17 June 2010

ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ( ၂၀၁၀ ) ရွေးကောက်ပွဲ ဥပဒေရေးရာဆွေးနွေးပွဲ




ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )



ပေးပို့ ပေးသော မောင်လေး ဘော်ဘော် ကိုကျေးဇူးတင်ရှိပါသည်.။

16 June 2010

ယနေ့ (၁၆.၆.၂၀၁၀)စင်ကာပူနိုင်ငံ Orchard လမ်းမှာ မိုးရွာသွန်းမှုကြောင့်မြို့လည်ခေါင်ရေကြီးနေသောဓာတ်ပုံသတင်း





C,01

ဓာတ်ပုံများ ပို့ပေးသော သူငယ်ချင်း စင်ကာပူမှ ကိုရဲမြင့် အားကျေးဇူးတင်ရှိပါသည်.။

ကမ္ဘာ့ဖလားပွဲစဉ်များကို ရန်ကုန်လမ်းဆုံတချို့တွင်ဤသို့ ကြည့်နိုင်ပြီ...

ရန်ကုန်မြို့တနေရာတွင် မြင်ကွင်းကျယ်ရုပ်သံမှတဆင့် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်နေသူများ (ဓာတ်ပုံ - AP)

ရခိုင်ပြည်နယ် မိုးကြီး မြေပြိုမှုအတွင်း သေဆုံးမှုများရှိ(ရုပ်သံမြင်ကွင်း)



မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုလို့ ၂ နိုင်ငံဘက်လုံးမှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ သေဆုံးသူ ၁၉ ယောက် အနည်းဆုံးရှိခဲ့ပြီး ဘူးသီးတောင် မောင်တောဘက်မှာ ထိခိုက်မှု အများဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူနေရပ်ကွက် အတော်များများမှာ ဆိုရင်လည်း မိုးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ပြောပြကြပါတယ်။ လတ်တလောမှာတော့ ဒေသတွင်းမှာရှိတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်း တချို့က အရေးပေါ် အကူအညီပေးရေး အစီအစဉ်တွေ စတင် ဆောင်ရွက်နေတာတွေ ရှိပြီလို့လည်း ဆိုပါတယ်။ဒါပေမဲ့လည်း မိုးသည်းထန် ရေကြီးတဲ့အတွက် လမ်းတွေပျက်စီး ပြတ်တောက်နေပြီး ကူညီကယ်ဆယ်ရေးတွေ လာဖို့ အခက်အခဲ ဖြစ်နေပါတယ်။

မြန်မာနဲ့ ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာလည်း မိုးကြီး မြေပြိုလို့ ၄၇ ယောက် အနည်းဆုံး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။တောင်ပိုင်း ကမ်းရိုးတန်း ဒေသဖြစ်တဲ့ ကော့က်စ် ဘဇား (Cox’s Bazar) မှာ ဒီနေ့ အင်္ဂါနေ့ မြေပြိုမှု ဖြစ်ခဲ့တာပါ။ သေဆုံးသူတွေကို ဆက်ပြီး ရှာဖွေနေတာနဲ့အတူ သေဆုံးသူ အရေအတွက် များလာနိုင်ပါတယ်။

စစ်သားတွေ စခန်းချနေတဲ့ နေရာမှာ မြေပြိုသွားလို့ စစ်သား ၆ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်မှာလည်း မြေပြိုတဲ့ နေရာတွေဆီ အကူအညီတွေ ရောက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေက ပြောပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းမှာ မုတ်သုန်လေ အသင့်အတင့် ရှိနေပြီး ကျန် ဘင်္ဂလား ပင်လယ်အော်ထဲမှာ မုတ်သုန်လေ အားကောင်းနေတယ်လို့ မြန်မာအစိုးရထုတ် သတင်းစာထဲမှာ မိုးလေဝသ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သတင်းရင်းမြစ်..VOA

နျူကလီးယားကိစ္စပတ်သက်ပြီး နအဖ စွပ်စွဲချက်အပေါ် ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် ဗိုလ်မှူး အောင်လင်းထွဋ်တို့က ပြန်လည်ငြင်းဆို

နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရသတင်း ထုတ်ပြန်ချက်ပါ အချက်တချို့ မှားယွင်းနေတယ်လို့ ဗိုလ်မှူး စိုင်း သိန်းဝင်းနဲ့ ဗိုလ်မှူးအောင်လင်းထွဋ်တို့က ဒီဗွီဘီ ဆီ စာနဲ့အထောက်အထားဓာတ်ပုံတွေ ပေးပို့ပြီး ငြင်း ဆိုလိုက်ပါတယ်။

အဲဒီစာတွေအတွင်း အထောက်အထားက ထောက်ပြထားတဲ့အချက် ၂ ခုကတော့ ဗိုလ် မှူး စိုင်းသိန်းဝင်းဟာ ‘နအဖ’ ကပြောနေသလို ဗိုလ်ကြီးအဆင့်မဟုတ်ဘဲ ဗိုလ်မှူး ဖြစ်တယ် ဆိုတဲ့ အထောက်အထား ရုံးစာနဲ့အထောက်အထားဓာတ်ပုံ၊ နောက်တခါ ဗိုလ်မှူးအောင် လင်းထွဋ်ရဲ့ စာထဲမှာတော့ ‘နအဖ’ က စွပ်စွဲထားတဲ့ အမေရိကန်ဒေါ်လာ ၄၅ဝဝ ကျော်အလွဲ သုံးစားလုပ်တယ်ဆိုတာ မဟုတ်ကြောင်း၊ ဒေါ်လာ ၈ဝဝဝ ကျော်ကို သံ မှူးကြီး ဦးမင်းလွင်ဆီ လွဲပြီးဖြစ်တဲ့အကြောင်း သံရုံးရဲ့ တရားဝင်စာကို ပူးတွဲဖော်ပြ ထားတာ တွေ့ရပါတယ်။ ဒါဟာမြိုင်မြို့မှာ အခြေစိုက်ဖွင့်ထားတဲ့ နျူကလီးယားတပ်ရင်းမှ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြည်ပကိုထွက်လာပြီး ‘နအဖ’ နဲ့ မြောက်ကိုးရီးယားတို့ရဲ့ နျူကလီး ယား ဆက်ဆံရေးအကြောင်း ဒီဗွီဘီကို ပြောပြပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ စစ်အစိုးရက သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ သတင်းထုတ်ပြန်ချက်ဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမှအပ နျူကလီးယားနဲ့ ပတ်သက် ပြီး အရေးကြီးတဲ့အချက်တွေကို ငြင်းဆိုနိုင်တာမျိုး မတွေ့ရသေးပါဘူး။

