03 September 2009

*ပုဂံနန်းဆက်ပျက်သုန်းခြင်းအကြောင်း*

( *ပုဂံနန်းဆက်ပျက်သုန်းခြင်းအကြောင်း*)သက္ကရာဇ် ၅၈၁ (အေဒီ ၁၂၁၉) တွင် နားတောင်းများမင်း သားတော်ကျစွာ မင်းဖြစ်တော်မူလေသည်။ ဓမ္မရာဇ ဟူသော အမည်ကို ခံယူလေသည်။ ကျစွာမင်းကြီးသည်
ပိဋကတ်သုံးပုံကို ၉ ခေါက်ပြန်ပြီးသင်ယူသည်။ပါဠိ၊အဌကထာ၊ဋီကာကျမ်းတို့မှအထူးထူးသောအဓိပ္ပာယတ္တတို့ကို ကျနတော်မူလှပြီး မေးအံ့၊ ဖြေအံ့သော အရာတွင် မည်သူနှင့် တူသောသူ မရှိ၊ အရိယာသံဃာတို့အားလည်း တစ်နေ့ ၇ ၀ါ မျှ စာသင်တော်မူသည်။

ပြည်ရေးရွာမူ နားမျှခံတော်မမူ၊ စစ်ကြောကွပ်ညှပ်ခင်း၊ တရားစိစစ်ခင်း ရှိသမျှကိုသားတော် အိမ်ရှေ့ဥဇနာ သာလျှင် စိစစ်၍ ဆုံးဖြတ်ရလေသည်။ အနော်ရထာမင်းစောသည် ပြက်ကရွေတောင်ခြေ၌ '' ငါဤပြည်၌ မင်းတစ်ကြိမ်ဖြစ်မှ ပေပင်ပေါက်စေသော် '' ဟု အဓိဌာန်ပြီးစိုက်တော်မူသော ပေပင်သည် ကျစွာမင်းလက်ထက် တွင် ပေါက်လေသည်။ ကျစွာမင်းသည် တူရွှင်းတောင်ခြေကကျသော ရေကို ကန်ဆည်ကြီးတည်ပြီး ကြာမျိုး ၅ ပါး နှင့်ပြည်စုံစေလျက် ၀မ်းဘဲ၊ ဟင်္သာ၊ ကြိုးကြာ၊ရေကြက်၊ တို့နှင့်လည်း ပြည်စုံစေလေသည်။

ကန်ဘေးတွင် လည်း လယ်တောများ စိုက်ပျိုးစေပြီး တစ်နှစ် ၃ သီး စားရလေသည်။ ထိုကန်နား၌လည်း မင်းတဲဆောက်ပြီး စာသင်တော်မူလေသည်။ ထိုသို့ ပရိယတ္ထ သာသနာတော်ကို လွန်စွာအားထုတ်တော်မူသော ကြောင့် ကောင်းမူတော်ဖြစ်သော ပြာသာဒ်ကြီးဘုရားကို အပြီးထိ မတည်နိုင်ခဲ့ပေ။ ကျစွာမင်းကြီးသည် သန်လျင် ကစားရင်း သန်လျက် စူး၍ သက်တော် ၃၅ တွင် နတ်ရွာလားလေသည်။
---------------------------------------------------------------------------------------
Type your summary here.


(မင်းယဉ်နရသိင်္ခမင်းဖြစ်ခြင်းနှင့် မသင့်သောအကြံကိုကြံခြင်းအကြောင်း)

သက္ကရာဇ် ၅၂၃ ခုသော် နရသူမင်း၏ သားတော် မင်းယဉ်နရသိင်္ခ မင်းဖြစ်တော်မူလေသည်။ နန်းတက်လျှင် ညီတော်ကို နရပတိစည်သူ ဟူသော အမည်နှင့် အိမ်ရှေ့ပေးတော်မူလေသည်။ မင်းယဉ်နရသိင်္ခလက်ထက် တွင် မိုးရေကောင်းသည်။ပြည်တွင်းရေးလည်းသာယာလေသည်။ပြည်သူအပေါင်းတို့လည်းချမ်းသာစွာအသက်မွေးရ
ကုန်လေသည်။

မင်းယဉ်နရသိင်္ခတွင် မိဖုရား သုံးပါးရှိလေသည်။ ထိုမိဖုရား သုံးပါးသည် မင်းကြီး ကြွတော်မူလေရာရာ၊ မင်းကြီး ဆင်စီးတော်မူလျှင် မင်းကြီးနောက်တော်က ဆင် ၃ စီးနှင့် အပြိုင်လိုက်ရ၏။ ဝေါ၊ ထမ်းစင်၊ သန်လျင်းစီးပြီး ကြွသော် မင်းကြီးနောက်တော်က တစ်ဦးမ မလွန်၊ မယုတ်စေပဲ အပြိုင်အညီ လိုက်ရလေသည်။

စည်းစိမ်၊ အခြွေအရံတို့သည်လည်း တူညီစေသည်။ ထိုကြောင့် မိဖုရားများသည်တစ်ပါးကိုတစ်ပါးစောင်းမြောင်း၊ ငြူစူခြင်း မရှိ၊ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြလေသည်။ တစ်နေ့သော် ၀ါးမှ မွေးသော သံသေဒဇဖြစ်သော သတို့သမီးငယ်ကို မင်းကြီးအား ဆက်သလေသည်။ မင်းကြီးလည်း သတို့သမီးကို မြင်သော် ဘုန်းမဆုံသဖြင့်''
နားကျယ်နှင့် ၀မ်းပျက်လိလိ '' ဟုမိန့်လေသည်။

ထိုသတို့သမီးကား နားအနည်းငယ်ကျယ်သောသူဖြစ်လေသည်။ သို့သော် ရူပါကားအလွန်လှပလေသည်။ မင်းကြီးလည်း ညီတော် နရပတိစည်သူကို ပေးလေသည်။မင်းကြီးမယ်တော် မိဖုရားလည်း သတို့သမီးကို မြင်သော် နားကို တန်ရုံဖြတ်ပြီးလျှင်သားတော်ငယ်ကို ပေးလေသည်။ နားတန်လေသော် အလွန်လှသော အဆင်းကို ဆောင်ပြီး ယောက်ျားတကာတို့ မြင်လျှင် တိမ်းညွှတ်ကုန်လေသည်။ မိဖုရားလည်း မင်းသမီးတို့ တတ်အပ်သော ပညာတို့ကို သင်ပြလေသည်။

ထိုသို့ ခယ်မတော် စာသင်နေစဉ် မင်းကြီးသည် မယ်တော်နန်းတော်လာခိုက် မြင်တွေ့လေသော်တိမ်းမက်သော စိတ်ဖြစ်လေသည်။ ထိုကြောင့် ဤသို့ကြံလေသည် '' ညီတော်ကို ငဇောင်ချမ်းသို့ စစ်ထွက် စေမည် ၊ ထိုသို့ ချီသော နောက်မှ ခယ်မတော်ကို နန်းတင်မည် ဟု မအပ်သော ကြံခြင်းကို ကြံလေသည်။ မင်းကြီး လည်းစီစဉ် သည့်အတိုင်း ညီတော်ကို ငဇောင်ချမ်းသို့ စေလွှတ်လေသည်။

ညီတော်နရပတိစည်သူသည်ဥာဏ်ပဋိဘာန်ပြည့်စုံသူဖြစ်သောကြောင့်မြင်းခံငပြည့်ကိုအိမ်တော်တွင်အခင်းရှိ
လျှင် လျင်မြန်စွာ သတင်းတင်လေဟူ၍ မှာပြီး စစ်ချီထွက်လေသည်။ထိုနောက်ငဇောင်ချမ်းအရပ်သို့ရောက်လျှင် ပြည်သူ များ ကောင်းမွန်စွာ စားသောက်နေသည်ကို တွေ့သောအခါ ''ငါ့နောင်တော် ငါ့ကို ယိုးမယ်၍ ပြုချေသည်'' ဟု အမှတ်ထားပြီး အမှူုး၊အမတ်၊စစ်သူကြီး တို့ကို သစ္စာပေးလေသည်။ မင်းယဉ်နရသိင်္ခလည်း ''
ညီတော် သစ်ဆိမ့်အရပ်သို့ ရောက်လေပြီ ဟုကြားလျှင် ခယ်မတော် ဝေဠုဝတီကို နန်းတင်လေသည်။
-----------------------------------------------------------------------------
(နရပတိစည်သူ နောင်တော်ကိုလုပ်ကြံခြင်း)

မင်းယဉ်နရသိင်္ခလည်း ခယ်မတော် ဝေဠုဝတီကို သိမ်းပြီိးသော် အမှာတော်ထားခဲ့သောမြင်းခံငပြည့်သည် နံနက်ခေါင်းလောင်းထိုးသည်နှင့် အောင်သာကို ကူးပြီး မြင်းစီးလျက် သက်သက်ညှင်းညှင်း နှင်လေသည်။ ချင်းတွင်း ပရိမ္မသို့ ရောက်သော် ပရိမ္မကိုကူးပြီး ဟင်းလင်းကို အဖြောင့်သန်းပြီး ငပတ်ချောင်းသို့ ရောက်လျှင် နေ၀င်လေသည်။

မိုးချုပ်ပြီဖြစ်သောကြောင့် မြင်းတော် ပန်းသည်ကို ရေချပြီးသော် မြင်းကို မြက်စားစေ၍ မိမိမူ အိပ်လေသည်။ မြင်းလည်း အပန်းဖြေပြီး မြင်းတို့အနံ့ကိုရ၍ ပြင်းစွာ ဟီလေသည်။ နရပတိစည်သူသည် မြင်းသံ ကိုကြားသော် '' င့ါမြင်း ဟီသံ တကား '' ဟု စက်တော်မခေါ်ပဲရှိလေသည်။ မြင်းခံငပြည့်လည်း နံနက်လင်း သော် မြင်းဖြင့် ခရီးအနည်းငယ်နှင်သော် နရပတိစည်သူ တို့စခန်းကို တွေ့သဖြင့် အလျင်ဝင်ပြီး အကြောင်းစုံလျှောက်လေသည်။

နရပတိစည်သူသည် ချစ်မြတ်နိုးသော မိဖုရားကို နောင်တော် နန်းတက်လေသည် ဟု ကြားသော် ကြီးစွာသော အာဃာတစိတ်သို့ ရောက်သည်ဖြစ်၍ မြင်းခံငပြည့်ကို'' နင် ယမန်ည အဘယ်တွင် အိပ်သနည်း '' ဟု မေးလေသည်။ ငပြည့်လည်း '' ငပတ်ချောင်းတွင် မြင်းပန်းလှသော ကြောင့် ကျွန်ပ် အိပ်ပေသည် '' ဟု လျှောက်သော် နရပတိစည်သူ သည်မစိတ်မွှန်နေရာ'' နင်သည် ငါနေတော်မူသော အရပ်နှင့် မဝေး၊ မနီးတွင်ပင် အိပ်သည်၊အိပ်ရာသည်လော၊ တစ်နာရီဆိုသော အချိန်ကား အလွန်တန်ဖိုးရှိ ''ဟု ဆိုပြီး မင်းတို့မာန်ဖြင့် ကွပ်မျက်လေသည်။

နရပတိစည်သူလည်း အမျက်ရှိသဖြင့် အောင်စွာငယ် ဟူသော အမတ်ကို ခေါ်ပြီး ''နင် ငါ့အမူတော်ကို အသက်စွန့်၍ ထမ်း၊ ငါ့နောင်တော် မေ့လျော့သည်ကို ကြည့်ရူပြီး လုပ်ကြံလေ၊ အပြီးသို့ရောက်လျှင် ငါ့မရီးတော် ၃ ပါးတွင် နင် စိတ်ရှိသသူနှင့် ငါ သူကောင်းပြုမည် '' ဟူ၍ မိန့်တော်မူလေသည်။ အောင်စွာငယ်လည်း သူရဲရှစ်ကျိပ်ရွေးပြီးပုဂံသို့ ခရီးအပြင်းနှင်လေသည်။ နရပတိစည်သူ လည်း နောက်မှ စစ်တပ်ဖြင့် ချီလာ
လေသည်။ ထိုသို့ ချီရာ လမ်းတွင် ကွပ်မျက်ထားသော ကျွန်တော် ငပြည့်၏အလောင်း
မျောလေသည်။

နရပတိစည်သူက'' မည့်သည့် အကောင်နည်း'' ဟုမေးရာ အမတ်တို့က''ငပြည့်အကောင်ပါ''ဟုလျှောက်သဖြင့် ထိုနေရာတွင် ဆယ်ပြီး သင်္ဂြုလ်၍ ''သည်အရပ်ဝယ် သင်စားစေ၊'' ဟု မိန့်ပြီး နတ်ကွန်းဆောက်ပေးလေသည်။ နရပတိစည်သူ စေသော အောင်စွာငယ်သည် နန်းတော်သို့ တိတ်တဆိတ် ၀င်လေသည်။ ထိုအချိန် မင်းကြီး ရေအိမ်တော် ၀င်ခိုက်နှင့်ကြုံလေသည်။အောင်စွာငယ်လည်း ရေအိမ်ထိလိုက်ပြီး လုပ်ကြံသဖြင့် ရေအိမ်တွင် နတ်ရွာစံလေသည်။မင်းယဉ်နရသိင်္ခသည် သက်တော် ၃၅ နှစ်တွင် ညီတော်လုပ်ကြံသဖြင့် နတ်ရွာဝင်လေသည်။
-------------------------------------------------------------------------------
(နရပတိစည်သူအမျက်ကြီးခြင်းမှ စိတ်နူးညံ့လားခြင်းအကြောင်း)

နရပတိစည်သူသည် နောင်တော်ကို လုပ်ကြံပြီးသော် နန်းတက်လေသည်။နရပတိစည်သူသည် မင်းဖြစ်လျှင် မရီးတော် တို့ကို အောင်စွာငယ် နှင့် လက်ဆက်ပေးမည်ဟု ကတိဆိုထားလေသည်။ ထိုအကြောင်းကို မရီးတော်တို့ကြားလျှင် '' အရှင်မင်းကြီး၊ ငါတို့မိန်းမဟူသည်ကား လင်များသည်ကို အလိုရှိဖူးသလော၊ ငါတို့မှာ အပြစ်မရှိ၊ သနားတော်မမူပါသော်လည်း အိမ်တော်ဝယ်၊ ကျီးစောင့်၊ ကြက်နှင် မျှဖြစ်ပါစေလော ''
ဟု လျှောက်ကြလေသည်။

မင်းကြီးလည်း သနားသဖြင့် အောင်စွာငယ်ကို ခေါ်ပြီး '' အောင်စွာငယ်၊ နင့်ကိုငါဆိုမိပေသည်မှန်၏၊ငါ့မရီးတော် တစ်ပါးပါးကို ပေးပချောသော် ငါ့ဘေးတော်၊ ဘိုးတော်တို့ကိုပြစ်မှားသကဲ့သို့ ရှိအံ့သည်။ နင်ကို အမျိုးမြတ်သော သူကောင်းသမီး နှင့် သူကောင်းပြုမည်”ဟူ၍ မိန့်လေသော် အောင်စွာငယ် က '' ထွီ '' ဟူ၍ မင်းကြီးကို ဆိုပချေ၏။

နရပတိစည်သူလည်း '' ငါသို့သော မင်းကို ၀ံ့သည်''ဟူ၍ အမျက်ထွက်လျက်ကွပ်မျက်လေသည်။
ထို့နောက် နောင်တော် မင်းယဉ်နရသိင်္ခ၏ အထိန်းသား ဖြစ်သော အနန္တ သူရိယ ကိုလည်း
သတ်ရန် အမိန့်ပေးလေသည်။ အနန္တ သူရိယလည်း ရဲရင့်တည်ကြည်သော နှလုံး ရှိသည်ဖြစ်၍
သတ်အံ့တွင် စာလင်္ကာ ၄ ပိုဒ်ဆို၍ မင်းကြီးကို ဆက်စေသည်။ သူသတ်တို့လည်း သတ်ပြီးမှ
မင်းကြီးကို စာဆက်လေသည်။ ထိုစာလင်္ကာ ၄ ပိုဒ်ကား-----
(၁) သူတစ်ယောက်သည်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်ကား၊
ပျောက်လင့်ကာသာ၊ ဓမ္မတာတည်း။
(၂) ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ် ဗိုလ်ရံ၍၊ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊သမုဒ္ဒရာရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်တမာ၊
တစ်သက်လျာတည်း။
(၃) ကြင်နာသနား၊ ငါ့အား မသတ်၊ ယခု လွှတ်လည်း၊ ၀ိပါက်ကြမ္မာ၊ လူတကာတို့၊
ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။
(၄) ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊
ကြိုက်လတ်တွန်မူ၊ တုံမမူလိုစိတ်မြဲသို၍၊ ကြည်ညိုလွှတ်ပြန်၊ သခင်မွန်ကို၊
ချန်ဘိစိစစ်၊ အပြစ်ဖယ်ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း။
ဟု မင်းကြီးဖတ်ပြီးသော် လွှတ်စေ ဟုမိန့်တော်မူလေသည်။ သူသတ်တို့လည်း လွန်လေပြီ
ဟုလျှောက်သော်'' နင်တို့ မသတ်ခင်က သည်စာကို ဆက်ကောင်းလျက် သတ်ပြီးမှ ဆက်သည်''
ဟုဆိုပြီး သူသတ်တို့ကို မျက်ပြန်လေသည်။

မင်းကြီးလည်း စာကို ဖတ်တော်မူပြီးကတည်းကပင် တအောက်မေ့မေ့ နောင်တကြီးစွာ
ဖြစ်တော်မူလေသည်။ ထိုမှစ၍ အမျက်တော်ကို ချုပ်ရုပ် ဆီးတားတော်မူ လေသည်။
ထိုနောင် နောင်အမျက်တော်ရှိပြီး သတ်စေ ဟု အမိန့်ပေးခံရသူတိုင်းကို တစ်လ ထား၍
စစ်မေးပြီးမှ သတ်ရန် မင်းဆွေမျိုးဖြစ်သော မဟာသမာန်းကို မိန့်တော်မူလေသည်။
မင်းကြီးလည်း မရီးတော် တို့ကို နန်းတင်လေသည်။

နရပတိစည်သူသည် မင်းကျင့်တရား နှင့်လည်း ပြည်စုံတော်မူသည်။ နောင်တော်ကို သတ်မိသည့်အတွက် အနော်ရထာကဲ့သို့ နိုင်ငံတစ်ဝှမ်းလှည့်ပြီး ကန်၊ချောင်း၊ ဆည်၊မြောင်း၊ တို့ကို ပြုစုလေသည်။
------------------------------------------------------------------------------
(နရပတိစည်သူ ကုသိုလ်တော်ပြုခြင်း)


(ကန်တော့ပလ္လင်ယခုပုံ)
နရပတိစည်သူသည် နောင်တော်ကို လုပ်ကြံတော်မူသောအခါ အလွယ်တကူ လုပ်ကြံတော်မူနိုင်သည်ကို အကြောင်းပြု၍ အစောင့် ကိုယ်ရံတော်များစွာ ထားတော်မူလေသည်။ အတွင်းကိုယ်ရံတော်၊ အပြင်ကိုယ်ရံတော် ဟူ၍ အသီးအသီး သင်းဖွဲ့ပြီး နန်းတော်ပတ်လည် အစောင့် အထပ်ထပ် ချထားလေသည်။ တန်ခိုးကြီးသော ရွှေခွန်၊ငွေခွန်၊ပတ္တမြားခွန်၊ တို့ကို ကိုယ်တိုင် စစ်ကြောလေသည်။ နန်းတော်ပတ်လည်တွင် လည်း စပါးကျီများဆောက်တော်မူလေသည်။

နရပတိစည်သူသည် ပြည်သူအကျိုးစီပွားကို ဆောင်သော မင်းဖြစ်လေသည်။ ထိုမှတစ်ပါး လိုဏ် ၂ ဆင့်ရှိသော ကောင်းမူတစ်ဆူတည်ပြီးဂေါဓပလ္လင်ဟုသမုတ်တော်မူလေသည်။(ကန်တော့ပလ္လင်ဟုခေါ်ကြသေးသည်။နရပတိစည်သူလက်ထက်က တည်သော်လည်း အပြီးမသတ်နိုင်ဘဲ သားတော်နားတောင်းမင်းလက်ထက် ၁၂၂၇ တွင်သာ အပြီးသတ်နိုင်ခဲ့လေသည်) သမထီးအရပ်၌ ဘုရား ၅ မျက်နှာတစ်ဆူ တည်တော်မူလေသည်။ နေပြည်တော် ၀န်းကျင်တွင် နေထိုင်သီတင်းသုံးကြသော ရဟန်းသံဃာတို့ကိုလည်း ပစ္စည်း ၄ ပါးထောက်ပံ့ပြီး သာသနာတော် ကို ထွန်းကားစေလေသည်။

(ကန်တော့ပလ္လင်မပြုပြင်စဉ်ကပုံ)
-------------------------------------------------------------------------------------------
(နရပတိစည်သူမင်းလက်ထက်သံဃာတို့ဂိုဏ်းကွဲခြင်း)

နရပတိစည်သူမင်းကြီး၏ ဆရာတော်ဖြစ်သော ဥတ္တရာဇီဝမဟာထေရ် သည် ဆပဒ သာမဏေနှင့်တကွ တပည့်သံဃာ အများနှင့် သိန်းခိုကျွန်းသို့ တရားနှီးနှော ရန်အလို့ဌာ ကြွလေသည်။ သိန်းခိုကျွန်းသို့ ရောက်သော် သိန်းခိုကျွန်း၌ ရှိသော မဟာထေရ်တို့နှင့် တရားစကား နှီးနှော၍ ကြလေသည်။ ထိုနောက် အနွယ်တို့ကို စစ်မေးကြလေသော် '' သိန်းခိုကျွန်း၌ ရှိသော မဟာထေရ်တို့ကား ရှင်မဟိန္ဒ ရဟန္တာမြတ်တို့ ပဝေဏီ အစဉ်အနွယ် ဖြစ်သည်။ ဥတ္တရာဇီဝမဟာထေရ်တို့ကား ရှင်သောဏထေရ်၊ ဥတ္တရထေရ် တို့ ပဝေဏီ
အစဉ်အနွယ်ဖြစ်သည်'' ဟူ၍ တစ်ချက်တည်း ကံဆောင်အံ့သောငှာ ဆပဒသာမဏေ ကို
ပဉ္စင်းခံတော်မူကြ လေသည်။

ရှင်ဆပဒ ပဉ္စင်းဖြစ်ပြီးလျှင် ဆရာဖြစ်သော ဥတ္တရာဇီဝနှင့် ပြန်မလိုက်တော့ဘဲ သိန်းခိုကျွန်း၌စာသင်၍ နေရစ်လေသည်။ ရှင်ဆပဒလည်း အဌကထာနှင့်တကွ ပိဋကတ်သုံးပုံကို ဆယ်ဝါတိုင်တိုင် သင်၍ တတ်မြောက်ပြီးမှ ပုဂံပြည်သို့ ပြန်အံ့သောငှာ အားထုတ်လေသည်။ ယင်းသောအခါ ဆပဒ သာမဏေ ဤသို့ ကြံလေသည်။ '' ငါတစ်ဦးတည်းသာ ပြန်ချေသော် ပုဂံပြည်ဝယ် ငါ့ဆရာ ဥတ္တရာဇီဝမဟာထေရ် မရှိခဲ့သော် ပုဂံ၌ရှိသော မြန်မာရဟန်းများနှင့်တကွ သံဃာကံကို ပြုရလတ္တံ၊ သိန်းခိုကျွန်းမှ ဥပသမ္ပဒကံ ပြည်စုံအောင် သံဃာ ၅ ပါး သွားရသည်ဖြစ်မှ လျောက်ပတ်မည် '' အကြံရှိသည် ဖြစ်၍ ပါဠိ၊အဠကထာ၊ဋီကာ ကျန်သော
တေမလိတ္တရွာနေ ရှင်သီဝလိ တစ်ပါး၊ရှင်တာမလိန္ဒတစ်ပါး၊ရှင်အာနန္ဒာတစ်ပါး၊သိန်းခိုကျွန်းသား ရှင်ရာဟုလာတစ်ပါး၊ သည် ၄ ပါးနှင့် သင်္ဘောစီး၍ ပုဂံသို့ ကူးလာလေသည်။

သက္ကရာဇ် ၅၃၈ (အေဒီ ၁၁၇၆) တွင် နရပတိစည်သူမင်းသည် လက်ညိုးတော်တွင် ခူနာကိုက်၍ ၃ လတိုင်တိုင် စက်တော်မခေါ်ရ ရှိချေလေသည်။ ဝေဠုဝတီမိဖုရားလည်း အနိစ္စရောက်တော်မူလေသည်။ ငလျင်ကြီး လူပ်၍လည်း ဘုရား၊ဂူကျောင်း ပြိုပျက်သည် များလေသည်။ သက္ကရာဇ် ၅၄၃ (အေဒီ ၁၁၈၁) တွင် ဆပဒမထေရ်တို့ သင်္ဘောစီး၍ ပုသိမ်မြို့သို့ ရောက်လာလေသည်။ ၀ါလနီးသောကြောင့် ပုသိမ်မြို့ တောင်အရပ်၌
ဝါဆိုတော်မူလေသည်။ ၀ါကျွတ်ပြီးလျှင် ပုဂံမြို့သို့ လာတော်မူလေသည်။

ပုဂံရောက်သော် ဆရာသခင်ဖြစ်သော ဥတ္တရာဇီဝထေရ် ပြန်လွန်သွားလေပြီ သိသဖြင့် ဆရာ၏ သင်္ချိုင်းသို့ သွား၍ ပူဇော်လေသည်။ နရပတိစည်သူမင်းကြီးလည်း ထိုထေရ်မြတ် ၅ ပါးတို့အား အတိုင်းအထက် အလွန်ကြည်ညို တော်မူ၍ ဧရာဝတီမြစ်၌ လှေဖောင်ဖွဲ့စေ ပြီးလျှင် များစွာသော သာမဏေတို့ကို ပင့်ပြီး ပဉ္စင်းခံရလေသည်။ မင်းကြီးသည် တစ်နေ့သော် ငါးပါးသောထေရ်တို့ကို ပင့်တော်မူပြီး အလျှုကြီးပေးပြီး သဘင်လည်း ခံစေလေသည်။

ထို သဘင်ခံရာတွင် အပြင်အလျာနှင့်ပြည်စုံသော ကချေသည်မတစ်ယောက်ကို ရှင်ရာဟုလာထေရ် မြင်လေသော် တပ်သောစိတ်ရှိသည်နှင့် ရဟန်းတရားကို အားမထုတ် နိုင်ရှိသဖြင့် မဟာထေရ် ၄ ပါးတို့လည်း ဆုံးမကြလေသည်။ သို့သော် စိတ်ကိုချုပ်ခြင်းငှာ မတတ်နိုင်ဖြစ်မှ မဟာထေရ် တို့က '' သင်တစ်ဦးကြောင့် ငါတို့လေးဦးသည် မရှက်လေကောင်း၊ ပရိသုဒ္ဓပြုလိုသော်လည်း ဤပုဂံတွင် မပြုလေနှင့်၊ မလ္လာယုကျွန်းတွင် သွား၍ ပြုပါ '' ဟု နှင်လိုက်လေသည်။

ရာဟုလာထေရ်လည်း မလ္လာယု သို့ရောက်လျှင် မလ္လယုကျွန်း အစိုးရသော မင်းလည်း ၀ိနည်းတော် အဆုံးအဖြတ်ကို သိလို၍ တောင်းပန်လေသည်။ ရှင်ရာဟုလာလည်း ဋီကာကျမ်းနှင့်တကွ ခုဒ္ဒသိက္ခာကျမ်းကို ပြပြီး အလုံးစုံသော ၀ိနည်းအဆုံးအဖြတ်ကို သိစေလေသည်။ မင်းလည်း အလွန် ၀မ်းမြောက်သဖြင့် ပတ္တမြားတစ်သပိတ် လှူလေသည်။ ရာဟုလာထေရ်လည်း ပတ္တမြားတစ်ပိတ်ရလျှင် ပရိသုဒ္ဓပြု၍ မလ္လာယုကျွန်းတွင် အိမ်ရာထောင် နှင့် နေလေသည်။

ပုဂံပြည်၌လည်း ဆပဒထေရ် ပြန်လွန်တော်မူလေသည်။ ကျန်သော မဟာထေရ် သုံးပါးတို့ လည်း ပိဋကတ်ကျမ်း တို့ကို ပို့သတော်မူ၍ သာသနာတော်ကို ထွန်းပစေလေသည်။တစ်ခါသော် နရပတိစည်သူက ထိုမဟာထေရ်တို့ကို ဆင်ပေါက် တစ်စီးစီ လှူတော်မူလေသည်။ထိုသို့ လှူတော်မူသော ဆင်ကို ရှင်သီဝလိ မဟာထေရ် နှင့် ရှင်တာမလိန္ဒမဟာထေရ် ၂ ပါး တို့သည် တောမှာ လွှတ်လေသည်။ အာနန္ဒာထေရ်မူကား '' ဆွေမျိုးတို့အား ပေးလိုက်အံ့ '' ဟု၍ ပုသိမ်သို့သွား၍ သင်္ဘောတင်လိုက်လေသည်။

ထိုအကြောင်းကို အရှင်သီဝလိနှင့်ရှင်တာမလိန္ဒထေရ်တို့သိလျှင် ဤသို့ မိန့်တော်မူလေသည်။ '' ငါတို့မူကား တရားမင်းကြီးက လှူသော ဆင်ကို ချမ်းသာစေဟုပြီး လွှတ်ပေးလေသည်၊ သခင်မူကား ထိုဆင်ကို ဆင်းရဲစေခြင်းငှာ ဆွေမျိုးတို့အား ပေးလိုက်လေသည်၊ သင်၏အမူအကျင့်ကား တရားတော်နှင့် မလျောက်ပတ် '' ဟူ၍ မိန့်လေသည်။ ရှင်အာနန္ဒာထေရ်လည်း '' သဗ္ဗညုဘုရားသခင် ဟောတော်မူသော တရားတော်၌လည်း ' ဥာတကာနဉ္စ သင်္ဂဟော 'ဟူသော ပါဠိတော် ရှိလေသည် ဟူ၍ မိန့်လေသည်။

