30 November 2011

တြိဂံထဲက ထွက်ကြစို့ (မောင်ဝံသ)

မှန်တာပြောသစ္စာ / မောင်ဝံသ (TRUE News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။)

တြိဂံထဲက ထွက်ကြစို့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း နိုင်ငံရေးကို စိတ်ပါဝင်စားမှုရှိသူတွေ တစ်နည်း ပြောရရင် ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်တက်

တောနဲ့ ထောင်

နောက်တစ်လမ်းကတော့ အစိုးရနဲ့ ဆန့်ကျင်တဲ့လမ်းပါ။ အဲဒီလမ်းကို ရွေးချယ်သူတွေအတွက်လည်း လက်တွေ့မှာ ရောက်ရှိသွားဖို့ သေချာပေါက် မျှော်လင့်ထားနိုင်တဲ့ နေရာက နှစ်ခုပဲရှိပါတယ်။ တစ်ခုက ထောင်ထဲနဲ့ နောက်တစ်ခုက တောထဲပါ။

အဲဒီကို ၀န်းကျင်အနေအထားမျိုးမှာ နိုင်ငံရေးခံယူချက်လည်းရှိ၊ အစိုးရရဲ့မူဝါဒများကို မနှစ်သက်လို့ အစိုးရနဲ့လည်း မပူးပေါင်းနိုင်။ ထောင်ထဲ သို့မဟုတ် တောထဲကိုလည်း မသွားနိုင်ကြသူတွေအတွက် ရှင်သန်စရာဘ၀ ပုံစံတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ]]အပြစ်ရှိသူ တစ်ယောက်ရဲ့ ခံစားချက်မျိုး}}(guilty conscious) နဲ့ အသက်ရှင်နေထိုင်ရခြင်းပဲ ဖြစ်ပါတော့တယ်။

အနားသုံးနား

ဒီလိုနဲ့ ကျွန်တော်တို့နိုင်ငံဟာ အစိုးရနဲ့ သဘောထားချင်း မတူသူများ အတွက် လှုပ်ရှားစရာ နိုင်ငံရေးကွက်လပ် (Political Space) မရှိ၊ တပ်မတော်သားမဟုတ်ရင် နိုင်ငံအကြီးအကဲဖြစ်ခွင့်မရှိတဲ့ အနားတစ်နား၊ အစိုးရလုပ်သမျှ အကုန်ဆန့်ကျင်မယ်ဆိုတဲ့ အနားတစ်နား၊ အပြစ်သား ခံစားချက်ကြီးကို အမြဲရင်မှာ ပွေ့ထားရတဲ့ အနားတစ်နားဆိုတဲ့ အနား သုံးနားနဲ့ တည်ဆောက်ထားတဲ့ တြိဂံထဲမှာ ပိတ်မိပြီး ထွက်မရဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာ့အဆင့်မပြောနဲ့ ဒေသအဆင့်မှာတောင် ကိုယ့် နောက်မှာ လူနည်းသထက်နည်းပြီး ကိုယ့်ရှေ့မှာ လူများသထက် များလာနေတဲ့ အခြေကို ဆိုက်နေခဲ့တာပါပဲ။ (လက်ရှိကျင်းပနေတဲ့ ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ အဆင့်ဇယားက ဒီအချက်ကို သက်သေပြနေပါတယ်။)

ပြောင်းလဲတော့မှာလား

အခုတော့ အဲဒီအခြေအနေဟာ အခြေအမြစ်ကစပြီး အရင်းခံကျကျ ပြောင်းလဲသွားတော့မှာလားလို့ စဉ်းစားနိုင်လောက်စရာ အရိပ် အယောင် တချို့ကို ထင်ထင်ရှားရှား မြင်တွေ့နေရပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရရဲ့ လုပ်ဆောင်ချက် တချို့က အဲသလို တွေးစရာဖြစ်လာအောင် ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်။ အစိုးရရဲ့ အဲဒီလုပ်ဆောင်ချက်တွေ အပေါ် ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုတွေကလည်း လိုက်လျောညီထွေ တုံ့ပြန်ခဲ့ကြပါတယ်။

မှတ်တိုင်ကြီး နှစ်ခု

ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ရေစီးကြောင်းဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုသွက်လက်မြန်ဆန်လာခဲ့ရာကနေ အခုဆိုရင် သမိုင်းတွင်လောက်တဲ့ မှတ်တိုင်ကြီး (landmark) နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အနေအထားကိုတောင် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒါတွေ ကတော့ ၂၀၁၄ မှာ အဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ယူခွင့်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေက သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း နဲ့ မှတ်ပုံတင်ဖို့ NLD ပါတီက ဆုံးဖြတ်လိုက်ခြင်းတို့ပါပဲ။

နဂါးကြီး ခေါင်းက စပြီး ကွေ့နေတယ်။

အဲဒီဖြစ်ရပ်တွေရဲ့ ဖော်ပြချက်က နဂါးကြီးတွေကတော့ ခေါင်းကစပြီး ကွေ့နေပြီဆိုတာပါပဲ။ တစ်ချိန်က မျက်နှာချင်းဆိုင်ပြီး ထိပ်တိုက်တွေ့ဖို့ တူရူပြုနေသလို မြင်တွေ့နေရတဲ့ နဂါးကြီးနှစ်ကောင်ဟာ အခုဆိုရင် ရန်ဘက်အသွင်မဟုတ် ပြိုင်ဘက်အသွင်နဲ့ တစ်ဖက်တည်းသောအရပ်ဆီသို့ ဦးတည်ရွေ့လျားကြဖို့ အရှိန်ယူပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ပန်းတိုင်တစ်ခုတည်းဘက်ကို တူရူပြုပြီး အပြေးပြိုင်ကြမယ့် ပြိုင်ပွဲဝင်များရဲ့ အသွင်ကို ဆောင်နေပါတယ်။

ဒီအချိန်မှာ နဂါးကြီးတွေရဲ့ ခန္ဓာကိုယ်တွေနဲ့တူတဲ့ ကျွန်တော်တို့ ပြည်သူတွေကလည်း ခေါင်းရဲ့လှုပ်ရှားမှုနဲ့ အမီလိုက်ပြီး ရွေ့လျားကြဖို့ လိုအပ်နေပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်နီးပါးကာလအတွင်း ကျွန်တော်တို့နိုင်ငံ ပြည်သူလူထုကြီးရဲ့ အစိတ်အပိုင်း အများအပြားဟာ အစိုးရ ၀န်ထမ်းတွေကို ရန်သူလို မမြင်ဘူးဆိုရင်တောင် မိတ်ဆွေတွေလိုတော့ လုံးဝမမြင်ခဲ့ကြဘူး။ ရဲ၊ တရားသူကြီး၊ အကျဉ်းထောင်ဝန်ထမ်း၊ ထောက်လှမ်းရေးစတဲ့ လုံခြုံရေးနဲ့ တရားဥပဒေဆိုင်ရာ အစိုးရ၀န်ထမ်းတွေပေါ် ထားရှိတဲ့ သဘောထားကျတော့ ပိုလို့တောင်ဆိုးပါတယ်။ အပြန်အလှန်အဖြစ် အဲဒီအစိုးရ၀န်ထမ်းတွေက အဲဒီပြည်သူ အစိတ်အပိုင်းတွေအပေါ် ထားတဲ့ သဘောထားကလည်း သိပ်ကို ဆိုးခဲ့ပါ တယ်။ နှစ်ဖက်အကြား ဆက်ဆံရေးက တစ်ဦးပေါ်တစ်ဦး အပြန်အလှန်မှီခိုတဲ့ ဆက်ဆံရေး (Interdependent Relationship)မျိုး မဟုတ်ဘဲ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချေဖျက်တဲ့ ဆက်ဆံရေးမျိုး (Intereliminate Relationship) သာ ဖြစ်ခဲ့ပါတယ်။