သတင်းရင်မြစ်..http://burmese.dvb.no/news.php?id=11197




ရန်ကုန်မြို့ တွင် ပါရမီဂိတ်ရထားသံလမ်းအကူးရထားလမ်းဖြတ်ကူးသည့်ကားကို မြို့ပတ်ရထားက အရှိန်ပြင်းစွာ ၀င်တိုက်


ရထားလမ်းဖြတ်ကူး နေသော မော်တော်ယာဉ်အား မြို့ပတ် ရထားက အရှိန်ပြင်းစွာ တိုက်မိသော ကြောင့် မော်တော်ယာဉ်ပျက်စီးပြီး ယာဉ် ပေါ်ပါလူလေးဦးအနက် နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်တစ်ခု ဇွန် ၄ ရက်က ဖြစ်ပွားခဲ့သည်။

ရန်ကုန်ဘူတာကြီးမှ အင်းစိန် သို့ မောင်းနှင်လာသော မြို့ပတ်ရထားတစ် စင်းသည် ယင်းနေ့ ည ၁၀နာရီ ၄၅ မိနစ် တွင် အုတ်ကျင်းဘူတာနှင့် သမိုင်းဘူတာ အကြား မိုင်တိုင်အမှတ်-၆^၂၅နှင့် ၆^၂၆ တို့အကြား ပါရမီဂိတ်ရထား သံလမ်းကူး အရောက်တွင် သံလမ်းအား ဖြတ်ကူးလာ သော လိုက်ထရပ်စ်အဖြူရောင်ယာဉ်အား တိုက်မိခဲ့သည်။ ယင်းသို့ တိုက်မိသော ကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူ အသက် (၂၀)အရွယ် မိန်းကလေးတစ်ဦး မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း ကျန်နှစ်ဦးမှာ ထိခိုက်မှုမရှိကြောင်း သိရ သည်။

''ကားအမှားလား၊ ရထားအမှား လားဆိုတာ ရုံးမှာ စစ်ဆေးရင် အဖြေပေါ် မှာပါ။ လက်ရှိတော့ ရထားကို မီးရထား အက်ဥပေဒအရ အရေးယူစစ်ဆေးဆောင် ရွက်နေပါတယ်''ဟု အုတ်ကျင်းဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''လွန်ခဲ့တဲ့ နှစ်လကလဲ အဲဒီနေ ရာမှာ လူတစ်ဦး ရထားအကြိတ်ခံရသေး တယ်။ အဲဒီနေရာက ခဏခဏ ရထား အကြိတ်ခံရတဲ့ ရာဇ၀င်ရှိတယ်။ ရထားလာ တဲ့အချက်ပေးကိရိယာကလဲ ချို့ယွင်းနေ တယ်။ အဲဒီနေ့က ရထားက အရှိန်နဲ့ ၀င် တိုက်တော့ ကားကို အလယ်ကနေ ချိုး လိုက်သလို ကျိုးကျေပြီး လွင့်ထွက်သွား တယ်။ ကားပေါ်မှာပါတဲ့သူတွေကို သေပြီ မှတ်တာ။ နှစ်ယောက်ပဲ ဒဏ်ရာအပြင်း အထန်ရတယ်။ ကျန်တဲ့နှစ်ယောက်က တော့ ဘာမှ မဖြစ်သွားဘူး။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို သွားကြည့်တော့မှ မသေ သေးတာနဲ့ ရန်ကုန်ဆေးရုံကြီးကို အရေး ပေါ်ပို့လိုက်ရတယ်''ဟု အခင်းဖြစ်ပွားရာကို တွေ့ရှိခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ယာဉ်မောင်းမှာ ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာများ ပြင်းထန်စွာရရှိသော ကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန တွင် ကုသခဲ့ရပြီး အသက် (၂၀)အရွယ် မိန်းကလေးမှာ ဦးခေါင်းပိုင်းအဓိကထိခိုက် သောကြောင့် ရန်ကုန်ဆေးရုံကြီးဦးနှောက် နှင့် အာရုံကြောဌာနတွင် လေးရက်ကြာမျှ ကုသခံခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းမှ (ပ)၁၂၉^၁၀ မီးရထားအက်ဥပဒေတို့ဖြင့် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

သတင်း YMG

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ၏ မျိုးဆက်လှိုင်း ကဗျာစုများ။

GW PDF new

ပေးပို့ ပေးသော ပြည့်စုံ(GW) အားကျေးဇူးတင်ရှိပါသည်.။

ရန်ကုန် Myanmar Information and Communication Technology Park မြန်မာအင်ဖိုတက် လို့  ခေါ်တဲ့ MICT Park မှာ မနက်က မီးလောင်မှု ဖြစ်ပွားကြောင်း


ရန်ကုန် Myanmar Information and Communication Technology Park မြန်မာအင်ဖိုတက် လို့  ခေါ်တဲ့ MICT Park မှာ မနက်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရပါတယ်။

15 June 2010

မြန်မာနိုင်ငံ ၀န်ကြီးများအား အထူး တာဝန် ပေးအပ်ခြင်း

ယနေ့မြန်မာနိုင်ငံသည်စစ်အစိုး၏လက်ထက်တွင်ထူးခြားသောရလဒ်များအားပိုင်ဆိုင်ထားနိုင်သည်မှာအောက်ပါ
အရည်အချင်းများရှိသော
ဝန်ကြီးများမျာအားအထူးအာဏာကုန်လွှဲအပ်ထားခြင်းကြောင့်ဖြစ်သည်ဟုနိုင်ငံတော် အကြီးအကဲများက ၀မ်းမြောက်ဂုဏ်ယူလျှက်ရှိကြသည်။


