02 September 2012

ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပမည်

လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရသစ်တက်ပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလ ၁၅ရက်နေ့တုန်းကလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အဲ့ဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ နိုင်ငံရေးပါတီတွေကိုပဲ ဖိတ်ကြားခဲ့ပါတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်နိုင်ရန် ပြည်တွင်းရှိ နိုင်ငံရေးပါတီအား လုံးကို ဖိတ်ကြားခဲ့ပြီး တစ်ပါတီလျှင် နှစ်ယောက်နှုန်းဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
“တရားဝင်ဖိတ်စာမရောက်သေးပေမယ့် နေပြည်တော်ကဖုန်းဆက်ပါတယ်။ ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက်ဖို့အတွက်ပါ။ ကျွန်တော်တို့ပါတီကတော့ နှစ်ယောက်အပြည့်တက်မယ်။ ခုချိန်ထိတော့ နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်မယ်လို့ ပြောထားပေမယ့် ပါတီအချို့ကို တော့ မဖိတ်သေးဘူး”ပာု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် လွှတ်တော်ပါတီများက ဒီမိုကရေစီနေ့ဆိုင်ရာစာတမ်းများ ဖတ်ကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ၂၀၀၇ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း.....  yangonchronicle