မဟာထေရ်တို့လည်း ငါတို့အကြီးဆိုသည့် စကားကို မယူပါ ဖြစ်ရကား ယနေ့ကစ၍ အသီးအခြား သံဃာကံကို ပြုလေ '' ဟူ၍ ခွလေသည်။ထိုနောက် ကာလရှည်သော် တာမလိန္ဒထေရ်လည်း ဗဟုသုတ၊ ဗျတ္တိဗလရှိသော တပည့်တို့အား ချီးမြှောက်လိုသောငှာ အမြဲဆည်းကပ်လာကုန်သော အမှူး၊ အမတ်၊ သူဌေး၊ သူကြွယ်၊တို့အား '' ဒါယကာ၊ဤသူသည် အကြားအမြင် များ၏၊ ဗျတ္တိဗလနှင့် ပြည့်စုံ၏၊ ပစ္စည်း ၄ ပါး ပြည်စုံမှလျှင်
ပရိယတ္တိ၊ ပဋိပတ္တိကို ဖြည့်ဆောင်ခြင်းငှာ တတ်နိုင်ကုန်ရာသည်၊ ပစ္စည်း ၄ ပါး မပြည်စုံက
ပရိယတ္တိ၊ ပဋိပတ္တိကို မဖြည့်နိုင်ရာ '' ဟူ၍ ၀စီဝိညတ်တို့ဖြင့် ပစ္စည်း ၄ ပါးကို ဖြစ်စေလေသည်။

ထိုအကြောင်းကို သီဝလိမဟာထေရ် ကြားသော် ဤသို့ဆိုလေသည် '' မြတ်စွာဘုရားသည် ၀စီဝိညတ်ကြောင့် ဖြစ်သော ပစ္စည်းကို စက်ဆုပ်ရွံရှာတော် မူလေသည်။ ထိုသို့လျက် သခင်သည် ၀စီဝိညတ်ကြောင့် ဖြစ်သော ပစ္စည်း ၄ ပါး တို့ကို အဘယ့်ကြောင့် ဖြစ်စေဘိသနည်း။ သခင်၏ အမူအကျင့်သည် မလျောက်ပတ်'' ဟူ၍ မိန့်လေသည်။

တာမလိန္ဒထေရ်လည်း'' မြတ်စွာဘုရားသည် မိမိကိုယ်ဖို့ကိုသာ ရည်၍ ၀စီဝိညတ်ဖြင့် ပြု၍ရသော ပစ္စည်းတို့ကို စက်ဆုပ်ရွံရှာ တော်မူလေသည်။ ငါမူကား ကိုယ်ဖို့ကို မခံပါ၊ စင်စစ်သော်ကား ဗဟုသုတ၊ ရှိကုန်သောတပည့်တို့အား ပစ္စည်း ၄ ပါး ပြည်စုံပါမှ ပရိယတ္တိ၊ပဋိပတ္တိ ဖြည့်စွမ်းနိုင်၍ သာသနာတော် ပြန့်ပွားစည်ပင်လတ္တံ့ ဟု နှလုံးသွင်း၍ တိုက်တွန်းသည်။အပ်ပါ၏ '' ဟုမိန့်လေသည်။

ရှင်သီဝလိထေရ်လည်း သခင်သည် အကယ်၍ ဆိုသောစကားကို မယူ၊ အလိုအတိုင်းသာ ကျင့်ဘိလျှင် အသီးအခြား သံဃာကံကို ပြုအံ့'' ဟူ၍ ခွဲလေသည်။ ထိုနေ့မှစ၍ ပုဂံပြည်တွင် ရှင်အရဟံအနွယ် တစ်စု၊ သီဝလိထေရ် အနွယ် တစ်စု၊ တာမလိန္ဒ အနွယ် တစ်စု၊ ရှင်အာနန္ဒာအနွယ် တစ်စု တို့သည် ပုဂံတွင် သာသနာတော်ကို ထင်ရှားစွာ ပြုကြလေသည်။
-----------------------------------------------------------------------------------------
(နရပတိစည်သူမင်းနတ်ရွာမစံမီလုပ်သင့်သည်များကိုလုပ်တော်မူခြင်း)

နရပတိစည်သူမင်းကြီးသည် တစ်ရံသောအခါ '' ကြက်ယက်ဘုရား ၂ ဆူကို ထီးတင်တော်မူမည် '' ဟူ၍ ရွှေဖောင်တော်နှင့်ဆန်လေသည်။ထိုအခါမိကျောင်းတစ်ကောင်သည်မင်းကြီးရွှေဖောင်တော်ကိုကျောက်ကုန်းဖြင့် တိုက်ခိုက်လေသည်။ မင်းကြီးလည်း ရန်မန်ငထွေး ဟူသော သူရဲကောင်းတစ်ယောက်ကို ရေ၀ယ်ဆင်းပြီး မင်း၏ သန်လျက်ပေးလျက် ထိုးကျပ်စေလေသည်။

ရန်မန်ငထွေးလည်း ရေ၀ယ်ဆင်းပြီး ထိုးကျပ်လေသော် မိကျောင်းသေလေသည်။ ရန်မန်ငထွေးသည် ကျားကို တစ်ယောက်ချင်းသတ်၏။ ဆင်ကို လည်း တစ်ယောက်ချင်း သတ်လေသည်။ ထို့ကြောင့်မင်းကြီးက အနန္တ သူရိယ ဟူသော အမည်ကိုပေးတော်မူလေသည်။အနန္တသူရိယသည်ဆရာတော်ပေါင်းလောင်းရှင်မဟာထေရ်ကို ဆရာပြုပြီး ဘုရား၊သိမ် ကျောင်း တို့ကို ကြီးစွာ ဆောင်လုပ်ပြီး အလှူကြီးလုပ်ပြီး လှူသော ၀တ္ထုကံကျွေးတို့ကို
စာရင်းရေးပြီး မင်းကြီး ရှေ့တွင်ဖတ်စေပြီး သာဓုခေါ်စေလေသည်။

မင်းကြီးလည်း '' အနန္တ သူရိယ သည် ပစ္စုပ္ပန်၌လည်း ငါ၏ အမူတော်ကို ကြိုးစားအားထုတ်လေသည်။ သံသရာ အဆက်ဆက် အကျိုးများမည် အကြောင်းကိုလည်း ပြုပေသည်။ သည်သူကဲ့သို့ အကျိုးလိုလားသော သူကား မရှိပြီ'' ဟု စဉ်းစားတော်မူပြီး မိဖုရားငယ်တွင်မြင်သော မင်းသမီး နှင့် စုံဖက်တော်မူလေသည်။

နရပတိစည်သူမင်းကြီးသည် မင်း၏တရား ဆယ်ပါးကိုလည်း မပြတ် ဆောက်တည်
တော်မူ၏။ ပြည်ရေးရွာမူ ရှိသောအခါ ပညာရှိတို့ လျှောက်သော စကားကို ယူတော်မူပြီးကိုယ်တော်တိုင် သုံးသပ်၏။ ရာဇမာယာ၌ လိမ္မာကျွမ်းကျင်သူ ဖြစ်သဖြင့် ပြည်သူအပေါင်းတို့ ချစ်ခင်ကြကုန်လေ၏။ သားတော် ဇေယျသိင်္ခကို နန်းစောင့်စေလျက် မိမိမူ အလုံးအရင်းဖြင့်နိုင်ငံတော် အနှံသွားပြီး ဘုရား၊ဂူ၊ကျောင်း၊ တန်ဆောင်း၊ ဇရပ်တို့ကို ပြုတော်မူပြီးလေသည်။

တစ်နေ့သော် မင်းကြီးသည်'' ငါကား အသက်အိုမင်းလာလေပြီ ငါတွင် သားတော် ၅ ပါး ရှိရာ အားလုံးသည် မင်းဖြစ်ထိုက်သူ ဖြစ်သည် အဘယ်သို့ ပြုအံ့ နည်း ဟု ဟူးရားတို့ဖြင့် တိုင်ပင်ရာ ဟူးရားတို့ဆိုသည့် အတိုင်း သားတော် ၅ ပါး အလယ်တွင် ထီးဖြူစိုက်ပြီးသော် '' မင်းပြုထိုက်သောသူကို ထီးဖြူညွတ်စေသော်'' ဟူ၍ ဓိဌာန်တော်မူလေရာ ထီးဖြူသည် ဇေယျသိင်္ခသို့ညွှတ်လေသည်။ ထို့သို့ ညွှတ်သောကြောင့် ဇေယျသိင်္ခကို ''ထီးလိုမင်းလို'' ဟူ၍ တွင်လေသည်။

ဤသို့ မင်းကြီးသည် နိုင်ငံကောင်းကျိုးကို ထမ်းဆောင်ရင်း သက်တော် ၆၆ တွင် နေမကောင်းတော်မူ လာသဖြင့် သားတော် ၅ ပါးကို ခေါ်ကာ '' အို သားတော် ၅ ပါးတို့ မောင်တို့သည် ငါစီရင်တော်မူသည်အတိုင်း မပျက်စေနှင့်။ ညီညွတ်စွာ ချစ်ကြည်လျက် ဆောင်ရစ်ကြ။ အတူအညီ ကောင်းစားခြင်းသာလျှင် အလွန် တင့်တယ်သည်။ ကျွန်များစွာ ရှိသော်လည်း ဆွေမျိုးရင်းချာ မရှိသောသူသည် ကောင်းစားသည် မမည်။

ပြည်ရေး ရွာမူ၌လည်း ပြည်ရွှာငြိမ်းချမ်းစေလိုသော် ညီနောင် ၅ ပါးတို့သည် နူတ်သီးရှည်၍ ရှအံ့သို့ထင်သော် နူတ်သီးကို ဖြတ်၊ အတက်ရှည်၍စူးအံ့သို့ ထင်သော် အတက်ကို ဖြတ်၊ အတောင်ရှည်၍ ပျံအံ့သို့ ထင်သော် အတောင်ကိုဖြုတ် ဤကဲ့သို့ ကျင့်လော ငါတို့မင်း မည်သည်ကား ချစ်သည်၊ မုန်းသည်မရှိ၊ ထုံးစံနှင့် အညီ ဒဏ်ကို ပေးရာသည်။ ထိုသို့မှ အမူခပ်သိမ်းတို့သည် အပြီးသို့ ရောက်လေရာသည်။

တစ်ကြောင်းလည်း အမူထမ်းတို့ကို ချီးမြောက်သင့်က ချီးမြောက်ရာသည်။ ထိုမှတစ်ပါးလည်းခပ်သိမ်းသော ပြည်သူ လူတကာ အပေါင်းတို့၏ နှလုံးကို ယူကျူံးဘိသကဲ့သို့ တည့်မတ်စွာ ကျင့်သည်ဖြစ်မှ အခြွေအရံ များလေရာသည်။ ထိုသို့ အခြွေအရံ များသည် ဖြစ်မှ တင့်တယ်လေ၏။စကားးကိုမပယ်ဘဲကောင်းစွာကျင့်ကြရစ် '' ဟူ၍ ဆုံးမစကားပြောကြားလေသည်။ထိုနောက် မိဖုရား၊ မင်းဆွေစိုးမျိုး၊ မှူးကြီး တို့ကို '' ပြည်ရွာ မငြိမ်မသက် သောင်းကျန်းပုန်ကုန်သော်လည်းကောင်း၊ ငါသားတော် တို့ ငါစီရင်သည်ကို ဖျက်သော်
ငါ့အမိန့်တော်ကို မပစ်မပယ်သော သူက အုံညီစုပေါင်း၍ ဆုံးမရစ် '' ဟူ မိန့်တော်မူလေသည်။

နရပတိစည်သူလည်း အနာရောဂါနှိပ်စက်သဖြင့် ကြာသော် နတ်ရွာစံလေသည်။ နတ်ရွာစံသော် သားတော် ဇေယျသိင်္ခနန်းတက်လေသည်။
--------------------------------------------------------------------------------------
(မင်းခွေးချေးမင်းဖြစ်ခြင်းအကြောင်း)

သက္ကရာဇ် ( ၅၉၆ ) အေဒီ ၁၂၃၄ တွင် ကျစွာမင်းကြီးသားတော်ဖြစ်သော ဥဇနာမင်း နန်းတက်လေသည်။ တစ်ခါသော် မင်းကြီးသည် ထွက်တော်မူရာ မြစ်သာရွာသူ ပန်းပွတ်သည်မ သမီးတစ်ယောက်ကို မြင်တော်မူပြီး နှစ်သက်သဖြင့် အနားတော် ယူထားတော်မူလေသည်။ အပါးတော်တွင်လည်း မပြတ်စေစားတော်မူလေသည်။ တစ်ခါသော် ပန်းပွတ်သည်မလေးသည် မင်းကြီးကို ယပ်ခံနေရင်း ရုတ်တရက် မေ့လဲလေသည်။

မင်းကြီးလည်း လန့်တော်မူပြီး '' ၀က်ရူး ထသည်လော '' ဟုမေးရာ ဘေးတွင်ရှိသောမိဖုရားက''၀က်ရူးမဟုတ်နိုင် အကြောင်းရှိမည် '' ဟု လျှောက်ပြီး ဆေးဆရာများဖြင့် ကုသစေလေသည်။ သူငယ်မလည်း ကြာသော် ပဋိသန္ဓေ နေလ စေ့ပြီး သားယောင်္ကျား မွေးဖွားလေသည်။ မင်းကြီးလည်း သူငယ်အရွယ် ရောက်သော် ဦးရီးတော် ပဉ္ဇင်းကို အပ်ပြီး စာသင်စေလေသည်။

မင်းကြီးဆရာတော်သခင်မြတ်သည်သားတော်ဖြစ်သောမင်းခွေးချေး(ရာဇ၀င်တွင်မင်းခွေဟုသာဖော်ပြကြသည်၊ မင်းသား ငယ်စဉ်က ချေဆတ်တတ်သော ရောဂါရှိပြီး အိပ်ရာတွင်း၌ အမြဲ ခွေနေတတ်သော ကြောင့် မင်းခွေ ဟု ခေါ်ကြောင်း ဆိုကြသည်။) ၏ဇာတာကို ယူ၍ကြည့်သော် ကောင်းမည် အချိန်သို့ရောက်နေပြီ ဟုမြင်သဖြင့် ဦးရီးပဉ္ဇင်းကို ခေါ်ပြီး မင်းသားကို မင်းကြီးအား အပ်ပေ ဟု မိန့်လေသည်။

ဦးရီးပဉ္ဇင်းလည်း မင်းကြီး ရှိရာ တလ( ယခု ဒလ) သို့ ခေါ်သွားလေသည်။ တစ်ခါသော် မင်းကြီးသည် ဆင် လိုက်တော်မူရင်း စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ကျပြီး နတ်ရွာစံလေသည်။ မင်းကြီးတွင် သားတော် ၂ ပါးရှိရာ သီဟသူ နှင့် မင်းခွေးချေး ဖြစ်ကြသည်။ သက္ကရာဇ်(၆၀၂) တွင် အိမ်ရှေ့မင်းဖြစ်သော သီဟသူ သည် မင်းကြီးမရှိသော် နန်းတက်မည် ဟူ၍ လာသော် အမတ်ကြီးရာဇသင်္ကြ ကနားတော်လျှောက်လေသည် " အရှင်သား.... ခမည်းတော်သည် ကျေးစွန်ရွာနား ဖြစ်သော တလမြို့မှာ အနိစ္စရောက်တော်မူ၍ သင်္ဂြုဟ်တော်မူသော သင်္ချိုင်းတော်ကို ဦးတိုက်ရသော အမှူးအမတ်တို့လည်း ဦးတိုက်ရပြီ။ ဦးမတိုက်ရသော အမှူးမတ်တို့လည်း ရှိနေသည်၊ ဦးမတိုက်ရသေး
သော အမှူးအမတ်တို့ကို ဦးတိုက်စေပြီးမှ ဘိသိက်ခံတော်မူပါ '' ဟု လျှောက်လေသော် သီဟသူလည်း ယုံကြည်တော်မူသောကြောင့် '' ခမည်းတော်သင်္ချိုင်းကို ဦးတိုက်ပြီး အလျင်ပြန်ခဲ့ '' ဟု မိန့်လေသည်။ အမတ်ကြီး ရာဇသင်္ကြလည်း မှူးမတ်တို့နှင့် သင်္ချိုင်းတော်သို့ ဦးတိုက်ပြီးသော် ရုံးစုပြီး ရာဇသင်္ကြ က ဤသို့ ဆိုလေသည်။ '' အမတ် တို့ သီဟသူကို မင်းမြှောက်သည်ရှိသော် ပြည်ရွာအလုံး ခက်လေတော့မည်။ သီဟသူဆိုသော မင်းသားသည် အမျက်စောင်မာတ်ကြီး၏။

အငြူအစူလည်းပြင်း၏။သူ၏သားမယားကိုလည်းမျက်မုန်းကျိုးတတ်၏။လောဘလည်းကြီး၏။သစ္စာစကားကိုလည်မစောင့်။ အမတ်တို့ကို မဆိုနှင့် ငါကဲ့သို့သော အမတ်ကြီးဖြစ်သူ ကိုမျှ မထောက်မထား၊ မခန့်မရည်း ကျင့်ဖူးလေသည်။ မင်းဖြစ်သော် ငါတို့ အမတ်တို့ကို နှိပ်စက်မည် အမှန်ဖြစ်သည် '' ဟု အမတ်ကြီးရာဇသင်္ကြက စည်းရုံးသော် အမတ်တို့လည်း တစ်စိတ်တစ်ဝှမ်းတည်း ဖြစ်ပြီး သီဟသူကို ဖမ်းပြီး မင်းခွေးချေးကို နန်းတင်ကြလေသည်။
-------------------------------------------------------------------------------------------
(မိဖုရားစောလုံအကြောင်း)

နရသီဟပတေ့မင်းသည် နွေလအခါရောက်လျှင် ရေဖျန်းကစားမြဲဖြစ်သောကြောင့် နန်းတော်မှ မြစ်ဆိပ်တိုင် အောင် တစ်လျှောက်တည်း တဲဆောက်စေပြီးသော် လူမမြင်သာအောင် ကာရံမိုးစေပြီး နန်းတော်မှ မိဖုရားများ ဖြင့် ရေကစားလေသည်။ တစ်ခါသော် မိဖုရားစောလုံကို ချစ်မြတ်နိုးသဖြင့် စလိုသောကြောင့် မောင်းမငယ်များ
ကို မျက်နှာ၊ဦးဆံတို့ကို ရေစိုအောင် ပတ်စေခဲ့လေသည်။ စောလုံလည်း မင်းကြီး ငါကို အရှက်ခွဲ၏ ဟု အမှတ်ထားလေသည်။

ထိုနောက် မင်းကြီးစားတော်ဝယ် ဆေးထည့်ပြီးဆက်စေလေသည်။ မင်းကြီးလည်း စားတော်ခေါ် ခါနီးတွင် နန်းစောင့်ခွေးက ချေလေသဖြင့် မင်းကြီးက ခွေးအား ပေးကျွေးရာ ခွေးလည်း စားသော ခဏ သေလေသည်။ မင်းကြီးလည်း အဘယ်သူနည်း ဟုမေးရာ စောလုံပို့သော စားတော်ဖြစ်သည် ဟု စားတော်ပို့တို့လည်း လျှောက်ရာ မင်းကြီးက စောလုံကို မေးရာ '' ဟယ် ပန်းပွတ်သည်မြေး.. နင်ကို့ နှလုံးနာ သောကြောင့် ငါလုပ်သည် '' ဟုဆိုလေသည်။

မင်းကြီးသည် အချစ်ကြီးလျှင် အမျက်ကြီးသည်ဆိုသည့် အတိုင်း ပန်းပဲသမားများကို ခေါ်ပြီး ဖိုကျင်လုပ်ခိုင်းကာ ဖိုထိုးသတ်စေ ဟု အမိန့်တော်ချလေသည်။စောလုံလည်း သူသတ်တို့ကို ရွှေ၊ငွေ များစွာပေးပြီး ဖိုကို ခုနစ်ရက်တိုင်တိုင် ဆောက်စေလေသည်။ မိမိမူ သီတင်းသီလ ဆောက်တည်ပြီး အဘိဓမ္မာတရားတော်ကို နာလေသည်။

ဂုဏ်တော်များကိုလည်း ပွားများလေသည်။ ခုနစ်ရက်စေ့သော် သူသတ်တို့လည်း စောလုံကို အချုပ်ခန်းမှ ခေါ်ထုတ်လာလေသည်။ မင်းကြီးတို့လည်း မင်းမျှော်စင်မှ ကြည့်နေလေသည်။ ထိုနောက်စောလုံကို ဖိုပေါ်တင်ရာ ပြင်းပြင်းထနေသော မီးသည်ငြိမ်းလေသည်။ မင်းကြီးလည်း သည်ထက်ပြင်းသော ဖိုကိုထိုးစေပြီး သတ်စေပြန်သည်။

မီးလည်း ငြိမ်းပြန်လေသည်။ ဤသို့သုံးကြိမ်ပြုပြီးသော စောလုံမှ '' မင်းကြီး ပင်ပန်းလှသည် ပြုမနေတော့နှင့်'' ဟု ဆိုပြီး စိတ်ထဲတွင် '' ငါသည် ဤကဲ့သို့ မီးဖြင့် သေကံပါလာသော် တစ်ခဏချင်းကျွမ်းလောင် စေသတည်း '' ဟု ဆိုလေသော် မီးထတောက်လာပြီး ကျွမ်း၍ လောင်လေသည်။ မင်းကြီးလည်း စောလုံကို သတ်ပြီးမှ စက်တော်ခေါ်သော်လည်းစောလုံကိုသာ တသသ ခေါ်နေလေသည်။
-----------------------------------------------------------------------------------
(နရသီဟပတေ့လက်ထက်တရုတ်တို့စစ်ပြုခြင်းအကြောင်း )

နရသီဟပတေ့မင်းသည် နွေဥတု၊ဆောင်းဥတု တွင်မိဖုရား မောင်းမများနှင့် ဥယျာဉ်ပန်းမန်ကစား ထွက်တတ်တော်မူလေသည်။ မိုးဥတုရောက်လျှင် တုံးခေါင်းအရပ်သို့ သွားပြီး တောကစားတတ်သည်။ တစ်ခါသော် မင်းကြီးက စေတီတည်လိုသော ဆန္ဒပေါ်ရာ ဟူးရား တို့အား မေးရာတွင် ဟူးရားတို့က မင်္ဂလာစေတီကို တည်သော် ပြီးစီးသောနှစ်တွင်ပင် ပျက်စီးလိမ့်မည် ဟုလျှောက်ကြသဖြင့် နရသီဟပတေ့မင်း သည် မတည်ဘဲနေတော်မူလေသည်။

ထိုအခါ ပံ့သကူမဟာထေရ်က''ဟယ်မင်းမိုက်....ဘုရားသခင်ဗျာဒိတ်တော်ရသူဖြစ်လျက်လောဘနိုင်ငံသို့လိုက်ပြီး အနိစ္စကမ္မဌာန်းကိုမရူ၊ ကာမဂုဏ် ချမ်းသာကိုသာ ခံစားသည်။ အလှူကောင်းမူပြုပြီးမှ ပြည်ပျက်အံ့သည်ကို စိုးရိမ်၍ နေသည်ကား နင့်ထက် မိုက်သသူ မရှိ၊ နင့်ပြည်နှင့်နင် မသေဘဲ နေရတုံအံ့လော '' ဟု မိန့်တော်မူလေသည်။ မင်းကြီးလည်း သံသရာ အရေးကို ကြောက်သဖြင့် ဖေဖော်ဝါရီ ၁၂၆၉ တွင် စတင်တည်တော်မူလေသည်။

ပန်းပွတ်အရပ်တွင် တည်ထားသောကြောင့် ပန်းပွတ်စေတီ ဟုလည်း ခေါ်ကြလေသည်။သက္ကရာဇ် ၆၄၃ (အေဒီ ၁၂၈၁ ) တွင် မုတ္တမမြို့ကို စားသော အလိမ္မာမင်းကို မွန်တို့က လုပ်ကြံပြီး ၀ါရိရူဆိုသူက မင်းပြုလေသည်။ ထိုနှစ်တွင် တရုတ်ဘုရင်က အနော်ရထာမင်းသည် တရုတ်ဘုရင်ကို ရှေးယခင်က ရွှေ၊ငွေများဆက်ဖူးသည် ဟူ၍ အမတ်တစ်ကျိပ်ကို စေလွှတ်ပြီး တောင်းစေလေသည်။ တချို့ရာဇ၀င်တွင် ဆင်ဖြူတောင်းသည် ဟုဆိုကြသည်။

တောင်းလာသော တရုတ်သံတို့သည် မင်းကြီးရှေ့တော်တွင် မကော်မရော် မကျစ်မလျစ် ပြုလေသည်။ မင်းကြီးလည်း ဒေါသ ထွက်သဖြင့် အကုန်သတ်လေ ဟု မိန့်လေသည်။ ထိုအခါ ပညာရှိအမတ်တို့က ''မင်းကြီး တရုတ်မင်းသံ တို့သည် ရာဇ၀တ်၌ မလိမ္မာ၍ မချေမငံ ကျင့်မိလေသော်လည်း မှတ်သားပြီး တရုတ်မင်းထံသို့ စေတော်မူသင့်သည် သည်းခံတော်မူပြီး ပြည်ရေးရွာမူကို ပြေလည်အောင် မိန့်တော်မူသင့်သည်၊ မင်းအဆက်
ဆက်တို့သည် သံတမန်ကို သတ်သောထုံးစံမရှိ၊ သည်းခံတော်မူပါ'' ဟု လျှောက်ကြလေသော်လည်း မင်းကြီးက '' ငါသို့သော မင်းကို မခန့်မရည်း ကျင့်သည်၊ သတ်လေ '' ဟု မိန့်တော်မူလေသည်။

အမတ်တို့လည်း မင်းကြီးကို ကြောက်သဖြင့် အကုန်သတ်လေသည်။တရုတ်မင်းကြီးလည်း မျက်ထွက်ပြီး စစ်သည်အများအပြားတို့ကို စေလွှတ်လေသည်။ ထိုအခါ မင်းကြီးက အမတ်များနှင့်တိုင်ပင်ပြီး ပုဂံမြို့မှ ခံရန်ပြင်ဆင်လေသည်။ အုတ်လိုအပ်သဖြင့် ဂူကြီး၊ဂူငယ် တို့ကို ဖျက်စေလေသည်။ ထိုသို့ ဖျက်ရာတွင် ကြေးနီပုရပိုက် ရသဖြင့် ဖတ်လေသော် '' ပုဂံပြည်တွင် သားမြွှာဖခင် လက်ထက် တရုတ်ဖျက်၍ ပျက်လိမ့်မည် '' ဟု သိုက်စာဆိုထားသဖြင့် မင်းကြီးလည်း မောင်းမတို့ကို စစ်မေးရာ သားအမြွှာမွေးဖူးကြောင်း လျှောက်ကြသဖြင့် မြို့ခံ မတိုက်စေတော့ဘဲ စစ်သူကြီး အနန္တပစ္စည်း၊ တို့ကို ကြည်း၊ရေ စစ်ကြောင်း အများဖြင့်
စေလွှတ်လေသည်။

စစ်သူကြီးတို့လည်း ငဇောင်ချမ်းသို့ ရောက်လေသော် မြို့ပြ လုပ်ပြီး ဗန်းမော် အငူတွင် ခံလေသည်။ တရုတ်တို့လည်း ချီလာလေသည်။ စစ်သူကြီးတို့လည်း တရုတ်တို့ကို ခံ၍ တိုက်လေသည်။ သုံးလတိုင်တိုင် တိုက်ကြရာ သေသော တရုတ်စစ်သည်တို့ထက် ပိုသော စစ်သားတို့ကို တရုတ်မင်းမှ များစွာပို့သဖြင့် မခံနိုင်ဘဲ ငဇောင်ချမ်းကျလေသည်။ ငဇောင်ချမ်း ပျက်သောနေ့တွင် သရပါတံခါး စောင့်သော ငတပါးသင်နတ်သည် နတ်ချင်း တိုက်ကြရာတွင် ရူံးသဖြင့် ပုဂံသို့ အလျင်ပြန်ခဲ့ပြီး မင်းကြီး၏ဆရာတော်ကို လျှောက်လေသည်။

'' ယနေ့ ငဇောင်ချမ်း ပျက်ပြီ၊ ကျွန်ုပ်လည်း ရူံးခဲ့ပြီ '' လျှောက်လေသည်။ ဆရာတော်မှာ နေ့တွင် ကျိန်းနေရာမှ နိုးလာပြီး တပည့်ကို မင်းကြီးအား လျှောက်စေလေသည်။ မင်းကြီးလည်း စစ်သို့စာပို့လျှင်ငဇောင်ချမ်းကျကြောင်း စာရောက်လာသဖြင့် ရဲလှေ၊ သမ္ဗန် အစရှိသောတိုက်လှေကြီး တစ်ထောင်တို့ကို ပြင်ဆင်စေပြီး ပုဂံပြည်သူတို့ကို လှေကြီးပေါ်တွင် အကုန်တင်လျက် ပုသိမ်သို့ စုန်ဆင်းလေသည်။