ထူးခြားသောရလဒ်များမှာ


ကမ္ဘာတွင် လဘ်စားမှုအများဆုံး
တိုင်းသူပြည်သားများအား အနှိပ်စက်ဆုံး ပညာရေး တွင် အဆင့်အနိမ့်ဆုံး
တက္ကသိုလ် ၊ကောလိပ် အားလုံးကို မြို့နှင့် အဝေးဆုံး နေရာတွေ ထားရှိခြင်း မတရား ဖိနှိပ်မူ အခံရဆုံး သမိုင်း
တွင်
မကြုံဖူးအောင် နိုင်ငံအ၀န်းလုံး ရာသီဥတု ဒဏ်ကို ပြင်းထန်စွာ ခံနေရခြင်း မိမိ ကိုးကွယ်သော ဘာသာ
အား နှိပ်ကွပ်မှုအများဆုံး ဆက်သွယ်ရေးစနစ်တွင် အနှေးဆုံး နှင့် အခက်ခဲဆုံး ဥပဒေသစ် အများဆုံးရေးဆွဲ့
သည်
နိုင်ငံ စာပေ လွတ်လပ်ခွင့် အနည်းဆုံး ကမ္ဘပေါ်တွင် လမ်းပန်း ဆက်သွယ်မှု အခက်ခဲဆုံးနှင့် စက်သုံး
ဆီစရိတ် ဈေးအကြီးဆုံး

မြန်မာနိုင်ငံ ၀န်ကြီးများအား အထူးတာဝန်ပေးအပ်ခြင်း

ကာကွယ်ရေး ၀န်ကြီးဌာန



မြန်မာပြည်အား မည်သူမျှ ကျူးကျော်မစော်ကားနိုင်ဘဲ မိမိတို့သာ စိတ်တိုင်းကျ ဒုက္ခပေး၇န် တပ်မတော်အား
အဆင့်မြင့်သထက်မြင့်စွာ တည်ဆောက်ရန်။ မြန်မာနို်င်ငံ၏ နိုင်ငံခြား ၀င်ငွေများသည် အလွန် များပြားသော ကြောင့်တပ်မတော် မှ တာဝန်ယူကာ မလိုအပ်သော နေရာများ တွင် စစ်လက်နက်များ တပ်ဆင်အသုံးပြုရန်
တပ်မတော်သား များသည် ပြည်သူများ ဆင်းရဲဒုက္ခ မရောက်စေရန် အဆင့်မြင့် နည်းပညာများ ကို သင်ကြား ရာတွင် အရပ်သားများအား ခွင့်မပြုရန်။

ပြည်သူများ ဆင်းရဲပင်ပန်းကာ ဦးနှောက်မခြောက်စေရန် နေရာတိုင်းတွင် စစ်သားများသာ ရာထူးရယူခြင်း
ဖြင့်
တိုင်းပြည်အားအနစ်နာခံရန်။


ဗိုလ်ချုပ်အောင်ဆန်းသည် အတိတ်တွင် ကျန်ရှိသောကြောင့် ပစ္စုပ္ပန်ကိုသာ ဦးတည်ထား လိုသောကြောင့်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကို သတင်းအမှောင်ချခြင်းဖြင့် တိုင်းပြည်အား ကူညီပေးရန် ။

ဝန်ကြီးများ သည်မဟုတ်သော အလုပ်များဖြင့် လွန်စွာ အလုပ်ရူပ်သောကြောင့် အမိန့်ကြော်ငြာချက်မှန်သမျှ
တပ်မတော်မှသာ ဦးစီးထုတ်ပြန်ခြင်းဖြင့် ၀န်ကြီးများအား ကူညီပေးကြရန်။


ပညာရေးဝန်ကြီး


မြန်မာနိုင်ငံကျောင်းသားလူငယ်မျ
ား ပညာရေးတိုးတက်ဖွံ့ဖြိုးစေရန် နှင့်ဘွဲ့ရများ ပိုမိုမွေးထုတ်နိုင်ရန် ရည်ရွယ် ချက်ဖြင်သင်ရိုးညွန်းတမ်းများတွင် ခက်ခဲသော စဉ်းစားညဏ်သုံးရသောသင်ရိုးများ ကို ထုတ်နူတ်၍ လွယ်ကူ သောစာများကို သာ ထည့်သွင်းရန် နှင့် စာမေးပွဲတွင်မေးမည့်အရာများကို သာ ထုတ်နူတ်သင်ကြားရန်။


သမိုင်းဆိုသည် မှာ အတိတ်တွင်ဖြစ်ပွားခဲ့သော အကြောင်းများဖြစ်သောကြောင့် သမိုင်းများအား မသင်ကြား ပေးရန်။
စာမေးပွဲဖြေဆိုသူတိုင်း အအောင်ပေးသည့်စနစ်ကို ကျင့်သုံး၍ ဘွဲ့ရများ ပိုမိုမွေးထုတ်ရန်။
သင်္ချာပညာရပ်များအား ဖြေ၇ှင်းနည်း နှင့် တွက်ချက်ခြင်းများကို မပြုလုပ်ဘဲ အလွတ်ကျတ်စေရန်။
ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် တက္ကသိုလ်ကျောင်းများအား ယခုထက်ပိုဝေး
သော
နေရာများတွင် ရွှေ့ပြောင်းဆောက်လုပ်ရန်။

