31 May 2010

MRTV 3 New Studio Complex မြေနှင့် အဆောက်အအုံအား ရွှေတောင် ကုမ္ပဏီက ကျပ်သန်း တစ်သောင်းသုံးထောင်ဖြင့် အပြီးအပြတ် ၀ယ်ယူ

ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက် ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ဖြင့် အပြီးအပြတ် ရောင်းချလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်သည် MRTV 3 New Studio Complex အဆောက် အအုံနှင့်မြေနေရာအား ငွေကျပ်သန်း ၁၃ç၀၀၀.၀၀၀ ဖြင့်အပြီးအပြတ်ဝယ် ယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းအတွက် Down payment ကျပ်သန်း ၂ç၀၀၀.၀၀ကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ပေးသွင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ရွှေတောင် ကုမ္ပဏီအနေဖြင့် ငွေကျပ် သန်း ၄ç၅၀၀ ကို နှစ်နှစ်အတွင်း ပေးသွင်း ခွင့်ရမည်ဖြစ်ကာ ငွေကျန် ကျပ်သန်း ၆ç၅၀၀ ကို သုံးနှစ်အတွင်း ခြောက်ရစ်ခွဲ၍ ပေးသွင်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။


MRTV-3 New Studio Complex အဆောက်အအုံနှင့် မြေနေရာ အား ရွှေတောင်ကုမ္ပဏီအနေဖြင့် ငွေအပြီးသတ်ပေးချေပြီးပါက ပြန်ကြားရေးဝန်ကြီးဌာနက စနစ်တကျ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။


ယင်းအဆောက်အအုံနှင့်မြေကို အပြီးအပြတ် အမည်ပေါက်ဝယ်ယူထားသူ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင် (အုပ်ချုပ်မှုဒါရိုက်တာ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်) အား မြေဂရမ် ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူရမည်ဖြစ်သည်ဟု သိရသည်။


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက်အအုံကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးအား ငွေကျပ် ၉၂၀.၇၁၀ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


ရန်ကုန်မြို့တွင် နိုင်ငံပိုင် ၀န်ကြီးဌာန အဆောက်အအုံများအား ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများသို့ အပြီးအပြတ် ရောင်းချရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် အဆောက်အအုံပေါင်း ၂၀ ကျော်ရှိပြီး ယင်းတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနစုပေါင်း ရုံးများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုပေါင်းရုံး များ၊ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန(သိမ်ဖြူ)ရုံး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန(ဗိုလ်မြတ်ထွန်းလမ်း နှင့် ကုန်သည်လမ်းထောင့်)၊ ပို့ဆောင်ရေးဝန်ကြီးဌာန (သိမ်ဖြူလမ်း နှင့် ကုန်သည်လမ်းထောင့်)၊စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးရုံး (ပြည်လမ်း)၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့(အနော်ရထာလမ်းနှင့် လသာလမ်းထောင့်)၊ သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီးရုံး (ဗိုလ်ချုပ်လမ်း) စသည့် အဆောက်အအုံ များ ပါဝင်သည်ဟု သိရှိရသည် ဟု news-eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။


နအဖ နေပြည်တော်က အပြန် နေပြည်တော်လမ်းမမှာ မိသားစုစီးလာသော ကား မှောက်ခဲ့ပြီး ဦးအောင်သိန်းလင်း၏ မြေး မောင်ဆက်နိုင်လင်း(ခေါ်)ဖိုးတီလုံးသေဆုံး

နအဖ နေပြည်တော်က အပြန် နေပြည်တော်လမ်းမမှာ မိသားစုစီးလာသော ကား မှောက်ခဲ့ပြီး ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးသွားပါတယ်။



ဦးအောင်သိန်းလင်းရဲ့  သမက်နဲ့  သမီးမှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ရောက်ရှိနေကြောင်း သတင်းသိရှိရပါတယ်။

နာရေးကူညီမှုအသင်း၏ အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း







အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း

ပန်းချီပညာရပ်သည် မျိုးဆက်သစ်ကလေးငယ်များအတွက် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပေသည်။ ပန်းချီပညာရပ်သည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ယဉ်ကျေးသိမ်မွေ့စေတယ်။ ပန်းချီပညာရပ်သည် အခြားသော ဆေးပညာ၊ စက်မှုပညာ … စသဖြင့် ပညာရပ်များစွာ တို့တွင်လည်း အခြေခံ အုတ်မြစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ် တိုင်းပြည်တပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ် တစ်ခုပင်ဖြစ်တော့သည်။

ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စ၊ ဒုက္ခသည် (နာဂစ်၊ မီးဘေး၊ ရေဘေး)များအား ဖေးမကူညီ ပံ့ပိုးပေးခြင်းကိစ္စ၊ မျိုးဆက်သစ် လူငယ်လေးများအား အင်္ဂလိပ်စာ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှုအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ပြီး သုခအလင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးထားသည့်အပြင် မျိုးဆက်သစ် လူငယ်/လူရွယ်လေးများ အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ်ထားပါသည်။ ယခုဆိုလျှင် တိုင်းပြည်တပြည် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေး၊ လူငယ်/ လူရွယ်လေးတို့အား ပန်းချီရေးဆွဲခြင်း ပညာရပ်ကို အခြေခံမှ အဆင့်ဆင့် ရေဆေးပန်းချီ၊ Outdoor ထွက်မြောက် ရေးဆွဲနိုင်သည်အထိ မျိုးဆက်သစ်ကလေးများ သင်ယူ/ရေးဆွဲနိုင်စွမ်း အတိုင်းအတာ အထိ တတ်မြောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာ မောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများမှ ၀ိုင်းဝန်း ပံ့ပိုးကူညီ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။

ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။

ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။

ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။

ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။

connectionကောင်းကောင်းမကောင်းကောင်း..ပြည်သူလူထုအတွက်

အင်တိုက်အားတိုက်ပေးဆပ်နေပါတယ်ခင်ဗျား...။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

နာရေးကူညီမှုအသင်း၏အဝီစီတွင်းများတူးဖော်ပေးခြင်းနှင့်ပညာဒါနထောက်ပံ့ခြင်း..






