11 February 2012

ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအားဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမလုပ်စေရန် အစိုးရမှဆုံးဖြတ်

KIO/KIA အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသည့် တောင်သာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တားမြစ်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့လဲ မသိဘူးဗျ။ စာထွက်လာမှ ကျွန်တော်တို့လုပ်နေတာကို ရပ်ပစ်လိုက်ရမယ်လို့သိတာ” ဟု IGE ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးမှ ဆို သည်။

မတ်လတွင် ကျပ်ငွေသုံးသိန်းအောက်တန်ဖိုးရှိ GSM network အမျိုးအစား မိုဘိုင်းဖုန်းများအား အများပြည်သူထံ ရောင်းချပေးမည်ဖြစ်ကာ၊ ယင်း GSM network တည်ဆောက်ခြင်းအား ခရိုနီကုမ္ပဏီများဖြစ်သည့် Elite, Asia Mega Link, IGE, Cyber net အစရှိသည့် ကုမ္ပဏီခြောက်ခုမှ ကန် ထရိုက် ရရှိထားသည်။

“သူ့နေရာကို ဘယ်သူအစားထိုးမယ်မသိဘူး။ ကျွန်တော်တို့တော့ ထပ်ပြီး မမြှပ်နှံနိုင်တော့ဘူး” ဟု Elite ကုမ္ပဏီမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

တပ်မတော်အစိုးရလက်ထက်က အဆင့်မြင့်အရာရှိကြီးများ၏ ကျောထောက်နောက်ခံရှိသည်။ ခရိုနီကုမ္ပဏီ အချို့သည် အစိုးရသစ် လက်ထက် တွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်ရန် အခက်အခဲများဖြင့် တွေ့ကြုံနေရသည်။

သတင်း.... yangonchronicle