02 February 2012

ကွယ်လွန်သည့် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အစားထိုးမည်မပာုတ်

၂၀၁၂ ဇန်နဝါရီ ၂၈ ရက်နေ့၌ ကွယ်လွန်သွားခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘိုကြီး (ခေါ်) ဦးအောင်ငွေ၏ နေရာတွင် လက်ရှိအနေအထားအရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပ၍ အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်မည် မပာုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဘိုကြီး(ခေါ်) ဦးအောင်ငွေသည် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ကျန်းမာရေး အခြေအနေများကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) မှ ရွေး ကောက် ခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွယ်လွန်သွားသည့် လွှတ်တော်ကိုယ်စားလှယ်၏ နေရာတွင် အခြား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်ခြင်းမပြုသည်မှာ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက်မှာ နီးကပ်နေပြီဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ထပ်တိုးကျင်းပလိုက်ပါက ပါတီများ အနေဖြင့်လည်း ယှဉ်ပြိုင်ရန် ပြင်ဆင်နိုင်ခြင်း မရှိတော့သည့် အတွက် ကြောင့်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာတွင် နှစ်နေရာမှာ ကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အတွက် အစားထိုးကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

လစ်လပ်မဲဆန္ဒနယ် ထပ်တိုးကျင်းပရသည့် ကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ထန်းထပင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းတင်နှင့် ရေကြည်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းပာန်တို့ဖြစ်ပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ်အတွင်း၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း......yangonchronicle