ပြည်မြို့ အလှူဒါန (၂၅.၅.၂၀၁၀)

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ ရေအလှူရှင်တို့ ပံ့ပိုးမှုတို့ကြောင့် ၂၅.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပြည်မြို့၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခရောက်နေသော ရွာများသို့ သွားရောက်ပြီး အ၀ီစိတွင်းများ တူးဖော်ပေးရန်အတွက် နယ်ခံ ပြည်သူလူထုနှင့် ရွာခံ ဆရာတော်၊ သံဃာတော်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ပြုလုပ်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပတောင်းမြို့နယ် (တဖက်ကမ်း)၊ ပုတီးကုန်းအနီး ကျူတောရွာ၊ မန်ကျည်းပင်စုရွာများနှင့် ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ရေလုံလောက်မှု မရှိသည့်အတွက် အ၀ီစိတွင်း တူးဖော်ရန်အတွက် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်း မိတ္ထီလာမြို့ အသွားလမ်းပေါ်ရှိ ရေဒုက္ခသည် ရွာသို့ ရေသွယ်တန်းရန် ရေပိုက် ပေအရှည် (၂၄၀၀) အတွက် အလှူငွေ (၇၂၀၀၀၀/-) သိန်းအား လှူဒါန်းခဲ့ပါသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ဆရာတော်မှ ဦးစီးကာ အများပြည်သူ ကိုးကွယ်ပူဇော်ရန် တည်ထားမည့် စေတီတော်တွင် ဌပနာထားရှိရန် ဗုဒ္ဓရုပ်ပွားတော် (၃) ဆူအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့မှ မိမိတို့ နေအိမ်တွင် ကိုးကွယ် ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ကာ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။


ပညာဒါန ထောက်ပံ့ခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား၊ သမီးများ ယခုနှစ် ၂၀၁၀ - ၂၀၁၁ ခုနှစ် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း (၅) ကြိမ်မြောက် အခမ်းအနားကို ၂၂.၅.၂၀၁၀ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားတွင် မူလတန်းကျောင်းသား/သူ (၁၂) ဦးအတွက် ပညာသင်စရိတ် (၅၀၀၀/-) ကျပ်စီ လှူဒါန်းခဲ့ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား (၂၃) ဦးအတွက် (၈၀၀၀/-) ကျပ် စုစုပေါင်း (၂၄၄၀၀၀/-) ကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထိုနည်းတူစွာ (သာသန-ပရ ထိုနှစ်ဝကို မျှတစွမ်းဆောင် တို့မယ်-မောင်) ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသော မေတ္တာတံခွန်အသင်းမှလည်း ပညာဒါန ထောက်ပံ့ခြင်း အခမ်းအနားကို ၃၀.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၂) ၀ိုင်း၊ အောင်စန္ဒာသိဒ္ဓိကျောင်းတိုက် တွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား/သမီး (၃၅) ဦး၊ ရက်ကွက်တွင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦး၊ အနာကြီးရောဂါသည် မိသားစုဝင် ကျောင်းသူ/သားများ (၃၁) ဦးတို့ကိုလည်း ပညာသင်စရိတ်များ လှူဒါန်းခဲ့ပါသည်။ ယင်းသို့ လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း သား၊သမီး ကျောင်းသား/သူများ အတွက် တစ်ဦးလျှင် (၅၀၀၀/-) ကျပ်ဖြင့် စုစုပေါင်း (၁၇၅၀၀၀/-) ကျပ်ကို မေတ္တာတံခွန်အသင်းမှ လှူဒါန်းခဲ့ပါကြောင်း သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.

နာရေးကူညီမှုအသင်း၏ ဒလမြို့နယ်တွင် အဝီစိတွင်းတူးခြင်းနှင့်ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကန်ကျေးရွာ ရေဒါနအလှုပြုလုပ်..









ဒလမြို့နယ်တွင် အ၀ီစိတွင်းတူးပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေတိုလုပ်ငန်းဖြစ်သော ရေပေးဝေမှုများကို လှူဒါန်းခဲ့ကြ သလို ရေရှည်လုပ်ငန်းဖြစ်သော အ၀ီစိရေတွင်း တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်း တို့ကို ၂၄.၅.၂၀၁၀ (တနင်္လာနေ့)တွင် ဒလမြို့နယ်ရှိ ဗညားဒလရပ်ကွက်၊ မစိုးရိမ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စတင်ကာ တူးဖော်လျှက်ရှိပါသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကန်ကျေးရွာ ရေဒါန

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၂.၅.၂၀၁၀ (စနေနေ့)တွင်လည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ ရှမ်းကန်ကျေးရွာသို့ ပဲခူးမြို့ မြို့ခံလူမှုရေးသမားများနှင့် ပူးပေါင်းကာ ရေလှူဒါန်းမှုများကို စဉ်ဆက်မပြတ် လှူဒါန်းမှု ရှိပါကြောင်း . . . . ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

ထောင်ချသူနှင့် ထောင်ကျသူတို့ ပြန်လည်တွေ့ဆုံကြသောအခါ။


ကဗျာဆရာစောဝေသည် “ဖေဖေါ်ဝါရီ (၁၄)” ခေါင်းစဉ်အမည်ဖြင့် အချစ်ကဗျာတစ်ပုဒ်ကို ရိုးသားစွာ ရေးသားခဲ့သော်လည်း နအဖ၏ အောက်ဆွဲ တစ်ခါစား မြတ်ခိုင်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား အာဏာရူးကြီး မှုးကြီးသန်းရွှေ ဟု အဓိပ္ပါယ်သက်ရောက်အောင် လှောင်ပြောင် ရေးသားသည်ဆိုကာ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ စာပေကင်ပေတိုင်မှုး ဗိုလ်မှုးတင့်ဆွေ (ခ) ရဲရင့်တင့်ဆွေအား တိုင်ကြားခဲ့သဖြင့် ကဗျာဆရာစောဝေတစ်ယောက် ထောင် (၂) နှစ်ကျခံ ခဲ့ရသည်။