စစ်သူကြီး အနန္တပစ္စည်းလည်း ငဇောင်ချမ်းပျက်လျှင်မန်လည်တော်ရံအရှေ့တွင်မြို့ခံတည်ပြီးထပ်တိုက်ပြန်သည်။ စစ်သူကြီးလည်း ရသေ့သူတော်တို့ပေးသော ပြဒါးသေ ငုံပြီး တရုတ်တို့ကို လုပ်ကြံလေသည်။ သို့သော် တရုတ်တို့ဘက်မှ နတ်ချင်းပစ်သောမြားသင့်သဖြင့်ကောင်းကင်တွင်ကျလေသည်။ကျန်သောစစ်သူကြီးတို့လည်း တရုတ်တို့က ဗိုလ်ပါများလှသောကြောင့် မအောင်နိုင်သဖြင့် ပုဂံသို့ စုန်ပြေးကြလေသည်။ ပုဂံရောက်သော် တစ်ပြည်လုံး ပုသိမ်သို့ စုန်ပြေးကြောင်းသိသဖြင့် ပုသိမ်သို့ လိုက်ပြန်လေသည်။ တရုတ်တို့လည်း လိုက်ပြန်လေသည်။

သို့သော်တရုတ်တို့မှာဗိုလ်ပါအင်အားများသောကြောင့်စားနပ်ရိက္ခာမလုံလောက်သဖြင့်တရုတ်မော်သို့ရောက်
သော် ပြန်ဆုတ်ကြလေသည်။ အေဒီ ၁၂၈၄ တွင် နရသီဟပတေ့မင်း တရုတ်တို့ကို ကြောက်ပြီး ပြေးသောကြောင့် တရုတ်ပြေးမင်းဟု တွင်လေသည်။ သို့သော် တရုတ်တို့ကား မလျော့သေးပေ။ ပြန်တိုက်ရန် အင်အားပြန်စုကြောင်း သိလျှင် ဆရာတောရှင်ဒိသာပါမောက်ကို မင်းကြီး အပူကပ်လေတော့သည်။ ဆရာတော်လည်း ပုဂံပြည်သူတို့ ဆင်းရဲနေသည်ကို မမြင်လိုသဖြင့် သံတမန်အနေဖြင့် တရုတ်ပြည်သို့ ကြွလေသည်။

ဆရာတော်သည် သက္ကရာဇ် ၆၄၇ တွင် တရုတ်ပြည်သို့ကြွလေသည်။ တရုတ်ပြည့်ရှင်ဖြစ်သော မွန်ဂိုမင်း ကူဗလိန်ခန် နှင့် ငြိမ်းချမ်းရေးစကားများကို ဆိုသဖြင့် ကူဗလိန်ခန်လည်း စစ်ပြေငြိမ်းလေသည်။ ဆရာတော်၏ ကျောက်စာတွင် ဆရာတော်က ကူဗလိန်ခန်ကို ဤသို့ ငြိမ်းချမ်းရေးစကားဆိုခဲ့လေသည်။

'' ဥယျာဉ်စိုက်သော ယောင်္ကျားတို့သည် ရေသွန်းလောင်း၍ အပင်ကိုကြီးထွားစေသည်။အညွန့်ကိုမဆိတ်ကြပေ ။ သစ်ပင်သီး မှ အသီး ကို စားဖို့ မျှော်မှန်းကြသည် ။ ဤကဲ့သို့ပင် ပုဂံ ကို ရေသွန်းလောင်းပါ ။ ပုဂံပြည်က ငယ်ပေသည်။ပုဂံပြည်၏ သာသနာ သည် မြင့်မြတ်ပါသည် ။ မင်းကြီး မှာလည်း ဘုရားဆု ကို တောင်းသူ မဟုတ်တုံလော ။

မင်းကြီး တိုက်ခိုက် အောင်မြင်ခဲ့တဲ့ တိုင်းပြည် များဟာ များလည်းများ ၊ ကြီးလည်းကြီးပေတယ် ၊ ပုဂံဆိုတာ ပြည်နယ် တစ်ခုသာ ဖြစ်တယ် ။ သာသနာထွန်းကားတဲ့ ဒေသ မို့ ဘုရားလောင်းတို့ က မြတ်နိုးကြတယ် ။ စစ်သည် များ ကို မလွှတ်နဲ့ဦး ။ ငါတို့ ကောက်ပဲသီးနှံ များ ကို စိုက်ပျိုးပါဦးမယ် ။ စိုက်ပျိုးပြီး စီးတဲ့ အချိန်ကျမှ ၀င်လာပါ။''ဟူ၍ဆိုသဖြင့်ကူဗလိန်ခန်လည်းတပ်များကိုပြန်ရုတ်သိမ်းလေသည်။နရသီဟပတေ့မင်းကြီးနှင့်ပြည်သူအပေါင်းလည်း စိတ်ချမ်းသာရာ
ရောက်ကြလေသည်။
----------------------------------------------------------------------------
(ကျော်စွာမင်းလက်ထက် တိုင်းပြည်အနှံပုန်ကုန်ခြင်းအကြောင်း)

သက္ကရာဇ် ( ၆၄၈ ) တွင် တရုတ်ပြေးမင်း နရသီဟပတေ့မင်းကြီး၏ သားတော်တစ်ပါး ဖြစ်သော တလစား ကျော်စွာ မင်းဖြစ်လေသည်။ ပုဂံမြို့ကြီး ပျက်စီးပြီးတောကဲ့သို့ ရှိသည်ကို ပြင်ဆင်ပြီး နေတော်မူလေသည်။ ကျော်စွာ မင်းဖြစ်လျှင် အနော်ရထာမင်းကြီး တည်ထောင်ခဲ့သော နိုင်ငံတော်သည် စတင်ပြိုကွဲလေတော့သည်။

ရခိုင်ဓည၀တီ အစရှိသော အနောက်တစ်လွှား နေကြကုန်သော မစ္ဆဂီရီ သက်မြုံ ဘန္တ၀ါတို့လည်း ဆက်မြဲ ကပ်မြဲတို့ကို မဆက်ပဲ၊ ခြားနားလေသည်။ မွန်သုံးရပ်တွင်လည်းပဲကူးစားသော ငပမွန်လည်း တရဖျား အမည်ခံပြီး မြို့ရံ ၃၂ မြို့ နှင့်တကွ ခြားနားလေသည်။ မုတ္တမ စားသော ၀ါရိရူလည်း ခြားနားလေသည်။

ယိုးဒယား၊ တနသာင်္ရီ၊ သောက်ကတဲ့၊ မျက်နာမည်း(ဗီယက်နမ်)၊ လ၀ိုက်၊ လင်းစင်း၊ ယွန်းပြည်( ဇင်းမင်အနီး) အစစသော တိုင်းနိုင်ငံတို့သည် ပုန်ကုန်လေသည်။ သံလွင်မြစ် အရှေ့ဘက်တွင် ရှိသော မိုင်းမော၊ ဟိုသာ၊ လာသာ၊ မိုးနာ၊ မိုးဝန်း၊ ကိုင်းမား၊ စသည်များကလည်း ခြားနားလေသည်။ စောလုံရှမ်း ၉ ပြည်ထောင် နှင့် မွန် ၃ ရပ်ပုသိမ် ၃၂ မြို့ စသဖြင့် ရှမ်းမင်း၊မွန်မင်း တို့ အုပ်ချုပ်ပြီး ကျော်စွာမင်း သာလျှင် ဗမာတို့ကို အုပ်ချုပ်လေသည်။

ဤသို့ဖြင့်အနော်ရထာမင်းတည်ခဲ့သောပထမမြန်မာနိုင်ငံဟုဆိုနိုင်သောနိုင်ငံတော်ကြီးသည်ကျော်စွာမင်းလက်ထက်တွင် ကွဲပြိုလေသည်။ကျော်စွာမင်းဖြစ်ပြီး ၃ နှစ်ရှိသော် ခမည်းတော်မိဖုရားငယ်မှ မွေးသော ပုသိမ်စားနှမ ဘွားစောရှင်ကို မိဖုရားမြှောက်လေသည်။ ကျော်စွာမင်းသည် နှလုံးသိမ်မွေ့သောသူဖြစ်သည်။

အရောင်အဆင်းအားဖြင့် လည်း တင့်တယ်သောမင်းဖြစ်လေသည်။ ပြည်သူအပေါင်းတို့ကိုလည်း ချစ်ခင်မြတ်နိုးတော်မူလေသည်။ နိုင်ငံအသီးသီးမှ ခြားနားသူများကိုလည်း အကြိမ်ကြိမ်လုပ်ကြံစေသော်လည်း အောင်မြင်မူမရခဲ့ပေ။
--------------------------------------------------------------------------------------------
(ပုဂံနန်းဆက်ပျက်ခြင်းအကြောင်း)

ကျော်စွာမင်းလက်ထက်တွင် ကျော်စွာမင်းထံမှ နန်းလုခဲ့သော ရှမ်းညီနောင်သုံးဦးတို့၏ အကြောင်းမှာ... ဘိန္ဒမြို့ကို အစိုးရသော စော်ဘွားကြီးတွင် သားတော် ၂ ပါး ရှိရာ စော်ဘွားမရှိ၍ သားတော်ကြီး နန်းတက်သော် ညီတော်နှင့်မကြည်သည် ဖြစ်ပြီး ဖမ်းပြီးသတ်မည်ပြုရာ ညီတော်မှ ထွက်ပြေးသဖြင့် မြန်မာနိုင်ငံဖြစ်သော မြင်စိုင်းသို့ ရောက်လာပြီး မြင်စိုင်းအရပ်တွင် အသည်သူကြွယ်သမီးနှင့် အိမ်ထောင်ဖြစ်လေသည်။

ထိုသူကြွယ်သမီးနှင့် သင့်ရာတွင် သားတော် ၃ ပါးကို ဖွားမြင်လေသည်။ ဖခင်သည် သားတော် ၃ ပါး အမူတော်ထမ်းနိုင်သည့် အရွယ်ရောက်သော် နရသီဟပတေ့မင်းကို အမူတော် ထမ်းရန် ဆက်သလေသည်။ နရသီဟပတေ့မင်းလည်း အပါးတော်တွင် ခစားစေသည်။

သားတော် ၃ ပါးသည် ရှမ်းဗမာ စပ်သဖြင့် သူတစ်ပါး ဖြင့်မတူပဲ ညိုသယောင်ယောင်၊ဖြူသယောင်ယောင် ရှိလေသည်။ ထိုသားတော် ၃ ပါးသည် ရှင်ဘုရင်၏ အမူတော်ကို အောင်မြင်အောင် ထမ်းနိုင်သဖြင့် ရှင်ဘုရင်မှ သဘောတော်ကျသည်ဖြစ်ရာ အစ်ကိုအကြီးကို ရာဇသင်္ကြဘွဲ့ ပေးပြီး မြင်စိုင်းမြို့ကို စားစေလေသည်။ ညီတော်အလတ်ကိုလည်း အသင်္ခယာဟူသော အမည်ဖြင့် မက္ခရာမြို့ကို ပေးလေသည်။ညီတော်အငယ်ကိုလည်း သီဟသူ ဟူသော ဘွဲ့ပေးလျက် ပင်လယ်မြိ့ကို စားစေလေသည်။

ကျော်စွာမင်းဖြစ်သော် ရှမ်းညီနောင်တို့သည်လည်း ကျော်စွာမင်းထံ ခစားကြလေသည်။ ကျော်စွာမင်းသည် မိမိကို မင်းအဖြစ်မြှောက်ပေးသော မိဖုရားဘွားစောကို အတိုင်အပင် မရှိ၊ မေ့ထားလေသည်။ ထိုအခါ မိဖုရားဘွားစောသည် နှလုံးနာသဖြင့် ရှမ်းညီနောင်သုံးဦးကို '' သင်တို့ ညီအစ်ကို တို့ကို သူကောင်းဖြစ်အောင် ငါကြံမည်၊ ငါစည်းစိမ်ကို သင်တို့မဖျက်လေနှင့်၊ သင်တို့ ငါသစ္စာကို ခံပါ '' ဟူ၍ သစ္စာတောင်းလေသည်။

ကျော်စွာမင်းတွင် ရှမ်းညီနောင်တို့ ကုသိုလ်ကုန်သဖြင့် ရှမ်းညီနောင်တို့လည်း သစ္စာခံကြလေသည်။ မိဖုရားဘွားစောလည်း သင်တို့ မြင်စိုင်းအရပ်တွင် စေတီကြီးတည်ကြလော ပြီးလျှင် ငါအားလျှောက် ဟုစေလိုက်လေသည်။ ရှမ်းညီနောင်တို့လည်း မြင်စိုင်းအရပ်တွင် တည်ပြီးသော မိဖုရားအား လျှောက်လေသည်။

မိဖုရားလည်း ကျော်စွာမင်းကြီးကို '' အရှင့်မင်းကြီး အနော်ရထာမင်းစောကြီး တည်ခဲ့သော လယ်တွင်း ၁၁ ရွာသည်ကား ပဲကူးမြေနှင့် အတူ ပျော်ဖွယ်ရှိလှသည်။ ကြွတော်မူပြီး ရှိတော်မူပါလော၊ ဘုရားတို့ကိုလည်း ဖူးမြော်ပါလော '' ဟုနားတော်လျှောက်လေသည်။

ကျော်စွာမင်းကြီးလည်းယုံတော်မူပြီးကြွတော်မူလေသည်။လယ်တွင်းအရပ်သို့ရောက်သော်သာလျောင်းဘုရားသို့တက်ပြီး တောင်ထိပ်မှကြည့်တော်မူလတ်သော် မြင်စိုင်းအရပ်ရှိ ရှမ်းညီနောင်သုံးဦး တို့ဆောက်သော ကျောင်းစေတီတို့ကို မြင်လေသော် '' ဟို အရပ်ရှိ ဖွေးဖွေးလူပ်လူပ် တို့ကား အဘယ်နည်း '' ဟုမေးလေသည်။ မိဖုရားဘွားစောလည်း ဘုန်းတော်ရိပ်ကိုလူံပြီး ကိုယ်စားတော်အလှူကြီးကို ပြုနေပါသည်။ ဟုလျှောက်ထားလေသည်။

မင်းကြီးလည်း သာဓုခေါ်အံ့ဆိုပြီး ထိုအရပ်သို့ကြွလေသည်။ မြင်စိုင်းသို့ ရောက်တော်
မူလျှင် မင်းညီနောင်တို့သည် မင်းကြီးဖမ်းပြီး သင်္ကန်းလဲပေးပြီးသော် ခေါင်းကိုရိတ်ပြီး ထိုကျောင်းဝယ် အစောင့်အရှောက်နှင့် ထားလေသည်။ ညီနောင်တို့လည်း မိမိစားသော မြို့တို့ဖြင့် မင်းပြုကြလေသည်။ သက္ကရာဇ်(၆၆၂) တွင် ကျော်စွာမင်းနန်းကျလေသည်။ ဤသို့ဖြင့် ပုဂံနန်းစဉ်နန်းဆက်လည်း ပျက်လေသည်။

(ပုဂံနန်းဆက်သည် အနော်ရထာမင်းလက်ထက်မှနန်းစသည်မဟုတ်သမုဒ္ဒရာဇ်မင်းမှစပြီး၅၅ဆက်ရှိလေသည်။ )သမိုင်းထဲကမြန်မာမင်းတို့ရဲ့ပုံရိပ်များ ဘလော့ထဲက ထပ်မံတင်ပြလိုက်ပါတယ်။

ကျဆက်လက်လေ့လာရှာဖွေမှတ်သားပြီးတင်ပြပေးပါမည်။

မျှဝေခံသားနိုင်ကြပါစေ။

*မြတ်လေးငုံ*
Type the rest of your post here.

02 September 2009

*ကျန်စစ်မင်းနှင့် မြေးတော်အလောင်းစည်သူ*

*ကျန်စစ်မင်းနှင့် မြေးတော်အလောင်းစည်သူ*

(ငရမန်ကို အောင်ခြင်းအကြောင်း)

ငရမန်သည် စောလူးကို ကွပ်မျက်ပြီးသော် ပုဂံပြည်သို့ ချီတက်လေသည်။ ပုဂံသို့ ရောက်သော်
မှူုးမတ်တို့က'' ကျန်စစ်သားသည် လယ်တွင်း တစ်ဆယ့်တစ်ရွာကို ချုပ်ထားလေပြီ အိုင်တစ်ခုက
ိုကျွဲ၂ခုလူးသကဲ့သို့မဖြစ်လိုထိုကြောင့်ကျန်စစ်သားကိုထိုးလော့အောင်မြင်လျှင်မင်းပြုလော''
ဟုဆိုလေသည်။ငရမန်လည်းကျန်စစ်သားကိုထိုးအံ့ဟုဆိုကာကျန်စစ်သားတပ်စုသောနေရာသို့
သွားပြီးထိုးသော်ကျန်စစ်သားလည်းများစွာသောစစ်သည်တို့နှင့် တိုက်လေသည်။ နှစ်ဦးနှစ်ဖက်
ပြင်းထန်စွာ တိုက်လေသော်ငရမန်၏ တပ်များသည် ကျန်စစ်သား၏ တပ်ကို မထိုးဖေါက်နိုင်ပဲ
ဆုတ်လေသည်။

ငရမန်လည်း ပြေးလေသည်။ ကျန်စစ်သားလည်း ရဲမက်တို့နှင့်လိုက်လေသည်။ ငရမန်သည်
မြင်းကပါအရပ်တွင်တပ်ခံလေသည်။သို့သော်ကျန်စစ်သား၏ထိုးစစ်ကိုမခံနိုင်သဖြင့်လှေစီးပြီး
ဆုတ်လေသည်။ကျန်စစ်သားလည်းလက်ရုံးထဲကထက်မြက်သောမုဆိုးငစည်ကိုခေါ်ပြီးလုပ်ကြံခိုင်း
လေသည်။မုဆိုးငစည်လည်းမီအောင်လိုက်လေသည်။ငရမန်တို့လည်းရွာသာအောက်တွင်နားနေ
လေသော်မုဆိုးငစည်သည်ရေသဖန်းပင်ပေါ်တက်ပြီးသာယာသောငှက်တွန်သံ ပြုလေသည်။
ငရမန်လည်း အဘယ်သို့သော ငှက်သည် သာယာသော အသံကို ပြုသနည်း ဟု စူးစမ်းသော်
မုဆိုးငစည့်မှ မြှားပစ်သဖြင့် ငရမန်လည်း ထိုနေရာတွင်ပင်သေလေသည်။ပုဂံမှမှူးမတ်တို့လည်း
ကျန်စစ်သားကို ပင့်ပြီး နန်းတင်လေသည်။
--------------------------------------------------------------
(ကျန်စစ်သား မြေးတော် အလောင်းစည်သူမွေးခြင်းအကြောင်း)

သက္ကရာဇ် ၄၂၅ တွင် ထီးလိုင်ရှင်ကျန်စစ်သား မင်းဖြစ်တော်မူ၏။ ကျန်စစ်သားတွင်မိဖုရား(၄)ပါး
ရလေသည်။ မိဖုရား ၄ ပါးတွင် မိဖုရားကြီးဖြစ်သော အပယ်ရတနာတွင် သမီးတော် ရွှေအိမ်သည်
ကို မြင်လေသည်။ မိဖုရား ဦးဆောက်ပန်းဘွဲ့ရသော မထီးတူမ သမ္ဘူလတွင်မူသားတော်ဖွား
လေသည်။သို့သော် ထိုသားတော်ကား မြေးတော် အလောင်းစည်သူ မွေးပြီးမှ ရောက်လာသော
ကြောင့် နန်းကိုမရဘဲ ရခိုင်ရှိတောင်စဉ် (၇)ခရိုင်ကိုသာ စားရလေသည်။ ထိုသားတော်ကား
ရာဇကုမာရမည်လေသည်။နန်းမရသော်လည်းဖခင်ကိုမပုန်သည့်အပြင်ဖခင်ချီးမြှောက်သော
ရွှေငွေတို့ဖြင့်ဖခင်ကိုကျေးဇူးဆပ်ခဲ့သောသားလိမ္မာအဖြစ်သမိုင်းတွင်ကောင်းသောနာမည်ဖြင့်
တွင်ကျန်ရစ်သည်။

မင်းကြီးသည်မိမိသမီးတော်ဖြစ်သောရွှေအိမ်သည်ကိုချစ်မြတ်နိုးသဖြင့်တစ်ပင်တိုင်နန်းနှင့်ထား
တော်မူလေသည်။ထိုအကြောင်းကိုပဋိက္ကရားမင်း၏သားကြားလေသော်မြရှင်ကိုငုံပြီးကောင်းကင်
်ခရီးဖြင့်မင်းသမီးဆီလာရောက်ပြီးအထိန်းတော်တို့အားငွေဆယ်တင်းတံစိုးပေးပြီးမင်းသမီးဖြင့်
ရည်ငံကြလေသည်။ထိုအကြောင်းကိုကျန်စစ်သားမင်းကြားးသော် အမတ်တို့ကို ခေါ်တော်မူပြီး
'' င့ါသမီးတော်ကို ကုလားမင်းသားဖြင့် စုံဖက်ရသော် သင့်လော၊ ငါ့အရှင်မြေးဖြစ်သော
စောယွမ်းနှင့် စုံဖက်ရသော်လည်း သင့်မည်လော'' ဟုမေးလေသော် အမတ်တို့က ကုလားမင်းသား
ဖြင့် စုံဖက်သော် တိုင်းပြည်သည် ရှည်သော် ကုလားပြည်ဖြစ်လိမ့်မည်ဟု လျှောက်ကြလေသည်။

မင်းကြီးလည်း စောလူးမင်း၏ သားတော်ဖြစ်သော စောယွမ်းဖြင့် လက်ဆက်ပေးလေသည်။
စောယွမ်းမှာမူခြေမစွမ်းနိုင်ပဲရှိသည်။ထိုအချိန်တွင်မူတွင်ရှင်အရဟံမှာမဟာဗောဓိသို့ဝတ်ပြုမည်
ဟုကောင်းကင်ခရီးဖြင့်သွားသော် ကုလားမင်းသားကို တွေ့သဖြင့်'' မင်းသား...မသွားသင့်ပြီ၊
ရွှေအိမ်သည်ကိုစုံဖက်ပြီးလေပြီ''ဟုမိန့်လေသော်မင်းသားမှာ''ဟာ''ဟုပါးစပ်ဟလိုက်သဖြင်
့်ကောင်းကင်မှကျပြီးသေလေသည်။တချို့ရာဇ၀င်များတွင်မင်းသားမှာမိမိချစ်သောသူဖြင့်မပေါင်း
ရသဖြင့်ဝတ်ထားသောမြရှင်လက်စွပ်ကိုချွတ်၍ကိုယ်ကိုသတ်သေသည်ဟု ဆိုကြလေသည်။ ကုလားမင်းသားသေပြီး မကြာသောအချိန်တွင် ရွှေအိမ်သည်တွင် ပဋိသန္ဓေနေလေသည်။
နေ့စေ့ပြီး မင်းသားကို မျက်နှာမြင်သောအခါ ဦးကင်တံခါးလည်း ပွင့်လေသည်။

အိမ့်ရှင်စည်ကြီးလည်းလူမတီးဘဲမြည်လေသည်။မင်းသားလည်းဖွားသည့်နေ့မှစပြီးပြင်းပြစွာ
မဆိတ်မညံငိုလေသည်။ မင်းကြီးလည်း'' မြေးတော်သည် အဘယ်ကြောင့် မတိတ်သော
ငိုခြင်းဖြစ်သနည်း ဟု ဟူးရားတို့အား မေးသော် ဟူးရားတို့က မြေးတော်သည် ''တိုင်းကားနိုင်ငံ
အပိုင်းအခြားကို သိလို၍ငိုသည်'' ဟုလျှောက်ကြလေသည်။ မင်းကြီးလည်း တိုင်းနိုင်ငံ
အပိုင်းအခြားတို့ကို ရွှေပေလွှာတွင် ရေးပြီး ဖတ်စေသော် မြေးတော် အငိုတိတ်လေသည်။
မင်းကြီးလည်း ၀မ်းမြောက်လှသဖြင့် မြေးတော်ကို ရင်ခွင်ပိုက်လျက် ရာဇပလ္လင်တွင်
''သီရိဇေယျသူရ '' ဟူသော နာမည် ဖြင့် ရာဇဘိသေက ခံပေးလေသည်။ ထိုရာဇဘိသေက
ခံသော နေ့ပင် စစ်သူကြီးတို့က ကုလားပြည်ကို အနိုင်ရကြောင်း ကျည်းကုလားတို့အား မင်းကြီးကို ဆက်လေသည်။
------------------------------------------------------------
(အဆွေခင်ပွန်းချင်းမပြစ်မှားသင့်ပုံကို ရှင်အရဟံဟောတော်မူခြင်းအကြောင်း)

တစ်ခါသော်သက်မင်းကတုံမှပုန်ကုန်လာသဖြင့်ကျန်စစ်သားမင်းမှဆင်၊မြင်းအင်အားကြီးဖြင့်
ဖမ်းရန်အမိန့်ထုတ်လေသည်။ထိုအခါကျန်စစ်သားမင်းကိုရှင်အရဟံမှသက်မင်းကတုံနဲ့ပတ်သက်ပြီး
ဆုတောင်းဖက်ဖြစ်ကြောင်းကိုအတိတ်ချီပြီးဟောပြောလေသည်။ရှေးဘ၀၌ကျန်စစ်သားမင်း
အလောင်းကားမင်းဖြစ်လေသည်၊ရှင်အရဟံ အလောင်းကား ပုဏ္ဏားဖြစ်လေသည်။ မြေးတော် အလောင်းစည်သူကားမင်းသားဖြစ်လေသည်၊မဟာဂီရီနတ်အလောင်းကားသူဌေးသားဖြစ်
်လေသည်၊သက်မင်းကတုံအလောင်းကားစစ်သူကြီးဖြစ်လေသည်၊ကျန်စစ်သားမင်းအလောင်း
မင်းဖြစ်နေစဉ် ထိုသူငါးယောက်တို့သည်ဘုရားသို့သွားရောက်ပြီးဝတ်ပြုကာဆုတောင်းကြလေသည်။


မင်းသားက ဘုန်းကြီးသောမင်းဖြစ်လိုကြောင်းဆုတောင်းလေသည်၊ပုဏ္ဏားကားမင်းတို့ကိုးကွယ်
သောရဟန်းမြတ်ဖြစ်လိုကြောင်းဆုတောင်းကြလေသည်။သူဌေးသားကမင်းတို့ပူဇော်ရာနတ်ဖြစ်
်လိုကြောင်းဆုတောင်းလေသည်။စစ်သူကြီးကပြည်ထောင်ဘက်ချင်းမင်းဖြစ်လိုကြောင်းဆုတောင်း
လေသည်။မင်းကြီးကဤသူ၎ယောက်တို့ဖြစ်ရာအကြီးအမှူးးဖြစ်လိုပြီးအုပ်ချုပ်လိုကြောင်းဆုတောင်း
လေသည်။ထိုကြောင့်တောင်းသောဆုအတိုင်းဖြစ်လာကြရာရှင်အရဟံမှအဆွေခင်ပွန်းကိုမပြစ်မှား
သင့်ကြောင်းဟောပြောလေသည်။သက်မင်းကတုံကိုလည်းရှင်အရဟံမှတရားဟောသဖြင့်ပြည်ထောင်
်ဘက်ချင်း ငြိမ်းချမ်းရလေသည်။( သက်လူမျိုးသည် ရခိုင်လူမျိုး ၇ မျိုးထဲတွင် ပါဝင်ပါသည်။)

တစ်နေ့သော် ရှင်အရဟံသည် မင်းကြီးကို ဤသို့မိန့်လေသည်။ မြတ်စွာဘုရား နဖူးသင်းကျစ်
တော်ဓာတ်၊ စွယ်တော်ဓာတ်တို့ကို အနော်ရထာမင်းစော စည်းခုံတည်သည်၊ ပစ္စယောသုံးဆင့်သာ
ပြီးလေသည်၊အပြည့်အစုံမပြီးသေး၊သားတော်ဖြစ်သောစောလူးလည်းစည်းစိမ်တွင်သာနေလေသည်၊
ခမည်းတော်ကောင်းမူကို ဆက်ပြီး မလုပ်ပေ၊ မင်းကြီးလည်း အနော်ရထာမင်းစော အမွေခံထိုက်၍
သာ မင်းဖြစ်သည်၊ ကောင်းမူကို ဆက်ပြုလော ဟု မိန့်လေသည်။ ကျန်စစ်မင်းကြီးလည်း
ရွှေစည်းခုံဘုရားကို ဆက်လက်ပြီး မွမ်းမံလေသည်။

ရွှေစည်းခုံဘုရားကို နေ့တွင်မူ လူများကလုပ်လေသည်။ ညတွင်မူ နတ်တို့က ပါဝင်ကုသိုလ်ယူ
လေသည်။ ထိုကြောင့်ရွှေစည်းခုံဘုရားကိုခုနစ်ရက်နှင့်ခုနစ်လတွင်ပြီးလေသည်။ကျန်စစ်မင်းလည်း
ဝမ်းမြောက်ဝမ်းသာရှိလေသည်။ တစ်နေ့သော် ရဟန္တာရှစ်ပါးတို့သည်မင်းကြီးနန်းတော်၌ဆွမ်းရပ်
လာလေသည်။ မင်းကြီးလည်း သပိတ်ကိုယူပြီး ဆွမ်းပင့်လေသည်။ ဆွမ်းလုပ်ကျွေးနေစဉ် မင်းကြီးက ''အဘယ်အရပ်ကကြွတော်မူလာသနည်း'ဟုမေးတော်မူလေသည်။ရဟန္တာတို့လည်း''ဂန္ဓမာဒနတောင်
မှကြွလာခြင်း'' ဖြစ်ကြောင်းပြန်တော်မူလေသည်။ မင်းကြီးလည်း အလွန်သဒ္ဓါသောကြောင့် ၀ါဆိုကျောင်းဆောက်လုပ် လျှုဒါန်းလေသည်။ တစ်နေ့သော်မင်းကြီးက ရဟန္တာတို့အား
ဂန္ဓမာဒနတောင်၌ ရှိသော နန္ဒမူလိုဏ်ဂူကဲ့သို့ သန္တာန်တူစွာ ဖန်ဆင်းပြတော်မူပါဟု
လျှောက်ကြားလေသည်။ ရဟန္တာ တို့လည်း တန်ခိုးဖြင့် ဖြစ်စေလေသည်။ မင်းကြီးလည်း
နန္ဒာလိုဏ်သန္တာန် ဂူကြီးစွာ တည်တော်မူပြီး နန္ဒာ ဟူသော ဘုရားကိုတည်တော်မူလေသည်။
အာနန္ဒာဘုရားကို အေဒီ ၁၀၉၀ တွင် တည်ခဲ့လေသည်။