စိတ်နေစိတ်ထားတွေ ပြောင်းရမယ်

အခုအချိန်မှာ ကျွန်တော်တို့အားလုံးရဲ့ အဲဒီစိတ်နေစိတ်ထား (mindset) တွေကို အခြေခံကစပြီး ပြောင်းလဲနိုင်ဖို့ စတင်ကြိုးပမ်းကြရ တော့မှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးရဲ့ အခြေခံစိတ်နေသဘောထား (Basic Mentality) တွေကို ပြောင်းလဲပစ်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံ့ကံကြမ္မာကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အင်အားစုတွေက ကျွန်တော် အထက်မှာ တင်ပြခဲ့တဲ့ တြိဂံကို ဖျက်ပစ်ဖို့ စတင်ကြိုးပမ်းနေကြချိန်မှာ ကျွန်တော်တို့ ပြည်သူတွေက အဲဒီတြိဂံကို မြန်နိုင်သမျှ မြန်မြန် ပြိုပျက်အောင် ဖြိုဖျက်ကြဖို့ လိုပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ ပြောချင်တာတစ်ခုက အခုလိုအခြေအနေ အချိန်အခါမျိုးရောက်လာတဲ့ အချိန်မှာတောင် နိုင်ငံရေးခေါင်းဆောင် တချို့ရဲ့ လှုပ်ရှားမှုတွေကို မသင်္ကာတဲ့မျက်လုံးတွေနဲ့ အနီးကပ်စောင့်ကြည့်ဖို့ တာဝန်ပေးခြင်းခံထားရပုံရတဲ့ အရပ်ဝတ် လုံခြုံရေးသမားတွေကို မြင်တွေ့နေ ရတာကတော့ နားမလည်နိုင်လောက်အောင် ဖြစ်နေရကြောင်းပါ။

29 November 2011

အသေးစိတ် အရည်အချင်း မသတ်မှတ်ရသေးသော်လည်း အရည်အချင်းတူလျင် အမျိုးသမီးဦးစားပေးမည်ဟု NLD ဆို


လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်းရွေးချယ်ရမည့် စံသတ်မှတ်ချက် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက YPI သို့ပြောသည်။

သို့ရာတွင် ဦးစားပေးမည့် အချက်အလက်များတွင် ပညာအရည်အချင်း၊ အတွေ့အကြုံ၊ တိုင်းရင်းသား ဖြစ်ခြင်း၊ အမျိုးသမီးနှင့် လူငယ်စသည့် အချက်အလက်များပါဝင်သည်ဟုလည်း ဦးဉာဏ်ဝင်းကဆိုသည်။ “ အရည်အချင်းချင်း တူရင် အမျိုးသမီးကိုပဲ ဦးစားပေးမယ်” ဟုလည်း ၎င်းက ရှင်းလင်းပြောဆိုသည်။

လောလောဆယ်အနေအထားတွင် အန်အယ်ဒီအနေဖြင့် ပါတီတည်ထောင်ခွင့် ပြန် လည် လျှောက်ထားဆဲဖြစ်သကဲ့သို့ အစိုးရဘက်မှ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်မှလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို မကြေညာသေးသည့်အတွက် အန်အယ်ဒီအနေဖြင့် မဆုံးဖြတ်ရသေးခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီမှ တည်ထောင်ဖွဲ့စည်းမည့် ပါတီသစ်တွင် ၀င်ရောက်လိုသူများအား အရေအတွက် ကန့်သတ်ချက် မထားရှိပဲ အဖွဲဝင်ဖြစ်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို လက်ခံမည်ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုလိုက်သည်။ မကြာခင်ရက်ပိုင်းက သတင်းဖေါ်ပြချက်အချို့တွင် ပါရှိသကဲ့သို့ အဖွဲ့ဝင်အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းကအတည်ပြုပြောဆိုသည်။

အဖွဲ့ဝင် တယောက်ဖြစ်ရန် အရည်အချင်းနှင့် ပြည့်စုံပါက လက်ခံသွားမည်ဟု လည်းဖြည့်စွက်ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယခင်သီတင်းပတ် နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် လာမည့်ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း မကျင်းပမီ ၃ လအလိုတွင်ကြေညာရမည် စည်းမျဉ်းကို ပြန်လည်ကိုးကား ပြောဆိုသွားခဲ့သည်။

ယခုလက်ရှိသိရှိရသမျှ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ရန် လစ်လပ်နေရာ ၄၈ နေရာ ရှိသည်ဟု သိရသည်။

အန်အယ်ဒီပါတီ အနေဖြင့် ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် သောကြာနေ့ က နေပြည်တော် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ အဖွဲ့ဝင် ၂၁ ဦးဖြင့် သွားရောက်လျှောက်ထားခဲ့ရာ မကြာမီရက်ပိုင်းအတွင်း ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုပါက ပါတီနှင့် ပတ်သက်သည့် အလံ ၊ လိုဂို အစရှိသည်တို့ကို တင်ပြ၍ ပါတီမှတ်ပုံတင်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဖြစ်သည်။ ။

သတင်း...Yangon PressInternational

အနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဟီလာရီကလင်တန်နဲ့ စာနယ်ဇင်းသတင်းယူခွင့်။ ကေအန်ယူနဲ့ စစ်အစိုးရ အပေးအယူမရှိသေး။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ခရီးစဉ်နှင့် နတ်ရုပ် တူးဖေါ်မှု အရှုပ်တော်ပုံ


မြန်မာ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ကော့စ်ဘဇားသို့ လာရောက် လည်ပတ်မည့် ခရီးစဉ် တစ်ရက် အလို ယမန် နေ့က ဗိုလ်ချုပ်ကြီး အဓိကထား လာရောက် လည်ပတ်မည့် မဟာသိမ်တော်ကြီး ပရ၀ုဏ်အတွင်း ရှိ ရှေးဟောင်း နတ်ရုပ်ထု တစ်ခုအား တူးဖေါ်မူ ပေါ်ပေါက်ခဲ့သည်။