ယင်းအမှုတွင် ကဗျာဆရာ စောဝေ၏ ကိုယ်စားလျှောက်လှဲသူအဖြစ် စာရေးဆရာမ အယ်ဒီတာချုပ် ခင်ပန်နှင်းမှ လိုက်ပါလျှောက်လှဲ ဆောင်ရွက်ပေးခဲ့သည်။ ကဗျာဆရာစောဝေအား ပြစ်မှုထင်ရှားသည်ဆိုကာ တရားရုံးမှ ထောင်ဒဏ် (၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထောင်ဒဏ်အပြစ်မှာ (၂) နှစ်သာဖြစ်သော်လည်း တကယ်တမ်းတွင် ရမည်းသင်းအကျဉ်းထောင်၌ (၂) နှစ်၊ (၄) လနှင့် (၅) ရက်တိတိ အကျဉ်းချခံခဲ့ရပါသည်။ ၂၆.၅.၂၀၁၀ နေ့တွင် ကဗျာဆရာ စောဝေအား ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့ပါသည်။

၎င်း ဖေဖေါ်ဝါရီ(၁၄) အမည်ရကဗျာကို ရေးသားစဉ်က ကဗျာဆရာစောဝေရေးသားသည်ကို ပြည်သူ့ချဉ်ဖတ် တစ်ခါစားမြတ်ခိုင်မှ သိရှိထောက်ခံခဲ့ပြီး မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေ (ခ) ရဲရင့်တင့်ဆွေအား သွားရောက်တိုင်ကြားပြီး၊ ကဗျာဆရာစောဝေအား ဗိုလ်မှုးတင့်ဆွေမှ တွေ့လိုကြောင်းပြောပြီး စာပေစိစစ်ရေးရုံးသို့ အယုံသွင်း ခေါ်ဆောင်သွားခဲ့ပါသည်။

ရုံးသို့ရောက်သည်နှင့် တစ်ခါစားမြတ်ခိုင်နှင့် စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေတို့မှ စအဖ စစ်ထောက်လှမ်းရေးများလက်သို့ ကဗျာဆရာစောဝေကို ၀ကွက်အပ်နှံလိုက်ကြပါတော့သည်။ တစ်ခါစားမြတ်ခိုင်သည် ထိုအချိန်က အချစ်ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ရပ်တည်ပြီး စာပေကို လုပ်ကြံနေပါသည်။

မဂ္ဂဇင်း၊ဂျာနယ်စာစောင်များတွင် ရေးသားသော ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို/၀တ္ထုရှည်၊ သရော်စာများကို ရေးသားသူ၏ အမည်ရင်းကို တစ်စုံတစ်ဦး သိရှိစေရန် မဖော်ထုတ်၊ မပြောဆိုရေးမှာ အယ်ဒီတာ၏ တာဝန်ပင်ဖြစ်သည်။ နယ်ချဲ့  ကိုလိုနီအစိုးရကို တော်လှန်နေသည့်အချိန်က ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် (ငရဲခွေးကြီးလွတ်နေသည်) ဟူသောဆောင်းပါးကြောင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ သခင်အောင်ဆန်း ကျောင်းမှ အထုတ်ခံခဲ့ရပါသည်။ ၄င်းဆောင်းပါးကို ရေးသားသူမှာ အိုးဝေညိုမြ ဖြစ်ပါသည်။ သခင်အောင်ဆန်းသည် အယ်ဒီတာကောင်းတို့၏ စည်းကမ်း တာဝန်နှင့်အညီ ဆောင်းပါးရေးသားသူကို ထုတ်ဖော်မပြောဘဲ သူသာ အနစ်နာခံခဲ့ပါသည်။

ယခုလို ရေးသားတင်ပြရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့လူတော်လူကောင်းတစ်ဦးနှင့် လူ့ငရဲသား တစ်ခါစားမြတ်ခိုင်အား နှိုင်းယှဉ်ပြနေခြင်း မဟုတ်ပါ။ အယ်ဒီတာကောင်းတို့၏ ဂုဏ်သိက္ခာအရည်အချင်းကို တင်ပြခြင်းသာ ဖြစ်ပါသည်။

တစ်ခါစားမြတ်ခိုင်သည် စာပေလောကတွင် အယ်ဒီတာကောင်းတစ်ဦးလည်း မဟုတ်သလို၊ စာပေအနုပညာရှင်ကောင်းတစ်ယောက်လဲ မဟုတ်ပါ။ မြတ်ခိုင်သည် နအဖ၏ ဖော်လံဖားအောက်ဆွဲသာ ဖြစ်ပြီး၊ ပြည်သူများ၊ အနုပညာရှင်များအား ထောင်ထဲသို့ အရောက်ပို့ပေးနေသော နအဖ၏ စွမ်းအားရှင် သတင်းပေးတစ်ဦးသာ ဖြစ်ပါသည်။

တစ်ခါစား မြတ်ခိုင်ရိုက်ကူးခဲ့သော ဓါတ်ပုံများကြောင့် ၂၀၀၇ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) ၌ နအဖ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူ အများအပြား ရှိခဲ့ပါသည်။

၂၀၁၀ မေ ၂၉ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ် (Traders Hotel) ၌ ရွှေအမြုတေမဂ္ဂဇင်းတိုက်မှ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ်စာပေဆုပေးပွဲတွင် ကဗျာဆရာစောဝေအား ထောင်ကျအောင် ချောက်ချခဲ့သော တစ်ခါစားမြတ်ခိုင်နှင့် ချောက်ထဲရောက်ပြီး ထောင်ကျခဲ့သော ကဗျာဆရာစေဝေတို့ အမှတ်မထင် ပြန်လည်တွေ့ခဲ့ကြပါသည်။

ကဗျာဆရာစောဝေမှ တစ်ခါစားမြတ်ခိုင်ကြီးအား သွားရောက်နှုတ်ဆက် လက်ကမ်းပေးရာ မြတ်ခိုင်ကြီးမှ လက်ကို ပြန်လည်မကမ်းပေးဘဲ နောက်ဘက်သို့ ပစ်ထားပြီး (မင်းထောင် ၂ နှစ်ထဲကျတာ နည်းလိုက်တာကွာ) ဟူသော အကြည့်မျိုးဖြင့် ကဗျာဆရာစောဝေအား ရွှန်းရွှန်းစားစား ကြီးကြည့်နေခဲ့ပါသည်။