(အာနန္ဒာဘုရား)




(ရွှေစည်းခုံးဘုရား)
---------------------------------------------------------------
(ကျန်စစ်မင်းနတ်ရွာစံပြီးမြေးတော်အလောင်းစည်သူနန်းတက်ခြင်းအကြောင်း)

ကျန်စစ်သားမင်းကြီးသည် ပုထိုးတော်များကို တည်ပြီးသော် သိန်းခိုမင်းမှ ဘုရားရှင် သရီရ
ဓာတ်တော် ၉ ဆူကို ဆက်သလိုက်သဖြင့် ကျန်စစ်သားမင်းမှ ပုထိုးတစ်လုံးထပ်တည်လေသည်။
ထိုပုထိုးကို ''မင်းအိုချမ်းသာ'' ဟုခေါ်လေသည်။ ထိုမှတစ်ပါးလည်း မြောက်ဘက်အရပ်၌ အနော်ရထာမင်း၏အာဏာတော်ကိုရှောင်ရှားနေစဉ် လှံကစားရာနေရာတွင်လည်း ဂူတစ်လုံးစီ တည်တော်မူလေသည်။ အ၀ တည်ရာ အရပ်၌လည်း စည်းခုံတစ်ဆူ တည်တော်မူလေသည်။

ထိုသို့ ပုထိုးများစွာ တည်ပြီးသော် ပြည်အလုံး၌လည်း ဘုရား၊ဂူ၊ကျောင်း၊တန်ဆောင်း၊သိမ်၊ဇရပ်
တို့ကို များစွာတည်လေသည်။ ဤသို့ ကောင်းမူများကို ပြုရင်း သက်တော် ၈၅ ရောက်သော် နတ်ရွာစံလေသည်။ ကျန်စစ်သားမင်းသည် ရာဇကုမ္မာရကျောက်စာအရ အေဒီ ၁၀၃၀ တွင်
မွေးဖွားပြီး ၁၁၁၃ နစ်တွင် နတ်ရွာစံသဖြင့် သမိုင်းဆရာများက သက်တော် ၈၅ ဟု ဆိုကြ
လေသည်။ ကျန်စစ်သားမင်းနတ်ရွာစံသော် မြေးတော် အလောင်းစည်သူမင်းနန်းတက်လေသည်။


အလောင်းစည်သူမင်းသည်မင်းဖြစ်သည်နှင့်နန်းတော်တွင်မစံပဲတိုင်းခန်းလှည့်လည်လွန်းသဖြင့်
နောက်လိုက်ဗိုလ်ပါ တို့ ပင်ပန်းရလေသည်။ တစ်နေ့သော် မင်းကြီးသည် သမုဒ္ဒရာ၏ အထူးထူး
သော ရူကြည့်ဖွယ်တို့ကို ကြည့်လိုသဖြင့် မိဖုရား၊မောင်းမမိဿံတို့ဖြင့် ရေအား၊ကြည်းအားတို့ဖြင့်
စုံတော်မူလေသည်။ မွန်ပြည်သို့ ရောက်လျှင် ကြေးလောင်းချောင်းကို ၀င်ပြီး ပုသိမ်တွင် ကွန်းတော
်ဆောက်ပြီးသော် မိဖုရား၊မောင်းမမိဿံတို့ကို အစောင့်အရှောက်တို့နှင့် ထားခဲ့လျက် မိမိမူ ခရီးဆက်တော်မူလေသည်။

မင်းကြီးသည် တန့်ကြည်တောင် အဆုံးရောက်တော်မူလျှင် ထိုနေရာ၌ သင်္ကြန်ခေါ်တော်မူပြီး
ဇမ္ဗူသပြေပင်သို့ခရီးဆက်တော်မူလေသည်။ထိုနောက်ခရီးလွန်သော်ဘေးတော်အနော်ရထာမင်းကြီး
ကုလားပြည်ပင်းကားတွင်(ယခုဘင်္ဂလားနယ်)ထားခဲ့သောတူရိယာ(၅)ပါးလွယ်သောကျောက်ရုပ်ကို
မြင်သော်''ဤအရုပ်ကားအဘယ်နည်း''ဟုဟူးရားတို့အားမေးလေသော်ဟူးရားတို့က''ဘုရားဘေး
တော်အလောင်းနော်ရထာမင်းစောသည်ငါ့သားတော်၊မြေးတော်တို့တိုင်းကားနိုင်ငံလှည့်လည်၍
ဤအရပ်သို့ရောက်သောအခါသင်တို့ပတ်၊စည်၊စောင်း၊ငြင်းတီးမူတ်ကုန်ဟူပြီးထားခဲ့တော်မူသော
ကျောက်ရုပ်တော်ဟုလျှောက်ကြလေသည်။

မင်းကြီးလည်း ယင်းသို့ဖြစ်လျက် ''ငါ လာတော်မူသည်ကို အဘယ်ကြောင့် မတီးမမူတ်ကုန်သနည်း '' ဟုမိန့်သောအခါ ကျောက်သူရုပ်တို့သည် အသက်ရှိသော သတ္တ၀ါကဲ့သို့ တီးမူတ်ကုန်လေသည်။
မင်းကြီးလည်း ကျေနပ်ဝမ်းမြောက်လေသည်။
--------------------------------------------------------------
(အလောင်းစည်သူမင်းဇမ္ဗူသပြေပင်သို့ရောက်ရှိခြင်းအကြောင်း)

အလောင်းစည်သူမင်းလည်း ဇမ္ဗုသပြေပင်သို့ခရီးဆက်ပြန်သော် သိန်းခိုကျွန်းသို့ရောက်လေသည်။ သိန်းခိုမင်းလည်း အစဉ်ကိုးကွယ်သော ရှင်မဟာကဿပ ဓူတင်ကျင့်တော်မူဟန် ရုပ်တုတော်ကိုလည်း ကိုးကွယ်ခြင်းဌာ ဆက်သလေသည်။ မင်းကြီးလည်း ခရီးဆက်ပြန်သော် ဇမ္ဗူသပြေပင်သို့ ရောက်
လေသည်။ ရောက်တော်မူလျှင် သပြေပင်ရင်းရှိ ဘုရားရှင်တို့၏နေတော်မူရာ ဖြစ်သော ခရုသင်း
ပွတ်သစ်နှင့် တူသော ကျောက်ဖျာကို မြင်တော်မူလေသော် ကြည်လင်သောသဒ္ဒါစိတ်ဖြစ်လျက
်(၇) လတိုင်တိုင် ပူဇော်ပွဲကြီးကျင်းပ လေသည်။ ထိုအခါ သိကြားမင်းလည်း ဘုရားရှင်နေရာ
ဖြစ်သော ကျောက်ဖျာသက္ကတန်ဦးကိုလည်း ဘုရားရုပ်တုတော် လုပ်ပြီး အပ်လေသည်။
ထိုဘုရားကို ရှင်ဖြူ ဟူ၍ တွင်လေသည်။

ဇမ္ဗူသပြေပင် ဒက္ခိဏသာခါခက်ကိုလည်း အပ်ပေ၏။ ထိုလက်ယာခက် အငုတ်ကိုလည်း
ဘုရားရုပ်ထုပြီးအပ်လေသည်။ထိုဘုရားကားရှင်လှဟုတွင်တော်မူလေသည်။ထိုနောက်မြင်းမိုရ်တောင်
သို့သွားတော်မူလိုသော စိတ်ဖြစ်သောကြောင့် ခရီးထွက်ရန်ပြင်ဆင်လေသည်။ ထိုအခါ
သိကြားမင်းလည်း ထိုအကြောင်းကို မြင်သော်'' သွား၍ မရောက်နိုင်သော အဖြစ်ကို
မင်းကြီးကြံလေသည်''ဟူ၍အထူးထူးသောပရိယာယ်တို့ဖြင့်ဘုရားရှင်သရီရဓာတ်တော်တို့ကို
အပ်လေသည်။ထိုနောက်ကိုယ်ထင်ပြပြီး''မင်းကြီးသည်ဘုရားရှင်သာသနာတော်မြတ်ကို ရွတ်ဆောင်စရာများသေးသည်၊ မြင်းမိုရ်တောင်သို့ သွားခြင်းငှာ မသင့်''ဟူပြီး တားလေသည်။

မင်းကြီးလည်း စိတ်ပျက်စွာဖြင့် ပြန်လာလေသည်။ ပြန်သောလမ်းတွင် စီးတော်မူသော
သင်္ကနက်လှေတော် တုန်တခိုက်ဖြစ်ပြီး ကျိုးအံ့သကဲ့သို့ ဖြစ်လေသည်။ သိကြားမင်းအပ်သော
ရှင်ဖြူသည်လည်း ရေသို့ကျလေသည်။ မင်းကြီးလည်း အဓိဌာန်ပြုလေသည် '' ငါတောင်းသော
ဆုမြတ်ကို ရမည်မှန်လျှင် ငါ့လှေတော်ကို ဘေးမဲ့ရာ အရပ်သို့ ဆောင်ယူစေသော်ဝ် ဟု ဆိုလျှင်
နတ်တို့လည်း ဆောင်ကျည်းလေသည်။ ထိုအခါ မင်းကြီးမှ ရှင်ဖြူဘုရား စဉ်ကျလေသည်ဟု
ကြားသော် စိတ်မချမ်းမသာဖြစ်နေစဉ် ရှင်ဖြူဘုရားသည် ကောင်းကင်သို့ တည်ပြီး
''အလောင်းစည်သူ ငါ့ကို ယူလော'' ဟု မိန့်ကြားပြီး လှေတော်ပေါ်တွင် စံပယ်လေသည်။

ထိုအခါမှ အလောင်းစည်သူ ဟူသောနာမည်ထွင်လေသည်။ မင်းကြီးလည်း ခရီးဆက်လာရာ
မလ္လာယုကျွန်း (မလေးရှားကျွန်းဆွယ်) သို့ရောက်သော် နတ်ဘီလူးအပေါင်းတို့သည်လည်း
မင်းကြီးကိုကြည့်ကြလေသည်။ထိုအခါဘီးလူးမသည်မင်းကြီးကိုအကြည့်လွန်ပြီးသူ၏သားရေထဲ
ကျသွားလေသည်။ ဘီးလူးလည်း သူ၏ တန်ခိုးဖြင့် မစွမ်းနိုင်သဖြင့် အော်ဟစ်လေသည်။

မင်းကြီးလည်း နတ်တို့အော်သံကို ကြားသော် ငါသို့သောမင်း ကိုလာရောက်ကြည့်ရူပြီး ဘီလူးမ
သား ရေထဲကျသည်ကို သမုဒ္ဒရာစောင့်နတ်တို့သည်အတိုင်းနေရသလော ဟု ဆိုပြီး ရေပြင်ကို
ကြိမ်ဖြင်ရိုက်လေသည်။ နတ်တို့လည်း ဘီလူးမသားကို ဆယ်ယူပေးလေသည်။ မင်းကြီးလည်း
ခရီးဆက်ပြန်လေသည်။
----------------------------------------------------------
(အလောင်းစည်သူမင်း မာရ်အောင်ကျွန်းသို့ရောက်ပုံ)



(ဇမ္ဗူဒိပ်ကျွန်း တည်နေဟန်၊မြင်းမိုရ်တောင်၊အစောင့်အရှောက်နှင့်ငါးကြီးအာနန္ဒာ၊)



(တာဝတိသာနတ်ပြည်ပုံပန်းချီ )

အလောင်းစည်သူမင်းလည်း နေပြည်တော်သို့ ခရီးနှင်လာပြီး မာရ်အောင်ကျွန်းသို့ခရီးနှင်လာ
လေသည်။ မာရ်အောင်ကျွန်းကို အစိုးရသောမင်း၏ အမတ်တို့လည်း မာရ်အောင်မင်းကို လျှောက်ထားကြလေသည်။'' နက်ဖြန်သည် ပေါက္ကရာမပြည်ကြီး ကိုအစိုးရသော နရပတိစည်သူ
အမည်ရှိသော မင်းကြီးသည်ရောက်တောမူလတ္တံ့၊ ထိုမင်းနှင့် ထိုက်သော ဆက်ကပ်စရာ
ပဏ္ဏာကာရတို့ကို စီမံတော်မူမှ သင့်မည် ထင်သည်'' ဟူ၍ လျှောက်ကြကုန်လေသည်။

မာရ်အောင်မင်းလည်း ယခု ကြွရောက်တော်မူသော မင်းကြီးကို ငါရှိခိုးရမည်လော ဟု
မေးလေသော် အမတ်တို့ကလည်း ဘုန်းကြီးသောမင်းကို ရှိခိုးသင့်ကြောင်း ပြန်လျှောက်
လေသော် မာရ်အောင်မင်းလည်း''သူ့ကို ရှိခိုးသည်ထက် သေသည်က မြတ်၏ ဟုဆိုပြီး
အိုးစရည်းကို လည်ဝယ်ဆွဲပြီး ရေတွင်ဆင်း၍ သေလေသည်။ အလောင်းစည်သူမင်းကြီးလည်း
မာရ်အောင်မင်း ဆင်း၍ သေရာအရပ်တွင် လှေတော်ဆိုက်မိလေသည်။

မာရ်အောင်မင်း၏အမျှုးအမတ်တို့လည်းကြီးစွာသောလက်ဆောင်တို့ဖြင့်ကြိုဆိုလေသည်။
အလောင်းစည်သူလည်း မာရ်အောင်မင်းကို မတွေ့၍ မေးလေသော် အမတ်တို့လည်း ဘုန်းကြီးသောအရှင်မင်းကြီးကိုရှိခိုးရမည်ကြောက်သောကြောင့်ရေ၀ယ်ဆင်း၍သေလေ
သည်ဟုလျှောက်ကြလေသည်။မင်းကြီးလည်းငါ့အဆွေတော်ဖြစ်သော မာရ်အောင်မင်းသည်
အဘယ်ကြောင့် ငါ ရောက်တော်မူသည်ကို အဖူးအမြင် မလာသနည်း ဟုရေကို ထိုးပြီး မိန့်သော် မာရ်အောင်မင်းလည်း အိုးစရည်းကို လည်ဝယ်ဆွဲလျက် ရှိခိုးပြီး ပေါ်လာလေသည်။

အမတ်တို့လည်း ဆယ်ယူပြီး ကောင်းစွာမြုပ်လေသည်။ မင်းကြီးလည်း ထိုမှ ခရီးဆက်သော်
တောအုပ်တစ်ခုသို့ရောက်လာလေသည်။ထိုတောအုပ်တွင်ကင်းကြီးတစ်ကောင်သည်ဆင်တို့က
ိုစားပြီးအစွယ်တို့ကိုအသိုက်လုပ်ပြီးနေလေသည်။မင်းကြီးလည်းထိုအသိုက်ကိုမြင်လျှင်ဟူးရားတို့ကို
မေးပြီးသော်ဆင်စွယ်တို့ကိုယူဆောင်လာလေသည်။ ကင်းကြီးလည်း မိမိအသိုက်ကို မတွေ့သော်
ရေထဲဆင်းပြီး အလောင်းစည်သူ နောက်လိုက်လေသည်။

သို့သော်အလောင်းစည်သူမှာဘုန်းကြီးသောမင်းဖြစ်သောကြောင့်မမီသဖြင့်ကင်းကြီးက
''ငါအသိုက်ဆောင်ယူသူသည် ဘုန်းကြီးသောသူ ဖြစ်တန်ရာသည် ထိုကြောင့် ထိုအစွယ်တို့ကို ငါသဏ္ဍာန်လှေလုပ်စီးစေသတည်း'' ဟု သစ္စာပြုလေသည်။ မင်းကြီးလည်း နေပြည်တော်ရောက်
်သော် ထိုကင်းအတိုင်းပြုလေသည်။
-----------------------------------------------------
(အလောင်းစည်သူမင်းတရုတ်ပြည်သို့စွယ်တော်သွားပင့်ခြင်းအကြောင်း)

အလောင်းစည်သူမင်းလည်း သိကြားအပ်သော သရက္ခန်ကိုလည်း ဘုရားရှင်ရုပ်တုတော်၅
ဆူထုပြီးဒက္ခိဏသာခါ ဗောဓိခက်ကို မျိုပြီးလျှင် သိကြားအပ်သော မွေတော် ၆ ဆူကို
သရက္ခနထုစမြတ်ပေါင်းမဉ္ဖူနှင့်တကွ၆ဆူတွင်ဌာပနာတော်မူလေသည်။ရှင်အရဟံလည်း''
မင်းကြီးနန်းတွင်ထား၍ကိုးကွယ်သည်ထက်သာသနာတော်၅၀၀၀တိုင်တိုင်ခပ်သိမ်းသောသတ္တ၀ါ
အပေါင်းတို့၏စီးပွားအလို့ဌာဘုရားရှင်သရီရဓာတ်တော်ကိန်းဝပ်တော်မူလိုသောဒေသတွင်
တည်ထားတော်မူ '' ဟုမိန့်လေသည်။

မင်းကြီးလည်း လှေဖြင့် ဘုရားကိုတင်ပြီး ''ဘုရားရှင်စံတော်မူလိုသော ဒေသရောက်လျှင်
ကြီးစွာသော နိမိတ်ပြစေသတည်း'' ဟု ဓိဌာန်တော်မူပြီး လှေကို ဆန်တော်မူသော် ကွမ်းရွာအရပ်
်သို့ရောက်လျှင် များစွာသော ငှက်တို့က ကောင်းကင်တွင် ပျံဝဲကြလေသည်။ မင်းကြီးလည်း
ဟူးရားတို့ကိုမေးလျှင် ဤအရပ်တွင် ဘုရားရှင်တော်စံပယ် တော်မူလိုသည် ဟုလျှောက်ကြားလေသည်။

မင်းကြီးလည်း ဆင်ဖြူပေါ်တွင် တင်လျက် လွှတ်လေသော် ဆင်ဖြူတို့လည်း ဘုရားအလောင်းတော
်တို့ ကျင်လည်ရာ အရပ်တွင် ရပ်လေသည်။ မင်းကြီးလည်း ကွမ်းရွာတွင်တစ်ဆူ၊ ပုခန်းတွင်တစ်ဆူ၊ ဆင်ကျိုးတွင်တစ်ဆူ၊ ရှင်တောင်မတွင်တစ်ဆူ၊ စေတီတည်တော်မူလေသည်။ မြတ်ပေါင်းမဉ္ဖူ
တစ်ဆူကိုကား ပုခန်းကြီးအရပ်တွင် သီလဂုဏ်တို့နှင့် ပြည်စုံသော ရဟန်းတော်တို့ကို အပ်ပြီး ကိုးကွယ်စေလေသည်။ ထိုနောက် မင်းကြီးသည် ဘုရား ပုထိုးတို့ကို တည်ထားပြီးသော်
တရုတ်ပြည်သို့ စွယ်တော်တောင်းရန် ချီတက်လေသည်။ ရောက်တော်မူလျှင် တရုတ်ပြည်ကို
အစိုးရသော ဦးတည်ဘွားက ထွက်ပြီး ဖူးတွေ့လေသည်။

ထိုနောက် မင်း ၂ ပါးလည်း ကြည်ကြည်သာသာ စကားပြောကြကုန်လေသည်။ ဦးတည်ဘွားလည်း အဆွေတော် အဘယ်အလိုဌာ ငါတို့တိုင်းနိုင်ငံသို့ ရောက်လာသနည်း ဟုမေးလေသော် မင်းကြီး
လည်း စွယ်တော်မြတ်ကို ဖူးတွေ့လိုသောကြောင့် လာသည်ဟု မိန့်လေသည်။ ဦးတည်ဘွားလည်း
လိုက်၍ပြလေသည်။ အလောင်းစည်သူမင်းလည်း စွယ်တော်ထားရာသို့ ရောက်လျှင် ရွှေပန်းခိုင်၊
ငွေပန်းခိုင် တို့ဖြင့် ပူဇော်ပြီး ကြွတော်မူရန် တောင်းပန်လေသည်။

စွယ်တော်မြတ်လည်း လက္ခဏတော်ကြီး ၃၂ ပါး၊ လက္ခဏတော်ငယ် ၈၀၊ ရောင်ခြည်တော်
ခြောက်သွယ် တို့ဖြင့် တန်ဆာဆင်ပြီး ပရိက္ခရာရှစ်ပါး လွယ်လျက် ကောင်းကင်တွင် ကြွတော်မူ
လေသည်။ မင်းကြီး တောင်းပန်သော်လည်း စွယ်တော်မှာမူ ကောင်းကင်မှ မဆင်းဘဲ နေတော်မူ
လေသည်။ ထိုအခါ ဦးတည်ဘွားမှ'' ဘုရားရှင်သည် သာသနာတော် ၅၀၀၀ တိုင်တိုင် ဤတိုင်းတွင် တည်ရစ်စေလတ္တံ ဟူ၍ ဘုရားရှင် ဗျာဒိတ်တော်ရှိသည် ပင့်တော်လည်း ကြွမည်မဟုတ် ''ဟုဆို
လျက် ကြီးစွာသော လက်ဆောင်၊လက်နက်တို့ကို ပေးလေသည်။ အလောင်းစည်သူလည်း
ဗျာဒိတ်တော်မရှိသဖြင့် နေပြည်တော်သို့ ပြန်လည်ကြွလာလေသည်။
---------------------------------------------------------
(အလောင်းစည်သူမင်းဘေးတော်တို့ကိုပြစ်မှားသဖြင့်မျက်လုံးတော်ကွယ်ခြင်း)

အလောင်းစည်သူမင်းသည် တစ်နေ့သော် ဤသို့ကြံ့တော်မူလေသည်။ ''ငါကား
ဘုန်းကြီးသောမင်း ဖြစ်၍ ဇမ္ဗုသပြေပင်ရင်းသို့ရောက်၍ သိကြားပေးသော သရက္ခန် ၁၅ ပိုင်း၊
ဒက္ခိဏသာခါ ဗောဓိခက်တို့ကိုလည်း ဘုရားရုပ်တုတော်ထု၍ ကိုးကွယ်ရသည်၊ သိန်းခိုကျွန်း၊
မလ္လာယုကျွန်း၊ မာရ်အောင်ကျွန်းသို့ ရောက်တော်မူ၍ အထူးထူးသော ရှူဖွယ်ကြည့်ဖွယ်တို့ကို
မြင်တော်မူရသည်၊ ဘေးတော်၊ဘိုးတော်တို့သည် ငါကဲ့သို့ ဘုန်းတော်ကြီးမည် မထင် ''
ဟူ၍ ၀စီကံ၊မနောကံ ပြစ်မှားတော်မူလေသည်။

ထိုခဏ၌ မျက်လုံးတော် ၂ ဖက် ကွယ်တော်မူလေသည်။ ထိုသို့ မျက်လုံးတော်ကွယ်သဖြင့်
ဟူးရားတို့အား မေးရာ''ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ကို ပြစ်မှားတော်မူသောကြောင့်
မျက်လုံးကွယ်သည်၊ဘေးတော်၊ဘိုးတော်တို့ကို ရွှေဖယောင်းတိုင်၊ငွေဖယောင်းတိုင်၊ပူဇော်ဖွယ်ရာ
တို့ဖြင့် ပြန်လည် တောင်းပန်ပူဇော်လျှင် မျက်လုံးတော် မြင်လတ္တံ့'' ဟုလျှောက်ကြလေသည်။
မင်းကြီးလည်း ပေါက္ကာရာမပြည် တည်ထောင်စ သမုဒ္ဒရာဇ်မင်းမှစ၍ ခမည်းတော် စောယွမ်းတိုင်
အောင် မင်း ၄၄ ဆက်တို့အရုပ်ကို ရွှေသွန်းပြီး အင်းပျဉ်ထက် ထားပြီးလျှင် ပူဇော်လေသည်။

ထိုသို့ ပူဇော်သောအခါ ပျူမင်းထီးအရုပ်၊အနော်ရထာမင်းစောအရုပ်၊ကျန်စစ်သားအရုပ် ၃
ရုပ်သာ ငုတ်လုပ် ထားမြဲအတိုင်းရှိသည်။ ကျန်သော မင်းရုပ်တို့မှာ တုံးရရုံး လဲလေသည်။
မင်းကြီးလည်း မျက်လုံးတော်ပြန်မြင်လေသည်။ ထိုနောက် ဘေးတော် အနော်ရထာစောအရုပ်၊
ဘိုးတော်စောလူးအရုပ်၊ ဘိုးတော် ကျန်စစ်သား အရုပ်၊ ခမည်းတော် စောယွမ်း အရုပ်၊ ဘေးတော်
သူရဲကြီး ညောင်ဦးဘီးအရုပ်၊ငထွေးရူး အရုပ်၊ ငလုံးလက်ဖယ်အရုပ်၊ တို့ကို ရွှေဂူကြီးဘုရား
အတွင်းဝယ်ကမ္ပည်းနှင့် ထားတော်မူလေသည်။
--------------------------------------------
(အလောင်းစည်သူ နတ်ရွာစံခြင်း)

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီးမှာ ဖခင်နှင့် မတည့်သဖြင့်
ထွန်တုံး ပူတက် ( ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ် ) တွင်ပြည်ရွာပြုပြီး နေလေသည်။
မင်းကြီးက သားတော်အလတ် နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား ကျန်စစ်သား၏အမတ်ဖြစ်သော ဓမ္မကျင်သမီး ဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး
နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။

အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် ၇၀ တိုင်တိုင် သာသနာတော်မြတ်
အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် ၈၅ ရောက်သော် သည်းသန်စွာ နာတော်မူသည်
ကို သားတော် နရသူက နန်းတော်မှ ချ၍ ရွှေဂူဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ '' င့ါနန်း မဟုတ်တကား '' ဟုမိန့်တော်မူလေသည်။
ကိုယ်လုပ်တော်တို့လည်း '' နန်းတော်မဟုတ် ကောင်းမူတော် '' ဟုလျှောက်ကြလေသည်။

မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသော် ကြီးစွာသော အမျက်ဖြစ်လျက်
ကိုယ်လုံးတော် မီးကဲသို့ ဖြစ်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် မင်းကြီးက
အမတ်တို့အား အမိန့်ပေးမည်ကို ကြောက်သဖြင့် ထိုညတွင် မင်းကြီးဆီသွားပြီး ခေါင်းအုံးဖြင့်
ဖိသဖြင့် နတ်ရွာစံလေသည်။
-------------------------------
(ရက်စက်သောနသူမင်းအကြောင်း)

အလောင်းစည်သူမင်းနတ်ရွာစံသော် သားတော်ကြီးဖြစ်သော မင်းရှင်စောသည် မင်းပြုအံ့ဟု
ဆိုကာ ပုဂံပြည်သို့ချီလာလေသည်။ ထိုအချိန်တွင် နရသူက ပုဂံတစ်ပြည်လုံး ဘုရားကဲ့သို့
ကိုးကွယ်သော သပိတ်သည်သား ပံ့သကူမဟာထေရ်ကို လျှောက်လေသည်။'' အရှင်ဘုရား နောင်တော်မင်းရှင်စောသည် ခမည်းတော်မရှိသောအကြောင်းကို ကြားတော်မူလျှင်
ရေအား၊ကြည်အား၊ ဖြင့်ချီလာတော်မူလေပြီ ကြာသော်ပြည်ထဲအရေး ဖြစ်လေပြီ၊
ကျွန်တော်မျိုးရှိသောကြောင့်ဓားတစ်စင်း၊မြင်းတစ်စီးဖြင့်သာအလျင်ကြွတော်မူ၍ကျွန်တော်
မျိုးနန်းတက်မည်ဖြစ်ကြောင်း''လျှောက်ထားလေသည်။ပံ့သကူမဟာထေရ်လည်း''ငါ ခေါ်၍
ရောက်သောအခါ မင်းမမြှောက်လျှင် ငါ အပြစ်ဖြစ်အံ့ ထို့ကြောင့် သင့်ကို ငါမယုံ'' ဟု မိန့်လေသည်။

နရသူလည်း ''နောင်တော် ရောက်လျှင် နောင်တော်ဓားကိုထမ်းပြီး နန်းတင်ပါမည်''ဟု
သစ္စာကြီးစွာပြုလေသည်။ (တချို့ ရာဇ၀င်တွင် ကုန်းပိုး၍ နန်းတက်သည် ဟုရေးသားကြပါသည်။)
ပံ့သကူမထေရ်လည်း နရသူ စကားကို ယုံပြီး မင်းရှင်စောကို ဖျောင်းဖြလေသည်။ မင်းရှင်စောလည်း မဟာထေရ်စကားကို ယုံပြီး မဟာထေရ်နှင့် အတူ နန်းတော်သို့လိုက်လေသည်။ လက်ပံဆိပ်သို့
ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ဆင်း၍ နောင်တော်ဓားကိုထမ်းပြီး
နန်းတင်လေသည်။

ဘိသိက်သွန်းပြီး ထိုညဥ့်တွင် စားတော်ဝယ် ဆေးခတ်သောကြောင့် မင်းရှင်စော အနိစ္စ ရောက်
လေသည်။ မင်းရှင်စော အနိစ္စရောက်သော် နရသူ နန်းတက်လေသည်။ ထိုသို့ ဆေးခတ်၍ အနိစ္စ ရောက်ကြောင်း ကြားလျှင် နန်းတော်သို့သွား၍ မင်းဆိုး၊မင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့
သောမကောင်းမူကိုမကြောက်၊ဤစည်းစိမ်ကိုရလျှင်နင်၏ခန္ဓာကိုယ်သည်မအို၊မသေပြီဟူ၍
မှတ်သည်လော၊လောကတွင်နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ
(ပုဂံခေတ်တုန်းကို ဆိုလိုသည်)ဟူ၍ မိန့်တော်မူလေသည်။