ထိုကဲ့သို့ တူးဖေါ်ခဲ့သော်လည်း အဆိုပါ နတ်ရုပ် အောက်ခြေ ကျောက်တိုင်မှာ မြေအောက်တွင် အနက်ပေ မြောက်များစွာ မြုပ်ထားသဖြင့် တူးဖေါ်၍ ရရှိခဲ့ခြင်း မရှိကြောင်းနှင့် ယခုအခါ ဒေသခံ ပြည်သူများ အကြားတွင် အဆိုပါ တူးဖေါ်မူကြောင့် ပြဿနာများ တိုးပွားနေကြောင်း သိရသည်။

" နတ်ရုပ်ကို တူးဖေါ်တယ်။ ဒါပေမယ့် တူးဖေါ်လို့ ရမသွားပါဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက ဒီကနေ့ နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ဖလောင်းချိတ်က မဟာသိမ်တော်ကြီး လာတယ်ဆိုတော့ မနေ့က တူးတာပါ။ ဘာကြောင့် တူးတယ်။ ဘယ်သူတွေက တူးတယ် ဆိုတာကိုတော့ ဒီနေ့ စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ၈၈ မျိုးဆက် ကိုနိုင်နိုင်က ပြောသည်။

ဖလောင်းချိတ်မှာ ကော့စ်ဘဇားမြို့ကို ရခိုင်လို ခေါ်ဆိုခြင်းဖြစ်ပြီး အဆိုပါ မြို့ရှိ မဟာသိမ်တော်ကြီး ပရ၀ုဏ် အတွင်း လူဝင်ပေါက်ကို နောက်ခိုင်းပြီး ဘုရားကို မျက်နာပြုထားသော ထိုင်နေဟန်ပြုလုပ် ထားသော နတ်ရုပ်မ ရုပ်ထု တစ်ရုပ် ရှိသည်။

" ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ဖလောင်းချိတ် ခရီးစဉ် အတွင်း မဟာသိမ်တော်ကြီးမှာ ထူးခြားမူ နှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။။ တစ်ခုကတော့ နှစ်ပေါင်းရာနဲ့ ချီပြီး ရှိနေတဲ့ မဟာသိမ်ကျောင်းထဲမှာရှိတဲ့ နတ်ရုပ်ကို တူးဖေါ်မှုရယ်။ နောက်တစ်ခုက သိမ်ကွင်း ထဲမှာရှိတဲ့ ဇရပ်ဟောင်း တဆောင်ကို ဖြိုဖျက်မူတွေ ဖြစ်ပါတယ်" ဟု ကိုနိုင်နိုင်က ဆက်ပြောသည်။

ထိုသို့ ဖြစ်ပျက်မူများ ပေါ်ပေါက်ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကော့စ်ဘဇား မြို့သို့ ရောက်ရှိလာပြီး ယနေ့ နံနက် ၉ နာရီခွဲတွင် မဟာသိမ်တော်ကြီးသို့ လာရောက် လည်ပတ်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် မဟာသိမ်တော်ကြီး ရင်ပြင်တော်သို့ လာရောက် လည်ပတ်စဉ် မဟာသိမ်တော်ကြီး အတွင်းရှိ ဘုရားများကို ဖူးမျှော်ခြင်း၊ ပင့်ဖိတ် ထားသော သင်္ဃာ ၉ ပါးအား ပစ္စည်းများလှူဒါန်း ဆက်ကပ်ခြင်း၊ အမျှဝေ ရေစက်ချပြီးနောက် နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ကော့စ်ဘဇား မဟာသိမ်တော်ကြီးမှာ အထိကရိများ ရှိသည်ဟု ဒေသခံ ပြည်သူများက ယုံကြည် နေကြပြီး အဆိုပါ ယုံကြည်မူမှာ သိမ်တော်ကြီးသို့ လာရောက်လည်ပတ်သူ တိုင်းပြည်၏ ထိပ်တန်း အရာရှိကြီးများ အနေဖြင့် သိမ်တော်ကြီးမှ ပြန်လျှင် အလုပ်ပြုတ်သွားလေ့ရှိသည် ဆိုသော ယုံကြည်မူ ဖြစ်သည်။

မြန်မာနိုင်ငံမှ အလုပ်မှ ဖြုတ်ထုတ်ခံလိုက်ရသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်နှင့် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ထွန်းကြည်တို့မှာလည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ချစ်ကြည်ခရီး လာရောက်စဉ် ကော့စ်ဘဇားမြို့ မဟာ သိမ်တော်ကြီးသို့ လာရောက် လည်ပတ်ပြီး များးမကြာမှီက အလုပ်က ပြုတ်သွားခဲ့ကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့ သမ္မတ မူဟာမတ် အာရှတ်မှာလည်း သိမ်တော်ကြီးသို့ လာရောက်လည်ပတ်ပြီး များမကြာမှီ သမ္မတ ရာထူးမှ ပြုတ်သွားခဲ့ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖြစ်ပျက်မူများ ရှိသဖြင့် သိမ်တော်ကြီး ပရ၀ုဏ်အတွင်းရှိ နတ်ရုပ်ကြောင့်ဟု ယူဆကာ အဆိုပါ နတ်ရုပ်ကို ဖယ်ရှားရန် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြို့သူ မြို့သားများက ပြောဆိုနေကြကြောင်း သိရသည်။

ယနေ့ မဟာ သိမ်တော်ကြီးရင်ပြင် ဧရိယာတစ်ခုလုံးတွင် ဘင်္ဂလားဒေ့ခ်ျ စစ်သားများနှင့် ထောက် လှမ်းရေး အများအပြားကို တင်းကျပ်စွာ ချထားခဲ့သည်။ ဒေသခံများ ရာနှင့်ချီ၍ ဗိုလ်ချုပ်ကြီး စိုးဝင်းအား လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

သူတို့ လာရောက်လည်ပတ်စဉ် ၈၈ မျိုးဆက်သစ် အမျိုးသားရေးကိုနိုင်နိုင်က မြန်မာ့ စစ် ခေါင်းဆောင်သို့ မြန်မာ နှင့် ဘင်္ဂလီ နှစ်ဘာသာဖြင့် ရေးသားထားသော အိတ်ဖွင့်ပေးစာများကို လူစည်ကားသည့်နေရာများ တွင် ကပ်ထားခြင်း၊ ဒေသတင်းထောက်များသို့ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - နိရဉ္စရာ

ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အခမ်းအနား ကျင်းပ


မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ခဲ့သည့်တောင်သူ လယ်သမား ခေါင်းဆောင် ဆရာစံနှင့်အတူ အင်္ဂလိပ် အစိုးရ၏ ကြိုးမိန့်ပေး ခံခဲ့ရ သည့် တော်လှန်ရေး သမားများအား အမှတ်ရစေရန် နှစ်(၈၀)ပြည့် အခမ်း အနား တရပ်ကို ယနေ့နံနက်က ကျင်းပခဲ့သည်။