တစ်ခါစားမြတ်ခိုင်သည် မီဒီယာလောက၊ နိုင်ငံရေးလောကတွင်ပါ ကြောက်စရာအကောင်း
ဆုံး မီဒီယာငရဲသားကြီးပင် ဖြစ်ပါတော့သည်။

(ရေးသားသူ - မာဃ၀ိဇ္ဇာ)။

မေလ(၃၀)ရက်၊ဒီပဲယင်းအရေးအခင်း(၇)နှစ်ပြည့်နှစ်ပတ်လည်နေ့ တွင်ရန်ကုန်မြို့အတွင်းနေရာအနှံ့အပြား၌လုံခြုံရေးတင်းကျပ်





လွန်ခဲ့သော (၇)နှစ်ခန့်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်းဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များကိုလုပ်ကြံသတ်ဖြတ်ရန်အတွက်နအဖစစ်အစိုးရ၏လက်ကိုင်တုတ်တစ်ချောင်းဖြစ်သော ဗိုလ်ချုပ်စိုးဝင်းမှချေမှုန်းသုတ်သင်စစ်ဆင်ရေးတစ်ရပ်ကို ရေးဆွဲကာ မုံရွာမြို့  ပုလဲအကျဉ်းထောင်ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများနှင့် စွမ်းအားရှင်များ ကိုစေလွှတ်ပြီးလုပ်ကြံ သတ်ဖြတ်စေခိုင်းခဲ့သည်။၎င်းဒီပဲယင်းအရေးအခင်းတွင် နအဖစစ်အစိုးရ၏ လက်အောက်ခံစွမ်းအားရှင် များ၊အကျဉ်းထောင်မှလူမိုက်များ၊ရဲများနှင့်စစ်သားများ၏လက်ချက်ဖြင့်ရဟန်းရှင်လူပြည်သူအယောက်(၈၀)ကျော်ကျဆုံးခဲ့ရပါသည်။ဒီပဲယင်းအရေးအခင်းအား ဦးစီးဆောင်ရွက်လုပ်ကြံခဲ့သော နအဖစစ်အစိုးရ ၏လက်ကိုင်တုတ်လူ့ငရဲသားဗိုလ်ချုပ်စိုးဝင်းသည်လည်း၎င်းပြုခဲ့သော အကုသိုလ်အကျိုးတရားများကို ယခုငရဲကြီးရှစ်ထပ် အ၀ီစိတွင်ချိုးကပ်လျှက် သွေးကြွေးများပြန်လည်ပေးဆပ်နေရပါသည်။ ၂၀၀၇ စက်တင်ဘာ၊(ရွှေဝါရောင်တော်လှန်ရေး)တွင်လည်းရဟန်းရှင်လူပြည်သူအများကိုထပ်မံလုပ်ကြံ သတ်ဖြတ်ခဲ့သော နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်အပေါင်းအပါတစုတို့သည်လည်းမကြာတော့သောအချိန်ကာလတွင် ငရဲကြီးရှစ်ထပ်အ၀ီစိသို့ချိုးကပ်ရန်အတွက်ထွက်ခွာသွားကြ ပါတော့မည်ဖြစ်ကြောင်းအသိပေးတင်ပြလိုက်ရပါသည်။


လေးစားဦးညွှတ်လျှက်

ရဲရဲတောက် Burma Paparazi

30 May 2010

မြန်မာပြည်တွင် ၃ ထပ်နှင့်အထက် အဆောက်အဦး ဆောက်ရာတွင် မီးသတ် ရေကန်ပါရှိ လူနေခွင့်ပြုမည်

၃ ထပ်နှင့်အထက် ဆောက်လုပ်သော အထပ်မြင့် အဆောက်အဦများတွင် မီးငြှိမ်းသတ်ရေးအတွက် အနည်းဆုံး ရေဂါလန် ၅၀၀၀ဆံ့မီးသတ် ရေကန်တစ်ခု ပါရှိမှသာ မီးသတ်ဦးစီးဌာနက လူနေထိုင်ရန် သင့်တော်ကြောင်း ထောက်ခံချက်ပေးမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန( ရုံးချုပ်) မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။


၎င်းအပြင် ယင်းမီးသတ် ရေလှောင်ကန်ကိုအမြဲတမ်း ရေပြည့်အောင် စီစဉ်ထားရန် လိုအပ်ကြောင်း ၊ အထပ်မြင့် တိုက်များတွင် အရေးပေါ်လှေကားနှင့် မီးသတ်ဆေးဘူးများ ထားရှိရန်လည်း လိုအပ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။ “မီးလောင်မှု ဖြစ်စဉ်တွေမှာ ကန်ထရိုက် တိုက်ဆောက်တဲ့သူတွေရဲ့ တာဝန်လဲမကင်းဘူး။ ကန်ထရိုက် တိုက်ခန်းတွေမှာ တစ်ခန်းကို မီးသတ်ဆေးဘူး တစ်ဘူး ထားရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်။ လာစစ်တုန်းကတော့ သေချာချိတ်ထားပြတယ်။


မီးသတ်က စစ်ဆေးပြီးလို့ပြန်လဲသွားရော ဆေးဘူးကို အခန်းဝယ်သူကို မအပ်ဘဲ ရတဲ့ဈေးနဲ့ ရောင်းစားပစ်တယ်။ ရေနဲ့ငြှိမ်းမရတဲ့ လျှပ်စစ်ကလောင်တဲ့ မီးမျိုးဖြစ်ရင် အခန်းပိုင်ရှင်မှာ ငြှိမ်းစရာဆေးဘူး မရှိတော့ဘူး။ အသက်ကယ်လှေကား ထားဖို့ပြောလဲ ထန်းတက်တဲ့ လှေကားလိုအဖြစ် လှေကားတွေ ထားတယ်။ မီးသတ်ကပြောရင်လဲ အပိုအလုပ်ဆိုပြီး လျစ်လျူရှုနေတယ်”ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လွန်ခဲ့သော ၂၂နှစ်အတွင်း မီးလောင်သည့်အကြိမ်မှာ ၂၃၇၂၇ ရှိခဲ့ပြီး လူပေါင်း ၉၅၆ ဦးသေဆုံးကာ ၁၅၇၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဗန်းမော် မြစ်ကျဉ်းပြီး သောင်ပိုထွန်း

