26 June 2012

လယ်သမားအရေးဆောင်ရွက်သူ ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံမရ


မြန်မာနိုင်ငံအတွင်းရှိ လယ်သမားများ၏ ဘဝကို စာနာထောက်ထားသောအားဖြင့် လယ်သမားအရေး လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြသည့် အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ(၆/၁)ဖြင့် တရားစွဲဆိုဖမ်းဆီးခြင်းခံခဲ့ရသည့် ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံ ရရှိခြင်း မရှိကြောင်း တောင်သူတစ်ဦးက ဆိုသည်။
“ပြည်သူပိုင်ပစ္စည်း စောင့်ရှောက်ရေးဥပဒေနဲ့ဆိုပြီး ဦးခင်ဇော်နဲ့ လယ်သမားတွေကို ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဖြူးရဲစခန်း က ဦးခင်ဇော်အမှုကို ပုဒ်မ ၄၄၇ နဲ့ပလပ်လိုက်ပေမယ့် ဦးခင်ဇော်နဲ့ လယ်သမား ၃ ဦးကို အာမခံမပေးဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
တောင်သူလယ်သမာများက ဖြူးမြို့နယ်အတွင်းရှိ လယ်မြေအတွင်း ကျွန်းပင်ပေါက်များ စိုက်ပျိုးထားကာ ကျွန်းစိုက်ခင်းပာု ဆိုင်းဘုတ်ထောင် ထားသည့်အတွက် လယ်သမားအရေးဆောင်ရွက်နေသူ ဦးခင်ဇော်အား အကူအညီတောင်းခံခဲ့ရာ ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် လယ်သမားများမှ ဖြူးမြို့နယ်အတွင်းရှိ လယ်မြေများသည် တောင်သူများပိုင်ဆိုင်ကြောင်း ဘုတ်ဆိုင်းထူခဲ့သည့်အတွက် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း အုပ်ချုပ်ရေးမှူးက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၆/၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
“တောင်သူတွေရဲ့ လယ်မြေတွေအပေါ်မှာ လယ်ပဲစိုက်ရတော့မှာပေါ့။ ဘာဖြစ်လို့ ကျွန်းပင်တွေ လာစိုက်ရမှာလဲ။ ဒီကိစ္စအပေါ်မှာ မခံမရပ်နိုင် လို့ တောင်သူဘက်က ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ အရေးယူတယ်ဆိုတော့ တောင်သူအတွက် အားကိုးရာမဲ့နေပြီပေါ့”ပာု ဖြူးမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း လယ်ယာပိုင်ဆိုင်မှုပြဿနာ အများအပြားဖြစ်ပေါ်လျက်ရှိပြီး တောင်သူများမှာလည်း စပါးဈေးကျဆင်းမှု များ၊ လယ်ယာမြေလုပ်သားရှားပါးမှုများနှင့် စိုက်စရိတ်ချေးငွေအပြည့်အဝ မရမှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။
သတင်း... Newday News