16 April 2011

ပြည်သူ့ တပ်မတော်သားများသို့  တိုက်တွန်းနှိုးဆော်ချက်။

tatmadaw april

သင်္ကြန်အကြတ်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့မှာ ပြုလုပ်တဲ့ စတုဒီတာ အလှူပွဲ... (ဓာတ်ပုံ၊ သတင်း)

မြန်မာအတာသင်္ကြန်အကြတ်နေ့က အဖွဲ့ချုပ်ရုံးရှေ့သို့ လာရောက်ကြတဲ့ သင်္ကြန်ရေကစားကြသူ အပေါင်းအား မုန့်လုပ်ဆောင်း၊ အအေးနဲ့ မုန့်လုံးရေပေါ်များဖြင့် စတုဒီတာ အလှူပွဲ ပြုလုပ်ခဲ့ပါတယ်..။ မနက်ဖြန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံရှေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်..။

15 April 2011

သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ် ကိုးဦး ဒဏ်ရာရ


သင်္ကြန် အကျနေ့ ဧပြီ ၁၄ ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါသူ ကိုးဦး ထိခိုက် ဒဏ်ရာရရှိ သွားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ခွဲ ခန့်တွင် ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသော ဆန်းထွန်း အင်ဂျင်နီ ယားရင်း လုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် လမ်းပေါ်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တပ်မတော် ခန်းမရှေ့ရှိ သံတံခါးတိုင်ကို ၀င်ရောက်တိုင်မိခဲ့သည်။ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ကားပေါ်ပါ သူများ အားလုံး ထိခိုက် ဒဏ်ရာရ သွားကြောင်း သတင်းရရှိသည်။

`ကားခေါင်းခန်းပါတဲ့ နှစ်ယောက်ကတော့ အတော်အခြေအနေဆိုးတယ်ဗျ`ဟု မျက်မြင်သက်သေတစ်ဦးက သင်္ကြန်သတင်းအဖွဲ့ကိုပြောပြသည်။

ဒဏ်ရာရသူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်း ဂျာနယ်တွင် ဖော်ပြထားသည်.။

သင်္ကြန်အတွက် အထူးသတိပြုရန် မိန်းကလေးတွေ သင်္ကြန်မှာ ချမ်းနေတုန်း ကော်ဖီ ပူပူ တိုက် တိုင်း မယုံပါနဲ့..

မိန်းကလေး တွေ သင်္ကြန်မှာ ချမ်းနေတုန်း ကော်ဖီပူပူ တိုက် တိုင်း ယုံယုံ ကြည်ကြည် မသောက် ကြပါနဲ့။
ဘ၀ ပါ လမ်းကြောင်း ပြောင်းသွား နိုင်ပါတယ်.။ ကာမ စိတ်ကို နှိုးဆွ နိုင်သော ကော်ဖီမစ်များ ဈေးကွက် အတွင်းသို့ တရားမ၀င် လမ်းကြောင်းများမှ တစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာ တင်သွင်း ရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း လူငယ်များအကြား အသုံးချမှု မှားယွင်းကာ မလိုလားအပ်သော လူမှုရေး ပြဿနာများ ဖြစ်လာနိုင်စရာ ရှိကြောင်း၊ ယင်း ကဲ့သို့ ဖြစ်လာနိုင်သည့် အခြေအနေ များကို တွေးဆ၍ မိဘများ နှင့်ဆရာ၊ ဆရာမ တချို့ မှာလည်း စိုးရိမ် ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ် ထုတ်များမှာ (၂) မျိုး ခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုး ထုတ်လုပ် ထားကြောင်း သိရသည်။အမျိုးအစားမှာ ဘရာဇီးကော်ဖီ ဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း၊ အခြားကော်ဖီများနှင့် အရောင် အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန် အတွင်း ကာမစိတ်ကို နိုးကြွ စေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များ ဖြစ်ပေါ် စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။

ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများအများဆုံး ၀ယ်ယူကြကြောင်းတွေရှိရသည်။ ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီး မိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသော အနေအထား ဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်း များလာ ကြောင်းသိရသည်။ ကော်ဖီ၏ အာနိသင်မှာ သောက်ပြီးရင် စိတ်တွေ လန်းဆန်း သွားမယ်၊ ကာမစိတ် နိုးကြား တာတွေဖြစ်မယ်၊၊