ဗန်းမော်မြစ်ဟာ ကျဉ်းမြောင်းလာပြီး သောင်ထွန်းလာတာကလည်း အခုနှစ်မှာ ပိုပြီးသိသာလာတယ်လို့ သိရပါတယ်။ တာဝန်ရှိသူက “ ၁၀ နှစ် တစ်ကြိမ်မှ ကမ်းပါးနီဆိပ်ကမ်းကို ရွှေ့ရတာ၊ မနှစ်ကရွှေ့ရတယ်၊ အခုနှစ်လဲ ရွှေ့ရတယ်၊ နောက်ပြီး အရင်နှစ်တွေထက် တစ်လစောပြီး ရွှေ့ရတယ်။ တစ်နည်းအားဖြင့် ကြည့်ရင် ဗန်းမော်ရေကြောင်း ပိုမိုကျပ်လာတယ်၊ ကျဉ်းလာတယ်၊ သောင်ပိုထွန်းတာ များလာတယ်။


ရေပါးလာတဲ့အတွက် ရေကြောင်းကျပ်တဲ့ နေရာတွေပေါ်လာတယ်၊ အရင်က နှစ်ရက်သွားရမည့် ခရီးက အခုဆို သုံးရက်၊ လေးရက်လောက် သွားရတယ်၊ သင်္ဘောဆိုလဲ ဝမ်းပြားတွေနဲ့ ပြောင်းလဲသွားရတယ်၊ လူနဲ့ကုန်က အရင်ရေများချိန်လောက် တင်မသွားဘူး၊ ထက်ဝက်လျှော့ပြီး တင်ရတယ်။ မြစ်ရဲ့အထက်ပိုင်းမှာ မိုးရွာရင်တော့ မြစ်ရေပိုများမယ်၊ အခုမြန်မာပြည် မြောက်ပိုင်းမှာ မိုးရွာရင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ရေ အပြောင်းအလဲရှိတယ်၊ ဒီနှစ်က ယခင်နှစ်ထက်စာရင် ရေကျတာ စောတယ်၊ ဘာကြောင့်စောရသလဲဆို မြောက်ပိုင်းမှာ အပူများတာကြောင့်လဲ ပါမယ်၊ မနှစ်က မိုးနည်းတာကြောင့်လဲ ပါတယ် ”လို့ပြောပါတယ်။


ဗန်းမော်မြို့နဲ့ အနီးဆုံးမှာလွယ်ဂျယ် နယ်စပ်တစ်ခု ရှိတာကြောင့် ကုန် အတင်အချ လုပ်ငန်းတွေ ပုံမှန်ရှိပါတယ်။ ကမ်းပါးနီဆိပ်ကမ်းကို အခုချိန်မှာ ဆိုက်ကပ်နေရတဲ့အတွက် ကုန်တင်၊ ကုန်ချလုပ်ငန်းတွေအနေနဲ့ ကမ်းပါးနီ ဆိပ်ကမ်းကို ရေလမ်းကတစ်ဆင့်၊ တပ်ကလေးကနေ ဗန်းမော်-ရွှေပြည်ဆိပ်ကမ်းကို ကုန်လမ်းကတစ်ဆင့်နဲ့ အဆင့်ဆင့် ခရီးသွားလာ နေရကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

မင်္ဂလာဈေး ဆိုင်ခန်းများမှ ပစ္စည်းများ ဆိုင်ရှင်များထုတ်ယူခွင့်ပြုပြီ

မေလ ၂၄ ရက်နေ့က် စတင်၍ မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို မေ ၂၇ နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာမှ ပိုင်ရှင်များကို ထုတ်ယူခွင့် ပြုခဲ့သည်။ ပစ္စည်းများ ထုတ်ယူခွင့်ပြုခဲ့သော ဆိုင်ခန်းများမှာ တတိယထပ်ရှိ ဆိုင်ခန်းများကို ထုတ်ယူခွင့် ပြုခဲ့ခြင်း ဖြစ်ပြီး၊ ပထမ အသုတ်အဖြစ် နံနက်ပိုင်းတွင် ဆိုင်ခန်း ၄၀၀ နှင့် နေ့လည်ပိုင်းတွင် ဆိုင်ခန်း ၃၉၁ ခန်းကို အလှည့်ကျစနစ်ဖြင့် ထုတ်ယူခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ “ဆိုင်ခန်းခုံပေါ်က ပစ္စည်းတွေကတော့ ရေမစိုဘူး။ အကောင်းအတိုင်း ပြန်ရတယ်။ အောက်နားက ပစ္စည်းတွေပဲ နည်းနည်း ရေစိုတယ်” ဟု ဈေးအတွင်း ပစ္စည်းထုတ်ယူခွင့်ရရှိခဲ့သူတစ်ဦးက ပြောကြားသည်။


ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ ထုတ်ယူရာတွင် ဈေးဆိုင်ခန်း ပိုင်ရှင်နှင့် အလုပ်သမား ၃ ဦး အပါအ၀င် တစ်ဆိုင်လျှင် စုစုပေါင်း ၄ ဦး ထုတ်ယူခွင့်ရပြီး ပစ္စည်းသယ်ရန် အချိန် ၁ နာရီ ခွင့်ပြုထားကြောင်း သိရသည်။ ဆိုင်းခန်းများမှ ပစ္စည်းများ ထုတ်ယူရာတွင် မေ ၂၇ ရက်တွင် တတိယထပ် ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း၊ ၄င်းနောက် ပထမထပ်ကို ထုတ်ယူခွင့် ပြုမည်ဖြစ်ကြောင်း၊ ပထမထပ် ပြီးနောက် ဒုတိယထပ်နှင့် မြေညီဆိုင်ခန်းများရှိ ပစ္စည်းမျာကို ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

မန္တလးက ရဲရဲတောက် ပါပါလေး နှုတ်ခမ်းမွှေးညီနောင်ရဲ့ ဟာသပြကွက်လေး တစ်ခုပါ...

