05 September 2012

ပြဋ္ဌာန်းဥပဒေများ သဘောမတူသည့်အတွက် NLD ပါတီအား ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ


လက်ရှိ ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများလိုက်နာရန် ဥပဒေပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ သဘောတူညီမှုမရှိကြောင်း စာတင်ခဲ့သည့်အတွက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မ ရှင်မှ NLD ပါတီမှ တာဝန်ရှိသူများအား သြဂုတ်လ ၃၁ ရက်နေ့ တွင် နေပြည်တော်သို့ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။
“ခုလို ခေါ်ယူတွေ့ဆုံတာပာာ NLD ပါတီရဲ့ လက်ရှိလှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေအတွက်လည်းပါတယ်။ ပြီးတော့ နိုင်ငံရေးပါတီတွေအတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ကျွန်တော်တို့ပါတီက သဘောမတူပါဘူးလို့ စာတင်ခဲ့လို့ပါ။ ဒီဥပဒေရဲ့ တစ်ချို့အချက်တွေကို လက်ခံနိုင်ပေမယ့် တစ်ချို့ အချက်တွေကိုတော့ လက်မခံနိုင်ပါဘူး။ ဒါကြောင့် ကော်မရှင်ကို လက်မခံနိုင်ကြောင်း စာတင်ခဲ့တာပါ”ပာု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင် NLD ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ အမြင်မတူညီမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ပြီး တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ ပြဋ္ဌာန်းဥပဒေ များနှင့်ပတ်သက်၍သာ နှစ်ဖက်အမြင်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။

သတင်း..... yangonchronicle