နရသူလည်း '' အရှင်မြတ်တို့ သစ္စာခံသည့်အတိုင်း နန်းတက်ပါသည် '' ဟုပြန်လည် လျှောက်တင်
လေသည်။ ပံ့သကူမထေရ်လည်း ''လူ့ပြည်တွင် နင့်ထက် ဆိုးရွား ညစ်ညမ်းသော သူ မရှိ ''
မိန့်တော်မူပြီးသိန်းခိုကျွန်းသို့ကြွလေသည်။နရသူသည်ရက်စက်ကြမ်းကြုတ်သောမင်းဖြစ်လေသည်။
မှူးမတ်၊တို့အပေါင်းလည်း ကြောက်ရွံ့ကုန်လေသည်။

တချို့ရာဇ၀င်တွင် နရသူ သည် ဘုရားရှင် တန့်ကြည့်တော်ဖျာတွင် ကြွတော်မူစဉ် နရသူအလောင်း
ကား တောင်စောင့်ဘီလူးဖြစ်ပြီး မြတ်စွာဘုရားကို အင်ဖက် ၃ ချပ် ကာဖူးသော ကြောင့်
မြတ်စွာဘုရားက ဤဘီလူးသည် နောင်သော် ဤပြည်ဝယ် မင်း ၃ ကြိမ်ဖြစ်လိမ့်မည်ဟု
ဗျာဒိတ်တော်မူသည်ဟုဆိုကြလေသည်။နရသူသည်မင်းဖြစ်လျှင်အလောင်းစည်သူပေးသော
ကြဘန်မင်းသမီးကိုလည်းကွပ်မျက်လေသည်။စွမ်းသန်သော ရဟန်းပျိုတို့ကို လူထွက်စေပြီး စစ်ထဲဝင်ခိုင်းလေသည်။ အချို့သော ရဟန်းတို့လည်း ကြောက်ရွံသဖြင့် သိန်းခိုကျွန်းသို့
ကြွလေကုန်လေသည်။

နရသူသည် သူ့လက်ထက်တွင် ကောင်းမူတော်ဖြစ်သော ဓမ္မရံကြီးကို တည်ခဲ့လေသည်။ သို့သော်ဓမ္မရံကြီးဘုရားသည် နရသူက အမျက်အစောင်းကြီးမားသောကြောင့်
သူတည်သော ဘုရားသည်ပုဂံတွင် အထုအထည်အကြီးမားဆုံး အဖြစ်ရှိစေခဲ့ပြီး လူပေါင်းများစွာ၊ပန်းရံဆရာပေါင်း များစွာကိုစတေးပြီး ဘုရားတည်ခဲ့လေသည်။
ဘုရားကြီးကိုလည်း စေ့စပ်သေချာလွန်းခဲ့သည်။ အဆိုအရ အပ်တစ်ချောင်း အုတ်ထဲ
ဝင်လျှင် ထိုနေရာ တာဝန်ယူသော ပန်းရံဆရာကို သတ်ပစ်လေသည်။

ထို့ကြောင့်နရသူသည်ရက်စက်ကြုမ်းကြုတ်သောမင်းအဖြစ်စာရင်းသွင်းခံရလေသည်။
ခမည်းတော်လက်ထက်ဆက်သလာသောကုလားမင်းကြီးသမီးသည်နရသူမင်းဖြစ်လျှင်
နရသူကိုလုပ်ကျွေးရလေသည်။(ကုလားမင်းသမီး)ဟူသည်သီဟိုဠ်မင်းသမီးတစ်ပါးဖြစ်
်ဟန်တူပါသည်၊သီဟိုဠ်ရာဇ၀င်တွင်ကမ္ဗောဇသို့ပေးပို့သည့်သီဟိုဠ်မင်းသမီး တစ်ပါးကို
ပုဂံဘုရင်က လမ်းခရီးမှ တော်ကောက်ကြောင်း ပါရှိ၏။ )

တစ်ရံတစ်ခါ နရသူသည် ရေအိမ်တက်ပြီး သန့်သက်ရေ မယူသည်ကို မင်းသမီး မြင်လေသော်
ရွံသဖြင့် မချဉ်းမကပ်နေသည်ကိုမင်းကြီးကအမျက်ထွက်သဖြင့်သန်လျက်ဖြင့်ခုတ်လေသည်။
ထိုအကြောင်းကိုခမည်းတော် ကုလားမင်းကြီး ကြားသော် ကုလားသူရဲကောင်း ရှစ်ယောက်
ကိုရွေးပြီး '' ဟယ်အချင်းတို့ ငါ့သမီးတော်ကို သတ်သောမင်း ရှိရာ ပုဏ္ဏားအယောင်အဆောင်၍
နင်တို့သတ်ချေ၊ ထိုမင်းသေလျှင် နင်တို့ ကိုယ်ကို သန်လျက်နှင့်ထိုး၍ သေကြလေ၊ နင်တို့
သား၊မယားတို့ကို သုံးစွဲမကုန်သော စည်းစိမ်ကို ပေးမည် ဟု ဆိုပြီးလွှတ်လေသည်။

သူရဲတို့လည်း ကုလားမင်းကြီး ဆိုသည့်အတိုင်း ခရုသင်းကို ခါးဝယ်ပိုက်လျက် ပေါက္ကာရာမသို့
လာလေသည်။ရောက်သော်မင်းကြီးသည်အလွန်ဘုန်းကြီးသောမူသောကြောင့်ကုလားမင်းကြီးမ
ှဘိသိက်သွန်းမင်္ဂလာယူစေရန်လွှတ်ကြောင်းလျှောက်လေသော်မင်းကြီးလည်းခွင့်ပြုသဖြင့်
ပတ်ပတ်ရံပြီးသော်မင်္ဂလာပြုဟန်လုပ်ပြီးမင်းကြီးကို သန်လျက်ဖြင့် ခုတ်လေသည်။ ကုလားတို့
လည်းမိမိကိုယ်ကို သန်လျက်ဖြင့်ထိုးပြီးသေလေသည်။မင်းကြီးလည်း အနိစ္စရောက်လေသည်။
ထိုအခါမှ သမိုင်းတွင် ကုလားလက်ထဲကျသဖြင့် ကုလားကျမင်းဟု ခေါ်ဆိုကြလေသည်။



(ဓမ္မာရံကြီးဘုရား )
---------------------------------------------------------------------------
သမိုင်းထဲကမြန်မာမင်းတို့ရဲ့ပုံရိပ်များ ဘလော့ထဲက ထပ်မံတင်ပြလိုက်ပါတယ်။

မျှဝေခံစာနိုင်ကြပါစေ။

*မြတ်လေးငုံ*

01 September 2009

*စောလူမင်း*

*စောလူမင်း*နန်းကျရခြင်းအကြောင်းကိုသမိုင်းထဲကပုံရိပ်များဘလော့ကနေ
ထပ်မံဖြန့်ဝေပေးလိုက်ပါတယ်။

သက္ကရာဇ် ၃၉၇ တွင် အနော်ရထာမင်း၏ သားတော်ဖြစ်သော စောလူးမင်းသား
နန်းတက်လေသည်။ စောလူးမင်းသား နန်းတက်သော် ပညာရှိတို့က
ကျန်စစ်သားမင်းကို ပြန်လည် ခေါ်ယူခိုင်းရန်လျှောက်ကြ သဖြင့်
စောလူးမင်းလည်း ခေါ်စေခဲ့သည်။ စောလူမင်းသား မိမိ ငယ်စဉ်ကတည်းက
အထိန်းသား ဖြစ်သော ငရမန်ကိုလည်း ဥဿာပဲကူးမြို့ကို ပေးသနားတော်မူလေသည်။
တစ်ရံရောအခါ မင်းကြီးနှင့်ငရမန် အန်ကစားကြရာတွင် ငရမန်နိုင်၍
လက်ခမောင်းခတ်လေသည်။ ထိုအခါ မင်းကြီးက နင် ငါ့ကို အန်တစ်ပွဲမျှ
နိုင်သည်ကို လက်ခမောင်းခတ်သည်ကား နင်ယောကျာ်း ဟုတ်နိုးသော်
နင်စားသော ပဲကူးနှင့် ပုန်ကုန်လေ ဟု မိန့်လေသည်။ ငရမန်လည်း
အကယ်လော ဟု မေး၏။ မင်းကြီးလည်း ငါတို့မင်း မည်သည်ကား မဟုတ်သော
စကားကို မဆိုဟု မိန့်ပြီး အတွင်းတော်သို့ ၀င်လေသည်။

ငရမန်သည် ကြံ၍နေသောသူဖြစ်သည်နှင့် မိမိ စားသော ပဲကူးသို့ သွားလေပြီးသော်
ရဲမက်ဗိုလ်ပါတို့ကို ကောင်းစွာ စုရုံးပြီး ပေါက္ကာရာမသို့ ချီလာလေသည်။
မင်းစောလူးလည်း ငရမန် ချီလာပြီဟုကြားသော် ရဲမက်၊ဗိုလ်ပါ၊တို့ကို စုရုံးပြီး
ကျန်စစ်သား ဖြင့် အလျင်ချီစေလေသည်။ မင်းကြီးကား နောက်တပ်မပြု၍
ချီတော်မူလေသည်။ ငရမန်လည်း ဤသို့ကြံ့လေသည်။ '' ကျန်စစ်သားသည်
စစ်အရာ၌ လိမ္မာလှသည်၊ ၀င်္က၀ုတ္တိဖြင့် စီရင်မှသာ အောင်မြင်လွယ်မည် ''
ဟု ကြံ့ပြီးသော် နှီးဖြင့် ဆင်ရုပ်၊လူရုပ်များကို လုပ်ပြီးသော် ၀ှက်ထားလေသည်။
ကျန်စစ်သား နှင့် မင်းစောလူးလည်း ငရမန် စခန်းချသော ပြည်တော်သာကျွန်းအနီးသို့
ရောက်သော် မိုးချုပ်သဖြင့် နံနက်မှ တိုက်မည်ဟု တပ်ချ၍ နေလေသည်။
ငရမန်လည်း ပရိယာယ်ဖြင့် စစ်ငင်သံ ပြု၍ ချီတက်လာဟန် လုပ်သည်ကို
ကျန်စစ်သားလည်း မစူးစမ်းမဆင်ခြင် ထွက်တိုက်လေသော် ရွှံတွင် ကျ၍
ကျွံကြလေသည်။ မင်းစောလူး၏ ဆင်တော်လည်း မထွက်နိုင်ဖြစ်သဖြင့်
ဆင်ထက်က ပြေးပြီး တောအုပ် တစ်ခု၌ ညောင်ခေါင်းတွင် ၀င်ပြီး နေလေသည်။
စစ်သည်တို့လည်း ပျက်၍ ပြေးရလေသည်။

ကျန်စစ်သားလည်း မြင်းနှင့် တစ်ညဥ့်လုံး လာခဲ့လေသည်။ မိုးသောက်တွင်
ပုဂံသို့ရောက်လေသော် မျှုးမတ်၊ တို့က ငါရှင် စောလူးမရှိပြီးသော် အရှင်မင်းကြီးမှ
တစ်ပါး ဤပြည်ကို စိုးအုပ်ထိုက်သူ မရှိပြီ ဟု ဆိုပြီး မင်းမြောက်တန်ဆာ
တို့ကို ဆက်လေသည်။ ကျန်စစ်သားလည်း'' ငါ့အရှင် ရှိ၊ မရှိ စူးစမ်းဦးမည်''
ဟု ဆိုကာ မင်းစောလူး သတင်းစုံစမ်းခိုင်းလေသည်။ မင်းစောလူးလည်း
စားတော် ၃ နပ် တိုင်အောင် မစားရသည် နှင့် ငတ်မွတ်တော်မူလှသောကြောင့်
ညောင်ခေါင်းမှ ထွက်၍ နေလေသော် ယောက်ျားတစ်ယောက် ထင်းခွေလာသည်ကို
မြင်သဖြင့် '' အဖိုးအတိုင်းမသိသော သည် လက်စွပ်ကို သင်ယူ၊ သည် ထမင်းထုပ်ကို
ငါ့အား ပေးပါ၊ ငါ့ကို တွေ့သည် ဟူ၍လည်း မပြောပါနှင့် '' ဟု နူတ်ပိတ်တော်မူလိုက်၏။
ထင်းခွေသော ယောကျာ်းလည်း ကတိပေးပြီး လက်စွပ်ယူကာ ပြန်လေသည်။
ထိုယောကျာ်ကား ငရမန်၏ တပ်သား ဖြစ်လျက် တပ်ထဲတွင် လက်စွပ်ကို
မပြရမနေနိုင်သဖြင့် ဟိုလူပြ၊သည်လူပြ ပြီး မည်မျှ တန်ကြောင်း မေးရာက
ငရမန်နားကြားသော် လက်စွပ်ကို ယူကြည့်သော် စောလူးမင်း လက်စွပ်မှန်းသိသဖြင့်
ထင်းခွေ ယောကျာ်အား စစ်၍ မေးလေသည်။

ယောကျာ်လည်း အလွန်နာကျင်သဖြင့် ပြောပြလေရာ စောလူးမင်းကို ဖမ်းမိလေသည်။
ကျန်စစ်သားလည်း ငရမန် စောလူးမင်းကို ဖမ်းမိသည် ဟု ကြားသော် အရှင်ကို
ကယ်ရန် ထွက်လာခဲ့လေသည်။ ကျန်စစ်သားလည်း စောလူးမင်းကို ငါ့အရှင်သား
ချမ်းမြေ့စွာလိုက်တော်မူ ဟူ၍ ပခုံးထက်တွင် တင်ပြီး ပြေးလေသည်။ စောလူးလည်း
ဤသို့ ကြံ့လေသည်။'' ကျန်စစ်သားသည် ငါ့ခမည်းတော်လည်း မျက်ဖူးသသူ၊
ငါလည်း မျက်ဖူးသသူ ဖြစ်သည်၊ ငါ့ကိုသတ်လို၍ ခိုးသည်ဟု ထင်သည်၊ ငရမန်မူကား
ငါ့အထိန်းသားဖြစ်လျက် ငါ့ကို မသတ်တန်ရာ ဟူကြံပြီးသော် ကျန်စစ်သား
ငါ့ကို ခိုးသည်'' ဟူ၍ အော်လေသည်။ ကျန်စစ်သားလည်း မင်းဆိုးမင်းညစ်.....
မွန်တို့လက်တွင် ခွေးသေ၊၀က်သေ၊ သေရစ်လေတော့ ဟုဆို၍ ပစ်ခဲ့လေသည်။
ငရမန်စစ်သည်တို့ လိုက်သောကြောင့် ရေသို့ဆင်းပြီး အနောက်ဘက်သို့ ကူးလေသည်။
ယင်းသောအခါ ပင်ပန်းစွာ ရှိသည်ကို ကျွန်းငယ်တွေ့သဖြင့် တက်ပြီးနားလေသည်။

ထိုနောက် လှေငယ်တွေ့သော် အောင်သာ တစ်ဖက်သို့ သွားလေသည်။ ဤတွင်
မင်းမဟာဂီရီနတ်က ကျန်စစ်သားအား ကျွန်းများ၊လှေငယ်များ ဖန်ဆင်းပြီး
ကူညီကြောင်း တစ်ချို့ ရာဇ၀င်များ တွင် ဆိုထားလေသည်။ ငရမန်လည်း
စောလူးမင်းကို ပျူမင်းထီး ငှက်ကြီးခေါင်းမြှပ်ရာအနုရာဓ ဟူသောအရပ်တွင်
ကွပ်လေရာ ကံကုန်လေသည်။ စောလူးမင်းသည် နန်းကို စံသော သက်တမ်းတွင်
အနော်ရထာ တည်ခဲ့သော ရွှေစည်းခုံကိုလည်း ဆက်မတည် တစ်နေ့တစ်လုံး
ပျော်ပွဲရွှင်ပွဲ များဖြင့်သာ သေစားပျော်ပါးခဲ့လေသည်။ ယခု ကျန်စစ်သား
ကယ်သောအခါတွင်လည်း ဥာဏ်ပညာကင်းမဲ့စွာဖြင့် အော်ဟစ်လေသေးသည်။
ထိုကြောင့် သမိုင်းဆရာများက စောလူးအား မင်းယုတ်၊မင်းညစ်၊မင်းညံ့ဟု ဆိုကြလေသည်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

*ပုံဂံခေတ် မင်းဆက်များ အကြောင်း*

*ပုံဂံခေတ် မင်းဆက်များ အကြောင်း*ကိုထပ်တင်ပြပေးပါမယ်။(သမိုင်းထဲကပုံရိပ်
များထဲ)ကပါဘဲထပ်ဖြန့်ဝေပေးလိုက်ပါတယ်။ပုံဂံခေတ်ကမင်းဆက်များကတော့
အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ နရသူမင်း၊
ကျစွာမင်း၊ နရပတိစည်သူမင်း၊ နရသီဟပတေ့မင်း၊ ကျော်စွာမင်း၊တို့ပါဘဲ။

အနော်ရတာမင်းပြုရခြင်းအကြောင်းအနော်ရထာမင်းစောသည် မိမိအလုံး
အရင်နှင့်ပြည်စုံသော် ပုဂံသို့ချီလာလေသည်။ နောင်တော်ကို နန်းကိုတည်း
ပေးမည်လော စစ်ကိုပြုမည်လောဟု စေတော်မူလေသည်။ စုက္ကတေးလည်း
ထိုစကား ကြားသော် ပြင်းစွာသော အမျက်ထွက်လျက် ''ခံတွင်းတွင်မျှ
နို့ဖတ်မစင်သေးသူဖြစ်လျက် ငါ့ကို တိုက်မည် အမတ် ဗိုလ်ပါတို့ ကြည့်၍သာ
နေစေ။ ငါနှင့် မြင်းတစ်စီးချင်း တိုက်မည် ''ဟူ၍ မြင်းနှင့်ထွက်လာလေသည်။
အနော်ရထာစောလည်း '' နောင်တော် ငါထက် ကြီးသသူဖြစ်သည်၊
အလျင်ထိုးလေ '' ဟု မိန့်လေသည်။ နောင်တော် စုက္ကတေးလည်း
ညီတော်ကို လှံဖြင့်ထိုးလေ၏။ သို့သော် အနော်ရထာက သကြားမင်းဆက်ထား
သော အရိန္ဒမာလှံဖြင့် ဆီးတားသဖြင့် လှံမှာ အနော်ရထာကို မထိပဲ မြေသို့ကျလေသည်။

စုက္ကတေးလည်း မိမိ ထိုးသော လှံချက်သည် ညီတော်သို့ မရောက်ဘဲ
မြေသို့ခသည်ကို မြင်သော် အလွန် ကြောက်ရွံခြင်း ပြင်းသည် ဖြစ်ပြီး
တုန်တခိုက် ရှိလေသည်။ ထိုအချိန် အနော်ရထာစောက အရိန္ဒာမာလှံဖြင့်
ထိုးရာ နောက်ကျောမှ အရှေ့ သို့ပေါက်ထွက်လေရာ စုက္ကတေး၏ မြင်းလည်း
လန့်သည်ဖြစ်ပြီး ပြေးလေရာ မြစ်ကမ်း နားတွင် အနိစ္စရောက်တော်မူလေ၏။
ထိုအရပ်ကို မြင်းကပါ ဟု ယခုတိုင်အောင်တွင်၏။ အနော်ရထာမင်း သည်
နောင်တော်ကို လုပ်ကြံ့ပြီးသော် ခမည်းတော်ကို မင်းလုပ်ရန်သွားပင့်လေသည်။
သို့သော် ခမည်းတော် က ငါ့ကား အသက်အရွယ်ကြီးပြီ၊အမောင်သာပြုလော ဟု
မိန့်လွှတ်လေ၏။ သက္ကရာဇ် ၃၆၄ တွင် အနော်ရထာမင်းစော နန်းတက်လေသည်။

အနော်ရထာမင်းသည် နောင်တော်ကို ငါ့သတ်မိသည်ဟု စိတ်ဆင်းရဲနေလေသည်။
ခြောက်လတိုင်အောင် ကောင်းစွာ စက်တော်မခေါ်နိုင်ပဲ ရှိနေလေသည်။ ထိုအခါ
သိကြားမင်းမှ လာ၍အိပ်မက်ပေးလေ၏။ မင်းကြီး နောင်တော်ကြီးအား
ပြစ်မှားမိသည်ကို ခေါင်းပါးစေ လိုသော် ဘုရား၊ဂူ၊ကျောင်း၊တန်ဆောင်း၊
ဇရပ်တို့ကို များစွာ ကုသိုလ်ပြု၍ နောင်တော်အား အမျှဝေလေ။
ထိုမှ တစ်ပါး ရေတွင်း၊ရေကန်၊ ဆည်မြောင်း၊လယ်ချောင်း တို့ကို
များစွာစီရင်လေဟု အိပ်မက်ပေးလေသည်။ ထိုအချိန်တွင် ပုဂံပြည်တွင်
ဗုဒ္ဓသာသနာတော်မထွန်းကားသေးပေ။

(မနူဟာဘုရား )

အနော်ရထာမင်းစော လလ်ထက်တော်၌ ပေါက္ကာရာမ ဟု တွင်လေ၏။ ထိုပြည်တွင်
မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ သီတင်းသုံးသော အရည်းကြီးသုံးကျိပ်နှင့်
တပည့်ခြောက်သောင်းတို့ အဆုံးအမကိုခံ၍ မှား သောအယူ၌ တည်ကြကုန်၏။
ထိုအရည်းရဟန်းတို့ အယူဖြင့် အသီးသီးယူကြကုန်၏။ မိမိတို့ ဆန္ဒနှင့်လျော်စွာ
ကျမ်းပြု၍ လူတို့အား လှည့်ပတ်ဖြားယောင်း၏။ ထိုသူတို့ ဟောသောတရားကား
သူ့အသက်ကို သတ်မိသောသူ တို့သည် ပရိတ်ရွတ်သော် လွတ်၏။
မိဘကို သတ်မိသောသူသည်လည်း ထိုထိုသော ပရိတ်ကိုရွတ်လျှင် ပျောက်၏
ဟုစသဖြင့် မဟုတ် မတရားသော အဓမ္မတို့ကို ဓမ္မဟူ၍ ဟောကြား၏။

ထိုမှတစ်ပါး မင်းမှ အစပြု၍ ပြည်သူတို့ သားသမီးတို့ကို ထိမ်းမြားမင်္ဂလာ
ပြုအံ့သောအခါ ဆရာတို့အား ပန်းဦးပေးသည်ဟူ၍ ညဦးက ထိုသူတို့ အထံသို့
ပို့ရလေ၏။ မိုးသောက်မှ လွှတ်၍ ထိမ်းမြားရလေသည်။ ထိုသို့ မပြုသော်
ကြီးစွာသော အပြစ်ကို ခံရမည်ဟူ၏။ ဤသို့ မဟုတ်မတရားသော အကြောင်းတို့ကို
မင်းကြီး သည် ပါရမီတော် ရှိသည် နှင့် အညီယုံတော် မမူချေ။ အားပေးခြင်းလည်း မပြုပေ။ နေရင်းတိုင်းနေသော် တစ်နေ့၌ မုဆိုးတစ်ယောက် လူရိုင်းတစ်ဦးကို ဖမ်းမိလာကြောင်း
မင်းကြီးကို လျှောက်တင်လေသည်။ ထိုသူကား ရှင်အရဟံပင်ဖြစ်သည်။

အနော်ရထာမင်းလည်း ရှင်အရဟံကို တွေ့သော် လူရိုင်းမဟုတ်တန်ရာ
မြင့်မြတ်သောလူဖြစ်တန်ရ၏။ မြင့်မြတ်သောသူ မှန်လျှင် မြင့်မြတ်သော
နေရာတွင် ထိုင်လိမ့်မည်ဟု ကြံ့စည်လျက် အဆွေ သင့်တယ်လျောက်ပတ်သော
နေရာတွင် ထိုင်ပါလော ဟု မိန့်လေသော် ရှင်အရဟံက ရာဇပလ္လင်ပေါ်သို့
သီးတင်းသုံးလေသည်။ မင်းကြီးလည်း အလွန်ကြည်နူးလျက် ငါ့ရှင်ကား
အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူသနည်း၊ ဘယ်အရပ်မှ ကြွလာတော်မူသနည်း၊
အဘယ်သူ၏ အဆုံးအမကို ခံယူတော်မူသနည်းဟု မေးတော်မူ၏။ ရှင်အရဟံလည်း
ငါ့၏ အမျိုးအနွယ်ကား ဣတိပိသော အစရှိသော ဂုဏ်တော် ၉ ပါး၊ ဣဿရိယ
အစရှိသော ဘုန်းတော် ၆ပါး၊ ဥာဏအစိန္တေယျ အစရှိသော အစိန္တေယျ ၄ ပါးနှင့်
ပြည်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ အမျိုးအနွယ်တည်း ဟု မိန့်လေသည်။

အဘယ်သူ၏ အဆုံးအမကို ခံသနည်း ဆိုရာတွင် သမ္မာသမ္ဗုဒ္ဓ အမည်တော်
ရှိသော ဘုရားသခင်၏ ဟောတော်မူအပ်သော နူးညံ့သိမ်မွေ့ ခဲခက်နက်နဲလှသော
ဒေသနာတော်မှ လာသော အဆုံးအမတော်ကို ခံသည် ဟူ၍ မိန့်တော်မူလေသည်။
အနော်ရထာမင်းလည်း အလွန်ပီတိသောမနဿ ဖြစ်လျက် တရားဟောရန်
လျှောက်တင်လေသည်။ ရှင်အရဟံလည်း သီရိဓမ္မာသောကမင်းကြီးအား
နိဂြောဓသာမဏေ ဟောတော်မူသော အပ္ပမာဒ အစရှိသော တရားတော်ကို
ဟောတော်မူလေသည်။

ထိုအခါ မင်းကြီးလည်း ယခုဘုရားရှင် ဘယ်အရပ်တွင် သီတင်းသုံးသနည်း၊
ဘုရားရှင် ဟောတော်မူသောတရားကား အရေအတွက် မည်မျှနည်း၊
ဘုရားသခင်တပည့်သားတော်သည် ကားငါ့ရှင်မှ တစ်ပါး အခြားရှိသလောဟု
လျှောက်တင်လေသည်။ ထိုအခါ ရှင်အရဟံမှ ဘုန်းတော်ကြီးတော် မူသော
မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗန်ပြုတော်မူလေပြီ။ ဘုရားရှင် ဟောတော်မူအပ်သော
တရားတော် အရေအတွက်ကား ဓမ္မ၀ိနယ အားဖြင့် ၂ ပါး၊ ပိဋကတ်အားဖြင့် ၃ ပါး၊
နိကာယ်အားဖြင့် ၅ပါး၊ အင်္ဂါအားဖြင့် ၉ပါး၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိ၏။
ဘုရားရှင်၏ တရားတော်ကို ယခု သထုံပြည်တွင် ပိဋကတ်အစုံ ၃၀ ရှိ၏။ ငါမှတစ်ပါး ပရမတ္တသံဃာ၊သမ္မုတိသံဃာတို့သည် အများရှိကြကုန်၏ ဟူ၍မိန့်တော် မူလေသည်။

ထိုအခါ မင်းကြီးမှ ငါ့ရှင်မှတစ်ပါး ကိုးကွယ်မရှိတော့ပြီ။ ငါ့ရှင် အဆုံးအမကို
အကျွန်ုပ် ခံယူတော့ မည်ဟူ ၍ ရတနာအတိပြီးသော ကျောင်းတော်ကို
ဆောက်လုပ်လှူတော်မူလေသည်။ တိတ္ထိဖြစ်သော အရည်းတို့ အယူကိုလည်း
ပယ်တော်မူ၏။ ထိုအခါ မင်းနှင့် ပြည်သူအပေါင်းတို့လည်း ကောင်းသောတရား၌
တည်ကြကုန်လေသည်။

ရှင်အရဟံလည်း အနော်ရထာမင်းစောအား ဤသို့မိန့်ကြားလေသည်။ ဘုရားရှင်
သာသနာတော် ၃ ပါးတွင် ပရိယတ္တိ သာသနာတော်ရှိမှ ပဋိပတ္တိ သာသနာတော် ဖြစ်နိုင်သည်။ ပဋိပတ္တိသာသနာတော် ဖြစ်မှ ပဋိဝေဓ သာသနာတော်ဖြစ်သည်။ ပရိယတ္တိဟူသော
ပိဋကတ် ၃ ပုံလည်း မရှိချေသေး၊ ဘုရားရှင် သရီရဓာတ်တော်၊ မွေတော်လည်း
မရှိချေသေးဖြစ်သည်။ မွေတော်၊ဓာတ်တော်၊ ပိဋကတ်ကျမ်းဂန်ရှိသော
ပြည်ရွာတိုင်းကားသို့ လက်ဆောင်များနှင့် တောင်းစေ၍ ရသည်ဖြစ်မှ
သာသနာတော် အစဉ်ရှည်စွာ တည်ရာသည် ဟူ၍ မိန့်တော် မူလေသည်။
အနော်ရထာမင်းစောလည်း အဘယ်တိုင်းနိုင်ငံ၌ တောင်းသော် ရလတ္တံ နည်း
ဟူ၍ လျှောက်လေ သော် ရှင်အရဟ့လည်း သထုံပြည်တွင် ပိဋကတ် ၃ ပုံ ကို
တစ်စုံ ခေါ်၍ အစုံ ၃၀ ရှိ၏၊ မွေတော်၊ဓာတ်တော် လည်းများစွာ ရှိ၏ ဟု မိန့်လေသည်။

မင်းကြီးလည်း လက်ဆောင်များစွာ စီရင်တော်မူပြီး လိမ္မာသော အမတ် တစ်ယောက်ကို
သာယာချေငံစွာသော စကားဖြင့် သထုံပြည်သို့ စေ၍ တောင်းစေ၏။ သို့သော်
သထုံမင်းသည် မကောင်းသော စကားများကို ပြန်လည် မချေမငံပြောလွှတ် လေသည်။
ထိုစကားကို အနော်ရထာမင်းကြားသော် ကြီးစွာသော အမျက်ဖြစ်လျက်
နိုင်ငံတော်ရှိ သူရဲသူခက် အပေါင်းတို့ကို စုရုံးလျက် ရေကြောင်း၊ကြည်းကြောင်း ဖြင့်
သထုံမြို့သို့ ချီတော်မူလေသည်။ ရာဇ၀င် တချို့တွင် အနော်ရထာ၏ စစ်သည်တော်များသည်
အလွန်များပြားပြီး ရှေ့ကချီသော တပ်များ သထုံကျေးရွာနား ရောက်သော်လည်း
ပုဂံမှ တပ်ထွက်၍ မကုန်သေးဟု ဆိုကြလေသည်။

