02 September 2012

ယနေ့ညနေ ၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ

  ဂီတပွဲ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း

ကဗျာဆရာ ၅၀ ရဲ့ ကဗျာရှည်ကြီးကို ကျောင်းသား ၅၀ က ရွတ်ဆို


ကြွရောက်အားပေးကြသော ပရိတ်သတ်

Photo: ကြွရောက်အားပေးကြသော ပရိတ်သတ်

 ယနေ့ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတွင် ယခုအချိန် ( ည ၇း၃၀ နာရီ ) အထိ အလှူငွေ သိန်း ၇၀၀ ကျော် ရရှိနေပြီဖြစ်ပြီး ရရှိထားသည်။ ဒီနေ့ည ဂစ်တာလေလံဆွဲပွဲက ရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း ၂၀၀ ကို ကချင် စစ်ဘေးဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများအတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင်ဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများက (ထပ်မံ) လှူဒါန်းလိုက်ပါတယ်။ (ယနေ့ညတွင် ၈၈မျိုးဆက်ကျောင်းသ
ားများက ကချင် စစ်ဘေးဒုက္ခသည်များအတွက် သိန်း၃၀၀ နှင့်ရခိုင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ လှူဒါန်းလိုက်ပြီ ဖြစ်ပါတယ်။ ရေဘေး ဒုက္ခသည်များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်းလှူဒါန်းခဲ့ပါသည်။)
ဓာတ်ပုံ..၊သတင်း...Ko  Ant Bwe Kyaw