ပဲခူးတိုင်း သာယာဝတီမြို့ ကံကြီးပိုင်းရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်တွင် မြို့ပေါ် လူငယ် အဖွဲ့အစည်းများ စုပေါင်း၍ ဆွမ်းကျွေးပွဲ အခမ်းအနားကို နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီ အချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မြို့နယ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။

“ကျနော်တို့ အဓိက ရည်ရွယ်တာက ဆရာစံတော်လှန်ရေးသည် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တခုပဲဗျ။ အဲဒီတော်လှန်ရေးမှာ အင်္ဂလိပ်နယ်ချဲ့က ဆရာစံနဲ့ တောင်သူလယ်သမား တော်လှန်ရေး သမားတွေကို သူတို့က သူခိုးဓမြသာသာပဲ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာလေ။ အဲဒီတော့ နောက်က ဘယ်အစိုးရ တက်လာလာ တက်လာတဲ့ အစိုးရတွေက အဲဒီလို အမှတ်တရ ပွဲတွေ လုပ်မပေးခဲ့ဘူးဗျ။ ကျနော်တို့ တသက်ပေါ့။ ဒါ ကျနော်တို့က အရင်ဆုံးရရှိတဲ့ အခြေအနေ တခုပေါ်မှာ မူတည်ပြီးတော့ အခမ်းအနား ကျင်းပလိုက်တာဗျ။”

ထို့အပြင် တောင်သူ လယ်သမားများအား အကာအကွယ်ပေးနိုင်မည့် လယ်ယာမြေ ဥပဒေများ အထင်အရှား ပေါ်ထွန်းစေရန်နှင့် တောင်သူ လယ်သမားနေ့အား ပြင်ဆင် သတ်မှတ်ပေးရန် ဆန္ဒရှိကြောင်း အခမ်းအနားတွင် တင်ပြခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဆွမ်းကြွေးပွဲတွင် စာရေးဆရာမ သာယာဝတီ ဒေါ်စမ်းစမ်းနွဲ့ ရေးသားသည့် ကဗျာ တပုဒ်အား လူငယ်များ စုပေါင်းရွတ်ဆိုခဲ့ပြီး အမှတ်တရ ကျောက်စာတိုင်တခု စိုက်ထူခဲ့သည်ဟုလည်း ဆိုသည်။

အခမ်းအနားသို့ ရန်ကုန်မြို့မှ နိုင်ငံရေးခေါင်းဆောင်များ၊ နာရေးကူညီမှု အသင်းမှ ဦးကျော်သူ နှင့် သတင်းဌာန (၁၂) ခုမှ သတင်းသမားများ အပါအ၀င် တက်ရောက်သူ လေးထောင်ခန့် ရှိကြောင်းနှင့် တစုံတရာ အနှောင့်အယှက် မရှိကြောင်း သိရသည်။

ဆရာစံအား အဖဦးကျေးနှင့် အမိ ဒေါ်ဖက်တို့မှ ၁၈၇၆ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် သရက်ကန် အရှေ့ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

တောင်သူလယ်သမားများဖက်မှ ရပ်တည်၍ အင်္ဂလိပ်အစိုးရအား လူခွန်၊ မြေခွန် မပေးရေး၊ သီးစားခ မပေးရေး၊ ချစ်တီးကုလားများ၏ အကြွေး မဆပ်ရေး စသည်တို့ကို စည်းရုံးလှုံ့ဆော်ခဲ့ပြီး ဂဠုန်ဆရာစံဟု ထင်ရှားခဲ့သည်။

ကိုလိုနီခေတ် မြန်မာ့ သမိုင်းတွင် အင်္ဂလိပ် အစိုးရအား လက်နက်ကိုင် တော်လှန်ပုန်ကန်မှုဖြင့် အမှုဖွင့် စစ်ဆေးခံခဲ့ရပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် သေဒဏ် အပစ်ပေး ခံခဲ့ရသည်။

သတင်း..သတင်းနှင့်မီဒီယာကွန်ယက်

ဗိုလ်ချုပ်လမ်းနှင့် လမ်း ၅၀ ထိပ်တွင် ဓားထိုးခံရ

ပုဇွန်တောင်မြို့နယ်နေ ကို တင်ရွှေသည် နိုဝင်ဘာ ၉ရက်နေ့ မွန်းလွှဲ ၁း၂၀အချိန်ခန့်တွင် နေအိမ် ၌ရှိနေစဉ် တူဖြစ်သူ နေလင်းအောင် (ခ)ဘာဘူ (၃၁နှစ်) ဓားထိုးခံရ ကြောင်း သိရ၍ သွားရောက်မေး မြန်းရာ ဦးလေး၏နေအိမ်မှ လမ်း လျှောက်ပြန်လာစဉ် ဗိုလ်ချုပ်လမ်း နှင့် လမ်း၅၀ထိပ်အရောက် နောက် မှလိုက်လာသူသုံးဦးအနက် တစ်ဦး ကအကြောင်းမဲ့ ဓားနှင့်ထိုးကာ အငှားယာဉ်ဖြင့် ထွက်သွားသည် ဟု သိရသည်။ တူဖြစ်သူမှာ နောက်ကျောမှ ဝမ်းဗိုက်ကို ထိုးသွင်းဓာတ်ရာရရှိသ ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကသု ရသောကြောငအ့် ရေးယေူ ပးပါ ရန်တိုင်ကြားခဲ့သည်။ ပုဇွန်တောင်ရဲစခန်းက(ပ) ၂၃၇/၁၁ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

သတင်း...အကျိုးဆောင်ဂျာနယ်

28 November 2011

အသက်မပြည့်အမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး ရောင်းစား သူ ချင်းအမျိုးသားတဦး ဖမ်းဆီး

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ Central Anti Drugs Squad (CADS) က အသက်မပြည့် သူအမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး အခြားအမျိုးသားများထံ ပြန်လည်ရောင်းစားသူ အကြီးစား ချင်းအမျိုးသားတဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

အဖမ်းခံရသူ ချင်းအမျိုးသားမှာ ဖလမ်းမြို့နယ် Lausau ကျေးရွာသား Mena ခေါ် Lalrozama (27) နဲ့ အတူ အသက်မပြည့်သူ မြန်မာအမျိုးသမီးတဦးကို အိုင်ဇောလ်မြို့ Tennis Court ၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန့် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ထုတ်သတင်းစာ ဖြစ်သည့် The Zozam Time တွင် ဖော်ပြသည်။

“နိုဝင်ဘာလဆန်းလောက်က Lalrozama နဲ့ သူငယ်ချင်းများသည် အိုင်ဇောလ်မြို့ တွင် အိမ်ဖော်အလုပ် လုပ်ကိုင်သူ အဆိပါအမျိုးသမီးကို ဘုရားကျောင်း အပြန်တွင် ဖမ်းဆီးပြီး အလိုမတူ ပေါင်းသင်းဆက်ဆံခဲ့ပြီးနောက်၊ အိမ်အပြင်မထွက်ရန် ချိမ်းခြောက်ခဲ့သည်ဟု” ၄င်းသတင်းစာ တွင် ဖော်ပြသည်။