သထုံမင်းလည်း အနော်ရထာတပ်ချီလာပြီဟုကြားသော် ကြောက်လန့်ပြီး
မြို့ကိုအခိုင်အမာပြုလေသည်။ သထုံမြို့ကား ပယောဂ အစီအရင်များဖြင့်
စီမံထားသဖြင့် အနော်ရထာတပ်များ မ၀င်နိုင်ရှိနေလေသည်။ အနော်ရထာမင်း လည်း
အစီအရင်ကြောင့်ဟု ကြားလျှင် မိမိနားတွင် အမူထမ်းနေသော ပန်းဆက်ကုလားကို
ခေါ်ယူကာ မေးမြန်းလေသော် ကုလားမှ သထုံပြည့်ရှင်က သူ၏အစ်ကို
ခန္ဓာအစိတ်အပိုင်းများကို ဖြတ်ပိုင်းပြီး မြို့အနှံတွင် မြုပ်နှံထားသော
ကြောင့်မ၀င်နိုင်ခြင်းဖြစ်ကြောင်း လျှောက်ထားလေသည်။ မင်းကြီးလည်း
ထိုကုလားအား ခန္ဓာအစိတ်အပိုင်းများကို သင်ယူဆောင်နိုင်လော ဟု မေးသော်
ကုလားမှ ယူနိုင်ကြောင်း ပြန်လည် လျှောက်ထားလေသည်။ ထိုနောက်ကုလားသည်
သူ၏ အစွမ်းဖြင့် သူအစ်ကို ကိုရှာလေသော် နတ်စိမ်းဖြစ်နေကြောင်းတွေ့လျှင်
မေးမြန်းသော် သူအစ်ကိုမှ မြုပ်နှံထားသော နေရာတို့ကို ပြောပြလေသဖြင့်
ထိုကုလားမှ ထုတ်ဖော်နိုင်ပြီး အနော်ရထာမင်းကြီး ဆက်သလေသည်။

မင်းကြီးလည်း သမုဒ္ဒတွင် ပစ်ခိုင်းလေရာ သမုဒ္ဒရာရေသည် ထန်းပင်လောက်
တက်သည်ဟု ဆိုကြလေသည်။ မင်းကြီးလည်း အစီအရင်တို့ကို ဖယ်ရှားပြီးသော်
တိုက်လေရာ သထုံမြို့ကို ရလေသည်။ ထိုနောက် သထုံမင်းပိုင်ဆိုင်သော
ဆင်ဖြူ ၃၂ စီး၊ နှင့် ကျမ်းတက် ရဟန်းတော်များ ၊ ဓာတ်တော်များကို ပုဂံသို့
ပင့်ဆောင်လာလေသည်။ ထိုမျှမကသေး ပန်းပု၊ပန်းရန်၊ပန်းတမော့ အစရှိသော
ပညာရှင်အများအပြားကိုလည်း ပုဂံသို့ ခေါ်ဆောင်လာခဲ့လေသည်။
မနူဟာမင်းမှာ မိမိ၏ နူတ်ကြောင့် တိုင်းပြည်ပျက်ခဲ့ရသည်။ ပုဂံသို့ ရောက်သော်
မနူဟာမင်းကို မြင်းကပါအရပ်၌ ထားလေသည်။ မနူဟာမင်း၏ အာနုဘော်ကား
စကားပြောသော် ခံတွင်းမှ စက်ပြောင်ပြောင်ထွက်သည်ဟု ဆိုကြသည်။

အနော်ရထာမင်းစောလည်း မနူဟာမင်း အဖူးအမြင်လာ၍ ဦးချသောအခါ
ကြက်သီးမွေးညင်းထ၍ ထိတ်ထိတ်လန့်လန့် ရှိတော်မူချေ၏။ ရှည်လတ်သော်
မနူဟာမင်း ဘုန်းတန်းခိုးအာနုဘော်ကို ညံ့စေခြင်းငှာ မနောလင်ပန်းနှင့်
စားတော်ပြင်ပြီး သော် ဘုရားမှာ တင်စေ၍ ထိုစားတော်ဖြင့် မနူဟာမင်းကို
ကျွေးတော်မူလေ၏။ ကြာသော် မနူဟာမင်း၏ စက်ရောက်သည် ကွယ်လေသည်။
မနူဟာမင်းလည်း သံဝေဂကြီးစွာ ရလျက် နောင်နောင်ငါသည်သာလျှင်
သူတစ်ပါးနိုင်သောသူ ဖြစ်လို၏ ဟု ဘုရားတည်ကာ ဆုတောင်းလေသည်။
ယခုအခါ ပုဂံတွင် မနူဟာဘုရား ဟုယခုတိုင်ရှိလေသည်။

တစ်ရံသောအခါ '' ဥဿာပဲကူးသို့ ဂျွမ်းစစ်သည် အများချီလာသည်
စစ်ကူတော်မူပါ ဟု '' ဥဿာမင်းက အနော်ရထာကို လျှောက်လေသည်။
( ဂျွမ်းစစ်သည်ဆိုသည်မှာ ကမ္ဗောဒီးယား စစ်သည် ဖြစ်သည် )
အနော်ရထာမင်းလည်း စစ်သည် လေးသိန်း စေလွှတ်မည်ဟု မိန့်တော်မူပြီးနောက်
သူရဲကောင်း ၄ ဦး ဖြစ်သော ကျန်စစ်သား၊ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဘီး၊
တို့ကို စေလွှတ်လေသည်။ သူရဲကောင်း လေးဦးတို့လည်း ဂျွမ်းစစ်သည်တို့ကို
လေးစုကွဲအောင်လုပ်ပြီး စစ်သူကြီး တို့ကို ဖမ်းလျက် ဥဿာမင်းကို ဆက်လေသော်
မင်းကြီးလည်း အလွန်ဝမ်းမြောက်လှပြီး ဥဿာမင်းတို့အဆက်ဆက် ကိုးကွယ်သော
မြတ်စွာဘုရား၏ ဆံတော်မြတ်နှင့် ရွှေငွေလက်ဆောင်များအပြင် မိမိ၏ ချစ်လှစွာသော
ရွှေကဲ့သို့ အဆင်းရှိ သော မဏိစန္ဒာ အမည်ရှိ သမီးတော်ကို မင်းကြီးအား ဆက်သလေသည်။

သူရဲကောင်းလေးဦးတို့သည် အလှည့်ကျ မင်းသမီးကို စောင့်ရှောက်ပြီးသော်
ကျန်စစ်သားအလှည့်တွင် မင်းသမီးဖြင့် ချစ်ကြိုက်မိလေသည်။ ကျန်စစ်သားမှာမူ
မင်း၏သစ္စာကို စောင့်ထိန်းနိုင်ရန် ကြိုးစားသော်လည်း အချစ်ဆိုသော တဏှာကို
မလွန်နိုင်ရာ မဏိစန္ဒာဖြင့် ချစ်ကြိုက်လေတော့သည်။ နေပြည်တော်သို့ ရောက်သော်
အနော်ရထာသည် ကျန်စစ်သားနှင့် မဏိစန္ဒာ အကြောင်းကြားလျှင် ကြီးစွာသော
အမျက်ဖြစ်လျက် အရိန္ဒာမာလှံဖြင့် ပစ်လေရာ ကျန်စစ်သားကို မထိပဲ ချည်ထားသော
ကြိုးကို ထိလေသဖြင့် ကျန်စစ်သားလည်း လှံကို ကိုင်၍ ပြေးလေသည်။ ဤတွင်
တချို့ရာဇ၀င်များက မင်းမဟာဂီရီနတ်က ကျန်စစ်သားကို လှံလွှဲအောင်စောင့်ရှောက်
လိုက်ကြောင်းရေးပြီး တချို့က အနော်ရထာသည် ကျန်စစ်သားကို သားကဲ့သို့ချစ်မြတ်နိုးသဖြင့် အမတ်တွေရှေ့တွင် အပြစ်မပေးလျှင် အာဏာမကြီးရာဖြစ်သောကြောင့် ကျန်စစ်သားကို
လှံချက်လွှဲသည်ဟု ဆိုကြပါသည်။

ကျန်စစ်သားလည်း နန်းတော်မှ ထွက်ပြေးလေသည်။ နန်းစောင့်တို့လည်း
ကျန်စစ်သားပြေးသည်ကို မသိသမှ ပြုကြလေသည်။ မင်းကြီးမှ ကုလား ၈ ယောက်အား
ကျန်စစ်သားအား ဖမ်းစေရန် လွှတ်လိုက်လေသည်။ ကုလားတို့လည်း
ကျန်စစ်သားသည် တော်၏။ သူအိပ်ချိန်တွင် ငါတို့သူအား ဖမ်းအံ့ဟု အနောက်မှ
ဖြည်ဖြည်းလိုက်လာလေသည်။ တောစပ်သို့ရောက် သော် ကျန်စစ်သားသည်
မောပန်းသဖြင့် အိပ်မည်ပြုရာ လှံကို မြေသို့ ပစ်သော်လည်း မစိုက်ဖြစ်နေလေသည်။
ကျန်စစ်သားလည်း စိတ်တိုသဖြင့် တောထဲသို့ ပစ်လိုက်ပြီးနောက်၊ နောက်မှ
သွားကောက်မည်ဟု ကြံ့လျက် အိပ်လေသည်။ ထိုလှံကား ကုလား ၈ ယောက်တို့အား
စိုက်မိသကဲ့သို့ ဖြစ်လေသည်။ ကျန်စစ်သားလည်း နိုးရာထပြီး လှံရှာသော်
ထိုအခြင်းအရာကို မြင်လျှင် ငါ့သခင်သည်င့ါအား အမှန်ပင်သေစေလိုသည်ဟု
ကြံပြီး ကြောင်းဖြူအရပ်တွင် ရှောင်ပုန်းလေသည်။

အနော်ရထာမင်းသည် တိုင်းပြည်တစ်ဝှမ်းလှည့်ပြီး ဆည်မြောင်းများဖို့ခြင်း၊
ကန်ချောင်းများတူးဖူးခြင်းများကို နိုင်ငံတော် အနှံပြုလုပ်တော်မူလေသည်။
ထိုနောက် ဆည်မြောင်းတို့ကို တူးဖော်ပြီးသော် ပေစေ့ တို့ကို ဤသို့ အဓိဌာန်ပြီး
စိုက်လေသည်။ ငါသည် ပုဂံပြည်တွင် မင်းနောက်တစ်ကြိမ်ဖြစ်သော် ပေစေ့တို့သည်
အပင်ပေါက် စေသောဝ် ဟူ၍ စိုက်လေသည်။ တစ်ခါသော် မင်းကြီး နေတော်မူသော
တဲတော်အောက်တွင် ဖားငယ်တစ်ခု မြည်လေသည်။ မင်းကြီးလည်း ဖားငယ်မည်
ခြင်းသည် မည့်အကြောင်းနည်းဟု ဟူးရာဖြူ၊ဟူးရားညိုတို့ကို မေးလေသော်
ဖားဖိုသေ၍ ဖားမငယ်သည် လင်ကောင်ကို ပိုး၍ ငိုသည် ဟု နားတော်လျှောက်
်လေသည်။ မင်းကြီးလည်း ဤအကြောင်းကား အသို့နည်း ဟု မေးရာ ဟူးရားတို့ကို
ဘုန်းတော်ကြီးသော အရှင်သည် အရိမဒ္ဒနာ ပေါက္ကာရာမ နေပြည်တော် မရောက်မီ
ရန်သူလက်တွင် နတ်ပြည်စံရလိမ့်မည် ဟု လျှောက်လေသော် မင်းကြီးလည်း
ငါသို့သောမင်းအား ဤသို့လျှောက်ဝံ့ရသလောဟု ဆိုပြီး အပါးတော်အား တဲအောက်တွင်
်ကြည့်စေသော် ဖားမလင်ကောင်ပိုး နေသည်ကို တွေ့ရလေသည်။

မင်းကြီးလည်း မင်းတို့မာန်ဖြင့် ဟူးရားတို့ကို သံချင်းခတ်ထားလေသည်။
ယင်းသို့မှ စစ်အင်္ဂါလေးပါးနှင့်တကွ နေပြည်တော်ကို ပြန်လာလေသည်။
နေပြည်တော်သို့ ရောက်သော် မုဆိုးတစ်ယောက် ကအောင်သောမြစ်ခြေဟူသော
အရပ်တွင် ကျွဲရိုင်းတစ်ကောင်သောင်းကျန်းနေကြောင်း ဘုရင်ကို လျှောက်လေသော်
မင်းကြီးလည်း နှိမ်နင်းရန် ထွက်တော်မူလေသည်။ ကျွဲရိုင်းကို မြင်သော်
စီးတော်ဆင်ကို ချွန်းဖွင့်ပြီး လွှတ်တော်မူလေသည်။ သို့သော် ထိုကျွဲသည်ကား
ကျွဲအစစ်မဟုတ် အနော်ရထာ၏ အကုသိုလ်ကံကြောင့် ထွက်ပေါ်လာသော
ကျွဲဖြစ်လျက် ကျွဲကခတ်လေသော် မင်းကြီးလည်း ဆင်ဦးတွင်ပင် ကံကုန်တော်မူလေသည်


ပထမမြန်မာနိုင်ငံတော် တည်တော်မူသော သာသနာပြု အနော်ရထာမင်းလက်ထက်တွင် မြန်မာပြည်သည်ကား အနောက်သို့လားသော် ကုလားပြည်၊ အနောက်မြောက်ထောင်
့်သို့လားသော် ကတူး( တကောင်း၊ဗန်းမောက်ဒေသ)၊ မြောက်သို့လားသော် တရုတ်ပြည်၊ အရှေ့မြောက်ထောင့်သို့လားသော် ပန်းသေးပြည် (ပါရ်စီ Parsi လူမျိုးများ ဒေသ ) ၊
အရှေ့သို့လားသော် ယူနန်နယ်၊ အရှေ့တောင်သို့လားသော် ခမာလူမျိုးများနေထိုင်သော
ဒေသ အထိ နိုင်ငံတော်ကျယ်ပြန့်ခဲ့လေသည်။ အနော်ရထာလက်ထက် တွင်နိုင်ငံတော်ကို
ကောင်းမွန်စွာ ပြုပြင်နိုင်သည့် အပြင် ဗုဒ္ဓသာသနာသာသနာကိုလည်း အနော်ရထာမင်းက
တိုးတက်အောင် ပြုလုပ်ခဲ့မူကြောင့် သမိုင်းဆရာများက အနော်ရထာကို မင်းကောင်း၊
မင်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။

စောလူမင်းအကြောင်းထပ်မံဖော်ပြပါမည်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

31 August 2009

*အင်္ဂလိပ်တို့ကျူးကျော်စစ် နှင့် စစ်ရူံးဘုရင်သီပေါမင်း*


( မန္တလေးကျုံးရူခင်:)



(မင်းတုန်းမင်း)



(သီပေါမင်း-စုဖုရားလတ်နှင့်စုဖုရားလေး)


(မင်းတုန်းမင်းအုတ်ဂူ)



(သီပေါမင်းပါတော်မူပုံ )


ကျမတို့နိုင်ငံရဲ့ ဘုရင်အဆက်ဆက် အကြောင်းလေးတွေကို ကျမတို့တွေကသာဖတ်ခဲ့
သင်ခဲ့ ကြရတာပါ။ ကျမတို့တွေက မွေးဖွားခဲ့တဲ့ ရင်သွေးလေးတွေက
ဖတ်ခဲ့ကြ သင်ခဲ့ကြရမှာမဟုတ်ပါဘူး။ မိဘတွေက ကိုယ့်တိုင်းပြည်မှာ မင်းဆိုး မင်းညစ်
တွေက နည်းမျိုးစုံ ကိုသုံး ရက်ရက်စက်စက် နဲ့အာဏကိုသုံးပြီး မတရားအနိုင်ကျင့်
တာတွေကိုမခံနိုင်လို့ သူများတိုင်းပြည်မှာ နေနေရတဲ့ဘဝတွေမှာ ကျမ တို့ရဲ့
ဘုရင်အဆက်ဆက်သမိုင်းတွေကို သူတို့လေးတွေသိအောင်လို့ ကျမ တင်ပြလိုက်ပါတယ်။

ကျမလဲဒီသမိုင်းတွေကို ဖတ်ရတဲ့အချိန်မှာ တော်တော်လေးဝမ်းသာပါတယ်။
ကျမသားလေးကိုဖတ်ပြချင်လို့ပါ။ ဒါကြောင့်ကျမလိုဘဲ မိဘတိုင်းကလဲ
ကိုယ်သား ကိုယ်သမီးတွေကို အချိန်ရရင်ဖြင့် ဖတ်ပြစေချင်လို့
တင်ပြလိုက်ပါတယ်။(သမိုင်းထဲက မြန်မာပုံရိပ်များ )ဆိုတဲ့ ဘလော့ လေးထဲကနေပြန်လည်
ဖြန့်ဝေပေးလိုက်ပါတယ်။

ခုကျမတင်ပြပေးမှာက (ကုန်ဘောင်ခေတ်) ဘုရင်မင်းများထဲကနောက်ဆုံးမင်းဆက်ပါ။
အလောင်းမင်းတရား။ နောင်တော်ကြီး။ ဆင်ဖြူရှင်။ဘိုးတော်ဘုရား။ ဘကြီးတော်။
သာယာဝတီမင်း။ပုဂံမင်း။ မင်းတုန်းမင်း။ သီပေါမင်း။

(မင်းတုန်မင်း) ရဲ့သားတော်သီပေါမင်းအကြောင်းပါ။ မင်းတုန်းမင်းသည်
မိမိသားတော် မြင်ကွန်းပုန်ကုန်ပြီးနောက်မည်သည့်သားတော်ကိုမျှ ထီးနန်းအပ်ခြင်း
မရှိတော့ပေ။ ဤအချက်ကို ဆင်ဖြူမရှင်ကိုင်တွယ်ရန် အကြံကောင်းပေါ်လာသည်။
ဆင်ဖြူမရှင်သည်မယ်နု၏ သမီးပီပီထက်၏။ သူလိုချင်တာကိုရအောင်ယူလေ့ရှိသည်။

မင်းတုန်းမင်း နာမကျန်းစပြုလာသောအခါ ဆင်ဖြူမရှင်သည် ၀န်ကြီးဦးကောင်းနှင်
့်တိုင်ပင်ပြီးသူ၏သမီးနှင့် ရည်ငံနေသော သီပေါမင်းသားလေးကို နန်းတက်လိုသည်။
ဝန်ကြီးဦးကောင်းကလည်း နန်းတော်ကို အင်္ဂလန်ကဲ့သို့ပါလီမန် နှင့်ထားလိုသည်။
ဘုရင်ကို စည်းမျဉ်းခံစနစ်ပြောင်းလိုသည်။ ထိုကြောင့် ကိုင်တွယ်ရ လွယ်ကူသော
သီပေါမင်းသားလေးကို နန်းတင်ရန် သဘောတူလေသည်။ မင်းတုန်းမင်း
နေမကောင်းစပြုသောအခါ ဦးကောင်းသည် နန်းတွင်းနန်းပြင် မိမိလူများကို
အစောင့်အဖြစ်ထားလေသည်။

ထိုနောက်မင်းကြီးကို ကာကွယ်ရန်ဟုဆိုပြီး တပ်တော်များကို မင်းကြီး၏
နန်းပတ်လည် လှည့်စေလျက် မည်သည့်မင်းသားမျှ မင်းကြီးကို တွေ့ခွင့်မရ
အောင်လုပ်လေသည်။ ရာဇ၀င်တချို့တွင် မင်းတုန်းမင်းကို ဆင်ဖြူမရှင်က
အဆိပ်ခက်ခြင်းဖြစ်ကြောင်း ပြဆိုလေသည်။ ဤသို့မင်းတုန်းမင်း ရောဂါဝေဒနာ
ခံစားနေချိန် တွင် ဆင်ဖြူမရှင်က ဘုရင်အမိန့်ဖြင့် သားတော်များကိုဆင့်ခေါ်လျက်
ရှေ့မှောက်ရောက်သော် ဖမ်းလေသည်။


ထိုအခါ မိဖုရားတချို့က မင်းတုန်းမင်းထံသွားပြီး အကြောင်းစုံလျှောက်သော်
မင်းတုန်းမင်းမှ သားတော်သုံးပါးကိုခေါ်စေလျက်ဘုရင်ခံအဖြစ်စေလွှတ်လေသည်။
သို့သော်မင်းတုန်းမင်းနန်းဆောင်မှ အထွက် ဦးကောင်း၏ လူများက မင်းသားများကို
ဖမ်းဆီးလေသည်။ မင်းတုန်းမင်းလည်းမိမိသားတော်များ လည်း အဆင်ပြေပြီဟု
ထင်မှတ်ရင်းပင် နတ်ရွာစံလေသည်။

မိမိ၏ အမိန့်အား ဆင်ဖြူမရှင်တို့ ဖျောက်လိုက်သည်ကို မသိရှာပဲ
နတ်ရွာစံလေသည်။ ထိုနောက် ဆင်ဖြူမရှင်တို့သည် သီပေါမင်းသားကို
ချက်ချင်းနန်းလျာအဖြစ် ကြေငြာပြီး မင်းသား၊မင်းသမီးမှန်သမျှကို
ဖမ်းဆီးလေသည်။ နန်းတက်မည့်ဘုရင် လောင်းအတွက် လုံခြုံရေးဟု
အမိန့်တော်ထုတ်ပြီး မင်းသား၊မင်းသမီး ဆွေမျိုးများစွာတို့ကို ဖမ်းဆီးသဖြင့်
ကြေးတိုက်ပြည့်သွားသည်ဟု ရာဇ၀င်များကဆိုလေသည်။

ထိုအချိန် သီပေါမင်းသားမှာ ငယ်ရွယ်သည့် အပြင် မိမိမှာ ရဟန်းထွက်စဖြစ်သဖြင့်
မိမိ၏ချစ်သူ စုဖုလားလတ်ကိုသာ တွေ့ချင်လိုစိတ်သာ ရှိနေခဲ့သည်။
မိမိအား ဘုရင်ခန့်အပ်သည်ကိုပင် အလေးမထား၊ နှောင်တော်များအဖမ်းခံရသည်
ကိုလည်း မကြားပဲ နန်းတော်ထဲတွင်စုဖုရားလတ်ကလေးဖြင့် ပျော်နေတော့သည်။
ထိုနောက် နန်းတက်ပွဲကျင်းပ လေသည်။

နန်းတက်ပွဲတွင် စုဖုရားလတ်က မိမိ၏မောင်တော်ဖြင့်လက်ဆက်လိုသော်လည်း
ခွင့်မရခဲ့ပေ။ မိမိ၏ အစ်မတော် စုဖုရားကြီးဖြင့် မယ်တော်ဆင်ဖြူမရှင်က
စီစဉ်လေသည်။ ထိုအချက်ကို စုဖုရားလတ်လုံးဝ မကျေနပ်ပေ။ သို့သော်
အစဉ်အလာ ရှိသဖြင့် တိတ်တိတ်နေလေသည်။ နန်းတက်ပွဲ လုပ်ပြီးသော်
သီပေါမင်းနှင့် မိဖုရားခေါင်တို့ ပွဲကြည့်လေသည်။

ထိုအချိန် စုဖုရားလတ်ကစာရေးပို့သဖြင်သီပေါမင်းသားသည် ချက်ချင်း
ထကာ စုဖုရားလတ် အဆောင်သို့ ကြွလေသည်။ ထိုညကား နန်းတော်တွင်
ပျော်ရွှင်သံများ၏နောက်ကွယ် တွင် မည်သူမှ မသိသောလူသတ်ပွဲကြီးကို
ဆင်နွဲနေကြသည်။ မဟာဆီ၊မဟာနွယ်များကို မြေတူးကား အရှင်လတ်လတ်
မြေဖို့သတ်ကြလေသည်။

ထိုအစီအစဉ်ကို ဆင်ဖြူမရှင်က စေခိုင်းလေသည်။ မင်းသား၊ မင်းသမီး ပေါင်း( ၅၀)
ကျော်ကိုသတ်ပစ်လေသည်။ ထိုသတင်းကို ဘုရင်သစ်ဖြစ်သော သီပေါမင်းသည်
မကြား၊ မိမိအား ရုပ်သေးဘုရင်အဖြစ် ဦးကောင်းတို့ လုပ်နေသည်ကို မသိ
မိမိမှာမူ မိဖုရားစုဖုရားလတ်ဖြင့် ၆လကျော် နန်းတော်ထဲတွင် ပျော်မြူးနေခဲ့သည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့သည် ထီးနန်းစည်းစိမ်ကို စံနေတော်မူရင်း
စုဖုရားလတ်က ရိပ်မိလာသည်။ မိမိတို့သည် ဘုရင်နှင့်မိဖုရားဖြစ်လျက်
အဘယ်ကြောင့်အုပ်ချုပ်ရေးပိုင်းတွင် မပါဝင်ရသနည်းဟု သုံးသပ်ကာ
စုဖုရားလတ် အကြံ့အစည်ဖြင့် ဦးကောင်းထံမှအာဏာများကို
ဘုရင်ကပြန်လည်ယူလေသည်။

သို့သော် တိုင်းပြည်ကား ကောင်းစားလာသည်မဟုတ်သီပေါမင်းကား
စေတနာအလွန်ရှိသောမင်းဖြစ်ရာ သူ၏လက် အောက်ငယ်သားများ
မည်မျှပင်အကြွေးမပေးနိုင်ပါစေ မည်မျှပင် အသုံးအဖြုန်းကြီးနေပါစေ
မိမိ၏ မှုးမတ်တို့ကိုမင်းကြီးမှစိုက်ထုတ်ပေးသည်။ ထိုမျှမက ဇာတ်ပွဲတွင
်လည်း ငွေများကို စည်းမရှိစွာချီးမြှင့်သည်။

တစ်ခါတစ်လေ နန်းတော်တွင် အ၀တ်အထည် ငွေထုပ်များကို ပုံကာကြိုက်
သူယူစေ ဆိုပြီး နန်းတော်အလယ်တွင် ပုံထားလေ သည်။ နိုင်ငံတော်တွင်း
တွင်လည်း ကြီးနိုင်ငယ်နိုင်ဖြင့်မည်သည့်အရာကိုမဆို ကောင်းမွန်စွာ
အုပ်ချုပ်နိုင် ခြင်းမရှိခဲ့ပေ။ ထိုထဲတွင် စုဖုရားလတ်ကစိတ်ဆက်သည်။
သူလုပ်ချင်သည်ဆိုလျှင် ကောင်းကောင်းဆိုးဆိုး လုပ်သည်။ ဘယ်တော့မှ
နှောင်တ ရတတ်သော မိန်းမမျိုးမဟုတ်ပေ။

သူသည် ဘုရင်၏အချစ်တော်ဖြစ်သည့်အလိုက် နန်းတော်တွင်လည်း
ဘုရင်ကိုစုဖုရားလတ်ပြီးလျှင် အကုန်ပြီးလေသည်။ အရာအရာတိုင်း
စုဖုရားလတ်အလိုကျလုပ်လေသည်။ ဤသို့ မင်းညံ့မြန်မာပြည်ကို
အုပ်ချုပ်ပြီဆိုလျှင် အမြဲပြသာနာရှာတတ်သောအင်္ဂလိပ်တို့မှာ ပြသာနာ
ရှာလေသည်။ ဘုံဘောဘားမားသစ်ကိစ္စကိုအကြောင်းပြုပြီး
အင်္ဂလိပ်တို့ကျူးကျော်စစ်ကို ဆင်နွဲလေသည်။

အင်္ဂလိပ်တို့ ကျူးကျော်စစ်ဆင်နွဲလာသော် တိုက်ရန်မတိုက်ရန် နန်းတော်တွင်
ဆုံးဖြတ်ကြရာ စုဖုရားလတ်တို့က တိုက်လိုသည်။ ဦးကောင်း အင်္ဂလိပ်အလိုကျ
ပေးရန်ဘုရင်အား လျှောက်တင်သော်လည်းနောက်ဆုံး စုဖုရားလတ်တို့က
အနိုင်ရပြီး တိုက်ခွင့်ရလေသည်။

သို့သော် မြန်မာတို့မှာကနောင်မင်းသားမရှိတော့သည့် နောက်ပိုင်း
စစ်ရေးဘက်တွင် ပိုမိုနိမ့်ကျလာကာအင်္ဂလိပ်ကဲ့သို့ အဆင့်မြင့်
သေနတ်များကမသုံးနိုင်တော့ သဖြင့် ကျရှံးမြဲကျရှံးကာနောက်ဆုံး
အင်္ဂလိပ်တို့သည် နေပြည်တော်ကို လွယ်ကူစွာသိမ်းပိုက်နိုင်ခဲ့သည်။
သီပေါမင်းနှင့်မိဖုရားကိုလည်း အိန္ဒိယသို့ပို့ဆောင်ခံရလေသည်။

ဤသို့ မြန်မာထီနန်းကို ကောင်းစွာ မထိန်းသိမ်း နိုင်ခြင်းမှာ ကိုယ်ကျိုးရှာ
အမတ်များနှင့် မိမိကိုယ်အထင်ကြီးသောစိတ်၊ ထီးနန်းကို လောဘဖြင့်
လိုချင်သော စိတ်၊ ဘုရင်ကိုယ်တိုင်က အသိဥာဏ်မရှိသောကြောင့်သာ
မြန်မာထီးနန်းပျက်ကာအင်္ဂလိပ်လက်အောက် သို့ ကျရောက်သွားလေခြင်းဖြစ်သည်။

အင်္ဂလိပ်တို့သိမ်းပိုက်ပြီး မန္တလေးနေပြည်တော်ကား တစ်နေ့ တစ်ည တိတိ
သွေးစီးမူတွေဖြစ်ပွားခဲ့သည်။ခိုးမူ၊ဓားပြမူ၊ နေ့ခင်းကြောင်တောင် လူသတ်မူ၊
လုယုက်မူ စသဖြင့် ဖြစ်ပွားခဲ့သည်။အင်္ဂလိပ်တို့သည် မြန်မာ့ထီးနန်းကို
သိမ်းပိုက်ပြီးသော်လည်း အနယ်အနယ်အရပ်ရပ်က ပုန်ကန်သော
တိုင်းရင်းသားမျိုးချစ်တို့ကို လိုက်လံတိုက်ခိုက်ရသေးသည်။
သို့သော် မြန်မာတို့အရေးနိမ့်ခဲ့ ရသည်။ သီပေါမင်းက မြန်မာနိုင်ငံ
ရဲ့နောက်ဆုံးမင်းဆက်သာဖြစ်ပါတယ်။

ကျမတို့ မြန်မာတွေရဲ့သမိုင်း အမြဲရှိနေပါတယ်။ စစ်ခွေးများသမိုင်းလဲ ရာဇဝင်
ကြောင်းအမျိုးမျိုးနှင့် လာပါအုံးမည်။ သံဃာတော်များအား ရက်စက်စွာပြုလုပ်ခြင်း။
ကျောင်းသားများအား ရက်စက်စွာနှိပ်စက်ခြင်း။ ပြည်သူလူထုအား မတရားသဖြင့်
အနိုင်ကျင့်ခြင်းများကိုလဲ သမိုင်းကမနေပါ လာပါအုံးမည်။ လူတိုင်းမှာလဲ
ကိုယ်သမိုင်းကိုယ်ရှိကြပါတယ်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

*အမေအို*

အမေအို...။

နေညို နေလဲ......
ဝေ ဆဲ...ဇွဲ နဲ့ မာန်
ထက် သန် ဆဲ....