ကိုယ့်စိတ်ကို ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည် ဖြစ်ကြောင်းသိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများ အတွက်ကို တရုတ် အမည် ဖြင့် ဖြစ်သည်။

မေးလ် သို့ ပေးပို့ လာသဖြင့် ပြန်လည် မျှဝေလိုက်ပါသည်.။

သင်္ကြန်အကျနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့မှာ ပြုလုပ်တဲ့ စတုဒီတာ အလှူပွဲ... (ဓာတ်ပုံ၊ သတင်း)

ယနေ့ သင်္ကြန်အကြတ်နေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့၌ မနက်(၉)နာရီမှ စ၍ မြန်မာ့ရိုးရာသင်္ကြန်တွင်း  ရုံးရှေ့သို့ ရောက်ရှိလာကြတဲ့ ရေပက်ခံကားများနှင့် ပြည်သူများအား မုန့်လုပ်ဆောင်း စတုဒီတာ တိုက်ကျွေးခဲ့ပါတယ်..။လာရောက်ကြသူများ အထူးများပြားပြီး မနက်ပိုင်းမှာ မုန့်လုပ်ဆောင်းကုန်သွားတဲ့ အတွက် ဖျော်ရည်အအေးများ ဆက်လက် တိုက်ကျွေးခဲ့ပါတယ်..။ မနက်ဖြန် သင်္ကြန်အတက်နေ့ မှာလည်း မနက်ပိုင်း၌ မုန့်လုပ်ဆောင်း စတုဒီတာ တိုက်ကျွေးမှာ ဖြစ်ပြီး ဆက်လက်၍ မုန့်လုံးရေပေါ်များ ဆက်လက်စတုဒီတာ ကျွေးမွေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ ယနေ့စတုဒီတာ ကျွေးမွေးလှူဒါန်းပွဲသို့ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတို့မှ လာရောက်ခဲ့ကြပါတယ်..။

လာမည့် နှစ်ဆန်းတစ်ရက်နေ့မှာလည်း အဖွဲ့ချုပ်ရုံး၌ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲနှင့်အတူ ဂျပန်နိုင်ငံမှ ပေးအပ်ချီးမြှင့်တဲ့ အညတြသူရဲကာင်း ဆုကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်...။

အညတြသူရဲကောင်း ဆုရှင် အမည်စာရင်း..အညတရသူရဲကောင်းဆုရှင် အမည်စာရင်း

၂၀၁၁ ခုနှစ် အတာသင်္ကြန် နှစ်သစ်ကူးအချိန်သမယတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်များ၏ စတုဒီသာလှူဒါန်းပွဲ။









13 April 2011

ချစ်စရာ့သင်္ကြန်။

နိုင်ငံကျော် တေးသံရှင် အကယ်ဒမီ ၀င်းဦး သီဆို၍ နွဲ့ နွဲ့ စန်းမှ တင်ဆက်ကပြခဲ့သော “ချစ်စရာ့သင်္ကြန်” တေးသီချင်းလေး ဖြစ်ပါတယ်။

12 April 2011

ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရဟန်းအမအဖြစ် ပြုလုပ်ပေးတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်(၅)ဦးရဲ့ ရဟန်းခံ အလှူမင်္ဂလာ (ဓါတ်ပုံ)

၁၁ရက်နေ့က ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရဟန်းအမအဖြစ် ပြုလုပ်ပေးတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်ငါးဦးရဲ့ ဒုလ္လဘ ရဟန်းခံ အလှူမင်္ဂလာအခမ်းအနားသို့ ဘဘဦးတင်ဦး၊ ဗိုလ်ကြီးဝင်းထိန်နဲ့ အဖွဲ့ချုပ်ဗဟိုလူငယ်အဖွဲ့ဝင်များ.. ဗဟိုအမျိုးသမီးအဖွဲ့ဝင်များ၊ ရဟန်းခံမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ အပါအဝင် လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်..။

ဒီမိုဝေယံ

ရှန်တိနိကေတန် (၉၀) (ဆရာကြီးပါရဂူ၏ ဈာပနခရီး မြင်ကွင်းဓာတ်ပုံများ)


ရှန်တိနေကေတန် (၉၀)

မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားပြီးလူအများ၏ ချစ်ခင်လေးစားခြင်းခံရသောစာပေပညာရှင် စာရေးဆရာကြီးပါရဂူ (ခ) ဦးလှကြိုင် အသက် (၉၀) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီတွင် အာရှတော်ဝန်ဆေးခန်း၌ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ် ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ဆရာပါသည် အမျိုးသားစာပေတစ်သက်တာစာပေဆုရှင်၊ ပါရဂူ ရှန်တိနိကေတန် စာကြည့် တိုက် တည်ထောင်ခဲ့သူ၊ မြန်မာစာပေသာမက (ဟင်ဒီ၊ ပါဋ္ဌိ၊ သက္ကတ၊ အင်္ဂလိပ်စာပေများ ကိုလည်း ကျွမ်းကျင် တတ်မြောက်သူဖြစ်ပြီး ယင်းစာပေများမှ မြန်မာစာဖတ်သူ ပြည်သူ/သားများအတွက် အတွေး အခေါ် စာကောင်းပေမွန်များစွာကိုလည်း ပြန်ဆိုရေးသားပေးခဲ့သူ၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေးကို စာပေဖြင့် ပေါင်းကူးပေးခဲ့သူ … စသည့်စသည့် ဂုဏ်ပုဒ်တွေ အများကြီးထဲမှ ထိပ်ဆုံးက ရှိနေသင့်တာကတော့ “ပရဟိတစာရေးဆရာကြီး” ဟူ၍ဖြစ်ပါသည်။ စာရေးဆရာဘ၀ဖြင့် နှစ်ပေါင်း (၆၀) ကျော် ကျင်လည်ခဲ့စဉ် တစ်သက်တာလုံး ဆရာပါရဂူ ရေးသားဟောပြောခဲ့သမျှမှာ အများအကျိုးဆောင်ခြင်းရဲ့ မြင့်မြတ်မှုကို အမြဲတစေ အမွှန်းတင်ခဲ့ပါသည်။ လူငယ်များကို အတ္တလျှော့ပြီး ပရကဲကြဖို့ အခွင့်ကြုံတိုင်း နှိုးဆော်ပါသည်။ ပရဟိတ လုပ်ဆောင်သူများကိုလည်း ဆရာပါရဂူက လေးလေးစားစား တန်ဖိုးထားခဲ့ပါသည်။
“မသေခင်တွေ့ရမည့် နတ်ချမ်းသာ”
ကောင်းမှုပြုလုပ်သူအတွက် ဆုပေးရန်နတ်ပြည်ကို၎င်း၊ မကောင်းမှုပြုသူအတွက် ဒဏ်ပေးရန် ငရဲပြည် ကို၎င်း မည်သည့်နေရာ၌မဆိုဖန်တီးဖို့ မခဲယဉ်းပေ။ ကောင်းမှုနှင့် မကောင်းမှုအတွက် ဤကမ္ဘာ လောက၌ပင် တုံ့ပြန်မှုဖြစ်ပေါ်မလာဘဲမနေပေ။ ဒိဗ္ဗသုခ နတ်ချမ်းသာ ဖန်တီးဖို့အတွက် တစ်ခု တည်းသော နည်းလမ်းမှာ သက်ရှိသတ္တ၀ါအားလုံးအပေါ်၌ ဂရုဏာထားခြင်းဖြစ်သည်။ တခြားလူများ၏ တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှုအတွက် အစွမ်းရှိသမျှ ကြိုးစားအားထုတ်ခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သည်ပိုးဆောင်ရွက်ရာလည်း ရောက်သည်။ တခြား သူများကို အကူအညီပေးခြင်းအားဖြင့် မိမိကိုယ်ကိုလည်း ကူညီရာရောက်သည်။ မိမိကိုယ်ကို အကူအညီပေးခြင်းအားဖြင့် တခြားသူများကို ကူညီရာလည်းရောက်သည်။
(ပါရဂူ)

ဆရာပါ၏ ဈာပနအခမ်းအနားတွင် စာပေ၊ ကာတွန်း၊ ပန်းချီ စသည့် နယ်ပယ်အသီးသီးမှ အနုပညာသမားများနှင့် ဆရာပါရဂူ၏ စာပေအနုပညာကို လေးစားချစ်မြတ်နိုးကြသော ပြည်သူလူထု အပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

