06 February 2010

နအဖစစ်ဗိုလ်ချုပ်ရဲ့ဆွေးတော်ရှစ်သောင်းမျိုးတော်ပေါင်းတို့ လုပ်စားနေကြတာမြန်မာပြည်သူတွေလဲအကြမ်းဖက်ခံနေရပြီး

န အ ဖ ရဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့မွေးရပ်ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ကန့်ဘလူမြို့မှာမြို့အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးတဦးရဲ့ အဂတိလိုက်စားမှု၊ မတရား

အနိုင်ကျင့်မှုတွေကြောင့် မြို့ခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့စုံစမ်းသိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အစ်ကိုဖြစ်သူဦးကျော်ညွန့်နဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး၊
ဦးစိုးမြင့်
ဆိုသူဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစလို့ မြို့ခံတွေထံက အဓမ္မငွေကြေးကောက်ခံမှု၊
မြို့ပိုင် ဈေးနဲ့ အဆောက်အဦးတွေ ရောင်းချမှုတွေကနေကျပ်ငွေ သန်းပေါင်း ရာနဲ့ချီ ရရှိနေပြီး၊
စာရင်းရှင်းတင်ပြတာ
တွေလည်းမရှိဘူးလို့ မြို့သူမြို့သားတွေက RFA ကို ပြောပြပါတယ်။