ကျောင်းသားများ၏ ကျန်းမာရေးလေ့ကျင့်ခန်း ရစေ၇န်အတွက် လမ်းများများလျှေက်ရသော နေရာများတွင်
သာ
ဘစ်စကားမှတ်တိုင်များကို ထားရှိရန်။
ဆရာဆရာမများအား ကျောင်းသားများ ပညာရေးကို ပိုမိုသင်ပေးနိုင်ရန် ကျူရှင်ပိုမိုဖွင့်လှစ်ကြပါရန်။
မိမိတို့သက်ဆိုင်ရာအရာရှိများ၏သားသမီများကိုမူပြည်သူများအတွက်အနစ်နာခံကာနိုင်ငံခြားတိုင်းပြည်များ
တွင်
သာပညာသင်ကြားပေးရန်။


လျှပ်စစ်စွမ်းအားဝန်ကြီး


မြန်မာနိုင်ငံသည် သဘာဝကို ချစ်မြတ်နိုးသောနိုင်ငံဖြစ်သောကြောင့် ညအခါတွင် ပြည်သူများ အလုပ်မလုပ်ကြဘဲကောင်းမွန်စွာ အနားယူနိုင်ရန် လျှပ်စစ်ဓါတ်အားကိုဖြတ်တောက်ရန် နှင့်လိုအပ်ပါ က နေ့အခါတွင်ပါ
လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ရန်။
ဖယောင်းတိုင်ထုတ်စက်ရုံများ နှင့် ယပ်တောင်စက်ရုံများအာ အမြန်တည်ဆောက်နိုင်ရန် စက်မှုဝန်ကြီးဌာန
အား ကူညီပေးရန်။
ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများ နှင့် နျူးကလီးစက်ရုံများကို ပိုမိုတည်ဆောက်ပြီး ပိုလျှံသော တိုင်းပြည်
ဘဏ္ဍာငွေများ အားအသုံးချရန်။
ကျွမ်ကျင်သော လျှပ်စစ်အင်ဂျင်နီယာများ အား အသုံးချလျှင်လိုအပ်သောလျှပ်စစ်ဓါတ်အားအပြင်မလိုအပ်သော ပိုလျှံလျှပ်စစ်ဓါတ်အားများထွက်၇ှိလာမည်ဆိုးသောကြောင့် မကျွမ်းကျင်သည့် ပညာရှင်များကိုသာတာဝန်ပေး
အပ်ရန်။


ပို့ဆောင်ရေးဝန်ကြီး


မြန်မာနိုင်ငံတွင် ရှိသောလမ်းများ အားခတ်မှီသော နည်းစနစ်များ နှင့်တည်ဆောက်မည်ဖြစ်သောကြောင့် လမ်းများကို မကြာခဏ ပြင်ဆင်ရသောနည်းစနစ်များသာ အသုံးချရန်။
မကြာခဏ လမ်းများပြင်ဆင်ရမည်ဖြစ်သောကြောင့် လမ်းဖြတ်သန်းခများကို ပိုမိုကောင်ခံရန်။
ယခုအသုံးပြုထားသော လမ်းတံတားနည်းပညာများ၏ အကျိုးဆက်ကို သိသောအားဖြင့် တာယာစက်ရုံများ တည်ဆောက်နေသော စက်မှုဝန်ကြီးဌာနအား ကူညီပေးရန်။
လမ်းတံတားများအားဖြတ်သန်းခွင့်ကောက်ခံရာ၌အစိုးရနှင့်ရင်းနှီးကျွမ်းဝင်သောလူများအားကန်ထရိုက်ဆောက်
်ရွက်ခွင့်ပေးရန်။
နှင့်တံတားကြေး၊မြို့ဝင်ကြေးသာမက ရွာဝင်ကြေးပါကောက်ခံပေးခြင်းဖြင့်ပြည်သူများ ခရီးသွားခြင်းကို တိုးမြင့်ရန်
ပြည်သူများယဉ်အန္တရယ်ကင်းရှင်းစေရေးအတွက် ကားများ မြန်မြန်မောင်း၍ မရနိုင်သောလမ်များကို သာ တည် ဆောက်ရန်။
ယဉ်ထိန်းရဲများ အလုပ်ကြိုးစားနေသည်ကို သိသာစေရန် အတွက် လာသမျှကားများအား ဦးထုပ်ချွတ်ကားသမား များအားနူတ်ဆက်စေရန်နှင့်ကားသမားများမှ ပြန်၍နူတ်ဆက်ရန်။
ယဉ်ထိန်းရဲ များ အလုပ်မရှိမည် ဆိုးသောကြောင့် မီးပွိုင့်များတွင် အဆင့်မြင့် နည်းစနစ်များ အသုံးမပြုကြရန်။
ရှေးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထားသောအားဖြင့် ယဉ်သစ်တင်သွင်းခွင့်ကို ခွင့်မပြုဘဲ ယဉ်ဟောင်းများသာ
ပြည်သူများအား အသုံးပြုခွင့်ပေးရန်။



ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး


ပြည်သူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရေးအတွက် တယ်လီဖုန်းလိုင်းများ ချပေးရန် ၊ သို့သော်ပြည်သူများ ငွေကုန်ကြေးကြများမှုကို
ထိန်းသိမ်းနိုင်ရန်အတွက် ဖုန်းလိုင်းများ အား ခေါ်ရခက်အောင်လုပ်ထားကြရန် ။

ကမ္ဘာတွင် မြန်မာနိုင်ငံသည် ဖုန်းလိုင်း နှင့်ဖုန်းခ အဈေးကြီးဆုံး နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ရန် မြန်မာနိုင်ငံ၏
အင်တာနက်စနစ်သည်မြန်နူန်းမြင့်လွန်းအားကြီးနေသောကြောင့် အခြာနိုင်ငံများကမနာလိုမည်ကိုစိုးရိမ်သော
ကြောင့်
အမြန်နူန်းများ လျှော့ချရန်။


သာသနာရေးဝန်ကြီးဌာန


မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်ပြည်သူများအားအစိုးရဘာလုပ်လုပ်သည်းခံစိတ်မွေးနိုင်ကြ
မည့် တရားတော်မျာသာ
သင်ကြားပေးနိုင်ရန် သာသနာရေးဝန်ကြီးအား အထူးတာဝန်ပေးအပ်သည်။

