28 September 2011

ပြောင်းလဲနေတဲ့လောကကြီးမှာ မပြောင်းလဲဘဲ သွားဖို့မဖြစ်နိုင်ပါဘူး၊ဒီမိုကရေစီရရှိရေးအတွက် ကျွန်မတို့ဆက်လုပ်သွားမှာပါ။


အင်္ကျီခရမ်းရောင်နုနု၊၊ ချိတ်ထမီခရမ်းရောင်ဝတ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မျက်ဝန်းတို့သည် တောက်ပလျက်ရှိနေပြီး အသံမှာလည်း ကြည်လင်ပြတ်သားစွာဖြင့် ယုံကြည်ချက်အကြောင်း ပြောဆိုလိုက်သည်။

`လွယ်လွယ်နဲ့ ရတဲ့အရာတွေဟာ တန်ဖိုးရှိတာ မဟုတ်ဘူး။ တကယ်တန်ဖိုးရှိတဲ့အရာအတွက် အင်မတန်ရုန်းကန်ပေးဆပ်ရပါတယ်။ ပေးဆပ်ခြင်းဆိုတာဟာ ပူဇော်ခြင်းလို့ပဲ စိတ်ထဲမှာ မှတ်ပါတယ်။ ယုံကြည်ချက်အရ ပူဇော်တာပါ၊ ဘယ်သူကမှ ပေးဆပ်မယ်လို့ ပြောလို့ပေးဆပ်တာ မဟုတ်ပါဘူး`ဟု ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီ ၂၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား နားထောင်နေကြသူများမှာ အန်အယ်ဒီအဖွဲ့ချုပ်ရုံးခန်းအောက်ထပ် ခမ်းမတစ်ခုလုံးနှင့် အပြည့်ဖြစ်နေသည်။အန်အယ်ဒီအဖွဲ့ဝင်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ၊ စီအာပီပီအဖွဲ့ဝင်များ၊ သတင်းသမားများနှင့် ပြည်သူလူထုများလည်း ပါဝင်တက်ရောက်လာကြကာ တက်ရောက်သူပေါင်း ၁၅၀၀ တထောင်ငါးရာခန့် ရှိကြောင်း တွေ့မြင်ရသည်။

၂၀၁၁ခုနှစ်စက်တင်ဘာ လ (၂၇_ ရက်နေ့တွင်ကျရောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၂၃)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် အဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ တာဝန်နှင့်အုပ်ချုပ်ပုံတို့နှင့် စပ်လျဉ်း၍ တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင် ၍ရခြင်းသည်ဒီမိုကရေစီနှင့် လုံးဝ ပတ်သတ်ယှက်နွယ်ခြင်းမရှိကြောင်း ဆက်လျက်ပြောကြားခဲ့သည်။

“တကယ်တော့ တာဝန်ဆိုတာ ဖယ်ရှား၍မရသလို လိုချင်တိုင်းလည်းမရပါဘူး။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းဆက်လုပ်ရမှာပါ ။ကျွန်မအတွက် ဒီတာဝန်တွေကျေပွန်ဖို့ဆိုတာ အားလုံးရဲ့ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်းလုပ်လိုရတယ် ဆိုတာဒိမိုကရေစီနဲ့ ဘာမှာမဆိုင်တော့ဘူး။

အဲဒါတော့ ခေါင်းထဲထည့်ထားစေချုင်တယ်”ဟုအဆိုပါအခန်းအနားတွင် ဒေါ်အောင်ဆန်းစုကြည့်ပြောသည်။

ထိုပြင်ပြည်သူလူထုတောင်းတနေသော လူအဆောက်အအုံ အဖြစ်အမြန်ဆုံးထူထောင်နိုင်ရန် NLD အဖွဲ့အနေနဲ့ ဖြင့် ကြိုးစားမည်ဖြစ်ပြီး ထို့ကဲ့သို့ ကြိုးစားရာတွင်လည်း၎င်းတို့အဖွဲ့အပြင် အခြားဒီမိုကရေစီ လိုလားသောအစုအဖွဲ့ဖြင့် ညီညွတ်သောရဲဘော်ရဲဘက်စိတ်အပြည်ထား၍ လက်တွဲ၍ပြုလုပ်သွားကြရန် လိုအပ်ကြောင်းပြောသည်။

“ပြောင်းလဲနေတဲ့လောကကြီးမှာ မပြောင်းလဲဘဲ သွားဖို့မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးအတွက် ကျွန်မတို့ဆက်လုပ်သွားမှာပါ“ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ထိုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခံရဲတဲ့ သတ၊္တိလုပ်ရဲတဲ့သတ္တိ ၊အသစ်အဆန်း ကိုရင်ဆိုင်ရဲ့တဲ့ သတ္တိအသစ်အဆန်းအတွေးအခေါ်ကိုသုံးသပ်လက်ခံရဲ့တဲ့သတ္တိးစသည့်ဖြင့် (၂၄) နှစ်တိုင် အသုံးပြုခဲ့ရပြီး သတ္တိတွေကိုလည်း အမှန်တကယ်လိုအပ်ကြောင်းသူမက ပြောသည်။

“ကျွန်မ တို့အဖွဲ့ဝင်တွေဟာ တိုင်းပြည်အတွက် ပြည်သူအတွက်ကျွန်မတို့ယုံကြည်ချက်တွေအတွက် အနစ်နာခံတယ်စိတ်ထားတွေမထားစေချင်ဘူး။ ကျွန်မလည်းအနစ်နာခံတယ်လိုသဘောမထားဘူး။ ကျွန်မရွေးတဲ့လမ်းကိုကျွန်မလျှောက်ရလို့ကျေနပ်တယ်။ “ဟု အန်အယ်ဒီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအနေဖြင့် သူမက ပြောကြားခဲ့သည်။.

အဆိုပါ အခမ်းအနားအား နံနက် ၉နာရီ ခွဲအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယဥက္ကဌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ(ဦး)တင်ဦးမှ အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပြီးနောက်ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို နေ့လည် ၁၂နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သိရှိရသည်။

သတင်းများအား ပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားအထူးကျေးဇူးတင်ရှိပါသည်.။