ၂၀၀၉ခု ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါ တယ်။ ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို ထားတဲ့စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု-မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။

လောလောဆယ်တော့ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမဲ့ အနေအထား ပါ။ နောက် ထူးခြားတယ်လို့ထင်စရာရှိ တာက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်န၀ါရီလ(၁၅)ရက်နေ့က ဒီနှစ်၂၀၁၀မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ ဒုတိယစာပေးပို့အပြီးနောက်ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာနေ နေကြရတဲ့အဖွဲ့ချုပ် ခေါင်းဆောင်သုံးဦးတို့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်န၀ါရီလ (၁၇)ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရ၀န်ကြီး ဦးဉာဏ် ၀င်းက ၂၀၁၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရနိုင်ငံခြား ရေးဌာနကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါ တယ်။ ဒီကာလအတွင်းမှာပဲ ဇန်န၀ါရီလ(၁၉)ရက် အင်္ဂါနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရအဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကို လည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လော လောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေး ကြီးတဲ့ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။




မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၂၀၀၈ ခုနှစ် ဇွန်လက နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခု၌ မိန့်ခွန်းပြောနေပုံ။


ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၁)ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာလွှတ်ပေးပါ မယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။

ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် ဒဏ်(၃)နှစ် ချလိုက်တုန်းက (၁၈)လ (၁)နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာ ရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ် အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆ တွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဘူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလိုလုပ်တာပါပဲ။ စစ်အာဏာရှင် စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။


ဒီလိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ် ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထုတရပ်လုံးအတွက်လည်း စိတ်ဓါတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။ တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည် အားကိုးရာ တိုင်တည်ရာဗိုလ်ချုပ်ကြီး တဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက် လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါ အ၀င် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရ အောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက်ထွက်ပြေးလာနေကြ တာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ၀င်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော် သားအခွင့်အရေးလုံးဝဆုံးရှုံး နေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ဘ၀ကို ကောင်းကောင်းနားလည် သဘောပေါက်ထားတဲ့ တပ်မတော်သား အများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဟောင်းဗိုလ်ချုပ်ကြီး ဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလား ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူး လည်းတင်စရာ မလိုပါဘူး။ လက်ရှိတပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာ ကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီးကြားနေရပ် တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၉၅)နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် (၈၃)နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း (၆) နှစ်ပြည့်မြောက် တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။ အဲဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို အားမာန်အပြည့်နဲ့ ၀န်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက် တရားကိုကိုင်စွဲ တိုက်ပွဲဝင် ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါ တယ်။

ခင်မောင်တင့် (မဒေါက်)

ရင်းမြစ်...သျှမ်းသံတော်ဆင့်

21 December 2009

အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီးနေရာအနှံ့မှာမေတ္တာသုတ်ရွတ်ဆိုကြပါရန်။


အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့ မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီး မေတ္တာသုတ်ကို နေရာအနှံမှာ ရွတ်ဆိုကြပါရန် နှိုးဆော်အပ်ပါသည်။

အကယ်၍ မိတ်ဆွေတို့ အနေနှင့် မေတ္တာသုတ်မရလျှင်စီဒီ ကက်ဆက်ခွေဖွင့်ပြီး နေရာတိုင်း အိမ်တိုင်းမှာ အနုနည်းဖြင့် အိမ်ထဲကနေ မေတ္တာ ငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုကြပါရန် အထူးတောင်းဆို မေတ္တာရပ်ခံအပ်ပါသည် သူတော်ကောင်းအပေါင်းတို့

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့

International Peace Makers


ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။