လူသတ်စစ်ဗိုလ်ချုပ်ကြီးများနှင့် အပေါင်းပါများ၊ အမျိုးကောင်း မိန်းမမြတ်တစ်ဦးနှင့် မြန်မာပြည်ရဲ့ သားသုံးသား(မှတ်တမ်း ရုပ်သံ)

The Sun Maker Movies and Documentaries Presents: A Michahel Chahine Production...
"The Genocidal Generals" Their Corporate Cronies, The Lady and our Three Sons of Burma
Title:
"Genocidal Generals"
The Corporate Cronies, The Lady and our three Sons of Burma.

Duration: 27 Min. 12 Seconds

ResumeOutlawed by the Burmese Junta.
The film is a compilation of footage obtained from the Democratic Voive of Burma, DVB in Chiang Mai Northern Thailand plus footage shot by the maker of the film. Audio soundtrack Dr Mark Born, who plays traditional Asian Bamboo Instruments.

A juxtaposition of the powerful Military their Cronies against the people of Burma. The outrageous wealth of the Military elite and the abject poverty of the majority of the Burmese peoples.

A powerful message can be found thoughtout the documentary, this message is symbolic in nature, and although the images refer to events that are specific of Burma, a line of historic repetition can be easily identified with other countries, and people who have been oppressed by Military Governments.

Human rights and historic movie, on Burma and South East Asia, from World War II to the present day.

Footage of the NLD leader Aung San Suu Kyi, the Saffron Revolt in 2007, the wedding of Thandar Shwe the daughter of the supreme leader of the Junta , General Than Shwe, former ruling General Ne Win, some historical footage, secretive footage of the opium region of Northern Burma, Independence day Military show of Strength, the Monks receiving food from followers, footage of the brutal Military crackdown on peaceful demonstrators.

Reserve a High Definition Copy of this Movie, World Wide Delivery at: sunmaker@sun-maker.com

ကျနော် ဆွဲဖွင့် မိသော တံခါးများ



အရင်ကလည်း ဒုက္ခပေးခဲ့တယ်၊ အခုထိ ဒုက္ခပေးနေဆဲ၊ နောက်လည်း ဒုက္ခပေးဖို့  လုပ်နေတယ်ဆိုတော့ ဆက်ငုံ့ ခံနေရင်တော့ -

အာဏာရှင်ကြီး နေ၀င်း ဦးဆောင်ခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဆိုတဲ့ တစ်ပါတီ အာဏာရှင်အစိုးရ လက်ထက်ကတည်းက နေ၀င်းရဲ့  လူယုံတော်လက်ပါးစေတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မဆလခေတ် ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးတွေက အခုချိန်အထိ တိုင်းပြည်နဲ့  ပြည်သူကို ဒုက္ခပေးနေဆဲပါလား။

အာဏာရှင်ကြီး နေ၀င်း အုပ်ချူပ်နေစဉ် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူလူထုအုံကြွလှုပ်ရှားမှုကြီး ဖြစ်တဲ့အခါမှာ တစ်ပါတီအာဏာရှင်စနစ် ပြိုကျပျက်သုန်းခဲ့လို့  တိုင်းပြည်ကို ၁၉၆၂ ခုနှစ်ကနေ နှစ်ပေါင်း (၂၆) နှစ်တိုင်အောင် ဖိနှိပ်အုပ်ချူပ်ခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့  နေ၀င်း အာဏာရှင်အစိုးရတစ်ဖွဲ့ လုံး ကျဆုံးရပ်တန့် သွားခဲ့တယ်ဆိုပေမယ့် နေ၀င်းအာဏာရှင်ရဲ့  အမာခံလက်ပါးစေကြီးတွေကတော့ ကျန်နေဆဲ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းတယ်ဆိုပြီး ပြည်သူ့ အာဏာကို နောက်တစ်ကြိမ် လက်နက်နဲ့  အနိုင်ကျင့်ပြီး ရဟန်းရှင်လူ ကျောင်းသားပြည်သူများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ကာ အာဏာရူးလက်သစ် ဖြစ်တဲ့ စောမောင်ကနေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့  (န၀တ) ဆိုပြီး အသွင်ပြောင်းပြီး စစ်အာဏာရှင်စနစ်နဲ့  စိုးမိုးဗိုလ်ကျအုပ်ချူပ်လာတဲ့အချိန်မှာ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာတော့ စောစောက ပြောတဲ့ အာဏာရှင်ကြီး နေ၀င်းရဲ့  အမာခံတပည့် လက်ပါးတော် ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးတွေက ယူနီဖောင်းလဲ အရပ်ဝတ်နဲ့  ရွေးကောက်ပွဲမှာ အနိုင်ရအောင် ပြန်လည်ပါဝင် ခေါင်းထောင်လာကြပါတယ်။

အာဏာရှင်ကြီး နေ၀င်း အာဏာပြုတ်ကျသွားလို့  အခြေအနေယိမ်းယိုင်ကာ တိမ်မြုပ်ပျောက်ကွယ်သွားသလိုနဲ့  ပုန်းလျှိုးနေတဲ့ အာဏာရူးလက်သပ်မွေး လက်ပါးစေကြီးတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဆိုတဲ့ အသွင်ပုံစံတစ်မျိုးနဲ့  ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ပြည်သူက ရှုတ်ချကန့် ကွက်ခဲ့ကြလို့  အနိုင်မဲ မရဘဲ အရှက်တကွဲနဲ့  အရှုံးကြီး ရှုံးကာ မဆလခေတ်ဟောင်း ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးများရဲ့  တစညပါတီဟာ တစ်ခါပြန်ပြီး ပုန်းအောင်းသွားပြန်တယ်။