အို ..အမေ
ရီ ဝေ မျက် ဝန်း....နဲ့
သက် ပြင်း မ ချ.....
ပင် သက် ဘ ဝ ရှူ ရင်း.....

အမေ ကျန်း မာ ပါ စေ...
နေ ပါ ဦး အမေ..
ဒီ မြေ...ဒီ ခင်း..
ကြွင်း ရင်...ရန် ငုတ်
ဖြုတ် နှုတ် ဖယ် ရှား ဖို့...
အမေ့ ချွေး စို့ စို့...
သမီး တို့ အား ဖြစ် ဖို့...။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

29 August 2009

*မလေးရှား အချုပ်ခန်းရောက် မြန်မာများရဲ့ကျန်းမာရေးထိခိုက်*

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းမှ
မြန်မာ အလုပ်သမားများ ဆေးဝါး ကုသခွင့် မရသဖြင့် ကျန်းမာရေး
ဆိုးရွားလာနေကြောင်း သိရသည်။

အချုပ်ဆောင် တခုတည်းတွင် လူပေါင်း ၆၀ ခန့် ကျပ်တည်းစွာ နေရသည့်
အတွက် ရောဂါ ကူးစက်ရန် လွယ်ကူနေသည်ဟု အထိန်းသိမ်းခံ နေရသူ
တဦးဖြစ်သည့် ကိုသန်းထွန်းစိုးက ပြောသည်။

“ယားနာပေါက်တဲ့ လူတွေက ဆေးဝါး ကုသခွင့် မရှိပါဘူး၊ ကျနော်လည်း
၂ လလောက်ရှိပြီ ယားတာ။ လူတွေ အပြင်းအထန် ဖျားနာမှ ဆေးကုပေးတယ်၊
တပတ်မှာ ဆေးကုခွင့်က ၄ ယောက်ပဲ ရတယ်” ဟု ကိုသန်းထွန်းစိုးက ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းရေး စခန်းတွင် အသီးအရွက်များကို ကျွေးမွေးခြင်း မရှိဘဲ
ငါးဟင်းကိုသာ အဓိကထား ကျွေးသဖြင့် အာဟာရဓာတ် ချို့တဲ့နေကြကြောင်း၊
ဆပ်ပြာ မရှိသဖြင့် အများစုမှာ ယားနာများ စွဲကပ်နေကြောင်း ကိုသန်းထွန်းစိုးက ရှင်းပြသည်။

မြန်မာပြည်သားများသည် မလေးရှားတွင် လပေါင်းများစွာ ထိန်းသိမ်းခံနေရခြင်း
ဖြစ်သည်။ ၎င်းတို့ ကွာလာလမ်ပူ လေဆိပ် အနီး ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ ၂ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

အခြေအနေ ဆိုးရွားသည့် အချုပ်ခန်းများအတွင်း လူအများအပြား
ပိတ်လှောင်ခံထားရကြောင်း ထိန်းသိမ်းခံနေရသူ တဦးဖြစ်သည့် ကိုခိုင်မင်းက ပြောသည်။

“အလုံပိတ်ထားတော့ လမ်း မလျှောက် ရတာကြာပြီ၊ ပြင်ပက လေနဲ့ နေရောင်
မရတော့ ပိုဆိုးတယ်။ ကျနော်ကတော့ ခြေထောက်တွေ ယောင်နေတယ်” ဟု ကိုခိုင်မင်းက ပြောသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့်
ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့် ရှိနေသည်။ မြန်မာပြည်သားမှာ
အများစု ဖြစ်ပြီး အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု မလေးရှားမှ လာသည့်
AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိန်းသိမ်းခံ ထားရသူများ အတွက် နေရာ
ထိုင်ခင်း အလုံ အလောက် မရှိဟု ဆိုသည်။

တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ရက်အနည်းငယ်သာ ထိန်းသိမ်းရန် စီစဉ် တည်ဆောက်ထားသည့် ထိုစခန်းများတွင် မြန်မာပြည်သားများ သောင်တင်နေရခြင်းမှာ
မလေးရှားရှိ မြန်မာသံရုံး၏ အားနည်းချက် ဖြစ်ကြောင်း၊ သံရုံးက ထိန်းသိမ်းခံထားရသူ
မြန်မာတဦးထံမှ အချက်အလက် ရယူပြီး မှတ်ပုံတင်သည့် လုပ်ငန်း အတွက် ၆ လခန့်
အချိန်ယူလေ့ရှိကြောင်း AP သတင်းက ဆိုသည်။

ထို့ပြင် နေရပ်ရင်း ပြန်လည်ပို့ဆောင်ရန် ရင်းဂစ် ၆၂၀ (ဒေါ်လာ ၁၈၀ ခန့်)
ကောက်ခံသည်ဟု ဆိုသည်။

တခြား နိုင်ငံများမှ အလုပ်သမားများမှာ ဖမ်းဆီးခံရပြီး တပတ်အတွင်း
နေရပ်ရင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိသွားလေ့ ရှိပြီး မြန်မာ ပြည်သားများသာ
လပေါင်းများစွာ ချုပ်နှောင်ခံနေရခြင်း ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သည့် ၃ လ က Pulau Pinang ပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး ဌာန
ထိန်းသိမ်းရေး စခန်း တခုတွင် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ
တမျိုးကြောင့် မြန်မာ အလုပ်သမား ၂ ဦး သေဆုံး သွားသည်။

ထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်သည်ဟူသော သတင်းများလည်း
မကြာခဏ ထွက်ပေါ်လျက် ရှိသည်။ ထိုအခြေအနေများကြောင့် ပြီးခဲ့သည့်
လဆန်းပိုင်းက Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး
ဌာန (လဝက) အချုပ်ခန်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက
ထိုအချုပ်ခန်းမှ မြန်မာ အလုပ်သမား တချို့ကို ကွာလာလမ်ပူ လေဆိပ် အနီးရှိ
ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး
စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊
ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။

ကျမ ဧရာဝတီ သတင်းကနေဖတ်ပြီး ကျမစိတ်မကောင်းစွာဖြင့်
ထပ်တင်ပြလိုက်ပါတယ်။ကျမတို့မြန်မာလူမျိုးတွေဟာ ကိုယ်နိုင်ငံမှာ ဘဝရဲ့
ရပ်တည်ချက်ဆိုတာ မသေချာတော့ ရေကြည်ရာမြက်နုရာကို ခြေဆန့်ရတာလေ
မလေးရှားရောက်နေကြတဲ့ လူတွေရဲ့ မိသားစုတွေ ဒီသတင်းကိုကြားရရင်ဖြစ်
ဘယ်လောက်တောင်စိတ်သောက တွေပင်လယ်ဝေကြမလဲ ကိုယ်ချင်စာမိခဲ့ပါတယ်

ဘာဘဲဖြစ်ဖြစ် ကိုယ်နိုင်ငံမှာ စီးပွားရေး လုပ်လို့မရလို့ မိသားစုဝမ်းစာကို
နိုင်ငံရပ်ခြားမှာ လာပြီးစီးပွားရှာနေရတဲ့မြန်မာဘဲဖြစ်ဖြစ်။ကိုယ်နိုင်ငံမှာနေပြီး
စစ်ခွေးတွေရဲ့ ခြိမ်းခြောက်မှုတွေခံနေရတဲ့ မြန်မာဘဲဖြစ်ဖြစ်။ကိုယ်နိုင်ငံသား
တွေကို စာနာမိတာတော့အမှန်ပါဘဲ။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

28 August 2009

*အဆစ်အမြစ် ယောင်ခြင်း နာခြင်း*

*အဆစ်အမြစ် ယောင်ခြင်း နာခြင်း* အကြောင်းလေးကိုတင်ပြလိုက်ပါတယ်။
ကျမကိုယ်တိုင်ဒီရောဂါကိုခံစား နေရတဲ့သူတစ်ဦးပါ။ ကျမဒီရောဂါကို အသက် (၂၄)
ထဲက ခံစားခဲ့ရပါတယ်။ယနေ့ထိပါဘဲ လုံးဝအရှင်းမပျောက်ပါဘူး။(၁၃နှစ်-၁၄နှစ်)လောက်ရှိပါပြီး
ဒီရောဂါ ဖြစ်နေရင် လက်တွေရောင် ခြေထောက်တွေရောင် မျက်နှာတွေရောင်
တတ်ပါတယ်။လက်တွေကိုက်ခြေတွေကိုက် တော်တော်ခံစားရပါတယ်။
မိုးတွင်းဆိုရင်ပိုဆိုးတတ်ပါတယ်။ မိုးရေကိုမထိမိကြပါနဲ့ ကျမကိုယ်တွေ့ပါ။
ကျမဆိုမိုးမိလိုက်တာနဲ့ လက်ဆစ်တွေရောင် ခြေဆစ်တွေရောင် တော့တာပါဘဲ။
ကျမမှာ ဒီရောဂါနဲ့ဆီးချိုရောဂါ နှစ်မျိုးရှိပါတယ်.ဆီးချိုရောဂါ သိကောင်းစရာ
လေးကိုလဲ နောက်တင်ပြပေးပါအုံးမယ်။ကျမဖတ်ထားတဲ့
အကြောင်းအရာလေးတွေကို မျှဝေလိုက်ပါတယ်။


အင်္ဂလိပ်လို Arthritis ဆိုတဲ့စကားဟာ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊
တောင့်တင်းခြင်း နဲ့ ယောင်ကိုင်းလာခြင်း စတာတွေ အားလုံးကို
ယေဘူယျခြုံပြောလိုက်တာပါ။ တဆစ်ပဲနာနာ နှစ်ဆစ်ပဲနာနာ
အဆစ်နာရောဂါပါပဲ။ ဆရာဝန်များ ယခုအချိန်ထိ ရှာဖွေတွေ့ရှိ
ထားသလောက်ဆိုရင်တော့ အဆစ်နာရောဂါပေါင်းဟာ ၁၀၀ ကျော်ကျော်ရှိပါသတဲ့။
အဆစ်နာရောဂါဟာ ဘယ်လောက် အဖြစ်များ သလဲဆိုရင်
ကမ္ဘာပေါ်က လူ ၅ ယောက်မှာ ၁ ယောက် နှုန်းဖြစ်နေပါတယ်။
အဆစ်နာအမျိုးပေါင်း ၁၀၀ ကျော်ထဲက အဓိက ဖြစ်လေ့ရှိတာကတော့
Osteoarthritis လို့ခေါ်တဲ့ပွန်းစားအဆစ်နာဖြစ်ပြီး နောက်တစ်ခုကတော့
မြန်မာပြည်မှာ သိပ်တွေ့ရလေ့မရှိသော်လည်း အနောက်တိုင်းအဖြစ်များတဲ့
Rheumatiod arthritis ခေါ် သွေးလေးဖက်နာပဲဖြစ်ပါတယ်။


ဝမ်းနည်းစရာကောင်းတာကတော့ အဆစ်နာရောဂါကို လုံးဝပျောက်ကင်းအောင်
ကုလို့ရတဲ့ ဆေးမရှိသေးပါဘူး။ ဆေးဝါးလေးနဲ့ နဲနဲထိန်း၊ တဖက်ကလည်း
လေ့ကျင့်ခန်းလေး ဘာလေးလုပ် စသည်ဖြင့်တော့ အဆစ်နာခြင်းကို သက်သာအောင် ကြံဖန်လုပ်နေကြရတာပါပဲ။ အဲဒီအထဲမှာမှ ကျန်းမာရေးအသိရှိခြင်း နဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းတို့ကလည်း အင်မတန်အရေးကြီးပါတယ်။


(အဆစ်နာခြင်းရဲ့လက္ခဏာများ)

အဆစ်နာခြင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
သို့သော် တချို့သော အဆစ်နာရောဂါတွေကတော့ ဒုတိယအရွယ်နဲ့
တတိယအရွယ်တွေမှာ ပိုအဖြစ်များကြပါတယ်။ အဖြစ်များတဲ့
ရောဂါလက္ခဏာတွေကတော့ -

- အချိန်ပြည့် အဆစ်ထဲမှ ကိုက်ခဲနေခြင်း နှင့် လှုပ်ရှားမှုပြုသည့်
အခါ ပိုဆိုးဝါးစွာနာခြင်း
- အဆစ်နှင့် အနီးတ၀ိုက်တွင် ယောင်ခြင်း၊ တောင့်ခြင်း၊ နီခြင်း၊ ပူခြင်း
- အဆစ်ကို ပုံမှန်အတိုင်း ကွေး ဆန့် မရတော့ခြင်း
- အဆစ် ၏ ပုံသဏ္ထာန် ပျက်ယွင်းသွားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အဖျားတက်ခြင်း
- အကွေးအဆန့်ပြုလုပ်ရာတွင် အဆစ်အတွင်းမှ ပုံမှန်မဟုတ်သော
အသံများထွက်ခြင်း စသည်တို့ပဲဖြစ်ကြပါတယ်။ ဒီရောဂါလက္ခဏာတွေကို
တချို့က လေးဖက်နာလက္ခဏာတွေလို့ သတ်မှတ်ပြီး ရောဂါကိုလည်း
လေးဖက်နာရောဂါလို့ နာမည်တပ်ကြပါတယ်။ တကယ်ကတော့
လေးဖက်နာရောဂါဆိုတာ အဆစ်နာရောဂါတွေထဲက အချို့ပါပဲ။


(အဆစ်ဆိုတာဘာလဲ)

အရိုးနှစ်ခုဆက်တဲ့နေရာဟာ အဆစ် ပေါ့လို့ လွယ်လွယ်ပြောရင်ရပါတယ်။
အဆစ်တစ်ခု လှုပ်ရှားနိုင်ဖို့ ဘာတွေပါရသလဲ ဆိုတာတော့ သိထားရင် ပိုကောင်းပါတယ်။

- Muscles ကြွက်သားများ - အဆစ်ဖြစ်ပေါ်စေသည့် အရိုးများနှင့်
ဆက်နွယ်နေသည့် ကြွက်သားများသည် လှုပ်ရှားမှု အတွက် အရေးကြီးပါသည်။
- Tendons အရွတ်များ - ကြွက်သားများ နှင့် အရိုးများကို ဆက် ထားသော
အရာကို အရွတ် ဟုခေါ်သည်။
- Ligaments အကြောများ - သည် အရိုးတစ်ခုနှင့် တစ်ခု အလွယ်တကူ
ပြုတ်မထွက်သွားရန် တွဲဆက်ထားပေးသည်။
- Cartilage အရိုးနု - များသည် အရိုး တစ်ခုနှင့်တစ်ခု တိုက်ရိုက်ထိတွေရာတွင်
ပွန်းစားမှုသက်သာစေသည်။
- Synovial membrane - အဆစ်အတွက် သဘာဝချောဆီ ကိုထုတ်ပေးသည်။
- Bursa - ကြွက်သားအချင်းချင်း အကြား၊ ကြွက်သားနဲ့ အရိုးကြား
အကြားလှုပ်ရှားမှုကောင်းစေသည်။


(အဆစ်နာရခြင်း အကြောင်း)

အပေါ်မှာပြောခဲတဲ့ အဆစ်တစ်ခုမှာပါတဲ့ ပစ္စည်းတွေ တစ်ခုခုဖြစ်ရင်
အဆစ်နာတော့တာပါပဲ။ သွေးလေးဖက်နာရောဂါ Rheuamtiod arthritis မှာဆိုရင် အဆစ်အမြှေးပါးယောင်လို့ဖြစ်တာပါ။ Ankylosing spondylosis ဆိုရင်တော့
ခြေဖနောင့်နဲ့ ခါးဆစ်တွေမှာရှိတဲ့ အရိုးနဲ့ ဆက်နေတဲ့ အရွတ်တွေ ယောင်လို့ဖြစ်တာပါ။
အဆစ်အတွင်း ပုံဆောင်ခဲ အနယ်ကျခြင်းကြောင့်ဖြစ်တဲ့ရောဂါကိုတော့ ဂေါက်ရောဂါလို့
အသိများကြပါတယ်။ အဆစ်တစ်ခုခုထဲကို အခန့်မသင့်ပဲ ရောဂါပိုးဝင်သွားခြင်းကြောင့်
လည်း အဆစ်နာနိုင်ပါတယ်။ အရိုးနှစ်ခု တိုက်ရိုက်မထိတွေ့ရအောင် ကြားခံထားပေးတဲ့
အရိုးနုတွေ ကာလကြာမြင့်သည်နှင့်အမျှ ပွန်းစားသွားသောကြောင့် ဖြစ်ရတဲ့
ပွန်းစားအဆစ်နာရောဂါကတော့ အဖြစ်အများဆုံးပါပဲ။ ထိခိုက်မိခြင်းကြောင့်
သော်လည်းကောင်း၊ အခြားသော အကြောင်းများကြောင့် သော်လည်းကောင်း အဆစ်နာခြင်းများဖြစ်တတ်ပါသေးတယ်။

(အဆစ်နာကုထုံးများ)

တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းမတူသလို ကုထုံးများလည်း
ကွဲပြားကြပါတယ်။ တစ်ယောက်ထဲတောင် တစ်ရက်နဲ့ တစ်ရက် ရောဂါလက္ခဏာ
အပြင်းအပျော့ခြင်း တူချင်မှတူမှာပါ။ ကုထုံးတွေလည်း အမျိုးမျိုး အဖုံဖုံ ရှိပါတယ်။

- လေ့ကျင့်ခန်းကုထုံး - အလေးမခြင်း၊ ရေပူနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ထိုက်ချိ
- အပ်စိုက်ကုခြင်း
- အထောက်အကူပစ္စည်းများ သုံးပြီးကုခြင်း
- တရားထိုင်ခြင်း
- ဆေးဝါးများ အကူအညီယူခြင်း - အကိုက်အခဲပျောက်ဆေး၊ လေးဖက်နာဆေး
စသည်တို့ဖြစ်ပါတယ်။
(ဆေးဝါး အမည်များကိုတော့ မဖေါ်ပြတော့ပါ။)

အဆစ်နာအတွက်ဆေးဝါးများသောက်မည်ဆိုပါက နီးစပ်ရာဆရာဝန်၏
ညွန်ကြားချက်ဖြင့်သာ သောက်ရန်ဖြစ်ပါတယ်။

(နိဂုံးချုပ်)

အဆစ်နာအကြောင်း အရှည်ကြီးပြောခဲ့ပြီးပြီ။ မမေ့ရမယ့် အချက်ကလေး ၃ချက်ပဲရှိပါတယ်။

- အဆစ်နာ ဆိုတာ အဆစ်နာတဲ့ ရောဂါအကုန်လုံးကို ယေဘူယျခြုံခေါ်ထားတာပါ။
- အဆစ်နာအမျိုးပေါင်း ၁၀၀ကျော်ရှိပါတယ်။
- အဆစ်နာအများစုမှာ နာကျင်ကိုက်ခဲတဲ့ အဆစ်ကို ငြိမ်ငြိမ်လေးထားမယ့် အစား
လှုပ်လှုပ်ရှားရှားလုပ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ နောင်တစ်ချိန်
အဆစ်တောင့်ခဲသွားခြင်းနဲ့ ကြွက်သားသိမ်သွားခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

//health.ngoinmyanmar.org/2008/06/blog-post_13.html

http://health.ngoinmyanmar.org/

မှဖတ်ပြီးတော့ တဆင့်ဖြန့်ဝေပေးလိုက်ပါတယ်။
မျဝေလိုက်ပါတယ်ရှင်။

*မြတ်လေးငုံ*

27 August 2009

*ဟောက်တတ်သူများ အတွက် ဟောက်ခြင်း အကြောင်း*

ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော
အသံဖြစ်ပါသည်တဲ့။ ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အိပ်နေတုန်း
အသက်ရှူတဲ့ အခါ ရှူသွင်း ရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်း
မရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာသွားရတဲ့လေဟာ
နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်
လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်း
ပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း တလျှောက် အသားပို
အဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊
အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။

အများသိကြတဲ့အတိုင်း ဟောက်တဲ့သူအတွက် ဟောက်ခြင်းဟာ တော်ရုံ
ဒုက္ခပေးလေ့မရှိပါဘူး။ သူဟောက်တတ်တယ်ဆိုတာတောင် သူ့ကိုယ်သူ
သိချင်မှသိမှာပါ။ အဲ.. ဒုက္ခရောက်တာကတော့ သူ့ရဲ့ အိမ်ထောင်ဖက်၊ မိသားစု၊ အိမ်နီးနားချင်းစတာတွေပေါ့ဗျာ။ ကိုယ်ကလည်း အိပ်မပျော်တဲ့ညမှာ
ဟောက်တတ်တဲ့သူက ဘေးမှာဆိုရင်တော့ .. ခံစားရပြီပေါ့။

ဟောက်ခြင်းထက် တဆင့်ပိုလာရင်တော့ အိပ်နေစဉ်လေငတ်ခြင်း
Sleep Apnoea ဖြစ်တတ်ပါတယ်။ ဒါကတော့ တော်တော်ဆိုးပါတယ်။
ကျဉ်းကျဉ်းကျပ်ကျပ် အသက်ရှူလေလမ်းကြောင်း နဲ့ အားပါးတရဟောက်ပြီး
အသက်ရှူနေရတဲ့ အချိန်မှာ အခန့်မသင့်ရင် လေလမ်းကြောင်းလုံးဝ
ပိတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဟောက်တဲ့သူဟာ အသက်ရှူ
စက္ကန့်ပိုင်းလောက် ရပ်ရပ်သွားပါတယ်။ တခါတလေ အသက်ရှူရပ်ပြီးလန့်နိုးပါတယ်။
ခဏခဏ လန့်လန့်နိုးလို့ နောက်ဆို အဲသလို နိုးတာကိုတောင်
သတိမထားမိနိုင်တော့ပါဘူး။ သူ့ဖာသာမသိပဲ တစ်ညလုံး ဟောက်လိုက်၊
အသက်ရှူရပ်လိုက်၊ လန့်နိုးလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။
ဒါကြောင့် ဟောက်တဲ့လူ တချို့ ဆို ဘယ်တော့မဆို အိပ်ရေးမ၀ ဖြစ်နေပြီး
နေ့ခင်းဖက်လည်း တချက်တချက် ငိုက်ငိုက်သွားတတ်ပါတယ်။

(ဟောက်ခြင်းရဲ့အနုပညာ)။

တစ်ယောက်နဲ့တစ်ယောက် ဟောက်တာခြင်းမတူကြပါဘူး။
ကျနော်ကတော့ Soundbox ဆိုက်ကွာ လို့ထင်ပါတယ်။ အသံ
အတိုးအကျယ်အပြင်၊ အနုအကြမ်းလည်း ကွာပါတယ်။ အတက်
အဆင်းလဲရှိပါတယ်။ ဂီတလိုပြောရရင် Crescendo, Descendo ဖြစ်ပါတယ်။
Timing လည်းကွာပါတယ်။ ဟောက်တဲ့ အသံကိုသေသေချာချာ
လိုက်နားထောင်ရင် Human Beatbox (Classical)ဖြစ်ပါတယ်။

ဟောက်ရာကနေ အပေါ်မှာပြောခဲ့သလို အသက်ရှူရပ်ရပ်သွားတဲ့
အဆင့်ကို ရောက်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ ဆရာဝန်နဲ့ပြသင့်ပါပြီ။

(ဘာကြောင့်ဟောက်တာလဲ )။

လူတစ်ယောက် အိပ်ပျော်သွားတဲ့ အချိန်မှာ ပုံမှန်တင်းနေတဲ့ ကြွက်သားတွေဟာ
ယေဘူယျအားဖြင့် လျော့သွားပါတယ်။ အာခေါင်၊ လည်ပင်း၊ နှာခေါင်း စသည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေ လျော့ရဲသွားခြင်းကြောင့်
လေရှူသွင်း ရှူထုတ်တဲ့ အခါ ကြွက်သားနံရံတွေကို တုန်ခါမှုတွေဖြစ်စေပါတယ်။
ရူပဗေဒမှာ ပြောသလိုပါပဲ တုန်ခါမှု = အသံ။

ဝသောသူများမှာ အသက်ရှူလမ်းကြောင်း တလျှောက်အသားပိုအဆီပိုများ
စုလာခြင်းကြောင့် လေလမ်းကြောင်းပိုကျဉ်းပါတယ်။
ဒါကြောင့်ပုံမှန်သူများထက် ပိုဟောက်နိုင်ပါတယ်။

အသက်ကြီးသူများကတော့ ကြွက်သားများပိုမို လျော့ရဲတဲ့ အတွက် ပိုဟောက်ကြပါတယ်။

အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းကြောင့်လည်း အိပ်ပျော်နေစဉ်
်ကြွက်သားများပိုမိုလျော့ရဲပါတယ်။

ပက်လက်အိပ်သူများကျတော့ လျှာက အနောက်ကို ပျော့ကျပြီး အသက်ရှူလမ်းကြောင်းကို သွားဖိထားသလိုဖြစ်လို့ အသက်ရှူလမ်းကြောင်း ကျဉ်းပြီးဟောက်ပါတယ်။

အအေးမိ၊ နှာစေး၊ နှာခေါင်းပိတ်နေသူများလည်း အသက်ရှူရခက်ခဲလို့ ဟောက်ပါတယ်။

ပုံမှန် ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းနံရံများ ယောင်နေတတ်ပါတယ်။
ဒီအခါမှာ လေလမ်းကြောင်းကျဉ်းသွားစေပြီး ဟောက်နိုင်ပါတယ်။

ရုပ်ခန္ဓာချို့ယွင်းချက်အရ အသက်ရှူလမ်းကြောင်းပုံမှန်မဟုတ်သူများ၊
အာသီးယောင်သူများ၊ အာသီးကြီးသူများ၊ အာခေါင်စောက် တိမ်သူများ
လည်းဟောက်ကြပါတယ်။

(ဘယ်လိုကုကြမလဲ )။

ဟောက်ခြင်းအတွက် ဥုံဖွ ကုထုံးမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုး စမ်းလုပ်ကြည့်နေကြတာပါပဲ။ အဓိကလုပ်ရမှာတွေကတော့ -

၁။ ၀နေရင် ၀ိတ်ချပါ။ ပုံမှန်ဆိုရင်တော့ ထိန်းထားပါ။
၂။ ကာယလေ့ကျင့်ခန်းများပုံမှန်လုပ်ပြီး တစ်ကိုယ်လုံးက ကြွက်သားများ တောင့်တင်းနေရန် လုပ်ပါ။
၃။ ပက်လက်အိပ်မယ့်အစား ဘေးစောင်းအိပ်ပါ။
၎။ အိပ်ခါနီး အရက်သောက်ခြင်းကိုရှေုာင်ပါ။
၅။ ဆေးလိပ် ဖြတ်ပါ၊ မဖြတ်နိုင်သေးရင် လျှော့ပါ။

နှာစေးပြီး နှာခေါင်းမပိတ်ပါစေနဲ့။ နှာခေါင်းပိတ်နေပြီး ပါးစပ်နဲ့ အသက်ရှူခြင်းမလုပ်ပါနဲ့။
နှာခေါင်းပွင့်အောင် ပရုတ်ဆီ၊ ယာပန်းဆီ ရှူခြင်းလုပ်ပါ။ ယာပန်းဆီ တစက် နှစ်စက် ခေါင်းအုံးတွင်ဆွတ်ထားပါ။ နှာခေါင်းပိတ်ခြင်းအတွက် နှာခေါင်းထဲ ပန်းဆေးများကို
အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။
ဘယ်နည်းနဲ့မှ မရရင်တော့ ဆရာဝန်နဲ့ပြပါတော့။ တခါတလေ ဟောက်ခြင်းအတွက်
ခွဲစိတ်မှု တောင်လုပ်ရင် လုပ်ရတတ်ပါတယ်။