မြန်မာနိုင်ငံ သံဃာနာယကများ အနေဖြင့် အစိုးရ၏လျှောက် ထားချက်မှန်သမျှများကို သဘောတူပေးရန် နှင့် တရားပွဲများအား အကန့်အသတ်ဖြင့်သာ ခွင့်ပြုရန်။

အချို့သော ဘုရားရှင်၏ စစ်မှန်သော တရားတော်များ ကို အစိုးရအခမ်းအနားများတွင် မဟောပြောရန် နှင့် အစိုးရ၏လုပ်ဆောင်ချက်ကို ဝေဖန်မည့်သံဃာတော်များအား သံဃာ့နာယက အဖွဲ့တွင် မခန့်အပ်ရန်။

ပြည်သူများ ဒုက္ခကို ကိုယ်ချင်းစာနာစိတ်ရှိသည့် ရဟန်းသံဃာများအား ဘုရားရှင် တရားတော်တွင် မပါသော် လည်း သံဃာမဟုတ်ဟု လိုအပ်ပါက အတိအလင်း ကြော်ငြာပေးရန်သံဃာနာယကအဖွဲ့၏တာဝန်ဖြစ်သည်။



သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာ


မြန်မာနိုင်ငံ ၏ သမိုင်းတွင် မကြုံဖူးလောက်အောင် မည်သည့်နေရာ၌ တိုးတက်နေသည်ကို အမှန်တကယ်သိ
သာ သူများ၏ ဟုတ်မှန်သော သတင်းများကို မမှန်ကန်သော သတင်းများအဖြစ် ချက်ခြင်း ကြော်ငြာချက်
ထုတ်ပြန်ရန်။

သတင်းစာ ဂျာနယ်တိုင်းတွင် အတင်းအဖြင်းများကို သာ အရေးကြီးဖော်ပြရန် နှင့် တိုင်းပြည်၏လိုအပ်ချက်များကို မဖော်ပြကြရန်။

သတင်းမှန်ဖော်ပြသောဂျာနယ်များအား ဥပဒေအသစ် ထုတ်၍ ဂျာနယ်ထုတ်ဝေခွင့်ပိတ်ရန် နှင့်စာရေးစရာအား အပြစ်အမျိုးမျိုးပြ၍ထောင်ချရန်။

ပြည်သူများ၏စိတ်အေးချမ်းသာမှုရရှိစေရန်အနိဌာရုံဖြစ်ရပ်မှန်မြင်ကွင်းများအားမဖော်ပြဘဲပျော်ရွှင်စ၇ာများကို
သာဖော်ပြရန်။

တိုင်းသူပြည်သားများ ၏ ဆန္ဒကို ထုတ်ဖော်မရေးသားကြရန် ။

မြန်မာနိုင်ငံစာနယ်ဇင် (၀ါ ) သတင်းအမှာင်ချရေး ကော်မတီ ကိုလည်း သေချာစွာပြင်ဆင်ဖွဲ့စည်းရန် ။
စစ်မှန်စွာ သတင်းမှန်များကို ဖော်ပြသူများအား တရားဝင် ရှုံ့ချရန်။

ညစ်ညမ်းမှုသည် မကောင်းမှန်းသိသာစေရန် ညစ်ညမ်း ၀က်ဆိုက်များအား ကောင်းစွာကြည့်ရူနိုင်စီစဉ်ပေး၍
သတင်းမှန်ဖော်ပြသောဝက်ဆိုက်များအား ပြည်သူများအချိန်ကုန်မည်ဆိုး၍ ကောင်းစွာ မကြည့်နိုင်အောင် စီစဉ်ထားရှိရန်။


ပြည်ထဲရေးဝန်ကြီးဌာန


တိုင်းပြည်တွင် ဖြစ်ပွားနေသာ ခိုးဆိုးလုယက်မှုများ ကို မဖြစ်ပွားစေရန် လူဆိုးသူခိုးများအား ထောင်ထဲထည့်၍ မိမိတို့ကိုယ်တိုင်ဦးစီးဆောင်
ရွက်ရန်။

ဘာသာရေးတရားပွဲများကိုလုပ်ခွင့်ပါမစ်ကိုမတတ်သာမှသာပေး၍ပြည်သူများကောင်းစွာအနားယူနိုင်ရန်အနှိပ်
ခန်းများ နှင့်
ကာရာအိုကေများ တိုးချဲ့ဖွဲ့လှစ်ရေးကို အကူအညီပေးကြရန်။

တရားစီရင်ရေး တွင် ဥပဒေအသစ်များထုတ်ဖော်ခြင်းဖြင့် ကမ္ဘာအလယ်တွင် ဥပဒေအများဆုံး၇ှိသောနိုင်ငံအ
ဖစ် ဂုဏ်ယူဝင့်ကြွားနိုင်ရန်။

အပြစ်မရှိပြည်သူများအား ကောင်းမွန်စွာ ထောင်ချနိုင်ရန် ဟုတ်တိုင်းမှန်ရာ တရားစီရင်မည့် ပုဂ္ဂိုလ်များ အား အလုပ်ဖြုတ်၍ မတရားသူကြီး အသင်းခန့်အပ်ရန်နှင့် ဘယ်တိုင်းပြည်တွင်မှမရှိသော ထောင်ဒဏ်မျိုးချမှတ်ရန်။
ကမ္ဘာပေါ်တွင်လဘ်စားမှုအများဆုံးနိုင်ငံအဖြစ်ဂုဏ်ယူဝင့်ကြွားနိုင်အောင်ရပ်ကွက်ဥက္ကဌများမှစ၍နေရာစုံလာဘ်
စားနိုင်ရန် စီမံပေးရန်။

လောင်းကစားသည် တိုင်းသူပြည်သူများ၏ ထွက်ပေါက်ဖြစ်သောကြောင့် လောင်းကစားမှန်သမျှ အားပေးရန်နှင့် ဖြစ်နိုင်ပါကမိမိကို ဒိုင်လုပ်ခြင်းဖြင့် ပြည်သူများအား ကူညီပေးရန်။