11 April 2011

နအဖတွေရဲ့  ၀က်ပေါ်တယ်။ ပြည်တွင်းကဘဲ ကြည့်ရတယ်၊ ပြည်ပကို ပေးမကြည့်ရဲဖူး။

နအဖ ရတနာပုံ ၀က်ပေါ်တယ် (http://news.yatanarpon.com.mm) ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နယ်မှာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘ (၁၇) ရက်နေ့ က စတင်ဖွင့်လှစ်ခဲ့တယ်။ နအဖတို့ ရဲ့  ၀က်ပေါ်တယ်ကြီး ဖွင့်ပွဲအခမ်းအနားမှာ နအဖ သိန်းစိန်က အဖွင့်အမှာစကား (အမှန်ကတော့ - အဖွင့် မှာစား၊ လိုအပ်တာများ မှာကြားဖို့  မပြောခင်နဲ့  ပြောပြီးနောက်မှာ အစားအသောက်များ အခမဲ့ သုံးဆောင်စားသောက်သွားတာပါ) ပြောကြားတာကတော့ - ရတနာပုံ Web Portal ဆိုတာ နိုင်ငံတော်အဆင့် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဒီ ၀က်ပေါ်တယ်မှာ သတင်း၊ အားကစား၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေး၊ အားကစား၊ လူမှုဘဝနဲ့  နိုင်ငံရေး အစရှိတဲ့ ကဏ္ဍများကို အချိန်နဲ့  တစ်ပြေးညီ တင်လွှင့်ဖော်ပြသွားမယ့်အပြင် အင်တာနက်ရှာဖွေရေး အင်ဂျင်၊ အခမဲ့အီးမေးလ်နဲ့  စကား စမြည်ပြောဆိုခြင်း (Chatting) များကိုပါ အခမဲ့ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း၊ ဒီ့အပြင် ပြည်တွင်း စာနယ်ဇင်းများမှ သတင်းများ ဆောင်းပါးများတို့ကိုလည်း ထပ်ဆင့်ဖော်ပြသွားမှာ ဖြစ်ကြောင်း အာဘောင်အာရင်းသန်သန်နဲ့  ပြောခဲ့ပါလေရဲ့ ။ နိုင်ငံတကာနဲ့  အပြန်အလှန် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းကိုလည်း အားရပါးရ ပြောဆိုခဲ့ပါလေရဲ့ ။












































အောက်ဖေါ်ပြပါပုံကတော့ နိုင်ငံတကာလို့  ပြောပြောနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားသောနိုင်ငံများကို ဆက်သွယ်မှုဆိုပြီး လက်တွေ့ မှာကျတော့ မြန်မာပြည်တွင်းမှာတောင် ပျက်လွန်းအားကြီးလို့  ပြည်သူတွေက နာမည်ပြောင်ပေးထားတဲ့ နအဖတို့ ရဲ့ အိမ်သာနက်ကြီးဆိုတာ။ သတင်းအမှန်တွေကို သိရှိရဖို့ အတွက် ပြည်သူတွေက နအဖတွေရဲ့  ပိတ်ဆို့ ထားမှုကို မရရအောင် ကျော်ခွကြည့်ရလွန်းလို့  “ဘန်းကျော်” နိုင်ငံ (Ban ထားတာတွေကို ကျော်ကြည့်ရလို့ ) ဆိုတဲ့ အမည်သတ်မှတ်ပေးမှုတွေ၊ နအဖအာဏာရူးတွေရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာတွေကို “ဟာသစာစောင်” ဆိုပြီး ခေါ်ဝေါ်နေကြတာတွေကို ကြည့်ရင်တော့ နအဖအာဏာရူးတွေ သန်းရွှေတို့  သိန်းစိန်တို့  ကိုယ့်ကိုကိုယ်တောင် သတ်သေသင့်နေပါပြီ။

