(နောက်ဆက်တွဲများ)။

သာမန်ဟောက်ခြင်းကတော့ ညညကျ မိန်းမ ထထဆိတ်ခြင်း ခံရတာက
လွဲလို့ ပြဿနာ အထူးအထွေမရှိပါ။ ဒါပေမယ့် အသက်ရှူရပ်ရပ်သွားတဲ့
Obstructive Sleep Apnoea ဆိုရင်တော့ အိပ်ရေးမ၀ခြင်း၊
နေ့ဖက်အိပ်ငိုက်ခြင်းတွေအပြင် မကုသပဲထားမယ်ဆိုလျှင်
သွေးတိုး၊ နှလုံး၊ လေဖြတ် ရောဂါတွေ နောက်ဆက်တွဲ ဖြစ်တတ်ပါတယ်။
မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။

Original content
http://cks.library.nhs.uk/patient_information_leaflet/snoring

http://health.ngoinmyanmar.org/ မှတွေ့လို ဖတ်ပြီးတင်ပေးလိုက်ပါတယ်။
ဟောက်တတ်သူတွေရဲ့ အိမ်ထောင်ဖက်တွေကို ကိုယ်ချင်စာစွာဖြင့်
တင်ပြပေးလိုက်ပါတယ်ရှင်။(ကိုယ်ချင်စာတယ်ဆိုတာက ခံစားဘူးမှသိတာနော်)။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

*သင်းဇူလိုင်ကျော် ခေါ် ဖိုးမူလေး*



*သင်းဇူလိုင်ကျော် ခေါ် ဖိုးမူလေး* အတွက် အမှတ်တရ စာလေးတင်လိုက်ပါတယ်။

ဖိုးမူလေးကို တော့သိချင်လဲ သိကြမှာပါ။ သူကတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးမှုနဲ့

အကျဉ်းကြခံနေရပါတယ်။ ယနေ့ထိပါ ဘလော့ဂါ နေဘုန်းလတ် ကိုယုဇနာဂါးဒင်း

ကော်ဖီဆိုင်မှာ ဝင်ရောက်ဖမ်းဆီး စဉ်မှာ ဖိုးမူးလေးနဲ့တူတူ ကော်ဖီသောက်နေ့ကြတာပါ။



ဖိုးမူလေးကို (၂)နှစ်ဆိုပြီးတော့အမိန့်ချခဲ့တယ်။ဖိုးမူလေး ခုတော့

(ပြည်) ထောင်မှာနိုင်ငံရေးအကျဉ်းသားတယောက်အဖြစ်နဲ့ နေထိုင်နေရပါတယ်။

ဖိုးမူလေးရဲ့ အမတွေနဲ့က ကျမတို့တွေနဲ့ ငယ်သူငယ်ချင်းတွေပေါ့။

ဖိုးမူလေးတို့မှာမောင်နှမ(ရ)ယောက်ရှိပါတယ်။ဖိုးမူလေးက အငယ်ဆုံးပါ။

သူအထက်က ဖိုးသားကတော့ တဦးတည်းသောသားပါ။ မိန်းခလေး(၆)ယောက်

ယောကျာင်္းလေးတယောက်။


သူအမ မရူပါရွှေ ကတော့ ကျမအမနဲ့သူငယ်ချင်းပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် တိုင်းရုံးမှာ ကျမ ရဲ့အမရယ်ကျမတို့ရယ်နဲ့

အတူတူမရူပါက လုပ်ခဲ့ကြတာပါ။ အဲဒီအချိန်က (၈၉)ခုနှစ်ကဆိုတော့ ဖိုးမူလေးကခလေးလေးပေါ့။

ဖိုးမူလေးတို့ ဇာတိက မိုးကုတ်မြို့် (ကြက်ပြင်)ကပါ။ ဒါပေမဲ့ ရန်ကုန်မြို့မှာနေတာများပါတယ်။

ကျမတို့နဲ့က တလမ်းထဲမှာတူတူေ နကြတာ(ရန်ကုန်)မှာဖိုးမူလေး အဖမ်းခံရတယ် ကြားတုန်းက

စိတ်မကောင်း အရမ်းဖြစ်ခဲ့ရပါတယ်။ သူကိုသံယောဇဉ် ရှိခဲတာကို ကျမတို့လက်ပေါ်မှာ

ကြီးပြင်းခဲ့ရတဲ့ ခလေးတယောက်ဆိုတော့ ကျမစိတ်မကောင်းဖြစ်ပေမဲ့

သူကိုအရမ်းလေးစားသွားပါတယ်။ခုချိန်မှာသူက ခလေးတယောက်မဟုတ်တော့ပါဘူး ။

သိပ်ကိုရင့်ကျက်နေတဲ့ မိန်းခလေးတယောက်ဖြစ်နေပါပြီ။



ကျမတို့ မြန်မာပြည် ကြီးကိုအလှဆင် ကြမဲ့ မျိုးဆက်သစ် လူငယ်လေးတယောက်ဖြစ်နေပါပြီ။

မျိုးဆက်သစ် တွေထွက်ပေါ်လာတော့ ကျမညီမလေးလိုဖြစ်ခဲ့ရတဲ့ ဖိုးမူလေးပါလာလို့ပါ။

ထောင်ထဲမှာ အတွေ့အကြုံအမျိုးမျိုးနဲ့ ရင်ဆိုင်နေရမှာဘဲ။ မိန်းခလေးတယောက်ဖြစ်တဲ့

ဖိုးမူလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ထဲမှာ နေရတာကိုတွေးကြည့်ရင်စိတ်မကောင်းဘူး။

ကျမသူငယ်ချင်း နီမာ(နီလာသိန်း)ကပြောဘူးတယ်. သူတို့ သာယာဝတီထောင်ထဲမှာနေတုံး

ကအကြောင်းတွေကိုပြော ပြဘူးတယ် သူတို့ အကျဉ်းသူအချင်းချင်း ဘယ်လိုနေရတယ်

ထိုင်ရတယ်ဆိုတာတွေကို. တချို့ ကလဲ စိတ်ဓာတ်တွေ လုံးဝ မကောင်းကြဘူး။

စိတ်ဓာတ် မကောင်းတဲ့ လူတွေကတော့ လက်ချိုး ပြီးမှတ်လို့ ရပါတယ် သူတို့ ထောင်သမိုင်း

တွေကိုပေါ့.။သူက(နီလာသိန်း)ပထမ တခါထောင်ကျတုန်းက သာယာဝတီထောင် မှာနေခဲ့ ရပါတယ်။

သူလို အတွေအကြုံမျိုး ဖိုးမူလေးလဲ ရမှာပါဘဲ ။



သူမိသားစုလဲ ဘယ်လောက်တောင် ပူဆွေးနေရမလဲဆိုတာကို

ကျမကိုယ်ချင်းစာနာမိပါတယ်။ အမှောင်ထဲမှာနေနေရတဲ့ ဖိုးမူလေး

အလင်းရောင်လာတော့မှာပါ။ ဖိုးမူလေးရေ သမီးရဲ့ သမိုင်းက လှပ ထိန်းလင်းပြီးတော့

ဒေါင်းတွေရဲ့ အတောင်တွေလို လေထဲမှာ တဝဲဝဲနဲ့ နေမယ်ဆိုတာ ကို သမီး သိမှာပါ။



သူလိုဘဲ မိဘတွေက ပြည့်စုံ ကြပေမဲ့ ကိုယ့်တိုင်းပြည် အတွက် ကိုယ်ကြိုးစွန့်ပြီး

အနစ်နာခံနေကြတဲ့ ပြည်သူတွေအများကြီးပါ ။ ယခုထိ စိတ်ဓာတ်အပြည့်နဲ့

ယုံကြည်ချက်အပြည့်နဲ့ လုပ်နေကြတဲ့ လူတွေလဲ အများကြီးပါဘဲ။

ဘာကိုမှ မကြောက်ရွံဘဲ ရှေ့သို့ ဆက်လက် တိုက်ပွဲဝင် နေကြတဲ့ ပြည်သူတွေ

ကိုယ်ဘဝကိုစတေးပြီး လုပ်ကိုင်နေကြတဲ့ ပြည်သူလူထုတွေ အများကြီးပါ။


*သင်းဇူလိုင်ကျော် ခေါ် ဖိုးမူလေး* အမြန်ဆုံး မိသားစုတွေနဲ့ ဆုံတွေ ရပါစေ။

ကျန်းမာ ချမ်းသာ ဘေးကင်းရန်ကွာပြီး အကျဉ်းထောင်ထဲ ကနေလွတ်မြောက်ပါစေ။

အမဆုတောင်းလိုက်ပါတယ်. ညီမငယ်လေးရေ......။


ညီမလေးရေ ..အမှန်တရားရဲ့ ဝိညာဉ်တွေက...ဝေဟင်မှာ လွတ်လပ်စွာ.. ဝဲပျံနေမှာပါ..

ခွပ်ဒေါင်းတို့ ရဲ့..အိုး ဝေ သံတွေက...အာကာယံသို့ လွှင့်ပျံ နေမှာပါ..

ယုံ ကြည်ရာ..ပန်းတိုင်အဆုံးထိ.........

တို့တွေ..ခရီးဆက် လျှောက်မယ်...။


မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

26 August 2009

*ရွှေဝါရောင် တော်လှန်းရေး အမှတ်တရ*



“သံဃာတော်” တွေသွေးမြေ ကြခဲ့ရတဲ့ ဘယ်တော့မှ မေ့မရနိုင်တဲ့ အရိပ်မဲတွေပါဘဲရှင်။

ကျမတို့ကတော့ ပြည်တွင်းမှာ မရှိပေမဲ့ ဒီအဖြစ် အပျက်တွေကတော့ သတင်းဌာန

ပေါင်းစုံ ကနေကြည့်ပြီး “သံဃာတော်” တွေကိုကိုယ်ထိ လက်ရောက် စော်ကားခဲ့တဲ့

စစ်ခွေးများ ကိုဘယ်တော့မှ ရာဇဝင်ကြွေး မကြေးပါဘူး။

ကျမတို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေကို နည်းမျိုးစုံ သုံးပြီး လုပ်ချင်သလို

လုပ်နေတဲ့စစ်ခွေးတွေ မိသားစုတွေနဲ့ခွဲ သားတွေဇောနဲ့ သေဆုံးသွားရတဲ့မိဘတွေ

သမီးတွေဇောနဲ သေဆုံးသွားရတဲမိဘတွေ အမြောက်အများပါဘဲ။ကျမတို့က

ဒီဘက်ကို ထွက်လာမိတာ မတရားဘူလို့တောင် ထင်မိပါတယ်ရှင်။ပြည်တွင်း

ကနေပြီး ယနေ့ထိတိုင် ခံယူချက်အပြည့်နဲ့ ဆက်လက်တိုက်ပွဲဝင် နေကြတဲ့

“သံဃာတော်” များ ၊ လူထုခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်

အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသား သူငယ်ချင်းများ

ခေတ်အဆက်ဆက် မျိုးဆက်သစ် မောင်နှမတွေကို လေးစားဂုဏ်ပြုလျှက်။

ကျမတို့ (ပန်းတိုင် )ကိုရောက်ဘို့ အားလုံးညီညီညွှတ်ညွှတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲ

ဝင်ကြပါစို့ ။ ပြည်ပ ကိုရောက်နေတဲ့ ကျမ တို့လို ညီအကိုမောင်နှမ တွေလဲ

ကိုယ်လုပ်နိုင်တဲ့ ဘက်ကနေပြီး တတ်နိုင်သမျှ လုပ်ကိုင်ကြပါစို့။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

25 August 2009

*အို ရအုံးမဲ့ လူတွေ ဘဝ*

အိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အကျီ င်္ပေါ် ဖိတ်စင်သွားတဲ့အခါ အကျီ င်္၊
လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက ငါသုတ်သင်
ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည
ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို
မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက
ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက
'ဘာကြောင့်ဆိုတဲ့' မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့
လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။လမ်းလျောက်သင်စ အရွယ်တုန်းက
တစ်လှမ်းချင်း လှမ်းလျောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့်။
နားလည်ပေးပါ။ အားပေးပါ။အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီ အပြုံးတွေထဲမှာ
မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်မအမေ့ကိုလဲ သတိရမိပါတယ်။ အခုလောလော ဆယ်တော့ မိဘတွေကို
ကိုယ်ထိလက်ရောက် မပြုစုနိုင်သေးဘဲ ကျန်းမာစေဖို့ ဆုတောင်းမေတ္တာပဲပို့ပေးနိုင်ပါတယ်။
ကျမလိုဘဲ မိဘတွေနဲ့ ဝေးကွာနေကြတဲ့ သားသမီး တွေလဲခံစားနိုင်ကြပါစေ။

ကျမလဲ တချိန်ကြရင် ဒီလိုခံစား ရမှာ ဘဲလေ။ ကျမ သားလေး ကိုနားလည်အောင်
သွန်းသင်ပြရင်းနဲ့ဘဲ ။ အဝေးမှာ ရှိတဲ့ ကျမ မေမေ ကိုစိတ်ထဲကသာ လုပ်ပေးနေရပါတယ်။
လူတိုင်းရှောင်လွှဲ လို့မရတာဘဲ။ ဒီစာလေးကို ကျမကိုပို့ ပေးပို့လိုက်တဲ့
သူငယ်ချင်းကို ဒီနေရာလေးကနေ ကျေးဇူးတင်စွာဖြင့်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

24 August 2009

*လူသား ဒေါင်းလေးများ အကြောင်း*

လူသား ဒေါင်းလေးများအကြောင်း ကိုစိတ်ဝင်စား လို့သေချာလေ့လာ ပြီးတင်ပြလိုက်ပါတယ်ရှင်။
ကျမတို့ ပတ်ဝန်းကျင်မှာ ဒေါင်းလေးတွေ မွေးတယ်ဆိုတာကြားဘူးကြမှာပါ၊သိပ်အံ့သြ မသွားပါနဲ့.
တကယ်တော့ လူသားတယောက်ပါဘဲ။

တနည်းအားဖြင့် ဒေါင်းစင်ဒရုန်း ( Down's Syndrome ) လို့ခေါ်တဲ့ မျိုးရိုးဗီဇဖွဲ့
စည်းပုံနဲ့ပက်သက်ပြီး ဝေဒနာခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ။ဒီလို ဝေဒနာရှင်ကလေးငယ်လေးတွေဟာ လူသားတစ်ယောက် ၊ ကလေးတစ်ယောက်အနေနဲ့
အပြည့်အ၀ ရပ်တည်ခွင့်မရကြပါဘူး ။ သူတို့လေးတွေမှာ မွေးရာပါ ရောဂါတစ်ခုကိုပါ လောကထဲသယ်ဆောင်လာခဲ့ရပြီး ၊ အခြားသော ရောဂါတွေကလည်း သူ့ဘ၀လေးကို
ချွေဖျက်ဖို့ အသင့်စောင့်ကြိုနေပါတယ်။ ဒီလိုကံတရားရဲ့ မျက်နှာသာပေးမခံရတဲ့
ကလေးငယ်လေးတွေရဲ့ ဘ၀လေးတွေဟာ အလွန်သနားဖို့ကောင်းပါတယ်။
ဒါကြောင့် သနားစရာ ဒေါင်းလေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

ဒေါင်းစင်ဒရုန်း ( Down's Syndrom )ဆိုတာ မျိုးရိုးဗီဇနဲ့ပက်သက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ၊
ရောဂါခံစားနေရတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ဥာဏ်ရည်ဥာဏ်သွေး ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှေးကွေးပါတယ်။ ဒါ့အပြင် အခြားသော မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေလဲ ပါရှိလာတတ်ပါတယ်။ ဒီရောဂါအကြောင်းကိုလေ့လာမယ်ဆိုရင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို သိရှိထားဖို့လိုအပ်ပါတယ်။

မိခင်ရဲ့ အသက်အရွယ်ဟာလည်း ဒေါင်းလေးတွေမွေးဖွားဖို့အတွက် အချက်တစ်ချက်အနေနဲ့
ပါဝင်ပါတယ်။မိခင်အသက် ၂၀ မှ ၂၄ နှစ်အတွင်းတွင် ကလေး ၁၄၉၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါရှိနိုင်ပါတယ်။မိခင်အသက် ၃၀ တွင် ကလေး ၉၀၀
မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိနိုင်ပါတယ်။မိခင်အသက် ၃၅ ကျော်လျှင်
ကလေး ၄၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိနိုင်ပါတယ်။
မိခင်အသက် ၄၀ တွင် ကလေး အယောက် ၁၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် မိခင်ရဲ့ အသက်ကြီးလာတာနဲ့အမျှ ဒေါင်းကလေးငယ်များမွေးနိုင်တဲ့ နှုန်းဟာလည်းပိုများလာပါတယ် ။

ဒေါင်းလေးတွေကို ကြည့်မယ်ဆိုရင် သိသာထင်ရှားတာကတော့ မျက်နှာအနေ
အထားပဲဖြစ်ပါတယ်။ မျက်နှာမြင်ရုံနဲ့ ဒေါင်းလေးမှန်းသိသာပါတယ်။
ထင်ရှားသောအချက်တွေကတော့ -
၁။ ခေါင်းဟာ သာမန်ထက်သေးငယ်ပါတယ် ( Microcephaly )
၂။ နောက်စေ့ဟာ ပြားနေပါတယ် ( Flattened Occiput )
၃။ နှာခေါင်းရိုးပြားနေပါတယ် ( Flattened Nasal Bridge )
၎။ပါးစပ်ပေါက်ကသေးငယ်ပြီး လျှာက ကြီးမားနေသောကြောင့် လျှာက ပါးစပ်ရဲ့အပြင်ကို ထွက်နေတတ်ပါတယ် ( Protruding Tongue )
၅။ မျက်လုံးအနေအထားပြောင်းလဲခြင်း ( Upward Slanting Eyes )
၆။ လက်ချောင်းလေးများ တိုတုတ်ပြီး ၊ လက်ဖ၀ါးတွင် အရေးကြောင်း( Palmar Crease )
တစ်ခုသာပါရှိပါတယ။် ( Simian Crease ) လို့ခေါ်ပါတယ်။
၇။ ခြေမနဲ့ ခြေညှိုးကြားအကွာအဝေး ကျယ်နေတတ်ပါတယ်။ ( Sandle Gap )
၈။ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပုပါတယ် ။
၉။ ကြွက်သားများဟာ သာမန်ထက် တင်းအားလျှော့နည်းနေတတ်ပါတယ်။ ( Hypotonia )

ဒေါင်းလေးများတွင်အောက်ဖော်ပြပါ ရောဂါများကိုလဲ ဆက်စပ်တွေ့ရှိရတတ်ပါတယ် ။
၁။ မွေးရာပါ နှလုံးရောဂါများ ( Heart Defect ) ။ အထူးသဖြင့် နှလုံးအတွင်းခန်းနံရံတွင်
ပေါက်များပါခြင်း ။ ( Atrial Septal Defect , Ventricular Septal Defect )။
၂။ မွေးရာပါ အစာလမ်းကြောင်းပိတ်ကျဉ်းမြောင်းခြင်း
(ဥပမာ- Esophageal Atresia အစာရေမြိုပြွန်ကျဉ်းခြင်း )
၃။ လူကီးမီးယား ( Leukemia ) ရောဂါဖြစ်ပွားနိုင်ခြင်း ။
၎။ ကိုယ်တွင်းခုခံအား စနစ် ( Immune System ) မကောင်းသောကြောင့်
ကူးစက်ရောဂါများ ၀င်ရောက်နိုင်ခြင်း ။
၅။ မျက်စိ ၊ နား အကြား၊ အမြင် ချို့ယွင်းခြင်း ။

ဒေါင်းရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိပါ ။ လိုအပ်သော ကျန်းမာရေးဆိုင်ရာ
ထောက်ပံ့မှုများကို သာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်ကို
ပြုစုစောင့်ရှောက်ဖို့အတွက် တတ်ကျွမ်းသော သက်ဆိုင်ရာပညာရှင်များပူးပေါင်း
ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးအထူးကုဆရာဝန်များ ၊
မျက်စိနားနှာခေါင်းအထူးကုဆရာဝန်များ ၊ အစာလမ်းကြောင်းဆိုင်ရာ ဆရာဝန်များ ၊ စကားပြောရာတွင်နှေးကွေးတတ်သောကြောင့် Speech Therapist များ ၊
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးမှုအတွက်Physiotherapist များ ၊ အသက်မွေးဝမ်းကြောင်းအတွက်
သက်ဆိုင်ရာ Therapist များ ၊ လူမှုရေးအဖွဲ့အစည်းများ အစရှိသော အတတ်ပညာရှင်များ ပူးပေါင်းဆေင်ရွက်ဖို့လိုအပ်ပါတယ်။ အခြားသော မွေးရာပါရောဂါများ ၊
ဆက်စပ်ဆင့်ပွားရောဂါများအတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်း
ဆောင်ရွက်ကုသပေးနိုင်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှုများကိုလည်း လိုအပ်သလို လုပ်ဆောင်စစ်ဆေးနေရမှာဖြစ်ပါတယ်။

ဒီရောဂါကို မိခင်ဝမ်းအတွင်းရှိနေစဉ်ကာလကတည်းက သိပ္ပံနည်းကျ
ကြိုတင်စစ်ဆေးသိရှိနိုင်ပါတယ်။ ဒေါင်းကလေး တစ်ယောက်မွေးဖူးသော
မိခင်များအနေဖြင့် နောက်ကလေးတစ်ယောက်မယူခင်မှာ မျိုးရိုးဗီဇဆိုင်ရာ
ကျွမ်းကျင်သူ ( Genetic Counselor ) နှင့်တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် Down's Syndrome ကလေးငယ်များဟာ မွေးရာပါ
ရောဂါတွေကို ခံစားနေကြရတဲ့ သာမန်ကလေးငယ်လေးတွေသာဖြစ်ပါတယ်။
သူတို့လေးတွေမှာ သာမန်ကလေးတွေထက် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်တိုးတက်မှု
နှေးကွေးသော်လည်း သာမန်ကလေးများကဲ့သို့ လှုပ်ရှားမှုများ
( အားကစား ၊ စာသင်ကြားခြင်း ၊ ဂီတအနုပညာ ) တွင် စိတ်ပါဝင်စားပြီး
ဆောင်ရွက်နိုင်ကြပါတယ်။ သူတို့ရဲ့ ဘ၀တိုးတက်ရှင်သန်ဖို့ဆိုတာ
လူအများကြီးပေါ်မှာမှီခိုနေကြရပါတယ်။ ဒါကြောင့် ဒီသနားစရာကောင်းတဲ့
ကလေးငယ်လေးတွေဘ၀ သာယာစေဖို့ အားလုံးဝိုင်းဝန်းကူညီနိုင်ကြပါစေလို့
တိုင်တွန်းလိုက်ရပါတယ်ရှင်။

ကျမ သားကို ကျောင်းပို့တိုင်း သားတို့ကျောင်းမှာ သူတို့လေးတွေကို တွေ့ရတယ် (၃)ယောက်
လောက်ရှိပါတယ်။ ကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ပါတယ်၊ သူတို့လေးတွေကို
ကျမသိပ်စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့်လဲ သူတို့အကြောင်းလေးတွေကို
အမှတ်တရ ရေးသား တင်ပြရင်နဲ့ နားခွင့်ပြုပါရှင်။

မျှဝေခံစားနိုင်ကြပါစေ.

*မြတ်လေးငုံ*

*ကိုယ့် အတွက်*

ကျမ အတွက် လိုအပ်မယ် ထင်လို့သတိရနေရအောင် တင်ထားရင်နဲ့ လူတိုင်းအတွက်လဲ လိုအပ်မယ်ထင်ပါတယ်။ လူအသိုင်းအဝိုင်းနဲ့ ပတ်သက်နေသမျှ လိုအပ်နေမှာပါ။

"ကိုယ့်အတွက်" လို့ စဉ်းစားမိတာနဲ့တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း
ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားပေးသင့်တယ်။ ဒါတွေက ကြင်နာ၊ ယဉ်ကျေးတဲ့အပြင်
တစ်ဖက်လူကို လေးစားရာလည်းရောက်တယ်။ လင်မယားကြားမှာ ဒါကိုပိုအလေးထားသင့်တယ်။

လူ့ဘဝမှာ နေသာရက်၊ မိုးအုံ့ရက်တွေရှိတယ်။ နေသာတယ်ဆိုတိုင်း အမြဲတမ်းနေသာနေမှာ မဟုတ်ဘူး။ တစ်ခါတလေ မိုးကြီးလေကြီးလည်း ကျတတ်တယ်။ မိုးမိသွားတဲ့လူကို လက်ညှိုးထိုး ဟားတိုက်မရယ်ပါနဲ့။ ထီးတစ်ချောင်းနဲ့ သူ့ကိုအကာအကွယ်ပေးလိုက်ပါ။

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမူမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။

နေ့စဉ်လူ့ဘဝကို သနားကြင်နာခြင်းတွေနဲ့ လှည့်ပတ်နေသင့်တယ်။
လူ့ဘဝ တစ်ခါပဲ ရနိုင်ပါတယ်။ တစ်ထောက်နားတာ ပိုရှည်တဲ့ ဘဝခရီးကို လျှောက်လှမ်းဖို့ပါ။
ကိုယ့်ဘဝ အနားယူချိန် မရှိဘူးလို့ မငြီးငြူပါနဲ့။
တစ်လမှာ တစ်ရက်လောက် စိတ်ရောကိုယ်ပါ အနားယူဖို့ ကိုယ့်ကိုအားလပ်ချိန်ပေးပါ။

လူ့ဘဝရဲ့ အကြီးမားဆုံး ဖိအားက စိတ်ဖိအားပဲဖြစ်တယ်။
ကိစ္စတစ်ခုကို ကိုယ်လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ ကိုယ့်ကို ယုံကြည်တဲ့အချိန် တောင်တောင်မြောက်မြောက် စဉ်းစားမနေပါနဲ့။ ကိုယ့်စိတ်ကို ဖိအားမပေးဘဲ လုပ်လိုက်ရင် ဒါဟာ ကောင်းသောအစပျိုးခြင်း ဖြစ်လိမ့်မယ်။ နောက်ဆုံးမှာ ကိစ္စတွေက ကိုယ်ထင်သလောက် မခက်ခဲဘူးဆိုတာ သိရလိမ့်မယ်။

တစ်ချို့က အလုပ်လုပ်ဖို့အတွက် အသက်ရှင်တယ်။
တစ်ချို့က စိတ်ကူးအိပ်မက်ကြောင့် အသက်ရှင်တယ်။
တစ်ချို့က ငါဘာလို့ အသက်ရှင်နေရလဲဆိုတဲ့ အဖြေကိုရှာရင်း အသက်ရှင်တယ်။
တစ်ချို့က သတ္တိနဲ့ အသိဥာဏ်ကိုမှီပြီး အသက်ရှင်တယ်။

ဘာဖြစ်လို့ စိတ်တို ဒေါသထွက်ရသလဲ? ကားကြပ်လို့? တန်းစီလက်မှတ် ဝယ်ရလို့? သူငယ်ချင်းတွေနဲ့ ငြင်းခုန်လို့? အရောင်းစာရေးမ အချိုးမပြေလို့?

စိတ်တိုဒေါသ မထွက်ခင် ဘယ်အရာတွေကမှ တကယ့်စိတ်တိုဒေါသ ထွက်သင့်တဲ့ အရာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ- လူမမယ်ကလေးတွေ ညှင်းပမ်းနိုက်စက်ခံရတာ၊ ပြည်သူလူထု ဆင်းရဲငတ်ပြတ်တာ၊ စစ်ပွဲနဲ့ မငြိမ်းချမ်းမှု.... စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အထက်က အရာတွေနဲ့ ကိုယ်ဒေါသထွက်ဖို့ မသင့်ပါဘူး။ ဒေါသထွက်သင့်တဲ့အရာပေါ် ကိုယ့်ဒေါသစိတ်တွေ မကျရောက်ခင် ဒီလိုအခြေအနေအတွက် ကိုယ်ဘာများ လုပ်ပေးနိုင်မလဲလို့ အရင်စဉ်းစားပါ။

ချစ်ခြင်းမေတ္တာရှိမှ ဒီကမ္ဘာကြီး ပိုလုံးဝန်းမယ်။
ချစ်ခြင်းမေတ္တာရှိမှ ထူးဆန်းအံ့သြမှုတွေကို ဖန်တီးနိုင်မယ်။
တခြားလူရဲ့ ကောင်းကွက်ကိုမြင်မှ ကိုယ့်ရဲ့ကောင်းကွက်ကို မြှင့်တင်နိုင်မယ်။
တခြားလူကို အကောင်းပြောမှ သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးတွေ ပိုကောင်းနိုင်မယ်။
ချစ်ခြင်းမေတ္တာက အရာအားလုံးရဲ့ မောင်းနှင်အားဖြစ်တယ်။

မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။

ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားရတယ်။ အဲဒီနာကျင်မှုကို သင်အလဲထိုးမလား...? နာကျင်မှုက သင့်ကို အလဲထိုးတာကို ခံမလား...?

လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊ ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ်မထားလေနဲ့။

ကိုယ်အခုလုပ်နေတာတွေ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ မသိဘူး။ ကိုယ်အိုမင်းလို့ သေဆုံးခါနီးမှ အမှား၊ အမှန်ကို သိနိုင်တော့မယ်။ ဒါကြောင့် အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အိုမင်းသေဆုံးသွားမဲ့ အချိန်ကိုစောင့်ပါ။

လူတစ်ချို့က မိုက်ရိုင်းမယ်။ လူတစ်ချို့က ကောက်ကျစ်မယ်။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှ သူတို့ဟာ ကိုယ့်ထက် သနားစရာကောင်းမှန်းသိတယ်။ ဒါကြောင့် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ်ကြုံဖူး ဆုံဖူးသူကို နားလည်ခွင့်လွတ်ပါ။

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်မ ဖတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖြစ်တယ်။ ကျွန်မလို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။

ကျမ ဒီစာလေးတွေကို အင်တာနက် စာမျက်နှာတွေက ကြိုက်လို့ တင်ပေးလိုက်တာပါ၊ ကျမလိုဘဲဖတ်ပြီး ကြိုက်ကြမယ်လဲထင်ပါတယ်။

မျှဝေခံစားနိုင်ကြပါစေ.

*မြတ်လေးငုံ*