ဒေသခံအိန္ဒိယအမျိုးသားများထံ တခါအိပ် ရှုပီးငွေ ၃၀၀ ဖြင့် ၂ ကြိမ် ရောင်းစားခဲ့ကြောင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်း လည်းပြုလုပ်ခဲ့ပြီး ညအချိန်တွင် ကောင်း ကောင်းမအိပ်ခဲ့ကြောင်း တရာခံမြန်မာအမျိုးသမီးထွက်ဆိုချက်ကို ကိုးကားပြီးအဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။

အဖမ်းခံခဲ့သူ Lalrozama သည် အမျိုးသမီးများကို အလိုမတူပေါင်းသင်းဆက်ဆံမှုကြောင့် ၃ ကြိမ် တိုင်တိုင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်...KNG News

မပေါ်တပေါ်တွေဝတ်လေ့ရှိကြတဲ့ မြန်မာအဆိုတော်အမျိုးသမီးတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတော့ မြန်မာဝတ်စုံလေးတွေနဲ့ဆိုတော့ မင်္ဂလာရှိပါပေ့






ဓာတ်ပုံ..National League for Democracy

မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂ စတင်ဖွဲ့စည်း

မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂကို ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အတွက် ခံစားချက်တူညီတဲ့အလုပ်သမားတွေ စုစည်းပြီး အခုလို သမဂ္ဂဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဥက္ကဌ ၁ ဦး၊ ဒုဥက္ကဌ ၂ ဦး၊ အတွင်းရေးမှုး ၁ ဦး၊ တွဲဖက်အတွင်းရေးမှုး ၂ ဦး၊ ဘဏ္ဍာရေးမှုး ၁ ဦး အပါအဝင် စုစုပေါင်း အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဥက္ကဌအဖြစ် ကိုရဲကျော်သူက ဆောင်ရွက်မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာသာ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပေမဲ့ ရှေ့ဆက်ပြီး ဆက်လက်ဖွဲ့စည်းသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဥက္ကဌဖြစ်တဲ့ ကိုရဲကျော်သူက ဆိုပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ စသဖြင့် စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ သမဂ္ဂတွေအလိုက် စည်းရုံးသွားဖို့ရှိတယ်လို့လဲ သိရပါတယ်။

အခြေခံလစာတွေ တိုးမြှင့်ပေးဖို့၊ အလုပ်ချိန် ၈ နာရီ အတိအကျသတ်မှတ်ပေးဖို့၊ အချိန်ပို အိုတီကြေးတွေကို တရားဝင်သတ်မှတ်ပေးဖို့တွေကို အဓိကထား တောင်းဆိုမှာဖြစ်ပြီး စက်မှုဇုန်အလုပ်သမားတွေကနေ တဆင့် ကာယ၊ ညာဏ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအထိပါ တိုးမြှင့်တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

၂၀၁၁ခုနှစ် အောက်တိုဘာလ၁၂ရက်နေ့မှာခွင့်ပြုလိုက်တဲ့အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်တဲ့

အပေါ်မှာ နိုင်ငံတော်အခြေခံဥပဒေ ပုဒ်မ ၁၂၄ နဲ့အညီ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများ သမဂ္ဂကို တရားဝင်အဖွဲ့အစည်းအနေနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မှတ်ပုံတင်မှာဖြစ်တယ်လို့ ကိုရဲကျော်သူက ဆိုပါတယ်။

သတင်း..ဘားမားဗီဂျေ

NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည်



တရားဝင်နိုင်ငံရေးပါတီ အဖြစ်တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ပါတီဝင်အသစ်များလက်ခံရန်အတွက် ပါတီဝင်လျှောက်လွှာများကို လာမည့်ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည် ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

NLD ပါတီသည် ပထမဆုံးအသုတ်အဖြစ် ပါတီဝင်လျှောက်လွှာ ဆယ်သိန်းရိုက်နှိပ်ဖြန့်ဝေမည် ဖြစ်ကာ၊ တစ်စောင်လျှင် တစ်ရာကျပ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ပါတီဝင်လျှောက်လွှာတွေကို အခမဲ့ဖြန့်ဝေပေးဖို့တော့ မရှိပါဘူး”ဟု NLD ပါတီတည်ထောင်ရာတွင် ပါဝင်သူ ဦးဥာဏ်ဝင်းက ပြောသည်။

ပါတီဝင်လျှောက်လွှာတွင် ထူးထူးခြားခြား ဖြည့်စွက်စရာများ ပါဝင်မည်မဟုတ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

NLD ပါတီတည်ထောင်ရန် စတင်သည်နှင့် တစ်ပြိုက်နက် မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များက ပါတီဝင်အသစ်များ စည်းရုံးရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လူငယ်တာဝန်ခံတစ်ဦးက အတည်ပြုပြောကြားသည်။

“စစ်အစိုးရလက်ထက်မှာ ခေါင်းငုံ့နေရတဲ့အချိန်တွေကို ကျွန်တော်တို့ အတိုးချပြီး ပြန်ကြိုးစားကြမှာပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။

ပါတီဝင်အသစ် လျှေက်လွှာများ ရရှိသည်နှင့်တပြိုင်နက် ပါတီတည်ထောင်သူများဖြစ်ကြ သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ကိုယ်တိုင် ပါတီစည်းကမ်းနှင့် အညီ လျှောက်ထား ရမည် ဖြစ်ကြောင်းသိရသည်။

သတင်း....yangonchronicle

27 November 2011

ကမ္ဘာ့ကလေးသူငယ်များနေ့ ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပမည်

သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် World Vision တို့ပူးပေါင်း၍ CRC (Convention on the Rights of the Child) ကလေးသူငယ်များနေ့ အထိမ်းအမှတ်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သတင်းရရှိသည်။

ယင်းအထိမ်းအမှတ်ပွဲတွင် ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များကို သာမက CRC နှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း ပြောပြသွားမည်ဟု သုခရိပ်မြုံ တာဝန်ရှိသူ ဒေါက်တာထားထား(စုထား)က ပြောကြားသည်။ “ဒီပွဲလေးက ကလေးတွေအတွက် အထူးဖျော်ဖြေမှာပါ။ သူတို့တွေ အချင်းချင်း ကိုယ်တတ်ထားတဲ့ ပညာလေးတွေနဲ့ ဖျော်ဖြေကြမယ်။ ပြီးရင် သူတို့အတွက် နေ့လယ်ကျရင် ဟားဘဲလေးများအဖွဲ့ကလည်း အခမဲ့ မေတ္တာနဲ့ ဖျော်ဖြေပေးဦးမှာပါ” ဟု ၄င်းကဆိုသည်။ သုခရိပ်မြုံသည် ခုခံအားကျဆင်းမှုဝေဒနာ HIV ခံစားနေရသော ကလေးသူငယ်များကို စောင့်ရှောက်နေသည့် အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး World Vision သည် လမ်းပျော်ကလေးများကို စောင့်ရှောက်ပေးသော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အဖွဲ့ဖြစ်သည်။ CRC ကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ကြီးက ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် အတည်ပြုပေးခဲ့သည်။ CRC ၏ အဓိကရည်ရွယ်ချက်မှာ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား ဖြစ်ထွန်းရေးကို ဦးတည်ရန် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV စောင့်ရှောက်ရေး ဂေဟာသို့ သွားမည်

ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV စောင့်ရှောက်ရေး ဂေဟာသို့ သွားမည် မြန်မာနိုင်ငံသို့ နှစ် ၅ဝ အတွင်း ပထမဦးဆုံး လာရောက်မည့် အမေရိကန် ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိ ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ရန်ကုန်မြို့တော်သို့ ရောက်ရှိခိုက် ဒဂုံမြို့ သစ် တောင်ပိုင်း မြို့နယ် HIV ပိုး ကူး စက်ခံ လူနာများကို ပြုစုစောင့်ရှောက် ပေးနေသော ဂေဟာသို့ လာရောက်ရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဂေဟာမှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက The Voice Weekly သို့ ပြောကြားသည်။

"မစ်စ် ကလင်တန်က ကျွန်မတို့ ဂေဟာကို လာဖို့အတွက် သူတို့ သက်ဆိုင် ရာက နေရာတွေ ဘေးပတ်ဝန်းကျင် တွေ ကိုတော့ လာကြည့်သွားတယ်။ ဒါပေမယ့် လာ မ လာတော့ သေသေ ချာချာ သူတို့အကြောင်း မပြန်သေးဘူး " ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

ယင်း ပြုစုစောင့်ရှောက်ရေး ဂေဟာက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော World AIDS Day အတွက် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်၌ အထိမ်းအမှတ်ပွဲ ကျင်းပမည် ဖြစ်ပြီး ယင်းနေ့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ရန် ရှိကြောင်း ၎င်းက ရှင်းပြသည်။

World AIDS Day ကို ဗဟန်း မြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် စတင်မည် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ ထံသို့ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ဂေဟာမှ စေတနာ့ဝန်ထမ်း လုပ်အားပေး ကိုလှမျိုးအောင်က ပြောကြားသည်။

" ကျွန်တော်တို့က အမှတ်တရ လက်ဆောင်တွေကို သော့ချိပ်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဝေါလ်ရှိ တို့ကို အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်းနဲ့ မိတ္တီလာတို့ကို နှစ်စဉ် ပို့ပေးတဲ့အတိုင်း ပို့မှာပါ " ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ပြုစုစောင့်ရှောက်ရေး ဂေဟာသည် အမှတ် ၃၇၆၊ ကမ္ဘောဇ ၂ လမ်း၊ ၁၈ / B၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် တည်ရှိသည်။

သတင်းရင်းမြစ်... The Voice Journal

သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ကျန်းမာရေးချို့တဲ့ ဆေးရုံရောက်

တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူထောင် ဒဏ် နှစ်ရှည်ကျခံနေရသောသျှမ်းပြည်မျိုးဆက် သစ် ခေါင်းဆောင်များအနက်စိတ်ရောဂါအထူး ခံစား နေရသော စိုင်းမျိုးဝင်းထွန်း ထောင်ဆေးရုံ၌ ၂ လကျော်ကြာဆေး ကုသမှုခံယူနေရကြောင်း ရန်ကုန်မှသျှမ်းမိသားစုများ သတင်းရပ်ကွက်က ဆိုပါသည်။

“ သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် စိုင်းမျိုးဝင်းထွန်း ထောင်ဆေးရုံရောက်နေတာ စက်တင်ဘာလ နှောင်း ပိုင်း ကတည်းကဘဲ။ သူက စိတ်ကျရောဂါစွဲနေတော့ ညညလဲ အိပ်လို့မရဘူး။ ကယောင်ကတန်း နဲ့ တတွတ် တွတ်ပြောတော့ ဘေးပတ်ဝန်းကျင်ကလူအတွက် အနှောင့်အယှက်ဖြစ်တယ်။ စကားများ ရတယ်။ အစားလဲ မစားဘူး။အားအင်တွေဆုတ်ယုတ်လို့အနီးကပ်ဆေးကုသမှုခံ ယူနေရတာဖြစ်တယ်” - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကပြောသည်။

ယခုလဆန်းပိုင်းက ၎င်း၏ညီမ ထောင်ဝင်စာသွားတွေ့ရာ မြင်းခြံထောင်ဆေးရုံ၌ပင်တွေ့ခွင့်ရခဲ့ကြောင်း၊ ၂၀၁၁ နှစ်ဆန်း မှစ၍ ရောဂါသည်းလာခြင်းဖြစ်ပြီး ဆေးရုံ ၅ ကြိမ်ထက်မနဲ တက်လိုက်ဆင်းလိုက်လုပ်နေ ရာမှ ယခု တကြိမ် ဆေးရုံ၌ ၂ လ ကျော် ကြာသွားခြင်းဖြစ်ကြောင်း နီးစပ်သည့်ဆွေမျိုးက ပြောသည်။

“ အရင်က သူ ဆေးရုံတခါတက်ရင် တပတ် ၁၀ ရက်ဘဲကြာတတ်တယ်။ တက်လိုက်ဆင်းလိုက်လုပ်နေတာ ၄-၅ ခါထက်မနဲ တော့ဘူး။ ခုတခါ အကြာဆုံးဘဲ။ ခုချိန်ထိ ဆေးရုံကမဆင်းရသေးဘူး။စိုးရိမ်ရတဲ့အခြေ အနေလို့ ပြောလို့ရတာပေါ့” ဟု ဆို၏။

သျှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူးစိုင်းညွန့်လွင်၊ ဗဟိုအလုပ် အမှု ဆောင် စိုင်းလှအောင် တို့အားဖမ်းဆီးသည့်ကာလတွင် ဆရာဦးမြင့်သန်း ခေါင်းဆောင်သည့် သျှမ်းပြည်မျိုး ဆက်သစ် အဖွဲ့ဝင်များပါအဖမ်းခံရသဖြင့် စိုင်းမျိုးဝင်းထွန်းလည်း ၂၀၀၅ ခုနှစ်ဖေဖော်ဝါရီ လ ၈ ရက်က နေအိမ်၌ ဖမ်းဆီးခြင်းခံရသည်။ အဆိုပါသျှမ်းအမျိုးသားခေါင်းဆောင်များအားသျှမ်းပြည် အတိုင်ပင်ခံ ကောင် စီဖွဲ့စည်းမှုအပြင် အခြားအမှုပေါင်း များစွာဖြင့် စွဲချက်တင်ကာ ၂၀၀၅ စက်တင်ဘာလ ၂ ရက် က ထောင်ဒဏ် ၇၉ နှစ်မှ ၁၀၆နှစ်အထိချမှတ်ခံရပြီးမြန်မာပြည်နယ်စွန်နယ်ဖျား အကျဉ်း ထောင်များ သို့ ပို့ဆောင်ချုပ် နှောင် ခြင်း ခံခဲ့ရသည်။ ဆရာဦးမြင့်သန်းမှာမူ ၂၀၀၆ မေလက ရခိုင်ပြည် သံတွဲထောင်၌ ကွယ်လွန်သွားခဲ့သည်။

