20 August 2012

ရခိုင်ပြည်နယ်ဖြစ်ရပ်များအတွက် နိုင်ငံတော်သမ္မတကအနုပညာရှင် ဇာဂနာနှင့်(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ ပါဝင်သော သီးခြားလွတ်လပ်သောစုံစမ်းရေး ကော်မရှင်ကိုဖွဲ့ စည်းလိုက်ပြီ

 

၂၀၁၂ ခုနှစ်၊ မေလနှင့် ဇွန် လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သောဖြစ်စဉ်များ ပဋိပက္ခ များနှင့် စပ်လျဉ်း၍ ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြား လွတ်လပ်သောစုံစမ်းရေးကော်မ ရှင်ဖွဲ့စည်းသည့် အမိန့်ကြော်ငြာ စာအမှတ် (၅၈/၂၀၁၂)ကို နိုင်ငံ တော်သမ္မတရုံးမှ သြဂုတ်လ (၁၇) ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

ယင်းစုံစမ်းရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ်သမိုင်းပညာရှင်ညွှန် ချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့် Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်၊ ဂျပ်ဆင်ဘုရား ကျောင်းမှ သိက္ခာတော် ရဆရာ တော် ဦးကျော်ညွန့်၊ မြန်မာဘက် (ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာ တော်ရဆရာတော်ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင်ဦးသိန်းထွန်း၊ စာနယ်ဇင်းဆရာမောင်ဝံသ၊ အနု ပညာရှင် ဇာဂနာ၊SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနု၊NDFဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဒေါက်တာအေးမောင်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှဦးအေးသာ အောင်၊ (၈၈) မျိုးဆက်ကျောင်း သားများအဖွဲ့မှ ဦးကိုကိုကြီး UMFCCI မှ ဒေါက်တာရင်ရင်နွယ်၊ နိုင်ငံ တကာဥပဒေ ကျွမ်းကျင်သူ ဒေါက်တာဆလိုင်းမူးကျုံးလျန်၊ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊ ဗဟိုဖွံ့ဖြိုးရေး အဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီးများစွမ်းဆောင်ရှင်အသင်း မှ ဒေါ်ဝါ၀ါထွန်း၊ ငြိမ်းဖောင်ဒေး ရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် မှ ဟာဂျီဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင် စီဌာနချုပ်မှ ဟာဂျီဦးတင်မောင် သန်း၊ မြန်မာမူဆလင် အမျိုးသား ရေးရာအဖွဲ့ချုပ်မှ ဟာဂျီဦးလှဝင်း၊ မြန်မာမူဆလင်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ဦးကျော်ခင်၊ မြန်မာမူဆလင်လူငယ်များ၊ (ဘာသာ ရေး) အဖွဲ့ချုပ်မှ ဟာဂျီဦးမြင့်ထွန်း နှင့် ဦးလှဝင်း၊ သနန္တရဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာ လှထွန်းတို့ကအဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ြ့ပည်နယ်အစိုးရတို့အနေဖြင့် စုံစမ်း စစ်ဆေးရေးကော်မရှင်၏ လုံခြုံ ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ် ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်ကာ စုံစမ်းစစ်ဆေးမှုများကို လွတ်လွတ်လပ်လပ်ဆောင်ရွက် သွားမည်ဖြစ်သည်။ အဆိုပါစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ် (၁၇) ရက်နေ့ အရောက် တိုက်ရိုက် အစီရင်ခံတင် ပြရမည်နိုဝင်ဘာလဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း... HOT NEWS