ဒီအပြင် ဒီလဆန်းပိုင်း ဧပြီ (၁) ရက်နေ့ ကနေ ဖုတ်သက်ဆက်သွင်းသလို နအဖအသက်ဆက်ထားတဲ့ သိန်းစိန်တစ်ယောက် ကြံ့ ဖွတ်သမတ ဖြစ်လာချိန်မှာလည်း ပြောကြားတဲ့အထဲမှာ “ဆက်သွယ်ရေး အခန်းကဏ္ဍတို့ ” “သတင်းစာနယ်ဇင်းအခန်းကဏ္ဍ” တို့ မှာ အောင်မြင်မှုများ ရလဒ်ကောင်းများ ရရှိအောင် လုပ်ဆောင်သွားမယ်လို့  ဆိုခဲ့ပေမယ့် လက်တွေ့ အစမှာတော့ ပြည်သူတွေ သိရှိသင့်တဲ့ သတင်းအမှန်တွေကို ပိတ်ပင်တားဆီး၊ ဆင်ဆာတွေဖြတ်၊ ၀ါဒဖြန့် ချီရေးတွေကြတော့ အတင်းအဓမ္မ ဖေါ်ပြခိုင်း၊ ပြည်တွင်းပြည်ပ မြန်မာပြည်ရေးရာ သတင်းဌာတွေရဲ့  ထုတ်လွှင့်ချက်တွေ အင်တာနက်စာမျက်နှာတွေ ဘလော့တွေကိုကြတော့ ကြောက်အားလန့် အားနဲ့  ပိတ်ဆို့ ထားနဲ့  သိန်းစိန်ရဲ့ မိန့် ခွန်းအာထားတဲ့ထဲက သတင်းစာနယ်ဇင်းဆိုတာ တိုင်းပြည်တစ်ခုအတွက် အရေးပါတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဆိုတာ ဘယ်မှာပါလည်း။

နောက်ဆုံး ပြည်တွင်းပြည်ပ သတင်းစာနယ်ဇင်းတွေ အင်တာနက်စာမျက်နှာတွေ ဘလော့တွေကို ပိတ်ပင်တားမြစ် ဆင်ဆာဖြတ်တောက် ပိတ်ဆို့ ဖုံးကွယ်နဲ့  လုပ်တာကနေ အခုတော့ သူတို့ အာဏာရူးအုပ်စုရဲ့  ၀ါဒဖြန့် ချီရေး အလိမ်အညာတွေ ဖေါ်ပြနေတဲ့ထဲက အဓိကတစ်ခုဖြစ်တဲ့ ရတနာပုံ ၀က်ပေါ်တယ်ကြီးတောင် ကိုယ့်ဖာသာ ပြန်ပိတ်ထားပါလေရဲ့ ။ အကြောင်းပြလိုက်ရင်တော့ Fiber Optic backbone ကြီး ပျက်နေလို့ ၊ ပြည်ပကနေ တိုက်ခိုက်လို့  စသဖြင့် အကြောင်းတွေပြပြီး မလိုလားတဲ့အချိန်မှာ ပိတ်ထား၊ အင်တာနက်အမြန်နှုန်းတွေ လျှော့ချထားနဲ့  လုပ်ချင်သလို လုပ်နေပြီး ပြည်သူအပေါ် အင်တာနက်ဆက်သွယ်ခကြတော့ မက်လုံးပေးကြော်ငြာတွေနဲ့  လုပ်ပေမယ့် တကယ်တမ်းလက်တွေ့ မှာ အဆင့်အတန်းမရှိ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တွေနဲ့  လိမ်ညာလုပ်စားနေတဲ့ နအဖအာဏာရူးတွေရဲ့  ကလိမ်ကစေ့လုပ်ရပ်ပါဘဲ။

ယခုလည်း နအဖရဲ့  ရတနာပုံ တယ်လီပေါ့ ခေါ် နအဖ ၀က်ပေါ်တယ် Web Portal အင်တာနက်စာမျက်နှာကို ပြည်တွင်းမှသာ ကြည့်ရှူရနိုင်အောင် ဖွင့်ပေးထားပြီး ပြည်ပက ကြည့်ရှူမရအောင် ပိတ်ထားပါတယ်။အောက်မှာ ဖေါ်ပြထားတဲ့ ပုံကတော့ နအဖအာဏာရူးတို့ ရဲ့  ရတနာပုံဝက်ပေါ်တယ်ကို ပြည်တွင်းကနေ ၀င်ရောက်ကြည့်ရှူ ရနေတဲ့ ပုံပါ။



















အောက်ဖေါ်ပြပါ ပုံကတော့ နအဖအာဏာရူးတို့ ရဲ့  ရတနာပုံဝက်ပေါ်တယ်ကို ပြည်ပကနေ ၀င်ရောက်ကြည့်လို့ မရအောင် နအဖတွေကိုယ်တိုင် ပြန်ပြီး ပိတ်ဆို့ ထားတာပါ။

