၎င်းတို့နက် ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခံရသော သျှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ် ဆေ ထဲန့်က အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာလ ၁၂ ရက်က ထောင်ဒဏ်မှ လွတ်မြောက် ခဲ့သည်။

ရင်းမြစ်....သျှမ်းသံတော်ဆင့်

ဖဲကြိုးဖြူနေ့(သို့)ကမ္ဘာ့အမျိုးသမီးများအကြမ်းဖတ်မှုပပျောက်ရေးနေ့


ယနေ့(၂၅.၁၁.၂၀၁၁) နေ့လည်၁နာရီမှစတင်၍ မြောက်ဥက္ကလာ၊ဗဟန်း၊တာမွေနဲ့၊ရွှေဂုံတိုင်ရုံးချုပ်သွားရာ လမ်းတစ်လျှောက် ဗမာ့ကျောင်းသားလူငယ်များမှဒီမိုကရေစီအင်းအားစုများနှင့် ပူးပေါင်းကာ ယနေ့ ၂၅.၁၁.၂၀၁၁ ရက်နေ့ကျရောက်သော ကမ္ဘာ့အမျိုးသမီးများအကြမ်းဖတ်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိင်ငံရေးအကျဉ်းသူများပုံပါ ပို့စကဒ်များ လိုက်လံဝေငှ ၍ စတေကာများ ဘက်စ်ကားများပေါ်နှင့် လမ်းတစ်လျှောက် ဓာတ်တိုင်များ လူမြင်ကွင်းများတွင် လိုက်လံ ဖြော်ပခြင်းများလုပ်ဆောင်ခဲ့ကြပါသည်။
.............................................................................................................
ပြီး ခဲ့​တဲ့​နိုဝင်ဘာ ၁၉ ရက် ညပိုင်း​က ဘာလီမှာ​ရောက်​နေတဲ့​သမ္မတ ဦး​သိန်း​စိန်မှ မြန်မာသတင်း​ထောက်​တွေကို သီး​သန့်သတင်း​စာရှင်း​ပွဲတခု လုပ်​ပေး​ခဲ့​ပါတယ်။

ယုံကြည်ချက် ကြောင့်​အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်​ပေး​မလား​လို့​မေး​တာကို ဖြေပုံက ရှင်း​ပါတယ်။ သူ့စကား​လုံး​အတိအကျဆိုရင် ယုံကြည်ချက်​ကြောင့်​ဆိုတဲ့​ဟာက​တော့​ပြောရမှာခက်တယ်။ ကျ​နော်တို့က ယုံကြည်ချက် ဆိုတာက​တော့​လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူး​လွန်ထား​တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူ့လိုပဲ ပြစ်မှု ကျူး​လွန်ထား​တဲ့​သူ​တွေလည်း အကျဉ်း​ထောင်ထဲမှာ အများ​ကြီး​ရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျား​တို့ပြောမယ်ဆိုရင် ကျန်တဲ့​အဖွဲ့တွေအတွက်ပါ ခင်ဗျား​တို့ ကိုယ်ချင်း​မစာနာရာ ကျမယ် ဆိုပြီး​ဖြေသွား​ပါတယ်။

ဟုတ်ကဲ့...သမ္မတကြီးအဖြေကို ဖြည့်စွတ်မေးခွင့်ရချင်ပါတယ်။ကျန်အကျဉ်းသားတွေကို မစာနာရာ မရောက်အောင် တွေးဖြေပေးခဲ့တဲ့ သမ္မတကြီးခင်ဗျား....၂၆.၁၀.၂၀၁၁ရက်နေ့မှစတင်ပြီး သာမာန် အကျဉ်းသားတွေ သာ လျော့ရက်ခံစားရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမား များ လျော့ရက်မရရှိခြင်းအတွက် အစာငတ်ခံ တောင်းဆိုသူများအရေး အော်...သူတို့လဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်၍ အရေးယူခံနေသူများပေပဲဟု သာမာန်အကျဉ်းသားများကဲ့သို့ ကိုယ်ချင်းစာ လျော့ရက်ပေး လိုက်လျောရမည့်အစား....

မည်သည့်အကြောင်းကြောင့် ရေဖြတ်ခဲ့ပါသနည်း....

မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခဲ့ပါသနည်း...

မည်သည့်အရေးကြောင့် ထောင်ဝင်စာပိတ်ခဲ့ပါသနည်း...

ယနေ့ ကျရောက်သော ကမ္ဘာအမျိုးသမီးများအကြမ်းဖတ်မှု ပပျောက်ရေးနေ့ တွင် သမ္မတကြီးအား သိစေလိုသည်မှာ...မြန်မာနိင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျစံနေရသူ အကျဉ်းသူများနှင့် တစ်ကွ နိင်ငံရေးအကျဉ်းသားအားလုံးသည် ဥပဒေ၏အကြမ်းဖတ်ခံ နေရသူများဖြစ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူများ ဖြစ်ကြောင်း သမ္မတကြီးမှပီပီပြင်ပြင် လက်ခံပြောကြားပေးစေလိုပါသည်။

ဝလုံး -ကျောင်းသားလူငယ်

ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ် က တွေ့ဆုံမေးမြန်းခြင်း ( အပိုင်း ၁ )


ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှေ့ကို ကောင်းကောင်းမြင်ရတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။

မြန်မာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်တစ် ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အား ဝေါလ်စထရိဂျာနယ်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်များကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အစစ်အမှန်တွေလို့ ခံစားရပါသလား။ ခံစားရတယ်ဆို ဘယ်ဟာတွေကို အစစ်အမှန်လို့ ခံစားရပါပြီလဲ၊ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အားရစရာတွေကို ပြောရမယ်ဆိုရင်တော့ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ကိစ္စတွေ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ ကိစ္စတွေကို အားရပါတယ်၊ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ရတဲ့အခြေအနေတွေထက် အများကြီး အားရစရာ ကောင်းလာတယ်လို့ ခံစားရပါတယ်။ ပိုပြီးလည်း စစ်မှန်လာတယ်လို့ ခံစားရပါတယ်။ ခုဆို သတင်းမီဒီယာတွေအနေနဲ့လည်း အရင်ကထက်ပိုပြီး အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပါဝင်ခွင့်ရလာတာ တွေ့ရပါတယ်။ ဒါလည်း အားရစရာကောင်းတဲ့ တစ်ချက်ပါ။ သတင်းလွတ်လပ်ခွင့်လည်း အရင်ကထက် ရလာတာ တွေ့နိုင်ပါတယ်။ ယေဘုယျ ခြုံပြောရရင် လူတွေဟာ နိုင်ငံရေးမှာ အရင်ကထက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဝင်လုပ်ကိုင်ရဲလာတာ အားလုံးအမြင်ပါပဲ။ ခုအချိန်ဟာ နိုင်ငံရေးလုပ်ဖို့ဆို လန့်နေရတဲ့ အရင်ကလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။ ဒီအပြောင်းအလဲဟာ အားရစရာ အပြောင်းအလဲ၊ အရေးကြီးတဲ့ အပြောင်းအလဲလို့ ပြောနိုင်ပါတယ်။ ခုလို လူတွေ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင်နိုင်ဖို့ဟာ နိုင်ငံတစ်နိုင်ငံအတွက် တစ်ကယ့်ကို အရေးကြီးပါတယ်။



