22 August 2012

ရခိုင်စုံစမ်းကော်မရှင်နှင့် နယ်စပ်ဝန်ကြီးတွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများ ဝင်ခွင့်မရ


သြဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပခဲ့သည့် ရခိုင်ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဌေးတို့၏ တွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများမှ သတင်းသွားယူရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက် ရောက်သတင်းယူခွင့် မပေးခဲ့ကြောင်း ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။
“ကျွန်တော်သတင်းသွားယူတယ်။ သတင်းထောက်တစ်ယောက် ဖုန်းဆက်မေးတော့ ဝန်ကြီးက ဖိတ်တယ်ဆိုတာ ပာုတ်တယ်။ ဒါပေမယ့် ခုဝင်ခွင့် မပေးတာက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဝင်ခွင့်မပေးတာလို့ ပြောတယ်”ပာု ၎င်းက ပြောကြားသည်။
ယခုကဲ့သို့ သတင်းမီဒီယာသမားများအား တက်ရောက်သတင်းယူခွင့်မပေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ဒု-သမ္မတ ရာထူး လက်လွတ်ဆုံးရှုံးခဲ့ရမှုများအပေါ် အခြေခံနိုင်ကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောကြားသည်။
သို့သော် ယင်းတွေ့ဆုံပွဲသို့ ဦးကျော်ဆန်းပိုင် ပြည်တွင်း နိုင်ငံပိုင်မီဒီယာများဖြစ်သည့် MRTV (မြန်မာ့ရုပ်မြင်သံ ကြား)၊ မြဝတီနှင့် Sky Net ရုပ်သံလိုင်းများမှ သတင်းထောက်များကိုသာ ဝင်ရောက်သတင်းယူခွင့်ပေးခဲ့ကြောင်း သိရ သည်။

သတင်း...yangonchronicle