28 March 2012

သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာ တွင် မဲဆွယ်စည်းရုံးနည်း အသစ်များဖြင့် စည်းရုံးသွားခြင်း







၂၇.၃.၂၀၁၁ နေ့လည် ၁၁ နာရီခန့်တွင် သာသနာရေးဝန်ကြီး သူရမြင့်မောင်သည် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာ သို့ ရောက်ရှိလာပြီး ကျေးရွာမှ့ သက်ကြီးရွယ်အိုများကို မျက်စိစမ်းသပ်ပေးပြီး မျက်မှန်များ ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ထပ်ဆင်ပေးပြီး ကြံခိုင်ရေးအတွက် စည်းရုံးရေးဆင်းသွားကြောင်း ရွာသူရွာသားများမှ့ ပြောကြားကြသည်။

သုံးခွမြို့မှာ နေထိုင်သွားပြီး သုံးခွသား လိုလို ဘာလို လို ခံယူထားတဲ့ သူရမြင့်မောင်သည် ရှေးယခင် ကတည်းက သုံးခွ မြို့နယ် အတွက် ဘာတစ်ခုမှ့ မလုပ်ပေးပဲ မဲဆွယ်စည်းရုံးရေး ကာလ တစ်ခု အချိန်ကြာမှအလှမ်းဝေးသော ရွာကလေးတွေဆီသို့ အကြောင်းမဲ့သက်သက်လာရောက် ပြီး အလှူအတန်းများပေးသွားတာ အရမ်းကို အံသြ စရာပါလို့ ကျေးရွာသားများက ပြောကြပါတယ်..မျက်မှန်တွေကို လိုက်တပ်ပေးပြီး မိန့်ခွန်းများ ခြွေသွားသေးပါတယ်..။

ကောင်းမွန်စွာနေထိုင်ပြီး ကျန်းကျန်းမာမာနဲ့ အေးဆေးနေလို့ရမဲ့ ပါတီကိုပဲ မဲပေးမယ်ဆိုရင်ပေး သင့်ပါတယ်လို့ သက်ကြီးရွယ်အို များအား စည်းရုံးရေးဆင်းသွားပါတယ်..။

သာသနာရေးဝန်းကြီးဆိုတော့ ထမင်းစားဖို့ ဘုန်းကြီးပွဲလိုပဲ ပြင်ဆင်ပေးရပါတယ်..ဘုန်းကြီး ယပ်တောင်လေးနဲ့ပဲ.. ခပ်ပေးလိုက်ရသေးတယ်..သူက ဘုန်းကြီးထက် ဘုန်းကြီးတဲ့သူလို့များထင်နေလား မသိပါဘူး။

ပေးပို့ ပေးသော သုံးခွ သား အားကျေးဇူးတင်ရှိပါသည်.။