26 June 2012

ရွှေပြည်သာ NLD ၏ ရပ်/ကျေး ရုံးဖွင့်ပွဲ ဆန္ဒပြကန့်ကွက်ခံရ


၂၀၁၂ ဇွန်လ ၂၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအင်အားစု(NLD)ပါတီ၏ ရွှေပြည်သာမြို့နယ်၊ ထ/၁၆ ရပ်ကွက်၊ အောင်တေဇလမ်း၊ ဦးကျော်ထွန်းဦးနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့သည့် NLD ရပ်/ကျေးရုံးဖွင့်လှစ်ပွဲကို NLD ပါတီဝင်အချို့က ဆန္ဒပြကန့်ကွက် ခဲ့ကြောင်း NLD ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီကိစ္စမှာ NLD ပါတီပာာ ပြည်သူတွေရဲ့ဆန္ဒ၊ ပါတီဝင်တွေရဲ့ ဆန္ဒမပါဘဲ ရွှေပြည်သာမြို့နယ်မှာ NLD ပါတီရဲ့ ရပ်/ကျေးရုံးဖွင့်လို့ ဆန္ဒပြကန့် ကွက်ခဲ့တာပါ။ အခု ဒီရုံးဖွင့်သွားတာက ဗပာိုဦးစီးစနစ်ကို ကျင့်သုံးသွားတဲ့ပုံစံမျိုးပါ။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အန်တီစုရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက် နိုင်တဲ့အတွက် ခုလို ဆန္ဒပြကန့်ကွက်ရတာပါ။ ကျွန်တော်လည်း NLD ပါတီဝင်တစ်ဦးပါပဲ။ NLD ပါတီရဲ့ မူဝါဒပိုင်းတွေ၊ စေတနာတွေကို ယုံလည်း ယုံကြည်ပါတယ်။ လက်လည်းခံပါတယ်။ ဒါပေမယ့် NLD ကလူတစ်ချို့ကိုတော့ ကျွန်တော်မုန်းနေပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့အရေးလေ့လာနေသူတစ်ဦးက “ဒီမိုကရစီ၊ ဒီမိုကရေစီလို့ ခနခနပြောပြီး NLD ပါတီအနေနဲ့ ဒီလိုမျိုး ဒီမိုကရေစီ မကျတဲ့ နည်းလမ်းတွေကို အသုံးမပြုသင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ခု ဘယ်သူ့ကို ယုံကြည်ရကောင်းမှန်း မသိတော့ဘူး။ ပြည်သူတွေက ယုံကြည်လို့ ဇက်ပေါ်ကဓားကို မမှုပဲ တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကော တကယ်ဒီမိုကရေစီကျလားဆိုတာ မေးစရာဖြစ်လာပါပြီ”ပာု ဆိုသည်။

အမျိုးသားဒီမိုကရစီအင်အားစု NLD ပါတီသည် ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လစ်လပ်မဲဆန္ဒနယ် (၄၅) နေရာအနက် (၄၃)နေရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်းဒုတိယအမတ်အများဆုံး ပါတီတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။ 

သတင်း... မြန်မာပို့စ်