နောက်ဆုံး ပြည်တွင်းပြည်ပ သတင်းစာနယ်ဇင်းတွေ အင်တာနက်စာမျက်နှာတွေ ဘလော့တွေကို ပိတ်ပင်တားမြစ် ဆင်ဆာဖြတ်တောက် ပိတ်ဆို့ ဖုံးကွယ်နဲ့  လုပ်တာကနေ အခုတော့ သူတို့ အာဏာရူးအုပ်စုရဲ့  ၀ါဒဖြန့် ချီရေး အလိမ်အညာတွေ ဖေါ်ပြနေတဲ့ထဲက အဓိကတစ်ခုဖြစ်တဲ့ ရတနာပုံ ၀က်ပေါ်တယ်ကြီးတောင် ကိုယ့်ဖာသာ ပြန်ပိတ်ထားပါလေရဲ့ ။ အကြောင်းပြလိုက်ရင်တော့ Fiber Optic backbone ကြီး ပျက်နေလို့ ၊ ပြည်ပကနေ တိုက်ခိုက်လို့  စသဖြင့် အကြောင်းတွေပြပြီး မလိုလားတဲ့အချိန်မှာ ပိတ်ထား၊ အင်တာနက်အမြန်နှုန်းတွေ လျှော့ချထားနဲ့  လုပ်ချင်သလို လုပ်နေပြီး ပြည်သူအပေါ် အင်တာနက်ဆက်သွယ်ခကြတော့ မက်လုံးပေးကြော်ငြာတွေနဲ့  လုပ်ပေမယ့် တကယ်တမ်းလက်တွေ့ မှာ အဆင့်အတန်းမရှိ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တွေနဲ့  လိမ်ညာလုပ်စားနေတဲ့ နအဖအာဏာရူးတွေရဲ့  ကလိမ်ကစေ့လုပ်ရပ်ပါဘဲ။

ယခုလည်း ကြည့်ပါဦး နအဖအာဏာရူးတွေ သူတို့ ရဲ့  ရတနာပုံ ၀က်ပေါ်တယ်ကြီးကို သူတို့ ဖာသာဘဲ ပြည်ပကနေ ၀င်ကြည့်မရအောင် ပိတ်ထားပါလေရဲ့ ။ ပြည်တွင်းက မြန်မာပြည်သူတွေနဲ့  ပြည်ပက မြန်မာပြည်သူတွေ ဆက်သွယ်မှုကိုဘဲ ဖြတ်တောက်ထားတာလား၊ မြန်မာပြည်တွင်းမှာ သူတို့  လိမ်ညာဖေါ်ပြသမျှကို ပြည်ပကသူတွေ သိရင် အရှက်ကွဲမှာ စိုးရိမ်တာလား၊ သူတို့ ရဲ့  ၀က်ပေါ်တယ်ကြီးကို အနှောက်အယှက်ခံရမှာကိုဘဲ တွေးကြောက်နေလို့ ဘဲလားတော့ မသိပါဖူး၊ သတ္တိကြောင်လွန်းပြီး ရတာနာပုံ ၀က်ပေါ်တယ်ကြီးကို ပြည်တွင်းမှာဘဲ ကြည့်ရအောင် ဖွင့်ထားပေးပြီး ပြည်ပက ကြည့်မရအောင် ပိတ်ထားပါကြောင်း။

စစ်အုပ်စု အာဏာရှင် လက်ထက် လူတန်းစား ကွာဟ မှုများနေတဲ့ ခေတ်ကြီးမှာ အခြေခံလူတန်းစားတွေ သင်္ကြန်အတွင်း လည်ပတ်စရာ မြို့ပတ်ရထား...။

သင်္ကြန်တွင်း လည်ပတ်ရန် သင်္ကြန်ကားများ ဈေးနှုန်းမြင့်သောကြောင့် ဘတ်စ်ကားလိုင်းများ၊ ယာဉ်စီးခ အပိုကောက်ခံမှုများ ရှိသဖြင့် အခြေခံလူတန်းစားများအနေဖြင့် စရိတ်သက်သာသည့် မြို့ပတ်ရထား ပြေးဆွဲမှုအပေါ်သာ အားထား မျှော်လင့်နေရကြောင်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသူအချို့ထံမှ ကြားသိရသည်။

သင်္ကြန်ကာလအတွင်း မြို့ပတ်ရထား ခရီးစဉ်များ၏ ပြေးဆွဲချိန် ပြောင်းလဲလေ့ရှိပြီး သင်္ကြန်လည်လိုသူများအတွက် သွားလာရေး အဆင်ပြေသည့် အချိန်များသာ ဖြစ်လေ့ရှိကြောင်း မင်္ဂလာဒုံဘူတာမှ ဝန်ထမ်းတစ်ဦးမှ ဆိုသည်။ “ ဒီနှစ်သင်္ကြန်ကတော့ မြို့ထဲကို မီးရထားစီးပြီး လျှောက်လည်ရမှာပဲ။