ဝန်ကြီးများ၏ တာဝန်မှာ လွန်စွာများပြားခြင်းကြောင့် အပြည့်အစုံမဖော်ပြနိုင်သည်ကို ခွင်လွှတ်ကြပါ၇န် လေးစားစွာ တောင်းပန်အပ်ပါသည်။

အထက်မှ တာဝန်ပေးအပ်သည့်အတိုင်း တိကျစွာ တာဝန်ထမ်းဆောင်လျှက်ရှိသောကြောင့် မြန်မာပြည် သည် ကမ္ဘာအလယ်တွင် နံမည် ကြီးနေပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

ထိုသို့အစစအရာရာတွင် ထူးခြားသောရလဒ်များ ပိုင်ဆိုင်ထားခြင်းကြောင့် နိုင်ငံတကာ မှ မနာလိုဖြစ်ကာ ဟုတ်မှန်သော သတင်းများကိုဖော်ပြလျှက်ရှိပါသည်။

ခင်မင်လေးစားစွာဖြင့်

ညဏ်လင်းထက်

မြန်မာကြယ်ငါးပွင့် သင်္ဘောသားများ ထက်ဝက်ခန့် အလုပ်ထွက်ရခြင်းအကြောင်းအရင်းမေးမြန်းချက်

ကျွန်ုပ်တို့၏မြေများကို သိမ်းပိုက်ထားခြင်းရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းနယ်တို့၌မြေယာသိမ်းမှုများ

Holding Our Ground Burmese

Holding Our Ground (English)

Land Confiscation Overview in Arakan by AASYC

ရန်ကုန်မြို့တွင်အိမ်ငှားအယောင်ဆောင်လင်မယား အိမ်ပွဲစားထံမှ ကျပ်ခုနစ်သိန်းဖိုးခန့်ရွှေထည်များ အကြမ်းဖက်လုယက်


''အိမ်ခြံမြေပွဲစားလုပ်တာ နှစ် ၃၀ လောက်ရှိပြီ။ တစ်ခါမှ ဒီလိုမျိုးမဖြစ်ဖူးဘူး။ အရမ်းလဲ ထိတ်လန့်သွားတယ်''ဟု အကြမ်း ဖက်ကာ လည်ပင်းကို ဓားမြှောင်ဖြင့်အထိုးခံ ရသော မြေနီကုန်းအနောက်ရပ်ကွက် အောင် တော်မူလမ်းနှင့် ဈေးလမ်းထောင့် အိမ်အမှတ် (၃၃)နေ အသက်(၅၂)နှစ်အရွယ် အိမ်ပွဲစား ဒေါ်ချိုချိုက ၎င်း၏အဖြစ်အပျက်ကိုပြော သည်။

မြေနီကုန်းအနောက်ရပ်ကွက် ရန်ကင်းလမ်းတွင် ဇွန် ၃ရက်က အိမ်ငှားမည် ဟုပြောပြီး အိမ်လိုက်ပြခိုင်းရာမှ ပွဲစားကို နေအိမ်ခန်းတွင် အကြမ်းဖက်ကာ ဓားမြှောင် ဖြင့် လည်ပင်းကိုနှစ်ချက်ထိုးပြီး ကျပ်ခုနစ်သိန်း ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများယူဆောင် သွားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ယင်းဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် ဒေါ်ချိုချိုသည် ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီး အထွေထွေကုသဆောင် တွင် ဆေးကုသမှုခံယူခဲ့ရသည်။

''အဲဒီနေ့ နံနက် ၁၁နာရီလောက်က အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး အိမ် ငှားချင်တယ်ဆိုပြီး အန်တီတို့နေတဲ့အိမ်ကို ရောက်လာတယ်။ မျက်နှာသိကလဲဖြစ်ပြန်၊ အိမ်လဲအဆင်သင့်ရှိနေတာနဲ့ အိမ်ပြဖို့လိုက် သွားတယ်။ မြေနီကုန်း ပထမတစ်အိမ်ကို အရင်ပြတော့ မကြိုက်ဘူးလို့ ပြောတာနဲ့ ရန်ကင်းလမ်းကအိမ်ကို လိုက်ပြတာ၊ ဒါနဲ့ အဲဒီအိမ်ကိုလဲရောက်ရော အခန်းကြိုက် တယ်လို့ပြောပြီး နောက်ဖေးဘက်ခဏသွား ကြည့်ကြမယ်လို့ပြောတာနဲ့ လိုက်သွားတာ၊ နောက်ဖေးခန်းလဲရောက်ရော မိန်းမလုပ်တဲ့ သူက ပါးစပ်ကိုပိတ်ပေးတယ်။ ယောက်ျားလုပ် တဲ့သူက ယာဘက်လည်ပင်းကို ဓားမြှောင်နဲ့ တစ်ချက်ထိုးတယ်။ မိန်းမကလဲ တစ်ချက်ထပ် ထိုးတယ်။ ပြီးတော့ အန်တီ့ရဲ့မျက်နှာတစ်ခု လုံးကို လက်သီးနဲ့ထိုးတယ်။ လည်ကုပ်ကို ခြေထောက်နဲ့နင်းတယ်။ အန်တီ ဒူးထောက် ပြီး တောင်းပန်တာတောင် ရက်ရက်စက်စက် လုပ်သွားကြတယ်။ သူတို့အားရအောင် နှိပ် စက်ပြီး အန်တီလဲကျတော့မှ ၀တ်ထားတဲ့ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တွေယူသွားတာ'' ဟု ဒေါ်ချိုချိုက သူ၏အဖြစ်ကိုပြောသည်။

ထို့နောက် မွန်းလွဲ ၁၂နာရီ ကျော် အချိန်တွင် ဒေါ်ချိုချို ဒဏ်ရာကြောင့် မေ့ မြောနေရာမှ ပြန်လည်သတိရလာပြီး ပတ် ၀န်းကျင်ကို အကူအညီတောင်းရာမှ လာ ရောက်ကူညီပြီး ဒေါ်ချိုချိုနေသည့်အိမ်သို့ အကြောင်းကြားပေးကြကြောင်း သိရသည်။