အခုတစ်ခါ အာဏာရူးကြီး သန်းရွှေလက်ထက် နအဖအာဏာတည်မြဲရေးနဲ့  တရားဝင် ရုပ်သေးအစိုးရပေါ်ပေါက်ရေးတို့ အတွက် သဲသဲမဲမဲ စီစဉ်ဆောင်ရွက်နေတဲ့ ၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲမှာ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်ဆိုပြီး ဥက္ကဌနဲ့  အဖွဲ့ ဝင်တွေ ပြောင်းလဲကာ အသက်ပြန်သွင်းလာတဲ့ ပါတီက စောစောက ပြောတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဘဲ ဖြစ်ပါတော့တယ်။

အာဏာရှင်ကြီး နေ၀င်းလက်ထက်မှာလည်း စစ်တပ်ရာထူးကြီးကြီးမားမားတွေနဲ့  တိုင်းပြည်ကို မွဲပြာကျအောင် ဒုက္ခပေးခဲ့တယ်။ န၀တ အာဏာရှင် စောမောင် လက်ထက်မှာလည်း တစညပါတီကို တည်ထောင်ပြီး ယူနီဖောင်းချွတ် အရပ်ဝတ်တွေနဲ့  တိုင်းပြည်ကို ဒုက္ခပေးဖို့  ကြိုးပမ်းခဲ့ကြပြန်တယ်။ အခုလည်း အာဏာရူးကြီး သန်းရွှေလက်ထက်မှာ မတရားပြဌာန်းလိုက်တဲ့ ၂၀၀၈ ခုနှစ် နအဖ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ စစ်တပ်က ၂၅% ဘက်အပြင် အခြားကျန်နေတဲ့ဘက်ကနေ လှည့်ဖြားဝင်ဖို့ အတွက် လက်ရှိ စစ်တပ်က ဗိုလ်ချူပ်ကြီးတွေ ယူနီဖောင်းချွတ် အရပ်ဝတ်လဲတဲ့အပြင် မဆလခေတ်ဟောင်း ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးဟောင်းတွေကလည်း တစညပါတီ အသက်ပြန်သွင်းပြီး တိုင်းပြည်နဲ့  ပြည်သူကို အထပ်ထပ် အခါခါ ဒုက္ခထပ်ပေးဖို့  လုပ်နေကြတယ်ဆိုတော့ အင်မတန်ကို လွန်လွန်းလှပါတယ်။

အာဏာရှင် မဆလခေတ်တုန်းက ကျွန်တော်တို့  အဘိုးအဘွားတွေကို ဖိနှိပ်ချူပ်ချယ်ခဲ့လို့  အားမရသေး၊ ၁၉၈၈ ခုနှစ် အာဏာရူး စောမောင်လက်ထက်မှာ ကျွန်တော်တို့  ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို သတ်ဖြတ်ယုတ်မာခဲ့လို့  အားမရသေး၊ အခု အာဏာရူး သန်းရွှေလက်ထက်မှာလည်း ကျွန်တော်တို့ ရဲ့ ပြည်သူ့ ရင်သွေး မျိုးဆက်သစ်လေးတွေကို စစ်တပ်ကျွန်ဘ၀ ဆက်သွင်းပြီး ဖိနှိပ်ချူပ်ချယ် အုပ်ချူပ်ဦးမယ်ဆိုတော့ဗျာ၊ ဒီ သေခါနီး မဆလခေတ်က ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးဟောင်းတွေ အသက်ကြီးပြီး မိုက်ရိုင်းနေတုန်း မိုက်ရိုင်းနေဆဲပါလားဗျာ။

ဒီ မဆလခေတ်က ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးဟောင်းတွေရဲ့  တစညပါတီကို မဲပေးရမယ့်အစား ကိုယ်ရဲ့ မျိုးဆက်သစ်တွေ ဒုက္ခမရောက်ဖို့  ကိုယ့်ကိုကိုယ် တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်တိုက်ပွဲဝင်ရင်း သေသွားကြတာကမှ သေသောဝ်မှတည့် သြော် ကောင်း၏ဆိုတဲ့ အဆိုစကားအတိုင်း တန်ဖိုးထိုက်တန် မြတ်ဦးမယ်။

ဒီ မဆလခေတ်က ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးဟောင်းတွေရဲ့ လမ်းစဉ်အတိုင်း ပုံတူလုပ်နေကြတဲ့ အာဏာရူးသန်းရွှေတို့ ရဲ့  ဗိုလ်ချူပ်ကြီးများကလည်း အချို့ က လက်ရှိ စစ်ယူနီဖောင်းနဲ့  ၂၅% ဘက်ကနေ လှည့်ဝင်၊ ကျန်တဲ့ ရာခိုင်နှုန်းဘက်က ယူနီဖောင်းချွတ်ပြ အရပ်ဝတ်လဲဟန်ဆောင်ပြီး ၀င်ပြနဲ့ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ သူတို့ အားလုံး ဟိုဘက်ကရော ဒီဘက်ကရော လှည့်ပတ်ပြီး ၀င်ရောက်ကာ အကွက်ချစီစဉ်တဲ့ မျက်နှာဖုံးပြောင်းပွဲကြီးသာ ဖြစ်ပါတော့တယ်။

မဆလခေတ်က ဗိုလ်မှူးကြီး ဗိုလ်ချူပ်ကြီးဟောင်းတွေရဲ့  တစညပါတီကို ဥက္ကဌ အဖြစ်တာဝန်ယူသူက ဦးထွန်းရီတဲ့။ ဦးထွန်းရီဆိုတာ မဆလခေတ် နေ၀င်းလက်ထက်မှာ နေ၀င်းလူယုံတော် လက်ပါးစေ ဒုဗိုလ်ချူပ်ကြီးဘဲ။ နောက်တစ်ယောက်က တစညပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသန်းတင်တဲ့။ သူလည်း မဆလခေတ် နေ၀င်းလက်ထက်မှာ နေ၀င်းလူယုံတော် လက်ပါးစေ ဗိုလ်မှူးကြီးဘဲ။