ဝေါလ်စထရိ ။ ။ အခုအခြေအနေတွေဟာ အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကနဲ့ ဘယ်လို ကွာခြားမှုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုအခြေအနေလောက် ပွင့်ပွင့်လင်းလင်း ရှိလာတဲ့အခြေအနေကို မကြုံဖူးသေးပါဘူး။ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပေမယ့် ပန်းတိုင် သွားရမယ့် လမ်းကိုတော့ ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရပါပြီ။


ဝေါလ်စထရိ ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကို အစိုးရနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်လောက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် ပါလာတာလည်း တွေ့ရပါတယ်။ ဒီလိုပါလာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အထဲမှာ ကျန်နေသေးတဲ့လူတွေနဲ့စာရင် လွတ်လာတာက နည်းလွန်းနေပါသေးတယ်။ အထဲမှာ ကျန်နေတဲ့လူတွေရဲ့ ရှေ့ရေးကရော ဘယ်လိုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တဲ့ အဓိက နိုင်ငံရေးအကျဉ်းသား အတော်များများ အထဲမှာ ကျန်နေပါသေးတယ်။



ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်မယ့် အရိပ်အယောင် ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဖြစ်နိုင်ချေရှိပါတယ်။



ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်ပေးမယ့် အရိပ်အယောင်မျိုး အစိုးရဆီမှာ တွေ့ရပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အစိုးရအကြံပေးပုဂ္ဂိုလ်တွေနဲ့ အခြား ပုဂ္ဂိုလ်တွေဆီက ကြားရသလောက်တော့ မကြာခင် ထပ်လွှတ်ပေးနိုင်ချေရှိတယ်လို့ သိရပါတယ်။



ဝေါလ်စထရိ ။ ။ အခုအချိန်မှာ မြန်မာနိုင်ငံ ရင်ဆိုင်ကျော်လွှားရမယ့် အရေးအကြီးဆုံး ပြဿနာက ဘာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူအားလုံး အားထား ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ပါ။ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မျိုးမှာလည်း တိကျပြီး အားလုံး အားကိုး ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပေးနိုင်ဖို့ လိုပါတယ်။ ဥပမာ ဆိုကြပါစို့၊ ပြည်ပကနေ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုပါစို့။ သူတို့ကို အိမ်ရှင်နိုင်ငံက ဘယ်လို အခြေအနေတစ်ခု သတ်မှတ်ပေးမယ်ဆိုတာ တိတိကျကျ မသိရဘဲနဲ့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တွေအတိုင်း တိတိကျကျ လုပ်ပေးဖို့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေမျိုး မရှိဘူးဆိုရင် သူတို့ ဘယ်လာလုပ်ချင်မှာလဲ၊ အဲ့လိုပဲ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖောက်ဖျက်ရင် တိုင်စရာ တရားရုံး၊ အရေးယူနိုင်စရာ ဥပဒေ တိတိကျကျ မရှိရင် ဘယ်လာလုပ်ချင်မှာလဲ။ ဒါ ဥပမာအနေနဲ့ ပြောတာပါ။ အဓိက ပြောချင်တာက လူတိုင်း ယုံကြည်ကိုးစားနိုင်မယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နယ်ပယ်တိုင်းမှာ ရှိနေအောင် လုပ်ထားဖို့ လိုအပ်နေတဲ့အကြောင်း ပြောချင်တာပါ။



ဝေါလ်စထရိ ။ ။ ဒီနေ့ မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတာ ဘယ်သူလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သမ္မတဟာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ပါ။ တစ်ခုပြောစရာရှိတာက သမ္မတကို ဘယ်သူတွေက ဘယ်လောက် ထောက်ခံ သဘောကျကြလဲဆိုတာကိုတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ အရပ်သား အစိုးရတွင်းကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲ၊ စစ်တပ်ကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲဆိုတာတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဘယ်နိုင်ငံသမ္မတဖြစ်ဖြစ် စစ်တပ်ရဲ့ ထောက်ခံမှုကို ရထားဖို့ လိုတယ်ဆိုတာ ကျွန်မလည်း မငြင်းပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတအဖို့ ရထားဖို့ လိုအပ်တဲ့ ထောက်ခံမှုတစ်ခုပါ။ ဦးသိန်းစိန်ဟာ အပြည့်မဟုတ်တောင် မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတဲ့ လူတစ်ယောက်လို့ ပြောရမှာပါပဲ။


ဝေါလ်စထရိ ။ ။ အငြိမ်းစာယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်ရောက်နေတယ် ကြားမိပါသလဲ၊ ဗိုလ်ချုပ်မှူးကြီးနဲ့ကော အဆက်အသွယ်ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဆက်အသွယ်မရှိပါဘူး။ ကောလဟာလတွေကတော့ ပေါင်းစုံအောင် ထွက်နေတာပေါ့လေ။ လုံးဝ အနားယူသွားပြီ၊ နိုင်ငံရေးလောကနဲ့ လုံးဝ မပက်သက်တော့ဘူးလို့ ပြောတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ဝင်လာဦးမယ်လို့ ပြောတဲ့လူတွေလည်း ရှိတယ်။ ကျွန်မကတော့ ဒါတွေအားလုံးကို ကောလဟာလအနေနဲ့ပဲ သက်မှတ်ထားပါတယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြား သတင်းသမားတစ်ယောက် အကျင့်ရအောင် လုပ်ထားရမယ့်ထဲမှာ ကောလဟာလတွေလည်း ပါပါတယ်။ ကောလဟာလနောက်ကို မလိုက်မိအောင် ကျင့်ထားဖို့ လိုပါမယ်။ ခုကိစ္စနဲ့ပက်သက်ပြီး ထင်သာမြင်သာ အားကိုးထိုက်တဲ့ သတင်းထုတ်ပြန်ချက် မရှိပါဘူး။ ဒီတော့ လူတွေဟာ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကောလဟာလတွေ အမျိုးမျိုး ဖြစ်နေတာပါပဲ။

ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။

ရင်းမြစ်....မက်စင်ဂျာ ဂျာနယ်