''အမေ့ကို အသေသတ်သွားကြတာ။ ကံကောင်းတော့ အမေကမသေဘူး။ သက် ကြီးရွယ်အိုတစ်ယောက်ကို ဒီလိုလုပ်သွား တာ အရမ်းရက်စက်လွန်းအားကြီးတယ်။ ဒီလိုလုပ်သွားတဲ့ လူနှစ်ယောက်က အရင် ဒီရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့ သူတွေ။ အဲဒီဆိုင်ဖွင့်ဖို့နေရာကိုလဲ အမေပဲ ရှာပေးလိုက်တာ။ သူတို့နှစ်ယောက်ကို ဥပဒေ အရ ထိထိရောက်ရောက်အရေးယူနိုင်မယ် လို့ ယုံကြည်ပါတယ်။ အမှုဖြစ်စဉ်ကို စမ်း ချောင်းရဲစခန်း၊ ခရိုင်၊ တိုင်းအဆင့်အထိ တိုင် ကြားထားတယ်''ဟု ဒေါ်ချိုချို၏သားဖြစ်သူ ကိုခင်မောင်ဦးကပြောသည်။

အဆိုပါအမှုကို စမ်းချောင်းရဲစခန်း မှ (ပ)၂၉၅/၁၀ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၄အရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း...YGM

စီဒီအမ်အေ၈၀၀မဂ္ဂါဟတ်ဇ်ဖုန်းများကိုဇွန်လ၁၅ရက်မှစတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသတ်မှတ်ပေးသည့်ရန်ကုန်မြို့ရှိ နေရာရှစ်ခုတွင်၂၄နာရီအတွင်းလျှောက်ထားနိင်

ကျပ်ငါးသိန်းဖုန်းဟု လူသိများသည့် စီဒီအမ်အေ ၈၀၀မဂ္ဂါဟတ်ဇ် ဖုန်းများကို ဇွန်လ၁၅ရက်မှစတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ပေးသည့် ရန်ကုန်မြို့ရှိ နေရာရှစ်ခုတွင် ၂၄နာရီအတွင်း အပြီးသတ် လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသည့် နေရာရှစ်ခုမှာ အိတ်စ်ချိန်းရုံးလေးခုနှင့် စာတိုက်လေးခုဖြစ်ပြီး အိတ်စ်ချိန်းရုံးလေးခုမှာ အလုံ၊ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် လမ်း၄၀အိတ်စ်ချိန်းရုံးများဖြစ်ကာ စာတိုက်လေးခုမှာ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ ဗဟိုစာတိုက်ကြီးနှင့် တက္ကသိုလ်စာတိုက်တို့ ဖြစ်သည်။ ဖုန်းလျှောက်ထားရယူလိုသူများ အနေဖြင့် ထိုသတ်မှတ်နေရာရှစ်ခုတွင် လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျပ်ငါးသိန်းဖုန်း ငှားရမ်းသုံးစွဲခွင့်ကို ၂၄နာရီအတွင်း ရရှိမည်ဖြစ်သည်။

ငှားရမ်းသုံးစွဲခွင့်ကို ရရှိပြီးပါက မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ကျောက်တံတား၊ ဗဟန်းမြို့နယ်များရှိ အီလိုက်တက် အရောင်းစင်တာများတွင် ဖုန်း RUIM ကတ်များကို ထုတ်ယူနိုင်မည် ဖြစ်သည်။

ထိုဖုန်းများကို ယခင်က နေပြည်တော်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး၊ ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ်ရုံးနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများသို့ ဆက်သွယ်လျှောက်ထားခဲ့ရပြီး ဖုန်းငှားရမ်းသုံးစွဲခွင့်ရရှိရန် အနည်းဆုံး နှစ်ပတ်ကြာမြင့်ခဲ့သည်။ အဆိုပါဖုန်းများ စတင်ချပေးထားမည့် အစီအစဉ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကြေညာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် လိုင်းပေါင်းတစ်သိန်းခွဲ ချထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ဧရိယာကုဒ်နောက်တွင် ၇၃(သို့)၉၁ နံပါတ်များဖြင့် စတင်သည့် ထိုဖုန်းများကို ဇန်န၀ါရီလ၄ရက်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခုလဆန်းတွင်ထုတ်ပြန်သည့် တရားဝင်စာရင်းများအရ ရန်ကုန်မြို့တွင်လိုင်းပေါင်း ၃၅,၀၀၀ ကျော်နှင့် မန္တလေးမြို့တွင် လိုင်းပေါင်း၁၅,၀၀၀ကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းများကို ၂၄နာရီအတွင်း အပြီးလျှောက်ထားရယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြောက်ဒဂုံမြို့နယ်နေ ကိုမိုးညိုက “ဒီအစီအစဉ်သစ်ကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဘာကြောင့်လဲဆိုတော့ ဖုန်းလျှောက်ချင်သူတွေအတွက် အချိန်သိပ်မပေးရတော့သလို လျှောက်ထားရမယ့် နေရာတွေကို အသေအချာ သတ်မှတ်ပေးထားတဲ့အတွက် ဘယ်နေရာမှာ လျှောက်ရမယ်ဆိုတာ သို့လော၊ သို့လောဖြစ်နေတဲ့ ဖုန်းလျှောက်ထားသူတွေအတွက် အလွန်အဆင်ပြေပါတယ်။ ဒီသတင်းကတော့ လူတိုင်းမျှော်လင့်နေတဲ့ သတင်းပါ။ အခုဆိုရင် တချို့နေရာတွေမှာ ဖုန်းလိုချင်သူတွေအတွက် တစ်သိန်းလောက် အပိုပေးနေရပေမယ့် အဲဒီအခြေအနေရောက်ရင် ဒါလွတ်ကင်းသွားမှာပေါ့”ဟု သုံးသပ်ပြောကြားသောသတင်းအား ပလဲနက်(
.planet) ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။