အခု အသက်ပြန်သွင်းထားတဲ့ တစညပါတီရဲ့  ဥက္ကဌ ဦးထွန်းရီဟာ စစ်တပ်ကိုယ်ပိုင်အမှတ် (ကြည်း ၅၀၉၆) ဖြစ်ပြီး ၁၉၇၂ ကနေ ၁၉၇၄ အထိ ခြေမြန်တပ်မဌာနချူပ် အမှတ် (၇၇) ကို ဗိုလ်မှူးကြီးအဆင့်နဲ့  တာဝန်ယူခဲ့သူဘဲ။ ၁၉၇၄ ကနေ စပြီး ဗိုလ်မှူးချူပ် ဖြစ်လာခဲ့တယ်။ ၁၉၈၁ မှာ ဒုတိယ ဗိုလ်ချူပ်ကြီးအဆင့်နဲ့  ဒုတိယကာကွယ်ရေးဦးစီးချူပ် (ကြည်း) တာဝန်ကို ယူကာ အာဏာရှင်ကြီး နေ၀င်းရဲ့  လူယုံတော် လက်ပါးစေအရင်းကြီး ဖြစ်တယ်။

အခု တစညပါတီရဲ့  အထွေထွေအတွင်းရေးမှူး ဦးသန်းတင်ကလည်း စစ်တပ်ကိုယ်ပိုင်အမှတ် (ကြည်း ၅၆၀၃) ဖြစ်ပြီး ၁၉၇၁ ကနေ ၇၄ အထိ အနောက်တောင်တိုင်း စစ်ဌာနချူပ်ကို ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ယူခဲ့တာ ဖြစ်တယ်။ နောက် မဆလခေတ်မှာ ဒုဝန်ကြီးချူပ်အဆင့်အထိ တာဝန်ယူခဲ့သူ ဖြစ်တယ်။

အခု တစညထဲမှာ ပါဝင်နေကြတဲ့သူတွေ ဖြစ်တဲ့ ဦးချစ်လှိုင်က နေ၀င်းမဆလခေတ်က ဒုကာကွယ်ရေးဦးစီးချုပ် (ရေ) နဲ့  နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူခဲ့သူ ဖြစ်တယ်။ နောက်တစ်ယောက် သူရဦးစောဖြူဆိုရင်လည်း နေ၀င်းမဆလခေတ်မှာ ဒုကာကွယ်ရေးဦးစီးချုပ် (လေ) နဲ့  သယ်ယူပို့ဆောင်ရေးဝန်ကြီး လုပ်ခဲ့သူ ဖြစ်တယ်။ နောက်တစ်ယောက် ဦးထွေးဟန်ဆိုရင်လည်း နေ၀င်းရဲ့  အာဏာရှင်တစ်ပါတီဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ) ရဲ့  ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးကြီး ဖြစ်ခဲ့တယ်။

တစညပါတီကသူတွေ အားလုံးဟာ အာဏာရှင်ကြီး နေ၀င်းလက်ထက်က နေ၀င်းရဲ့  အာဏာရှင်တစ်ပါတီနဲ့ နေ၀င်းအစိုးရအောက်မှာ လုပ်ခဲ့ကြသူ နေ၀င်းရဲ့  တပည့်လက်ပါးစေ လူယုံတော်လက်သပ်မွေးတွေ ဖြစ်ကြတယ်။ နအဖ အာဏာရူးသန်းရွှေက သူရဲ့  ဆရာကြီး စီနီယာကြီးတွေကို ပသ ကိုးကွယ်ထားပြီး မဆလခေတ်ဟောင်းက ဒီအမျိုးအဆက်အနွယ်တွေကို အသက်ပြန်သွင်းတာကတော့ အာဏာရူးသန်းရွှေ မိုက်ရိုင်းတဲ့ လက်ချက်ပါဘဲ။

ကဲ - ကျွန်တော်တို့  တိုင်းပြည်နဲ့ လူမျိုးကို ခေတ်အဆက်ဆက် ဆက်တိုက် ဒုက္ခပေးလာသူတွေနဲ့  လက်ရှိ ဒုက္ခပေးနေသူတွေဟာ တစ်စိတ်ထဲ တစ်ဥာဏ်ထဲ တစ်သွေးထဲ တစ်သားထဲ မိုက်ရိုင်းဆဲဆိုတာ တွေ့ ကြမှာပါ။

ကျွန်တော်တို့  အဘိုးအဘွား အဖေအမေ လက်ထက်လည်း အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချူပ်ချယ်ခံခဲ့ကြရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချူပ်ခံရရုံတင်မကဖူး ဘ၀တွေ ပျက်သုန်းကြရတယ် …. အခု ဒီအာဏာရူးကြီးတွေနဲ့  သူတို့  အာဏာရှင်မျိုးဆက်ပေါက်စလေးတွေရဲ့  ဖိနှိပ်ချူပ်ချယ်မှုအောက်မှာ ကျွန်တော်တို့  ပြည်သူတွေရဲ့  မျိုးဆက်သစ်လေးတွေ ဒုက္ခအရောက်ခံကြမှာလား ပေးကြုံတွေ့ ကြမှာလား မြင်ရက်ကြမှာလား …..

ကျွန်တော်တို့  ပြည်သူတွေရဲ့  မျိုးဆက်သစ်လေးတွေ ဒုက္ခအရောက် မခံစေချင်ရင် ပေးကြုံမတွေ့ စေချင်ရင် မမြင်ရက်ရင်တော့ လက်ရှိ ကျွန်တော်တို့ အားလုံး တစ်ဦးချင်းစီတိုင်းမှာ ဘ၀ပေး တာဝန်ရှိတယ်ဆိုတာ သိကြဖို့ ပါဘဲ။ ကိုယ့်ခေတ်မှာ ကျရောက်လာတဲ့ ကိုယ့်ပုခုံးပေါ်က တာဝန်ကို ကိုယ် ရဲရဲဝန့် ဝန့် နဲ့  တာဝန်ယူရဲကြဖို့ ပါဘဲ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်လွတ်မြောက်ပြီးနောက်ပြုလုပ်ခဲ့သောဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ(ရုပ်သံမှတ်တမ်း)