သင်္ကြန်ကားနဲ့လည်ဖို့က မတတ်နိုင်ဘူး။ ကားခ၊ စားစရိတ် သောက်စရိတ်နဲ့ဆို တစ်သောင်းခွဲလောက် ကျမှာ။ လိုင်းကားဆိုရင်လဲ လေးငါးထောင်လောက်ကုန်မှာ။ ရထားကျတော့ အသွား/အပြန် နှစ်ဆယ်ပဲ ကုန်တယ်။ စရိတ်က အများကြီး ကွာတယ်။ အစားအသောက်ပါ ချွေတာလိုက်ရင် ကုန်ကျစရိတ် မရှိသလောက်နဲ့ လည်ရတယ်လေ ” ဟု မြောက်ဥက္ကလာ ဘူတာအနီး နေထိုင်သူ အသက် ၂၀အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းသင်္ကြန်ရက်အတွင်း ဆင်ခြေဖုံးရပ်ကွက်များမှ မြို့ပတ်ရထားဖြင့် လိုက်ပါ လည်ပတ်မှု များလေ့ရှိကာ မူးယစ်သောက်စားထားသူများမှ ရထားအတက်၊ အဆင်း ခြေနင်းများတွင် တွယ်ကပ်စီးနင်းခြင်း၊ ရထားမရပ်မီ အတက်၊ အဆင်း ပြုလုပ်ခြင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်မှုများ မရှိစေရန် ဂရုစိုက်ဖို့လိုကြောင်း သက်ဆိုင်ရာဘူတာများမှ အသံချဲ့စက်များဖြင့် သတိပေးကြေညာပေးမှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း အဓိကအားဖြင့် မိမိကိုယ်ကို ဂရုစိုက်သင့်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးမှ အကြံပြုသုံးသပ် ပြောကြားခဲ့ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်.။


မတရားမလုပ်ကြပါနဲ့ တရားတော် (ရွှေည၀ါဆရာတော်) (အသံဖိုင်)



မတရားမလုပ်ကြပါနဲ့ တရားတော် ဒေါင်းလုပ်လုပ်ချင်ရင်.... 
ရွှေညဝါဆရာတော်ရဲ့ ရဲရဲတောက် ဟောကြားချက် တရားတော်တွေပါ... ။ ယခုအခြေအနေမှာတော့ ဆရာတော်ရဲ့ အမှန်အတိုင်း ဝေဖန်ဟောကြားရဲတဲ့ သတ္တိကိုကြောက်ရွံ့တဲ့ အာဏာရှင်တွေမှ ဆရာတော်အား တရားဟောခွင့် ပိတ်ပင် တားဆီးထားပါတယ်..။ အမှန်တရားတွေကို ရဲရဲဝံ့ဝံ့ထောက်ပြ ဝေဖန်ရဲတဲ ရွှေညဝါဆရာတော်အား လေးစားဦးတင် မှတ်တမ်း တင်အပ်ပါသည်..။ တရားတော်များ ဆက်လက်ဖြန့်ဝေ ပေးကြပါရန်.. တိုက်တွန်း နှိုးဆော်အပ်ပါသည်.။  ပေးပို့ပေးတဲ့ ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ..

တိရစ္ဆာန်ရုံ ထူးကုမ္ပဏီ၊ မျှော်လင့်နေတဲ့ သမ္မတမိန့်ခွန်းနဲ့ ယခုတစ်ပတ်ထုတ် The Voice ဂျာနယ်..

မျှော်လင့်နေတုန်းပဲ ဗိုလ်စိန်ရယ်...
The Voice April 2nd Week

10 April 2011

ဒီကနေ့ မနက်ပိုင်းက ရွှေတောင်ကုန်းသာသနာ့ရိပ်သာ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရဟန်းအမပြုလုပ်တဲ့ အဖွဲ့ချုပ်လူငယ် (၅)ဦးအား ရဟန်းခံရှင်ပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်...။ လူဦးရေ (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး မဲပေါက်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ် (၅)ဦးအား လူထုခေါင်းဆောင်မှ ရဟန်းအမ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။

ဒီမိုဝေယံ...