အခြေခံကျောင်းသားများ ပညာရေး စရိတ် မတတ်နိုင်သဖြင့် စာသင်ခန်း ကို ကျောခိုင်းကြ

ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ များ ရှိ အခြေခံပညာအဆင့် ကျောင်းသားများ သည် ပညာသင်၂၀၁၀-၁၁ ပညာသင်နှစ်တွင် ချမှတ်လိုက်သော မူများအရ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ အနေဖြင့် ပညာသင်ကြားမှု စရိတ်မတတ် နိုင်သောကြောင့် ကျောင်းပညာသင်ကြားရေးမှ စောစီးစွာ ထွက်ခွာရသူများ ရှိသည် ဟု စုံစမ်း သိရှိရသည်။

ယမန်နေ့ က အခြေခံပညာ အထက်တန်း ဆယ်တန်း အောင်စာရင်း ထွက်ချိန်တွင် ကျရှုံးခဲ့သူများက ‘ကျွန်တော်တော့ နောက် နှစ် ပြန်တက် ဖို့ အစီအစဉ် မရှိ တော့ ဘူး ၊ကျူရှင် လည်း မယူနိုင်ဘူး၊မီးစက် ဖိုးလည်း မတတ် နိုင်ဘူး ဟု အထက (၁) မြောက်ဥက္ကလာ မှ ကျောင်းသား တစ်ဦးကဆိုခဲ့သည်။

ဇွန်လဆန်း က စတင်ဖွင့် လှစ်သည် ပညာသင်နှစ် ၏ အစဖြစ်သည့် တစ်လ မပြည့်ခင်မှာ ပင်အထက်တန်း ကျောင်းသား တစ်ဦး ၏ ကျောင်းစရိတ် သည် ငါးသောင်း ကျော်သွားပြီ ဖြစ်ကြောင်း ကျောင်းသား မိဘ တစ်ဦး ကပြောသည်။’နောက်နှစ် ပရိုက်ဗိတ် ကျောင်း တွေ စမယ်ဆိုရင် ကျင့်သား ရအောင် လို့ ပေါ်လစီ တွေ ချိန်း တာ ‘ဟု အထက (၃)တာမွေ မှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

အထက (၂) ရန်ကင်း မှ ဆယ်တန်းကျောင်းသား တစ်ဦးက ဆရာမ ကသူ့ ဆီမှာ ကျူရှင်မယူရင် မကြိုက် ဘူး ၊မတတ်နိုင် လို့ သင်ရိုး ညွှန်း တမ်း အဟောင်း ၀ယ်တာ သူ့ ဆီမှာကျူရှင် မယူ လို့ အဟောင်း မကိုင်ရဘူး လို့ ပြောတယ် ဟု အဆိုပါ ကျောင်းသား ကကျောင်းတွင်း အခြေအနေ များ ကိုပြောပြသည်။

ရန်ကုန် နှင့် ပဲခူးတိုင်း ရှိ အခြေခံ ကျောင်း အများစု မှာ အလှုငွေများ ထည့်ဝင်ခိုင်းခြင်းကျောင်းသာယာလှပရေး၊အားကစားကွင်း အဆင့်မြှင့်ရေး၊ ရေသန့် စက်တပ်ရေး၊အ၀ီစိတွင်း တူးရေး ခေါင်းစဉ် မျိုးစုံဖြင့် အလှုငွေ ခံကြသည် ။

ကျောင်းဆရာ၊ဆရာမ များက ယခုကဲ့ သို့ ကျူရှင် ယူခိုင်းခြင်း၊အလှုငွေများ ထည့်ဝင်ခိုင်းခြင်း တို့ သည် ပုဂ္ဂ လိက ပညာသင် ကြားရေးစနစ် သို့ ပြောင်းမည် ဟု သတင်းထွက်ပေါ်နေ သည့် ကျောင်းများ တွင် ပို၍ ဆိုးသည် ဟု သိရသည်။

ကျောင်းသားများ၏ ပညာ သင်ကြားစရိတ်မြင့်မား မှု ကြောင့် အထက်တန်း အဆင့်ကျောင်းသား များက ကျောင်း အချို့ တွင် အလှုငွေ မပေးရေး-ကျူရှင် မတက်ရေးဆော်သြမှု များ လုပ်နေသည် ။ယခင် သီတင်တစ်ပတ် က အခြေခံပညာ ကျောင်းသား သမဂ္ဂ နှင့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ တို့ က ဦးဆောင်ကာ အပို ပညာသင် ကြေး လျှော့ ချရေး စာများ ဝေငှခဲ့သည်။

အမေရိကန် တွင် K-12 ဟု ခေါ်သည့် အခြေခံပညာ (High School)ပညာ သင်စရိတ်မှာအခမဲ ဖြစ်သည့် ပြင် နံနက်စာ နှင့် နေ့ လည်စား စရိတ် နှင့် ကျောင်းကြိုပို့ စရိတ် ပါအခမဲ့ဖြစ်သည်။ အသက် ၁၈ နှစ် အောင် မည်သူ မဆို ပညာရေး အခမဲ့ သင်ယူ ခွင့်ရှိ ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လာကြသည့် ဒုက္ခသည် များ ၏ သားသမီးများ ပါ လွတ် လပ်စွာ ပညာသင်ယူ နိုင်သည်။

အခြား နိုင်ငံများတွင် လည်း အထက်တန်းထိပညာ ရေးမှ အခမဲ့ ဖြစ်ပြီး အမေရိကန်နှင့် ဥရောပ နိုင်ငံ အချို့ တွင် ဆင်းရဲ သော ကျောင်းသား ၏ မိဘ (သို့ မဟုတ်) အုပ်ထိန်းသူ ကို အစားအသောက် အ၀တ်အထည်ထောက်ပံ့ခြင်း ၊အလုပ်အကိုင် ရှာဖွေပေးခြင်း၊အိမ်တိုင်ယာရောက် လိုအပ် သည်များ ကိုကူညီခြင်း တို့ အား လုပ်ပေးသည် ။

သတင်းရင်းမြစ်..Freedom News Group